Wednesday, May 31, 2017

သင်တန်းချိန်

Diploma In English Course
Preliminary Level ကျောင်းသားများအတွက်
စနေနေ့
မွန်းလွဲ (၁) နာရီမှ (၂) နာရီ (၁၅) မိနစ် တစ်ချိန်
မွန်းလွဲ (၂) နာရီ ခွဲမှ (၄) နာရီအထိ တစ်ချိန်

Intermediate Level ကျောင်းသားများအတွက်
တနင်္ဂနွေနေ့
မွန်းလွဲ (၁) နာရီမှ (၂) နာရီ (၁၅) မိနစ် တစ်ချိန်
မွန်းလွဲ (၂) နာရီ ခွဲမှ (၄) နာရီအထိ တစ်ချိန်
တက်ရောက်သင်ယူရမည်ဖြစ်ကြောင်း
အသိပေးပါသည်။

သင်တန်းကို
၃၊ ၆၊ ၂၀၁၇ စနေနေ့တွင် စတင်
ဖွင့်လစ်သင်ကြားပါမည်။
အသေးစိတ်သိလိုမူ
ဖုန်း ၀၉၅၀၆၅၅၅၉
သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

အောင်စာရင်း (Preliminary Level)

အောင်စာရင်း (Intermediate Level)

သင်တန်းချိန်

 Diploma In English Course
Preliminary Level ကျောင်းသားများအတွက်
စနေနေ့
မွန်းလွဲ (၁) နာရီမှ (၂) နာရီ (၁၅) မိနစ် တစ်ချိန်
မွန်းလွဲ (၂) နာရီ ခွဲမှ (၄) နာရီအထိ တစ်ချိန်

Intermediate Level ကျောင်းသားများအတွက်
တနင်္ဂနွေနေ့
မွန်းလွဲ (၁) နာရီမှ (၂) နာရီ (၁၅) မိနစ် တစ်ချိန်
မွန်းလွဲ (၂) နာရီ ခွဲမှ (၄) နာရီအထိ တစ်ချိန်
တက်ရောက်သင်ယူရမည်ဖြစ်ကြောင်း
အသိပေးပါသည်။

သင်တန်းကို
၃၊ ၆၊ ၂၀၁၇ စနေနေ့တွင် စတင်
ဖွင့်လစ်သင်ကြားပါမည်။
အသေးစိတ်သိလိုမူ
ဖုန်း ၀၉၅၀၆၅၅၅၉
သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

အောင်စာရင်းထုတ်ပြန်

(သင်တန်းချိန်ကို ထပ်မံကြေငြာပေးပါမည်၊
Preliminary Students များ စနေနေ့ တက်နိုင် မတက်နိုင် အကြောင်းပြန်ပေးပါ။
အာက်မှာ comment ပေးခဲ့ပါ။)
www.dhammagarden.com တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

Intermediate Level တက်ခွင့်ရသော ကျောင်းသားများ
1: Mr. Aung Myo Oo
2: Mrs. Aye Aye Thant
3: Ms. Nu Nu Sein
4: Ms. Thantar Lwin
5: Ms. Pan Ei Phyu
6: Mr. Thein Win @ Thein Aung
7: Mr. Seinta Kyaw Thu
8: Ms. Htet Htet Yamin Aung
9: Ms. Tinzar Lwin @ Emerald
10: Ms. Nandar Oo Wai
11: Ms. Akari Htun
12: Ms. Mya Mya Win
13: Ms. Chit Sann Thwel
14: Ms. Nyein Nyein Tun
15: Ms. Khin San Maw
16: Ms. Aung Myo Htet
17: Ms. Tun Eindra Khin
18: Ms. Myint Myat Zaw Naing
19: Mr. Nay Lin
20: Ms. Theingi
21: Ms. Soe Soe
22: Ms. Khin Soe San
23: Ms. Phyu Phyu Win
24: Ms. Ei Shwe Sin Htay Oo
25: Ms. Pwint Phyu Aye
26: Ms. Nway Thidar Aung
27: Mr. Min Zaw
28: Ms. Thinzar Tun

Preliminary Level တက်ခွင့်ရသောကျောင်းသားများ
1:  Mr. Khant Si Thu
2: Ms. Sandar Soe
3: Ms. Win Thandar
4: Ms. Toe Toe Aung
5: Ms. Myo Myo Thwe
6: Ms. Zin Pyone Khine]
7: Ms. Ye Myat Hein
8: Ms. Myint Myat Mon
9: Ms. Moe Moe Win
10: Mr. Khant Lin
11: Ms. Thein Thein Swe
12: Mr. Sai Maw
13: Ms. Hnin Ou Wai Lwin
14: Mr. Aung Myat Min
15: Mr. Aung Maw Than
16: Ms. Hnin Yu Wai
17: Ms. Thin Zar Win Naing
18: Ms. Tin Thu Thu Aung
19: Ms. Phyu Phyu Aung
20: Mr. Lwin Maung Maung Lwin
21: Ms. Hla Hla Aye
22: Ms. Khin Nwe Oo
23: Ms. Kyawt Yamin Khaing
24: Ms. Aye Aye Cho
25: Ms. Phoo Pwint Wai
26: Mr. San Ngin
27: Ms. Tin Tin Thaung
28: Ms. Ingjin Phyu
29: Mr. Kyaw Zayya
30: Mr. Aung Myint Khaing
31: Mr. Aung Aung
32: Ms. Thein Than Htay
33: Ms. Theingi Lwin
34: Ms. Pa Pa Win
35: Ms. Aye Htet Mar
36: Ms. Aye Chan Htet Aung
37: Mr. Oakar Kyi
38: Ms. Ei Ei Aung
39: Ms. Myintzu Mya
40: Ms. Wint Thiri Aung
41: Ms. Aye Thandar Aung
42: Ms. Hla Hla Htay
43: Mr. Han Myo Oo

