Monday, October 31, 2011

အတိတ်နိမိတ်


မင်္ဂလိကဒိဋ္ဌိဆိုတာ နိမိတ်ကောက်တဲ့ အယူအဆပေါ့။
‘ဇမ္ဗူဒိပ်နိမိတ်ထွန်းဆိုတဲ့အတိုင်း ဇမ္ဗူဒီပါကျွန်းမှာ
သြဘာအရိပ်နိမိတ်လက္ခဏာ ထွန်းတယ်တဲ့။

ကောင်းကျိုးဖြစ်စေ၊ ဆိုးကျိုးဖြစ်စေ ဖြစ်တော့မယ်ဆိုလျှင်
နိမိတ်လက္ခဏာများပြတတ်သတဲ့။

အဲဒီနိမိတ်လက္ခဏာနှင့်ပတ်သက်ပြီး နေမိတ္တက၀ိဇ္ဇာဆိုတဲ့
ကျမ်းတစ်ကျမ်းတောင် ခင်ကြီးဖျော်က ပြုစုခဲ့ဖူးသေတယ်။
လောကမှာရှိတဲ့ ဗေဒင်ကျမ်းတွေ၊ လက္ခဏာကျမ်းတွေ၊
အာကသသျှတ္တရစတဲ့ ကျမ်းတွေဟာ နိမိတ်ကောက်ကျမ်းတွေပဲ။

လောကမှာ လူတိုင်းလူတိုင်း နိမိတ်ကောက်တတ်ကြတယ်။
သာမန်လူတွေမဆိုထားနှင့်၊
ဘုရားရှင်တောင် ဘုရားဖြစ်ခါလုနီးနီးမှာ နိမိတ်ကောက်သေးတယ်။”

“ဘယ်လိုနိမိတ်ကောက်တာပါလဲဘုရား”

“အလောင်းတော်ဟာ ကဏ္ဍကမြင်းတော်ကို စီးပြီး မောင်ဆန်နှင့်အတူ
တောထွက်လာခဲ့ရာ အနော်မာမြစ်ကမ်းကို ရောက်ခဲ့သတဲ့။
မြစ်ကမ်းရောက်တော့ မြင်းတော်ကို ရပ်နားပြီး
ဒီမြစ်နာမည်ဘယ်လိုခေါ်သလဲလို့ မောင်ဆန်ကို မေးသတဲ့။

မောင်ဆန်က
“အနော်မာဖြစ်ခေါ်ပါတယ်ဘုရား”လို့ လျှောက်ထားတော့
ဘုရားလောင်းက သြမသဒ္ဒါဟာ ယုတ်သောအနက်ကို ဟောတယ်။
အနောမာဆိုတော့ န-သြမာ၊ မယုတ်ဘူး၊ မြင့်မြတ်တယ်ဆိုတဲ့အနက်ကိုဟောတယ်၊
ငါတောထွက်လာခြင်းဟာလည်း
မယုတ်မာဘဲ-ကောင်းမွန်မြင့်မြတ်သည်သာဖြစ်လတ္တံ့လို့
နိမိတ်ကောက်တော်မူသတဲ့ကွယ်။

ဒါ့ကြောင့် ပုထုဇဉ်မှန်သမျှ နိမိတ်ကောက်တဲ့သူတွေ များတယ်။
ယုတ်စွအဆုံး မျက်ခုံးလှုပ်တာတောင် လာဘ်ရမယ်လို့ နိမိတ်ကောက်တတ်ကြတယ်။
လက်ဖ၀ါးယားလျှင် ငွေရမယ်လို့ နိမိတ်ကောက်တတ်ကြတယ်။
အိမ်မြှောက်စုတ်ထိုးတာ၊ ငှက်မြည်တာ၊ ခွေးဟောင်တာမကျန်၊
ပုထုဇဉ်တွေဟာ နိမိတ်ကောက်တတ်ကြတယ်။

နိမိတ်ကောက်တဲ့အတိုင်း မှန်ချင်လဲ မှန်သွားတတ်တယ်။
ဒီလိုမှန်သွားလျှင် ဒီဟာကို မြင်လို့ ဒီအသံကို ကြားလို့ရယ်လို့
နိမိတ်ကြောင့် အကျိုး၊ အပြစ်ဖြစ်ပေါ်လာတယ်လို့ ယူဆသွားတတ်ကြတယ်။

အတိတ်နိမိတ်ဆိုတာ ကံရဲ့ရှေ့ပြေး၊ နေမထွက်ခင်ထင်လာတဲ့ အရုဏ်အရောင်ပဲ၊
အရုဏ်ရောင်ကို မြင်လျှင် အရုဏ်ရောင်ရဲ့နောက်မှာ နေမင်းရှိတယ်၊
မကြာခင်နေမင်းထွက်ပေါ်လာမှာပဲလို့ သိသလို၊ နိမိတ်ထင်ပြီး
အကျိုးအမြတ် ဖြစ်ပေါ်လာလျှင်လဲ ဒီအကျိုး၊ ဒီအမြတ်ဟာ
ငါပြုလုပ်ခဲ့ဖူးတဲ့ ကံကြောင့်ဆိုတာ ပြတ်ပြတ်သားသား သိထားဖို့လိုတယ်။
ဒီလိုကံကြောင့်ဆိုတာမမြင်ဘဲ ကံကို မျက်ကွယ်ပြုပြီး
ဒီအတိတ်နိမိတ်ကြောင့် ဒီလိုဖြစ်တာပဲလို့ ယုံကြည်ခဲ့လျှင်
မင်္ဂလိကဒိဋ္ဌိလို့ခေါ်တယ်။

မင်္ဂလိကဒိဋ္ဌိဆိုတာ အယူမှားမို့ မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်။
ဒီနေရာမှာ ဧကနိပါတ်ကလာတဲ့ မင်္ဂလဇာတ်ကို ပြောပြဦးမယ်။
“မိန့်တော်မူပါဘုရား”

တည်တော်ဆရာတော်၏ မင်္ဂလိကဒိဋ္ဌိစာအုပ်မှ


Saturday, October 29, 2011

Let it be alive!



Question
Imagine that now you are in a desert. In front of you there is an aquarium with a fish. You are very thirsty and hungry. The question is: If you drink the water and eat the fish you will be alive and have the energy to find a nearer village. If you do not eat and drink you will not see the sun anymore. You cannot just drink half of the water in the aquarium. And if you leave the fish in the desert, the water will evaporate and the fish will eventually die. What will you do?

Answer

As a Buddhist, I understand that my life is unimportant if I compare it with the lives of others. I will, therefore, leave the fish and the water alone out of compassion for the fish, another living being. As you know, the Bodhisatta sacrificed his life many times before he became the Buddha. I too can sacrifice my life and hope to become a Bodhisatta some day. 

We cannot say, "It is only a fish." If the fish dies because of my selfishness, my bad kamma increases. If I die and save the fish, I have developed understanding and will progress along the spiritual path. Of course, yours is an extreme example, but we can show selflessness and compassion in our daily lives in many ways. By the good merits accrued within this life, you are building protection for yourself for this life and the next.

Ref: ksridhammananda.com

Friday, October 28, 2011

လူဆိုပေမဲ့



အမေး

ဆရာတော်ဘုရား၊ ကမ္ဘာပေါ်မှာ လူဦးရေက စက္ကန့်နှင့်အမျှ တိုးပွါးလာနေပါတယ်ဘုရား။ အခြားတဖက်မှာတော့ သဘာဝသယံဇာတစွမ်းအင်တွေက အကန့်အသတ်နဲ့သာရှိနေတာပါ။ ဒီလိုမျိုးလူဦးရေအဆမတန်များပြားမှုနဲ့ သဘာဝသယံဇာတရှားပါးမှုအခြေအနေတွေကြောင့် တစ်နေ့နေ့မှာ အဆင်မပြေမှုတွေ ပေါ်ပေါက်လာနိုင်ပါတယ်ဘုရား။
ဒီကိစ္စ ဆရာတော့်အမြင်လေး အမိန့်ရှိပါအုံးဘုရား။

အဖြေ

ဗုဒ္ဓဘာသာရှုဒေါင့်ကပြောရမယ်ဆိုရင်
ဒီလူ့ဘုံတစ်ဘုံထဲမှာသာ သက်ရှိသတ္တ၀ါများတည်ရှိတာ မဟုတ်ပါဘူး။
ဘုံပေါင်း (၃၁) ဘုံရှိပြီး ဘုံ (၃၁) စလုံးမှာ သက်ရှိသတ္တ၀ါများ တည်ရှိပါတယ်။
တစ်ဘုံဘုံမှာ သက်ရှိသတ္တ၀ါတွေ တိုးပွါးများပြာလာတယ်ဆိုရင်
အခြားဘုံတွေမှာ လျော့နည်းလာမှာပါ။

ဘုံ ၃၁ မှာရှိကြတဲ့ သတ္တ၀ါအားလုံးဟာ
တစ်ဘုံတည်းမှာသာ တည်မြဲမနေပါဘူး။
အမြဲတမ်း ရွေ့လျား နေတာပါ။ ကျင်လည်နေတာပါ။
အနိစ္စသဘောကို မလွန်ဆန်နိုင်ကြပါဘူး။
အချိန်တိုင်းအချိန်တိုင်းမှာ အရာခပ်သိမ်း
ဖြစ်လိုက် ပျက်လိုက်နဲ့ ဖြစ်ပျက်နေကြတာပါ။

ဒါ့ကြောင့် လူ့ပြည်မှာ သက်ရှိသတ္တ၀ါတွေ များပြားလာပြီဆိုရင်
(လူဦးရေတိုးပွါးလာနေတယ်ဆိုရင်)
အခြားဘုံတွေမှာ သက်ရှိသတ္တ၀ါတွေ လျော့နည်းလာမှာပေါ့။
ဒီလိုနည်းနဲ့ ၃၁ ဘုံ သံသရာစက်ဝန်းထဲမှာ လည်ပတ်နှုန်းချိန်ခွင်လျှာ ညီမျှနေပါတယ်။

ဒါနဲ့ပတ်သက်ပြီး အလားတူ မေးခွန်းတစ်ခု အမေးခံရဘူးပါသေးတယ်။

ဗုဒ္ဓဘာသာစာပေမှာ
မနုဿတ္တ ဒုလ္လဘ - လူ့အဖြစ်ကို ရခဲတယ်လို့ဆိုပါတယ်။
ဒါပေမဲ့ နိုင်ငံနဲ့အ၀ှမ်း ကမ္ဘာနဲ့အ၀ှမ်းလူမွေးဖွားနှုန်းက တိုးပွါးလို့နေပါတယ်။
ဒါကို ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးအနေနဲ့ ဘယ်လိုပြောချင်ပါသလဲတဲ့။

အများပြောဟောနေတဲ့ ရခဲတဲ့တရားငါးမျိုးရှိပါတယ်။
အဲ့ထဲမှာ ပဗ္ဗဇိတဘာဝ ဒုလ္လဘ - ရဟန်းအဖြစ်ကိုလည်း ရခဲတယ်လို့ဆိုပါတယ်။
ရဟန်းအဖြစ်ကို ရခဲတယ်ဆိုတာ
ခေါင်းရိပ်ပြီး သင်္ကန်းဝတ် ရဟန်းခံခွင့်
ရဟန်းအ၀တ်ဖြစ်တဲ့ သင်္ကန်းကို ၀တ်ခွင့်ကို ဆိုလိုတာလား။

