Thursday, August 28, 2014

ဘိက္ခူနီအရေးတော်ပုံ (၄)

 
(၃)  ဂရုဓမ္မနံပါတ်  (၆)
ဂရုဓမ္မ၏ အဓိပ္ပါယ်မှာ
ကြီးလေးစွာရိုသေလိုက်နာထိုက်သောအချက်များဟု ဆိုလိုပါသည်၊
“ဂရု”  ဆိုသည့်စကားသည် အများအားဖြင့် အဓိပ္ပါယ်(၂)မျိုးရပါသည်၊
(၁) ဂရု=ကြီးလေးသော  (၂)  ဂရု=ရိုသေလိုက်နာသော ဟုပြန်ဆိုထားပါသည်။
ဥပမာပြရပါလျှင် စူလဝဂ္ဂ  (၁၀) တွင်
ဘိက္ခူနီတစ်ပါးသည် ကြီးလေးသောကျူးလွန်မှုတစ်ခုပြုလုပ်ခဲ့ပါလျှင်
လတဝက် (၂ ပါတ်) မျှ နှစ်ဖက်သောသံဃာအုပ်စု (ဘိက္ခူ-ဘိက္ခူနီ) တို့ရှေ့တွင် ဆုံးမဒါဏ်ခံယူရပါသည်  (ဝိနည်း-၂-၂၅၅)။  
ဤနေရာ၌ ဂရုဓမ္မ၏ အဓိပ္ပါယ်မှာ
“သံဃာဒိသေသ” ကိုရည်ညွှန်းထားခြင်းဖြစ်ပါသည်၊ 
“သံဃာဒိသေသ” အရ ကျူးလွန်သူသည်
“မာနတ္တ” ခေါ် အပြစ်ဒဏ်ကို ခံယူထမ်းဆောင်ရပါသည်၊
ထိုဘိက္ခူနီသည်-  ဘိက္ခူနီအဆင့်မှ လျှောကျသွားသည်
(ခေတ္တယာယီ) ဖြစ်၍ ဘိက္ခူနီအဖြစ်သို့
ပြန်လည်ရောက်ရှိနိုင်ရန် ကြိုးစားရပါသည်  (ပါဠိ-  “အဗ္ဘာန”)၊
သံဃာဒိသေသပြစ်မှုတစ်ခုခု ကျူးလွန်ခဲ့ပါသော်
ထိုပြစ်မှုကြီးသည် ကြီးလေးသည်ဖြစ်၍
ဘိက္ခူနီအဖြစ်မှ  အခိုက်အတံ့အားဖြင့် အဆင့်အတန်းလျှောကျသွားပါသည်။

စူဠဝဂ္ဂ(၁၀-၁) တွင် ဂရုဓမ္မဟူသောအဓိပ္ပါယ်ကို
“မလွှဲသာအောင် မပြုမနေရ”  ဟူ၍ သက်မှတ်မထားပါ၊
သို့ပါသော်လည်း မဟာပဇာပတိဂေါတမီသည်
ဘိက္ခူနီအဖြစ်သို့ အသိအမှတ်ခံယူနိုင်ရေးအတွက်
ဦးထိပ်တင်၍ လက်ခံလိုက်ပါသည်၊
အနီးကပ်သေချာစွာ စစ်ကြောလိုက်ပါက ဂရုဓမ္မ သည်
သံဃာဒိသေသနှင့် ကျူးလွန်မှုအမျိုးအစားခြင်း လုံးဝမတူပါ။

ဝိနယတွင်
ဂရုဓမ္မအရ  (ဂရုဓမ္မသက်ဝင်သော) ကျူးလွန်မှုများ ဖော်ပြထားခဲ့ပါသော်လည်း
ထိုဂရုဓမ္မ-(၈)မျိုးစလုံးသည် သံဃာဒိသေသ အဆင့်နှင့်မတူဘဲ
ပါစိတ်အဆင့်နှင်သာ တူညီနေသည်ကို တွေ့ရပါသည်၊
ပါစိတ်ကျူးလွန်မှုမှာ သံဃာဒိသေသနှင့် နှိုင်းယှဉ်ပါသော်
ပေါ့သောကျူးလွန်မှုမျိုးဖြစ်၍
ကျူးလွန်မိသူသည် မိမိနှင့်အတူနေပြစ်မှုမကျူးလွန်သော အခြားဘိက္ခူနီတစ်ပါးထံ
မိမိ၏ပြစ်မှုတို့ကို ဖွင့်လှစ်ဝန်ခံလိုက်ပါလျှင် မပြစ်မှ လွတ်ပါသည်၊
ပစ္စည်းများပိုင်ဆိုင်မှုကို ပါစိတ် အရကျူးလွန်ခဲ့သည်ဟု အစွတ်စွဲခံရသော်
ထိုပျက်ကွက်မှုကြောင့် ပစ္စည်းများကိုပြန်လည်စွန်လွှတ်ပြီး
ဘိက္ခူနီသံဃာက သိမ်းဆည်းစေ၍ မိမိက ဒါဏ်ခံပါသည်။

