Sunday, June 20, 2010

ဒုက္ခရောက်ဖို့ လမ်းစ

When one loves company and sleep,
When one is lax and slack,
When one is often given to anger
This is a source of suffering.
Suttanipata

Saturday, June 19, 2010

ဆဲတတ်သူများနှင့် တစ်ညနေ


ဂျူး

ဆေးလိပ်မီးခိုးငွေ့များ တစ်စတစ်စ ပါးလျားကာ
ပျောက်ကွယ်သွားပြီ။ကွင်းတစ်ခုလုံး သက်ဝင်လှုပ်ရှားနေခဲ့သော
ကစားသမားတို့၏ လှုပ်ရှားမှု့များသည် ပျောက်ကွယ်သွားပြီ။
အော်ဟစ်ဆဲဆိုသံများဖြင့် ဆူညံနေခဲ့သော ကျွန်မ ပတ်ဝန်းကျင်တွင်
လူမရှိတော့သောထိုင်ခုံလွတ်များသာ ကျန်တော့သည်။
ကစားကွင်းမြက်ခင်းပြင်သည် ယခုတော့ တိတ်ဆိတ်လျက်ရှိ၏။
ထွက်ပေါက်တွင် တရွေ့ရွေ့တိုးထွက် နေကြသော လူအစုအဝေးများ ရှင်းသွားသည်အထိစောင့်ရင်း ကျွန်မတို့နှစ်ယောက် ခုံတန်းများဆီမှ တဖြည်းဖြည်း ဆင်းလာခဲ့ကြသည်။
ဘောလုံးပွဲပြီးသွားသော်လည်း ကျွန်မစိတ်ထဲတွင် လွတ်လပ်ပေါ့ပါးမသွားပါ။
ကျွန်မ မျှော်လင့်သည့်ကစားကွက်မျိုးကို မမြင်တွေ့ရ၍ပဲလား။
ကျွန်မအာရုံတွင် ယခုတိုင် စွဲထင်လျက် ကျန်ရစ်နေသော
ဥရောပတံခွန်စိုက်ပွဲ၏ ဘောလုံးကစားဟန်များကြောင့်ပဲလား။
ဤခြေစမ်းပွဲကို ကျွန်မ အားမရပါ။ ဘောလုံးပွဲကြည့်နေရသည်ဟုလည်း မခံစားရပါ။
သည်ကြားထဲတွင် ကံဆိုးဝါးစွာ ကျွန်မတို့အနီးမှ လူတစ်ချို့က ဘောလုံးသမားများကို
ပျစ်ပျစ်နှစ်နှစ် အော်ဆဲနေသောကြောင့် ကျွန်မစိတ်ပျက်နေခဲ့ရသည်။
"သိပ် မိုက်ရိုင်းတာပဲ"
လွှတ်ကနဲရေရွတ် ရှုတ်ချမိတော့ မောင်က ကျွန်မလက်ဖ၀ါးကို သတိပေးသလို ဆုပ်ညှစ်၏။ ကျွန်မတိတ်ဆိတ်စွာ မျိုသိပ်သည်းသည်းခံ၍ ဆက်လက် ကြည့်ရှုခဲ့ရသည်။
သို့သော် နောက်ထပ်မိနစ်နှစ်ဆယ်ကြာတော့ ကျွန်မအနားကလူတွေ
အော်ဟစ်ဆဲရေးကြပြန်သည်။ ကျွန်မ…ရုတ်တရက် ထပြန်ရန်ပင် စိတ်ကူးမိပြီး
မောင့်ကိုတိုင်ပင်မိသည်။ မောင်ကမပြန်ချင်ခဲ့ပါ။
"ဆဲချင်သလောက် ဆဲပါစေကွား။ မကြားချင်ယောင်ဆောင်နေလိုက်ပေါ့။
သူတို့ ဘယ်တုန်းကတည်းက ဆဲချင်နေမှန်းမှမသိတာ။
ယောက်ျားတော်တော်များများက ဒီလိုပဲကွ။
ဘောလုံးပွဲမှာ လာလာဆဲကြတာပဲ"
အဲသည် ယောက်ျားအမျိုးအစားထဲမှာ မောင်ပါနေသလား ဟု