ဒီလိုတော့ မထင်ပါဘူး။
ဘာဖြစ်လို့လဲဆိုလို့ရှိရင်
သင်္ကြန်လိုအခါမျိုး၊ တရုတ်နှစ်ကူးလိုအခါမျိုးတွေမှာ
ယာယီသင်္ကန်းဝတ်တဲ့ ဒုလ္လဘရဟန်းတွေ
လွယ်လွယ်ကူကူနဲ့ ရဟန်းဝတ်ခွင့် ရနေလို့ပါပဲ။

ဒါ့ကြောင့် ရဟန်းအဖြစ်ကို ရခဲတယ်ဆိုတာ
ရဟန်းတရားကို ကျင့်နိုင်ခဲတာကို ဆိုလိုတာလို့ နားလည်မိပါတယ်။

ဟုတ်ပါတယ်။
အလှူလေးလုပ်၊ ခေါင်းလေးရိပ်၊ သင်္ကန်းလေးဝတ်၊
ပြုသင့်ပြုထိုက်တဲ့ကံဆောင်လိုက်ပြီဆိုရင် ရဟန်းဖြစ်သွားတော့တာပါပဲ။
ဒါပေမဲ့ ရဟန်းတွေလိုက်နာရမဲ့ ၀ိနည်းစည်းကမ်းအကျင့်များကို
လိုက်နာကျင့်ကြံနိုင်ဘို့ကတော့ အင်မတန်ခဲရင်းပါတယ်။

မနုဿတ္တ ဒုလ္လဘ -
လူ့အဖြစ်ကို ရခဲတယ်ဆိုတာကလည်း ဒီလိုပါပဲ။

လူ့အဖြစ်ကို ရခဲတယ်ဆိုတာ
လူ့အဆင့်အတန်းမှီမှီနေနိုင်တဲ့ လူ့အဖြစ်ကို ရခဲတာ လို့ နားလည်မိပါတယ်။

ဟုတ်ပါတယ်။
ကမ္ဘာမြေကြီးပေါ်မှာ လူဦးရေ တိုးပွါးလာတာ အမှန်ပါပဲ။
လူဖြစ် အတော်လွယ်ပါတယ်။

ဒါပေမဲ့ လူနဲ့သူနဲ့တူတဲ့ လူတွေ တိုးပွါးလာတာရော ဟုတ်ရဲ့လား။
လူတွေ လူ့အဆင့်အတန်းမှီမှီနေနိုင်ကြရဲ့လား။
ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ကြရဲ့လား။
မပူမပင် အိပ်စက်နိုင်ရဲ့လား။
ငြိမ်းငြိမ်းချမ်းချမ်း မပူမပင် နေနိုင် အိပ်စက်နိုင်တဲ့လူ
ကမ္ဘာပေါ်မှာ အတော်ရှားသွားပါပြီ။

ဒီသဘောတရားတွေကြောင့်
လူ့အဖြစ်ကို ရခဲတယ်ဆိုတာကို
လူနဲ့သူနဲ့တူတဲ့ လူ့အဖြစ်ကို ရခဲတယ်လို့ နားလည်မိပါတယ်။

Thursday, October 27, 2011

Population


Question

The world’s human population is increasing by the second. On the other hand, the resources and the capacity of this world remain limited. Some day the world will be unable to cope with the situation. What will happen then?

Answer

This is not the only plane of existence. The Buddha stated that there are thirty-one (31) planes of existence. As one plane increases in population, another reduces.

All planes are not static, but dynamic. All are subject to impermanence. At every moment each is rising or falling. When the earth fills with more people, the population has to reduce in another plane. The cycle will reach equilibrium but there will be a switch in that trend too.

Ref: www.dhammagarden.com

Wednesday, October 26, 2011

ဓာတ်ပုံများ

ပဒေသာပင်လှည့်ချိန်
ခမ်းမြင့်ပဒေသာပင်
စီတန်းလှည့်လည် 
ပဒေသာပင်လှည့်စဉ်
မြန်မာ့ရိုးရာ
လှည့်လည်စဉ်
အညာသားများပဒေသာပင်
Rawang မိသားစု
နေ့လည်စာဧည့်ခံ
Chinese Section
နေ့ဆွမ်းဆက်ကပ်
သံဃာတော်များနှင့်ဧည့်ပရိသတ်အတွက် တည်ခင်းဧည့်ခံအလှူရှင်
Burmese Section
သံဃဿ ဒေမ
သံဃာတော်များ
သာဓု သာဓု သာဓု
(၂၃၊ ၁၀၊ ၂၀၁၁) 
မလေးရှားနိုင်ငံ၊ သမ္မာသမ္ဗောဓိ (ကပုန်း) ကျောင်း
ကထိန်ပွဲ

Tuesday, October 25, 2011

စွန့်လွတ်စွန့်စား



အမေး

ဆရာတော်ဘုရား၊ ဘုရားရှင် ဘုရားမဖြစ်ခင် 
သိဒ္ဓတ္ထမင်းသားအဖြစ်နဲ့ ယသောဓရာကို လက်ထပ်ခဲ့ပြီး
ရာဟုလာလို့ခေါ်တဲ့သားတစ်ယောက်ထွန်းကားပြီးခါမှ
ဇနီးမယားကိုရော သားကိုပါ စွန့်ခွါပြီး တောထွက်သွားတာ တရားသလားဘုရား။
သူများကို ၀မ်းနည်းကြေကွဲအောင် 
စိုးရိမ်ပူဆွေးငိုကြွေးအောင် လုပ်ရာမရောက်ဘူးလားဘုရား။
“သူက ဘုရားအလောင်းဖြစ်နေတာကိုး” လို့ပဲ ပြောရတော့မှာလားဘုရား။
ဘာပြုလို့ သူ့မိသားစုကို ၀မ်းနည်းကြေကွဲအောင်
စိုးရိမ်ပူဆွေးငိုကြွေးအောင် လုပ်ရတာပါလိမ့်ဘုရား။

အဖြေ

ဘုရားအလောင်းဆိုတာ
အလုံးစုံပြီးပြည့်စုံသူတစ်ဦးမဟုတ်သေးဘူးဆိုတာကိုတော့ နားလည်ထားရပါမယ်။
သူ့မှာ ကာမဂုဏ်အာရုံခံစားလိုတဲ့ဆန္ဒတွေ ရှိနေပါသေးတယ်။
သဗ္ဗညုတဥာဏ်မရခင် နောက်ဆုံးအချိန် (စိတ္တက္ခဏ)လေးရောက်မှ 
ဒီလိုမျိုးဆန္ဒတွေကနေ ကင်းလွတ်သွားတာပါ။

သူ့ဖခမည်းတော်နဲ့ သူ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်း ကျေနပ်စေဖို့ 
ဘုရားအလောင်းသိဒ္ဓတ္ထမင်းသားအိမ်ထောင်ပြုပေးခဲ့ရပါတယ်။
ရှင်ဘုရင်ဆိုတာ ထီးမွေနန်းမွေဆက်ခံဘို့ မျိုးဆက်လိုအပ်တယ်မဟုတ်ပါလား။
ဒါပေမဲ့ အချိန်ကျလာတော့ သူ့ဇနီးမယားနဲ့ သားကို စွန့်ခွါထားရစ်ခဲ့ပါတယ်။

ဒီလိုစွန့်ခွါထားရစ်ခဲ့ရတာဟာ လွယ်ကူတဲ့အလုပ်လို့တော့ မထင်လိုက်ပါနဲ့။
လုံးဝ လွယ်တဲ့အလုပ်မဟုတ်ပါဘူး။

သိဒ္ဓတ္ထလည်း လူသားပဲလေ၊ 
သူ့ဇနီးမယားနဲ့ သူ့သားကို ဘယ်မချစ်ပဲနေပါ့မလဲ။ 
သိပ်ချစ်တာပေါ့။ သူ ဒီလိုမျိုး ဘယ်စွန့်ခွါထားရစ်ခဲ့ချင်မှာလဲ။

ဒါပေမဲ့ 
လူသားတွေအတွက် တကယ့်ချမ်းသာစစ် ချမ်းသာမှန်ကို 
ရှာဖွေရအုံးမယ်ဆိုတာကို သိနေခဲ့လို့ 
သူ့ကိုယ်ကျိုးနဲ့ သူ့မိသားစုအကျိုးကို မကြည့်ပဲ အများအကျိုးအတွက် 
စွန့်လွတ်စွန့်စား အနစ်နာခံခဲ့ပါတယ်။

ဒါဟာ ဘာနဲ့ အလားသဏ္ဌာန်တူသလဲဆိုရင်
မိဘတွေကို စွန့်ခွါပြီး မိဘတွေနဲ့ဝေးရာဖြစ်တဲ့ ဆေးတက္ကသိုလ်ရှိရာနေရာကို
သွားပြီး ဆရာဝန်ဖြစ်ဖို့ ဆေးကျောင်းသွားတက်တဲ့ ဆေးကျောင်းသားနဲ့တူပါတယ်။
ဆေးကျောင်းသွားတက်တဲ့ ဆေးကျောင်းသားအနေနဲ့ မိဘကို ခွဲခွါပြီး သွားရတာဟာ
မိဘတွေကို မချစ်လို့မှ မဟုတ်တာ။ 
ဆေးပညာတွေ သင်ကြားနေချိန်မှာ မိဘနဲ့ ခွဲခွါပြီးနေရတာလောက်တော့ အနစ်နာခံရမှာပေါ့။

ဘွဲ့ရလို့ ဆရာဝန်ဖြစ်လာရင်တော့ သူ့အောင်မြင်မှုအတွက် 
မိသားစုအားလုံး ၀မ်းမြောက်ကြမှာပါ။
တချိန်တည်းမှာပဲ သူ့ရလာတဲ့ဘွဲ့နဲ့ပညာက 
သူ့ပတ်ဝန်းကျင်လူတွေအတွက်လည်း အကျိုးပြုအုံးမှာမို့လား။

ဒီသဘောပါပဲ။
သိဒ္ဓတ္ထမင်းသားလည်း ဘုရားဖြစ်ပြီးတဲ့နောက် 
ထီးနန်းစည်းစိမ်ချမ်းသာထက် အဆရာထောင်မကတဲ့ အမြိုက်ချမ်းသာလို့ခေါ်တဲ့
နိဗ္ဗာန်ချမ်းသာသုံးဆောင်ခံစားနိုင်အောင် သူ့မိသားစုကို ဟောပြ ပြောပြပေးခဲ့ပါတယ်။

ခဏလောက် မိသားစုဘ၀ကို ငြင်းပယ်ခဲ့လို့ 
ဒီကနေ့ သန်းပေါင်းများစွာသောလူတွေ သူ့နောက်လိုက်တွေဖြစ်ကြတယ်ဆိုတာကို
ဒီဘုရားဖြစ်တော်စဉ်မှာ တွေ့မြင်နိုင်ပါတယ်။

သူသာ တောမထွက်ပဲ ထီးနန်းစည်းစိမ် ခံစားစံစားပြီး
ရှင်ဘုရင်လုပ်နေခဲ့မယ်ဆိုရင် ဒါမျိုးဖြစ်လာနိုင်ပါ့မလား။

ကြီးမားတဲ့အောင်မြင်မှုမျိုးရမယ်ဆိုရင်
စွန့်လွတ်အနစ်နာခံမှုမျိုး လုပ်ကို လုပ်ရပါမယ်။


Monday, October 24, 2011

ကိုအေး၏ ဒဿန



“ကိုအေး၊ ခင်ဗျား သင်္ချိုင်းထဲက မျှစ်တွေ ယူစားနေတာ မရွံဘူးလား”