Friday, May 19, 2017

အကောင်းဆုံးအရာ


ညက ပိဋကတ်စာပေထဲက ဇရာသုတ်ဆိုတာလေးကို ပြန်ဖတ်ဖြစ်တယ်။ 
နတ်သား တစ် ယောက်ကမေးတာကို ဘုရားရှင်ကဖြေထားတဲ့သုတ်တော်လေး။ နတ်သားကဂါထာလေးတစ်ပုဒ်နဲ့ မေးထား တာကို 
ဆရာဘုရားရှင်က ဂါထာလေးတစ်ပုဒ်နဲ့ ဖြေထားတာ။
အမေး။ ကိံသု ယာဝဇရာ သာဓု၊ 
ဘယ်ဟာက အိုသည့်တိုင်အောင် ကောင်းတာပါလဲ? 
နတ်သားက ဘုရားရှင်ကိုမေးတဲ့ နံပါတ် (၁) မေးခွန်းပါ။

ဘုရားရှင်အဖြေကိုမသိခင် ဒီမေးခွန်းရဲ့ အဖြေကို 
ကိုယ့်ကိုယ်ကို ဖြေကြည့်ရအောင်။ 
အိမ် တစ်အိမ် မှာ တရားဟောရင်း ဒီမေးခွန်းကို မေးမိတော့
ဒကာကြီးက “တပည့်တော်ရဲ့ ဇနီးက အိုသည့်တိုင်အောင် ကောင်းတာပါ” တဲ့။ 
အဖြေကိုသဘောကျလို့ ပြုံးလိုက်မိတယ်။
 
“သားသမီးတွေကို အမြဲတမ်းအိုသည့်တိုင်အောင် အားမကိုးရဘူး။ 
အရွယ်ရောက်လာရင် ကိုယ့်အိုးကိုယ့်အိမ်ထူပြီး 
မိဘတွေထံပါးမှ ခွဲခွါသွားကြတာချည်းပဲ။ 
ကိုယ့်ဇနီးမယားကသာ အိုသည့် တိုင်အောင်
နာက်ဆုံး သေသည့်တိုင်အောင် ကိုယ်နဲ့ မခွဲမခွါပေါင်းသင်းဆက်ဆံပြီး
ဆးပေးမီးယူ လုပ်ပေးဖော်ရတာ” လို့ ဒကာကြီးကပြောချင်တာဖြစ်မှာပါ။
အဲ့ဒကာကြီးရဲ့သားကတော့ အိုသည့်တိုင်အောင် ကောင်းတာကပိုက်ဆံပါတဲ့။ 
ပိုက်ဆံသာ ကိုယ့်မှာ အမြဲတမ်းရှိနေမယ်ဆိုရင် 
အိုသည့်တိုင်အောင် ဘာမဆိုလုပ်လို့ရတာဖြစ်လို့ 
အိုသည့်တိုင်အောင် ကောင်းတဲ့ အရာဟာ ပိုက်ဆံလို့ ပြောရတာပါတဲ့။

ဒကာမကြီးကတော့ အိုသည့်တိုင်အောင် ကောင်းတဲ့အရာကို 
စိတ်ချမ်းသာမှုလို့ ယူဆပါတယ်တဲ့။ သူပြောတာကဟုတ်သလိုလိုတော့ ရှိပါတယ်။ 
ဒါပေမဲ့ ဒါဟာအကျိုးတရားကြီးပဲ။ 
စိတ်ချမ်းသာမှုဖြစ်ပေါ် လာအောင် ဘာတွေ လုပ်ရမှာလဲ။ 
အကြောင်းတရားကို ရှာရအုံးမှာပါ။
ကဲ၊ ဘုရားရှင်ရဲ့ အဖြေကို ကြည့်ရအောင်။ 
ဘုရားရှင်ရဲ့ အဖြေက သီလံ ယာဝ ဇရာသာဓု၊ 
သီလက အိုသည့်တိုင်အောင် ကောင်းတာပါ တဲ့။ 
ဘုရားရှင်ရဲ့ ဒီအဖြေကိုဖတ်ပြီး အတော် စဉ်းစားဖြစ်ပါတယ်။
သီလ က ဘာလို့ အိုသည့်တိုင်အောင် ကောင်းတာလဲပေါ့။ 
တချိန်တည်းမှာပဲ ဗုဒ္ဓဘာသာဝင်တွေသိတဲ့ ငါးပါး သီလကို ရွတ်ဆိုမိတယ်။ 
သူတပါးအသက် မသတ်နဲ့၊ သူ့ဥစ္စာ မခိုးနဲ့၊ 
သူ့အိမ်ယာ မပြစ်မှားနဲ့၊ လိမ်မပြောနဲ့၊
မေ့လျှော့စေတတ်တဲ့အရက်၊ ဘိန်းစတာတွေကိုမသောက်နဲ့၊ မသုံးစွဲနဲ့။ 
ဒီငါးပါးသီလက အခြေခံလူ့ကျင့်ဝတ် ဖြစ်တယ်။ 
လူတိုင်းစောင့်ထိမ်းရမည့် သီလတွေဖြစ်ပါတယ်။
ဒီသီလတွေက အိုသည့်တိုင်အောင် ကောင်းတယ် လို့ ဘုရားရှင်မိန့်တော်မူခဲ့အပါတယ်။ 

အခြေခံ လူ့ကျင့်ဝတ်ဖြစ်တဲ့ လူတိုင်းစောင့်ထိန်းရမယ့် ဒီသီလကို မစောင့်ထိန်းရင် 
အိုသည့်တိုင်အောင် မကောင်းနိုင် ဘူးလို့ ပြောင်းပြန်တွေးမိပါတယ်။
တချိန်တည်းမှာပဲ ရွာက အရက်သမား ဦးသာမောင်ကို သတိရမိတယ်။ 
အသက်က ၆၀ ကျော်နေပြီဆိုတော့ လူကြီးပိုင်းရောက်နေပြီပေါ့။
လူအိုအရွယ် ဇရာပိုင်းရောက်နေပေမယ့် အရက်သောက်တုန်း။ 
အကျိုးဆက်အနေအားဖြင့် သူ့ကို ဘယ်သူမှ မလေးစားဘူး။ 
သာရေးနာရေး ထမင်း စားဝိုင်းတွေမှာလည်း 
သူဘယ်တော့မှ လူကြား သူကြား၊ လူတောသူတော မတိုးဘူး။ 
တိုးပြီး အစား အသောက် မစားရဲဘူး။ 
သူများတွေပြီးမှ ချောင် ကျကျတနေရာမှာ ခပ်ကုတ်ကုတ် ၀င်စားရတာချည်းပဲ။ 
သိရတာက ဒီဦးသာမောင်ဆိုတဲ့လူဟာ 
ငယ်ငယ်ကတည်းက အရက်သောက်လာတာပါ။