ဂရုဓမ္မနံပါတ် (၂) အရ ဘိက္ခူနီတစ်ပါးသည်
“ဝါတွင်းသုံးလအတွင်း ဘိက္ခူနှင့်ကင်းဝေးစွာ မနေရ”  ဟုသတ်မှတ်ထားပါသည်၊ ဤသက်မှတ်ချက်သည် ပါစိတ်နံပါတ်(၅၆) ဘိက္ခူနီဝိဘင်း (ဝိ-၄-၃၁၃) နှင့် အညီ (ထပ်တူထပ်မျှဖြစ်)  သည်ကို တွေ့နိုင်ပါသည်။

ဂရုဓမ္မနံပါတ် (၃) အရ
ဘိက္ခူနီတစ်ပါးသည် နှစ်ပါတ်တစ်ကြိမ် ဥပေါသထနေ့တွင်
ဘိက္ခူသံဃာထံ အကြောင်ကြား၍  သြဝါဒခံယူရပါသည်၊
ဤဂရုဓမ္မနှင့် ကိုက်ညီသော ပါစိတ်နံပါတ် (၅၉)ကို
ဝိဘင်း (ဝိ-၄-၃၁၅)တွင်တွေ့နိုင်ပါသည်။

ဂရုဓမ္မနံပါတ်  (၄)  အရ
ဘိက္ခူနီတစ်ပါးသည် ဝါတွင်း (၃)လကုန်ဆုံးပြီးပါလျှင်
ထိုပြီးခဲ့သောကာလအတွင်း၌ မိမိ၏ချို့ယွင်းချက်းများရှိ-မရှိကို
နှစ်ဖက်သံဃာတော် (ဘိက္ခူ-ဘိက္ခူနီ)တို့၏ မျက်မှောက်တွင်
မိမိအား ညွှန်ပြဆုံးမပါရန် ဖိတ်ခေါ်ရပါသည် (ပါဠိ-ပဝရဏာ)၊
ထိုဂရုဓမ္မသည် ပါစိတ်နံပါတ်  (၅၇) ဘိက္ခူနီဝိဘင်း (ဝိ-၄-၃၁၄-) နှင့် တူညီပါသည်။

ဂရုဓမ္မနံပါတ် (၇)  အရ
ဘိက္ခူနီတစ်ပါးသည် ဘိက္ခူတစ်ပါးကို ကဲရဲ့ပြစ်တင်ခြင်း၊
နှိပ်စက်ညှင်းပန်းခြင်းမပြုရ၊
ထိုဂရုဓမ္မသည် နံပါတ် (၅၂) ဘိက္ခူနီဝိဘင်း  (ဝိ-၄-၃၀၉) နှင့် တူညီပါသည်။

အထက်ပါတင်ပြခဲ့သောအချက်များအရ
ထိုဂရုဓမ္မတို့သည် ပါစိတ်အမျိုအစား (ပေါ့သောအတန်းအစား)၌သာ ပါဝင်၍
သံဃာဒိသေသေ (ကြီးလေးသောအတန်းအစား)  ၌ မပါဝင်ခြင်းကို
သေချာစွာ စစ်ကြောသိရှိနိုင်ပါသည်။

မှတ်သားလောက်သောအချက်တစ်ခုမှာ
ဂရုဓမ္မ(၈)မျိုးလုံး၏ လက္ခဏာတွင်
တစ်စုံတစ်ယောက်ကျူးလွန်မိခဲ့သော်
သံဃာဒိသေသကဲ့သို့သော အပြစ်ဒဏ်ပေးနိုင်သော စည်းမျဉ်းသတ်မှတ်ချက် ချမထားပါ။

