Monday, October 28, 2013

ကပုန်းကျောင်း ကထိန်ပွဲ

ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ခင်ဗျား...
ကျွန်တော်များကပုန်းဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးတော်မူသည့်
ဆရာတော်ဒေါက်တာအရှင်ဣန္ဒက
ပင့်သံဃာတော်အရှင်သူမြတ်တို့အား
ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို လှူဒါန်းမည့်
စုပေါင်းမဟာဘုံကထိန်ပွဲတော်ကြီး ကို
အောက်ဖော်ပြပါအစီအစဉ်အတိုင်း စည်ကားသိုက်မြိုက်စွာ
ကျင်းပမည်ဖြစ်ပါသောကြောင့်
စေတနာကြည်လင် ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့်
လာရောက်ကြည်ညိုသဒ္ဓါပွါးများနိုင်ရန်အတွက်
လေးစားစွာဖိတ်ကြားအပ်ပါသည်။

********************

အစီအစဉ်
နေ့ရက်
၁၃၇၅ - ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက်၊ တနင်္ဂနွေနေ့
10/ 11/ 2013 Sunday

အချိန်
နံနက် (၇း၀၀) နာရီ အရုဏ်ဆွမ်းဆက်ကပ်
(၈း၀၀) နာရီ ပဒေသာပင်လှည့်
(၉း၀၀) နာရီ တရားဟော (Mandarin)
(၁၀း၃၀) နာရီ ပရိသတ်ဧည့်ခံ
(၁၁း၃၀) နာရီ နေ့ဆွမ်းဆက်ကပ်
မွန်းလွဲ(၁း၀၀) တရားဟော (မြန်မာ)

နေရာ
ကပုန်းကျောင်း
19, Jalan 38, Desa Jaya,
Kepong 52100

ခမ်းမြင့်မိသားစုစားသောက်ဆိုင်မှ
ဆွမ်းထမင်းတို့ဖြင့် ကျွေးမွေးဧည့်ခံလှူဒါန်းပါမည်။