Tuesday, April 5, 2011

ပဲတင်သံ (၂)


ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် နဲ့ပတ်သက်ပြီး
ဒီလို တုန့်ပြန်ကြပါတယ်။
bigcat said:
အရှင်ဘုရားရေးတဲ့ အခုပို့စ်က ဘုန်းကြီးလေသံ (tone) အရင်ပို့စ်တွေထက်စာရင် နည်းလို့
ဖတ်ရတာ ပိုသဘောကျမိပါသည် (မြောက်ပေးခြင်းမဟုတ်ပါ  )
များသောအားဖြင့် စာတပုဒ်၊ စာတပိုဒ် ထဲနှင့် ပြည့်စုံအောင် ရေးဖို့မဖြစ်နိုင်သောကြောင့်
ရေးသူ၊ ဖတ်သူ၊ မန်းသူများအကြား အစာမကြေမှုလေးများ ဖြစ်တတ်ပါသည်။
ဘာပဲဖြစ်ဖြစ် အခုလို အပြန်အလှန် ဆွေးနွေးရင်းမှသာ
အကြံကောင်းညဏ်ကောင်းများ ပိုမိုထွက်ပေါ်နိုင်သောကြောင့်
ရေးသူ၊ မန်းသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း
ဘဒ္ဒန္တကြောင်ကြီးမှ မြွက်ကြားလိုက်သည်။

kai said:
အရှင်ဘုရားက.. စည်ကြီးလိုပဲနော..။
မတီးရင်တော့ အသံမမြည်ဘူး..
တီးလိုက်ရင်….အုန်းအုန်းနဲ့နေတာပါပဲ…။
သာဓုခေါ်ပါတယ်အရှင်ဘုရား..။
နိုင်ငံတကာအတွေ့အကြုံတွေရယ်… ..
ပါရဂူမြောက်တတ်ထားတဲ့ ဗုဒ္ဓစာပေသမိုင်းတွေရယ်နဲ့..
ယှဉ်ထိုးစဉ်းစားပြီး.. ဓမ္မကို .. လူပြိန်းနားလည်လွယ်အောင် ရှင်းပြပေးနိုင်တဲ့ အရှင်ဘုရားလို..
သာသနာ့ အာဇာနည်တွေကြောင့် သာသနာအတွက် တအားတော့တက်မိပါတယ်ဘုရား..။

researcher said:
အရှင်ဘုရားထံ ရည်ညွှန်းပြီး တပည့်တော် ရေးသားတဲ့ စာဟာ
ရဟန်းတော်တပါးထံ အမည်တပ်ပြီး လျှောက်ထားတာ ဖြစ်တဲ့အတွက်
အကြောင်းအရာ ၊ အရေးအသား ကျစ်လစ်ခိုင်မာဖို့ တပည့်တော် ကြိုးပမ်းရပါတယ်ဘုရာ့။ စကားလုံးအသုံးအနှုန်းတွေ မမှားယွင်းအောင်လဲ သတိထားရပါတယ်ဘုရာ့။
တပည့်တော်က စာရေးဆရာ မဟုတ်တဲ့အတွက် ဒီကိစ္စဟာ တပည့်တော်အတွက်တော့ လွယ်လွယ်လေးပါလို့ ပြောလို့မရပါဘူးဘုရာ့။ ရေးထားတာတွေကို အကြိမ်ကြိမ် edit လုပ်ရပါတယ်ဘုရာ့။ တပည့်တော် ရေးလိုက်တဲ့ အချက်အလက်တွေကို
အကျိုးအကြောင်းနဲ့ ရှင်းပြချင်ပေမယ်လို့ စာတွေ ဟုန်ပြီး၊
ဖောင်းပွပြီး လိုရင်းကို မရောက်မှာ စိုးလို့ရယ်ကြောင့်
ရှင်းပြတာတွေမပါပဲ တင်လိုက်တာပါဘုရာ့။
တပည့်တော်ရဲ့ အရေးအသား နောက်ကွယ်မှာ
မရှင်းပြထားတဲ့ တိမ်မြုပ်နေတဲ့ အဓိပ္ပါယ်တွေ ရှိနေတဲ့အတွက်
တပည့်တော်ရဲ့ ဆိုလိုရင်းတွေကို ရှင်းအောင် ပြန်လည်ရေးသားပေးပါ့မယ်ဘုရာ့။
အရှင်ဘုရားပြောပြစရာတွေ အားလုံးကိုဖတ်ပြီးရင်
တပည့်တော်ရဲ့ ဆိုလိုရင်းကဘာ၊ အရေးအသားတွေ ကျစ်လစ်သွားတဲ့အတွက် စာဖတ်သူက ဘယ်လိုနားလည်သွားတယ် ဆိုတာကို Post တစ်ခု ပြန်တင်လိုက်ပါ မယ်ဘုရာ့။

Ashin Manijota
လေးလေးနက်နက် ဖတ်သွားပါတယ်ဘုရား..
လက်တွေ့လုပ်ဆောင်ဖြစ်အောင်လည်း ကြိုးစားပါ့မယ်ဘုရား