အင်း၊ ငယ်ငယ်တုန်းကတော့ သူသူကိုယ်ကို အရက်သောက်ကြတာချည်းပါဘဲ။ 
ဒါပေမဲ့ ဒီအရက်ကို စီးပွါးရေးလောကထဲဝင်တဲ့ 
အသက်သုံးဆယ်ကျော် အရွယ်တိုင်အောင် လူမှန်းသူမှန်း မသိတဲ့အဆင့်အထိ နေ့စဉ်သောက်သုံးနေမယ်ဆိုရင် ဦးသာမောင်လို အသက်ခြောက်ဆယ် အရွယ်အထိ 
သားမေ့ မယားမေ့ ဘုရားမေ့ တရားမေ့အဆင့်အထိ သောက်သုံးနေမယ်ဆိုရင် 
ပတ်ဝန်ကျင် လူ့လောကကြီးနဲ့ အင်ဝင်ဂွင်ကျ ဖြစ်မယ်မထင်ပါဘူး။

အရက်သောက်သုံးပြီး မူးမူးမှောက်မှောက်ဖြစ်နေတဲ့သူဟာ 
(ဗုဒ္ဓဘာသာဝင်ဆိုရင်) အိမ် ဘေးက ဓမ္မာရုံမှာ တရားပွဲရှိတောင် တရားနာ မသွားဝံ့တော့ဘူး။ 
သွားဝံ့သည် ထား၊ နောက်ဆုံးတန်းမှာ ခပ်ကုတ် ကုတ်နဲ့ နာရတော့မှာ။
 
လူ့ကျင့်ဝတ်ငါးပါးသီလထဲက နောက်ဆုံးသီလကို ချိုးဖျက်လိုက်တာနဲ့ 
ရရှိလာတဲ့ ဆိုးကျိုးတွေကို စဉ်းစားမိတာပါ။ 
ဒါ့ကြောင့် လူ့လောကကြီးမှာအိုသည့်တိုင်အောင် ကောင်းတာဟာ 
ဇနီးမယားလည်း မဟုတ်ဘူး၊ ပိုက်ဆံလည်းမဟုတ်ဘူး။ 
သီလသာဖြစ်တယ်လို့ ဘုရားရှင် ဖြေကြားခဲ့တာပဲလို့ ထပ်ဆင့် နားလည်လိုက်ပါတယ်။

