Tuesday, August 31, 2010

ဘုရားသခင်ထံသို့ပေးစာ

တောင်ကြားထဲတွင် တစ်လုံးတည်းသာရှိသော အိမ်သည် 
ခပ်နိမ့်နိမ့်တောင်ကြောကလေးတစ်ခုထိပ်တွင် ရှိသည်။
တောင်ပေါ်မှ စီးကြည့်လိုက်လျှင် မြစ်၊ ထို့ နောက်နွားခြံ၊ ထို့ နောက်ပြောင်းပွင့်တွေ 
ဖွေးဖွေးလှုပ်အောင် ပွင့်နေသည့် ပြောင်းခင်းကို မြင်ရသည်။
ကြည့်လိုက်လျှင် အမြဲလိုလိုပင် အထွက်ကောင်းမည့်ပုံပေါ်သည်။

မြေကြီးက လိုအပ်နေသည့် အရာမှာမှာ မိုးရေသာလျှင်ဖြစ်သည်။
အနည်းဆုံး တစ်ပြိုက်နှစ်ပြိုက်ကျလိုက်လျှင် လုံလောက်ပြီ။
သူ့ ယာတောအကြောင်းကို ကောင်းကောင်းသိသည့် လင်းချိုသည် ဘာမျှမလုပ်။
အရှေ့ မြောက်ဖက် မိုးကောင်းကင်ကိုသာ မျှော်ကြည့်နေသည်။
" မိန်းမရေ မိုးကတော့ တစ်မကြီးရွာတော့မယ် ထင်တယ်ကွ"
 ညစာစားရန် ခူးခပ်ပြင်ဆင်နေသော သူ့ မိန်းမက
" ဟုတ်ပတော်၊ ဘုရားမတာပေါ့ "
သားကြီးများမှာ ယာထဲတွင်အလုပ်လုပ်နေကြပြီး သားငယ်များမှာ 
အိမ်အနီးတွင် ဆော့ကစားနေကြသည်။
" လာကြဟေ့၊ ထမင်းစားကြမယ်"

သူတို့ ထမင်းစားနေစဉ်တွင် လင်းချို ပြောသည့်အတိုင်း 
မိုးသီးမိုးပေါက်ကြီးများသည် တဖြုန်းဖြုန်းကျလာကြသည်။ 
အရှေ့ မြောက်ထောင့် ကောင်းကင်တွင်မူ 
တိမ်တောင် တိမ်လိပ်ကြီးများသည် တရွေ့ ရွေ့ လာနေကြလေပြီ။ 
လေသည်လတ်ဆတ်၍ ချိုမွှေးနေသည်။

အိမ်ရှင်ယောက်ျားသည် နွားခြံဆီသို့ ကိစ္စတစ်ခု ရှိပုံမျိုးဖြင့်ထွက်သွားသည်။
သို့ ရာတွင်ဘာမျှ ကိစ္စမရှိပါ။ 
ကိုယ်ပေါ်သို့ မိုးသီးမိုးပေါက်တို့ ကျသည့်အရသာ ခံရန်ဖြစ်ပါသည်။ 
ပြန်လာသည့်အခါတွင်သူက...
             " မိုးပေါ်ကကျတာ မိုးသီးမိုးပေါက်တွေ မဟုတ်ဘူးကွ၊ ရွှေမိုး ငွေမိုးတွေ၊ 
မိုးစက်အကြီးတွေက ၁၀ ပြားစေ့လောက်ရှိပြီး မိုးစက်အသေးတွေက ငါးပြားစေ့လောက်ရှိတယ်"
            သူသည်မိုးစက် ကန့်လန့် ကာကြီးထဲတွင် ပန်းတွေ တဝေဝေ ဖြစ်နေသော 
ပြောင်းခင်းများကို ကြည်နူးစွာ လှမ်းကြည့်နေသည်။

ထိုစဉ် လေခတ်ပြင်းပြင်းကျလာပြီး လေပြင်းနှင့်အတူ ကြီးမားသော မိုးသီးကြီးများ ကျလာသည်။ ထိုမိုးသီးကြီးများကမှ တကယ့်ရွှေစ ငွေစနှင့် တူခြင်းဖြစ်သည်။
ကလေးများသည် မိုးရေထဲတွင် ပြေးလွှားကာ မိုးသီးများကို ကောက်ကြသည်။
             " မိုးသီးတွေ သိပ်များရင် မကောင်းဘူးဟေ့၊ တော်ဖို့ ကောင်းပြီထင်တယ်" ဟု 
ယောက်ျားက မိုးသီးများကိုကြည့်ရင်း အလန့် တကြားပြောသည်။
             
သို့ ရာတွင် မိုးသီးများမှာ ရပ်မသွားပါ။ အိမ်ခေါင်မိုးပေါ်၊ သစ်ပင်များပေါ်၊ ယာတောပေါ်၊ တောင်ကြောပေါ်သို့  တစ်နာရီခန့် ဆက်တိုက် ကျနေကြသည်။
ယာတောတစ်ခုလုံးသည် ဆားတွေပက်ထားသည့်နှယ် ဖွေးနေတော့သည်။
သစ်ပင်ပေါ်တွင် သစ်ရွက်တွေ မရှိတော့။
ပြောင်းနှံတွေ ပျက်ကုန်ပြီ။ ပြောင်းပွင့်တွေ ကြွေကျကုန်ပြီ။
လင်းချိုသည် ဝမ်းနည်း၍ မဆုံးဖြစ်နေသည်။

မိုးသီးမုန်တိုင်း စဲသွားသည့်အခါ၌ လင်းချိုသည် ယာတောအလည်တွင်ရပ်ရင်း
သူ့ သားများကို ပြောနေသည်။
               " ကျိုင်းကောင်အုပ်ကျတာမှ သက်သာဦးမယ်ကွာ၊ မိုးသီးကျလိုက်တာ ဘာမှမကျန်တော့ဘူး၊ ဒီနှစ်တော့ တို့ များပြောင်းလည်းရမှာမဟုတ်ဘူး၊ ပဲလဲရမှာ မဟုတ်တော့ဘူး။
" ဘယ်သူမှ မကယ်နိုင်တော့ဘူး ထင်ပါရဲ့ "
" ဒီနှစ်တော့ ဝမ်းစာတောင် ရှိမှာမဟုတ်တော့ဘူး"

သို့ ရာတွင် တောင်ကြားထဲရှိ တစ်လုံးတည်းသောအိမ်တွင် နေကြသူတို့  စိတ်ထဲ၌ကား 
မျှော်လင့်ချက်တစ်ခု ရှိနေသည်။ ယင်းမှာ ဘုရားသခင်၏ မှိုင်းမမှုဖြစ်သည်။
" ပျက်တော့ ပျက်တာပေါ့လေ၊
ဒါပေမယ့် ဒီလောက်လည်း စိတ်ဓာတ်မကျ ကြပါနဲ့ ၊
ငတ်သေတဲ့ မသာရယ်လို့ တော့ မရှိပါဘူး"
                " အင်း၊ ငတ်သေတဲ့ မသာ မရှိဘူးလို့ တော့ ပြောကြတာပဲလေ"

ထိုနေ့ ည တစ်ညလုံး လင်းချိုသည် မျှော်လင့်ချက်တစ်ခုကိုသာ တွေးမိ၏။
ယင်းမှာ ဘုရားသခင်၏ မှိုင်းမမှုဖြစ်သည်။ ဘုရားသခင်သည် လူသတ္တဝါ
အပေါင်းတို့ ၏ စိတ်ထဲတွင်ရှိသည့် ဆန္ဒကို သိမြင်တော်မူသည် မဟုတ်ပါလော။
             လင်းချိုသည် ယာတောတွင် နွားလို ရုန်းဖို့ လောက်သာ သိသူဖြစ်၏။
မည်သို့ စာရေးရမည်ကို မသိ။

နောက်တစ်နေ့ မနက်လင်းသည်နှင့် လင်းချိုသည် စာတစ်စောင်ကို ကြိုးစား၍ရေးနေသည်။
သူ့ ကိုဘုရားသခင်က မှိုင်းမတော်မူမည်ဟုလည်း သူ ယုံကြည်၏။
ထိုစာမှာ အခြားစာမဟုတ်။
ဘုရားသခင်ထံ ပေးစာဖြစ်ပါသည်။
 
" လျှောက်ထားအပ်သည် ဘုရား၊ ယခုနှစ်တွင် မိသားစု ငတ်ကြရမည်သာ ဖြစ်ပါသည်။
လယ်ယာတောမှာ မိုးသီးကြောင့် ပျက်သွားသဖြင့် နောက်ထပ်ပြန်စိုက်ရန်နှင့်
ကောက်သစ်မပေါ်မီ စားသောက်ရန်အတွက် ငွေတစ်ရာလောက် လိုပါသည်။
သူသည် စာကို စာအိပ်ထဲတွင် ထည့်၊
စာအိတ်ပေါ်တွင် 'ဘုရားသခင်ထံသို့ ပေးရန်' ဟု 
ရေးပြီး စာထည့်ရန် မြို့ သို့ လာခဲ့သည်။

စာတိုက်မှ တံဆိပ်ခေါင်း တစ်လုံးဝယ်၍ကပ်ပြီးနောက် စာကို စာတိုက်ပုံးထဲ ထည့်ထားခဲ့သည်။
            စာပို့ သမားသည် ထိုစာကို တွေ့ သည့်အခါတွင် ရယ်မောကာ စာတိုက်ဗိုလ်ကို သွားပြသည်။
သူ့ တစ်သက်တွင် ဘုရားသခင်ထံ လိပ်စာတပ်ထားသော စာတစ်စောင်ကို
တစ်ခါမျှ မတွေ့ ဘူးခဲ့။ သဘောကောင်းသည့် ခပ်ဝဝ စာတိုက်ဗိုလ်သည်လည်း
ထိုလိပ်စာကို မြင်သည့်အခါတွင် ခွက်ထိုးခွက်လန် ရယ်မိသည်။

ထို့ နောက် ချက်ချင်းလေးနက် သွားကာ စာကို စားပွဲပေါ်တွင် တဖျတ်ဖျတ်ရိုက်ရင်း.....
' သူ့ ခမျာ သနားပါတယ်ကွာ၊ ဘုရားတရားကို တော်တော်ယုံကြည်ရှာတာပဲ၊
သူ့ လိုယုံကြည်နိုင်တဲ့ သူဖြစ်ရင် ဘယ်လောက်ကောင်းမလဲ မသိဘူး၊
သူ့ လို ယုံကြည်ချင်လိုက်တာ၊ သူ့ လိုမျှော်လင့်ချက်မျိုးရှိချင်လိုက်တာ၊ ကြည့်စမ်းပါဦး၊ 
ဘုရားသခင်ဆီကို အားကိုးတကြီးနဲ့ စာနဲ့ ပေနဲ့တောင် ဆက်သွယ်တယ် '
   ဝေငှ၍မဖြစ်သည့် စာတစ်စောင်ကို ဖတ်ရင်း ဘာသာတရားကိုင်းရှိုင်းပုံကို ကြည့်၍
စိတ်ပျက်အားငယ်ခြင်း မဖြစ်စေရန် တစ်ခုခုကူညီသင့်သည်ဟု
စာတိုက်ဗိုလ်ကြီး သဘောရသည်။ 

သို့ ရာတွင် စာကိုဖွင့်၍ ဖတ်လိုသည့်အခါ၌ သူ့ စာကို ပြန်လျှင်စိတ်စေတနာကောင်းရုံ၊
မင်ရှိရုံ၊ စာရွက်ရှိရုံဖြင့် မလုံလောက်ကြောင်းကို သူ သဘောပေါက်လာသည်။
သို့ ရာတွင် သူ့ ဆုံးဖြတ်ချက်ကို မပြောင်းပါ။
စာတိုက်ဗိုလ်ကြီးသည် စာတိုက်အမှုထမ်းများထံမှ ငွေကောက်သည်။
သူကိုယ်တိုင်လည်း သူ့ လစာ တစ်စိတ်တစ်ပိုင်းကို ထည့်သည်။
သူ့ မိတ်ဆွေများကလည်း ' အလှူဒါန ' အဖြစ်တတ်နိုင်သလောက် ထည့်ဝင်ကြသည်။
             တစ်ချီတည်းဖြင့် ငွေတစ်ရာရဖို့ မလွယ်ပါ။

ထို့ ကြောင့် စာတိုက်ဗိုလ်ကြီးသည် တစ်ဝက်ကျော်ကျော်ရှိသည့် ငွေစက္ကူများကို
စာအိတ်တစ်အိတ်တွင် ထည့်ပြီး လင်းချိုထံ ပို့ လိုက်သည်။
စာအိတ်ထဲတွင် ' ဘုရားသခင်' ဆိုသည့် စာလုံးတစ်လုံးကိုသာ
ရေးထားသည့် စာတစ်ရွက် ကိုလည်း ထည့်ပေးလိုက်၏။
             နောက်တစ်နေ့  တနင်္ဂနွေနေ့  မနက်စောစောတွင် လင်းချိုသည် သူကိုယ်တိုင်
စာတိုက်သို့ ပေါက်လာကာ သူ့ အတွက် စာရောက်ခြင်း ရှိမရှိကို လာ၍စုံစမ်းသည်။
စာပို့ သမားကိုယ်တိုင် ထိုစာကို လင်းချို လက်သို့ ပေးလိုက်၏။
စာတိုက်ဗိုလ်ကြီးမှာကား ကုသိုလ်ကောင်းမှုတစ်ခု
ပြုလိုက်ရသဖြင့် ပီတိဖြစ်နေသူတစ်ဦး အနေဖြင့် အတွင်းဘက်မှနေ၍
လင်းချို ကို လှမ်းကြည့်နေသည်။
           
လင်းချိုသည် စာအိတ်ကိုဖွင့်၍ ငွေစက္ကူများကို မြင်သည့်အခါတွင်
နည်းနည်းမျှ အံ့အားသင့်ဟန်မပြပါ။
ထိုအရာများကို ရလိမ့် မည်ဟု သူယုံကြည်ပြီးသားဖြစ်ဟန်တူပါသည်။
သို့ ရာတွင် ပိုက်ဆံကို ရေတွက်ပြီးသည့်အခါတွင် လင်းချိုသည် ဒေါပွ၍မဆုံးဖြစ်နေသည်။ 
ဘုရားသခင်သည် ငွေအရေ မမှားနိုင်။
သူတောင်းသည့် ငွေအရေအတွက်ကိုလည်း ငြင်းဆန်ခြင်း ပြုမည်မဟုတ်။
           
လင်းချိုသည် စာတိုက်ပြတင်းဝနားသို့ ရောက်လာကာ
စာရွက်တစ်ရွက်နှင့် မင်ကို တောင်းသည်။
ထို့ နောက် စာတိုက်ကောင်တာတွင် ထိုင်ကာ
သူရေးမည့် အကြောင်းအရာကို 
မျက်မှောင်ကြီးကုပ်၍ စဉ်းစားရင်း စာတစ်စောင်ရေးနေသည်။ 

စာရေးပြီးသည့်အခါတွင် အပေါက်ဝသို့ သွားကာ တံဆိပ်ခေါင်းတစ်လုံးဝယ်၍ 
တံတွေးဖြင့်ကပ်ပြီးသော် လက်ဖြင့် တဒုန်းဒုန်း မြည်အောင် ထုသည်။
             စာတိုက်ပုံးထဲသို့  စာရောက်သွားသည်နှင့် စာတိုက်ဗိုလ်ကြီးသည် 
စာတိုက်ပုံးထဲမှ စာကိုယူ၍ ဖတ်၏။ စာထဲတွင် အောက်ပါအတိုင်းပါရှိ၏။
           
' လျှောက်ထားတောင်းဆိုသည့် ပိုက်ဆံတို့ အနက် ငွေ ၇၀ သာ လက်ထဲသို့ ရောက်လာပါသည်။ ကျန်ငွေများကို ဆက်လက်ပို့ ပါဘုရား။ များစွာအသုံးလိုနေပါသည်။ 
သို့ ရာတွင် ယခုတစ်ခေါက် ပို့ လျှင် စာတိုက်မှ မပို့ ပါနှင့်ဘုရား။ 
စာတိုက်အမှုထမ်းများသည် လူလိမ်လူကောက်များဖြစ်ပါသည် ဘုရား။
‘လင်းချို '
ဟူ၍ဖြစ်သည်။
ပင်လယ်တွဲ -င၊ အမှတ်-၁၊ ၁၉၉၆ ဒီဇင်ဘာလ။
မက္ကစီကို စာရေးဆရာ Gregoria Lopezy ၏ A Letter to God ကို ဘာသာပြန်သည်
( မြသန်းတင့် )
@MMCYBERMEDIA

Monday, August 30, 2010

ယဉ်ကျေးမှုထိန်းသိမ်းလိုက်ပုံများ


From Eleven Media Group

The Nature of Mind

The mind is naturally pure and radiant.
But external objects pollute the mind
Through the influence of senses
And mental faculties or defilements.
A.1:10

Sunday, August 29, 2010

Do good!

Life is short.
Time is fleeting.
Uncover the True Nature.
Purify the mind and heart
To attain happiness.
Be kind;
Be compassionate.
Be generous;
Do good.
Concentrate.
Understand.
Awaken.

Saturday, August 28, 2010

ထူးဆန်းတာတွေ

(၁)
အင်္ဂလန် နိုင်ငံ ရဲ့ ပထမမြောက် ဂျော့ရှ် ဘုရင်မင်းမြတ်ဟာ
အင်္ဂလိပ်စကား တစ်လုံးမှ မပြောတတ်ပါဘူး တဲ့ ။

(၂)
ပါရှားပြည်ကို BC 558 - 529 ထိ စိုးစံခဲ့တဲ့ မဟာဆိုင်းရပ်စ် ဘုရင်ကြီးဟာ
      တစ်နေ.မှာ  နေ. (၁၂) နာရီ ည (၁၂) နာရီ ရှိတယ်လို.
ပထမဦးဆုံး ပိုင်းခြားသတ်မှတ်ပေးခဲ့သူပါ ။
      ပစ္စည်းရေတွက်တဲ့ခါမှာလည်း (၁၂) ခု   ဒါဇင် ဆိုတာကို စတင်အသုံးပြုစေခဲ့သူပါ ။

(၃)
ပြင်သစ်ခေါင်းဆောင် တစ်ယောက်ရဲ့ဖြစ်တဲ့ ကာဒီနယ် ရစ်ချယ်လီယူ( ၁၅၈၅ - ၁၆၄၂ ) ဟာ
    စားပွဲတင်သားလှီးဓါးအ၀ိုင်းကို   စတင်အသုံးပြုစေခဲ့တာပါ ။
    ဘာလို.လဲဆိုတော့
ညစာစားသူတွေဟာ သားလှီးဓါး ဦးချွန်တွေနဲ့ သွားကြားထိုး ကြလို.ပါတဲ့ ခင်ဗျာ...။

(၄)
တတိယမြောက် ကွန်ရက် ဘုရင်ကြီး ဟာ ၀ိုင်းစဘတ်မြို.ကို
၁၁၄၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ.မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ် ။
အဲလို သိမ်းပိုက်ပြီးနောက်မှာ ဘုရင်ကြီး က မြို.တွင်းရှိ အမျိုးသမီးများ
ဘေးကင်းစွာဖြင့်  မြို.တွင်းမှထွက်ခွာနိုင်တယ် ။
ထိုသို.ထွက်ခွာရာတွင် မိမိသယ်ဆောင်နိုင်သော မည်သည့်အရာကိုမဆို
     သယ်ဆောင်သွားနိုင်သည် ... လို.တရားဝင် အမိန်.ကြေငြာခဲ့တယ် ။
     အဲဒီ အမျိုးသမီးတွေ ဘာကို သယ်ဆောင်သွားခဲ့တယ်လို. မိတ်ဆွေတို. ထင်ပါသလဲ။
     သူတို.ရဲ့ လင်ယောက်ျားတွေ ကို ချီပိုးပြီး ခေါ်ထုတ်သွားခဲ့တာပါတဲ့ ခင်ဗျာ။

(၅)
ဖဲချပ်မှာပါတဲ့ King တွေဟာ သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ဘုရင်တွေကို ကိုယ်စားပြုပါတယ်။
Spades:King David
      Clubs:Alexander The Great
      Hearts:Charlemagne
      Diamonds:Julius Cesar

(၆)
ပါရှားပြည် (အီရန်) ကို ၁၂၉၁ မှ ၁၂၉၅ ထိ စိုးစံခဲ့တဲ့ ကန်ဂျာတူး ဘုရင်ကို သူ.ရဲ့ တိုင်းသူပြည်သားတွေက နန်းချပြီး လည်မျို  ညစ်သတ်တာခံခဲ့ရပါတယ် ။
     ဘာကြောင့်လည်းဆိုတော့ သူက ငွေစက္ကူကို စတင်အသုံးပြုဖို. စီစဉ်ခဲ့တဲ့အတွက်ပဲ ဖြစ်ပါတယ်။

(၇)
ပရပ်ရှား ပြည်က မြို.စားကြီးအဲလ်ဘတ်နဲ့ မြို.စားကတော် အန်နာမာရီယာ တို.ကို
     တစ်နှစ်ထဲ တစ်လထဲ တစ်ချိန်ထဲ ၁၅၀၁ ခုနှစ် မေလ (၂၀) ရက်နေ.မှာ မွေးဖွားခဲ့ပါတယ် ။
     မွေးဖွားတဲ့ အချိန်နာရီကလည်း အတူတူပါပဲတဲ့ ။
သေဆုံးတဲ့အခါမှာလည်း တစ်နှစ်ထဲ တစ်လထဲ တစ်နေ.ထဲပါပဲ။
၁၅၆၈ ခုနှစ် မတ်လ (၂၀) ရက်နေ.မှာ သေဆုံးခဲ့ပါတယ် ။
     သေဆုံးချိန်ကလည်း အတူတူပါတဲ့ ခင်ဗျ ။

(၈) ပြင်သစ်ပြည်ရဲ့ အဌမမြောက် ချားလ်စ် ဘုရင်(၁၄၇၀ - ၁၄၉၈) ဟာ
အဆိပ်ခတ်ခံရမှာ အလွန်ကြောက်တဲ့အတွက်
အစားသောက်ကို နည်းနည်းလေးပဲ စားခဲ့တဲ့အတွက်
အာဟာရချို.တဲ့ပြီး သေဆုံးခဲ့ရပါတယ်တဲ့

(၉)
ရုရှားပြည်ရဲ့ ဧကရီဘုရင်မ ပထမမြောက် အယ်လစ်ဇဘတ် (၁၇၀၉ - ၁၇၆၁) ဟာ
အမှောင်ကို အလွန်ကြောက်တဲ့အတွက် နေ့ခင်းဘက်မှာသာ အိပ်စက်ခြင်းပြုပါတယ်တဲ့။

(၁၀)
ကမ္ဘာ့. အဆိုးယုတ်ဆုံးအမျိုးသမီးအကြောင်း မိတ်ဆွေတို.ကြားဖူးလား မသိဘူး။
       အာရှမိုင်းနား ရှိ ကတ်စပါဒိုစီးယား ရဲ့ မိဘုရား လာအိုဒိုက်စ် ဟာ
သူမရဲ့ ခင်ပွန်းကို
       စတုတ္ထမြောက် အရိယရသီ ဘုရင်အဖြစ် နန်းတင်ဖို.အတွက်
သူမရဲ့ သားအရင်းခေါက်ခေါက် ငါးယောက်ကို သုတ်သင်သတ်ဖြတ်ခဲ့ပါတယ် ။
သူမ ရဲ့ ဆဌမမြောက် သားကတော့ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး
အဲဒီသားတော် ဘုရင်ဖြစ်လာတဲ့ အခါမှာ နန်းတက်ဘိသိတ်ခံပွဲလုပ်တဲ့နေ.မှာပဲ
      သူ.မယ်တော်ကို သေဒဏ်ပေးခဲ့ပါတယ် ။
      ဒါဟာ သမိုင်းမှာ အဆိုးယုတ်ဆုံးအမျိုးသမီးတစ်ယောက်ရဲ့ မှတ်တမ်းပါ။
@MMCYBERMEDIA