“ဘာရွံမလဲကွ၊ လူသေကောင်က ထွက်တဲ့မျှစ်မှ မဟုတ်တာ၊ 
မြေကြီးထဲက ထွက်တဲ့မျှစ်ပဲ။ ဘာရွံစရာရှိလဲ။ 
သင်္ချိုင်းဆိုတာလဲ မြေကြီးပါပဲကွာ၊ 
လူတွေ သမုတ်ထားလို့သာ သင်္ချိုင်းဖြစ်နေတာပါ။
ငါဆို ဒီသင်္ချိုင်းကထွက်တဲ့မျှစ်တွေ စားလာတာ ကြာပြီ။
ကြည့်စမ်း၊ ငါးသားသမီးတွေ ဘယ်လောက်ချောလဲ။ 
ကျန်းမာရေး ဘယ်လောက်ကောင်းလဲ။
ဖျားနာနေတာ မင်းတို့မြင်ဘူးလား။
ဥာဏ်ရည်ဆိုတာလည်း ငါးသားသမီးတွေ ကျူရှင်တောင်မယူနိုင်ဘူး။
ရွာကနေ ကျပ်ပြင်ကျောင်းသွားတက်နေရတာ။ ဒါပေမဲ့
စာမေးပွဲဖြေရင် ပထမဆင့်ကနေ မကျဘူး။ ကောင်းလိုက်တဲ့ဥာဏ်ရည်။

မင်းတို့စဉ်းစားကြည့်။ 
မြတ်စွာဘုရားတောင်မှ သုသာန်တစ်စ သင်္ချိုင်းဝက 
လူသေလွှမ်းတဲ့အ၀တ်တွေ ကောက်ယူတော်မူပြီး 
ပံ့သုကူသင်္ကန်းချုပ်ပြီး သုံးဆောင်တော်မူသေးတာ။
မင်းတို့ငါတို့လို ဘာမှ မဟုတ်တဲ့အကောင်တွေက 
ရှောင်တယ်ဆိုတာ ရယ်စရာကြီးကွ။

ကျောင်းစကိုရှောင် မသာစကို ဆောင် ဆိုတဲ့ အဆိုလည်း ရှိသားပဲကွာ။
ကျောင်းပစ္စည်းယူသုံးရင်သာ အပြစ်ရှိမယ်၊
သင်္ချိုင်းပစ္စည်းယူသုံးရင် အပြစ်လုံးဝမရှိဘူးကွ။
ဘာလို့လဲဆိုတော့ 
သင်္ချိုင်းဆိုတာ လူတွေရဲ့စိတ်ထဲမှာ လုံးဝသံယောဇဉ်
အတွယ်အတာမရှိပဲ စွန့်ပစ်ထားတဲ့နယ်မြေ။
အဲ့ဒီနယ်မြေထဲက ပစ္စည်းမှာ ဘာအနှောင်အတွယ်မှ မရှိကြဘူး။ 
အဲ့ဒီစင်ကြယ်တဲ့ပစ္စည်းကို သုံးတဲ့အခါ ငါလိပ်ပြာလုံတာပေါ့ကွာ။

ဘုန်းကြီးကျောင်းဝင်းထဲက 
ညောင်ချင်တစ်နပ်စာလောက် ခူးခဲ့ရင်တောင် ငါလိပ်ပြာလုံမှာမဟုတ်ဘူး။ 
ကျောင်းဆိုတာက သာသနာ့နယ်မြေ
သံဃာရဲ့ပစ္စည်းလေကွာ။ ယှဉ်ကြည့်ပေါ့။

ကျောင်းပစ္စည်းဆိုတာ မစားတတ်ရင် သံသရာအဆိပ်ကွ။
သင်္ချိုင်းပစ္စည်းက သံသရာအဆိပ်ကင်းစေတယ်။
ဒါ့ကြောင့် ငါအမြဲစားခဲ့တာပေါ့။

သင်္ချိုင်းကမျှစ်လည်း မျှစ်ပါပဲ။ အပြင်ကမျှစ်လည်း မျှစ်ပါပဲ။ 
အတူတူပါပဲကွာ။
အေး၊ သင်္ချိုင်းထဲက မျှစ်က စားမဖြစ်အောင် ခါးနေတယ်၊ 
ပုတ်စော်နံနေတယ်ဆိုရင်တော့ ငါလဲ လူပဲကွာ၊ ဘယ်စားမှာလဲ။

အလကားပါကွာ၊ လူတွေကိုက အယူသီးနေတာပါ။
သင်္ချိုင်းတဲ့။ မင်းတို့စဉ်းစားကြည့်။
သင်္ချိုင်းဆိုတာက ကြာကြာတစ်ခါ လူသေမှ မြှုပ်ကြတာ။
မင်းတို့ငါတို့ရဲ့ ပါးစပ်တွေကို ကြည့်စမ်း။
ငါးပုပ်ရင် ဆားနဲ့နယ်ပြီး ငါးဆားနယ်ဆိုပြီး စားကြတယ်။
ကြက်သေ၊ ၀က်သေ၊ ဘဲသေ၊ ငါးသေ၊ နွားသေ၊ ဆိပ်သေတွေကွာ။
စဉ်းစားကြည့်ကြ။ အဲ့ဒါလည်း အသုဘတွေပဲကွ။
ကြက်မသာ ၀က်မသာတွေပေါ့ကွာ။

ဒါတွေကျတော့ အသုဘလို့မမြင်ဘဲ 
သုဘလို့ထင်ပြီး ချက်ပြုတ်ကြော်လှော်စားကြတယ်။
မင်းတို့ငါတို့ရဲ့ ပါးစပ်သင်္ချိုင်းထဲ အဲ့ဒီလိုတိရိစ္ဆာန်အသေကောင်တွေ
မနည်းမနောဝင်ပြီးပြီနော။

ဒါကျတော့ လောကနိယာမ ကောင်းမွန်တဲ့ အစားအစာလို့ သတ်မှတ်ကြတယ်။
သူလည်း ခန္ဓာငါးပါးအစုအဝေး အပုပ်ကောင်ပဲ မဟုတ်ဘူးလား။
မသန့်တာက အဲ့ဒီပါးစပ်သင်္ချိုင်းပဲကွ။ 
ဒါတွေကျတော့ တဖြောင်းဖြောင်း ၀ါးစားနေကြပြီး
ငါသင်္ချိုင်းထဲက မျှစ်ချိုးစားတာကျတော့ အပြစ်မြင်ပြီး
လူရာမသွင်းချင်သလိုလို ဘာလိုလိုနဲ့ လူတွေကွာ တရားအလွန်ဝေးတဲ့လူတွေပါ။
ကိုယ်ပြောမှ အမှန်၊ ကိုယ်လုပ်မှ အဟုတ်ထင်ကြတာကလား။

လူဆိုတာ သေမျိုးကွ။
ဘယ်သူမှ ဒီသင်္ချိုင်းက ပြေးမလွတ်ဘူး။ မှတ်ထား။”

မိုးကုတ်ကျော်ကျော်စိုး၊ သေခြင်းတရားနှင့် သင်္ချိုင်း
သူရဇ္ဇ၊ ၂၀၁၁၊ ဧပြီ

Why Why Why?


Question
Sakyamuni (noble sage of the Sakya race) Gautama (the surname of Prince Siddhatta) was a Bodhisatta (one in his final birth before becoming a Buddha) before being born in Lumbini (birth place of Prince Siddhatta). Why did He marry Yasodhara (given name of Prince Siddhatta’s wife)? He is supposed not to have lust anymore. After getting married and fathering a child, He left His family and made them so sad. He is supposed not to hurt peoples’ feelings. If you say this is due to kamma, I would like to state that He was a Bodhisatta before He became the Buddha. Why did the Bodhisatta leave His family and make them feel so sad?

Answer
Remember, as a Bodhisatta, Prince Siddhatta was not perfect yet. He did have sensual desires – He became free of these only in the final moments before His enlightenment. He married to please His father and the society that required a prince should marry to produce heirs for the throne. When He left His wife and son, it was not an easy decision for Him at all.

He loved them both very much. He had to make that supreme sacrifice because He realised that He had to find the answer to the question of eternal happiness for humanity. It is like a man who decides to give up his family for some time to study medicine and become a doctor.

Such a person makes a great sacrifice, and the family also makes a sacrifice while he is studying. However, when he graduates and becomes a doctor, the family enjoys his success and at the same time he is useful to others.

The Buddha is like that doctor. After His enlightenment, He helped His family to gain supreme happiness - something greater than the temporary comfort they would have got if He had simply become king. It can be seen that because He turned away from His family for a short time, millions of beings follow Him today. Would that have happened if He had become a king? Sacrifices have to be made if greatness is to be achieved. 

Ref: www.ksridhammananda.com

Saturday, October 22, 2011

အဝေးရောက်နေချိန်



အမေး

ဆရာတော်ဘုရား၊ အဝေးတစ်နေရာမှာရောက်နေတဲ့ တပည့်တော်တို့က
ဘယ်လိုပုံစံမျိုးနဲ့ တပည့်တော်တို့ချစ်ခြင်းမေတ္တာကို မိဘတွေကို ပြသင့်ပါသလဲဘုရား။

အဖြေ

အသက်အရွယ်ရနေပြီဖြစ်တဲ့ မိဘတွေနဲ့ နီးနီးကပ်ကပ်နေပြီး 
စိတ်ပါလက်ပါပြုစုစောင့်ရှောက်တာ အကောင်းဆုံးပါဘဲ။ 

ဒါပေမဲ့ မိဘတွေနဲ့အတူမနေဖြစ်ပဲ အဝေးရောက်နေတာဆိုတော့ 
နည်းမျိုးစုံနဲ့ ကိုယ့်မိဘကို ကိုယ်ဘယ်လောက်ချစ်ကြောင်းပြသသင့်ပါတယ်။
ဒို့ငယ်စဉ်တုန်းက ဒို့မိဘတွေက ဒို့ကိုအမြဲတမ်းစကားပြောနေစေချင်တယ်၊ 
ဒို့ကို အမြဲတမ်း ဂရုစိုက်နေစေချင်တယ် ဆိုတာကို သတိရလိုက်စမ်းပါ။

အခု သူတို့တွေ အိုမင်းနေပြီဆိုတော့ အဝေးတနေရာရောက်နေတဲ့ဒို့တတွေက 
သူတိုကို ဘယ်လောက်ဂရုစိုက်ကြောင်း နည်းမျိုးစုံနဲ့ ပြသသင့်ပါတယ်။ 
ဥပမာ၊ သူတို့ဆီ တယ်လီဖုန်းပုံမှန်ဆက်တဲ့နည်းမျိုးနဲ့ဖြစ်စေ၊ 
ဒါမှမဟုတ် သူတို့သူငယ်ချင်းတွေ ထုတ်ကြွားနိုင်ဘို့ ပိုက်ဆံအနည်းငယ်ကိုပဲဖြစ်ဖြစ်၊ လက်ဆောင်ပစ္စည်းလေးကိုပဲဖြစ်ဖြစ် ပို့းပေးတဲ့ နည်းမျိုးလေးတွေနဲ့ 
ကိုယ် သူတို့ကို ဘယ်လောက်ချစ်ကြောင်း ဂရုစိုက်ကြောင်း ပြသသင့်ပါတယ်။

မိဘတွေက သားသမီးတွေကို အင်မတန်ဂုဏ်ယူချင်ကြတာပါ။ 
သူတို့သားသမီး ဘယ်လောက်တော်ကြောင်း ကောင်းကြောင်း အမြဲပြောချင်နေကြတာပါ။ သားသမီးတွေဘယ်လောက်ကောင်းတာ၊ ဘယ်လိုစောင့်ရှောက်တာကို ကြွားဘို့အတွက် သက်သေပစ္စည်းလေးတွေလိုပါတယ်။ 
ဒီအတွက် သားသမီးတွေ ပို့လိုက်တဲ့ လက်ဆောင်ပစ္စည်းလေးတွေ လိုအပ်ပါတယ်။ ဈေးကြီးတဲ့ပစ္စည်းရယ်လို့မဟုတ်ပါဘူး။ ပို့စ်ကဒ်လေးပဲဖြစ်ဖြစ်ပေါ့။