မုချဆိုရပါလျှင်   ဂရုဓမ္မ  (၈)ခုတို့သည်
ဝိနယတွင် ပြဌာန်းထားသော စည်းမျဉ်းသတ်မှတ်ချက်များနှင့်မတူ၊
ကွဲပြား ခြားနားချက်များရှိနေပါသည်၊
ဝိနယတွင် ပြဌာန်းထားသည့် စည်းမျဉ်းတို့မှာ
တစ်စုံတစ်ယောက် ပြစ်မှုကျူလွန်ခဲ့သည်အပေါ် မူတည်၍
နောက်ထပ်မဖြစ်လေရအောင် စည်မျဉ်းသတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်၊

ဂရုဓမ္မတို့သည်ကား
ကြိုတင်သတိပေးထားချက်များသာ ဖြစ်ပါသည်၊
ထို့အပြင် ဂရုဓမ္မတို့သည်
ဘိက္ခူနီအဖြစ်မခံယူမှီက ဤကဲ့သို့သော အချက်များကို
အလေးပြုရမည်ဟု ကြိုတင်ညွှန်ကြားချက်သာဖြစ်ပါသည်၊  

စူဠဝဂ္ဂအရ မဟာပဇာပတိသည်
ဤဂရုဓမ္မ (၈)ခုကို ဦးထိပ်တင်လိုက်နာပြီးမှ ဘိက္ခူနီအဖြစ်သို့ရောက်ပြီဟု
ဘုရားရှင်က မိန့်ဆိုခဲ့ပါသည်၊
ထို့ကြောင့် ဂရုဓမ္မ  (၈) ခုတို့သည်
ဝိနယစည်းမျဉ်းနှင့် မတူညီကွဲပြားမှုရှိနေသည်ကို
ရှင်းလင်းစွာ သိမြင်နိုင်ပါသည်။

ပါစိတ်စည်းမျဉ်းတို့ကို စီစစ်ကြည့်သည်အခါ
အချို့ဂရုဓမ္မတို့နှင့် ဆီလျှော်တူညီနေသည်ကို ထင်ရှားစွာသိမြင်နိုင်ပါသည်၊
ဘိက္ခူနီဝိဘင်းတွင် တင်ပြထားသည်မှာ
ဘုရားရှင်သည် ဘိက္ခူနီတို့နှင့် ပါတ်သက်သောဖြစ်ပွားမှုများကို
ပါစိတ်စည်းမျဉ်းတွင် ညွှန်ကြားပြဌာန်းထားပါသည်၊
ဝိနယရှုထောင့်မှကြည့်ပါလျှင် ဤအခြင်းအရာတို့သည်
ဘိက္ခူနီသံဃာပေါ်ပြီးနောက်ပိုင်းမှ
ဘိက္ခူနီတို့နှင့်ဆိုင်သော ပါစိတ်တို့ပေါ်ရောက်လာခြင်းဖြစ်ပါသည်။

အထက်တွင်ဖေါ်ပြခဲ့သော
ပါစိတ်စည်းမျဉ်း  (၅၂), (၅၆), (၅၇), (၅၉), တို့၏ သဘောလက္ခဏာတို့မှာ ဝိနယစည်းမျဉ်းပုံသေများဖြစ်ပါသည်၊ 
ထိုပုံသေစည်းမျဉ်းအရ
ပထမဆုံးကျူးလွန်သူ (ပါဠိ-အာဒိကမ္မိက) သည် အပြစ်မရှိ (ပါဠိ- အနာပတ္တိ)၊
အဓိပ္ပါယ်မှာ ထိုပါစိတ်များကို
ပထမဆုံးကျူးလွန်သူ  (ဂရုဓမ္မ-၂-၃-၄-၇ နှင့် တူညီ) ကို ပြစ်မှုမသင့်ရောက်ပါ၊
ပါစိတ်စည်းမျဉ်းချပြီး နောက်ပိုင်း၌ ကျူးလွန်သူသည်သာလျှင် ပြစ်မှုသင့်ရောက်ပါသည်။