Friday, August 27, 2010

Pali Proverbs

Useful Proverbs
(from Buddhist Texts)

‘People who are heedful never die’
Appamatta na miyanti

‘Heedfulness is the way to immortality’
Appamado amatam padam

‘It is best to conquer oneself’
AttA have jitaM seyyo

‘In this world desire is the most difficult thing to give up.
Iccha lokasmim dujjaha

‘An angry person does not see what is right’
Khuddho dhammam na passati

‘One will reap in the way one has sown’
Yadisam vapate bIjam, tadisam labhate phalam

‘Let a wise person first establish himself in the proper path’
Attanam eva pathamam, patirupe nivesaye

‘Righteousness will protect those who are righteous’
Dhammo have rakkhati dhammacari

‘Rise up, do not be heedless’
Uttitthe na pamajjeyya

‘One is one’s own master, for what other master could there be’
Atta hi attano natho, ko hi natho paro siya

‘Wealth ruins the fools’
Hananti bhoga dummedha

‘There is no safe place in this world for those who commit evil’
Natthi loke raho nama, papakammam pakubbato

Thursday, August 26, 2010

ဂုဏ်ယူခြင်းနှင့် ရှက်စိတ်

ကျွန်တော်ဟာ ငယ်ငယ်လေးထဲက ဆရာဝန်တစ်ဦး အရမ်းဖြစ်ချင်ခဲ့ပါတယ်။
ဆရာဝန်ဖြစ်တဲ့ ဖေဖေကို အားကျပြီးတော့ ဆရာဝန်မဖြစ်ရင် သေရမလောက်ကို ဆန္ဒပြင်းပြခဲ့သူပါ။ ဖေဖေ့ကို အားကျတာတစ်ခုထဲနှင့် ကြိုးစားခဲ့တဲ့ ကျွန်တော်ဟာ ဆေးကျောင်းတက်ခွင့် ရခါနီးအချိန်မှာ မေမေက ကျွန်တော့်ကို လမ်းကြောင်းတစ်ခု ချပြပါတယ်။
ကွန်ပျူတာတက္ကသိုလ် တက်ဖို့ပါ။ အဲဒီအချိန်တုန်းက ကွန်ပျူတာတက္ကသိုလ်က ပေါ်ခါစဆိုတော့ နောက်ပိုင်းမှာ အခွင့်အလမ်းတွေ အများကြီးရနိုင်တယ် ပေါ့။
 
မေမေ့ရဲ့ဆန္ဒကို ဆန့်ကျင်ပြီး ဆရာဝန်ဖြစ်အောင် ကြိုးစားခဲ့တဲ့ ကျွန်တော့်အတွက် ဆရာဝန်ဘ၀အစဟာ ဆန္ဒပြင်းပြစွာ ၀ါသနာကို အရင်းခံပြီး အခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ လူနာတွေပေါ်မှာ သနားတဲ့စိတ်နှင့် တစ်နေ့နေ့ဆိုတဲ့ မျှော်လင့်ချက်တွေဟာလည်း ကျွန်တော့်ကို အားဖြည့်ပေးခဲ့ပါတယ်။ လုပ်သက်လေး ရလာတဲ့အခါမှာ ကျွန်တော်လုပ်နေတဲ့ ဆရာဝန်ဘ၀ကို ၀ါသနာထက်ပိုတဲ့ နှစ်သက်မှုတွေ ရခဲ့ပါတယ်။ လူတိုင်း မိမိလုပ်နေတဲ့ အလုပ်ကို ကျေနပ်မှု(Job Satisifaction)ရဖို့မလွယ်တဲ့ အချိန်မှာ ကျွန်တော်ဟာ ကံကောင်းသူလို့ ဆိုရပါမယ်။
 
ကျွန်တော့်ရဲ့ ယူဆချက်အရ ဆေးကုသခြင်းအလုပ်ဟာ
ကုသိုလ်လည်းရ ၀မ်းလည်းဝတဲ့အပြင် ဗြဟ္မစိုရ်တရား လေးပါးနှင့်လည်း
ညီတဲ့အလုပ်လို့ မှတ်ယူပါတယ်။ ကျွန်တော်တို့ လူနာတွေကို တွေ့တဲ့အချိန်မှာ ဝေဒနာတွေ ခံစားနေရတဲ့ သူတို့ကို သနားကြင်နာစိတ်တွေ ၀င်မိခဲ့ပါတယ်။ဒါဟာ ကရုဏာဗြဟ္မစိုရ်ပါပဲ။
ပြီးတော့ သူတို့ကို ကုသတဲ့အခါမှာ ကောင်းပါစေဆိုတဲ့ စိတ်ကလေးနှင့် ကုကြပြန်ပါတယ်။
အဲဒါ မေတ္တာ ဗြဟ္မစိုရ်ပါပဲ။ သူတို့တွေ ကောင်းသွားတဲ့ အချိန်မှာလည်း ပီတိဖြစ်ရပါတယ်။
မုဒိတာ ဗြဟ္မစိုရ်ပေါ့။ မိမိဘက်က အကောင်းဆုံး ကြိုးစားပေမယ့် လက်လွှတ်ဆုံးရှုံးသွားတဲ့ လူနာတွေအတွက်လည်း မခံချိမခံသာ မဖြစ်ဘဲ ကံအကြောင်းဖြင့်သာ ဖြစ်ရပေတယ်လို့ နှလုံးသွင်းနိုင်ရင် ဥပေက္ခာ ဗြဟ္မစိုရ်ကို ပွားများရာ ရောက်ပါတယ်။
ဆေးကုသသူ တစ်ဦးရဲ့ ဘ၀ဟာ အလုပ်လုပ်ရင်း ဘာဝနာပွားနိုင်တဲ့ အလုပ်လို့ပါ ထပ်မံခံယူသွားနိုင်တဲ့ အခါမှာတော့ ဘယ်လို အခက်အခဲ တွေပဲ တွေ့တွေ့ ယခု ဆရာဝန်ဘ၀ကို စွန့်လွှတ်ဖို့ဆိုတာ မဖြစ်နိုင်လောက်အောင် မြတ်နိုးတွယ်တာ လာခဲ့ပါတယ်။
 
အဲဒီကနေ ကံ၊ ကံ၏ အကြောင်းတရားကို နားလည်လက်ခံ သဘောပေါက်တဲ့ အခါမှာတော့ တစ်နေ့တစ်ချိန်ကျရင် ကျွန်တော်ကိုယ်တိုင်လည်း ခုလုပ်ခဲ့တဲ့ ကုသိုလ်ကံတွေရဲ့ အကျိုးကို ခံစားရမယ်လို့ ယုံကြည်မိပါတယ်။ အဲဒါတွေ ပေါင်းစုံလိုက်တော့ ဆရာဝန်တစ်ယောက်ရဲ့ဘ၀ကို ကျွန်တော်ဟာ ကျေကျေနပ်နပ်ကြီးကို နေ့မအား ညမနား လုပ်ဆောင် ပျော်ရွှင်နေတော့တာပါပဲ။ ဆရာဝန်ဘ၀ကိုလည်း ဘယ်လောက်ထိအောင် မက်မောမိသည်လည်းဆိုရင် ဖြစ်နိုင်ရင် နောင်ဘ၀တောင် ဆရာဝန်ပြန် ဖြစ်ချင်သေးတဲ့ အထိပါပဲ။ ဒီ့ပြင်မက ကျွန်တော့်လက်အောက်က ၀န်ထမ်းငယ်တွေကိုလည်း အလုပ်လုပ်ရင်း ကုသိုလ်ရတဲ့ ကျန်းမာရေး ၀န်ထမ်းအလုပ်ကို မြတ်နိုးဂုဏ်ယူလာအောင် အမြဲပြောပြနေမိပါတယ်။
 
တဖြည်းဖြည်းနှင့် ဆရာဝန် လုပ်သက်ကလေး ကြာလာတဲ့အခါ အတွေ့အကြုံတွေလည်း စုံလာတော့တာပေါ့။ အတွေ့အကြုံတွေထဲမှာ ကိုယ်တိုင် တွေ့ကြုံရတာတွေ ပါသလို ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေလည်း ပါပါတယ်။ ကျွန်တော် သုံးသပ် မိသလောက် ကျွန်တော်အပါအ၀င် ဆရာဝန်တော်တော်များများဟာ သူတကာတွေထက်ကို ဣသာမစ္ဆရိယစိတ်တွေ များပါတယ်။ (လက်မခံကြရင်လည်း လက်မခံသူတွေဟာ ရှားရှားပါးပါး မွန်မြတ်သူတွေလို့ ကိုယ့်ကိုယ်ကို အမှတ်ပေးကြပါတော့။) ဆရာဝန်ဖြစ်လာကြတဲ့ သူတွေအားလုံးဟာ ငယ်ငယ်ထဲက အတန်းစဉ်မှာ အတော်ဆုံးတွေထဲကပဲ ဖြစ်ကြပါတယ်။ မိဘနှင့်ဆရာတွေကလည်း တော်သည်ထက် တော်အောင် တွန်းအားပေး ဆောင်ရွက်ခဲ့ကြတာ ကိုယ်တွေ့ပါ။ ဘယ်သူလောက်မှ အမှတ်မကောင်းဘူးလား ဘယ်သူ့ထက် ညံ့သွားပြီ သူ-ျီးစားဖို့ကောင်းတယ် စသည်ဖြင့် ဖြည်းဖြည်းတစ်ဖုံ တင်းတင်းတစ်မျိုး မောင်းနှင်ခဲ့ကြပါတယ်။ အမှန်တော့ အဲဒီလိုလုပ်ရပ်ဟာ ဣသာမစ္ဆရိယစိတ်ကို တဖြည်းဖြည်း မသိမသာ မွေးမြူပေးလိုက်တာ နှင့် တူတူပါပဲ။ ပြိုင်ဘက်တစ်ဦးဦးဟာ မိမိထက် အမှတ်များသွားရင် အဆင့်ကောင်းသွားရင် စိတ်မကောင်း။ မိမိလောက် အမှတ်မများရင် အဆင့်နိမ့်ရင် ကျေနပ်ဝမ်းသာခြင်း ဆိုတာတွေဟာ ဣသာမစ္ဆရိယစိတ်တွေပဲ မဟုတ်ပါလား။
 
အဲဒီလို ငယ်စဉ်က တည်းက အမြစ်တွယ်ခဲ့တဲ့ ဣသာမစ္ဆရိယဟာ
အသက်အရွယ်ရ လူလားမြောက် အလုပ်ခွင်ထဲ ရောက်တော့လည်း
အသိဉာဏ်နှင့် ထိန်းသိမ်းပြီး လျော့ပါးသွားသူတွေ ရှိပေမယ့် ကျွန်တော်အပါအ၀င် တော်တော်များများမှာတော့ သတိမပြုနိုင်ဘဲ ပိုလို့တောင် ကြီးထွားလာပါတော့တယ်။
ကျွန်တော်ဆို တာဝန်ကျဘူးတဲ့ နယ်တွေ၊ လူတွေ၊ မိတ်ဆွေဟောင်းတွေနှင့် တွေ့မိ၊ ဆုံမိတဲ့အခါ ဆရာရှိတုန်းကလို မဟုတ်ဘူး ဆရာရဲ့ အစချီပြီးတော့ ကျွန်တော့်လက်ထက်ကို ချီးမွမ်းစကားတွေဆိုပြီး 
 
ကျွန်တော့် နောက်ပိုင်းမှာ ဆုတ်ယုတ်တာ (အမှန်တော့ ဆုတ်ယုတ်ချင်မှ ဆုတ်ယုတ်မှာပါ။ ကျွန်တော်နှင့်တွေ့ ကျွန်တော့်အကြိုက် လိုက်ပြောကြတာသာ ဖြစ်မှာပါ) အဆင်မပြေတာတွေ ပြောပြကြရင် ကျွန်တော့်မှာ ကျေနပ်ပီတိတွေဖြစ်လို့။ သေချာစဉ်းစားကြည့်တော့ အဲဒီလို ခံစားမှုဟာ ဣသာမစ္ဆရိယပါပဲ။ မိမိရှိတုန်း အောင်မြင်စေလိုပြီး မိမိမရှိရင် ပျက်စီးစေချင်တာဟာ ဣသာမစ္ဆရိယပေါ့။ လက်ရှိ ရောက်နေတဲ့ နေရာမှာလည်း ရှေ့က လူတွေထက် လူအားကိုးအောင် အတွင်းလူနာ၊ ပြင်ပလူနာတွေ အရင်ကထက်တိုးအောင် တာဝန်ကျရာဒေသ တိုးတက်အောင် လုပ်မယ်ဆိုတာတွေဟာလည်း ရှေ့လူတွေထက်လို့ နှလုံးသွင်းမိရင် ဣသာမစ္ဆရိယပါပဲ။ မိမိတာဝန်ယူစ အခြေအနေထက်လို့
နှလုံးသွင်းပါမှ ဣသာမစ္ဆရိယက လွတ်နိုင်မှာပါ။
 
အဲဒီ ဣသာမစ္ဆရိယတွေကြောင့် ပတ်ဝန်းကျင်မှာ ကြားတွေ့မြင် ကြုံနေသမျှထဲမှာ ဆရာဝန်အချင်းချင်း တိုင်ကြ၊ တန်းကြ၊ ဆေးခန်းချင်း ပြိုင်ကြ အတိအလင်းရော မသိမသာပါ ရန်ဖွဲ့နေကြ ဆိုတာတွေ ပါဝင်နေကြပါတယ်။ ဆရာဝန်တွေလည်း လူသားထဲက လူတွေပါပဲလို့ ဆင်ခြေပေးနိုင်ပေမယ့် ပြည်သူတွေက အားကိုးတဲ့ ထားရှိတဲ့ ပုံရိပ်အရ သာမန်နှင့်မတူ စောင့်ထိန်းသည်းခံဖို့ လိုအပ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်ချင်းဆို လုပ်ငန်းမှာ ပိုလို့တောင် ထိခိုက်ပါသေးတယ်။ မကြာသေးခင်ကပဲ တာဝန်ကျ သားဖွားဆရာမတစ်ဦးကို အခြားဒေသမှာ တာဝန်ကျတဲ့ ရွာခံ ဆရာမတစ်ဦးက မကျေနပ်လို့ အသိုင်းအ၀ိုင်းဖွဲ့ တိုင်ကြတာ တွေ့ခဲ့ရပါသေးတယ်။ နှစ်ဦးလုံးဟာ လက်အောက်က လူတွေဖြစ်လို့ စိတ်ညစ်ရပါတယ်။ အမှန်အတိုင်း ဖြစ်အောင် လုပ်ဆောင်ပေးခဲ့ပေမယ့် ကျွန်တော်ခံစားမိတာကတော့ ကျန်းမာရေးဌာနအချင်းချင်း ဖြစ်နေတဲ့အတွက် ရှက်မိခြင်းပါပဲ။ ပတ်ဝန်းကျင်ရဲ့အမြင်မှာ ဆရာဝန်အချင်းချင်း ရန်ငြိုးဖွဲ့နေကြတာ။ ထိုးကြိတ် ရန်ဖြစ်ကြတာ၊ ဆရာမတွေ အချင်းချင်း မတည့်ကြတာတွေဟာ ကျွန်တော့်အတွက်တော့ ရှက်စရာတွေလို့ ယူဆမိပါတယ်။ ပြင်ပကို မဖွင့်ဆိုမိပေမယ့် အတွင်းစိတ်ကတော့ ရှက်နေမိပါတယ်။ 
 
ကျွန်တော်တို့ အလုပ်တစ်ခုကို လုပ်ဆောင်ရာမှာ 
လူနာအတွက် လုံခြုံမှု (for the safety of patient)၊ မိမိကိုယ်ကိုလုံခြုံမှု
(for the safety of yourself, universal precaution) တွေ ရှိဖို့လိုသလို 
မိမိရဲ့လုပ်ငန်းအတွက် လုံခြုံမှု (for the safety of profession; ethic) လည်း လိုအပ်ပါတယ်။
 
ကျွန်တော်တို့လို ကျန်းမာရေးဌာနက ၀န်ထမ်းတွေ သာမက ပြည်သူတွေ အားကိုးလေးစားကြတဲ့ ကျန်တဲ့ လူ့ဘောင်အဖွဲ့အစည်း ၀န်ထမ်းတွေ (ဥပမာ-ကျောင်းဆရာ၊ ဆရာမတွေ၊ သာသနာ့ဝန်ထမ်းတွေ စသည်) အတွက်လည်း မသင့်မြတ်ကြ ဘူးဆိုတာ ရှက်စရာ ကောင်းလှပါတယ်။ကျွန်တော်တို့ဟာ မိမိလုပ်ငန်းရဲ့ မွန်မြတ်မှုကို ဂုဏ်ယူတတ်ဖို့ လိုသလို ထိန်းသိမ်းစွာ ရှက်တတ်ဖို့လည်း လိုပါသေးတယ်။
နန္ဒ၀င်း (ဆေး-၁)
Eleven Media Group

Wednesday, August 25, 2010

Focus


Focus
Not on the rudeness of others,
Not on what they’ve done
Or left undone,
But
On what you have
And have not done yourself.

Tuesday, August 24, 2010

၂၀၁၀ -ခုနစ် နှင့် ၃၀၁၀ - ခုနစ်

ဘာသာရေးခေါင်းဆောင်ဆိုတော့ ဘာသာရေးကို အတွင်းကျကျ လေ့လာရတယ်။ ဘာသာရေးနဲ့ပတ်သက်တဲ့ အင်တာနက် ၀က်ဘ်ဆိုက်တွေကို ၀င်ကြည့်ဖြစ်တယ်၊
ဖတ်ဖြစ်တယ်၊ မှတ်ဖြစ်တယ်၊
မြန်မာဘာသာနဲ့ရော အင်္ဂလိပ်ဘာသာနဲ့ပါ ဘာသာရေးအသိဥာဏ်ဖြန့်ဖြူးနေတဲ့
ဝက်ဘ်ဆိုက်တွေ ဘလောဂ်တွေ များစွာ ပေါ်ပေါက်လာတာ အားရစရာပဲ။ 
ဘာသာရေးဝက်ဘ်ဆိုက်တွေနဲ့ ဘာသာရေးအသိဥာဏ်ဖြန့်ဖြူးသူတွေထဲမှာ
ဘုန်းကြီးတွေတင်မက၊ လူဒကာ ဒကာမငယ်ငယ်လေးတွေပါ တွေ့ရတယ်။
ဒို့ဘာသာ သာသနာမှာ ဘာသာရေးကို ကိုယ်တိုင် စိတ်ဝင်တစား လေ့လာရုံတင်မက
သူတပါးကိုပါ သိစေလိုတဲ့ (သာသနာပြုလိုတဲ့) ဒီလို လူငယ်လူရွယ်လေးတွေ
ရှိသေးပါလား လို့ သိရလို့ အားတက်မိတယ်။
အားတဲ့အချိန်တွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့သတင်းတွေဖတ်ဖြစ်တယ်၊ နားထောင်ဖြစ်တယ်။
ဧရာဝတီဆိုက်မှာ စီးပွါးရေးပညာရှင်တစ်ယောက်ပြောတဲ့ စိတ်ဝင်စားစရာကောင်းတဲ့
အောက်က စကားလေးတစ်ခွန်းကို ဖတ်လိုက်ရတယ်။
“As long as the government and its cronies are controlling the country's economy
we will face the same economic situation even in the year 3010.”
အစိုးရနဲ့နီးစပ်သူတွေက နိုင်ငံရဲ့စီးပွါးရေးကို လက်ဝါးကြီးအုပ်နေမယ်ဆိုရင်
၃၀၁၀ - ခုနစ်ရောက်တောင်
(၂၀၁၀) တုန်းက စီးပွါးရေးပြဿနာမျိုး
ကြုံတွေ့နေရအုံးမှာပဲ တဲ့။
-Dr. U Myint, Economist, The Irrawaddy News Magazine – August, 2010

Monday, August 23, 2010

Nothing

 Life is
An illusion,
A dream,
A bubble,
A shadow,
Nothing is permanent.
Nothing is worthy of anger.
Nothing is worthy of dispute.
NOTHING! Nothing! Nothing!

Sunday, August 22, 2010

ကယ်တင်ရှင်မမျှော်စေချင်

ပြောရိုးပြောစဉ်မို့ နှုတ်က အလွယ်တကူ ပြောလေ့ရှိတဲ့ မြန်မာစကားတွေထဲမှာ မနှစ်သက်နိုင်တဲ့ စကားတချို့ ရှိတယ်။ တချို့စကားတွေဆိုရင် ဘယ်ခေတ်မှာ ဘယ်သူကစခဲ့တယ် မသိဘူး။ တော်တော် ယုတ္တိမတန်၊ မမှန်ကန်တာ တွေ့ရတယ်။
 
ပါရမီနဲ့ ဉာဏ်ပညာကြောင့်
အဲဒီလိုစကားတွေထဲက မနှစ်သက်နိုင်ဆုံး စကားတစ်ခုကတော့ ''ဘုရားတောင် အမှီရှိမှပွင့်တယ်'' ဆိုတဲ့ စကားဖြစ်တယ်။ အဆူဆူသော ဘုရားများဟာ သစ်ပင်တစ်ပင်ပင်ရဲ့ အရိပ်အာဝါသအောက်မှာ စံပါယ်တော်မူရင်း ဘုရားအဖြစ်ကို ရောက် ရှိခဲ့ကြတာကို အကြောင်းပြုပြီး ပြောကြဆိုကြတာ ဖြစ်တယ်။ ဗုဒ္ဓမြတ်စွာဟာ ဗောဓိညောင်ပင်အောက်မှာ ဘုရားအဖြစ် ရောက်ခဲ့တာမှန်တယ်။ ဒါပေမဲ့ ဗောဓိညောင်ပင်ဆိုတဲ့ အမှီကြောင့် ဘုရားအဖြစ်ကို ရရှိခဲ့တာ မဟုတ်ပါဘူး။ လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ဖြည့်ဆည်းခဲ့တဲ့ အထုံပါရမီနဲ့ အတိုင်းအဆမရှိ ကြီးမားလှတဲ့ ဉာဏ်ပညာကြောင့် ဗုဒ္ဓဘုရားအဖြစ်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
 
သစ်ရိပ်ဝါးရိပ်မှာ
အဆူဆူသော ဘုရားများဟာ သစ်ပင်တစ်ပင်ပင်အောက်မှာ ဘုရားအဖြစ် ရောက်ရှိခဲ့ကြတာက အခြေအနေအရ ဖြစ်ရတဲ့ သဘောပါ။ ဘုရားအလောင်းအဆက်ဆက်တို့ဟာ လောကီစည်းစိမ်ချမ်းသာတွေကို စွန့်ပြီး တောရပ်မှာ လှည့်လှည်သီတင်းသုံး ရင်း တရားစစ်တရားမှန်ကို ရှာဖွေကြပါတယ်။ ကျောင်းသင်ခန်း ဆောက်တည်နေလေ့ မရှိပါဘူး။ အရိပ်အာဝါသကောင်းရာ သစ်ပင်ဝါးပင်တွေအောက်မှာ အလျဉ်းသင့်သလို သီတင်းသုံးပြီး ကျင့်ကြံအားထုတ်နေကြတာ ဖြစ်တယ်။ နေရေးစား ရေးကိစ္စများအတွက် အချိန်ကုန်မခံပါဘူး။ ရသမျှအချိန်တိုင်း သဗ္ဗညုတဉာဏ်တော် ရရှိရေးအတွက်သာ အားထုတ်နေတာ ဖြစ်ပါတယ်။
 