ဒီလိုပိုစ်ကဒ်လေးတွေပေါ်မှာ 
“မေမေ ဖေဖေတို့ကို သတိရလွန်းလို့ ဒီပို့စ်ကဒ်လေးပို့လိုက်ကြောင်း” 
ရေးသားပြီး ပို့လိုက်ရင်လည်း မိဘတွေက ၀မ်းသာနေမှာပါ။

ဖြစ်နိုင်ရင် မိဘတွေဆီ မကြာမကြာ အလည်အပတ်သွားသင့်ပါတယ်။ 
သားသမီးတွေအနေနဲ့ ကိုယ် မိဘတွေကို ဘယ်လောက် သတိရကြောင်း၊ 
ကိုယ့်အမေလက်ရာကို ဘယ်လောက်တမ်းတကြောင်းနဲ့ 
ကိုယ့်အဖေရဲ့ အကြံဥာဏ်တွေကို ဘယ်လို ခံယူနေကြောင်း 
မိဘတွေကို သိစေသင့်ပါတယ်။
သားသမီးဘ၀ရှေ့ရေးအတွက် မိဘဟာ ဘယ်လောက်အရေးပါတယ်ဆိုတာကိုလည်း
မိဘတွေက သိလိုလှပါတယ်။

“ငါချစ်တာ ငါစောင့်ရှောက်တာ ငါ့မိဘတွေသိနေတာပဲ၊ 
ဒါတွေကို ငါ သူတိုကို ထုတ်ပြစရာ ထုတ်ပြောစရာမလိုပါဘူး” လို့ 
သားသမီးတွေက နှလုံးမသွင်းသင့်ပါဘူး။ 
မေတ္တာတရား ကျေးဇူးတရားတို့ဆိုတာ အထုအထည်ပြဘို့ လိုကို လိုအပ်ပါတယ်။

Friday, October 21, 2011

When far away!!!



Question
How can we be devoted to our parents if we live far from them, like a wanderer?

Answer
While the best thing would be to live close to our aged parents to help them physically, there are many other things we can do to show them our gratitude for their kindnesses to us when we were young. First of all, remember how when we were young, we always wanted our parents to talk to us, to show us that they cared for us? Well, now we can do that, by calling them on the telephone regularly, sending them little gifts or cash that they can show off to their friends.

Parents like to be proud of their children and talk about how good their children are. They need proof that their children are good and caring. The gifts need not be expensive. Even the occasional card saying, "I just thought I'd send this to you because I thought of you" is kind and considerate. We need not wait for special occasions. Of course, we should visit our parents as often as possible and let them know how much we miss them - Mom's cooking or Dad's advice.

Parents like to know that they are important in our lives. It is not good enough to say, “Ah, they know I love them. I don't need to show it all the time.” Love and gratitude need to be physicalised.

Ref: www.ksridhammananda.com

Thursday, October 20, 2011

ဘာသာအယူဝါဒ



အမေး

ထာဝရဘုရားသခင်က ဘာလို့ ဘာသာအယူဝါဒ အများကြီး ဖန်ဆင်းခဲ့တာပါလဲ ဆရာတော်။

အဖြေ

ထာဝရဘုရားသခင်က ဘာသာအယူဝါဒမြောက်များစွာ
ဖန်တီးခဲ့တာ မဟုတ်ပါဘူး။

တကယ်လို့
ထာဝရဘုရားသခင်က သက်ရှိ သက်မဲ့အရာအားလုံးကို သူဖန်ဆင်းထားတယ်ဆိုရင်
သူ့ကို ယုံကြည်သူတွေကိုရော မယုံကြည်သူတွေကိုပါ သူဖန်ဆင်းထားတယ်ပေါ့။

တချိန်တည်းမှာပဲ
သူ့ကို ယုံကြည်သူတွေကိုတော့ ထာဝရကောင်းကင်ဘုံမှာ နေရာသတ်မှတ်ပေးပြီး 
သူ့ကို မယုံကြည်တဲ့သူတွေကိုတော့ ထာဝရငရဲပြည်မှာ ပြစ်ဒဏ်ကျခံစေလို့
သူကပြောခဲ့မယ်ဆိုရင် ဒီပြောဆိုချက်ဟာ
သိပ်သဘာဝမကျပါဘူး။

ဘာလို့လဲဆိုလို့ရှိရင် ဒီထာဝရဘုရားသခင်ဟာ အနန္တတန်ခိုးတော်ပြည့်စုံပြီး
သူဖန်ဆင်းထားတဲ့ လူသားအားလုံးအပေါ်မှာ 
ချစ်ခြင်းမေတ္တာတရား၊ သနားခြင်းကရုဏာတရား 
ညီတူညီမျှ အပြည့်အ၀ရှိတယ်လို့ ယူဆလို့ပါပဲ။

အထက်မှာ ပြောခဲ့သလို 
ဘာသာအယူဝါဒမြောက်များစွာကို ထာဝရဘုရားသခင်က ဖန်တီးထားတာ မဟုတ်ပါဘူး။ လူသားကပဲ ဖန်တီးထားတာပါ။ 

ဒါကလည်း လူသားတွေက ကမ္ဘာမြေကြီးပေါ်က သဘာဝဖြစ်အင်တွေကို 
နားမလည်လို့သာ ဒီလိုဖြစ်ခဲ့ရတာပါ။

ကမ္ဘာလောကပေါ်က အခြအနေမျိုးစုံကို 
နားမလည်သည့်အတွက် မဖြေရှင်းနိုင်သည့်အတွက် 
ဒီကမ္ဘာလောကကြီး နောက်ကွယ်မှာ 
ကမ္ဘာလောကကြီးကို လည်ပတ်ထိန်းကြောင်းပေးနေတဲ့ 
ပြင်ပတန်ခိုးရှင်တစ်ဦးဦးရှိရမယ်လို့ ယုံကြည်စိတ်တွေရှိလာလို့ 
ဘာသာအယူဝါဒအမျိုးမျိုး ပေါ်ပေါက်လာတာပါ။

ဒီလိုမတူကွဲပြားတဲ့ အကန်းယုံကြည်မှုတွေကို အခြေခံပြီး 
လူသားများအဆင်မပြေမှုတွေ လျော့နည်းစေဘို့နဲ့ စိတ်အဆာဖြည့်ဆီးဖို့ 
ကိုးကွယ်မှုဘာသာအယူဝါဒတွေ သူ့နည်းသူ့ဟာနဲ့ 
မြောက်များစွာ ပေါ်ပေါက်လာရတာပါ။

ထာဝရဘုရားသခင်က အရာရာကို ဖန်ဆင်းတယ်လို့ လူတွေ တလွဲတွေးခဲ့ကြပါတယ်။ လူသားတွေအပါအ၀င် ကမ္ဘာမြေကြီး၊ စကြာဝဠာ၊ နာမကျမ်းဖြစ်မှုတို့ပါ မကျန်၊ 
မြေငလျင်လှုပ်မှု၊ ရေ၊ လေ စတာတွေကို ဖန်ဆင်းတယ်လို့ ထင်မြင်ယုံကြည်လာတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ သိပ္ပံပညာရှင်တွေတွေ့ရှိချက်အရ 
 အရာခပ်သိမ်း ဘုရားရှင် ဖန်ဆင်း တယ်ဆိုတဲ့ အယူအဆအခန်းကဏ္ဍဟာ တဖြေးဖြေးပျောက်ကွယ်လာနေပါပြီ။
လူသားတွေရဲ့ကံကြမ္မာကို လူသားကိုယ်တိုင်ကပဲ အဆုံးအဖြတ်ပေးနိုင်တယ်ဆိုတာကို ယနေ့ခေတ်လူသားတွေ ကျယ်ကျယ်လောင်လောင်ပြောဆိုလာပါပြီ။ 
“ဘုရားသခင်က လူသားကို ဖန်ဆင်းတယ်” ဆိုတဲ့စကားကို 
“လူသားက ဘုရားသခင်ကို ဖန်ဆင်းတယ်” ဆိုတဲ့စကားနဲ့ အစားထိုးလာကြပါပြီ။

Ref: www.ksridhammananda.com မှ 
ဆရာတော်ကြီး ဒေါက်တာ ကေ၊ သီရိဓမ္မာနန္ဒ ၏  အမေးအဖြေများကို
ဆီလျှော်သလို ကိုးကားပြီး တင်ဆက်လိုက်သည်။


Wednesday, October 19, 2011

Why many religions?


Question
Why did “God” create so many religions? 


Answer
God did not create many religions in the world for them to hate each other or for him to assign to eternal heaven his favoured followers and condemn all other religionists to eternal hell for not following his religion.


For God who is supposed to be almighty, all loving and all embracing, this would be his biggest sin - not being able to love everyone for what they are.


Man, and not God, made the many religions in the world. This happened because man did not understand nature and the many phenomena on earth. Not being able to relate and answer these situations, man believed there must be a greater external force beyond his comprehension that guides the earth. Thus, based on differences and blind faith, many religions arose to fulfill man's emotional need to reduce the dissonance.


God was mistakenly thought to have created everything - he had a hand in everything - the creation of man, the earth, the universe, sicknesses, earthquakes, rain, wind, etc. Over time, however, with more discoveries by science, God’s originally vast ‘role in creation’ is diminishing over time. God merely becomes God of the Gaps - what man cannot explain with his limited frame of reference or knowledge is attributed to God. As time passes, this gap becomes narrower and narrower till one point where God will have no role to play in man’s creation or destiny. Man created god and the many different religions, not the other way round.


Ref: www.ksridhammananda.com

Tuesday, October 18, 2011

ယတြာနှင့် လေ့ကျင့်ခန်း



စနေနေ့က ဖုန်းဆက်ပြီး တွေ့ဘို့ ဘွတ်ကင်လုပ်ထားတဲ့ 
အရင်တုန်းကကျောင်းကိုလာဘူးတဲ့ ဗမာဒကာမလေးတစ်ယောက်
တနင်္ဂနွေနေ့ ညနေပိုင်းက ကျောင်းကို ရောက်လာတယ်။
နည်းနည်းပိန်သွားတယ်။ မောပန်းနေပုံပဲ။
သင်္ကန်းလေးတစ်စုံ လက်ထဲမှာ ပါလာတယ်။

ခရီးဦးရောက်မဆိုက် အသွင်အပြင်ကို အကဲခတ်ပြီး 
“ဘယ်လိုလဲ ဒကာမလေး၊ ကျန်းမာရေးကောင်းရဲ့လား” လို့ နှုတ်ဆက်လိုက်တယ်။

“အဲ့ဒီကျန်းမာရေးကိစ္စလာတာပါပဲဘုရား၊ 
အခုတလော စားရတာလည်း အဆင်မပြေဘူး။
အိပ်လို့လည်း သိပ်မကောင်းဘူး။ အိပ်မပျော်ဘူးပေါ့ဘုရား။
ဆိုတော့ ကျန်းမာရေးမကောင်းဘူးပေါ့ဘုရား။
တခါတလေ ကိုယ်တွေပူတယ်၊ ဖျားချင်သလိုလို မကြာမကြာဖြစ်တယ်။
နှာလည်းမွှန်တယ်ဘုရား။ 
ဒီလိုတွေဖြစ်နေလို့ မြန်မာပြည်က အစ်မဆီ လှန်းဖုန်းဆက်ပြီး ပြောပြတော့
အစ်မက ဗေဒင်ဆရာသွားမေးတယ်ဘုရား။
ဗေဒင်ဆရာက ပြောတယ်တဲ့။ အနီးနားမှာ ဘုန်းကြီးကျောင်းရှိရင်
အဲ့ဘုန်းကြီးကျောင်းကို သွားပြီး ယတြာချေတဲ့အနေနဲ့ ဘုန်းကြီးကို သင်္ကန်းသွားလှူလိုက်ပါတဲ့။
ဒါ့ကြောင့် သင်္ကန်းလာလှူတာပါဘုရား။
နောက်ပြီး တပည့်တော်မ လူဝတ်လဲရမတဲ့ဘုရား” လို့ 
ဒကာမက ခရားရေလွှတ် တတွတ်တွတ် ပြောပြပါတော့တယ်။

