Sunday, April 8, 2012

မြန်မာနှစ်ကူး အထူးသင်္ကြန်


ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့ခင်ဗျာ....
ကျွန်တော်များ ကပုန်းဘုန်းတော်ကြီးကျောင်းတွင် 
နှစ်စဉ်ကျင်းပမြဲဖြစ်သော 
မြန်မာနှစ်ကူးအတာရေသဘင်ပွဲတော်
ဒုလ္လဘရဟန်းခံပွဲ နှင့်
စတုဒိသာကျွေးမွေးပွဲများကို
တစ်ဖက်ပါအစီအစဉ်အတိုင်း 
ဆင်ယင်ကျင်းပမည်ဖြစ်ပါသောကြောင့်
စေတနာရှင် မြန်မာဗုဒ္ဓဘာသာသူတော်စင်များ
လာရောက်ကြည်ညိုသဒ္ဓါပွါးများနိုင်ရန်
လေးစားစွာဖိတ်ကြားအပ်ပါသည်။

]]]]]
နေရာ
ကပုန်းကျောင်း
No. 19, Jalan 38
Desa Jaya, Kepong 52100, KL
ဖုန်း - ၀၁၇ ၂၄၂၂၃၃၆

အစီအစဉ်
၁၂၊ ၄၊ ၂၀၁၂ (ကြာသပတေးနေ့)  ညနေ ငါးနာရီ
ဒုလ္လဘရဟန်းလောင်းဆံချပွဲ
၁၃၊ ၄၊ ၂၀၁၂ (သောကြာ) 
နံနက် ၁၀ နာရီ ဒုလ္လဘရဟန်းသိမ်ဆင်း
နံနက် ၁၀း၃၀ နာရီ ပရိသတ်များဆွမ်းထမင်းဖြင့်ဧည့်ခံ
နံနက် ၁၁း၃၀ နာရီ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်
မွန်းလွဲ ၁ နာရီ ရေစက်ချ၊ အမျှဝေ

အလှူရှင်များ
၁၃၊ ၄၊ ၂၀၁၂ (သောကြာ) နေ့
အရုဏ်ဆွမ်း ကိုသန်းထွန်းအောင်၊ မခင်စန်းရိနှင့် သူငယ်ချင်းများ
နေ့ဆွမ်း မလေးရှားရောက် တပ်ကုန်းသားများ
၁၄၊ ၄၊ ၂၀၁၂ (စနေ) နေ့ 
အရုဏ်ဆွမ်း ကိုဟန်ဇော်ဌေး၊ မအိအိရှိန်
နေ့ဆွမ်း ကိုကျော်စွာငြိမ်း၊ မလေးလေးမြင့်
၁၅၊ ၄၊ ၂၀၁၂ (တနင်္ဂနွေ) နေ့
ကိုအောင်မော်၊ မစိုးဝင်း
ကိုမောင်မောင်ကြီး၊ မနုနုဝင်း
၁၆၊ ၄၊ ၂၀၁၂ (တနင်္လာ) နေ့
အရုဏ်ဆွမ်း        မဌေး (Selayang)
နေ့ဆွမ်း - ဦးစိုး၊ ဒေါ်အေး (Subang)
၁၇၊ ၄၊ ၂၀၁၂ (အင်္ဂါ) တစ်နေ့တာအလှူရှင်
Selayang ဗုဒ္ဓဘာသာလူငယ်များ 
ကြွရောက်လာကြကုန်သောဧည့်ပရိသတ်အပေါင်းတို့အား
မုန့်ဟင်းခါး၊ မုန့်လုံးရေပေါ်၊ ကြာဇံဟင်းခါး၊ ဆွမ်းထမင်းတို့ဖြင့်
တည်ခင်းဧည့်ခံကျွေးမွေါးမည်။

ကျွန်တော်များ ကပုန်းကျောင်းလူငယ်အဖွဲ့မှ ဦးစီးကျင်းပတဲ့
ယခုနှစ် မြန်မာနှစ်ကူး အထူးအစီအစဉ်
အတာသင်္ကြန် မဟာရေသဘင်ပွဲတော်
သင်္ကြန်ရေ ပက်ဖျန်းခြင်းများ၊ ၀ါသနာရှင်များ၏ တစ်ကိုယ်တော်သီဆိုမှု အစီအစဉ်များ၊ 
(လူကြီး၊ လူငယ်) ယိမ်းအဖွဲ့များ။ ဒိုးအဖွဲ့၏ ဖျော်ဖြေဧည့်ခံမှုများ၊
မယ်ဒလင်သမားများ၏ တီးခတ်မှုနှင့် တွဲဖက်သီဆိုမှုများ၊
စတုဒိသာအကျွေးအမွေးများ စသည် စသည်တို့ကို 
မြူးမြူးကြွကြွ စည်စည်ကားကား ပျော်ပျော်ရွှင်ရွှင်ဖြစ်စေဖို့
ကျွန်တော်များ စီစဉ်ထားပါသည်။
ကျင်းပမည့်နေ့ရက်။ ။ ၁၅၊ ၄၊ ၂၀၁၂ (တနင်္ဂနွေနေ့)
ကျင်းပမည့်အချိန်။ ။ နံနက် ၁၀ နာရီမှာ ညနေ ၆ နာရီအထိ
မနက် (၇) နာရီမှ စ၍ ကပုန်းဘုန်းတော်ကြီးကျောင်းတွင် 
စတုဒိသာအကျွေးအမွေးစတင်ပါမည်။
စတုဒိသာကျွေးမွေးလိုသူများ ၀၁၇ ၂၄၂၂၃၃၆ သို့
ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။
ကိုဝင်းရွှေနှင့် သူငယ်ချင်းများ သင်္ကြန်ထမင်း
Hytex မိသားစု ရွှေရင်အေး
ကိုအောင်ဆန်း (Subang) စမူဆာ
Damasara သူငယ်ချင်းများ မုံ့လုံးရေပေါ်
ကိုမွန်ကြီး+မစိုးဝင်း၊ ကိုမောင်မောင်ကြီး+မနုနုဝင်း ရခိုင်မုန့်တီ
HONG KEE DIM SUM AMANPURI သောက်ရေသန့်
ကျင်းပမည့်နေရာ
ကပုန်းဘုန်းကြီးကျောင်းအနီးရှိ တရုတ်စာသင်ကျောင်းအတွင်း
ကိုသီဟ - ၀၁၂၂၉၇၀၆၅၅ ။ ကိုအောင်မော် - ၀၁၈၂၂၉၉၁၇၃ ။ ကိုဇော်မင်းအောင် - ၀၁၂၂၃၁၄၄၄၇