ဘယ်သူမပြုမိမိမှု
သစ်ပင်ကောင်းတစ်ပင်ရဲ့ အရိပ်အာဝါသအောက်မှာ ကျင့်ကြံအားထုတ်ရင်း ဘုရားအဖြစ်ကို ရောက်ရှိခဲ့တာကြောင့် ဘုရားနဲ့သစ်ပင်ကို တွဲပြီးမြင်နေရတာ ဖြစ်တယ်။ ဒါပေမဲ့ စကားအဖြစ် ပြောနေကြသလို ''အမှီရှိမှပွင့်တယ်'' ဆိုတာ မမှန်ပါဘူး။ ဒီမမှန်တဲ့ စကားကို နှုတ်က ခပ်ပေါ့ပေါ့နဲ့ အလွယ်တကူ ပြောနေကြလေတော့ လူတွေကို ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ အားမပေးတဲ့သဘော သက်ရောက်သွားခဲ့ရတယ်။ ဗုဒ္ဓဘာသာမှာက အားကိုးမှီခိုရာ ကယ်တင်ရှင် ဆိုတာ မရှိပါဘူး။ လူတစ်ယောက် ကောင်းရာမွန်ရာရောက်အောင် ဘယ်သူကမှ ပို့မပေးနိုင်သလို ငရဲရောက်အောင်လည်း ဘယ်သူကမှ တွန်းချတာ မဟုတ်ပါဘူး။ ဘယ်အရာမဆို ဘယ်သူမပြု မိမိမှုပါပဲ။
 
ကယ်တင်ရှင်မရှိ
ဗုဒ္ဓရဲ့ အလိုတော်က ဘာမဆို ကိုယ်လုပ်မှ ကိုယ်ရပါတယ်။ ကျင့်ကြံအားထုတ်လုပ်သူ မှန်သမျှ ဘယ်သူမဆို ဗုဒ္ဓဘုရားအဖြစ်ကိုတောင် ရနိုင်ပါတယ်။ မိဘကျေးဇူး ဆပ်ချင်လွန်းလို့ဆိုပြီး မိဘကို နိဗ္ဗာန်ရောက်အောင် လုပ်မပေးနိုင်သလို၊ သားသမီးကိုချစ်လွန်းလို့ နတ်ပြည်ခြောက်ထပ်မှာ နတ်သမီးလေးတွေ တစ်ဖက်ငါးရာနဲ့ စံစားနိုင်အောင် ဘယ်မိဘကမှ လုပ်မပေးနိုင်ပါဘူး။ ကိုယ်တိုင်ကျင့်၊ ကိုယ်တိုင်အားထုတ်မှ ရနိုင်ပါတယ်။ ဘယ်သူမှ အားကိုးလို့ မရဘူး။ ကယ်တင်ရှင် မရှိဘူး။ 'အတ္တာဟိအတ္တနော နတ္ထော' မိမိကိုယ်မှတစ်ပါးကိုး ကွယ်ရာမရှိဘဲ။
 
ကိုယ့်ထမင်းကိုယ်ရှာစား
လူ့ဘောင်လောကမှာ လောကီသားမှန်သမျှ အချင်းချင်း ကူညီရိုင်းပင်းနေကြတယ်။ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီဆိုသလို အပြန်အလှန် အမှီသဟဲ ပြုနေကြတယ်။ အထီးထီး လူတွေနဲ့ အဆက်အဆံမရှိ ရပ်တည်လို့မရဘူး။ ဒါဟာ လူ့လောကရဲ့ သဘာဝတရား ဖြစ်တယ်။ ဒါပေမဲ့ လူတိုင်းလူတိုင်းဟာ ကိုယ့်အသက်ရှင် ရပ်တည်ရေးအတွက် ကိုယ့်ဘ၀ သာယာအေးချမ်းရေးအတွက် ကိုယ့်ဟာကိုယ် ကြိုးပမ်းအားထုတ်ရတယ်။ ကိုယ့်ထမင်း ကိုယ်ရှာစားရတယ်။ ကိုယ့်မိသားစုကို ကိုယ့်ဟာ ကိုယ် ကာကွယ်စောင့်ရှောက်ရတယ်။ ဘယ်သူ့ကိုမှ အားကိုးအားထားပြုလို့ မရဘူး။
 
ကယ်တင်ရှင်မလုပ်နဲ့
ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးနဲ့ အတူတကွ လက်တွဲနေထိုင်ကြရတယ် ဆိုတဲ့ လောကသဘာဝတရားကို လူတွေက တလွဲဆံပင်ကောင်းလုပ်ပြီး မှီခိုအားကိုးမှု လွန်လွန်ကဲကဲဖြစ်အောင် လုပ်နေကြတာ နေရာတိုင်းမှာ တွေ့နေရတယ်။ အခက် အခဲကြုံတွေ့နေရတဲ့ လူတစ်ယောက်ကို ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်နည်းနဲ့ကိုယ် ဖြေရှင်းဖို့ တိုက်တွန်းရမယ့်အစား၊ အားကိုးအားထားရှာဖို့ အကြံပေးတတ်ကြတယ်။ ဒါမှမဟုတ်လည်း သူ့အားနဲ့သူ ဖြေရှင်းဖို့ အကြံပေးလမ်းပြ လုပ်မယ့်အစား ကိုယ်က ကယ်တင်ရှင်လုပ်ပြီး ၀င်ကယ်ပေးကြတယ်။ စေတနာနဲ့ ၀င်ကယ်တာ ဆိုပေမယ့် ဒါဟာ ကူညီရာ မရောက်ပါဘူး။ တစ်ဖက်သားကို အားကိုးရှာလွန်းတဲ့ စိတ်ဓာတ် (Dependency Syndrome) အမြစ်တွယ်သွားပြီး တစ်သက်လုံး သူများ နှာခေါင်းပေါက်နဲ့ အသက်ရှုတဲ့လူမျိုး ဖြစ်သွားစေပါတယ်။
 
အမှောင်တိုက်ကြီး
အာဖရိကတိုက် အငတ်ဘေး ပပျောက်ရေးအတွက် ကုလသမဂ္ဂအဖွဲ့ကြီး စတင်တည်ထောင်ပြီးကတည်း က ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့၊ ယူအင်ဒီပီ၊ ယူနီဆက် စတဲ့ အဖွဲ့တွေနဲ့တကွ သူဌေးနိုင်ငံကြီးတွေ အားလုံးက ဒေါ်လာတွေ ထရီလျံပေါင်းများစွာ သုံးပြီးဆောင်ရွက်ခဲ့ကြတာ နှစ်ပေါင်းခြောက်ဆယ် ကျော်ခဲ့ပါပြီ။ အာဖရိကတိုက်ကြီးကတော့ အငတ်ဘေးတွေ၊ ရောဂါဘယတွေ၊ မျိုးနွယ်စု လူသတ်ပွဲကြီးတွေ အောက်မှာ နစ်မွန်းသထက်နစ်မွန်းပြီး 'အမှောင်တိုက်ကြီး' (Black Continent) အဖြစ်ပဲ ရှိနေဆဲပါပဲ။ လွတ်လမ်းလည်း ရေးရေးတောင် မမြင်ရသေးပါဘူး။
 
လှေနဲ့ ပိုက်တွေပေးရမှာ
'ရွှေပြည်တော် မျှော်တိုင်းဝေး' အခြေအနေ ဖြစ်နေရတဲ့ အကြောင်းရင်းကတော့ 'ကယ်တင်ရှင်' စိတ်ဓာတ်(Savior Complex) တွေကြောင့် ဖြစ်ပါတယ်။ ငတ်နေတဲ့လူတွေကို ငါးတွေပဲ ယူလာပေးနေတဲ့ အခါကျတော့ အဲဒီလူတွေက ငါးလာပေးမှာ ကိုသာ အမြဲစောင့်မျှော်နေကြတော့တယ်။ တကယ်လုပ်သင့်တာက လှေတွေနဲ့ ပိုက်တွေပေးပြီး ငါးများတတ်အောင် လုပ်ပေးရမှာ မဟုတ်လား။ ကယ်တင်ရှင်စိတ်ဓာတ် လွန်ကဲနေတဲ့ ကယ်တင်ရှင်တွေက လူတွေကို မှီခိုလွန်းတဲ့ စိတ်ဓာတ် အမြစ်တွယ်သွားစေတယ်။ ဖွံ့ဖြိုးတိုးတက်ရေး ပညာရှင်အတော်များများကလည်း ကယ်တင်ရှင် လုပ်ရပ်တွေကို မနှစ်သက်ကြပါဘူး။
 
ကယ်တင်ရှင် မမျှော်စေချင်
'အလှူဒါနနဲ့ နိုင်ငံတစ်ခုကို မကယ်တင်နိုင်' (Charity does not save a nation) ဆိုတဲ့ စကားကို ဖွံ့ဖြိုးရေးပညာရှင်တွေက ထောက်ပြလေ့ရှိတယ်။ လူတွေကို သူတို့ခြေထောက်ပေါ် သူတို့ရပ်ပြီး၊ သူတို့ဘ၀ကို သူတို့ကိုယ်တိုင် ကယ်တင်ဖို့ကိုသာ တိုက်တွန်းတယ်။ ကျွန်တော်တို့ လူငယ်တွေကို 'ကယ်တင်ရှင်စိတ်ဓာတ်'တွေ ကူးစက်မလာစေချင်ဘူး။ အလားတူပဲ ကယ်တင်ရှင်မျှော်တဲ့ စိတ်ဓာတ်မျိုးတွေလည်း ရှိမလာစေချင်ဘူး။
ဗုဒ္ဓဘုရားရှင်ဟောကြားတော် မူတဲ့အတိုင်း 'အတ္တာဟိအတ္တနော၊ နတ္ထော' စိတ်ဓာတ်မျိုးပဲ ထွန်းကားစေချင်တယ်။ ''ဘုရားတောင်မှ အမှီရှိမှ ပွင့်တယ်''ဆိုတဲ့ စကားကတော့ လူငယ်တွေကို ကယ်တင်ရှင်မျှော်တဲ့ စိတ်ဓာတ်သွင်းပေးတဲ့ သဘော သက် ရောက်တယ်လို့ ယူဆပါတယ်။ အဲဒါကြောင့် အစဉ်အလာ ဆိုရိုးစကားဖြစ်တိုင်း နှုတ်ထွက်မလွယ်သင့်ဘူး။ လက်လည်း မခံသင့်ဘူး။ မြတ်စွာဘုရားရဲ့ အလိုတော်အတိုင်း ဘယ်ကိစ္စမဆို ကိုယ်ပိုင်ဉာဏ်နဲ့ ခွဲခြမ်းစိတ်ဖြာ ဝေဖန်သုံးသပ်ပြီးမှ ဆုံး ဖြတ်သင့်ကြောင်း နှိုးဆော်လိုက်ချင်ပါတယ်။
လူထုစိန်ဝင်း
Eleven Media Group

Saturday, August 21, 2010

နိုင်ငံရေးအဆိုအမိန့်များ

A government of laws, not of men.
ဥပဒေစိုးမိုးတဲ့ အစိုးရ ဖြစ်ရမယ်။ လူစိုးမိုးတဲ့ အစိုးရ မဖြစ်စေရဘူး။

In politics the middle way is none at all.
နိုင်ငံရေးမှာ အလယ်အလတ်လမ်းဆိုတာ ဘယ်ကိုမှ ရောက်တဲ့လမ်းမဟုတ်ဘူး။

I must study politics and war that my son may have liberty to study mathematics and philosophy.
ကျုပ်သားတွေ သင်္ချာနဲ့ ဒဿနဗေဒ လေ့လာခွင့်ရရှိဖို့ ကျုပ်က နိုင်ငံရေးနဲ့ စစ်ရေးကို လေ့လာရမယ်။

The happiness of society is the end of government.
လူတွေ ပျော်ရွှင်ဖို့ဟာ အစိုးရရဲ့ ပန်းတိုင်ပဲ။

Fear is the foundation of most governments.
အစိုးရအများအားဖြင့်ဟာ ကြောက်ရွံ့မှုပေါ် အခြေခံတယ်။
အငြိမ်းစားသံအမတ်ကြီး ဦးသက်ထွန်း

Friday, August 20, 2010

ရှင်ဥပဂုတ်

အရှင်ဘုရား ရှင်ဥပဂုတ္တဆိုတာတကယ်ရှိပါသလားဘုရား။
ဒီမေးခွန်းလေးကို Facebook မှာ စိုးမိုးရာဇာ ဆိုတဲ့ ဒကာက မေးထားတာပါ။
ဒီရှင်ဥပဂုတ္တနဲ့ပတ်သက်လို့ မြန်မာပြည်က ဓမ္မကထိကဆရာတော်ကြီးများ 
အတော် ကျယ်ကျယ်လောင်လောင်ပြောလေ့ရှိတယ်။
သူတို့ပြောတာက
ရှင်ဥပဂုတ္တဆိုတာ (လုံးဝ) မရှိဘူး၊
အကြောင်းက ထေရ၀ါဒပိဋကတ်စာပေထဲမှာ မပါလို့ တဲ့။
တကယ်တော့ ဒီအကြောင်းပြချက်ဟာ မခိုင်လုံပါဘူး။
ထေရ၀ါဒပိဋကတ်စာပေထဲမှာ မပါတာနဲ့ပဲ ရှင်ဥပဂုတ္တ မရှိတော့ဘူးလား၊
မကိုးကွယ်ရတော့ဘူးလား၊
ပြောဘို့ရာ အင်မတန်ခက်ခဲပါတယ်။
ဗုဒ္ဓဘာသာသမိုင်းက အတော်ရှည်လျှားလာပီမို့လား။
သမိုင်းကြောင်းရှည်လျှားတာနဲ့အမျှ ဗုဒ္ဓဘာသာဂိုဏ်းကွဲတွေလည်း များလာတယ်။ ထေရ၀ါဒပိဋကတ်စာပေထဲမှာ မှတ်တမ်းမတင်နိုင်ခဲ့တဲ့အကြောင်းအရာတွေ အခြားသောဗုဒ္ဓဘာသာဂိုဏ်းကွဲတွေမှာ မှတ်တမ်းတင်ထားတာတွေရှိမှာ အသေအချာပါပဲ။ 
ဒါ့ကြောင့် ဒီရှင်ဥပဂုတ္တကို ဦးဇင်းတို့ ထေရ၀ါဒပိဋကတ်မှာ 
မှတ်တမ်းမတင်နိုင်ခဲ့တာဖြစ်လေမလားလို့ စဉ်းစားခွင့်ရှိနိုင်ပါတယ်။
ရှင်ဥပဂုတ္တဇာတ်လမ်းတွေထဲမှာ
ထေရ၀ါဒပိဋကတ်နဲ့ မကိုက်ညီတဲ့အကြောင်းအရာတွေတော့ ရှိတာပေါ့လေ။ 
ဒီလောက်ဖြေပေးလိုက်ရင် ကိုစိုးမိုး ဆက်လက်စဉ်းစားလို့ရသွားပါပီ။
ဒီမေးခွန်းမေးတဲ့အတွက် ကိုစိုးမိုးကို ကျေးဇူးပါ။
ဓာတ်ပုံ၊ RFA

Thursday, August 19, 2010

စာဖတ်နည်း

စာပေဟူသည် ခေတ်တစ်ခေတ်၏ ကြေးမုံဖြစ်၏။  ဒီလို ဆိုကြတယ်။ 
အဲဒီတော့ စာပေထဲမှာ ခေတ်၏သဘောပါဝင်တယ်လို့ အဓိပ္ပါယ်ရတယ်။
ဒါကြောင့် စာဖတ်နည်းကို ဖော်ပြခြင်းဖြစ်တယ်။
စာဖတ်နည်းကို SIMAC လို့ အတိုကောက် ဆိုကြတယ်။
အဲဒီထဲက S ဆိုတာကတော့ Situation - ခေတ်၏အခြေအနေလို့ အကြမ်းဖျင်း အနက်ရတယ်။
I ဆိုတာကတော့ Intention - စာရေးသူ၏ရည်ရွယ်ချက်၊ စာရေးသူ၏စေတနာ ဖြစ်တယ်။
M ဆိုတာကတော့ Matter - အကြောင်းအရာဖြစ်တယ်။
A ဆိုတာကတော့ Approach - ချဉ်းကပ်နည်းဖြစ်တယ်။
ယခုခေတ်ကတော့ ဇောင်းပေးခြင်းလို့ ဆိုတယ်။
C ကတော့ Consistency - အကြောင်းအကျိုး (သို့မဟုတ်) ရှေ့နှင့်နောက်ဆီလျှော်ခြင်း (သို့မဟုတ်) ညီညွတ်ခြင်းဖြစ်တယ်။
အဲဒီတော့ စာတစ်ပုဒ်ကို ဖတ်ရင်ဖြစ်စေ၊ ရေးရင်ဖြစ်စေ ဒီအင်္ဂါ ၅ ချက်ကို တွေ့အောင် ရှာရတယ်။
ဒီအင်္ဂါ ၅ ချက်ကလည်း ပေါ်ထင်ကြီးတော့ ရှိမနေရဘူး။
ပေါ်ထင်ကြီး ရှိနေပြန်ရင်လည်း ဒေါသသင့်တယ်လို့ဆိုပါတယ်။
ရှိတော့ ရှိရမယ်၊ သွယ်သွယ်ဝိုက်ဝိုက်ရှိရမယ်၊
ဒါမှ ဂုဏ်ရောက်တယ်လို့ဆိုပါတယ်။
အဲဒီ ၅ ချက်ထဲမှာ အရေးကြီးဆုံးကတော့ ချဉ်းကပ်နည်းပဲဖြစ်တယ်။
ဦးရွှေအောင် - ဘ၀အကျဉ်းသားမှ

Wednesday, August 18, 2010

အသိတရား (၁၄) ချက်

၁။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင် ပင်ဖြစ်သည်။

၂။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။

၃။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ့်ကိုမိမိ လိမ်လည်နေ ခြင်းဖြစ်သည်။

၎။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည်
မိမိဧ။် မနာလို ၀န်တိုသော စိတ်ကြောင့်ဖြစ်သည်။

၅။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည်
မိမိဧ။် စိတ်ဓာတ်ကျဆင်း ခြင်းကြောင့်ဖြစ်သည်။

၆။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည်
မိမိဧ။် အနိုင်ကျင့်လိုသော စိတ်ဓာတ်ကြောင့် ဖြစ်သည်။

၇။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည်
မိမိဧ။် စိတ်အားငယ်မှု ဖြစ်သည်။

၈။
လူ့ဘ၀ဧ။် အကြီးမားဆုံးလေးစားခံရခြင်းသည်
မိမိဧ။် ကြံ့ခိုင်သည့် စိတ်ဓာတ်ဖြစ်သည်။

၉။
လူ့ဘ၀ဧ။် အကြီးမားဆုံး စီးပွားပျက် ရခြင်းသည်
မိမိဧ။် ကိုယ်ပိုင်အနာဂတ် မျှော်လင့်ချက် ကင်းမဲ့ခြင်း ကြောင့်ဖြစ်သည်။

၁၀။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော ချမ်းသာရခြင်းသည်
မိမိဧ။် ကျန်းမာရေး ကောင်းမွန်ခြင်း ဖြစ်သည်။

၁၁။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော အကြွေးသံသရာ ဖြစ်ခြင်းသည် လူမှုရေး အကြွေးသံသရာဖြစ်သည်။

၁၂။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော လက်ဆောင်မွန်သည်
မိမိဧ။် သည်းခံခွင့် လွတ်တတ်သော စိတ်ဓာတ် ဖြစ်သည်။

၁၃။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော လိုအပ်ချက်သည်
မိမိဧ။် အကြင်နာတရား မေတ္တာ စိတ်ဓာတ်ဖြစ်သည်။

၁၄။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပီတိသည် အလှူဒါန ပြုခြင်း ဖြစ်သည်။

အားလုံးရွှင်လန်းကြပါစေ......
from forward mail

Tuesday, August 17, 2010

ဘီလ်ဂိတ်လိုဖြစ်ဖို့ရာ

နည်းပညာလောကမှာ ၃၅နှစ်ကြာ ကြီးစိုးလာခဲ့တဲ့ ဘီလ်ဂိတ်တစ်ယောက် ယခုနှစ် ဇွန်လ ၂၇ရက်နေ့မှာ သူ့ရဲ့Microsoftကို လက်ပြနှုတ်ဆက် သွားပါပြီ။ ငြိမ်းချမ်းစွာ ခွဲခွာခဲ့တယ် ဆိုပေမယ့် သူ့လိုလူမျိုး ဘယ်သူ့ကို အစားထိုးမလဲဆိုတာ မေးခွန်းတွေဖြစ်လာပါတယ်။ တနည်းအားဖြင့် နောက်ထပ်ဘီလ်ဂိတ်တစ်ဦး ဘယ်လိုဖြစ်လာနိုင်လဲ ဆိုတာကိုပါ။
ဘီလ်ဂိတ်ရဲ့ အကြောင်းကိုအခြေခံပြီး သူ့လိုပုဂ္ဂိုလ်မျိုး ဖြစ်လာနိုင်မယ့် အချက်တွေကို လေ့လာသူတွေက အချက် ၇ချက်နဲ့ သုံးသပ်ထားပါတယ်။ ဝေဖန်ရေးသားချက် ၇ချက်နဲ့ ကိုက်ညီခဲ့ရင် နောက်ထပ် ဘီလ်ဂိတ်တစ်ဦး ပေါ်လာဦးမှာပါတဲ့။

(၁) ချာတိတ်ဘဝမှာ စဖို့လိုတယ်
ဘီလ်ဂိတ်က ငယ်ငယ်လေးထဲက ကွန်ပြူတာနဲ့ ရင်းနှီးနေခဲ့တာပါ။ အလယ်တန်းကျောင်းသားဘဝမှာ ပရိုဂရမ်တွေ ရေးနေပါပြီ။ ကလေးသာသာအရွယ်ဖြစ်ပေမယ့် ဂိတ်က အရေးပါတဲ့ အချက်များကို ဆုံးဖြတ်နိုင်ခဲ့ပါတယ်။ လူကြီးဖြစ်လာတော့ သူ့မှာ တည်ငြိမ်တဲ့ ကြံဆမှုတွေ လုံလုံလောက်လောက် ရှိနေပါပြီ။

(၂) အမြင်ကျယ်ရမယ် အခွင့်အရေးကို အမိအရဆုပ်ကိုင်နိုင်ရမယ်
ဘီလ်ဂိတ် ၁၇နှစ်သားအရွယ်မှာ ဆော့ဖ်ဝဲကုမ္ပဏီကိုဖွဲ့စည်း တည်ထောင်ခဲ့ပါတယ်။ ဒါဟာ တကယ့်ကော်ပိုရေးရှင်းကြီးဖြစ်လာမယ့် အိပ်မက်ဖြစ်ခဲ့ပြီး ဘီလ်ဂိတ်ရဲ့ ပင်ကိုအရည်အချင်းကို စမ်းသပ်တဲ့အချက်လည်း ဖြစ်ခဲ့ပါတယ်။ ဘီလ်ဂိတ်သည် ပြဿနာဖြေရှင်းခြင်းနဲ့ အကြံအစည်များကို အကောင်အထည်ဖော်ခြင်းတို့တွင် စိတ်ဝင်စားဖို့ကောင်းလောက်အောင် ထူးချွန်သူဖြစ်ပါတယ်။

(၃) အကြောင်းပြချက်တွေနဲ့ စည်းကမ်းချိုးဖောက်တတ်ရမယ်
ကျောင်းပညာရေးသည် ဂိတ်အတွက် မဟုတ်ခဲ့ပါ။ ဒါကိုသိခဲ့လို့ အသက်၂ဝ အရွယ်မှာ တက္ကသိုလ်ကိုကျောခိုင်းခဲ့ပြီး မိုက်ခရိုဆော့ဖ်ကို တည်ထောင်ခဲ့ပါတယ်။ သင့်အနေနဲ့ ဒီလိုမျိုး ရွေးချယ်ရဲပါ့မလား။ တကယ်တမ်းမှာ ဘီလ်ဂိတ်အတွက် အမှားတစုံတရာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်စီးပွားရေးမှာ စွန့်စွန့်စားစား ဆုံးဖြတ်ရတာတွေ ရှိနိုင်ပါတယ်။ ကံကောင်းဖို့လည်း လိုတာပေါ့။