“ဟဲ့၊ နေစမ်းပါအုံး၊ ဗေဒင်ဆရာက ဒကာမကို လူဝတ်လဲရမယ်ပြောတော့
ဒကာမက ဘယ်လိုလူဝတ်လဲရမှာတုန်းဟဲ။ ပြောပြစမ်းပါအုံး” လို့မေးကြည့်တော့
“တပည့်တော်မ အားလပ်ရက်မှာ ခေါင်းရိပ်ပြီး သီလရှင်ဝတ်ရမှာကို ပြောတာပါဘုရား” တဲ့။

“ဟေ၊ ဂလိုလား၊ ဂလိုဆိုလဲ ဗေဒင်ဆရာက ဒကာမကို 
သီလရှင်ခဏ၀တ်လိုက်ပါ လို့ ပြောလိုက် ပြီးတာပဲကို၊ 
ဘယ့်နှယ် လူဝတ်လဲလိုက်လို့ ပြောနေရတယ်မသိပါဘူး။
ဒါနဲ့ နေစမ်းပါအုံး၊ ဒကာမ အလုပ်က ဘာအလုပ်လဲ” လို့ ဆက်မေးကြည့်တော့
“တပည့်တော်မက စက်ချုပ်ရတာပါဘုရား”
“ဘယ်အချိန်ကနေ ဘယ်အချိန်အထိ စက်ချုပ်ရတာလဲ”
“မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိပါဘုရား၊ 
တခါတလေ အိုတီရှိရင် ည ၈ နာရီအထိပေါ့ဘုရား”
“တစ်ပတ်ဘယ်နှရက်နားလဲ”
“မနားဘူးဘုရား၊ ဒီနေ့တောင် ကျန်းမာရေးမကောင်းလို့ နားဖြစ်တာ၊
ဘုန်းဘုန်းကိုလဲ ဒီသင်္ကန်းလှူစရာရှိလို့”

“ဒကာမက စက်ချုပ်ရတာဆိုတော့ ထိုင်ချုပ်ရတာပေါ့နော်”
“မှန်ပါ့”
“အထိုင်များတော့ လေ့ကျင့်ခန်းလုပ်ဖြစ်လား”
“မလုပ်ဖြစ်ဘူးဘုရား”

“ဒကာမ၊ တနေကုန် ထိုင်ပြီး စက်ချုပ်နေရတော့ အညောင်းကိုက်တော့မပေါ့၊
အညောင်းကိုင်ပြီး ခန္ဓာကိုယ်ထဲမှာ အပူတွေ အောင်းနေမယ်။ 
အကျိုးဆက်က နှာတွေ မွှန်လာမယ်။
နောက်ပြီး ခန္ဓာကိုယ် လေးလံနေမယ်။ ထိုင်းမှိုင်းနေမယ်။ မသွက်တော့ဘူး။
ဒီတော့ စိတ်ဆိုးလွယ်မယ်၊ ဒေါသထွက်လွယ်မယ်။

စိတ်နဲ့ရုပ်ဆိုတာ အချင်းချင်း တည်မှီနေကြတာမို့လား။
စိတ်မရွှင်လန်းရင် ရုပ်မရွှင်လန်းဘူး။
ထို့အတူပဲ.. ရုပ်မရွှင်လန်းရင်လည်း စိတ်မရွှင်လန်းဘူး။

ဒါ့ကြောင့် ဒကာမ ဒီနေ့ဒီအချိန်က စပြီး
လေ့ကျင့်ခန်း လုပ်ပါ။ အလွယ်ဆုံးလေ့ကျင့်ခန်းကတော့

မနက်အိပ်ယာထ ထိုင် ထ ၂၅ ခါလုပ်၊ 
ညာဘက်လက် ၂၅ ခါ ၊ ဘယ်ဘက်လက် ၂၅ ခါ မြှောက်လိုက် ချလိုက်လုပ်ပါ။
တင်ပလ္လင်ခွေထိုင်ပြီး ခေါင်းကို မတ်မတ်ထားကာ 
ညာဘက်တစ်လှည့် ဘယ်ဘက် တစ်လှည့်
၂၅ ခါ ဖြေးဖြေးချင်း လှည့်ပေးပါ။

ဒီလိုမျိုး ညမအိပ်ခင်လဲ လုပ်လိုက်အုံးနော်။

ပထမ သုံးရက်လောက်တော့ ခန္ဓာကိုယ် အနည်းအကျဉ်း နာကျင်မယ်။
နောက်ပိုင်းဆိုရင်တော့ နေလို့ ထိုင်လို့ ကောင်းသွားမှာပါ။

အဲ့ဒီလိုလုပ်ပေးလိုက်ရင်
ဒကာမ စားဝင် အိပ်ပျော်လာမယ်၊ နေလို့ထိုင်လို့ ကောင်းလာမယ်။
စိတ်လက်ကြည်သာဖြစ်လာမယ်။
ဘာယတြာမှ ချေစရာမလိုတော့ဘူး။
ဘာမှ လူဝတ်လဲစရာမလိုတော့ဘူး။
ဒကာမရောဂါတွေ ပျောက်သွားမှာပါ။

ဗုဒ္ဓဘာသာရှုဒေါင့်က ပြောရရင် ယတြာချေတယ်ဆိုတာ
ကံ ကံရဲ့အကျိုးကို မယုံကြည်သူတွေရဲ့ အလုပ်ပဲ ဒကာမ။
တနည်းအားဖြင့် မိစ္ဆာဒိဋ္ဌိအယူရှိသူတွေရဲ့အလုပ်ပဲ ဒကာမ။

ဒီကိစ္စနဲ့ပတ်သက်ပြီး
တည်တောဆရာတော်ကြီးရေးထားတဲ့ 
မင်္ဂလိကဒိဋ္ဌိဆိုတဲ့စာအုပ်ပါးပါးလေးကို ရှာဖတ်ကြည့်။
ဆရာတော်ကြီး ဗေဒင်ယတြာယုံသူတွေဟာ မိစ္ဆာဒိဋ္ဌိဝင်တွေဖြစ်ကြောင်း
အကျယ်တ၀င့်ရေးထားတယ်။
ဗုဒ္ဓဘာသာဝင်တွေ အတော်ဖတ် မှတ်သင့်တဲ့စာအုပ်လေးပဲ။
အလျင်းသင့်မှ ဒီစာအုပ်လေးထဲကအကြောင်းအရာတွေကို 
ကိုးကားပြီး ပြောပြပါအုံးမယ်။ 
ကဲ၊ ကဲ ပြန်တော့။ မိုးတွေ ညို့လာပြီ။


Monday, October 17, 2011

သတ်လိုက်တာ ပိုကောင်းမလား



အမေး

တစ်ယောက်ယောက်ကတက်နင်းထားမိလို့ သေလုမျောပါးဖြစ်နေတဲ့
ပုရွက်ဆိတ်တစ်ကောင်ကို တွေ့ရင် တပည့်တော်တို့ ဘာလုပ်သင့်ပါသလဲဘုရား။
တပည့်တော်တို့ ဘာမှ မလုပ်လိုက်ဘူး ဆိုရင်
ဒီပုရွက်ဆိတ်လေး ဆင်းရဲဒုက္ခဆက်လက်ခံစားနေရမှာမို့လားဘုရား။
သတ်ပစ်လိုက်မယ်ဆိုရင်
ဆင်းရဲဒုက္ခ ဆက်လက်ခံစားနေစရာအကြောင်းမရှိတော့ဘူး။
ဒီလိုမျိုးပုရွက်ဆိတ်လေးကိုတွေ့ရင် တပည့်တော်တို့ ဘာလုပ်သင့်ပါသလဲဘုရား။

အဖြေ

euthanasia လို့ခေါ်တဲ့ ကုသလို့မရတဲ့ရောဂါခံစားနေရတဲ့လူနာကို
မနာကျင်စေဘဲ သက်သာတဲ့နည်းလမ်းနဲ့ သေသွားအောင်ပြုလုပ်တဲ့အလုပ်မျိုးကို
ဗုဒ္ဓဘာသာက လက်မခံပါဘူး။

(သတ်မှုကို ကျူးလွန်သူဟာ)
နောင်ဘ၀မှာ (သတ်ခြင်း) ပါဏာတိပါတကံရဲ့အကျိုးတရားကို
ပြန်လည်ခံစားရမှာဖြစ်တဲ့အတွက် ဆင်းရဲဒုက္ခခံနေရတဲ့သူကို
(ဆင်းရဲနေလို့ဆိုပြီး) သတ်ပစ်လိုက်တယ်ဆိုတာ
 (မှန်ကန်တဲ့) လုပ်ရပ်မဟုတ်ပါဘူး။

(ဗုဒ္ဓဘာသာတရားတော်အရပြောရရင်)
သတ္တ၀ါအားလုံး နိဗ္ဗာန်သို့မရောက်မချင်း
သံသရာမှာ ပုံစံအမျိုးမျိုးနဲ့ မွေးဖွားပြီး သေနေကြရတာပါ။

ဒါ့ကြောင့် သေဆုံးသူအတွက်လည်း သေးဆုံးပြီးဘ၀သစ်ပြန်ဖြစ်ပြီး
ဆင်းရဲဒုက္ခဆိုတာ ရှိနေအုံးမှာမို့
ဆင်းရဲဒုက္ခကို ဘ၀သစ်ကို ခဏတာမျှ ရွေ့ဆိုင်းလိုက်တဲ့သဘောလို့ ပြောရမှာပါ။

တစ်ဦးတစ်ယောက် ဆင်းရဲဒုက္ခခံစားနေရရင်
အဲ့ဒီဆင်းရဲဒုက္ခက လွတ်မြောက်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပေးရပါမယ်။
ဒါပေမဲ့ အဲ့ဒီဆင်းရဲဒုက္ခက လွတ်မြောက်ဖို့ မကြိုးစားပေးချင်လို့
ဥပေက္ခာပြုနေလိုက်မယ်ဆိုရင်လည်း မကောင်းမှုအကုသိုလ်ကံကို လွန်ကျူးရာ မရောက်ပါဘူး။
ဒီလိုမျိုးကျရောက်ခံစားနေရတဲ့ ဆင်းရဲဒုက္ခအတွက်
ဘယ်သူ့ဘယ်သူမှာမှ တာဝန်မရှိလို့ပါ။
နေသာသလို နေမယ်ဆို နေလို့ရပါတယ်။

သို့သောလဲပဲ ဆေးရုံမှာလည်း ပြင်းပြင်းထန်ထန် ဆင်းရဲဒုက္ခခံစားနေရတဲ့
သေရတော့မည့် လူနာတွေကို တွေ့ဘူးမှာပါ။
သံဝေဂတရား နောင်တတရားများ အင်မတန်ရစရာကောင်းလှတဲ့
အကူအညီကင်းမဲ့တဲ့ ဒုက္ခပင်လယ်ဝေနေတဲ့
ကင်ဆာရောဂါသည်၊ လေဖြတ်နေတဲ့သူ၊
ကိုယ်ခံအားကျဆင်းတဲ့ အေ့ဒ်စ်လိုရောဂါသည်တွေကို တွေ့ဘူးမှာပေါ့။
ဒီလိုမျိုးတွေ့လာရင် လက်လျှော့အရှုံးမပေးဘဲ
ကိုယ်အကူအညီပေးနိုင်တဲ့ဘက်က အကူအညီပေးဘို့ပါဘဲ။



Saturday, October 15, 2011

We'd better kill??