Thursday, May 18, 2017

စပ်မိစပ်ရာ (၅) ရုပ်တု ဆင်းတု

ခုတလော မျက်စိတစ်ဖက်ပွင့်လာတဲ့ရုပ်ပွါးတော်၊ ဆံပင်ပေါက်လာတဲ့ရုပ်ပွါးတော်၊ ဘာညာရုပ်ပွါး တော်စသဖြင့် လူတွေ လံကြုပ်လုပ်တဲ့ ရုပ်ပွါးတော်တွေအကြောင်း မကြာခဏဖတ်နေရတယ်။ အရင့်အရင် ကတည်းက နှုတ်ခမ်းမွှေးတပ်တဲ့ ရုပ်ပွားတော် ၊မျက်မှန်တပ်တဲ့ ရုပ်ပွားတော်၊ မှဲ့တပ်သော ရုပ်ပွားတော်၊ နဖူး၌ အဖုတပ်သော ရုပ်ပွားတော်၊ လက်စွပ်ဝတ်သော ရုပ်ပွားတော်၊ မြွေပတ်သော ရုပ်ပွားတော်၊ ဆင်စီး မြင်းရံ ရုပ်ပွားတော် စသဖြင့် အမျိုးမျိုး ထုလုပ်ခဲ့ကြတယ်။
တချို့က ဒက္ခိဏသာခါဘုရား အိမ်မှာထားကိုးကွယ်ရင် မီးကွင်းတယ်လို့ ယုံကြည်ကိုးကွယ် ကြ တယ်။ ဒက္ခိဏသာခါဘုရားဆိုတာ မဟာဗောဓိပင် တောင်ဘက်အရပ်ကို ဖြာထွက်နေတဲ့ အကိုင်းအခက်ကို ခုတ်ပြီး ဘုရားရှင်ရုပ်တုပြုလုပ်ထားတဲ့ ဆင်းတုတော်ပါ။ တောက်ဘက်ကို ဒက္ခိဏ၊ အကိုင်းအခက်ကို သာခါ။ ဆိုတော့ ဒက္ခိဏသာခါပေါ့။ ဒက္ခိဏသာခါဘုရားပေါ့။ မဟာဗောဓိအသားက ရှားပါးတော့
ရသလောက် အသားလေးနဲ့ ဘုရားရုပ်တု ထုထားတယ်ထင်ပါရဲ့။ ဒက္ခိဏသာခါဘုရားက အတော့်ကို အချိုး အစားမပြေပြစ်တာ။ ပုတက်တက် ပုကွကွလေးဖြစ်နေပါတယ်။ ဖူးရတာ သက်တောင့်သက်သာ မဖြစ်လှဘူး။
တကယ်တမ်းဖြစ်သင့်တာက သစ်သားကောင်းကောင်းနဲ့ ဘုရားရှင်ရုပ်တုကို သေသေချာချာ သပ်သပ်ယပ်ယပ် ထုလုပ်ပြီး ကိုးကွယ်တာ ပိုကောင်းပါတယ်။ ဘယ်သစ်သားနဲ့ထုထု ဘုရားရှင်ဆိုတာ အတူတူပါဘဲ။
တကယ်တော့ မြန်မာပြည်မှာရှိနေတဲ့ ဒက္ခိဏသာခါရုပ်ပွါးတော်ပုံဟာ ကြည်ညိုဖွယ်မဖြစ်ပါဘူး။ မြင် ရသူ ဖူးရသူနှလုံးသားကို ငြိမ်းချမ်းမှု မပေးပါဘူး။ ဒက္ခိဏသာခါရုပ်ပွါးတော်မှ မဟုတ်ပါဘူး။ ဘုရားစောင်း တန်းမှာရှိတဲ့ တချို့ဗုဒ္ဓရုပ်ပွါးတော်တွေဟာ အချိုးအစား မပြေပြစ်ပါဘူး။ ခုခေတ်ဘုရားရှင်ရုပ်ပွါးတော်တွေကို ထုလုပ်သူတွေက ပြီးပြီးရော ထုကြလို့လားမသိဘူး။ တချို့ရုပ်ပွါးတော်တွေဆိုရင် ဘုရားရှင်ရုပ်လုံးကို မပေါ်ပါဘူး။
ဆရာတော်ကြီးတစ်ပါးမိန့်တာကတော့ ရှေးရှေးတုန်းက ဘုရားရှင်ရုပ်ပွါးတော်ထုတဲ့သူတွေက တကယ့်ပညာရှိကြီးတွေတဲ့။ ပါဠိစာပေတတ်ကျွမ်းတဲ့သူတွေဖြစ်တယ်တဲ့။ ဘုရားရှင်ရုပ်ပွါးတော်တွေကို ထု ဆစ်တဲ့အခါမှာ ပါဠိစာပေထဲမှာဖော်ပြထားတဲ့ ဘုရားရှင်ရူပကာယပုံသဏ္ဌာန်အတိုင်း ထုဆစ်ကြတယ်တဲ့။
ခုခေတ်မှာတော့ ဘုရားရှင်ရုပ်ပွါးတော်ကို ကြည့်ကောင်းတာ မကောင်းတာ ဂရုမစိုက်တော့ပါဘူး။ ဘုရားစောင်းတန်းဈေးကွက်ထဲမှာ ရုပ်ပွါးတော်တွေကို သူ့ထက်ငါ အလုအယက်ထုဆစ်ကာ ရောင်းချနေကြ ပါပြီ။
ဘုရားရှင်ရုပ်ပွါးတွေကို ထုဆစ်တဲ့အခါ ကို့ယို့ကားယားမဖြစ်အောင် ကြည်ညိုဖွယ်ရုပ်တုတွေ ထုနိုင်အောင် သာသနာရေးဌာနနဲ့ သံဃာ့နာယကဆရာတော်ကြီးများ၊ ပါဠိဗုဒ္ဓဘာသာတတ်ကျွမ်းတဲ့ ပန်းပု ပညာရှင်ကြီး များပူးပေါင်းကာ သင်တန်းများပေးသင့်ပါတယ်။ ထုလုပ်ပြီးတဲ့ ဘုရားရှင်ရုပ်ပွါးတော်တွေကို လည်း ပါဠိစာပေမှာပါရှိတဲ့ ဘုရားရှင်ရူပကာယပုံသဏ္ဌာန်စံချိန်စံနှုန်းနဲ့ ညီမညီ ကိုက်မကိုက် စီစစ်ဖို့ရန် သာသနာရေး ဌာနနဲ့ သံဃနာယကအဖွဲ့ကို တင်ပြသင့်ပါတယ်။ အားလုံးစီစစ်ပြီး လက်မှတ်ထိုးပြီးမှ ရုပ်ပွါးတော်တွေကို ဘုရားစောင်းတန်းဈေးတန်းတွေမှာ ရောင်းချခွင့်ပြုသင့်ပါတယ်။ ဒီလိုမလုပ်ရင် ဘုရား ရုပ်တုတွေကို ထုချင်သလိုထုပြီး  ဖြစ်ချင်သလိုဖြစ်နေမှာပါ။