(၄) အပေါင်းအသင်းရွေးတတ်ဖို့လည်း လိုတယ်
ဘီလ်ဂိတ်နဲ့ လက်တွဲ အလုပ်လုပ်နေသူ အများစုဟာ အသက်ကြီးမှ ရွေးချယ်ခန့်ထားတဲ့ ဝန်ထမ်းများမဟုတ်ပါဘူး။ Pall Allen ဆိုရင် ဘီလ်ဂိတ်၁၃နှစ်သား ထဲက လက်တွဲခဲ့သူပါ။ အခုမိုက်ခရိုဆော့ဖ်ရဲ့ CEO Steve Ballmer ကလည်းဟားဗာဒ့်တက္ကသိုလ်မှာ စတွေ့ခဲ့တဲ့ သူငယ်ချင်းကောင်းတစ်ဦးပါ။ သူတို့ရဲ့ သစ္စာရှိစွာ လက်တွဲခဲ့ကြတဲ့အချက်ဟာလည်း အောင်မြင်မှုရဲ့ အခြေခံအချက်ပါ။

(၅) ပုံရိပ်ကိုတည်ဆောက်ပါ
ဘီလ်ဂိတ်သည် သူ့ကိုယ်သူ ပြုပြင်ပြောင်းလဲရာတွင် အောင်မြင်ခဲ့ပါသည်။ အခုဆို သာမန်ကျောင်းသားလေးဘဝမှ ပရဟိတလုပ်ငန်းရှင်ကြီး ဖြစ်နေပါပြီ။ ကမ္ဘာတဝှမ်း ပြည်သူတို့က ဂိတ်ကိုသိလာပါတယ်။ အချမ်းသာဆုံးပုဂ္ဂိုလ် ဆိုတာထက် အများအကျိုးကို သယ်ပိုးသူဆိုပြီးပြောင်းပြီး သိတာပါ။

(၆) အားရကျေနပ်နေလို့မရပါ
ဘီလ်ဂိတ်သည် အသက်၃၈နှစ် အရွယ်မှာ ကုဋေကြွယ်သူဌေးဖြစ်ခဲ့ပေမယ့် သူ့ရဲ့အလုပ်တွေကို မရပ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အကျိုးအမြတ်ရဖို့ထက် သူ့ရဲ့ဆန္ဒများကို အကောင်အထည်ဖေါ်ဖို့က အဓိက ဖြစ်နေခဲ့ပါတယ်။ အတွေးသစ်တွေအတွက် အောင်မြင်အောင် လုပ်ဆောင်ဖို့အတွက်သာ အစွဲအလမ်းကြီးခဲ့တယ်။ အကျိုးအမြတ်နဲ့ ငွေဆိုတာ နောက်ကအလိုလို ကပ်ပြီးလိုက်လာပါတယ်။

(၇) ကိုယ့်ကိုကိုယ်သိပါ
ဘီလ်ဂိတ်သည် သူ့ရဲ့ဆန္ဒနဲ့ စိတ်အားထက်သန်မှုကို အကောင်အထည်ဖော် လုပ်ဆောင်ရာမှာ အောင်မြင်မှုများ ရခဲ့ပါတယ်။ သူ့ရဲ့ဆန္ဒတခုဖြစ်တဲ့ ပရဟိတလုပ်ငန်းကို အကောင်အထည်ဖော်ခဲ့ရာက အခု အပြည်အဝ လုပ်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်။ ဂိတ်က "သူမယုံကြည်တဲ့ အလုပ်ဆိုရင် ဘယ်တော့မှ မလုပ်ဘူးလို့" ပြောဖူးပါတယ်။
@mmcybermedia
ဓာတ်ပုံ၊ google search

Monday, August 16, 2010

ခေါင်းမော့ရင်ကော့ပြီး ကိုယ်ခြေထောက်ပေါ် မားမားရပ်

တစ်ရက်မှာ တပည့်ကျောင်းသားဟောင်း တစ်ယောက်နဲ့ စကားပြောနေခိုက်
ဧည့်သည်တစ်စု ရောက်လာပြီး သူတို့ကိုယ်သူတို့ မိတ်ဆက်ပါတယ်။
ခေါင်းဆောင်လာသူက ကျောင်းဆရာတစ်ယောက်ဖြစ်ပြီး
ကျွန်တော် ရေးသမျှစာတွေကို မလွတ်တမ်း စောင့်ဖတ်သူလို့ ပြောပြပါသည်။
 ထူးချွန်ကျောင်းသားလေး
        သူနဲ့ပါလာသူ လူငယ်လေးမှာ ဒီနှစ် ဆယ်တန်းစာမေးပွဲကို ဘာသာစုံဂုဏ်ထူးနဲ့ ထူးချွန်အောင်မြင်ခဲ့သူ ဖြစ်ပြီး ကျန်တစ်ယောက်မှာ ကလေးရဲ့ ဖခင်လို့ မိတ်ဆက်ပေးပါတယ်။ သူတို့ဟာ မြစ်ဝကျွန်းပေါ် မြို့ငယ်လေးတစ်ခုက လာကြတာပါ။ လာရင်း အကြောင်းကတော့ ထူးချွန်ကျောင်းသားလေး ဆေးကျောင်းတက်နိုင်အောင် အကူအညီပေးမယ့် စေတနာရှင် ရှာပေးဖို့အတွက် အကူအညီတောင်းချင်လို့ ဖြစ်တယ်။ ကလေးရဲ့ မိဘနှစ်ပါးစလုံးဟာ တောမှာ မူလတန်းဆရာ၊ ဆရာမများသာ ဖြစ်တဲ့အတွက် ကလေးကို ရှေ့ဆက်ပညာသင်ကြားပေးဖို့ ဘယ်လိုမှ မတတ်နိုင်ပါဘူးလို့ ရှင်းပြတယ်။ မြို့ငယ်လေး တစ်ခုကနေပြီး ကျူရှင်မတက်ဘာမတက်နဲ့ ဘာသာစုံဂုဏ်ထူးရအောင် ဖြေနိုင်တဲ့ကလေးမို့ ဖြစ်ချင်တဲ့အတိုင်း ဖြစ်စေချင်လို့ ကူညီရတာပါလို့
ခေါ်လာတဲ့ဆရာက သူ့စေတနာကို ထုတ်ပြောပါတယ်။

စာဖွဲ့မကုန်နိုင်
        ဟုတ်တာပေါ့။ ဒီလို တော်လည်းတော်ပြီး လိမ္မာရေးခြားရှိတဲ့ ကလေးမျိုးကို ဘယ်သူမဆို ဖြစ်စေချင်မှာပါပဲ။ ခေါ်လာတဲ့ ဆရာရဲ့ စေတနာဟာလည်း လေးစားထိုက်ပါတယ်။ အခုတလော ဂျာနယ်တွေထဲမှာလည်း ငါးဘာသာ၊ ခြောက်ဘာသာ ဂုဏ်ထူး ရှင်တချို့ ပညာဆက်လက်သင်ကြားဖို့ အခက်အခဲရှိတာကြောင့် အကူအညီ လိုအပ်နေတဲ့အကြောင်း သတင်းတွေ အမြဲလိုလို ပါနေတဲ့အပြင် စေတနာရှင်များက ၀ိုင်းဝန်းကူညီ ထောက်ပံ့တဲ့ သတင်းတွေလည်း ဆက်တိုက် တွေ့နေရတယ်။ စေတနာသဒ္ဓါတရား ထက်သန်လှတဲ့ မြန်မာလူမျိုးများရဲ့ အကြောင်းတွေကလည်း နိုင်ငံခြားသားများတောင်
စာဖွဲ့မဆုံးနိုင် ရှိခဲ့ကြတာ မဟုတ်လား။

ဘကြီးဘုန်းကြီး ခေါ်ရာလိုက်ခဲ့သူ
        ဒီကလေးရဲ့အကြောင်း ဂျာနယ်တွေမှာ ရေးလိုက်ရင်လည်း စေတနာရှင်တွေ ချက်ချင်းပေါ်လာမှာ သေချာတယ်။ အတတ်နိုင်ဆုံး ကူညီပါ့မယ် ဆက်သွယ်ရမယ့် နေရပ်လိပ်စာနဲ့ ဖုန်းနံပါတ်များ ပေးထားခဲ့ပါလို့ သူတို့ကို ပြောလိုက်ရတယ်။ နောက်တော့မှ သတိရပြီး အရင်ရောက်နေတဲ့ တပည့်ဖြစ်သူနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ တပည့်ဖြစ်သူက တက္ကသိုလ်တစ်ခုမှာ ဆရာလုပ်နေသူပါ။ အထက်အညာ တောရွာလေးတစ်ရွာက ရန်ကုန်ကို ဘကြီးဘုန်းကြီးခေါ်လို့ လိုက်လာခဲ့ တာဖြစ်တယ်။ ဘကြီးဘုန်းကြီးရဲ့ကျောင်းမှာ ဝေယျာဝစ္စတွေလုပ်ရင်း ညကျောင်းမှာ ကျောင်းတက်ပါတယ်။

ဆိုက်ကားနင်းတဲ့ တက္ကသိုလ်ကျောင်းသား
        ညကျောင်းနှစ်နှစ်၊ သုံးနှစ်တက်ပြီး ဆယ်တန်းအောင်တော့ တက္ကသိုလ် ဆက်တက်ပါတယ်။ ကျောင်းစရိတ် ရဖို့အတွက် ညဘက်တွေမှာ ဆိုက်ကားနင်းပါတယ်။ သိပ္ပံဘာသာတစ်ခု အထူးပြု ယူထားတာဆိုတော့ ကျောင်းမတက်လို့ မဖြစ်ပါဘူး။ ဒါကြောင့် ညကျမှ ဆိုက်ကားနင်းရတာ ဖြစ်တယ်။ လက်တွေ့မရှိလို့ ကျောင်းစောစောပြီးတဲ့ နေ့တွေမှာ ကျွန်တော့်သင်တန်း လာတက်နေလေ့ရှိတယ်။ တက္ကသိုလ်တက်ရင်း ဆိုက်ကားနင်းနေတဲ့ သူ့ကို ကရုဏာသက်တဲ့ သူငယ်ချင်းတွေက စာရေးစာချီအလုပ်မျိုးတွေ ရှာပေးပေမယ့် သူက မလုပ်ပါဘူး။ ဆိုက်ကားနင်းရတာက သူ့အဖို့ စာသင်၊ စာကျက်ချိန် ပိုရတယ်လို့ပြောပြီး စွဲစွဲမြဲမြဲ လုပ်ပါတယ်။

မဟာသိပ္ပံဆိုက်ကားသမား
        အချိန်တွေကြာလို့ သူဘွဲ့ရသွားတော့လည်း ဆိုက်ကားကို သူမစွန့်ပါဘူး။ ညဘက်ဆိုက်ကားနင်းရင်းနဲ့ပဲ မဟာသိပ္ပံ ဆက်တက်ပါတယ်။ ဘကြီးဘုန်းကြီးရဲ့ ကျောင်းဝေယျာဝစ္စတွေလည်း ဆက်လုပ်နေမြဲပါပဲ။ အခုတော့ သူတက္ကသိုလ်မှာ ဆရာဖြစ်နေပါပြီ။ ဘ၀တူ တက္ကသိုလ်ဆရာမလေး တစ်ယောက်နဲ့ အိမ်ထောင်ပြုလိုက်ပြီဖြစ်လို့ ဘုန်းကြီးကျောင်းမှာ မနေတော့ပေမယ့် ဝေယျာဝစ္စတွေတော့ ကျောင်းပိတ်ရက်တိုင်း သွားလုပ်ပေးနေဆဲ ဖြစ်ပါတယ်။ အခါကြီးရက်ကြီးတွေဆို သူ့ဆရာမနဲ့အတူ ဆရာဟောင်းကိုလည်း လာကန်တော့မြဲ ဖြစ်တယ်။

အားကျတဲ့ မျက်လုံးတွေ
        မိတ်ဆက်ပေးရင်းနဲ့ တက္ကသိုလ်ဆရာလေး အကြောင်းတွေ ပြောပြလိုက်တဲ့အခါမှာ သုံးယောက်စလုံး တအံ့တသြနဲ့ နားထောင်ရင်း တော်လိုက်တာ၊ တော်လိုက်တာနဲ့ ပါးစပ်က တဖွဖွထုတ်ဖော် ချီးကျူးနေကြပါတယ်။ ဘာသာစုံဂုဏ်ထူးရှင် လူငယ်လေးကလည်း အားကျတဲ့ မျက်လုံးတွေက အရောင်တလက်လက် ထွက်လို့တောင်နေပါတယ်။ နောက်တော့ တပည့်ဖြစ်သူနဲ့အတူ ပြန်ဆင်းသွားကြပါတယ်။ ဗိုလ်တစ်ထောင်ဘုရား သွားချင်တယ်ဆိုလို့ တပည့်ဖြစ်သူက လိုက်ပို့မယ်ဆိုပြီး ခေါ်သွားတာပါ။

ပြင်ဦးလွင် မျက်မမြင်ကျောင်း
        သူတို့ပြန်သွားပြီး မကြာမီမှာပဲ ပြင်ဦးလွင်က ဖုန်းဝင်လာပါတယ်။ ပြင်ဦးလွင် မျက်မမြင်ကျောင်း နှစ်ပတ်လည်မဂ္ဂဇင်း ထုတ်ဝေဖို့ စီစဉ်နေတာကြောင့် စာမူရေးပေးဖို့ လှမ်းအကြောင်းကြားတာပါ။ ပြင်ဦးလွင် မဟာအံထူးကံသာဘုရားကြီး ခြေတော်ရင်းမှာ
ဆရာတော် ဦးဥေးယျတည်ထောင်တဲ့ မျက်မမြင်ကျောင်း ရှိပါတယ်။
အရွယ်မျိုးစုံ ကျား၊ မ ကိုးဆယ်တစ်ရာလောက် ရှိပါတယ်။
အစိုးရကျောင်းတွေမှာ သွားပြီး ကျောင်းတက်တဲ့ ကလေးတွေ အတန်းစုံရှိသလို၊ ကြိမ်ထိုး၊ အနှိပ်ပညာ၊ ဗေဒင်ပညာ အပြင် မြန်မာ့ဆိုင်းပညာပါ သင်ကြားပေးပါတယ်။

ဘ၀တူချင်း ရိုင်းပင်း
        ဆရာတော်ကိုယ်တိုင်က မျက်စိနှစ်ကွင်း အလင်းမရသလို ကျောင်းက ဆရာ၊ ဆရာမတွေ အားလုံးလည်း မျက်စိမမြင်ရှာကြသူတွေချည်း ပါပဲ။ တက္ကသိုလ်ကျောင်းတက်ရင်း ကျောင်းပိတ်ရက်တွေမှာ လာသင်ပေးသူ မျက်မမြင် စေတနာရှင်များလည်း ရှိပါတယ်။ ကျန်းမာရေး သိပ်မဆိုးခင်က နွေရက်တွေဆို အမေလူထုဒေါ်အမာရှိရာ ပြင်ဦးလွင်မှာ နွေခိုလေ့ ရှိပါတယ်။ အမေမာ ကျေးဇူးနဲ့ ဆရာတော် ဦးဥေးယျရဲ့ မျက်မမြင်ကျောင်းနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ရပါတယ်။ ကျောင်းထဲမှာ ဗေဒင်ဟောခန်း၊ အနှိပ်ခန်းတွေ ဖွင့်ထားပါတယ်။ လာပြီး ဗေဒင်မေးသူ၊ အနှိပ်ခံသူတွေ မပြတ်လှပါဘူး။ ရတဲ့အခကြေးငွေကို ပညာရှင်တွေ ကိုယ်ပိုင်အဖြစ် ရယူနိုင်ပါတယ်။

အသက်မွေးဖို့ ပညာသင်ပေးတာ
        တချို့က ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားတဲ့အခါ ကိုယ့်ရပ်ကိုယ့်ရွာပြန်ပြီး ဗေဒင်ပညာ၊ လက်နှိပ်ပညာနဲ့ အသက်မွေးကြပါတယ်။ လက်နှိပ်ပညာမှာ မြန်မာ့ရိုးရာ လက်နှိပ်ပညာ သင်ပေးသလို ဂျပန်လက်နှိပ် ပညာကိုလည်း သင်ပေးပါတယ်။ ပွဲတွေလမ်းတွေမှာ ဆိုင်းဝိုင်းထည့်ချင်လို့ ငှားရင်လည်း ရပါတယ်။ မျက်မမြင်ကျောင်းဆိုပေမယ့် ကျောင်းမှာ စာကြည့်တိုက်ပါ ဆရာတော်က ဖွင့်ထားပြီး စာဖတ်ဖို့ အားပေးပါတယ်။ မျက်စိမြင်တဲ့ စေတနာရှင်များက ကျောင်းလာပြီး စာဖတ်ပြကြတယ်။ ကျောက်ဆည်ကနေ လစဉ်လိုလိုလာပြီး စေတနာ လုပ်အားပေးကြသူတွေတောင်ရှိလို့ ရင်းနှီးကျွမ်းဝင်ခဲ့ကြရပါသေးတယ်။

သူဖုန်းစားဖြစ်မသွားအောင်
        ဆရာတော်ရဲ့လုပ်ရပ်က အင်မတန် လေးစားကြည်ညိုစရာ ကောင်းလှပါတယ်။ လူတွေကို လူဖြစ်မရှုံးရအောင် လုပ်ပေးနေတာ ဖြစ်တယ်။ ရှေးအခါကဆို မျက်စိမမြင်ဘူးဆိုရင် လူရာမ၀င်တော့ပါဘူး။ တောင်ဝှေးတစ်ချောင်းနဲ့ ရပ်ထဲရွာထဲ လှည့်လည် တောင်းရမ်း စားသောက်နေရသူတွေ အများကြီးပါပဲ။ အခုခေတ်တော့ ဆရာတော်ကျောင်းလို မျက်မမြင်ကျောင်းတွေရဲ့ကျေးဇူးကြောင့် တောင်းရမ်းစားသောက်တဲ့ မျက်မမြင်တွေ တော်တော်နည်းသွားပါပြီ။ ဆရာတော်နဲ့တကွ မျက်မမြင်ကျောင်း အားလုံးဟာ မျက်မမြင်တွေကို သူဖုန်းစားဖြစ်မသွားအောင် လုပ်ဆောင်ပေးနေတာဖြစ်လို့ ကျေးဇူးကြီးမားလှပါတယ်။

ကိုယ့်အားကိုယ်ကိုးဖို့
        ကြီးကြီးကျယ်ကျယ် လူအထင်ကြီးစေမယ့် စကားလုံးကြီးတွေနဲ့ ပြောရရင်တော့ မျက်မမြင်ကျောင်းတွေနဲ့ ဆရာတော်ဦးဥေးယျရဲ့ လုပ်ရပ်များဟာ လူတွေကို သူတစ်ပါးအပေါ် မှီခိုအားကိုးလွန်းတဲ့ စိတ်ဓာတ်မျိုး (Dependency Syndrome)ကို တိုက်ဖျက်ပြီး ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ် ကိုယ့်ခြေထောက်ပေါ် ကိုယ်မားမားရပ်ချင်တဲ့ စိတ်ဓာတ်တွေ ခိုင်မာလာအောင် ပြုစုပျိုးထောင်ပေးနေတာ ဖြစ်တယ်လို့ ဆိုနိုင်တယ်။

လောင်းရိပ်မိတဲ့အပင်လို
        သူတစ်ပါးကို မှီခိုအားကိုးတဲ့ စိတ်ဓာတ်မျိုးဟာ မကောင်းပါဘူး။ အငုံ့စိတ်၊ သိမ်ငယ်စိတ်တွေ ကြီးထွားလာစေနိုင်တယ်။ လူတောမတိုးရဲတဲ့ စိတ်တွေ အမြစ်တွယ်သွားပြီး လောင်းရိပ်မိတဲ့အပင်လို တစ်ဘ၀လုံး အညွန့်မထွက်နိုင် ဖြစ်သွားလေ့ရှိတယ်။ ဆရာတော် ဦးဥေးယျနဲ့တကွ မျက်မမြင်ကျောင်းတွေက မျက်မမြင်အားလုံးကို ကိုယ့်ခြေထောက်ပေါ်ကိုယ် ခိုင်ခိုင်မြဲမြဲ ရပ်တည်ပြီး ခေါင်းမော့ရင်ကော့နေနိုင်အောင် ဆောင်ရွက်ပေးနေတာ ဖြစ်လို့ ကျေးဇူးကြီးမား လှပါပေတယ်။
@Eleven Media Group

Saturday, August 14, 2010

ထူးတဲ့အာလူး

ယနေ့ဂျပန်နိုင်ငံမှာ ဓါတ်စာဖျော်ရည်တစ်မျိုး ခေတ်စားနေပါသည်။
လူအများစိတ်ဝင်စားလာအောင် စတင်ဖော်ထုတ် ဆော်သြခဲ့သူကတော့
ဂျပန်ဗုဒ္ဓဘာသာဘုန်းတော်ကြီး အရှင်တိုမီဇာဝ ဖြစ်ပါတယ်။
ထင်ပေါ်ကျော်ကြားလာတဲ့ ဓါတ်စာဖျော်ရည်ကတော့ ``အာလူးစိမ်း`` ဖျော်ရည်ပဲဖြစ်ပါတယ် ။
ဂျပန်နိုင်ငံမှာ အာလူးစိမ်းဖျော်ရည်ကြောင့် ရောဂါသက်သာပျောက်ကင်းသွားရတဲ့
လူနာတွေ ၊ လူနာရှင်တွေဆီက ကျေးဇူးတင်ကြောင်း ပလူပျံသလိုရောက်လာတဲ့စာတွေ
အရှင်တိုမီဇာဝ လက်ခံရရှိခဲ့ပါတယ် ။

ဆရာတော်က `` ဒီနှစ်ထဲမှာ ကင်ဆာအများအပြားဟာ အာလူးစိမ်းဓါတ်စာကို
မှီဝဲခဲ့ကြပြီး ပမာဏတော်တော်များများဟာ သိသိသာသာ သက်သာသွားပြီး
သေမင်းနှုတ်ခမ်းဝက ပြန်လာနိုင်ခဲ့ကြပါတယ်`` ။

အသုံးပြုပုံကတော့ အာလူးအစိမ်း လတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး
ထုထောင်းပါမယ်။ ပြီးမှ ပိတ်စိမ်းပါးနဲ့ထုပ်ပြီး အရည်ရအောင်ညှစ်ယူပါမယ် ။
အဲဒီအရည်ဖန်ခွက်တစ်ခွက်မှ နှစ်ခွက် နေ့စဉ်မှီဝဲသွားမယ်ဆိုရင်
အသည်းရောဂါ ၊ဆီးချိုရောဂါ ၊ အစာအိမ်ရောဂါ ၊ကျောက်ကပ်ရောဂါ ၊နှလုံးရောဂါ၊ သွေးတိုးရောဂါ ခါးနာ၊ ပုခုံးနာ၊ကျီးပေါင်း နာရောဂါတွေ ပျောက်ကင်းစေတယ်လို့ ဆိုပါတယ် ။
ပျောက်ကင်းကြောင်း အနယ်နယ် အရပ်ရပ်က ထောက်ခံစာများရရှိထား တယ်လို့ ဆိုပါတယ် ။

သာဓကတစ်ခုအနေနဲ့ကတော့ ......
မစ္စတာတီဆိုသူသည် နားရွက်အောက်နားမှာ အဖုတစ်ဖု ပေါ်လာတာနဲ့ ဆေးရုံကိုသွားပြီး
ကင်ဆာ ကျိတ်ဖြစ်နေပြီး ခွဲစိတ်ကုသပြီး ဓါတ်ကင်ခဲ့ပါတယ် ။
သို့သော်လဲ ကင်ဆာကလပ်စည်းတွေက အဆုတ်ထိအောင် ပျံ့နှံ့သွားပါတယ်။
သက်ဆိုင်ရာ ဆရာဝန်ကြီးများက ကင်ဆာကလပ်စည်းတွေ ပျံနှံ့ကုန်လို့
ကုသလို့ မရနိုင်တော့ဘူး လို့ဆိုပါတယ် ။
အဲဒီနောက် သူဟာ အာလူးစိမ်းဓါတ်စာ အကြောင်းကြားသိရတဲ့အတွက်
အရှုံးမရှိဘူးဆိုပြီး သောက်ကြည့်တယ်။
အညွှန်းအတိုင်း နေ့စဉ်ရက်ဆက် ဇွဲကောင်းကောင်းနဲ့ သောက်ခဲ့ပါတယ် ။
အခုဆိုရင် ကင်ဆာကလပ်စည်းတွေ လျှော့ကျသွားပြီး ထိန်းချုပ်ထားနိုင်တဲ့အတွက်
ကျန်းမာရေးနဲ့ ခွန်အား ပြန်ကောင်းလာပါတယ် ။
မူလ အလုပ်အကိုင်လည်း ပြန်ပြီး လုပ်ကိုင်နိုင်ပါပြီ။