Question
If we find, for example, an ant dying because someone has stepped on it, what should we do? If we do nothing, it will continue to suffer. If we kill it right then, it will not suffer anymore. What do I do with an ant that is suffering because someone has stepped on it?

Answer
Buddhists do not advocate euthanasia. Ending suffering in this lifetime by putting an end to that suffering life is not the answer as the being has to reap the fruit of the kamma in the next life. The suffering is merely postponed to a future birth, as the suffering must continue.

Beings are born and die in different life cycles and periods until the final liberation, Nibbana, is achieved. If we see any being in suffering, we try our best to relieve that suffering. If we neglect to do that, it does not create any bad kamma because we are not responsible for that suffering being inflicted. We can only try to alleviate that suffering. If we cannot, we must move on.

Similarly, in a hospice we encounter many terminally ill individuals. You see so much suffering around caused by the devastating effects of cancer, paralysis, AIDS, etc that you could easily begin to feel remorseful, helpless and drowned by the magnitude of the suffering. But you must remain focused to do what you can do within your means or network and not succumb to helplessness if you cannot help everybody. It is important to remain positive within in order to help. Succumbing to a sense of helplessness does neither you nor others any good.

Ref: http://www.ksridhammananda.com/

Friday, October 14, 2011

အားတက်မိတာက


ဒကာလေးကောင်းထက်ဇော်

ဘုန်းဘုန်းတို့သာသနာပြုလုပ်ငန်းကြီးဖြစ်တဲ့ 
Dhamma Gardne Centre တည်ထောင်တဲ့လုပ်ငန်းမှာ 
သာသနာကိုချစ်တဲ့စိတ်နဲ့ အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်ပေးနေတာကို 
ချီးကျူးမိပါတယ်။ 

ဘုန်းဘုန်းတို့လည်း သူများနိုင်ငံက 
ဗုဒ္ဓဘာသာ သာသနာတိုးတက်ရာ တိုးတက်ကြောင်းအတုယူပြီး 
ကိုယ့်နိုင်ငံမှာ ပြန်လည်လုပ်ချင်တဲ့စိတ်နဲ့သာ လုပ်နေတာ။ 
၂၀၀၉ - ကတည်းက စလုပ်နေတာပေါ့။ 
ဒီမှာဖတ်ကြည့်ပေါ့။
http://www.dhammagarden.com/2011/09/blog-post_23.html

ဒါပေမဲ့ ထင်သလောက် ခရီးမပေါက်ဘူး။ 
ပထမဦးဆုံး စင်္ကာပူက မဆု၊ မအိ၊ မစုလှိုင်တို့က 
သူတို့တတ်နိုင်သလောက် ကမကထပြုလုပ်ပြီး အလှူခံပေးပါရစေလို့ 
ဘုန်းဘုန်းကို လျှောက်တော့  ဘုန်းဘုန်းလည်း အတော်လေး အားတက်မိတယ်။ 

အားတက်ရခြင်းအကြောင်းက သူတို့လေးတွေ အလှူခံပေး ထောက်ပံ့ပေးတဲ့ ၀တ္ထုငွေကြောင့် ဆိုတာထက်
အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုန်းဘုန်းတို့လုပ်ငန်းကို နားလည်သဘောပေါက်ပြီး ကူညီချင်တဲ့စိတ်ကလေးကြောင့်ပါ။

အဖက်ဖက်က ယိုယွင်းနေတဲ့ ဘုန်းဘုန်းတို့နိုင်ငံမှာ 
ဘုန်းဘုန်းတို့အနေနဲ့ ဘုန်းဘုန်းတို့နဲ့ ပတ်သက်တဲ့ သက်ဆိုင်တဲ့ 
ဗုဒ္ဓဘာသာ သာသနာ လူမျိုး မတိမ်ကောဘို့ ကြိုးစားနေတဲ့အပေါ်မှာ 
ဒီလို လူငယ်လူရွယ်လေးတွေ သဘောပေါက်နားလည်လာပြီး လုပ်သင့်တဲ့အလုပ်တစ်ခုပါလားလို့နားလည်လာကာ 
လုပ်ငန်းထဲမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လာတာကို သဘောကျတာပါ။

ဟော့ဟော့ရမ်းရမ်းလူငယ်များကြားမှာ ဒီလို စိတ်ကလေးတွေနဲ့လူငယ်တွေ တွေ့ရတော့ ဘုန်းဘုန်းတို့လုပ်ငန်းအတွက် ရှေ့ကို 
ဆက်လက်လျှောက်လှမ်းဘို့ တွန်းတင်ပေးလိုက်သလို ခံစားရတယ်။
အခုတခါ မောင်ကောင်းထက်ဇော်တို့က 
ကိုးရီးယားက တပိုင်တနိုင်ကြိုးစားကူညီပေးမယ်ဆိုတော့ 
အတော်လေးဝမ်းမြောက်မိတယ်။

စမိဘို့နဲ့ စွဲမြဲဘို့ ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ရေးဘူးတယ်။ 
ဒီမှာဖတ်ကြည့်ပေါ့။
http://www.dhammagarden.com/2011/09/blog-post_24.html
အဲ့ထဲမှာ ရေးခဲ့သလို ဒီလုပ်ငန်းကို စမိသွားပြီ၊ စွဲစွဲမြဲမြဲ အတူလက်တွဲ လုပ်ကြတာပေါ့။

P.S. ကိုးရီးယားမှာ သီတင်းသုံးနေတဲ့ ဆရာတော်ဦးသုဝဏ္ဏနဲ့ ဒေါက်တာနန္ဒကတို့ဆိုတာ သူငယ်ချင်းဘုန်းကြီးတွေပါ။ သတိရပါကြောင်း၊ ကျန်းမာပါစေကြောင်းနဲ့ အတူတူသာသနာပြုခွင့်ရလို့ ၀မ်းသာနေပါကြောင့် လျှောက်ထားပေးပါအုံး။
မေတ္တာဖြင့်
ဘုန်းဘုန်း
ဒေါက်တာအရှင်ဣန္ဒက (Dhamma Garden)

Thursday, October 13, 2011

ရောင့်ရဲခြင်း၊ ပျင်းရိခြင်း



အမေး

ဘုရားရှင်က မိမိရဲ့လက်ရှိအခြေအနေနဲ့ ကျေနပ်ရမယ်လို့ ဟောခဲ့ပါတယ်။
ဒီလိုဆို ဒီကမ္ဘာလောကကြီး ဘယ်လိုလုပ် ဒီလောက်ထိ တိုးတက်လာနိုင်ပါ့မလဲ။
စက်မှုလက်မှုအတတ်ပညာ၊ သိပ္ပံပညာတွေ အသစ်အသစ်ထပ်မံတွေ့ရှိဘို့
ဘယ်သူမှ ကြိုးစားလိုစိတ်ရှိမှာ မဟုတ်တော့ဘူး။
ဆရာတော်အနေနဲ့ ဘယ်လိုထင်မြင်ယူဆပါသလဲဘုရား။

အဖြေ

ရောင့်ရဲကျေနပ်ခြင်းဆိုတဲ့စကားနဲ့
ပျင်းရိခြင်းဆိုတဲ့စကားဟာ မတူပါဘူး။
ဒီနေရာမှာ မိမိဘ၀အတွက်
(၁) လိုအပ်တဲ့အရာ (Needs) နဲ့ လိုချင်တဲ့အရာ (Wants) ကို
ခွဲခွဲခြားခြားသိမြင်နားလည်ဘို့ လိုအပ်ပါတယ်။
လိုအပ်နေတာတွေကို ဖြည့်ဆည်းပေးရပါမယ်။
မိမိအတွက် လိုအပ်နေတဲ့အရာဝတ္ထုဆိုတာ
တစုံတခုသောအတိုင်းအတာတစ်ခုဆိုတဲ့ သတ်မှတ်ချက်ဘောင်ရှိပါတယ်။

အဲ - ဒါပေမဲ့ လိုချင်နေတဲ့လောဘစိတ်ကတော့ အကန့်အသတ်မရှိပါဘူး။
မြင်သမျှ လိုချင်နေတော့ မဆုံးနိုင်တော့ဘူးပေါ့။
လိုချင်မှုလောဘရှိနေသူအတွက် ဘယ်လောက်ပဲရရ ကျေနပ်တယ်ကို မရှိတော့ပါဘူး။

နောက်တစ်ခုက ဖြစ်မြောက်အောင်ပြုလုပ်လိုတဲ့ဆန္ဒ၊
ဖြစ်မြောက်အောင် ပြုလုပ်လိုတဲ့ရည်ရွယ်ချက်မျိုးရှိတာ ကောင်းပါတယ်။
ဒါပေမဲ့ ကိုယ့်လိုချင်လောဘစိတ်ဆန္ဒကို
ဘယ်အချိန်မှာ ရပ်တန့်ရမယ်ဆိုတာကိုတော့ သိထားရပါမယ်။

အားရကျေနပ်သဘောကျခြင်း၊ ပျော်ရွှင်ခြင်း၊ တင်းတိမ်ရောင့်ရဲခြင်း
အလျင်းမရှိတဲ့ တဏှာလောဘလို့ခေါ်တဲ့ အလိုမပြည့်တဲ့စိတ်ကြီး
ကိုယ့်သန္တာန်မှာ ကိန်းဝပ်နေတယ်ဆိုတာ သတိမူရပါမယ်။

ဒီနေရာမှာလည်း ရောင့်ရဲခြင်းဆိုတာကို
စိတ်ဝင်စားမှုကင်းခြင်း၊ ပျင်းရိခြင်းဆိုတဲ့စကားလုံးတွေနဲ့ ထပ်တူပြုလို့မရပါဘူး။

ပြီးတော့ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ၊ ကံကြမ္မာပေါ့ဆိုပြီး
ကံကိုချည်း ယိုးစွပ်ပြောဆိုတဲ့ လူပျင်းတွေလက်ကိုင်ထားတဲ့ဝါဒမျိုး 
ဘုရားရှင်မဟောကြားခဲ့ပါဘူး။

(ဘုရားရှင်က ကမ္မ၀ါဒ (အလုပ်ဝါဒ) ကိုသာ ဟောကြားခဲ့ပြီး)
ကံကြမ္မာကို ပုံချ ယုံကြည်တဲ့ဝါဒမျိုးကို မဟောကြားခဲ့ပါဘူး။

ဆိုတော့ကား
လူဖြစ်လာမှတော့ လူ့တာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းရမှာပါ။
မိသားစုအရေးတွေကို ထည့်သွင်းစဉ်းစားပေးရမှာပါ။
ဒီအတွက် ရိုးရိုးသားသား ကြိုးကြိုးစားစား လုပ်ကိုရမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။

ဘုရားရှင်ကိုယ်တိုင်က လောကီလူသားတွေကြီးပွါးချမ်းသာဘို့
ဘယ်လိုလုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုတာ ဟောကြားခဲ့ပါတယ်။
တချိန်တည်းမှာပဲ စိတ်ပိုင်းဆိုင်ရာတိုးတက်ဖို့ နည်းလမ်းတွေကိုလည်း ချပြခဲ့ပါတယ်။

