Monday, April 23, 2012

ဖတ်စရာ မှတ်စရာ (၂၆)


မိန်းမ မာယာ (၄၀)
၁။ ၀ိဇမ္ဘတ၀ - ကိုယ်လက်ကို ဆန့်တန်း၏ ။
၂။ ၀ိလာသတိ - တင့်တယ် စမ္ပာယ်၏ ။
၃။ ၀ိနမတိ - ညွတ်၏ ၊ ငုံ့၏ ၊ကုန်း၏ ။
၎။ ၀ိလဇ္ဇတိ - ရှက်နိုးဟန်ပြု၏ ။
၅။ နခေန - လက်သည်းခြေသည်းဖြင့် လက်သည်း ခြေသည်းကိုထိခိုက်ချုပ်ချယ်၏ ။
၆။ ပါဒေန - ခြေတဖက်ဖြင့် ခြေတဖက်ကို နင်း၏ ။
၇။ ကဌေန - သစ်သားတုတ်ဖြင့် မြေကိုရေးခြစ်၏ ။
၈။ ဒါရကံ - သူငယ်ကို မြှောက်ပင့်၏ ။
၉။ ဥလ္လင်္ဃာပေတိ - မြှောက်ပင့်စေ၏ ။
၁၀။ ဥက္ခိပတိ - ချီ၏ ။
၁၁။ ကီဠတိ - ကစား၏ ။
၁၂။ ကီဠာပေတိ - ကစားစေ၏ ။
၁၃။ စုမ္ဗတိ - နမ်းရှုပ်စုပ်၏ ။
၁၄။ စုမ္ဗာပေတိ - သူငယ်ကို နမ်းရှုပ်စေ၏ ။
၁၅။ ဘုဥ္နတိ - စား၏ ။
၁၆။ ဘုဥ္နာပေတိ - စားစေ၏ ။
၁၇။ ဒေါတိ - ပေး၏ ။
၁၈။ ယာစတိ - တောင်း၏ ။
၁၉။ ကတံ - သူငယ်ပြုသည်ကို အတုလိုက်၍ ပြု၏ ။
၂၀။ ဥစ္စံ ဘာသတိ - မြှင့်၍ုဆို၏ ။
၂၁။ နိစံ ဘာသတိ - နိမ့်ချ၍ ဆို၏ ။
၂၂။ အ၀ိဝိစ္စံ ဘာသတိ - ထင်ရှားသိသာစွာ ဆို၏ ။
၂၃။ ၀ိဝိစ္စံ ဘာသတိ - မသိမသာဖုံးကွယ်ကာဆို၏ ။
၂၄။ နစ္စေန ဂီတေ၀ါဒိတေန - ကခြင်း ၊ သီဆိုခြင်း ၊ တီးမှုတ်ခြင်း ၊ ငိုကြွေးခြင်း ၊ တင့်တယ်စမ္ပယ်ခြင်း ၊ တန်ဆာ ဆင်ခြင်းဖြင့် တခစ်ခစ်ရယ်၏ ။
၂၅ ။ ပေက္ခ - တစေ့စောင်း ကြည့်ရှု့၏ ။
၂၆။ ကဋိံ -  ခါးကိုလှုပ်၏ ။
၂၇။ ဂုယှဘဏ္ဍကံ - လျှို့ဝှက်အပ်သော အင်္ဂါကြီးငယ်ကို ပြ၏ ။
၂၈။ ဦရုံ - ပေါင်လှစ်၏ ။
၂၉။ ဦရုံ - ပေါင်ကိုပိတ်၏ ၊ ပြ၏ ။
၃၀။ ထနံ - သားမြတ်ကို ပြ၏ ။
၃၁။ ကစံ္ဆ - လက်ကတီးကြားကို ပြ၏ ။
၃၂။ နာဘိံ - ချက်ကို ပြ၏ ။
၃၃။ အက္ခိံ - မျက်စိကို မှိတ်၏ ။
၃၄။ ဘမုကံ - မျက်မှောင်ကို ချီပင့်၏ ။
၃၅။ သြဌံ - နှုတ်ခမ်းကို ကိုက်၏ ၊ စူ၏ ၊ ရက်၏ ၊ ပြင်၏ ။
၃၆။ ဇိဝှံ - လျှာကို မွှေနှောက်၏ ။
၃၇။ ဒုဿံ - အ၀တ်ထမီကို ကျွတ်စေ၏ ၊ ဖြေ၏ ။
၃၈။ ဒုဿံ - အ၀တ်ထမီကို ခိုင်အောင်ဖွဲ့၏ ၊ တင်းတင်း ၀တ်ခြင်းကိုဆို၏ ။
၃၉။ သိရသံ - ဆံထုံးကို ဖြေ၏ ။
၄၀။ သိရသံ - ဆံထုံးကို ဖွဲ့၏ ၊ ခိုင်ခိုင်ပြင်ထုံး၏ ။

( ဓမ္မပဒနှင့် မဟာကုနာလဇာတ်မှ) ဆရာတော် ဦးသုဝိစိတ္တ ရေးသားပူဇော်သော ဗဟုသုတ ပဒေသာ အ မှတ်(၂) မှ ကောက်နှုတ်တင်ပြပါသည်။
@mmcybermedia
ပုံ။ http://shin-htate-htar.blogspot.com/2011_05_01_archive.html