သုတေသီ တိုမီဇသက သူ့ရဲ့  ``ကင်ဆာရောဂါ ကြောက်စရာမလို၊ ကျန်းမာစေကြောင်း
နည်းလမ်းကောင်း ``(The way to healthy life ; Cancer not to be feared) ဆိုတဲ့
စာအုပ်ထဲမှာ ကင်ဆာ ရောဂါခွဲစိတ်ကုသခဲ့သည့်တိုင်အောင် လူနာရဲ့
အကြောက်တရားကြောင့် ကင်ဆာကလပ်စည်းတွေ ပျံနှံ့ကုန်ရပါတယ် ။
သူဟာ ကင်ဆာဆေးအဆက်မပြတ် မှီဝဲရပြီး ဓါတ်ကင် ပြီးသွားပြီဆိုတဲ့
သတင်းမကြားရသလောက်ပါပဲ ။ ဒါ့အပြင် ပြင်းထန်တဲ့ ကုထုံးတွေရဲ့
ဘေးထွက်ဆိုးကျိုးတွေရဲ့ အကျိုးဆက်ကို လူနာက ခံစားရပါသေးတယ် ။
အကျိုးဆက်အနေနဲ့ လူနာဟာ ခံတွင်းပျက်ခြင်း ၊ အားအင်ချည့်နဲ့လာခြင်းတို့ ဖြစ်လာရပါတယ် ။ အာလူးစိမ်း ဓါတ်စာကို သောက်ခြင်းအားဖြင့်ဘေးထွက် ဆိုးကျိုးတွေ မခံစားရပဲ လူနာဟာ တစ်နေ့တစ်ခြား အားအင်ပြည့်ဖြိုးလာတာတွေ့ရပါတယ် ။
အာလူးပင်ဟာ ပင်ကိုယ်က အာဟာရပြည့်ဝနေတဲ့ အစာတစ်ခုဖြစ်တဲ့အတွက် အကျိုးမယုတ်ပါဘူး။ သူ့ကို မှန်မှန်မှီဝဲခြင်းအားဖြင့် ကင်ဆာ ကလပ်စည်းတွေကို ဟန့်ထားစေပါတယ် ။`` လို့ ဖော်ပြထာားပါတယ် ။

အာလူးစိမ်း ဓါတ်စာဟာ ကိုယ်တိုင် လွယ်လွယ်ကူကူ ဖော်စပ်နိုင်ပြီး ချက်ချင်းလက်ငင်း သောက်သုံးနိုင်ပါတယ် ။ ပြီးတော့ အဲဒီအချိန်တိုအတွင်းမှာ
သူ့ရဲ့ အာနိသင်ကို တွေ့ထိခံစားနိုင်ပါတယ် ။

ဓါတ်စာ တစ်ပါတ် နှစ်ပါတ်လောက် သောက်ပြီးတာနဲ့ နာကျင် ကိုက်ခဲမှုဝေဒနာတွေ
တစ်စတစ်စ လျှော့ပါးသွားပါတယ် ။ ခံတွင်းပြန်ပြီးကောင်းလာမယ် ။
အသားအရေပြန်ပြီးကောင်းလာမယ် ။

အာလူးစိမ်း ဓါတ်စာကို အထူးသဖြင့် ထောက်ခံတဲ့နောက်တစ်ဦးကတော့
ဒေါက်တာကိုင်နိုရှိတ ဖြစ်ပါတယ် ။
သူ့အဆိုတွေက ``အာလူးကို ဥရောပတိုက်သားတွေက တစ်ချိန်တုန်းက
မဟာပထ၀ီမြေကြီးရဲ့ပန်းသီး (Apple of the great earth) လို့ ခေါ်ခဲ့ကြောင်း သိရပါတယ် ။
အာလူးမှာ အဟာရဓါတ်တွေ စုံစုံလင်လင်ပါရှိပြီး အထူးသဖြင့်ဗိုက်တာမင်စီဓါတ်နဲ့
ထုံးဓါတ်တို့ အများဆုံးပါဝင်ပါတယ် ။

ရှေးဟောင်း ဂျာမန်ဆေးကျမ်းတွေမှာ အာလူးစိမ်းဓါတ်စာရည်ကို အစာအိမ်အနာပေါက်ခြင်း ၊ ၀မ်းချုပ်ခြင်းတွေ အတွက်ပေးရကြောင်း ဖော်ပြထားပါတယ်။

ကင်ဆာကလပ်စည်းတွေကို ထိန်းချုပ်နိုင်ခြင်းနှင့်ပါတ်သက်ပြီး အာကိတတက္ကသိုလ်
ဆေးသုတေသန ဌာနက ပါမောက္ခ ကာ ဂါမိ ကပြောကြားရာမှာ
`` ကင်ဆာကလပ်စည်းကို ထိန်းချုပ်စေတဲ့ ဓါတ်ကိုရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ် ။
အဲဒီဆေးနဲ့ ကြွက်ကလေးတွေ အပေါ်မှာ စမ်းသပ်ကြည့်တဲ့အခါ အလားအလာ ကောင်းမွန်ကြောင်းတွေ့ရပါတယ် ။ သူဟာ သူ့ရဲ့တွေ့ရှိချက်ကို စာတမ်းပြုစုပြီး မနှစ်က
ဂျာမနီနိုင်ငံမှာကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကင်ဆာညီလာခံ
( International Cancer Society Conference ) မှာ ဖတ်ကြားတင်သွင်းခဲ့ပါတယ် ။

နောက်ဆက်တွဲအနေနဲ့ အာလူးစိမ်းဓါတ်စာ ဖျော်ရည်လုပ်နည်းဟာ အလွန်ပဲလွယ်ကူပါတယ် ။
အရွယ်တူ အာလူး (၃)လုံးကိုယူပြီး ရေစင်အောင်ဆေးပါ ၊ အခွံမနွှာရပါ ။
အစို့ပေါက်လေးများရှိရင် ဖယ်ရှားပေးပါ ။
ပြီးလျှင် အာလူးကို သခွားခြစ်ဖြင့် အစလေးများဖြစ်အောင် ခြစ်ပေးပါ ။
ပြီးက အဲဒီအစလေးများကို သန့်ရှင်းသော ပိတ်စိမ်း ပါးစဖြင့် ထုပ်ပြီး
(အုန်းနို့ ညှစ်သကဲ့သို့) အရည်ညှစ်ယူပါ ၊
အဲဒီအရည်ကိုခွက်ထဲမှာ ထည့်ပြီး အရသာကောင်းအောင် ပျားရည် နဲနဲရောစပ်ပြီး သောက်ပါ ။ အဲဒီအာလူးအရည်ကို နံနက်တိုင်း တစ်ခွက်နှုန်းဖြင့်သောက်ပေးနိုင်ပါတယ် ။

ဖြန့်ဝေသူ၏ အမှာစကား
ယနေ့ကာလခေတ်တွင် ကင်ဆာရောဂါသည် အလွန်အဖြစ်များ၍
ငွေကုန်ကြေးကျ များသောရောဂါဖြစ်ပါသည် ။
ကင်ဆာရောဂါပျောက်ကင်းစေနိုင်သော တိုင်းရင်းဆေး ၊ နိုင်ငံခြားဖြစ်ဆေး
အမြောက်အများပေါ်ထွက်လျှက်ရှိပါသည်။

ဗုဒ္ဓဘာသာအလိုရ ခန္ဓာရှိ၍ ဝေဒနာရှိဖြင်းဖြစ်ပါသည် ။
မိမိပြုသော ကုသိုလ် ၊ အကုသိုလ် အစုစုတို့သည် သံသရာ ပြန်၍ တစ်ဖန်လည်ခြင်းဖြစ်ပါသည် ။ ထို့ကြောင့် စိတ်ဓါတ်မကျဘဲ ၊ အားမငယ်ဘဲ မိမိတို့၏ ရောဂါဝေဒနာများကို စိတ်ဓါတ်ကြံ့ခိုင်စွာ၊
နည်းလမ်းပေါင်းစုံဖြင့် ကုသရမည် ဖြစ်ပါသည် ။
မိမိ၏ ကုသိုလ်ကံတရားအကျိုးပေးသော် မိမိနှင့်ကိုက်ညီသော ဆေးဝါးများ၊
ဆရာသမားများ (အနာနှင့်ဆေးတည့်သော်) တွေ့ကာ ရောဂါအမြစ်ပြတ်ကာ
(လုံးဝ) အရှင်း ပျောက်ကင်းချမ်းသာနိုင်ပါသည် ။

သို့ဖြစ်ရာ အထက်တွက်ဖော်ပြခဲ့သော အာလူးစိမ်းဖျော်ရည်သည်
ကုန်ကျစရိတ်နည်းပါးသည့်အပြင် ပြုလုပ်ရန်နည်းလမ်း သည် အလွန်ရိုးရှင်းပါသည် ။
လူသားတို့စားသုံးသော သဘာဝ ဓါတ်စာဖြစ်သည့်အတွက်ကြောင့် ဘေးထွက် ဆိုးကျိုးမရှိပါ ။ ထို့ကြောင့် ရောဂါဝေဒနာရှင်များ လက်တွေ့အသုံချနိုင်ရန် အကျိုးငှာ ဤ ဆေးနည်းအား
တဆင့်ပြန်လည်ဝေငှပေးခြင်းဖြစ်ပါသည်။ သူငယ်ချင်းမိတ်ဆွေများလဲ ထပ်မံ လက်ဆင့်ကမ်းပြောကြားပေးကြပါခင်ဗျား။
ကျေးဇူးတင်ပါသည်။
မျိုးဝင်းသန်း
from forward mail

Friday, August 13, 2010

နားလည်မှု

(သစ္စာနီ)
 
လိမ္မော်သီးတစ်လုံးကို
ခွေးတစ်ကောင်ဟုခေါ်ဆို၍
ခွေးတစ်ကောင်ကို
လိမ္မော်သီးတစ်လုံးဟု
ခေါ်ဆိုမည်ဆိုပါစို့။

ခွေးတစ်ကောင်သည်
သစ်ပင်ပေါ်မှာနေမည်
ဖန်ပုလင်းတစ်လုံးထဲမှာနေမည်
ရေခဲသေတ္တာထဲမှာနေမည်
သင့်ရဲ့ လျှာပေါ်မှာနေမည်။

လိမ္မော်သီးတစ်လုံးသည်
အမြီးနှံ့မည် ဟောင်မည်။

ဗိုင်းရပ်စ်ပိုးဝင်နေတဲ့
အဲဒီလိမ္မော်သီးကို
သံကြိုးကြီးကြီးနှင့်
ချည်ထားရန်
လိုအပ်သည်။
- ဟန်သစ် ၁၉၉၁

Thursday, August 12, 2010

ဘယ်သူ့ကိုရွေးကြမှာလဲ

အခါအားလျှော်စွာ မြန်မာနိုင်ငံကထုတ်ဝေနေတဲ့ ဂျာနယ်တွေကို ဖတ်ဖြစ်တယ်။
ကိုယ့်ဘလော့ဂ်ကို အလည်လာတဲ့ သူတွေကို
ကိုယ့်လိုဖတ်ရအောင် ဗဟုဿုတရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့
ကြိုက်တဲ့ဆောင်းပါးလေးတွေ့ကို ကူးပြီး တင်ဖြစ်တယ်။
Weekly Eleven Journal မှာတွေ့တဲ့
စာရေးဆရာ ဇေ၀င်းနောင် ရေးထားတဲ့
ဘယ်သူ့ကိုရွေးကြမှာလဲ ဆိုတဲ့
ဆောင်းပါးလေးကို
မြန်မာနိုင်ငံသားတိုင်းဖတ်သင့်တယ်ထင်လို့ တင်ပေးလိုက်တယ်။
 ''နိုင်ငံရေးသမားဆိုတာ လူထုကို စိတ်ဝင်စားတယ်။ ဒါဟာ အမြဲတမ်း ကောင်းမွန်မြင့်မြတ်တဲ့ အရာတော့ မဟုတ်ဘူး။ ခွေးလှေးခွေးသန်းတွေက ခွေးကို စိတ်ဝင်စားသလိုမျိုးလေ''လို့ ဗြိတိသျှစစ်သမိုင်းနဲ့ ၀တ္ထုရေးဆရာ လန်ဒေတန်က ပြောဖူးပါတယ်။ သူမြင်ရတဲ့ လူထုကို သွေးစုပ်ဖို့ ကြိုးစားတဲ့ နိုင်ငံရေးသမားတချို့ကို ရွဲ့ပြောတာပဲနေမှာပါ။ မြင့်မြတ်တဲ့ ကိုယ်ကျိုးစွန့်တဲ့ နိုင်ငံရေးသမားတွေ အများကြီး အထင်အရှား ရှိနေတာပဲ။ ဒါပေမဲ့ လန်ဒေတန် ပြောသလို ခွေးသန်းလို နိုင်ငံရေးသမားတွေလည်း ခေတ်တိုင်းမှာ ပေါ်ခဲ့ကြတာကိုး။

ဂရိစကား Polis ကလာတဲ့  နိုင်ငံရေးသမား Politician ဆိုတာ ပြည်သူနဲ့ဆိုင်တဲ့ မူဝါဒချမှတ်ရေးမှာ လွှမ်းမိုး ပါဝင်ပတ်သက်တဲ့သူလို့ အဓိပ္ပာယ် ဖွင့်ကြပါတယ်။ အစိုးရအဖွဲ့တွင်းက မူဝါဒချမှတ်တဲ့ နေရာတွေကို ရယူထားကြသူတွေအပြင် ဒီနေရာတွေ ကိုရယူဖို့ ကြိုးပမ်းကြသူတွေကိုပါ နိုင်ငံရေးသမားလို့ ခေါ်လေ့ရှိပါတယ်။ ရွေးကောက်ပွဲအရ ဖြစ်စေ၊ အာဏာလွှဲယူခြင်းကနေ ဖြစ်စေ၊ ခန့်ထားမှုကနေ ဖြစ်စေ၊ မဲလိမ်ပြီးပဲ ဖြစ်စေ၊ စစ်အောင်နိုင်လို့ပဲ ဖြစ်စေ ဒီနေရာတွေကို ရယူကြသူတွေ၊ ရယူဖို့ ကြိုး စားကြသူတွေကို နိုင်ငံရေးသမား စာရင်းထဲ ထည့်ပါတယ်။

ရွေးကောက်ပွဲတွေ လုပ်မယ်ဆိုတော့ ဘယ်သူ့ကို ရွေးကြမှာတုန်း၊ ဘယ်နိုင်ငံရေးသမားကို ရွေးကြမှာတုန်းဆိုတဲ့ မေးခွန်းက ခေါင်းထဲပေါ်လာမိတယ်။ လူက နဂိုကတည်းက ပြောင်းပြန်စောက်ထိုး စဉ်းစားချင်တဲ့ အကျင့်ကလေးကရှိတော့ ဘယ်လို လူမျိုးကို ရွေးမလဲဆိုတာထက် ဘယ်လိုလူမျိုးကို မရွေးသင့်ဘူးလဲဆိုတာကို စဉ်းစားကြည့်မိတယ်။
မရွေးသင့်တဲ့ နိုင်ငံရေးသမား အမျိုးအစားတွေကို အမျိုးအစားခွဲကြည့်ရင် အဲဒီအထဲ မပါတဲ့ သူမျိုးဆို ရွေးသင့်တယ်လို့ အဖြေထွက်လာမယ် ထင်လို့ပါ။ ဘယ်ကျမ်းထဲကမှ မဟုတ်၊ကိုယ့်စိတ်ကူးထဲက ပေါ်သလို သရုပ်ခွဲကြည့်တာမို့ စံပေတံတစ်ခု လို့ မပြောနိုင်ပေမဲ့ အတွေးနယ်ချဲ့ ကြည့်စရာ ကောင်းမယ်ထင်လို့ တွေးမိတာလေးတွေအတိုင်း မျှဝေကြည့်ပါမယ်။

ဒေါင်းယောင်ဆောင်သောကျီး (Wolf in Sheep Clothing)
        မြန်မာလို ဒေါင်းယောင်ဆောင်သောကျီး ဆိုတော့ ဘိုလိုက သိုးရေခြုံတဲ့ ၀ံပုလွေပေါ့။ (ဘိုလိုပြန်တာ ဟုတ်မယ်တော့ထင်တာပဲ) လူထုနှစ်သက်တဲ့ အသွင်ကို ယူတတ်ကြတဲ့ အရေခြုံ နိုင်ငံရေးသမားမျိုးပေါ့။ လူထုရဲ့ အာရုံခြောက်ပါး (မျက်စိ၊နား၊နှာခေါင်း၊ လျာ၊ကိုယ်၊ စိတ်) ထဲ စွဲလမ်းနေတာတွေကို အတု လိုက်လုပ်ကြသူတွေပေါ့။ လူထုမြင်ချင်တဲ့ အသွင်၊ ကြားချင်တဲ့ စကား၊ ရှူသွင်းချင်တဲ့ လွတ်လပ်မှုဆိုတဲ့ လေ၊ ခံစားချင်တဲ့ အရသာ၊ ထိတွေ့ချင်တာတွေ၊ စိတ်ခံစားမှုတွေကို ပေးစွမ်းနိုင်တဲ့ သူတွေဟာ သူတို့ဖြစ်တယ်လို့ အသွင်အမျိုးမျိုး၊ အပြောအမျိုးမျိုးနဲ့ လိမ်မဲ့သူတွေပေါ့။ အမြင်မကျယ်သူတွေကို စိတ်ကတိမ်းကပါး ဖြစ်အောင်လုပ်ဖို့ အလွန်ကောင်းတဲ့ နည်းတစ်နည်းပေါ့။ ဒါပေမဲ့ လူထုက မတုံးပါဘူး။ စင်ဒရဲလားလေးနဲ့မှ တော်တဲ့ ဖိနပ်ဟာ မိထွေးသမီးနှစ်ယောက် (အနက်စ်တေရှာနဲ့ ဒရစ်ဇယ်လာ)တို့ ဘယ်လိုစွပ်စွပ် မတော်ပါဘူး။

သစ္စာဖောက် (Traitor)
        ဒီလိုလူမျိုးကတော့ လူ့အဖွဲ့အစည်းမှာ ရှိကိုမရှိသင့်တာ မေးနေစရာကို မလိုပါဘူး။ ကိုယ်ယုံကြည်ရာ၊ ကိုယ်မြတ်နိုးရာကို သစ္စာဖောက်တဲ့သူ၊ ကိုယ်ကိုယ်တိုင်တောင် မယုံကြည်တဲ့အရာကို လုပ်ရဲတဲ့သူ၊ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်ပတ်ဝန်းကျင်ကို သစ္စာဖောက်တဲ့ သူတွေ။ ဒီလိုလူမျိုးတွေဟာ ခေတ်အဆက်ဆက် ရှိခဲ့တာပဲ။ ကြောက်စရာ ကောင်းလောက်အောင်ကို ကိုယ့်အနီးအပါးမှာကို ရှိနေကြတာပဲ။ ခရစ်တော်ရဲ့ တပည့်ကြီး  ၁၂ ယောက်ထဲက ယုဒရှကာရုတ်(Judas Iscariot) ဟာ ငွေဒင်္ဂါး ၃၀ ပဲပါတဲ့ ငွေအိတ်ကလေးအတွက်နဲ့ ခရစ်တော်ကို သစ္စာဖောက်ခဲ့တယ်။ လာဖမ်းတဲ့သူတွေ ခရစ်တော် ဘယ်သူလည်းဆိုတာ သိအောင် ခရစ်တော်ပါးကို တစ်ချက်နမ်းပြီး ''ဒါသခင် ယေရှု''လို့ မပြောဘဲနဲ့ သိအောင်လုပ်ခဲ့တယ်။ ရောမအင်ပါယာကို တည်ထောင်ခဲ့တဲ့ စစ်ဘုရင် ဂျူးလီယက်ဆီဇာဟာ ဘရုတပ်စ်ဆိုတဲ့ မိတ်ဆွေရင်းက ပူးပေါင်းလုပ်ကြံလို့ သေခဲ့ရတာ။ ရှိတ်စပီးယားရဲ့ ဂျူးလီးယက်ဆီဇာ ပြဇာတ်ထဲမှာ ဆီဇာနောက်ဆုံး ရေရွတ်မြည်တမ်းခဲ့တဲ့'' ဘရုတပ်စ် မင်းလည်းပါသကိုး''(Et tu, Brute?) ဆိုတဲ့စကားဟာ ကမ္ဘာကျော်ပါတယ်။ ဒီလိုမျိုး သစ္စာဖောက်မျိုးကတော့ ရှောင်ကို ရှောင်သင့်တယ် ထင်တာပဲ။

အခွင့်အရေးသမား၊ သာကူး (Opportunist)
        ငါတော့ ရွေးကောက်ပွဲ ၀င်လိုက်ရင်၊ အမတ်များ ဖြစ်လိုက်ရင် ဘာအခွင့်အရေးများ ရမလဲဟဲ့။ ဟိုလူသာရင် ဟိုလူနဲ့ပေါင်း၊ ဒီလူသာရင် ဒီလူနဲ့ပေါင်း သာကူးသမားတွေကိုလည်း opportunist ပဲ ခေါ်ကြပါတယ်။ ကိုလိုနီခေတ်နှောင်းနဲ့ လွတ် လပ်ရေး ခေတ်ဦးမှာ ကတည်းက ၅၀၀၀ စား အမတ်ဖြစ်ရင် ဟန်ပြီဆိုပြီး လုပ်ကြသူတွေ၊ ခေါင်းပေါင်း ''ညာ'' ချကြသူတွေ ရှိခဲ့ကြတယ်ဆိုတာ သမိုင်းသက်သေရှိပါတယ်။ ဒီလိုလူမျိုးတွေဟာ သူ့အကျိုးစီးပွားပဲ ကြည့်ကြသူတွေ။ ဟိုကဒီက ပိုက်ဆံ တွေ တောင်းမဲ့သူတွေ၊ ရန်ပုံငွေလေး ပေးဖို့ ခွေးကသူ့သခင်ဆီက အမဲရိုးတောင်းသလို တောင်းကြမဲ့သူတွေ၊ ဒီမိုကရေစီကို ဗန်းပြပြီး ယမမင်းနဲ့တောင် တစ်လှေတည်းစီးပြီး စီးပွားရှာမဲ့သူတွေ၊ အခွင့်အရေးအတွက် ဖောက်ပြန်ဖို့ဆိုတာ လက်မနှေးမဲ့သူ တွေပါ။ ရန်ပုံငွေမရှိဘဲ ဘယ်လိုမဲ ဆွယ်မလဲလို့ ပြောလို့မရပါဘူး။ အိုဘားမားက အမေရိကန်မှာမို့ ရန်ပုံငွေ သန်းချီသုံးရတာ။ ဒီမှာက ကိုယ့်အပေါ်သာ တကယ်ယုံကြည် မေတ္တာရှိကြလို့ရှိရင် ဘယ်နေရာသွားသွား အဆင်ပြေတယ်ဆိုတာ သာဓကတွေ ပေါမှပေါ။