ဒါကလည်း မြန်မာနိုင်ငံမှာပဲ ဖြစ်နေတယ်ထင်ပါတယ်။ သီဟိုဠ်နိုင်ငံနဲ့ ထိုင်းနိုင်ငံက ဘုရားရှင် ရုပ်ပွါးတော်တွေဟာ မြန်မာပြည်က ရုပ်ပွါးတော်တွေလောက် ကို့ရို့ကားယားမနိုင်တာ တွေ့ရတယ်။ သီဟိုဠ် နိုင်ငံက ရုပ်ပွါးတော်ကိုပဲ ကြည့်ကြည့်၊ ထိုင်းနိုင်ငံက ရုပ်ပွါးတော်ကိုပဲ ကြည့်ကြည့်၊ များသောအားဖြင့် ထုလုပ်ပုံ ပုံစံတူညီတာကို တွေ့ရတယ်။ ဒါဟာ သူတို့နိုင်ငံက ရုပ်ပွါးတော်တွေက ပိုကောင်းတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ မြန်မာပြည်က ရုပ်ပွါးတော်တွေထဲမှာ အင်မတန်လက်ရာပြောင်မြောက်တဲ့ ကြည်ညို ဖွယ်ကောင်းတဲ့ ရုပ်ပွါးတော်တွေ အများကြီးပါ။
ပြောချင်တာက သူတို့နိုင်ငံမှာ ဘုရားရှင်ရုပ်ပွါးတော်ထုရင် သတ်မှတ်ထားတဲ့ စံ၊ သတ်မှတ်ထားတဲ့ (ဗဟိုရ်) မူ ရှိပုံပေါ်ပါယ်။ ဘုရားရှင်ရုပ်ပွါးတော်ထုတဲ့အခါ သတ်မှတ်ချက်စံ၊ မူ ရှိသင့်ပါတယ်။ ဒါလဲ မြန်မာပြည်မှာ မဖြစ်နိုင်စရာ မရှိပါဘူး။ မြန်မာနိုင်ငံမှာက သာသနာရေးဌာနနဲ့ သံဃနာယကအဖွဲ့ရှိပြီးသားပါ။
လုပ်ဖို့ပဲ လိုတာပါ။ အဲ့လိုမလုပ်ရင် မန္တလေးလက်ရာ၊ စစ်ကိုင်းလက်ရာ၊ မုံရွာလက်ရာ၊ ရန်ကုန်လက်ရာ စသဖြင့် ဂေါတမဘုရားရှင်တစ်ဆူထဲကို တစ်ခေတ်ထဲမှာ ပုံစံအမျိုးမျိုးနဲ့တွေ့နေရတော့ သိပ်တော့ မကောင်း လှပါဘူး။ ဒီလိုပုံစံအမျိုးမျိုးတွေကွဲနေတော့ ဘာသာရေးဗဟုသုတနည်းသူတွေနဲ့ တခြားဘာသာဝင် တွေက ဘုရားတွေပဲ ပေါများနေသလိုလို ထင်လာပါတယ်။
နောက်ပြီး ဒီလိုပုံစံတွေ ကွဲနေတဲ့ကြားက ဂေါတမဘုရားတစ်ဆူတည်ကို ဒက္ခိဏသာခါဘုရား၊ အလိုတော်ပြည့်ဘုရား၊ မဟာသွံသာရဘုရား စသဖြင့် နာမည်အမျိုးမျိုးပေးထားပြန်ပါတယ်။ ဂေါတမဘုရား ရှင် တစ်ဆူတည်းကို ဒီလိုမျိုးနာမည်အထူးအဆန်းတွေပေးထားပြန်တော့ လူတွေ ဇဝေဇ၀ါဖြစ်ကုန်ပြန်ရော။
ဗုဒ္ဓရုပ်ပွါးတော်တွေ ထုလုပ်ရာမှာ စနစ်တကျ စည်းကမ်းရှိရှိ ထုလုပ်ရမှာဖြစ်သလို ဗုဒ္ဓသားတော် ဖြစ်တဲ့ သံဃာတော်တွေ ၀တ်ရုံတဲ့သင်္ကန်းကိုလည်း သာသနာရေးဝန်ကြီးဌာနမှ အတည်ပြုချက် ထောက်ခံ ချက် ရယူပြီးမှ သင်္ကန်းတွေကို ရောင်းချခွင့်ပြုသင့်ပါတယ်။
ဘာပြုလို့လဲဆိုတော့ အချို့စီးပွါးရေးသမားတွေက သူတို့ရဲ့ စီးပွါးဖြစ်ရေးကိုသာဦးတည်ပြီး အရောင် အမျိုးမျိုးကို အ၀တ်စအမျိုးမျိုးနဲ့ သင်္ကန်းအဖြစ် ချုပ်လုပ်ရောင်းချနေလို့ပါ။ ဟိုတလောက ဦးဇင်းလေး တစ် ပါးဝတ်လာတဲ့သင်္ကန်းစဆိုရင် သင်္ကန်းစမှာ ပန်းလိုအပွင့်တွေတောင် ပါနေတာ တွေ့ရပါတယ်။ ဒါ့ကြောင့် သင်္ကန်းချုပ်တဲ့အခါမှာလည်း သင်္ကန်းဆိုင်ပိုင်ရှင်များအနေနဲ့ သာသနာရေးဝန်ကြီးဌာနရဲ့ အတည်ပြုမှုကို ဦးစွာ ရယူသင့်ပါတယ်။