ကျွန်မ မယုံသင်္ကာမေးမိတော့ မောင် မျက်မှောင်ကြုတ်၍ ငြင်းခဲ့သည်။
"ကြံကြီးစည်ရာကွာ။ ကိုယ်ဘယ်တုန်းက ဆဲတတ်ဖူးလို့လဲ။
အဲဒီလို အောက်တန်းကျတဲ့အစားထဲ ကိုယ်မပါဘူး"
သူ့ကိုယ်သူ ဂုဏ်တင်လိုစိတ်ဖြင့် ကာကွယ်လိုက်သောစကားသည်
အခြားလူအမျိုးအစားကို စော်ကားလိုက်သလိုဖြစ်သည်ဟု
မောင်တွက်ဆဟန်မတူပါ။ မောင့်စကားကို သူတို့ကြားပြီး ရန်ဖြစ်မှာ၊
ထိုးကြိတ်မှာ စိုးရိမ်သွားသောကြောင့် ကျွန်မ ချက်ချင်းတိတ်ဆိတ်သွားရသည်။ သို့သော် ထိုအုပ်စုသည် ကျွန်မတို့၏ စကားကြိတ်ကြိတ် တီးတိုးသံကို ကြားဟန်မတူပါ။
ကျွန်မမှာ ကြည့်နေရသည့်ကစားပွဲကို အားမလိုအားမရ စိတ်ပျက်သည်က တစ်ပိုင်း၊
ဘေးနားက မိုက်ရိုင်းနေသော လူများ၏ အော်ဟစ်ဆဲဆိုသံကို တုန်လှုပ်စွာ
စိတ်ညစ်နေရသည်က တစ်ပိုင်းမို့ ပွဲမြန်မြန်ပြီးပါစေဟု ဆုတောင်းနေခဲ့သည်။
ကမ္ဘာမှာ ဒုတိယ အဆဲရေး အခံရဆုံးသော ပုဂ္ဂိုလ်အမျိုးအစားမှာ
ဘောလုံးသမားများ ဖြစ်ဟန်တူ၏။
ယခုတော့ပွဲပြီးသွားပေပြီ။ ကျွန်မလည်းစိတ်ချမ်းသာသွားရပြီ။ ကစားကွင်းဂိတ်ပေါက်ဝမှ တိုးထွက်ရင်း နောက်တစ်ခါတော့ လာမကြည့်တော့ပါဘူးဟု ဆုံးဖြတ်လိုက်သည်။
"ဒီပုံစံမျိုးနဲ့ကတော့ကွာ။ ထိုင်းမပြောနဲ့၊
မော်လဒိုက်ကိုတောင် ယှဉ်နိုင်မှာ မဟုတ်ဘူး-------မှပဲ"
ကျွန်မဘေးနားမှ ကျယ်လောင်သောဝေဖန်သံ ထွက်လာ၏။
ကျွန်မလှည့်ကြည့်လိုက်သည့်အခါ မှတ်မိနေသောမျက်နှာတစ်ခုကို မြင်ရသည်။ သူပဲ သူတို့ပါပဲ။ ကျွန်မ နားညည်းလောက်အောင် ဆဲရေးအော်ဟစ်နေခဲ့ကြတာ။
ဖြူဖပ်ဖြူရော်ဂျင်းရှပ်အကျီင်္ ခပ်နွမ်းနွမ်းကို လက်ခေါက်တင်လျက်
မသေမသပ်ဝတ်ဆင်ထားပြီး ဆံပင်ကခပ်ရှုပ်ရှုပ်၊ မျက်ခုံးပါးပါး၊ မျက်လုံးက ဟိုးချိုင့်ထဲမှာ။ အရက်သောက်နေကျ မျက်လုံးလိုပင်၊ သွေးကြောများနီနေသည့် မျက်လုံး။
ထိုမျက်လုံးဖြင့် ကျွန်မအား ဖျတ်ကနဲလှည့်ကြည့်တော့ ကျွန်မမောင့်အနီးသို့ တိုးကပ်သွားမိသည်။
"မိန်းမတွေလည်း ဘောလုံးပွဲကြည့်လာပြီကွ……နော်"
ကျွန်မကိုပဲ စောင်းမြောင်းလိုသလား၊
တကယ်ပဲ အံ့သြစွာမှတ်ချက်ချလေသလားမသိပါ။
ဘေးက သူ့အုပ်စုဝင် လူသုံးယောက်က ထိုကိစ္စကို တစ်ယောက်တစ်မျိုး ဆူညံစွာ
ဝေဖန်ချက်ပေးနေသည်ကိုကြားရသည်။
တယောက်က အကွက်မပေါ်တော့သော ပုဆိုးကိုခါးပုံစ ကြီးကြီး
