(ခရစ်ယာန်ဘာသာအယူအဆတွေနဲ့ အစ္စလာမ်ဘာသာ)
အယူအဆတွေတူတယ်ဆိုတာထက် သမိုင်းအခြေခံတူတယ်လို့ဆိုရင်
ပိုပြီး မှန်မလားပဲ။ အမှန်တော့ ဒါဟာ သဘာဝကျပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဘာသာအယူဝါဒနှစ်ခုစလုံးက သဲကန္တာရမှာ
မွေးဖွားထွန်းကားခဲ့တဲ့ ဘာသာတရားတွေကလည်းဖြစ်ပြန်၊
ပြီးတော့ အာရပ်၊ အစ္စရေး ပတ်ဝန်းကျင်ဒေသမှာ ပေါ်ပေါက်ခဲတာလည်းဖြစ်ပြန်ဆိုတော့
ဒါ မဆန်းပါဘူး။ ………
အဓိကကျတဲ့ အချက်က စပြီး တစ်ချက်ချင်းပြောရရင်တော့
ပထမဆုံးပြောရမှာက
လောကကို ဖန်ဆင်းတော်မူတဲ့ ထာဝရဘုရားသခင်ကို
အစ္စလာမ်မှာ အလ္လာဟ်လို့ခေါ်ပါတယ်။ ခရစ်ယာန်မှာ ယေဟောဝါ လို့ခေါ်တယ်။
ကျမ်းဂန်မှာလာတဲ့ ထာဝရဘုရားသခင်ရဲ့ ဂုဏ်တော်တွေကို ပြဆိုချက်တွေ
အားလုံးဟာ တစ်ထပ်တည်း တူကြပါတယ်။
အားလုံးဟာ တစ်ထပ်တည်း တူကြပါတယ်။
ဘုန်းတော် အနန္တ၊ ကံတော် အနန္တ၊ ဥာဏ်တော် အနန္တ၊
အကြွင်းမရှိ အဆုံးမရှိ ပကတိအားဖြင့်
အမှီအခို မရှိ၊ သူ့အပြင် ဖန်ဆင်းသူ မရှိ၊
သူသာလျှင် အရာခမ်းသိမ်းတို့၏ အကြောင်းတရားပြုပြင် ဖန်တီးသူ၊
သူ့ကို ဘယ်သူကမှ မဖန်တီးနိုင်ဘူး၊
သူ့ကို ဘယ်သူကမှ မဖန်တီးနိုင်ဘူး၊
မေတ္တာတော်ရှင် ကရုဏာတော်ရှင်စတဲ့ ဂုဏ်ပုဒ်တွေအားလုံးဟာ
အလ္လာဟ်နှင့် ယေဟောဝါ ထပ်တူထပ်မျှပါပဲ။
ပြီးတော့ ဖန်ဆင်းခြင်းဆိုတဲ့သဘောမှာ တူပါတယ်။
လူ့သမိုင်းဟာ ပထမဖန်ဆင်းတော်မူခဲ့တဲ့ လူသားတို့ရဲ့
ဖခင်ကြီး အာဒမ်နှင့် ဟောင်ဝါ (ဧ၀) က စခဲ့တယ်ဆိုတာတွေ၊
ပြီးတော့ အာဒမ်နှင့် ဟောင်ဝါကို
ဂျန္နတ် အမတသုခဘုံ (အေဒင်ဥယျာဉ်တော်) ကြီးထဲမှာ ထားခဲ့ပုံ၊
မသေသော အသက်ကို ပေးခဲ့ပုံ၊
အာဒမ်ကို မြေကြီးနှင့်ဖန်ဆင်းပြီး ဧ၀ (ဟောင်ဝါ) ကိုတော့
အာဒမ်ရဲ့ ကိုယ်ပွါးအဖြစ် ဖန်ဆင်းတော်မူခဲ့ပုံ၊
သူတို့နှစ်ဦးကို အမတသုခံဘုံမှာ လိုတာ အကုန်ရအောင် ပေးထားပုံ၊
သို့သော် တစ်ခုသောအပင်၏ အသီးကို မစားရဘူးလို့ တားဆီးထားပုံ၊
(အကုန်တူပါတယ်)
ဒီအကြောင်းတွေကို ကုရ်အာန်ကျမ်းတော်ထဲက
စူရာဘာကရာ အပိုဒ် (၂း၃၅၊ ၂း၃၆၊ ၂း၃၇၊ ၂း၃၈) တွေမှာ အတိအလင်းရေးထားပါတယ်။
အာဒမ် ဧ၀ နှင့်ပတ်သက်သမျှ အားလုံးတူပါတယ်..၊
သစ်သီးကို မစားရဘူးလို့ ဘုရားသခင်က တားထားတာကို စေတန်ပေါ့လေ၊
ကုရ်အာန်မှာတော့ အာရဗီအသံထက်က ရှိုက်တန်လို့ ထွက်ပါတယ်။
သူက မြွေယောင်ဖန်ဆင်းပြီး သစ်သီးကို စားဖို့ တိုက်တွန်းတယ်၊
အာဒမ်နှင့် ဧ၀ က မာရ်နတ်စေတန်ရဲ့ စကားကို အမှန်ထင်ပြီး စားမိတယ်၊
ဘုရားသခင်က အာဒမ်နှင့် ဧ၀ကို အပြစ်ပေးပြီး
အမတသုခဘုံဖြစ်တဲ့ ဧဒင်ဥယျာဉ်ကြီးထဲက နှင်ထုတ်တယ်၊
ပြီးတော့ သေဒဏ်ကိုလည်း ချမှတ်ခဲ့တယ်။
.. နောက်ပိုင်း နောဧတို့၊ အာဗြာဟံတို့ အကြောင်းအရာတွေလည်း တူပါတယ်။
စူရာဘာကရာ အပိုဒ် ၂း၉၇ မှာ ရေးက ပို့ချပြီး ကျမ်းဂန်များမှာ ပါတာတွေကို
အဟုတ်အမှန်တွေချည်းပဲလို့ ကုရ်အာန်က ထောက်ခံကြောင်း ဖော်ပြထားပါတယ်။
ဆန်းလွင်၊ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်လာသူတစ်ယောက်အကြောင်း စာ ၄၈၊ ၄၉
No comments:
Post a Comment