Wednesday, May 17, 2017

ဗုဒ္ဓဘာသာဂိုဏ်းကွဲများ

ဗုဒ္ဓဘာသာတွင် အကြမ်းအားဖြင့်း ဂိုဏ်းကြီး ၃ ဂိုဏ်းကွဲပြားနေသည်။
ယင်းတို့မှာ
(၁) ထေရ၀ါဒဗုဒ္ဓဘာသာ
(၂) ဟီနယာနဗုဒ္ဓဘာသာ
(၃) မဟာယာနဗုဒ္ဓဘာသာတို့ဖြစ်သည်။
၁။ ထေရဝါဒဗုဒ္ဓဘာသာ
မြတ်စွာဘုရားဟောကြားတောမူထားသောတရားတော်များကို ပိဋကတ်စာပေဟု ခေါ်ဆိုကြသည်။ ၀ိနည်း၊ သုတ္တန်၊ အဘိဓမ္မာဟု ပိဋကတ်သုံးပုံရှိသည်။  မြတ်စွာဘုရားဟောကြားတော်မူထားသော ထိုပိဋ ကတ်သုံးပုံကို မူရင်းအတိုင်း လက်ခံကျင့်သုံးသည့် ဗုဒ္ဓဘာသာကို ထေရ၀ါဒဗုဒဘာသာဟု ခေါ်ဆိုပါသည်။ ထို့ကြောင့် ထေရ၀ါဒဗုဒဘာသာသည် ပိဋကတ်သုံးပုံထဲမှ တရာတော်များကို ထုတ်ပယ်ခြင်းလည်း မပြုပါ။ အသစ်ဖြည့်စွက်ခြင်းလည်း မပြုပါ။
ထေရ၀ါဒဗုဒဘာသာသည် ပန်းတိုင်ဖြစ်သောနိဗ္ဗာန်သို့ ရိုးရိုးသာမန် တပည့်အဖြစ်ဖြင့် ကျင့်သုံး၍ လည်း ရောက်နိုင်သည်၊ ဘုရားဖြစ်အောင် ကျင့်ကြံ၍လည်း ဘုရားဖြစ်ပြီးပန်းတိုင်ဖြစ်သောနိဗ္ဗာန်သို့ ရောက် နိုင်သည်ဟု လက်ခံထားသည်။ ထေရဝါဒဗုဒ္ဓဘာသာကို ၁။ မြန်မာ၊ ၂။ ထိုင်း၊ ၃။ သီရိလင်္ကာ၊ ၄။ ကမ္ဗောဒီးယား၊ ၅။ လောနိုင်ငံတို့မှာ ကိုးကွယ်နေလျက် ရှိကြသည်။
အကျဉ်းချုပ်အားဖြင့် ထေရဝါဒဗုဒ္ဓဘာသာဟူသည်မှာ မြတ်စွာဘုရား၏ တရားတော်ကို မြတ်စွာ ဘုရားဟောကြားတော်မူသည့်အတိုင်း မပြုမပြင်၊ မဖြည့်မစွက်၊ မပယ်မနှုတ်ဘဲ လိုက်နာကျင့်သုံးသည့် ဗုဒ္ဓဘာသာကို ခေါ်ဆိုခြင်းသာတည်း။
၂။ ဟီနယာနဗုဒ္ဓဘာသာ
ထေရဝါဒဗုဒ္ဓဘာသာကဲ့သို့ မူရင်းတရားအစစ်အမှန်တွေကိုလည်း အတိအကျ မလိုက်နာနိုင်၊ မဟာ ယာနဗုဒဘာသာတွေလောက်လည်း ပြုပြင်ဖြည့်စွက်ပယ်နှုတ်ဖို့ မလုပ်ချင်သောဗုဒ္ဓဘာသာကို  ဟီနယာန ဗုဒ္ဓဘာသာဟု ခေါ်ဆိုသည်။ ယခုအခါ ၎င်းဂိုဏ်းသည် မဟာယာနဗုဒ္ဓဘာသာဂိုဏ်းက မျိုထားခြင်းကို ခံလိုက်ကြရသည်ဖြစ်၍ မဟာယာနအတွင်းမှာ တိမ်မြုပ်ကြကုန်ပြီး ပျောက်ကွယ်သလောက် ဖြစ်သွားပါပြီ။ ယင်းဂိုဏ်းတို့အား ဟီနယာန=နိမ့်ကျသည့်ယာဉ်ဟူ၍ နာမည်တပ်မှုကို မဟာယာနတို့က ပြုလုပ်ခဲ့သည်။
ဘီစီငါးရာစုခန့်က စတင်ပေါ် ထွန်းခဲ့သည့်ဂိုဏ်းဟုဆိုနိုင်ပါသည်။
၃။ မဟာယာနဗုဒ္ဓဘာသာ
မဟာယနဂိုဏ်း၏ အဓိကအချက်ကြီးကား ဘုရားလောင်းဝါဒပင်ဖြစ်သည်။ လူတိုင်းလူတိုင်း သတ္တ၀ါ တိုင်းသတ္တ၀ါတိုင်း ဘုရားလောင်းဆုကို ယူရသည်။ ဘုရားလောင်းဖြစ်ရမည်။ ဘုရားလောင်းအဖြစ်နှင့် လောကကို ကယ်တင်ရမည်။ ပန်းတိုင်ဖြစ်သောနိဗ္ဗာန်သို့ သွားရမည် ဟု ယူဆကြသည်။
မြတ်စွာဘုရားဟောကြားတော်မူသည့်အတိုင်းမဟုတ်ဘဲ ကာလ၊ ဒေသ၊ ပုဂ္ဂလအစရှိသော အခြေ အနေအရပ်ရပ်တို့နှင့် ကိုက်ညီအောင် ဘုရားရှင်၏ တရားတော်တို့ကို ပြုပြင်ပြီး တပည့်သာဝကအဖြစ်၊ သီးခြားဘုရား (ဘုရားဖြစ်ကာမတ္တ) ပစ္စေကအဖြစ်ဖြင့် နိဗ္ဗာန်ကိုမရနိုင်ဘဲ သမ္မာသမ္ဗုဒ္ဓအဖြစ်ဖြင့်သာ နိဗ္ဗာန်ကိုရနိုင်သည်ဟူ၍ ယူဆသည့် ဗုဒ္ဓဘာသာကို မဟာယာနဗုဒ္ဓ ဘာသာဟုခေါ်ဆိုသည်။ ယခုအခါ တိဘက်၊ ဆိကင်၊ ဘူတန်၊ နီပေါ၊ မွန်ဂိုလီးယား၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ် အစရှိသော နိုင်ငံ တို့မှာ မဟာယာနဗုဒ္ဓဘာသာကိုကိုးကွယ်နေကြသည်။
မှတ်ချက်။ ထေရ၀ါဒနှင့် ဟီနယာနမတူပါ။