Htikeoo Oo
အရမ်းကိုရှင်းသွားတာပါဘဲအရှင်ဘုရား။သာဓု..သာဓု..သာဓု

Yathaw Thaw
very good post ,sar du sar du sar du
Tharchit Zaw ဆရာတော်သာဓုအကြိမ်တသိန်းမကခေါ်ထိုက်ပါတယ်၊သံဃာသရဏံဂစ်ဆာမိပါဘုရား

Than Than Sein
သာသနာ အတွက် ဘဝတစ်ခုလုံးပေးပြီးလျှောက်လှမ်းနေသူတွေ ရဲ့ ဘဝကို
အခုမှ သာသနာ ကိုစတင်ထိတွေ့တဲ့လူတွေ က
အသိတစ်ချက် အမြင်တကွက် လေးနဲ့ မဆုံးဖြတ် မဝေဖန်ဘို့
အရေးကြီး လှပါတယ် ဆိုတာ ဒီစာစုလေးက သဘောပေါက်စေပါတယ် ဘုရား။

Ven. Parami to me
မြန်မာအချို့က ဘုန်းကြီးတွေ ပရဟိတလုပ်တာကို မကြိုက်ကြဘူး။
သူတို့သိတဲ့ပေတံလေးနဲ့ တိုင်းပြီး ဘုန်းကြီးဆိုတာ ပရိယတ် ပဋိပတ်အလုပ်ပဲလုပ်ရမယ်လို့ထင်မြင်နေကြတာ။
ဒီတော့ ဘုန်းကြီးတွေက ဒီလူတွေအကြိုက်အတိုင်း
နေထိုင်တဲ့ဘုန်းကြီးတွေဖြစ်လာသလားဆိုရင် လုံးဝဖြစ်မလာပါဘူး။
အနည်းငယ်လောက်ပဲ စာပေဘက်ထက်မြက်လာမယ်၊ ပဋိပတ်ဘက် လိုက်စားလာမယ်။
အများစုက ပရိယတ်လဲမဟုတ်၊ ပဋိပတ်လဲ မဟုတ်၊
ပရဟိတလဲ လူတွေမကြိုက်တော့မလုပ်၊ ဒါမှမဟုတ် လုပ်ရကောင်းမှန်းမသိလို့မလုပ်။
ဒီလိုနဲ့ ဘမ်းဘေးတေနေတဲ့ဘုန်းကြီးတွေ အများကြီးတိုးပွားလာတယ်၊ ကြုံသလိုလုပ်စားလာကြတဲ့ဘုန်းကြီးတွေလဲ အများကြီး တိုးပွားလာတယ်။
ဒီလို ကျဉ်းမြောင်းတဲ့အမြင်တွေဟာ ၀ိပဿနာတစ်ဖက်စွန်းရောက်သမားတွေအထံမှ ထွက်လာတတ်တာကို အများစုတွေ့ရပါတယ်။
ဝိပဿနာအလုပ်မှတစ်ပါး ဘာလုပ်လို့မှ အကောင်းမမြင်တတ်တဲ့အမြင်ဆိုးဟာ
ဝိပဿနာသမား တော်တော်များများမှာ စွဲနေတဲ့ ဒိဋ္ဌိအယူတစ်ခုပဲ။
ဝိပဿနာသမားတွေမှာ အများကောင်းကျိုးပြုလုပ်ငန်းတွေ၊
 တည်ထွင်ဖန်တီးမှုလုပ်ငန်းတွေ၊ ကြီးပွားချမ်းသာကြောင်းလုပ်ငန်းတွေ၊ ကိုယ့်တိုင်းကိုယ့်ပြည်တိုးတက်ရေးလုပ်ငန်းတွေစသည် ဘာဆိုဘာကိုမှ စိတ်မ၀င်စားနိုင်လောက်အောင်အထိ အစွန်းရောက် အမြင်တွေ
ဆိုးဝါးစွာဝင်ရောက်နေတတ်တာ အလွန်စိတ်မကောင်း ဖြစ်နေမိတယ်။
တကယ် ဒီဝိပဿနာအကျင့်နဲ့ နိဗ္ဗာန်ကို
ဒီဘ၀ အရောက် သွားနိုင်တဲ့ပုဂ္ဂိုလ်တွေအတွက်တော့ အပြစ်ဆိုစရာမရှိပေမယ့်
ဟိုမဟုတ် ဒီမဟုတ် ၀ိပဿနာသမား အများစုက
အဲဒီအမြင်ဆိုးတွေ မြင်နေတော့ မြင်တဲ့အတိုင်းလဲ
ဘာမှမလုပ်ကြတော့တဲ့အတွက် ကိုယ့်လူမျိုးအတွက် နစ်နာတယ်၊
ကိုယ့်တိုင်းပြည်အတွက်လဲ နစ်နာတယ်၊ ကိုယ့်သာသနာအတွက်လဲ နစ်နာတယ်။