လက်ဝေခံ၊ လက်ကိုင်တုတ် (Proxy)
        ဒါကတော့ အိမ်နီးချင်း ထိုင်းသတင်းတွေမှာ ပါနေကြ။ သက်ဆင်ထောက်ခံသူတွေ တည်ထောင်တဲ့ ပါတီကို သက်ဆင်ရဲ့ Proxy လို့ တစ်ဖက်က ဝေဖန်ကြသလို ထိုင်းဒီမိုကရက်တွေကိုလည်း တပ်နဲ့ဘုရင်ရဲ့ Proxy လို့ တစ်ဖက်က ဝေဖန်ကြမြဲ။ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်း တစ်ခုရဲ့ လက်ဝေခံ၊ လက်အောက်ခံ အဖြစ်နဲ့ နိုင်ငံရေးလုပ်ကြရင် ဒီလို နိုင်ငံရေးသမားမျိုးဟာ သူပေးတဲ့ ကတိက၀တ်တွေအတိုင်း ပြည်သူကို အလုပ်အကြွေး ပြုနိုင်၊မပြုနိုင် ဆိုတာ အရမ်းကို သံသယဖြစ်စရာ ကောင်းတာ။ပြည်တွင်းပြည်ပက အကူအညီတွေနဲ့ လက်ဝေခံ လုပ်ကြသူတွေဟာလည်း ဘယ်လိုမျိုးလဲဆိုတာ ရှင်းနေတာပဲ။ ပြည်တွင်းဖြစ်ပဲဖြစ်ဖြစ်၊ ပြည်ပလုပ်ပဲဖြစ်ဖြစ် လက်ဝေခံက လက်ဝေခံပဲ။

ဆိုင်းသံဗုံသံကြားရင် ကချင်ကြသူတွေ (ဘိုလို ဘယ့်နှယ်ပြောရမှန်းတောင် မသိတော့ဘူး။ busybody in politics နိုင်ငံရေး ပါလေရာလို့ ခေါ်ရင် ကောင်းမယ်ထင်တယ်)
        အရပ်ထဲမှာရှိပါတယ်။ ဘာဖြစ်ဖြစ် ပွဲလမ်းသဘင်ဆို ဆိုင်းသံဗုံသံကြားရင် ကချင် ခုန်ချင်၊ ပါချင်ကြသူတွေပါ။ မြန်မာတို့ရဲ့ ရိုးရာဓလေ့အရ ဒီလိုလူမျိုးတွေက ချစ်ဖို့ကောင်းပါတယ်။ နောက်စရာ ပြောင်စရာမျိုး ဖြစ်တတ်သလို၊ သူတို့ပါလို့ ပွဲစည်တာ လည်း ရှိပါတယ်။ နိုင်ငံရေးမှာတော့ ဒီလို ဆိုင်းသံဗုံသံကြားတိုင်း 'က'ချင် ကြတာ တယ်မကောင်းလှပါဘူး။ အပျော်အပါးမှ မဟုတ်တာ။ ဒီလိုလူမျိုးတွေဟာ အန္တရာယ်မရှိပေမဲ့ အလုပ်ဖြစ်ဖို့လည်း ခဲယဉ်းတယ်။ ဒီလို လူမျိုးတွေဟာ လုပ်ချင်စိတ်ပဲရှိပြီး လုပ်နိုင်တဲ့အစွမ်း နည်းတတ်ကြပါတယ်။ ''ပါတော့ပါလိုက်တယ်။ ဘာပဲဖြစ်ဖြစ်ရတယ်။ ပါချင်လို့ကိုပါတာ'' ဆိုတာမျိုးကတော့ အရပ်ထဲက ပွဲလမ်းသဘင်မှာပဲ ကောင်းတယ်။ ရွေးကောက်ပွဲဆိုတာ အလှူအိမ်မှ မဟုတ်တာဗျာ။

နေ့ခင်းကြောင်တောင် အိပ်မက်မက်သူ (daydreamer)
        ပစ္စုပ္ပန်ကို မေ့ပစ်ပြီး သာယာဖွယ်ကောင်းတဲ့ စိတ်ကူးယဉ်ကမ္ဘာထဲမှာ ပျော်မွေ့နေသူတွေကို ဘိုလို Daydreamer နေ့ခင်းကြောင်တောင် အိပ်မက်မက်သူလို့ ခေါ်ကြပါတယ်။ဒီလူတွေက သနားဖို့ ကောင်းပါတယ်။ ဒါပေမဲ့ ဒီလိုလူမျိုးတွေက အပြော ကောင်းရင် နည်းနည်းတော့ ကြောက်ဖို့ကောင်းတယ်။ မစားရ၀ခမန်းတွေ လျှောက်ပြောပြီး စိတ်ကူးယဉ်ပြနေရင် ''ကြွေ'' သွားနိုင်တယ်။ သူကိုယ်တိုင် တစ်ကယ်ယုံကြည်လို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ အဲဒါက ပိုကြောက်ရတာ။ ယုံယုံကြည်ကြည်နဲ့ကို ပြောနေတော့လည်း အခက်သားလား။ ဒါကြောင့် ဒီလူစိတ်ကူးယဉ်ပြီး လျှောက်ပြောနေတာလားဆိုတာ သေချာစဉ်းစားဖို့ လိုတယ်။မြန်မာပြည်သိန်းတန်ရဲ့ ''ငါသာ စော်ဘွားဖြစ်ချင်တယ်'' ဆိုတဲ့ သီချင်းထဲကလို ငါသာ အမတ် ဖြစ်ရင် လူတိုင်းတိုက်တစ်လုံး၊ ကားတစ်စီး၊ ရေမီးအစုံအလင်နဲ့ထားမယ် ဆိုလို့ကတော့ တရုတ်သိုင်းကားထဲက မင်းသားနာမည်ပဲ ပြောရလိမ့် မယ်။ ''ချင့်ယုံ''လို့။

        ကိုယ် စဉ်းစားမိသလောက် သရုပ်ခွဲကြည့်တာမို့ မစဉ်းစားမိတဲ့ မရွေးသင့်တဲ့ အမျိုးအစားတွေ ကျန်ကောင်းကျန်ဦးမယ်။ ဒါပေမဲ့ ဒီလောက်ဖယ်လိုက်ရင် ရွေးသင့်တဲ့ သူဆိုတာ ဘယ်လိုလူမျိုးဆိုတာ ရှင်းလာပါလိမ့်မယ် ထင်ပါတယ်။

ကတိက၀တ်
        အရေးကြီးတဲ့တစ်ချက်က နိုင်ငံရေးသမားတွေရဲ့ ကတိကို အရမ်းကာရော မယုံမိဖို့ပါပဲ။ နိုင်ငံကို အုပ်ချုပ်လိုသူတို့ရဲ့ လက်စွဲကျမ်းလို့ ခေါ်ရမဲ့ အဝေဖန်ခံရဆုံး အီတလီနိုင်ငံရေး သုခမိန် Niccoló Machiavelli  ရဲ့ The Price ကျမ်းထဲမှာ ခေါင်း ဆောင်အုပ်ချုပ် မင်းလုပ်လိုသူ (Price)ရဲ့ ကတိက၀တ်ထားရပုံကို ဟောဒီလို ဖွင့်ဆိုဖူးတယ်။ ဒီလိုလူဟာ ကိုယ့်စကားကိုယ်တည်ရတယ်တဲ့။ဒါပေမဲ့ ပိုအရေးကြီးတာက ကိုယ့်စကားတည်တယ်လို့ အများထင်ကြဖို့ပဲတဲ့။ သူ့ရည်ရွယ်ချက်နဲ့ သင့်တော် ရင် စကားတည်ပေါ့၊ မသင့်တော်ရင်တော့ စကားတည်တယ်လို့ အများထင်ဖို့ပဲ လုပ်ရမယ်တဲ့။ ဒီလိုမျိုး ကတိက၀တ်မျိုးနဲ့ နိုင်ငံရေးသမားမျိုးကတော့ တော်တော်ကြီးကို သတိထားရမှာ။ အထက်က မရွေးသင့်တဲ့ ခြောက်မျိုးနဲ့ သတိထားရမဲ့ ကတိက၀တ်တွေကို ဆင်ခြင်ကြည့်ရင် လာမဲ့ ရွေးကောက်ပွဲမှာ သင့်တော်လျော်ကန်တဲ့သူကို ရွေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ရည်ညွှန်း။ ။ Bible: The New Testament, Niccoló Machiavelli's The Prince, William Shakespeare's   Julius Caesar,  Wikipedia,   News Agencies.

Wednesday, August 11, 2010

မစိုးရိမ်သာသနာ - မဟာမော်ကွန်းသစ်

မစိုးရိမ်စာသင်သား
(၁)
၁၃၆၅-ခုနှစ်၊ တန်ခူးလပြည့်ကျော်(၁၄)ရက်၊ (၃၀-၃-၂၀၀၃)ဗုဒ္ဓဟူးနေ့ နံနက်(၁၀)နာရီအချိန်တွင် မစိုးရိမ်တိုက်သစ် ဆရာတော်ဘုရားကြီးဘဒ္ဒန္တသိရိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့ပါသည်။ ၁၃၆၅-ခုနှစ်၊ ကဆုန်လပြည့် (၁၅-၅-၂၀၀၃) ကြာသာပတေးနေ့တွင် အန္တိမဈာပန ပူဇော်ပွဲကြီး ကျင်းပခဲ့ကြပါ သည်။ အန္တိမဈာပနပူဇော်ပွဲကြီးသို့ ကြွရောက်တော်မူ ကြပါရန် ပင့်လျှောက်လွှာများ ပို့ရောက်စေ ခဲ့ပါသည်။

ပင့်လျှောက်လွှာပို့တော်မူကြရာတွင်-
(က) သက်ဆိုင်ရာဆရာတော်ကြီးများကို ပင့်ခဲ့ကြပါသည်။
(ခ) ကျောင်းတိုက်အတွင်းရှိ နာယကပုဂ္ဂိုလ်များနှင့် စာချပုဂ္ဂိုလ်များ။
(ဂ) မစိုးရိမ်တိုက်သစ်မှ ပညာသင်ယူခဲ့ပြီး နိုင်ငံ၊ မြို့၊ ရွာ အသီးသီးမှာသီတင်းသုံး နေကြကုန်သော-
၁။ ကျောင်းထိုင်ကျောင်းပိုင်ပုဂ္ဂိုလ်များ
၂။ တိုက်အုပ်ပုဂ္ဂိုလ်များ
၃။တိုက်ကြပ်ပုဂ္ဂိုလ်များ
၎။ စာချပုဂ္ဂိုလ်များ
၅။ သာသနဓဇဓမ္မာစရိယဘွဲ့ရပုဂ္ဂိုလ်များနှင့် ၄င်းထက်မြက်သည့်ဘွဲ့ရပုဂ္ဂိုလ်များ
၆။ နေရာတစ်ခုခုမှာ အရေးပါသောတာဝန် တစ်ခုခုကို ထမ်းဆောင်နေဆဲပုဂ္ဂိုလ်များဟု သတ်မှတ်၍ စာရင်းဖွင့်လက်ခံပြီး ပင့်ခဲ့ကြပါသည်။
စာရင်းဖွင့်လက်ခံထားရာမှာ-
ဤသို့ဆရာတော်ဘုရားကြီ၏အန္တိမဈာပန ပူဇော်ခဲ့ကြပြီးနောက် နှစ်စဉ်နှစ်တိုင်း တန်ခူးလပြည့်ကျော် (၁၄) ရက်သို့ ဆိုက်ရောက်လာသောအခါ ဆရာတော်ဘုရားကြီး ပျံလွန်တော်မူခြင်း အထိမ်းအမှတ် နှစ်ပတ်လည် ခပ်ကျဉ်းကျဉ်းမျှကိုသာ ပင့်ခဲ့ကြပါသည်။ ပူဇော်ပွဲကြီးကို ပြုခဲ့ကြပါသည်။ ပင့်သံဃာများကိုတော့-မန္တလေးနဂရဂုရု ဆရာတော်ကြီးများကို ဦးထိပ်ထား၍
(၂)
မကြာသေးမီက ၁၃၇၃-ခုနှစ်၊ တန်ခူးလပြည့်ကျော်(၁၄)ရက်နေ့တွင် ဆရာတော်ဘုရားကြီးပျံလွင်တော်မူခြင်း(၇) နှစ်မြောက် နှစ်ပတ်လည် ပွဲကြီးကို ပူဇော်ခဲ့ကြပါသည်။ ထိုပွဲကြီးတွင် မြတောင်ကျောင်းတိုက်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသာသနဘိဝံသမဟာထေရ်က သီလပေး၍ တရားချီးမြှင့်တော်မူခဲ့ပါသည်။ ၁၃၇၂-ခုနှစ်၊ နှစ်ဦးပိုင်းကဆုန်လထဲတွင် မစိုးရိမ်တိုက်သစ်အတွင်း စာရေးသူရောက်ရှိနေခိုက်
ဓမ္မသမိဒ္ဓိကျောင်းနာယကဆရာတော် ဘဒ္ဒန္တ၀ါသေဋ္ဌာဘိဝံသထံ သွားရောက်၍ ရှိခိုးကန်တော့ပါသည်။ မှတ်မှတ်ရရဆိုလျှင် (၂၂-၄-၂၀၁၀)နေ့ဖြစ်၍ ဖေါ်ပြပါ ဓမ္မသမိဒ္ဓိကျောင်း နာယကဆရာတော်၏(၅၈)နှစ်ပြည့်မွေးနေ့ ညနေပိုင်း (၂း၀၀ မှ ၄း၀၀)ရီထိ ဖြစ်ပါသည်။

ဓမ္မသမိဒ္ဓိဆရာတော်။     ။ သင်္ကြန်မတိုင်ခင်က ဆရာတော်ကြီး နှစ်ပတ်လည်ပွဲ လုပ်ဖြစ်တယ်။ မောင်နန္ဒတို့ မောင်အဂ္ဂ(နေပြည်တော်၊မစိုးရိမ်တိုက်သစ်၊ သပြေကုန်းရပ်ကွက်)တို့က သင်္ကန်းလှူကြတယ်။ ဒကာ/ဒကာမတွေကိုတော့ မဖိတ်ပါဘူး။ ဒါပေမယ့် ကျောင်းဒကာ/ဒကာမတွေ နည်းနည်းပါးပါးတော့ လာကြတယ်။ ပထမအကြိမ် နှစ်ပတ်လည်ပွဲတုန်းက ဖိတ်လိုက်မိလို့ကွာ- တော်တော်ရှက်စရာ ကောင်းတယ်။ လူတွေက ဒီလိုပွဲမျိုးဆိုရင် ``ငါတို့ဆီကအလှူခံတာပဲ´´လို့ မှတ်ယူထားလိုက်ကြတာ အံသေလို့တောင် နေပြီ။ တို့က အဲဒါကိုမသိဘူး။ အဲလိုဖိတ်လိုက်မိတော့ ``လူတွေကို ကျောင်းထဲခေါ်ပြီး အလှူခံ-ယူလိုက်သလိုကြီး´´ ဖြစ်သွားတယ်။ အဲဒါနဲ့ နောက်နှစ်တွေကျတော့ အဲသလို မလုပ် တော့ဘူး။ တို့မစိုးရိမ်တိုက်သစ်က ``အလှူမခံဘူး။ လှူရင် ယူရမယ်။´´ ဆိုတဲ့ သြ၀ါဒအတိုင်း နေတာ။ ဒီသြ၀ါဒက ပျံလွန်တော်မူခဲ့တဲ့ ဆရာတော်ကြီးရဲ့ သြ၀ါဒပဲ။ နောက်နောက်နှစ်တွေမှာ နှစ်ပတ်လည်ပွဲ လုပ်ရင်လည်း လူတွေကိုတော့ မဖိတ်တော့ဘူး။ လူတွေဖိတ်လိုက်လို့ကတော့ အံသေနေတဲ့ ပုံစံခွက်အတိုင်း လာကြအုံးမှာပဲ။ အခု ဒီနှစ်က စပြီးတော့ တို့မစိုးရိမ်တိုက်သစ် ထွက်တွေကို ``ဘွဲ့အမည်၊ ကျောင်းတိုက်လိပ်စာ၊ မှတ်တမ်းစာအုပ်´´ ထုတ်ဝေဖို့ စီစဉ်နေတယ်။ အခု ငါ့ဆီမှာ နည်းနည်းတော့ မှတ်စုလုပ်ထားတာရှိတယ်။ ဒီနှစ်မကုန်ခင်မှာ နမူနာဖြစ်အောင် ရရှိသမျှစာရင်းအတိုင်း စီစဉ်ပြီး ထုတ်ဝေဖြန့်ချီထားမယ်။ တကယ် ရည်ရွယ်တာကတော့၂၀၁၃-ခုနှစ်၊ ဧပြီလထဲမှာ ဆရာတော်ကြီးပျံလွန်တော်မူခြင်း (၁၀)နှစ်ပြည့် အထိမ်းအမှတ်ပွဲကြီးကို ကျင်းပမယ်။ အဲဒီပွဲကြီးမှာ တို့မစိုးရိမ်တိုက်သစ် ထွက်တွေ အကုန်လုံးကို ပင့်ချင်တယ်။ အဲဒီပွဲကြီးမှာ အခုစီစဉ်နေတဲ့စာအုပ်ကိုလဲ အပြည့်စုံဆုံး စာအုပ်အနေနဲ့ သေသေချာချာထုတ်ဝေပြီးတော့ လှူချင်တယ်။ အဲဒီအတွက် ခုကတည်းက စီစဉ်နေတဲ့သဘောပါပဲ။ (၂)နှစ် ကြိုတင်ပြီးတော့ စီစဉ်နေရတာပေါ့ကွာ။ အဲဒါအတွက် မင်းက ဘယ်လိုကူညီနိုင်မလဲ။

(၃)
စာရေးသူ။     ။ ဘုန်းကြီးက ဒီကိစ္စကို ပေါ်ပေါ်လွင်လွင်လုပ်မှာလား။ ကိုယ့်ပမာဏနဲ့ ကိုယ်ပဲ သိုသိုသိပ်သိပ် လုပ်မှာလားဘုရား။

ဓမ္မသမိဒ္ဓိဆရာတော်။     ။ သိုသိုသိတ်သိတ်လုပ်မှာ မဟုတ်ဘူး။ ပေါ်ပေါ်လွင်လွင်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် လုပ်ရမှာ။ အဲဒါမှပဲ ဖြစ်မြောက်မှာ မဟုတ်လား။ ဒီလိုမလုပ်ရင် ကျန်နေတာတွေ များလွန်းနေလိမ့်မယ်။

စာရေးသူ။     ။ မှန်ပါဘုရား။ ``မစိုးရိမ်တိုက်သစ်ထွက်တွေအကုန်လုံး´´လို့ အမိန့်ရှိတဲ့ စကားမှာ ဘယ်လိုပုဂ္ဂိုလ်မျိုးတွေကို ရည်ရွယ်ပါသလဲ ဘုရား။ ပုဂ္ဂိုလ်တိုင်းကို ပင့်မှာလားဘုရား။

ဓမ္မသမိဒ္ဓိဆရာတော်။     ။ ဟ ပုဂ္ဂိုလ်တိုင်းတော့ ဘယ်တတ်နိုင်ပါ့မလဲ။ တို့ဆရာတော်ကြီး ဈာပနတုန်းက ပင့်ခဲ့သလို သတ်မှတ်ပြီးတော့ပဲ ကျောင်းထိုင်တွေ၊ စာချတွေ၊ သာသနာ့ဝန်ထမ်းဆောင်နေသူတွေ- ဒီလိုမျိုး ရွေးချယ်ပင့်ရမှာပေါ့။ စာအုပ်ထဲမှာလဲ အဲဒီလို ပုဂ္ဂိုလ်တွေကိုပဲ ထည့်သွင်းဖော်ပြရမှာပေါ့။

ဆိုလိုတာက- ``နေရာတစ်ခုခုမှာ သာသနာရေးကိစ္စနဲ့ ပတ်သတ်လို့ လူရာဝင် ရှင်ရာဝင် ပုဂ္ဂိုလ်တွေရဲ့ လိပ်စာမှတ်တမ်းပေါ့။´´

စာရေးသူ။     ။ အဲဒါဆိုရင် တပည့်တော်တို့က စာနယ်ဇင်းတွေထံ အကူအညီ တောင်းပြီးတော့ သတင်းဖော်ပြပေးဖို့ စီစဉ်ရမှာပေါ့ဘုရား။ အဲဒီလို သတင်းရေးတဲ့အခါမှာ ကျတော့ အဲဒီသတင်းအရ တစ်ပါးပါးက ဆက်သွယ်လာမယ်ဆိုရင် ``လက်ခံဌာန´´ကို ဘယ်လို ဖော်ပြပေးရမလဲ။ ဖြည့်ရမယ့် ပုံစံအနေနဲ့ရော ဘယ်လိုအချက်အလတ်တွေနဲ့ ပုံစံချမှတ် ပေးရမလဲ။

ဓမ္မသမိဒ္ဓိဆရာတော်။     ။ လက်ခံဌာနအနေနဲ့ ခုလောလောဆယ်တော့ ငါ့ဆီလဲ ဆက်သွယ်လို့ ရပါတယ်။ နန္ဒဆီလဲ ဆက်သွယ်လို့ ရပါတယ်။ အဲဒီတော့ ဒို့နှစ်ပါးလိပ်စာအတိုင်း ဖော်ပြပေးထားလိုက်ပေါ့ကွာ။ မင့်တို့ကလည်း မင့်တို့နဲ့သိတာတွေက စာရင်းပေးလာရင် လက်ခံထားပြီး တို့နှစ်ပါးဆီ ပို့ပေးကြပေါ့။ နေပြည်တော်မှာ ဆိုရင်လည်း အဂ္ဂကြီး ရှိနေတာပဲ။ ဒီတိုက်သစ်သက်တမ်းက နှစ်ပေါင်း(၆၀)နား ကပ်လာပြီဆိုတော့ ``သူ့နှစ်နဲ့သူ သူ့ခေတ်နဲ့သူ´´ ဆိုသလို ပညာသင်ယူသွားကြတာတွေက အများကြီး။ ငါတို့ခေတ် ရှေ့မှာတောင် အများကြီး ရှိခဲ့သေးတာ။ အခု မင့်ဆိုရင် ဘယ်နှဝါတုန်း။ ၀ါနှစ်ဆယ်လား။ မင့် လေးဆယ်ရှိပြီလား။

စာရေးသူ။     ။မရှိသေးပါဘုရား။ (၁၆)၀ါပါဘုရား။ လာမယ့်ဝါဆိုတော့မှ (၁၇)၀ါပါဘုရား။

ဓမ္မသမိဒ္ဓိဆရာတော်။     ။အေး မင့်တို့ခေတ် မင့်တို့နဲ့အတူတူ ပညာသင်ယူ သွားတာတွေကလဲ အများကြီးပဲ။ သာသနာ့ဘောင်မှာ လူရာဝင်ရှင်ရာဝင်အဖြစ်နဲ့ ကျန်နေကြ တာတွေကလဲ အများကြီးနေမှာပဲ။ လူဝတ်လဲသွားတာတွေနဲ့ သေသွားတာတွေကလဲ မနည်း လောက်တော့ဘူး။ မင့်တောင်မှ ကဗျာယောင်ယောင် စာယောင်ယောင်နဲ့မို့ ``ဒီကောင်တော့ မြုပ်သွားတော့မှာပဲ´´လို့ အောင်မေ့ပြီး မင့်အကြောင်းလဲ ကြုံကြိုက်သလို မေးစမ်းကြည့်နေရ တာပဲ။ မင့်က နဂိုကတဲက နှိမ်လို့မရတဲ့အကောင်မျိုးဆိုတော့ ဘယ်မြုပ်မလဲ။ အခု `ဣန္ဒာစရိယာဘိဝံသ´ဆိုတာ ပေါ်လွင်တဲ့နာမည်တစ်လုံးပဲ။ နောက်နာမည်တစ်ခုက ``မစိုးရိမ်စာသင်သား´´။

