Thursday, April 19, 2012

ဖတ်စရာ မှတ်စရာ (၂၅)

နှစ်ဆန်းတစ်ရက်နေ့ တရားပွဲ

“နဘိက္ခဝေ အာယတကေန ဂီတဿရေန ဓမ္မော ဂါယိတဗ္ဗော၊ ယော ဂါယေယျ၊ အာပတ္တိ ဒုက္ကဿ”
“သဘင်သည်များလို ရှည်လျားတဲ့ ဂီတသံ နဲ့ တရားမဟောရ၊ ဟောလျှင် ဒုက္ကအာပတ် သင့်စေ” တဲ့။
ထို့ပြင် အသံရှည်ဆွဲပြီး ဟောတဲ့ အတွက် ရနိုင်တဲ့ အပြစ်(၅)ချက်ကိုလည်း ဆက်လက်၍ မိန့်ဆိုတော် မူလျက် ရှိပါသေးသည်။

“ပဉ္စိမေ ဘိက္ခဝေ အာဒီန၀ါ အယတကေန ဂီတဿရေန ဓမ္မံ ဂါယန္တဿ၊ အတ္တနာပိ တသ္မိံသရေ သာရဇ္ဇတိ၊ ပရေပိ တသ္မိံသရေ သာရဇ္ဇန္တိ၊ ဂဟပတိကာပိ ဥဇ္ဇုာယန္တိ၊ သရကုတ္တိမ္ပိ နိကာမယမာနဿ သမာမိဿ ဘင်္ဂေါ ဟောတိ၊ ပစ္ဆိမာ ဇနတာ ဒိဌါနုဂတိံ အာပဇ္ဇတိ ”

အဓိပ္ပာယ်ကတော့
၁။ ကိုယ့်အသံ ကိုယ်ပြန်၍ နှစ်သက်စွဲမက်နေမိ တတ်ခြင်း၊
၂။ သူတစ်ပါးတို့က ကိုယ့်အသံပေါ် လာ၍ နှစ်သက်စွဲမက်နေတတ်ကြခြင်း၊
၃။ လူတွေရဲ့ ကဲ့ရဲ့မှုကို ခံရတတ်ခြင်း၊
၎။ အသံလုပ်နေရတဲ့ အတွက် ကိုယ့်သမာဓိ ပျက်ပြားရခြင်း၊
၅။ နောင်လာနောက်သားတွေကိုယ်လုပ်သမျှကို အတုလိုက်နေတတ်ခြင်း၊
ဤသို့ အပြစ်(၅)မျိုး ရှိသည်ဟု ဟောတော်မူထားသည်။
စူဠ၀ါပါဠိ၊ ၂၄၃
(မိုးကုတ်ဆရာတော် ဘုရားကြီး၏ တစ်ဘ၀သာသနာ၊ အရှင်ဃောသိတ) စာအုပ်မှ
ကောက်နှုတ်ဖော်ပြပါသည်။