ဤအကြောင်းအရာတို့ကိုစုခြုံ၍ ဝိနယရှုထောင့်မှ ကြည့်ပါလျှင်
ဂရုဓမ္မတို့သည် စည်းမျဉ်းသက်မှတ်ချက်များဟု မယူဆနိုင်ပါ၊
စည်းမျဉ်ဟူ၍သာယူဆခဲ့ပါလျှင်
ကျူလွန်သည်နှင်အမျှ အပြစ်ဒဏ်မှ လွတ်ခွင့်မရှိပါ၊
ပါစိတ်တစ်ခုဖြစ်သည်ဟူသော စည်းမျဉ်းသက်မှတ်ချက်ချပြီးမှသာ
ကျူးလွန်မှု အာပါတ်သင့်ခြင်း  (ပါဠိ-အာပတ္တိ) ဖြစ်နိုင်ပါသည်။

အကျဉ်းချုပ်ရပါလျှင်
ဂရုဓမ္မ (၈) ခုတို့၌ ကျူးလွန်မှုသည်
အပြစ်ဒဏ်ပေးနိုင်သည်ဟု သက်မှတ်မထားဘဲ
ကြီးလေးသော လိုက်နာသင့်သည့်အချက်များဟူ၍သာ ညွှန်းထားပါသည်၊
စူဠဝဂ္ဂ   (စူဠ-၁၀-၁)တွင် ထိုဂရုဓမ္မတို့ကို
ရိုသေလေးစား- ဂရုဂါရဝ ပြုရမည့်အချက်များ- ဟူ၍ တင်ပြထားပါသည်၊ 
(ပါဠိ- သက္ကတွာ ဂရုကတွာ မာနေတွာ ပူဇေတွာ)
အတိုချုပ်မှာ ဂရုဓမ္မ  သည် ကြီးလေးစွာရိုသေရမည့်အချက်များ - ဟူလို။

ဤဂရုဓမ္မများ၏ အခြေခံ (အရင်းမူလ) သဘောတရားများကို
စာရှုသူတို့ အသေးစိတ်နှလုံးသွင်းပြီ သကာလ-
ဂရုဓမ္မ နံပါတ် (၆) သို့ ပြန်လည်လှည့်ကြည့်ကြပါစို့၊

ဂရုဓမ္မ  (၆)တွင်ဘိက္ခူနီဖြစ်လိုသောအမျိုးသမီးတစ်ဦးသည်
သိက္ခာမာန်အဖြစ် (၂) နှစ်တိတိသီလစောင့်ထိန်းပြီးသောအခါ
နှစ်ဖက်သောသံဃာ (ဘိက္ခူ-ဘိက္ခူနီ)တို့မျက်မှောက်၌
အဆင့်မြင့်သော ဘိက္ခူနီအဖြစ်သို့
သူမအားချီးမြှောက်ပေးပါရန် လျှောက်ထားတောင်ပန်ရမည် (ဝိ-၂-၂၅၅)၊
အောက်ပါလေးစားရမည့် အချက်ကို ပြတ်သားစွာ သတ်မှတ်ခဲ့ပါသည်။

“အဆင့်မြင့်ဘိက္ခူနီမဖြစ်မှီ အစမ်းသဘောဖြင့် (၆) ပါးသောသိက္ခာပုဒ်ကို
(၂) နှစ်တိတိမပျက်မကွက်စောင့်ထိန်းခဲ့သော သိက္ခမာန်သည်
ဘိက္ခူ-ဘိက္ခူနီ) တို့မျက်မှောက်တွင်
ဘိက္ခူနီဖြစ်ခွင့် လျှောက်ထားတောင်းပန်ရမည်
(ပါဠိ- ဒွေ ဝဿာနိ ဆသု ဓမ္မေသု သိက္ခိတသိက္ခာယ သိက္ခာယမာနာယ
ဥဘတောသံဃေ ဥပသမ္ပဒါ ပရိယေသိတဗ္ဗာ)”

ဤသိက္ခမာန်အဖြစ် စောင့်ထိန်းရန်လိုအပ်သည် ဟူသော အချက်ကို
ပါစိတ်နံပါတ်  (၆၃) ဘိက္ခူနီဝိဘင်း  (ဝိ-၄-၃၁၉) တွင် ပါဝင်ထည့်သွင်းထားပါသည်၊
သို့သော် ဘိက္ခူနီဝိဘင်းမှလွဲ၍ ဝိနယရှိအခြားဆီလျှော်သော နေရာများတွင်
နှစ်ဖက်သော သံဃာ (ဘိက္ခူ-ဘိက္ခူနီ) တို့ရှိရန်လိုအပ်သည်ဟု ရေးထားမှုကိုမတွေ့ရပါ။