ဒီလောကုတ်၊ လောကီ နှစ်လီသောလမ်းညွှန်ချက်တွေကို ကွဲကွဲပြားပြားသိဘို့လိုပါတယ်။

လောကီလူသားတွေအဖို့ ငွေရေးကြေးရေးတွေ ရှာဖွေရပါမယ်။
ရရှိလာတဲ့ငွေကို ထိန်းသိမ့်စောင့်ရှောက်ရပါမယ်။
ပြီးတော့ သုံးဆောင်ခံစားရပါမယ်။
ဒါပေမဲ့ ငွေရှာဖွေတဲ့နေရာမှာ မှန်ကန်တဲ့နည်းလမ်းကို အသုံးပြုရပါမယ်။
သူတပါးကို မထိခိုက် မနစ်နာစေရပါဘူး။
ဒီလို မွန်မြတ်တဲ့အကျင့်တွေကို ကျင့်သုံးသွားရမှာပါ။

နောက်ဆုံး သစ္စာလေးပါးမြတ်တရားကို နားလည်လာတဲ့အခါ
ဘ၀အဆင့်အတန်းတွေ တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်လာပြီး
လောဘ၊ ဒေါသ၊ မောဟစတဲ့ အနှောင်အဖွဲ့အားလုံး နည်းပါးလာမှာပါ။

(အဆင်ပြေသလို ဘာသာပြန်တင်လိုက်တာ)
Ref: http://www.ksridhammananda.com


Wednesday, October 12, 2011

ကျေးဇူး



ဘုရားဖြစ်ပြီး
သက်မဲ့ဖြစ်တဲ့ မဟာဗောဓိညောင်ပင်ကြီးကိုတောင်
ကျေးဇူးတင်လွန်လို့
မမှိတ်မသုံ စိုက်ကြည့်ခဲ့တယ်။

နောက်ပြီး
ဘုရားရှင်အနေနဲ့ ဘုရားဖြစ်ပြီးလို့
ဘယ်သူ့ကိုမှ ကျေးဇူးမဆပ်ပဲ
နေမယ်ဆို အနေသာကြီး နေနိုင်ပါတယ်။

ဒါပေမဲ့ ကျေးဇူးသိတတ်တဲ့
ကျေးဇူးသိရာမှာလည်း အနှိုင်းမဲ့ဖြစ်တဲ့
ဒို့ဘုရားရှင်ဟာ
မယ်တော်ဟောင်းဖြစ်ခဲ့ဘူးတဲ့ လောလောဆယ် နတ်ပြည်ရောက်နေတဲ့
မယ်တော်ဟောင်းရှိရာ
နတ်ပြည်အထိ တက်လိုက်သွားကာ
တရားရေအေးအမြိုက်ဆေး တိုက်ကျွေးခြင်းဖြင့်
ကျေးဇူးဆပ်ခဲ့တယ်။

တွေးကြည့်လိုက်တော့
ကျေးဇူးတရားသိတတ်တဲ့နေရာမှာလဲ
ဒို့ဘုရားရှင်ကို ဘယ်သူမှ လိုက်မမှီပါဘူး။

မိဘတွေ
ကျေးဇူးကြီးမားပုံ
မိဘတွေကို
ကျေးဇူးဆပ်သင့်ပုံကို
ဘုရားရှင်ကိုယ်တော်တိုင်
လက်တွေ့ လုပ်ဆောင် ပြသသွားတယ်။

ဘုရားရှင်ကို အတုယူကာ မိဘတွေနဲ့ အတူတူနေနေတဲ့ ဒို့တတွေ
ကျေးဇူးရှိတဲ့မိဘတွေကို ကျေးဇူးသိသိနဲ့ ကျေးဇူးဆပ်နိုင်ကြပါစေ။


Tuesday, October 11, 2011

Satisfaction

QUESTION
The Buddha said that we have to be satisfied with our condition. If we do that, there will be no improvement in this world, nobody will have the motivation to find new technology, science, etc. What does Bhante think?

ANSWER
Satisfaction with our condition is not equivalent to being lazy. This point must be seen in the context of distinguishing between our needs and our wants. Our needs are limited and must be fulfilled. However, our wants are infinite, dynamic and keep increasing and cannot be satisfied due to the inner craving within us.


In another context, is it wrong to be ambitious? No, it is not. However, we must know when to stop wanting as it is a desire machine within us that will never be satisfied, thus never being happy nor contented. Contentment produces happiness, but contentment is not equivalent to apathy or laziness and attributing everything to kamma is not what the Buddha taught.


The Buddha did not teach fatalism, he taught us to be proactive. One needs to fulfill certain obligations to oneself and one’s family to lead the lay life, to work energetically, filled with patience and observing the precepts.


The Buddha has taught us how to lead a worldly life and how to lead a life for spiritual development. We need to differentiate this properly. We need to earn, protect and enjoy our life in a proper manner to lead a worldly life without harming others until the time where we attain realisation of the true nature of our worldly life. At this point, we will renounce our worldly life for the spiritual life, thus reducing our greed, hatred, delusion and all the other bondages.

Ref: http://www.ksridhammananda.com

Monday, October 10, 2011

ရဟန်း၊ ရွေးကောက်ပွဲ၊ မဲပေးခွင့်


ဟိုတလောက သီဟိုဠ်နိုင်ငံလို့ခေါ်တဲ့သီရိလင်္ကာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပတော့
ထေရ၀ါဒဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေ ရွေးကောက်ပွဲမှာ 
ဝင်ရောက်ယှဉ်ပြိုင်အရွေးခံကြတယ်လို့ သိရတယ်။
ဘုန်းတော်ကြီး(၉)ပါး နေရာအသီးသီးမှာ အနိုင်ရပြီး 
လွှတ်တော်အမတ်တွေ ဖြစ်သွားကြသတဲ့။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံမှာ သီတင်းသုံးနေတဲ့ 
(ပျံလွန်တော်မူသွားရှာပြီဖြစ်တဲ့) သီဟိုဠ်ဆရာတော်ကြီး 
ဒေါက်တာ ကေ၊ သီရိဓမ္မာနန္ဒကို 
“ဗုဒ္ဓဘာသာရဟန်းတော်တွေ အထွေထွေရွေးကောက်ပွဲမှာ 
ဝင်ပြိုင်ခွင့်ရှိပါသလား” လို့ ဒကာတစ်ဦးက မေးလျှောက်ပါတယ်။
ဆရာတော်ကြီး ပြန်လည်ဖြေကြားပေးတာ အတော်လေး စိတ်ဝင်စားဖွယ်ကောင်းပါတယ်။

သူ့အဖြေက

“ဗုဒ္ဓဘာသာရဟန်းတော်တွေဟာ ဒီမိုကရေစီလူ့အဖွဲ့အစည်းရဲ့  အဖွဲ့ဝင်များသာဖြစ်ပါတယ်။
(ရဟန်းတော်များအတွက် ဘုရားရှင်ချမှတ်ထားတဲ့) ၀ိနည်းဥပဒေက မတားမြစ်တဲ့
ဘယ်လိုနိုင်ငံသားတာဝန်တွေကိုမဆို ဆောင်ရွက်နိုင်ပါတယ်။

ဘုရားရှင်က သံဃာ့အဖွဲ့အစည်းကို ဘာလို့ ဖွဲ့စည်းခဲ့တာလဲဆိုတဲ့မေးခွန်းကိုလည်း
ရဟန်းတော်များအနေနဲ့ ကိုယ့်ကိုယ်ကို ပြန်မေးရပါမယ်။
လောကီရေးရာ အဖြာဖြာ တိုးတက်ကြီးပွါးဘို့ 
သံဃာ့အဖွဲ့အစည်းကို ဖွဲ့စည်းပေးခဲ့တာ မဟုတ်ပါဘူး။
စိတ်အဆင့်အတန်းမြင့်မားပြီး သမာဓိတရားထူထောင်ကာ
ဒုက္ခကမ္ဘာသံသရာမှာ တဖန်ပြန်လည်မွေးဖွားခြင်းလို့ခေါ်တဲ့ ပဋိသန္ဓေတည်နေခြင်းမှ
လွတ်ကင်းဖို့ လွန်မြောက်ဖို့ သံဃာ့အဖွဲအစည်းကို ဖွဲ့ခဲ့တာပါ။
(သံဃာ့ဘောင်ကို ၀င်ရောက်ခွင့်ပြုခဲ့တာပါ။)

ဘုရားရှင်က ရဟန်းတော်တွေကို ပိုက်ဆံကိုင်တာကို တားမြစ်ခဲ့ပါတယ်။
ရဟန်းတော်တွေ နေ့စဉ်ဘ၀ ရှင်သန်နိုင်ဘို့
ဒကာ ဒကာမတွေရဲ့ စေတနာသဒ္ဓါတရားကို မှီခိုပြီး နေထိုင်ရမယ်လို့
ဟောကြားခဲ့ပါတယ်။

ဒါ့ကြောင့်မို့ ရဟန်းတော်တွေ နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတယ်ဆိုရင်
လူ့အရှုပ်အထုပ်ထဲမှာ စုန်းစုန်းမြုတ်သွားနိုင်ပြီး
စိတ်အဆင့်အတန်းမြင့်မားရေး၊ စိတ်ပိုင်းဆိုင်ရာတိုးတက်မှု သမာဓိတရားကို
ထူထောင်နိုင်မှာ မဟုတ်တော့ပါဘူး။
သမာဓိတရားနဲ့ လူမှုကိစ္စအရှုပ်အထုပ်တွေဟာ ဘယ်တော့မှ အတူတကွမဖြစ်နိုင်ပါဘူး။

ဟုတ်ပါတယ်။
ရဟန်းတော်ပဲဖြစ်ဖြစ်၊ သီလရှင်ပဲဖြစ်ဖြစ် 
ဒကာ ဒကာမတွေရဲ့ ဘ၀ အဆင်ပြေဖို့ စောင့်ရှောက်ပေးရမည့်
တာဝန် ၀တ္တရားရှိပါတယ်။
ဒကာ ဒကာမတွေ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစေဘို့
ဆောင်ရွက်ပေးရပါမယ်။
ရက်စက်ယုတ်မာတဲ့အစိုးရက ပြည်သူပြည်သား ဒကာ ဒကာမများကို 
မတရား ဖိနှိပ်ချုပ်ချယ် စိုးမိုးနေတာကို မြင်လို့ရှိရင် 
ရဟန်းတော်များက ပြောကြားပေးရမည့် တာဝန်ရှိပါတယ်။
ဒီနေရာမှာ ရက်စက်ကြမ်းကြုတ်တဲ့အစိုးရကို အမြင်တွေပြောင်းလဲသွားစေဖို့
ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့တရားတော်နဲ့အညီ ပြောဆို ဆုံးမရပါမယ်။
ရဟန်းတော်တစ်ပါးအနေနဲ့ လူတွေကို အကြမ်းဖက်တဲ့နည်းကျင့်သုံးလာအောင်
မပြောဟောသင့်ပါဘူး။ မစည်းရုံးသင့်ပါဘူး။
ပါတီအားလုံးအပေါ်မှာ မေတ္တာကရုဏာရှေ့ထားပြီး ပြောပြပြီး
မကောင်းတဲ့စရိုက်တွေကို ဖြစ်ပေါ်စေတတ်တဲ့ မောဟသဘောကို 
ဥာဏ်ပညာနဲ့ အစားထိုးနိုင်ဖို့ ကြိုးစားကြရပါမယ်။

ကောင်းမွန်တဲ့အစိုးရတစ်ရပ်ပေါ်ပေါက်လာဖို့ 
မင်္ဂလသုတ်၊ စက္က၀တ္တိသီဟနာဒသုတ်စတဲ့ သုတ်တော်တွေထဲမှာပါတဲ့
ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့အဆုံးမအမတွေကို
ရဟန်းတော်များက ရှင်းပြပေးရပါမယ်။

