Wednesday, April 11, 2012

ဖတ်စရာ မှတ်စရာ (၂၃)


အရှေ့တိုင်းသားတို့၏ ဒဿနပညာကို သင်ကြားရသောအခါ
အနောက်တိုင်း ဒဿနှင့် လုံးဝမတူသော သဘောကို တွေ့ရလေသည်။

‘အိန္ဒိယတိုင်းသားအတွေးအခေါ်တွေဟာ ဟိန္ဒူအတွေးခေါ်ပဲ ဖြစ်ဖြစ်၊
ဟိန္ဒူမဟုတ်တဲ့အတွေးအခေါ်ပဲ ဖြစ်ဖြစ်၊ 
ဘုရားသခင်ဖန်ဆင်းရှင် ဣဿရိယ နိမ္မာန၀ါဒပဲဖြစ်ဖြစ်၊
ဘုရားသခင် ဂေါ့ဒ်ကို လက်မခံတဲ့ အနိဿရိယ နိမ္မာန၀ါဒပဲဖြစ်ဖြစ်
အားလုံးဟာ လူသားအတွက် ပတ်ဝန်းကျင် သဘာဝလောကကို
ဘယ်လို အသုံးချရမလဲ၊ သဘာဝလောကကို အသုံးချတတ်တဲ့ အသိပညာနှင့်
လောကီအာရုံ ကာမဂုဏ်ချမ်းသာတွေကို ရရှိအောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့
အသုံးချလိုတဲ့ သဘော သက်သက်မျိုး မရှိဘူး။

အနောက်တိုင်း ဒဿနက 
ဗဟိဒ္ဓလောက (external world) ကိုသာ စူးစမ်းဖို့ ကြိုးစားတယ်။
ဆရာတို့အရှေ့တိုင်းသား အတွေးအခေါ်ပညာရှင်တွေကတော့
အပြင်လောကကိုထက် အဇ္ဈတ္တဖြစ်တဲံ အတွင်းလောက (internal world) ကိုသာ
ပို အရေးထားပြီး စူးစမ်းခဲ့ကြတယ်။

အရှေ့နှင့် အနောက်ဟာ သဘာဝအားဖြင့်  ဆန့်ကျင်ဘက်ဖြစ်သလို
အတွေးဒဿနအားဖြင့်လည်း ဆန့်ကျင်တယ်။
လိုရင်းသဘောမှာ အနောက်တိုင်းသားများက 
လောကီစည်းစိမ် လောကီချမ်းသာကို အထင်ကြီးပြီး ရှာကြတယ်။
အရှေ့တိုင်းကတော့ လောကီချမ်းသာထက် လောကုတ္တရာချမ်းသာဖြစ်တဲ့
ချမ်းသာစစ်ကိုသာ ပိုတန်ဘိုးထားပြီး ရှာကြတယ်။

နောက်တစ်နည်းပြောရရင်
အနောက်တိုင်းသားတွေက လူ့ဘ၀တိုးတက်ဖို့အတွက်
အတတ်ပညာ နည်းနာတွေကို လိုက်ရှာကြတယ်။
အရှေ့တိုင်းသားတွေကတော့ 
ဘ၀လွတ်မြောက်ရေး (ဆင်းရဲကင်းငြိမ်းရေး) အတွက်
အကျင့်စရဏ နည်းလမ်းတွေကို ရှာကြတယ်။

ဆန်းလွင်၊ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူ တစ်ယောက်အကြောင်း စာ - ၁၄၄