Tuesday, May 16, 2017

ဗုဒ္ဓဘာသာဝင်တို့ ဥပုသ်စောင့်ရခြင်း

ဥပုသ်စောင့်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မတော်မတရားလိုချင်မှု လောဘ၊ ကြမ်းကြုတ်မှု ဒေါသ၊ မိုက်မဲတွေဝေမှု မောဟတို့ နည်းပါးအောင် လုပ်ခြင်းပင်ဖြစ်ပါသည်။ အဆင်းအာရုံ၊ အသံအာရုံ စသော ငါးဖြာအာရုံတို့အပေါ်မှာ မှီပြီးမကောင်းတဲ့ စိတ် မ၀င်မိအောင်၊ မဖြစ်ပေါ်လာအောင် ကြိုးစားခြင်းကို ဥပုသ်စောင့်ခြင်းဟုခေါ်ပါသည်။
ဥပုသ်ကိုပုံမှန်အားဖြင့် လပြည့်နေ့နှင့် လကွယ်နေ့များတွင် စောင့်ထိန်းလေ့ရှိပါသည်။ သို့သော် မိမိ ဆန္ဒအားလျှော်စွာ မည်သည့်နေ့တွင်မဆို စောင့်ထိန်းနိုင်ပါသည်။ အတင်းအကျပ် လုပ်ကိုလုပ်ရမယ်ဆိုသော ဖိအားပေးမှုမျိုး ဗုဒ္ဓဘာသာတွင် မရှိပါ။ ဗုဒ္ဓဘာသာလမ်းစဉ်သည် အလယ်အလတ်လမ်းစဉ် ဖြစ်ပါသည်။
ဥပုသ်စောင့်ရာတွင် စည်းကမ်းချက်များမှာ ထွေထွေထူးထူးမရှိပါ။ ရှစ်ပါးဥပုသ်သီလ၊ ကိုးပါးဥပုသ် သီလ၊ ဆယ်ပါးဥပုသ်သီလစသည်ဖြင့် ရှိပါသည်။ မိမိအရွယ်နှင့် မိမိအင်အားနှင့် မိမိအချိန်နှင့်ကိုက်ညီ အောင် ဥပုသ်သီလများစောင့်ထိန်းနိုင်ပါသည်။
ဗုဒ္ဓဘာသာအဓိကပွဲသဘင်များကိုဗုဒ္ဓမြတ်စွာဘုရားကချမှတ်ခဲ့တာမဟုတ်ပါ။ နောင်လာနောက် သားများက ဗုဒ္ဓဘာသာအမှတ်တရနေ့များအဖြစ် သတ်မှတ်ပြီးကျင်းပကြခြင်းဖြစ်ပါသည်။ ဥပမာ။ မေလ လပြည့်နေတွင် (Vesak Festival) ၀ိသာခါ ပွဲသဘင်ကိုကျင်းပပါသည်။ ထိုပွဲသဘင်သည် ဘုရားရှင်မွေးနေ့၊ (ဘုရားအဖြစ်သို့ ရောက်မည့်သူမွေးသည့်နေ့) ဘုရားအဖြစ်သို့ ရောက်သည့်နေ့၊ ဘုရားကွယ်လွန် (ပရိနိဗ္ဗာန် စံသည့်) နေ့တို့ကိုရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။
ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ဘို့ လိုက်နာရမည့် စည်းကမ်းသတ်မှတ်မထားပါ။ ဗုဒ္ဓဘာသာတွင် ငါးပါး သီလရှိပါသည်။ ထိုငါးပါးသီလသည် ဗုဒ္ဓဘာသာဝင်အတွက်သာ မဟုတ်ပါ။ လူသားတိုင်းအတွက် ဖြစ်ပါ သည်။
ဗုဒ္ဓဘာသာဝင်တို့၏ ဘုရားကို ကြားဘူးစရာမလိုပါ။ မြင်ဘူးစရာမလိုပါ။ ရှိခိုးစရာမလိုပါ။ ဆိုလို သည်မှာ ရှိမခိုးဘဲနေလိုက နေနိုင်ပါသည်။ ငါးပါးသီလစောင့်ထိန်းက ထိုငါးပါးသီလကို စောင့်ထိန်းသူသည် ဗုဒ္ဓဘာသာဝင်ဖြစ်သွားပေတော့သည်။ ငါးပါးသီလစောင့်ထိန်းသူဘယ်သူမဆို။ တရုတ်ဖြစ်ဖြစ်၊ နီဂရိုးဖြစ်ဖြစ်၊ အင်္ဂလိပ်ဖြစ်ဖြစ် ၊ မွတ်စလင်ဖြစ်ဖြစ်၊ ခရစ်ယာန်ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဝင်ဖြစ်ဖြစ် ကောင်းကျိုးခံစားရမည်၊ စောင့်ထိန်းရကျိုးရရှိမည်၊ ကောင်းတဲ့ဘုံဘ၀ ရောက်မည်။ ငါးပါးသီလမစောင့်ထိန်းသူ ဘယ်သူမဆို၊ တရုတ် ဖြစ်ဖြစ်၊ နီဂရိုးဖြစ်ဖြစ်၊ အင်္ဂလိပ်ဖြစ်ဖြစ် ၊ မွတ်စလင်ဖြစ်ဖြစ်၊ ခရစ်ယာန်ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဝင်ဖြစ်ဖြစ် ကောင်းကျိုးခံစားရမည်၊ မစောင့်ထိန်းရကျိုးရရှိမည်၊ မကောင်းတဲ့ဘုံဘ၀ ရောက်မည်။
ငါးပါးသီလ
(၁) သူတပါးအသက်မသတ်ရ။
(၂) သူတပါးဥစ္စာမခိုးရ။
(၃) သူတပါးသားမယားစိတ်နဲ့တောင် မပြစ်မှားရ။
(၄) လိမ်မပြောရ။
(၅) အရက်၊ ဆေးခြောက်စတဲ့ မူယစ်စေတတ်တဲ့အရာဝတ္ထုမှန်သမျှ မသုံးစွဲရ။
ဗုဒ္ဓဘုရားဖြစ်ပေါ်ရခြင်း၏အကြောင်းရင်းမှာဆင်းရဲဒုက္ခမှ လုံးဝ လွတ်မြောက်ရေးအတွက်ဖြစ်သည်။ ဗုဒ္ဓဘုရားရှင်သည် သဘာဝတရားကို သိဘို့ ကြိုးစားရင်း နောက်ဆုံးသဘာဝတရားတွေကိုသိလာလို့ သိသူ (ဗုဒ္ဓ) ဟုအမည်ရလာခြင်းဖြစ်သည်။ ဗုဒ္ဓဆိုတာသိသူလို့ အဓိပ္ပါယ်ရပါတယ်။
ဗုဒ္ဓဘာသာတို့၏ အဓိကယုံကြည့်ချက်မှာ ကံ၊ ကံ၏အကျိုးကို ယုံကြည်ခြင်းဖြစ်သည်။ ဖန်ဆင်းရှင် ထာဝရဘုရားသခင်ကို မယုံကြည်။ မွေးခါစကတည်းက မျက်စိကန်းလာတဲ့ခလေးလေးတွေ၊ နားမကြားတဲ့ ခလေးတွေ၊ ရုပ်မလှတဲ့သူ၊ ရုပ်လှတဲ့သူ၊ ချမ်းသာတဲ့သူ၊ ဆင်းရဲတဲ့သူတွေ ဘာကြောင့် ဒီလိုဖြစ်နေကြရတာ လဲဆိုတဲ့ အကြောင်းအကျိုး သဘာဝကို လေ့လာလက်ခံယုံကြည်သော ၀ါဒဖြစ်သည်။
ဗုဒ္ဓဘာသာတွင် အကြမ်းအားဖြင့်း ဂိုဏ်းကြီး ၃ ဂိုဏ်းကွဲပြားနေသည်။
ယင်းတို့မှာ
(၁) ထေရ၀ါဒဗုဒ္ဓဘာသာ
(၂) ဟီနယာနဗုဒ္ဓဘာသာ
(၃) မဟာယာနဗုဒ္ဓဘာသာတို့ဖြစ်သည်။