စာရေးသူ။     ။ရှိသမျှနာမည်တွေ ပြောနေရင်တော့ တပည့်တော်မှာ နာမည်တွေ အများကြီးပါဘုရား။
(၄)
ဓမ္မသမိဒ္ဓိဆရာတော်။     ။အေးပါ အကုန်လုံးမသိပေမယ့် သိသင့်သလောက်တော့ သိပါတယ်ကွာ။ မင့်တို့ကတော့ ကျောင်းကနေ ထွက်သွားပြီးရင် ပြီးသွားတာပဲ။ တို့ကတော့ ``ဘယ်ကောင်ဘယ်မှာ နေသလဲ။ ဘာတွေလုပ်နေသလဲ။ တိုးတက်နေသလား၊ ဆုတ်ယုတ်နေသလား ဘာလား ညာလား´´ဆိုတာ လေ့လာစုံစမ်းနေတာပါ။ လူက နှစ်မျိုးပဲ ရှိတယ်။ ကိုယ်လုပ်ချင်ရာ လုပ်တဲ့ လူမျိုးနဲ့ သူတစ်ပါးခိုင်းတာ လုပ်တဲ့လူမျိုး။ မင့်ကတော့ ကိုယ်လုပ်ချင်ရာလုပ်တဲ့ လူမျိုးပဲ။ ဒါပေမယ့် မင့်လုပ်တာတွေ အကုန်လုံးလိုလို ကောင်းပါတယ်။ မကွေးဆရာတော်ကြီး ဈာပနမှာ လှူတဲ့စာအုပ်တွေနဲ့ ခွေတွေကို အချိန်မီ လုပ်နိုင်တာ ကောင်းတယ်။ ငါလဲ အဲဒီအကြောင်းတွေကို ငါ့တရားပွဲညမှာ ထည့်ပြီး ဟောပေးခဲ့တယ်။ လူကြီးတွေလဲ ပိုပြီးတော့ သိသွားကြတယ်။

စာရေးသူ။     ။ဘုန်းကြီးလက်ခံတဲ့ နေရာကတော့ ဘုန်းကြီးနှစ်ပါးလိပ်စာအတိုင်း ဆိုတော့ ဟုတ်ပါပြီဘုရား။ ဒီတိုက်ထွက်တွေ အနေနဲ့ ဘုန်းကြီးတို့လိပ်စာဆိုတာကို အထူး ထည့်ပေးနေစရာတောင် မလိုတော့ပါဘူးဘုရား။ ပုံစံက - - -

ဓမ္မသမိဒ္ဓိဆရာတော်။     ။ပုံစံက သီးသန့်တော့ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဆရာတော်ကြီး ဈာပနတုန်းကလို သတ်မှတ်ပြီး လုပ်ရုံပါပဲ။ မင့်တို့လုပ်ချင်ရင်လဲ ကြည့်လုပ်ကြပေါ့။

ဖြစ်စွက်တင်ပြရန်ပုံစံ (နမူနာ)
၁။ ဘွဲ့တော် ………………………………………………….
၂။ သက်တော်နှင့် ၀ါတော် …………………………………
၃။ ပရိယတ္တိအရည်အချင်း …………………………………
၎။ ဂုဏ်ထူး …………………………………………………
၅။ ……………………………………….. ကျောင်းဆောင်
၆။ ……………………………………….. ကျောင်းတိုက်
၇။ ……………………………………….. ရပ်ကွက်/ရွာ
၈။ ……………………………………….. မြို့/ မြို့နယ်
၉။ ……………………………………….. တိုင်း / ပြည်နယ်
၁၀။ ……………………………………….. နိုင်ငံ
၁၁။ မစိုးရိမ်တိုက်သစ်မှာ ပညာသင်ယူခဲ့သည်ခုနှစ်များ …………………
စသည်ဖြင့်ကြည့်လုပ်ပေါ့ကွာ။

စာရေးသူ။     ။ဘုန်းကြီးက ကြည့်လုပ်ပေါ့ကွာလို့သာ မိန့်နေတာ။ ဘုန်းကြီး ပြောပြတာတွေနဲ့ပဲ ပြည့်စုံနေပြီ ထင်ပါတယ်ဘုရား။ အဲဒီအထဲမှာ ဂုဏ်ထူးဆိုတဲ့ နေရာကို ဘယ်လိုဖြည့်ရမလဲ ဘုရား။
ဓမ္မသမိဒ္ဓိဆရာတော်။     ။သာသနဓဇဓမ္မာစရိယတို့။ ကျောင်းထိုင်ပုဂ္ဂိုလ်တို့။ တိုက်အုပ်တို့။ ဒီလိုမျိုးတွေကို ဂုဏ်ထူးလို့ သတ်မှတ်တာပေါ့။
စာရေးသူ။     ။ဒီကျောင်းတိုက်မှာ ပညာသင်ခဲ့တဲ့နှစ်များ ဆိုတာကတော့ရောဘုရား။
ဓမ္မသမိဒ္ဓိဆရာတော်။ ။အဲဒါကတော့ အရေးကြီးတယ်ကွ။ ငါပြောမလို့ပဲ။ မင့်တို့ခေတ်မှာ မင့်တို့ရှေ့ခေတ်မှာရော ခေတ်တိုင်းခေတ်တိုင်းမှာ ပညာသင်ဖက်တွေ ရှိကြမယ်။ သူတို့တွေကသာ သူတို့ခေတ်အလိုက် တို့ကျောင်းထွက်တွေကို သတိပေးနိုင်လိမ့်မယ်။ စုစည်းမိအောင် ဆက်သွယ်ပေးနိုင်လိမ့်မယ်။ စာရင်းသွင်းပေးနိုင်လိမ့်မယ်။ တို့တိုက်ထွက်တွေက အင်္ဂလန်စတဲ့ နိုင်ငံခြားတွေမှာလဲ နည်းတာမှ မဟုတ်တာ။
လိုရင်းကတော့-
``ဆရာတော်ဘုရားကြီးရဲ့ တပည့်တွေအားလုံး အကြီး၊အလတ်၊အငယ်တွေ အားလုံး စုစည်းမိပြီး တိုက်ထွက်ချင်းလဲ ရင်းနှီးမှုရှိသွားစေဖို့ ရည်ရွယ်တာလဲပါသေးတယ်။ မင့်တို့ သတင်းရေးတဲ့အခါမှာ အရေးကြီးတာက 2012-ခုနှစ်၊ နွေရာသီကျောင်းပိတ်ချိန်လောက်ကို နောက်ဆုံးထားပြီး အဲဒီကာလအတွင်းမှာ ခုနက ဘွဲ့တော်…….. ကျောင်း……. စတာတွေ ဖြည့်ထားတဲ့ပုံစံကို တို့နှစ်ပါးထံ ရောက်အောင် ပို့ပေးကြပါဆိုတာတော့ ပါအောင်ရေးကြ။
(၅)
စာရေးသူ။ ။ဒါဆိုရင် ပခုက္ကူဂဏ၀ါစကနိကာယကြီးဟာ တောရွာကျောင်းတွေ အထိ စည်းရုံးထားပြီး စာရင်းတွေနဲ့အဖွဲ့ဝင်တွေ ဆရာတပည့် ဆက်ဆံမှုတွေ ရှိတဲ့အတွက် တောရွာကျောင်းက ဆရာတော်များက ကိုရင်ငယ်လေးတွေကို ရရှိအောင် မွေးမြူပေးကြတယ်။ ပခုက္ကူစာသင်တိုက်ကြီးက ပရိယတ္တိပညာတွေ တက်မြောက်အောင် သင်ပြပေးကြတယ်။ ဒီလိုနဲ့ သာသနာ့ခေါင်းဆောင်လောကမှာ ``ပခုက္ကူထွက်ဆိုမှ အရေးပါတယ်´´ဆိုတဲ့ အနေမျိုးအထိ ဖြစ်လာတယ်လို့ တပည့်တော် ထင်မိပါတယ်ဘုရား။ အခု ဘုန်းကြီးတို့စီစဉ်နေတဲ့ မစိုးရိမ်ဂဏ၀ါစကနိကာယကြီးရဲ့ အလားအလာဟာလဲ အဲဒီ ပခုက္ကူဂဏ၀ါစကနိကာယလို တောရောမြို့ပါ ဆရာတပည့်ပြည့်စုံနေအောင် ဆက်သွယ်မိကြကာ သာသနာ့အင်အားကြီး တစ်ခုအနေနဲ့ ဖြစ်လာလိမ့်မယ်လို့ တပည့်တော် မြင်ယောင်ကြည့်မိပါတယ် ဘုရား။

သာသနာမှာ သုဓမ္မာဂိုဏ်း၊ ရွှေကျင်ဂိုဏ်းဆိုတာမျိုး မဟုတ်ဘဲနဲ့ ပရိယတ္တိလုပ်ငန်းနဲ့ ဂိုဏ်းဂဏဖွဲ့စည်းနိုင်ပြီး သာသနာ့မျိုးဆက် မပြတ်အောင် ဦးဆောင်ခဲ့တာဆိုလို့ ပခုက္ကူဂဏ၀ါစကကြီးပဲ ရှိခဲ့တယ်လို့ ထင်မိပါတယ်ဘုရား။ ပဋိပတ္တိ(ရိပ်သာတရားပြ)လုပ်ငန်းနဲ့ ဂိုဏ်းဂဏဖွဲ့ပြီး သာသနာ့အကျိုးဆောင်ကြတာတွေက များပါတယ်ဘုရား။ အဲဒါတွေက များလွန်းလာပြီး အချို့ကဆိုရင် ပရိယတ်(စာပေသင်ကြားပို့ချခြင်း)နဲ့ လုံးလုံးကင်းနေကြတော့ ``ဟောချင်သလိုဟော- ကျင့်ချင်သလိုကျင့်´´နေတဲ့ အဓမ္မ၀ါဒ တွေလည်း အားကြီးလာကြပါတယ်။ ပရိယတ္တိဘက်က အခုလိုမျိုး ``မစိုးရိမ်ဂဏ၀ါစက နိကာယကြီး´´ အနေနဲ့ အလုပ်လုပ်လာနိုင်ပြီဆိုရင်တော့ အတိုင်းထက်အလွန် ``သာသနာတော်အတွက်- ဗုဒ္ဓဘာသာဝင်တွေအတွက်´´ မျှော်လင့်ဖွယ်ရာတွေ များလှပါတယ်ဘုရား။ စာသင်သားတွေ အသစ်တိုးပွားနေမှု၊ စာပေပို့ချပေး၍ တတ်မြောက်စေမှုတို့အပြင် အဓမ္မ၀ါဒ တွေကို ဖော်ထုတ် တားဆီးဖယ်ရှားတဲ့ ကိစ္စတွေမှာလည်း အခါအခွင့်တွေ အဆင်သင့် ဖြစ်လာဖွယ်တွေ ရှိလာလိပ်မယ်လို့ မျှော်မှန်းထားမိပါတယ်ဘုရား။

ဒီကိစ္စကြီးအောင်မြင်သွားရင်တော့-
``ဆရာတော်ဘုရားကြီး ပျံလွန်တော်မူခြင်း (၁၀)နှစ်ပြည့် အထိမ်းအမှတ် နှစ်ပတ်လည်ပူဇော်ပွဲကြီး က´´ ``မစိုးရိမ်သာသနာ-မဟာမော်ကွန်းသစ်´´ကို အခိုင်အမာ တည်ဆောက်နိုင်တာပဲလို့ အသိအမှတ်ပြုပြီးတော့ ၀မ်းသာစရာတွေ ဖြစ်နေရပါလိမ့်မယ် ဘုရား။

စာကြွင်းအနေဖြင့်ကြေငြာချက်။ ။ဒီဆောင်းပါအချက်အလတ်များနဲ့ သတင်းများ ကို အယ်ဒီတာများ၊ ဘလော့ဂါများ၊ အီးမေးများ၊ သတင်းသမားများအနေနဲ့ ကြိုက်သလို ထုတ်ယူရေးသား ဖော်ပြနိုင်ပါကြောင်း အသိပေးလိုပါတယ်။ သတင်းပေါ်အောင် ဖော်ဆောင် ပေးနိုင်တဲ့ စာနယ်ဇင်းများ၊ ဘလော့ဂါများကိုလည်း ကျေးဇူးတင်ပါကြောင်း ဖော်ပြလိုက် ပါတယ်။
မစိုးရိမ်စာသင်သား
သာသနပါရဂူစာသင်တိုက်
အမှတ်(၁)ရပ်ကွက်
ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
ဒီ ``မစိုးရိမ်သာသနာ-မဟာမော်ကွန်းသစ်´´ သတင်းကြေငြာချက်ကို အမြန်ဆုံးပြန့်နှံ့အောင် ဖြန့်ဝေပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အဲသလို ဖြန့်ဝေပေးခြင်း အားဖြင့် သာသနာတော်ကို အားပေးချီးပေးရာလည်းရောက်၊ အဓမ္မ၀ါဒကို နှိမ်နှင်းနိုင်ဖို့ ကူညီရာလည်းရောက်ပါတယ်။ ဒီသတင်းကြေငြာချက်ကို ဖတ်မိတဲ့လူတိုင်း မိမိတို့ တတ်စွမ်းနိုင်သလို ဖြန့်ဝေကြစေဖို့ မျှော်လင့်လျှက် ……
@http://ashinsasana.multiply.com/

Tuesday, August 10, 2010

အခြေအနေ

လတ်တလောကမ္ဘာ့အခြေအနေနဲ့ မြန်မာနိုင်ငံအခြေအနေကို ထင်ဟပ်စေတဲ့ကာတွန်းလေး။

Eleven Media Group မှာတွေ့လို့ တင်ပေးလိုက်တယ်။

Monday, August 9, 2010

အစာကြေမှာစိုးလို့

အကြောင်းမလျော်သောအခါအလောင်းတော်ပင် အိုးတော်လုပ်ရသည်။ ဖျာတော်ရက်ရသည်။ စားတော်ချက်ရသည်။ဂုရုကွေးလို ဘာမ ဟုတ်ညာမဟုတ် စာရေးဆရာကဘာရှက်ရမည်နည်း။

“ငါ ဈေးရောင်းမယ် ဒကာဆိတ်”
ဟိုက် ရှာလပတ်ရည်။ အသက်သုံးထောင် ဂုရုကွေးကြီးက ဈေးရောင်မယ်ဆိုပါလား။ရတဲ့စာမူခ ဖွတ်ကလိဒင်္ဂါးနှင့် ဆရာတပည့် နှစ် ယောက် ဘယ်လိုမှအကွက်မလည်တော့ပေ။ ဒီထဲ အိမ်မှာမွေးထားသော ခွေးလေးကောင်၏ တာဝန်က ရှိသေးသည်။

“ဂုရုကြီး ဈေးရောင်းဖူးလို့လား”
“သိပ်ရောင်းဖူးတာပေါ့ကွာ၊ မင်း ငါ့ဆီမရောက်ခင် ဓနုဖြူ မှာနေစဉ်က ငါရောင်းခဲ့တာ။ အိမ်မှာက ဘဘရယ် အန်တီရယ် ငါရယ် သုံး ယောက်နေတယ်။”
“စာရေးတာနဲ့ မလောက်လို့ ဈေးထွက်ရောင်းရတာ”
“ဘယ်မှာ ရောင်းတာလဲ…ငါ့အဖေရဲ့ဇာတိ ဝါးခယ်မမြို့နယ် လမ်းသမိုင်ကျုံပေါက် ရွာမှာလွယ်အိတ်ကလေးတစ်လုံးလွယ်ပြီး ရောင်း တာ”

ရွာနီးချုပ်စပ်တွေကို ကုန်းကြောင်းတမျိုး လှေနှင့်တဖုံရောင်းတာ။ဖိုးကျုတ်ဆိုတဲ့ ကျုံပေါက်ရွာသား ငါ့သူငယ်ချင်းက ချောင်းကြိုချောင်း ကြားလှေလှော်ပြီး လိုက်ပို့ပေးတယ်။ ငါက လယ်သမားတဲစုတွေကို တက်ရောင်းတာ”
“ဘာတွေ ရောင်းတာလဲ”
“ဓနုဖြူဦးဘိုးချမ်းရဲ့ ရွှေရည်စိမ်ပစ္စည်းတွေပါ။ လက်ကောက် ဆွဲ ကြိုး၊လက်စွပ်၊ နားဆွဲ၊ တကယ့်ရွှေအစစ်နဲ့ မခြားအောင် ရွှေရည်စိမ် ထားတဲ့ လက်ဝတ်လက်စားတွေပါ”

“ဂုရုကြီးက အခု ဘာရောင်းမှာလဲ”
“လျက်ဆားရောင်းမှာကွ။ တောင်ဥက္ကလာ ဆယ်ရပ်ကွက်ဈေးထဲက ငါ့အသိ ပရဆေးဆိုင်ကပရဆေးပစ္စည်းတွေ အကြွေးရတယ်။ အဲ ဒါတွေနဲ့ လျက်ဆားဖော်ပြီး ရောင်းမှာ။တောင်ဥက္ကလာရပ်ကွက်စုံ သင်္ဃန်းကျွန်း၊ တောင်ဒဂုံ၊ မြောက်ဒဂုံအဲဒီမြို့တွေကိုလျက်ဆားပုံး လွယ်ပြီး လျှောက်ရောင်းမှာ”
“ဟိုက် ရှာလပတ်ရည်၊ စီးပွားရေးမျက်စိ တော်တော်ရှိတာပဲ လျက်ဆားနာမည်က…”
“ဖေဇော်ဂျီ လျက်ဆား”

“လာပြီလေ…ဖေဇော်ဂျီလျက်ဆား…လေမသက်လို့ အနေခက်နေသလား။ လေထိုးလို့ အနေဆိုးနေသလား…လေမစုန်လို့ငွေကုန် နေသ လား။ ဘာမှမကြောက်နဲ့ သေမှာပဲ…(အဲလေ) ပျောက်ရမယ်…”

“ဖေဇော်ဂျီ လျက်ဆားလာပြီ…အထက်သိကြားက လက်ဖျားခါရတဲ့ လျက်ဆားမဟာ။ဗမာလိုခေါ်တော့ လျက်ဆား၊ အင်္ဂလိပ်လိုခေါ် တော့ ရားဆက်၊ အဖိုးနည်းသလောက်ပုဆိုးကွဲအောင်ပေါက်တဲ့လျက်ဆား…ဇမ္ဗူခွင်တလျှေက်မှာဘူဒင်ပေါက်လိုက်ရင်…ဟိုး မအူပင် လောက်က ကြားနိုင်တဲ့ လျက်ဆား၊တော်တော်လေးများစားလိုက်ရင် မော်တော်လေးများ သွားသလို ဘွတ် ဘွတ် ဘွတ် ဘွတ်နဲ့”

ဂုရုကွေးသည် ဓနုဖြူတွင် တန်ဆောင်တိုင် ပြဇာတ် ကစဉ်ကဝတ်ခဲ့သောအပေါ်နီအောက်နီ ဇော်ဂျီဝတ်စုံကို ဝတ်ထားသည်။ ဇော်ဂျီ ခေါင်းဆောင်းကိုစွပ်ထားတော့ ရှေ့တလက်မနောက်ပြောင် ခေါင်းတုံးဆံတောက် ပျောက်နေသည်။ပုံစံပြောင်းထားတော့ ဟာကြူလီ ငပျော့လည်း မသိ။ ဆိုက်ကားမာစတာစာကလေးလည်းမသိ။ ဝတ်ဆင်ပေးသော ဒကာဆိတ်တယောက်သာ သိသည်။

“ဖေဇော်ဂျီလျက်ဆား လာပါဦးဗျို့”
တောင်ဥက္ကလာ ၅ ရပ်ကွက်မှအိမ်တအိမ်က ထွက်ခေါ်သည်။ ဂုရုကွေးကို ချက်ချင်းမမှတ်မိ။ ဇော်ဂျီအတု၊ဇော်ဂျီအင်ကြီးကို တ ကယ့်အစစ်ထင်နေပုံရသည်။
“တထုပ်ဘယ်လောက်လဲ”
“မြန်မာကျပ်ငွေ ငါးဆယ်ပါ”
“နှစ်ထုပ်ပေးပါ ”
“ဒါ…ဒါ… ”
လျက်ဆားဝယ်ရင်း ဂုရုကွေးကို တဖြည်းဖြည်း မှတ်မိပုံရလာသည်။
“ဒါ…ဒါ ကျမတို့ ရပ်ကွက်မှာ စာ လာဟောဖူးတဲ့ ဆရာကြီး ဂုရုကွေးမဟုတ်လား”
“ဟုတ်ပ ခင်ဗျာ… ဆရာကြီးဂုရုကွေးဆိုတာလည်းဟုတ်ပါတယ်၊ မသာကြီးဂုရုကွေးဆိုလည်း မှန်ပါတယ်၊ သေရင်မသာ ဖြစ်ရမယ် မ ဟုတ်လား”
“ဘယ်…ဘယ်လိုဖြစ်ပြီး လျက်…လျက်ဆား ရောင်းနေတာလဲ”
“ဒီလိုပေါ့ဗျာ၊အကြောင်းမလျော်ရင် အလောင်းတော်တောင် အိုးတော် လုပ်ရတာပဲ။ဖျာတော်ရက်ရတာပဲ၊ စားတော် ချက်ရတာပဲ၊ ကျုပ်လည်း စာရေးတဲ့ အလုပ်တခုတည်းနဲ့မပြေလည်လို့လျက်ဆားထွက်ရောင်းတာ”

“ဒါဆို နှစ်ရာတန် ပြန်မအမ်းပါနဲ့တော့၊ နောက်နှစ်ထုပ်ထပ်ပေးပါ”
“ကျေးဇူးတင်ပါတယ်ဗျာ၊ အမ်းစရာလည်း မရှိဘူး၊ အခုမှဈေးဦးပေါက်တာပါ။ သွားမယ်ဗျို့…လျက်ဆား…လျက်ဆားဖေဇော်ဂျီလျက်ဆား အဖိုးနည်းသလောက် ပုဆိုးကွဲအောင်ပေါက်တဲ့လျက်ဆား၊ဇမ္ဗူခွင်တလျှောက်မှာ ဘူဒင်ပေါက်လိုက်ရင် ဟိုး…မအူပင် လောက်ကကြားနိုင်တဲ့လျက်ဆား၊ တော်တော်လေးများစားလိုက်ရင် မော်တော်လေးများသွားသလိုဘွတ် ဘွတ် ဘွတ် ဘွတ် နဲ့”

ဈေးသည်တို့မည်သည် ရောင်းစရှိလျှင် ရောင်းချင်ချင်စိတ်အားတက်ကြွလာသည်။ အာဝဇ္ဇန်းရွှင်ရွှင်ဖြင့် စာပေဟောပြောပွဲစင်မြင့်မှာဟောသလို အော်ကြီးဟစ်ကျယ်လုပ်လာရာ ၅ ရပ်ကွက်ရှိ အိမ်တော်တော်များများမှဝယ်ယူအားပေးကြသည်။

“လျက်ဆား…လျက်ဆား…ချောင်းဆိုး ရင်ကျပ်၊ သာမကကိုးဆယ့်ခြောက်ပါး အကုန်ပျောက်တဲ့ လျက်ဆား။ သွေးတိုး၊ နှလုံး၊ လေငန်း၊ဆီးချိုအကုန်ပျောက်တယ်။ ကင်ဆာအမျိုးမျိုး အကုန်ပျောက်တယ်။ လျက်ဆား…လျက်ဆား ဖေဇော်ဂျီ လျက်ဆား ”
ပြင်လွန်းတော့ ဖင်ချွန်ဆိုသလို ကြွားလွန်းတော့ အမှားစွန်းလာသည်။အေအိုင်ဒီအက်စ် ပျောက်တယ်ဆို၍ အိမ်တအိမ်မှ ပိန်ညောင် ညောင် လူတယောက်ကထွက်ခေါ်သည်။