ရဟန်းတော်များဟာ 
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ ဆက်စပ်တဲ့ အခွင့်အရေးတွေကို
ပြည်သူပြည်သားဒကာ ဒကာမများကို ပြောပြသင့် ရှင်းပြပေးသင့်ပါတယ်။

ဒါပေမဲ့ သူကိုယ်တိုင်တော့ နိုင်ငံရေးထဲမှာ ထဲထဲဝင်ဝင် မပါဝင်သင့်ပါဘူး။

ရဟန်းတော်တစ်ပါးအနေနဲ့ လူဝတ်လဲပြီး 
သူဆန္ဒရှိတဲ့ ဘယ်အလုပ်မျိုးမဆို လုပ်ချင်သပဆိုရင်
သူ့ကို ဘယ်သူမှ တားဆီးပိုင်ခွင့်မရှိပါဘူး။
ဒါပေမဲ့ သင်္ကန်းဝတ်ထားပြီး လူတွေကို မှားယွင်းတဲ့ ထင်မြင်ချက်၊
မှားယွင်းတဲ့စိတ်ကူးစိတ်သန်းတွေကို လူတွေကို မပေးသင့်ပါဘူး။

သေချာတာတစ်ခုကတော့
ပြည်သူပြည်သားဒကာ ဒကာမများကို လူမှုရေး လူ့အဖွဲ့အစည်းလုပ်ငန်းတွေမှာ
တက်တက်ကြွကြွပါဝင်လာအောင် ကြိုးစားလှုံ့ဆော်ပြီး 
ရဟန်းတော်ကိုယ်တိုင် ရှေ့က မားမားမတ်မတ် လုပ်ဆောင်နိုင်ပါတယ်။

သတိထားရမှာက ကြာလို ကျင့်ကြံနေထိုင်ဘို့ပါ။
ကြာပန်းဟာ ရွှံ့ညွန်ထဲက ပေါက်ဖွားပေမဲ့ ရွှံ့ညွန်မပေကျံနေသလို
လောကီလူသားတွေကြားမှာနေနေတဲ့ ရဟန်းတော်တစ်ပါးအနေနဲ့လည်း
လောကီလူသားအများစုဖြစ်လေ့ရှိတဲ့ ကိလေသာအညစ်အကျေးတွေ မပေကျံမိဘို့
အရေးကြီးလှပါတယ်။

ဒါ ဆရာတော်ကြီးဖြေကြားထားတာကို အဆင်ပြေသလို ဘာသာပြန်လိုက်တာပါ။

နိုင်ငံရေးနဲ့ ပတ်သက်လို့ ရဟန်းတော်များကိုယ်တိုင်
ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိင်သင့် မပြိုင်သင့်ဆိုတာ 
သီဟိုဠ်ရဟန်းတော်နဲ့ စာရေးသူ မဆွေးနွေးဘူးပါဘူး။
သီဟိုဠ်နေစဉ် မဲ့ပေးခွင့် ဆိုတာကိုတော့ 
သီဟိုဠ်ရဟန်းတော်တစ်ပါးနဲ့ 
ဆွေးနွေးဘူးပါတယ်။
အဲ့အကြောင်းကို မဲပေးခွင့်ဆိုတဲ့ ခေါင်းစဉ်နဲ့ 
ဆောင်းပါးတစ်ပုဒ် ဒီလိုလေး ရေးခဲ့ဘူးပါတယ်။

သီဟိုဠ်နိုင်ငံမှာရှိတဲ့ရဟန်းသံဃာတော်တွေ 
နိုင်ငံရေးမှာကော ဘယ်လိုပတ်သက်မှုရှိလဲ။

သီဟိုဠ်နိုင်ငံမှာ နေစဉ်အတောအတွင်း 
ပါတီစုံရွေးကောက်ပွဲကျင်းပတာနဲ့ ကြုံဘူးတယ်။
အဲ့တုန်းက သီဟိုဠ်ဘုန်းကြီးကျောင်းတစ်ကျောင်းမှာနေတယ်။
ရပ်ကွက်မဲရုံကို ဘုန်းကြီးကျောင်းထဲက အဆောင်တစ်ဆောင်ရဲ့ အောက်ထပ်မှာ လုပ်ကြတယ်။
မဲပေးချိန်မှာ သီဟိုဠ်ဘုန်းကြီးက ထွက်လာပြီး မဲရုံကို သွားဘို့ ပြင်ဆင်တယ်။
ဒီတော့ အဲ့ဘုန်းကြီးကို စပ်စုဖြစ်တယ်။

“အရှင်ဘုရား၊ ဘယ်သွားမလို့ပါလဲဘုရား”

“မဲရုံကို”

“မဲရုံကို ဘာသွားလုပ်မှာလဲဘုရား”

“မဲသွားပေးမလို့ပေါ့ဟ”

“ဘုန်းကြီးတွေ မဲပေးလို့ ရလို့လား”

“အော်၊ ဒို့ဘုန်းကြီးတွေလဲ ဒီနိုင်ငံသားတွေပဲဟ၊ ဒီနိုင်ငံသားဆိုတော့ နိုင်ငံသား တစ်ယောက်အနေနဲ့ သူကြိုက်တဲ့သူကို ရွေးချယ်ပိုင်ခွင့်ရှိရမှာပေါ့။ ဒို့ဘုန်းကြီးတွေလဲ တက်လာတဲ့အစိုးရနဲ့ ပတ်သက် နေရတာ၊ ဆက်ဆံနေရတာ၊ တိုင်းလူကြီးနဲ့ပတ်သက်နေရတာ၊ ဆက်ဆံနေရတာ၊ မြို့နယ်လူကြီးနဲ့ ပတ်သက်နေရတာ၊ ဆက်ဆံနေရတာ၊ နောက်ဆုံး ရပ်ကွက်လူကြီးနဲ့ ပတ်သက်နေရတာ၊ ဆက်ဆံနေရတာ။ ဆိုတော့ ဒို့ပတ်သက် ဆက်ဆံနေရတဲ့လူကြီးတွေဟာ ဒို့ကြိုက်နှစ်သက်တဲ့ ဒို့ရွေးချယ်လိုက်တဲ့ ဒို့မဲပေးလိုက်တဲ့ လူကြီးတွေပဲဖြစ်ရမှာပေါ့။ ဒီလိုမှ ရွေချယ်ခွင့်မရရင် မဲပေးခွင့်မရရင် တက်လာတဲ့အစိုးရ၊  တိုင်းလူကြီး၊ မြို့နယ်လူကြီး၊ ရပ်ကွက်လူကြီး ဒို့နဲ့ပတ်သက်စရာ အကြောင်း မရှိဘူး။ ဒို့နဲ့မဆိုင်ဘူး။ သူတို့ထုတ်တဲ့ဥပဒေလဲ ဒို့လိုက်နာစရာမလိုဘူး။”

ဒါသီဟိုဠ်ဘုန်းကြီးမဲပေးခါနီး ပြောပြသွားခဲ့တဲ့စကားလေးတွေပါ။
စဉ်းစားစရာတွေ အများကြီးပဲ။

Ref: http://www.ksridhammananda.com/index.php?option=com_content&task=view&id=49&Itemid=44

Saturday, October 8, 2011

ကထိန်ပွဲ


ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ခင်ဗျား...

ကျွန်တော်များကပုန်းဘုန်းတော်ကြီးကျောင်းတွင်
ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို လှူဒါန်းမည့်
စုပေါင်းမဟာဘုံကထိန်ပွဲတော်ကြီး 
ကို
အောက်ဖော်ပြပါအစီအစဉ်အတိုင်း စည်ကားသိုက်မြိုက်စွာ
ကျင်းပမည်ဖြစ်ပါသောကြောင့်
စေတနာကြည်လင် ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့်
လာရောက်ကြည်ညိုသဒ္ဓါပွါးများနိုင်ရန်အတွက်
လေးစားစွာဖိတ်ကြားအပ်ပါသည်။

********************
အစီအစဉ်
နေ့ရက်
၁၃၇၃- ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ တနင်္ဂနွေနေ့
23// 10/ 2011 Sunday

အချိန်
နံနက် (၇း၀၀) နာရီ အရုဏ်ဆွမ်းဆက်ကပ်
(၈း၀၀) နာရီ ပဒေသာပင်လှည့်
(၉း၀၀) နာရီ တရားဟော (Mandarin)
(၁၀း၃၀) နာရီ ပရိသတ်ဧည့်ခံ
(၁၁း၃၀) နာရီ နေ့ဆွမ်းဆက်ကပ်
မွန်းလွဲ(၁း၀၀) တရားဟော (မြန်မာ)

နေရာ
ကပုန်းကျောင်း
No. 19, Jalan 38, Desa Jaya,
Kepong 52100
HP: 017 2743665 / 017 2422336

ခမ်းမြင့် စတိုးနှင့် စားသောက်ဆိုင်မှ
ကြွရောက်လာကြကုန်သော သံဃာတော်အရှင်မြတ်များနှင့်
ဧည့်ပရိသတ်တို့အား အရုဏ်၊နေ့ဆွမ်းတို့ဖြင့်
တည်ခင်းဧည့်ခံလှူဒါန်းပါသည်။


Kathina Robe Offering Ceremony

Dear Devotees
The Temple is going to celebrate 
the Kathina Robes Offering Ceremony 
which is one of the most important and significant ones 
for both the monks and the lay-devotees. 
You and your family members are cordially invited 
to participate in this auspicious occasion.
Your attendance will make this occasion truly meaningful 
and benefit both yourselves and all sentient beings.

Date: 23/10/2011 Sunday

Program Time-table
07:00 AM Breakfast Dana
08:00 AM Procession
09:00 AM Dhamma Talk (Mandarin)
10:30 AM Lunch for Devotees
11:30 AM Lunch Dana to Sangha members
01:00 PM Dhamma Talk (Burmese)

Venue:
Samnak Sambodhi Temple
19, Jalan 38, Desa Jaya,
Kepong 52100

For Enquiries, Please contact to: HP: 017 2743665 / 017 2422336

Friday, October 7, 2011

ဘုန်းကြီးနှင့် ရွေးကောက်ပွဲ



Question 
Can the members of the Sangha (Buddhist clergy) become candidates in a general election? 

Answer by K Sri Dhammananda
At the outset, thank you for your query and greetings of peace, happiness and contentment to you through the Blessings of the Noble Triple Gem. Buddhist monks are members of a democratic society and can always perform their civic duties that are not prohibited by the Vinaya.

First, we must ask ourselves why the Buddha instituted the Sangha Order. It was not to enable them to improve worldly conditions but to help them concentrate on their spiritual development and to be free from rebirth in this world of suffering.

They were forbidden to handle money and they had to rely on the generosity of others to get their daily sustenance. Therefore, if monks get involved in politics they are actually getting further immersed in social problems and not concentrating on their spiritual development. 

The two do not go together. Of course a monk (or nun) is obliged to care for the welfare of lay people and be concerned about their wellbeing. This means that if he sees people being oppressed by a cruel government, he must speak up. But this has to be done by teaching the Dhamma to influence their thinking.

The monk cannot incite the people to violence or to struggle. Deeply motivated by compassion for all parties, he has to strive to replace the ignorance that causes immoral behaviour with wisdom. He has to explain the Buddha's teaching on good governance as contained in the Mangala Sutta, the Cakkavatti Sihanada Sutta, etc.

He can teach people about their constitutional rights but he himself cannot be involved in politics. There is nothing to stop him from disrobing and doing whatever he likes, but he cannot give the wrong impression about what the robe represents. He can of course serve society by getting devotees to be active in community service and to help themselves, but like the lotus, he must not be defiled by mundane concerns.

Photo: buddhistdoor.com