Tuesday, April 3, 2012

ဖတ်စရာ မှတ်စရာ (၁၈)


စွန့်သင့်သောအခါ အရာရာကို စွန့်လွှတ်ဖို့ ၀န်မလေးသူအား
အခက်အခဲဟူသည် ယာယီသာ ဖြစ်ပေလိမ့်မည်။
ကံယုံ၍ ဆူးပုံကို မနင်းသာဆိုသော်လည်း
မလွှဲသာ၍ နင်းမှဖြစ်မည့် အခြေအနေသို့ရောက်ပြီ ဖြစ်လျှင်ကား
ဆူးပုံကို နင်းခြင်း၌ သတ္တိ မနည်းသင့်။

ဘ၀မှာ ဘေးကျပ် နံကျပ် အခြေအနေတွေ များစွာ ရှိလေသည်။
နောက်မှာ ကျားရှိသည်။
ရှေ့မှာ ရေစီးသန်သော ချောင်းရှိသည်။
အလယ်မှာ ဆူးချုံရှိသည်။
ထိုအခါမျိုး၌ ဆူးချုံကို မတိုးဘဲ ကျားကိုက်ခံသော သူကို
လောကက ချီးမွမ်းပါမည်လား။

စွန့်လွှတ်ခြင်းသည် ဘ၀ကို အချည်းနှီးဖြစ်အောင် ပြုခြင်းမဟုတ်ဟု
သဘောပေါက်နားလည်နိုင်လျှင် ယာယီအနစ်နာခံခြင်း၌
ဝန်လေးစရာ ဘာလိုသနည်း။
…………
ရှေ့ဆက်ရမည်းခရီးတွင် အကျွန်ုပ်သည် တစုံတခုကို စွန့်လွှတ်မှ ဖြစ်ပေတော့မည်။
အတက်လမ်းကို သွားလိုသူသည်
အဆင်းလမ်းကို စွန့်ပစ်ရမည်မှာ ဓမ္မတာဖြစ်၏။
ကြီးပွါးချမ်းသာခြင်းကို အလိုရှိသူသည်
ချွေတာခြိုးခြံသောလမ်းကို ရွေးရမည်ဖြစ်သောအခါ
အသုံးအဖြုန်းကို စွန့်ရမည်ဖြစ်၏။
အကြင်မိန်းကလေးသည်
လင်ယောက်ကျားကို အားကိုးရန် အလိုရှိသောအခါ
မိဘိမ်ကို စွန့်ရမည်ဖြစ်၏။
သားသမီးကို အလိုရှိသောအခါ ထိုမိန်းမသည်
မိမိ၏အပျိုဘ၀ကို စွန့်ရမည်ဖြစ်၏။

ဆန်းလွင် ၊ ရတနာသုံးပါး…. စာအုပ်မှ။