“ဗျို့ အေ့စ်ပျောက်တယ်ဆိုတဲ့ လျက်ဆား လာပါဦးဗျို့”
ဖေဇော်ဂျီ ဂုရုကွေးသည် သူ့ပုံစံအတိုင်း ရင်ကော့ခေါင်းမော့၍ဝင်သွားသည်။
“ဟိုက် ရှာလပတ်ရည်၊ အသက်သုံးထောင် ဂုရုကွေးကြီးပါလား။ ကျုပ်ကဇော်ဂျီဝတ်စုံကြီးနဲ့ ဘယ်က ဇာတ်ရူးကြီးလဲလို့ ကြည့်နေတာ။ ဂုရုကြီးလျက်ဆားကအေအိုင်ဒီအက်စ် တကယ်ပျောက်လို့လား” “ဒီလိုပေါ့ဗျာ ဈေးသည်ဆိုတာ ဈေးဝယ်သူစိတ်ဝင်စားအောင် ကိုယ့်ကုန်ပစ္စည်းကိုယ် ကြံဖန်ရွှီးရတာပဲ။ချောင်းဆိုးတော့ကောင် သလား မမေးနဲ့၊ ကျုပ်ချောင်းဆိုးတုန်းက ကျုပ်လျက်ဆားကျုပ်ပြန်လျက်တာ ချောင်းဆိုးမပျောက်တဲ့အပြင် သလိပ်ကပ်ရင်ကျပ်ပြီးချွဲတွေပါ ထွက်လာတယ်။ တခြား လျက်ဆားဝယ်လျက်မှ ပျောက်သွားတယ်”
“သွတ်…သွတ်…သွတ်…သွတ်…”
“ကဲဗျာ ဘာပဲဖြစ်ဖြစ် ဂုရုကြီးရဲ့ စာဖတ်ပရိသတ်တယောက်အနေနဲ့ လျက်ဆားကို အားပေးလိုက်ပါ့မယ်။နှစ်ထုပ်ပေးပါ။ ဘယ်လောက် လဲ”
“တထုပ်ငါးဆယ် နှစ်ထုပ်တစ်ရာပါ”
မည်သို့ပင်ဖြစ်စေမိမိ၏ စာဖတ်ပရိသတ်နှင့်တွေ့သဖြင့် လျက်ဆားနှစ်ထုပ်ရောင်းခဲ့ရသည်။လျှောက်လာပြီး လမ်းကြားလေးတခုတွင်း သို့ချိုး ဝင်လိုက်သည်။

“လျက်ဆား…လျက်ဆား ဖေဇော်ဂျီလျက်ဆား၊ အထက်သိကြားက လက်ဖျားခါရတဲ့လျက်ဆားမဟာ။ ချောင်းဆိုးရင်ကျပ်ပျောက်ရုံမက ကိုးဆယ့်ခြောက်ပါးအကုန်ပျောက်တယ်။ ဦးနှောက်အာရုံကြောအားနည်းတာ ပျောက်တယ်။နှလုံးသွေးကြောကျဉ်းတာပျောက်တယ်။ ဆီးကျိတ်ရောင်တာ ပျောက်တယ်”

ထိုလမ်းကလေးထဲတွင် တိုက်မရှိ၊ တိုက်ခံအိမ်မရှိ၊ ရိုးရိုးပျဉ်ထောင်အိမ်တောင့်တောင့်တင်းတင်းပင် မရှိ။ မင်္ဂလာလမ်းမှ ဂုရုကွေး၏အိမ်စုတ်ကလေးကဲ့သို့ခပ်နွမ်းနွမ်းအိမ်တွေသာရှိသည်။ မည်သည့်အိမ်ကမှထွက်မခေါ်။ လမ်းထဲက ခွေးတွေသာ ဇော်ဂျီဝတ်စုံနှင့် ဂုရုကွေးကိုဝိုင်းဟောင်ကြသည်။ ခွေးတွေဟောင်သဖြင့် အိမ်တွေက ဂုရုကွေးကိုအထူးအဆန်းအဖြစ် ထွက်ကြည့်ကြသည်။

“လျက်ဆား…လျက်ဆား ဖေဇော်ဂျီလျက်ဆား၊ အထက်သိကြားက လက်ဖျားခါရတဲ့လျက်ဆားမဟာ၊ လက်ဝါးပြရင် လျက်ဆားရမယ်၊ ငါ သူတပါး ယောက်ျား မိန်းမကလေးလူကြီးအခြာက်ပါမကျန် မည်သူမဆို လက်ဝါးပြရင် လျက်ဆားရမယ်”ဝယ်မယ့်သူမရှိသည့်အပြင် အရူးကြီးတယောက်လို ဝိုင်းကြည့်ကြသဖြင့် ဂုရုကွေးခံပြင်းလာသည်။ ဈေးသည်မာနကိုထိခိုက်လာသည်။ ဒေါသဖြစ်ဖြစ်နှင့် လျက်ဆားမရောင်းတော့ဘဲ လျက်ဆား နမူနာပေးသည်။
“လျက်ဆားလိုချင် လက်ဝါးပြ”
“မပြဘူး”
ကလေးလေးတယောက်က ဆောင့်ကြီးအောင့်ကြီး ပြန်ဖြေသည်။
“လျက်ဆားလိုရင် လက်ဝါးပြ နမူနာပေးမယ်”
“မလိုချင်ဘူး”
မိန်းမတယောက်က ခံပြင်းသံဖြင့် ပြန်ဖြေသည်။
“ခင်ဗျားတို့က ဘယ်လိုတွေလဲ၊ နမူနာပေးတာတောင် မယူရအောင် ဘာဖြစ်နေလို့လဲ၊ ဖွတ်ကလိဒင်္ဂါးပေးစရာမလိုပါဘူး နမူနာအလကား ပေးနေတာပါ”
ဤတွင်တလမ်းလုံးမှ လူများက နမူနာ မယူချင်ဘူးဟုတသံတည်း ပြန်ဖြေကြသည်။
“ဘာဖြစ်လို့ မယူချင်တာလဲ”
သူတို့၏ အဖြေကိုကြားရသောအခါ ဖေဇော်ဂျီ ဂုရုကွေးသည် ဟိုက် ရှာလပတ်ရည်၊ မအော်နိုင်ဘဲ ပါးစပ်ဟောင်းလောင်း ပွင့်သွားသည်။
“အစာ ကြေမှာ စိုးလို့”

ရေးသားသူ-ဆရာကြီးအီကြာကွေး
@mutdfan

Saturday, August 7, 2010

ဝါဆိုပွဲ


မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ကပုန်းကျောင်း
စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲကို
၂၅၊ ၇၊ ၂၀၁၀ (တနင်္ဂနွေနေ့) တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။
နံက် ၇ - နာရီတွင် သံဃာတော်အရှင်မြတ်တို့နှင့်
ကြွရောက်လာသောဧည့်ပရိသတ်တို့အား
မုန့်ဟင်းခါးဆွမ်းဖြင့် ကျွေးမွေးဆက်ကပ် ဧည့်ခံလှူဒါန်းသည်။

နံက် ၁၁ နာရီတွင် ကိုဝင်းရွှေဦးဆောင်သော Sri Ehsan, Kepong လူငယ်များက
နေ့လည်ဆွမ်းထမင်းတို့ဖြင့် ကျွေးမွေးဧည့်ခံလှူဒါန်းပါသည်။

မွန်းလွဲ ၁ - နာရီတွင် Petaling Jaya, Chempaka Buddhist Lodge မှ ဆရာတော် ဦးဥတ္တမသာရ က အနုမောဒနာတရားချီးမြှင့်ပြီး ရေစက်သွန်းချ၊ အမျှပေးဝေသည်။
ဝါဆိုနှင့်စပ်ပြီး စာရေးဆရာမောင်ထင်ရေးခဲ့တဲ့ ၀ါဆိုလအကြောင်းကို ဖော်ပြလိုက်သည်။

မ္လယ်တာ ( ဝါဆို )
မြန်မာ ပြက္ခဒိန်ရဲ့ စတုတ္တမြောက်လဟာ ဝါဆိုလဖြစ်တယ်။ 
ပုဂံခေတ်ကျောက်စာတွေမှာတော့ ' မ္လယ် တာ' ဆိုပြီး ရေးလေ့ရှိတယ်။ 
ဒီလနှင့်ပတ်သက်ပြီး မတူခြားနားတဲ့ အယူဆ သုံးမျိုးတွေ့ရပါတယ်။
၁။ မ္လယ်တာသည် ပါဠိစကား " မလွယ်တာ" ကနေ ဆင်းသက်တယ်။ 
'မလွယ်' ရဲ့ အဓိပ္ပာယ်က မာလောနွယ် ဖြစ်ပြီး 'တာ' ရဲ့အနက်က တွယ်တက်/တွယ်တာ ဖြစ်တယ်။ 
ဒါကြောင့်  မ္လယ်တာ (ဝါဆို) ဆိုတာ မာလောနွယ်တို့တွယ်တက်သောလ ဖြစ်တယ်လို့ဆိုတယ်။ မှန်မယ်မထင်ပါ။ ရှေ့လဖြစ်တဲ့ နံယုန်လမှာ မိုးအနည်းငယ်ရွာခဲ့ပြီးဖြစ်တာမို့ 
မာလောနွယ်တင် မကပါဘူး ရှိရှိသမျှ နွယ်ပင်တွေပါ နီစပ်ရာကို တွယ်တက်ကြမှာပါဘဲ။ 
နောက်ပြီး မာလောနွယ်အကြောင်းရေးထားတဲ့ မှတ်တမ်း၊ ကျောက်စာမတွေ့ရပါ။ 
၁၉၆၂ ခုနှစ် နိုဝင်ဘာမှာ ပုဂံ ဦးချစ်စ ယာကုန်းက တူးဖော်ရရှိတဲ့ မြေပုံ ဘုရားတွေမှာ 
ပုဂံခေတ်က အရေးပါတယ်လို့ထင်ရတဲ့ အပင်ပေါင်း ၅၃ ပင်ရဲ့ အမည်တွေ ရေးထားတယ်။ 
' မာလောနွယ် ' မပါ။ ဒါကြောင့် မ္လယ်တာ ( ဝါဆို ) ဆိုတာ 
မာလောနွယ်တို့ တွယ်တက်သောလလို့ ပြောတာ မှန်မယ်မထင်ပါ။
၂။ မ္လယ်တာ ရဲ့ တိုက်ရိုက်အဓိပ္ပာယ်ဟာ ' မြေတာ ' ဖြစ်တယ်။
မ္လယ် ရဲ့အနက်က ' မြယ် > မြေ ဖြစ်ပြီး 'တာ' ကတော့ ' တိုင်းတာ ' ခြင်းကိုဆိုလိုတာပါ။ 
ဒါကြောင့် လယ်မြေကို တိုင်းတာသောလ (ဝါဆိုလ) ဖြစ်တယ်လို့ ဆိုပါတယ်။ 
ပျိုးပင်တွေကို ပြောင်းစိုက်ဖို့ရာ ထွန်ယက်ထားတဲ့ လယ်မြေကို တိုင်းတာမှုတွေလုပ်ကြတဲ့ အချိန်ကာလဖြစ်တယ်လို့ ဆိုလိုဟန်ရှိတယ်။ 
မိုးရွာပြီး လယ်ကွက်ထဲ ကျန်နေတဲ့ ရေတွေအပြင်ကို စီးထွက်မသွားစေဖို့ရာ 
'တာဘောင်' (ကန်သင်း) ဖော်ရတဲ့ အချိန် ကာလလို့ ယူဆရင်လည်း ဖြစ်နိုင်ပါတယ်။
၃။ ဝါဆိုလဟူသည် သံဃာတော်တို့ မိမိတို့ကျောင်းအရာမ်အတွင်း၌ ဝါတွင်းသုံးလပတ်လုံး 
အရပ်တပါးသို့ မရွှေ့မပြောင်းဘဲ နေထိုင်သီတင်းသုံးခြင်းကို ရည်စူး၍ ဝါဆိုလဟုခေါ်သည်။ မြတ်စွာဘုရားလက်ထက် ဘိက္ခု ဘိက္ခုနီမတို့ဟာခုလို မိုးရာသီအခါမျိုးမှာ 
အရပ်တပါးကို ခရီးထွက်ရာမှာ လူတွေစိုက်ပျိုးထားတဲ့အပင်တွေအပါဝင် 
စိမ်းစိုနေတဲ့ အပင်တွေပျက်ဆီး ရသလို အဲဒိအပင်တွေမှာ တွယ်ကပ်နေတဲ့ ပိုးမွားတို့ကို 
ဖျက်ဆီး သေကျေစေတယ်လို့ ဝေဖန်ပြောဆိုတယ်။ 
ဒါကိုအကြောင်းပြုပြီး ဘိက္ခု ဘိက္ခုနီမ အပါဝင် သံဃာသည်မိုးတွင်း၌ 
ဒေသစာရီ လှည့်လယ်သွားလာလျှင် ပါစိတ် အာပတ်သင့်၏ ဆိုပြီး တားမျက်ပါတယ်။ 
ဒါကြောင့်' ဣမသိံ္မ ဝိဟာရေ ဣမံ တေမာသံ ဝဿံ ဥပေမိ ' ဟူ၍ ရွတ်ဆိုပြီး 
မိုးတွင်းသုံးလပတ်လုံး ကျောင်းအရပ်မှ မခွါဘဲ သီတင်း သုံးပါမည်ဟု အဓိဋ္ဌာန်ပြုရသည်။
( မောင်ထင် ၊ ဆယ့်နှစ်လရာသီ )
မ္လယ်တာကို ဘယ်တုန်းကစပြီး ဝါဆိုလို့ ခေါ်သလဲဆိုတာမပြောတတ်ပါ။ 
ပုဂံခေတ်ကျောက်စာ တွေမှာ ဒီလိုအခါသမယမျိုးကို 
ဝါဆိုလလို့ မရေးဘဲ ' မ္လယ်တာ ' လို့ရေးလေ့ရှိတယ်။ 
သီဟိုဠ် ကနေ ဗုဒ္ဓကျမ်းဂန်တွေအများဆုံးရောက်ရှိခဲ့တဲ့ 
' အဝ (အင်းဝ) ' ခေတ်ဖြစ်မယ်လို့ထင်တယ်။
စာရေးဆရာကြီး မောင်ထင် ရဲ့ ၊ ဆယ့်နှစ်လရာသီ စာအုပ်ကို ဒီလင့်မှာ ဒေါင်းယူနိုင်ပါတယ်။ မြန်မာကျူးပစ်က ရလာတယ်ထင်တာဘဲ။
http://www.mediafire.com/?78omx5r074motz9
@http://ancientmyanmar.blogspot.com/

Friday, August 6, 2010

စားချင်နေတဲ့ ဟင်း

ခရမ်းသီးသုပ်
ခရမ်းသီးအလုံးကြီးကြီး ၂ လုံး
ဆီ စားပွဲဇွန်း ၃ ဇွန်း
ဆား၊ အချိုမှုန့်၊ ငံပြာရည် သင့်ရုံ
ကြက်သွန်နီ     ၃ ဥ
နှမ်းလှော်၊ မြေပဲလှော်  ၂ ဇွန်းဆီ
ခရမ်းသီးကို မီးဖုတ်ပြီး အခွံသင်ထားပါ။
ပြီးလျှင် ကြက်သွန်ပါးပါးလှီး ထားပါ။
သုပ်စားလိုသောအချိန်တွင်
ခရမ်းသီး၊ ကြက်သွန်နီ၊ နှမ်းလှော်၊ မြေပဲလှော်၊ မညက်တညက်ထောင်း၊
ဆား၊ အချိုမှုန့် နှင့် ဆီစိမ်းတို့ထည့်၍ ရောနယ်ပြီး စားသုံးနိုင်ပါသည်။
@Myanmar-recipe

Thursday, August 5, 2010

Management Committees

Dhammagarden Centre
Director
Dr. Ashin Indaka
Dhammacariya, B.A, M.A, PhD
Course Director
Dr. Ashin Nandaka
Dhammacariya, B.A, M.A, PhD
Dr. Ashin Parami
Dhammacariya, B.A, M.A, PhD
Dr. Ashin Nodhināna
Dhammacariya, B.A, M.A, PhD
Dr. Ashin Asabha
Dhammacariya, B.A, M.A, PhD
Administrative Manager
Ashin Devinda
Dhammacariya, B.A, M.A
Administrative Assistant
Ashin Uttama
Dhammacariya, B.A
Office Administrator
Mr. Tun Tun Zaw

Wednesday, August 4, 2010

သံဃာ့ဂိုဏ်းကြီး ( ၉ ) ဂိုဏ်း (ဝေဠုဝန်၊ငှက်တွင်း၊ကူးတို့၊မဟာရင်)

( ၆ ) ဝေဠုဝန်နိကာယဂိုဏ်း
ရန်ကုန်မြို.၊ ဗဟန်းရပ်ကွက်၊ သီလရှင်ကျောင်းအတွင်းရှိ ၀ါးကျောင်း၌ နေထိုင်သောကြောင့် ယင်းဆရာတော်ကို ဝေဠုဝန်ဆရာတော်ဟုခေါ်ဆိုကြသည်။
ယင်းဆရာတော်သည် ဗဟန်း ဝေဠုဝန် ကျောင်းတိုက်ကို တည်ထောင်ပြီးနောက် အင်းလျားဝေဠုဝန်ကျောင်းတိုက်၊ စမ်းချောင်းဝေဠုဝန် ကျောင်းတိုက်၊
ပုသိမ်နှင့်မြန်အောင်မြို.များရှိ ဝေဠုဝန်ကျောင်းတိုက်များကို တည်ထောင်ခဲ့သည်။ ယင်း၏တပည့်သံဃာများကို ဝေဠုဝန်ဂိုဏ်းဟုခေါ်ဆိုကြသည်။
ဒွါရဂိုဏ်းနှင့် ပေါင်းသင်းဆက်ဆံ သဖြင့် ' ဝေဠုဝန်ဒွါရဂိုဏ်း ' ဟုလည်းခေါ်ဆိုကြသည်။

( ၇ ) စတုဘုမ္မိက မဟာသတိပဌာန်ငှက်တွင်းဂိုဏ်း
စစ်ကိုင်းမြို.၏အနောက်ဘက် မင်းဝန်တောင်တန်း၌ ပုဇဉ်းထိုးငှက်များ တွင်းတူးရာမှ
လိုဏ်ဂူ ဖြစ်လာပြီး ယင်းငှက်တွင်းများရှိသောနေရာ၌
တည်ရှိသောဘုန်းကြီးကျောင်းကို ငှက်တွင်းချောင်ဟု ခေါ်ဆိုကြသည်။ ယင်းငှက်တွင်းချောင်ဆရာတော်ဦးပဏ္ဍ၀သည် မင်းတုန်းမင်းလက်ထက်၌ မဟာသတိပဌာန်သုတ်တော်လာ (၃၂) ကောဌာာသကမ္မဌာန်းကို
ကြိုးပမ်းအားထုတ်ပြီး ဟောကြားပြသသည်။

ထို.အပြင် အစဉ်အလာအားဖြင့် ကာမ၊ ရူပ၊ အရူပ ဟူသော (ဘုံ ၃ ပါး )ကို ဟောပြောလေ့ရှိရာမှ နိဗ္ဗာန်ကိုပင် ဘုံတစ်ခုအနေဖြင့် ထည့်သွင်း၍ ဘုံ (၄) ပါးရှိသည်ဟု ဟောပြောခဲ့ခြင်းကြောင့် စတုဘုမ္မိက ( စတု = လေး ၊ ဘုမ္မိက = နေရာ/ တည်ရာဌာန ဘုံရှိခြင်း ) ဟု
အမည်တစ်ခု ထပ်ဆင့်တိုးခဲ့သည်။ ထို့ကြောင့် ဤဂိုဏ်းကို စတုဘုမ္မိကမဟာသတိပဌာန်ငှက်တွင်းဂိုဏ်း ဟုခေါ်ဆိုကြသည်။

( ဂ ) ဂဏ၀ိမုတ်ကူးတို. ဂိုဏ်း
ထားဝယ်မြို.နယ်၊ ကူးတို့ရွာဆရာတော် ဦးက္ကုန္ဒ၀ံသသည် တောရဆောက်တည်၍
တရားကျင့် သုံးလျက် ရှိသည်။ သုဓမ္မာဂိုဏ်းချူပ်၊ ဂိုဏ်းအုပ်၊ ဂိုဏ်းထောက်များက မကြာခဏ ဆင့်ခေါ်သဖြင့် ယင်းသို့ဆင့်ခေါ် ခံရခြင်းမှ ကင်းလွတ်ခွင့်ပြုရန်
မန္တလေး၊ သုဓမ္မာသာသနာပိုင်ထံ မေတ္တာစာ တင်သွင်းခဲ့သည်။
သာသနာပိုင် ပခန်းဆရာတော်က ၁၂၅၈ ခုနှစ်တွင်
ယင်းတောရကျောင်း ဆရာတော်ကြီးကို ဆင့်ခေါ်ခြင်းမပြုနိုင်စေရန်
သုဓမ္မာဂိုဏ်းမှ အလွတ် ' ဂဏ၀ိမုတ္တိ ' ( ဂဏ = ဂိုဏ်း ၊ ၀ိမုတ္တိ = လွတ်ခြင်း ) ဟု
စာချွန်တော်အမိန့် ထုတ်ပြန်ပေးခဲ့သည်။

ထို့ကြောင့် ယင်းဆရာတော်ကြီး၏ တပည့်အစဉ်အဆက်တို့ကို
' ဂဏ၀ိမုတ္တိ ကူးတို့ ' ဂိုဏ်းဟု ခေါ်ဆိုကြသည်။
သုဓမ္မာဂိုဏ်းမှ အလွတ်ဖြစ်သော ကူးတို့ရွာမှဆရာတော်ကြီး၏ တပည့်သံဃာများ ဟုဆိုလိုသည်။ မူလဆရာတော်ကြီးကတော့ တောရဆောက်တည်လို့ ကင်းလွတ်ခွင့်ရတယ်။
အခု တပည့်တွေကရော ဆရာတော်ကြီးကဲ့သို့ အားလုံးပဲတောရဆောက်တည်ကြသလား၊ မဆောက်တည်တဲ့ ရဟန်းတွေကို ကင်းလွတ်ခွင့်ပေးသင့်သလား၊ စဉ်းစားစရာပါပဲ..

( ၉ ) ဓမ္မယုတ္တိနိကာယ မဟာရင်ဂိုဏ်း
မဟာရင်ဆရာတော်သည် ၁၂၀၃ ခုနှစ်တွင် ယိုးဒယားနိုင်ငံ၌ မွေးဖွားခဲ့၍
ငယ်မည်မှာ " ဦးရင် " ဖြစ်သည်။ ယိုးဒယားနိုင်ငံ ' ဓမ္မယုတ္တိနိကာယ ' ( တမယွတ် ) ဂိုဏ်း၌ ရဟန်းပြု၍ ပါဠိစာပေများကို မဟာအဆင့်အတန်းအောင်မြင်သည်အထိ စာပေသင်ကြားတတ်မြောက်ခဲ့သည်။
ထိုအခါ ဦးရင် အမည်ကို မဟာဘွဲ့နှင့်ပေါင်းစပ်၍ မဟာရင်ဖြစ်လာသည်။

မဟာရင်အမည်ရှိဆရာတော်ကြီးသည် မော်လမြိုင်မြို.နယ် ' ကတိုး ' ရွာ၌
ကျောင်းတိုက်တည်၍ စာပေပို့ချသည်။
ယင်း၏တပည့်သံဃာများကို ' မဟာရင်ဂိုဏ်း ' ဟုခေါ်ဆိုကြသည်။
ယိုးဒယား နိုင်ငံရှိ မူလပင်မဂိုဏ်း၏အမည်ကို ပူးတွဲ၍
' ဓမ္မယုတ္တိ နိကာယ မဟာရင်ဂိုဏ်း ဟုခေါ်ဆိုကြသည်။
ဓမ္မ = တရားတော်ကို ၊
ယုတ္တိ = အထောက်အထားပြုသော ၊
နိကာယ = သံဃာအစုအဝေး ။
ဟူ၍ဖြစ်ပါသည်။

အထက်ပါနိုင်ငံတော်အသိအမှတ်ပြုသံဃာ့ဂိုဏ်းကြီး ( ၉ ) ဂိုဏ်းတို့သည်
ဘုရားဟောပိဋကတ် ( ၃ ) ပုံ အနက်သုတ်နှင့်အဘိဓမ္မာတို့တွင်
အယူအဆတူမျှကြသော်လည်း စောင့်ထိန်းလိုက်နာ အပ်သည့် ၀ိနည်းပိုင်း ဆိုင်ရာတို့တွင် အလေးအပေါ့အတိမ်အနက်စသည်ဖြင့်
ကွဲလွဲမှုရှိကြသည်ကို အကြောင်းပြု၍ ကွဲပြား နေကြခြင်းသာဖြစ်ပါသည်။
@အပ္ပမာဒမဂ္ဂဇင်း