Wednesday, September 14, 2011

ကိုယ့်ရှူးကိုယ်ပတ်



ရေးသူ - အရှင်ဒေ၀ိန္ဒ 

နောက်ဘုန်းကြီးတစ်ပါးကတော့ ဓမ္မကထိကဆရာတော်ပါ။
အဲ့ဒီဆရာတော်က တရားဆုံး အဘိဓမ္မာသတ်တဲ့အခါ 
ကဲ၊ လိုက်ဆိုကြဗျားဆိုပြီး 
လင်္ကာလေးတစ်ပုဒ် ချပေးပြီးမှ တရားသိမ်းလေ့ ရှိတယ်တဲ့။ 
သူချပေးတဲ့လင်္ကာလေးက -

“သားသမီးရှိတဲ့သူ၊ သားသမီးကြောင့်ပူ၊ လှိုက်ဆူ မချမ်းသာ”
ရွှေငွေရှိတဲ့သူ၊ ရွှေငွေတွေကြောင့်ပူ၊ လှိုက်ဆူမချမ်းသာ” တဲ့။

ဒီလင်္ကာလေးကို တရားဟောတိုင်းဟောတိုင်း ချပေးပြီးမှ 
တရားသိမ်းလေ့ရှိလို့ ရွာသား တွေအလွတ်ရနေကြတယ်တဲ့။

ဒါနဲ့ တစ်နေ့တော့ သူ့ကျောင်းဝိုင်းထဲမှာ 
သူကိုယ်တိုင်စိုက်ထားတဲ့ ဖရုံပင်တွေကို နွား ဝင်စားတဲ့အခါ 
ဆရာတော်က ကိုရင်တစ်ပါးကို 
“ဟဲ့ ဟဲ့ ကိုရင် ကိုရင် ဟိုနွား ဟိုနွား”  ဆိုပြီး 
စကားတွေ ဘာတွေထစ်ပြီး မောင်းခိုင်းသတဲ့။

ဒီတော့ ကိုရင်က နီးစပ်ရာဒုက်ကိုဆွဲပြီး နွားကို ပြေးမောင်းတာပေါ့။ 

ဒါပေမယ့် ကိုရင်က ပြေးရင်းလွှားရင်းက 
“ဖရုံပင်ရှိတဲ့သူ ဖရုံပင်ကြောင့်ပူ လှိုက်ဆူ မချမ်းသာ” လို့ အော်သွားသတဲ့။ 
ဒီကိုရင်ရဲ့စကားကြားတဲ့အခါ  ဆရာတော်ဟာ ဘာမှမပြောနိုင်ရှာဘူး။ 
ပါးစပ်အဟောင်းသားနဲ့ အံ့အားသင့်ပြီးနေရတယ်တဲ့။ 
ကိုယ့်ရှူးကိုယ်ပတ်ဆိုတာ ဒါမျိုးပြောတာထင်ရဲ့လို့ စဉ်းစားမိပါတယ်။