Saturday, October 1, 2011

အစားရွေးက အမှုပို



အစားရွေးက အမှုပို
တရားတွေးက ကုသိုလ်

ရေးသူ - အရှင်ဆန္ဒာဓိက

သက်သတ်လွတ်အစားအစာကို
ပါးစပ်ထဲ ထည့်လိုက်ရုံနဲ့
အလိုလိုနေရင်း
ကုသိုလ်ရမသွားသလို
အသားငါးအစားအစာကို
ပါးစပ်ထဲ ထည့်လိုက်ရုံနဲ့လည်း
အလိုလိုနေရင်း
အကုသိုလ်ဖြစ်မသွားပါဘူး။

သက်သတ်လွတ်စားရင်း
လောဘ၊ ဒေါသဖြစ်စရာတွေ
တွေးနေမယ်၊
အကုသိုလ်ဖြစ်စရာစကားတွေ
ပြောနေမယ်ဆိုရင်
သက်သတ်လွတ်စားရင်း
အကုသိုလ်တိုးနေပါတယ်။

အသားငါးစားရင်း
လောဘ၊ ဒေါသငြိမ်းကြောင်း
ဘာဝနာတစ်ခုခုကို ပွားနေမယ်၊
ကုသိုလ်ဖြစ်စရာစကားတွေ
ပြောနေမယ်ဆိုရင်
အသားငါးစားရင်း
ကုသိုလ်တိုးပွားနေပါတယ်။

အတွေးကြောင့်ဖြစ်တဲ့
ကုသိုလ် အကုသိုလ်က သပ်သပ်၊
အစားကြောင့်ဖြစ်တဲ့
ကုသိုလ် အကုသိုလ်က သပ်သပ်ရယ်လို့ မရှိပါဘူး။

သက်သတ်လွတ်အစားအစာဟာ
ကုသိုလ်အစားအစာမဟုတ်သလို
အသားငါးအစားအစာဟာလည်း
အကုသိုလ်အစားအစာ မဟုတ်ပါဘူး။

(စိတ်အားဖြင့် ဓမ္မပန်းပွင့် မှ)