Monday, May 15, 2017

စပ်မိစပ်ရာ (၄) ဗုဒ္ဓဘာသာဟူသည်

မလေးရှားမှာနေတုန်းက ဗမာဗုဒဘာသာဝင်တစ်ဦးက သူ့သူငယ်ချင်း အစ္စလာမ်ဘာသာဝင်တစ်ဦး ရဲ့ သမီးလေးတစ်ယောက် စာမေးပွဲမှာ ဘာသာရေးအကြောင်းတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေပါ လို့ ဗုဒဘာသာအကြောင်း အများနားလည်လွယ်အောင် အကျဉ်းချုပ်ရေးပေးနိုင်ပါသလားဘုရားလို့ လျှောက် လာပါတယ်။ အောက်ပါအကြောင်းအရာများဟာ ထိုသမီးလေးသိလိုတဲ့အကြောင်းအရာများကို အများနား လည်အောင် လွယ်ကူရှင်းလင်းတဲ့  အရပ်သုံးစကားများနဲ့ ပြန်လည်ဖြေကြားပေးထားတာပါ။
ဗုဒ္ဓဘာသာဝင်တို့ ဘုရားရှိခိုးရခြင်း၏အကြောင်းရင်း
ဗုဒ္ဓ-မြတ်စွာဘုရားကိုရှိခိုးရခြင်း၏အကြောင်းရင်းမှာ ဗုဒ္ဓ-မြတ်စွာဘုရားသည် ကောင်းသောသဘာဝ တရားများနှင့် မကောင်းသော သဘာဝတရားများကို ဟောကြားပေးခဲ့သည်။ သင်ကြားပေးခဲ့သည်။ ထို့ ကြောင့် မြတ်စွာဘုရားကို ဗုဒ္ဓဘာသာဝင်တို့က ဆရာအဖြစမှတ်ယူသည်။ ဆရာအဖြစ်မှတ်ယူကာ ကျေးဇူး တင်သည့်အနေဖြင့် ရှိခိုးခြင်းဖြစ်သည်။ ဗုဒ္ဓ-မြတ်စွာဘုားကိုကြောက်၍ ရှိခိုးခြင်း မဟုတ်ပါ။ ရှိမခိုးဘဲ နေလို က နေနိုင်သည်။ ကိုယ်ကျင့်တရားသာ အဓိကဖြစ်သည်။ မိမိကိုယ်တိုင် ကိုယ်ကျင့်တရား ကောင်းမွန်ကာ
ပတ်ဝန်းကျင်ကို ငြိမ်းချမ်းအောင် လုပ်ပေးဘို့နှင့် ကိုယ့်ပတ်ဝတ်ကျင် စိတ်ချမ်းသာအောင် လုပ်ပေးဘို့ အရေးကြီးသည်။
လွတ်လပ်ရေးရအောင် လုပ်ပေးခဲ့သော အာဇာနည်သူရဲကောင်းများကို နိုင်ငံသူ နိုင်ငံသားများက ထိုသူတို့၏ အုတ်ဂူသို့သွား၍ ကျေးဇူးတင် အမှတ်ရအောက်မေ့သည့်အနေဖြင့် အလေးပြုကြသလို ဗုဒ မြတ်စွာဘုရားကိုကျေးဇူးတင်သည့်အနေဖြင့် ရှိခိုးခြင်းသာဖြစ်ပါသည်။
ထိုသို့ရှိခိုးရတွင် အကြိမ်ရေသတ်မှတ်ချက် မရှိပါ။ ရှိခိုးခြင်းထက် ကိုယ်ကျင့်သီလကို ဦးစားပေး သောဘာသာဖြစ်သည့်အတွက် ကိုယ်ကျင့် ကောင်းဘို့သာလိုပါသည်။ ကိုယ်ကျင့်တရားမကောင်းပဲ ၂၄ နာရီ ပတ်လုံး ရှိခိုးစေကာမူ အချည်းနှီးဖြစ်သည့်အတွက် ရှိခိုးခြင်းကို ဦးစားမပေးပါ။
သို့သော် အထက်မှာ ဖော်ပြခဲ့ သလို ကျေးဇူးတင်သည့်အနေဖြင့် ရှိခိုးလိုက လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ ခန့်က ပေါ်ပေါက်ခဲ့တဲ့ ဘုရားရှင်ရဲ့ ဂုဏ်ကိုအာရုံပြုပီး (၁) ကြိမ် ဘုရားရှင်ရဲ့ တရားတော်ကို အာရုံပြုပီး (၁) ကြိမ် ဘုရားရှင်ရဲ့တရားတော်တွေကို မပျောက်အောင် ထိမ်းသိန်းစောင့်ရှောက်တဲ့သူ (သံဃာတော်) တွေ ရဲ့ ဂုဏ်ကိုအာရုံပြုပီး (၁) ကြိမ် စုစုပေါင်း တစ်ခါရှိခိုးခြင်းအမှုပြုက ဦး (၃) ကြိမ်ချလေ့ရှိပါသည်။ ရှိခိုးရာတွင် ခြေ၊ လက်၊ နဖူး၊ တဒေါင်ဆစ်၊ ဒူးတို့ကို ကြမ်းပြင်ထိစေ၍ ရှိခိုးရပါသည်။ ထိုသို့ ကြမ်းပြင်ကို ထိရခြင်း ရည်ရွယ်ချက်မှာရှိခိုးသူ၏ မာန်မာနများ နှိမ့်ချစေခြင်းပင်ဖြစ်ပါသည်။