ထုတ်ဝတ်ထား၏။ တစ်ယောက်ကတော့ ဘယ်လိုမှ မလိုက်ဖက်သည့်
အနီရောင်ရှပ်အင်္ကျီနှင့်၊ ခရမ်းရောင်ပုဆိုးနှင့်။ ဘယ်လိုလူတွေဘာလိမ့် ။
သူရုပ်ကိုကြည့်တော့ နည်းနည်းမျှ သနားကမားမရှိ။
မျက်နှာခပ်ချောင်ချောင်၊လည်ပင်းမှာ စက်ဆီချေးလား၊ အိုးမည်းလား
ခပ်မည်းမည်းအရာ စွန်းတင်းပေကျံနေသေးသည်။ တစ်ယောက်ကတော့
တခြားလူတွေလို အလုပ်ကြမ်းသမား ဟုတ်ပုံမရ။ သေသေသပ်သပ်။
"မောင်…………နောက်တစ်ခါ ကျွန်မ လိုက်မကြည့်တော့ဘူး"
"ကောင်းပါလေ့ဗျာ။ ဒီစကားကြားချင်နေတာကြာပြီ"
ကျွန်မယောင်္ကျားသည် မိန်းမနှင့်ယောင်္ကျား ဘယ်နေရာမှ အဆင့်အတန်း
မတူညီနိုင်ဟူသည့် အယူအဆကို တစ်သက်လုံး စွဲကိုင်လာသူဖြစ်၏။
ကျွန်မ တစ်စတစ်စ ဘောလုံးဝါသနာ ပါလာသည်ကို သူများယောင်္ကျားတွေလို
မုဒိတာမပွားနိုင်သူ၊ အားမပေးလိုသူဖြစ်၏။ ဘောလုံးပွဲကြည့်နေတုန်း
ကျွန်မကမေးခွန်းတွေမေးလျှင် စိတ်မရှည်တတ်သူ ဖြစ်၏။
ကျွန်မက မိန်းမပီပီ တစ်ခါတစ်ခါ ဒိုင်သူကြီးပေးသည့် ပြစ်ဒဏ်များကို
နားမလည်လိုက်သည့် အခါမျိုးရှိသည်။
မောင်က နေဦးကွာ၊ ပြီးမှရှင်းပြမယ်ဟု တိုတိုပြတ်ပြတ် ပြောတတ်သည်။
"မိန်းမဆိုတာ မိန်းမနေရာမှာပဲနေကွာ၊ အဆင့်ကျော်ကျော် မလာနဲ့"
ဤစကားဖြင့် မကြာခဏ နှိမ်တတ်သူလည်း ဖြစ်သည်။
ကျွန်မကလည်း၊မောင့်ကို မခံချင်စိတ်နှင့် မောင်နှင့်အတူ
ဘောလုံးပွဲ အစီအစဉ်များကို ယှဉ်ပြိုင်၍ စောင့်ကြည့်ဖြစ်လေသည်။
မောင့်ထက်ပို၍ကဲကာ ကျွန်မက ဥရောပဖလားဘောလုံးပွဲ ဆီမီ်းဖိုင်နယ်နှင့်
ဖိုင်နယ်ပွဲစဉ်များကို ဗွီဒီယိုခွေကူးယူထားလိုက်သေးသည်။
ဂျာမဏီအသင်းတော်မှန်းသိသော်လည်း မောင်ကို အမြင်ကတ်သဖြင့်
ချက်အသင်းဘက်မှ အားပေးလိုက်သည်။ အချိန်ပိုကစားပွဲ၌ ချက်အသင်းဂိုးပေးလိုက်ရသောအခါ ဂိုးသမားလေး ကူဘားကိုသနား၍ မဆုံးတော့ပေ။
"ကိုယ့်တို့ တက္ကစီနဲ့ ပြန်ကြမလား"
ကျွန်မတို့ ကစားကွင်း အပြင်ဘက်ရောက်သောအခါ အနည်းငယ်မိုးချုပ်နေပြီ။
ကောင်းကင်သည် မှောင်သန်းဖို့ စတင်လာပြီ။
ငှက်တစ်အုပ် ဘူတာကြီးဘက်မှ ပျံသန်းလာသည်ကို မြင်ရသည်။
ပတ်ဝန်းကျင်သည် လှုပ်လှုပ်ရွရွဖြစ်နေဆဲ။
အိမ်အပြန် အလျင်လိုသူများဖြင့် လမ်းမသည် ရှုပ်ထွေးနေသည်။ ကျွန်မတို့ရှေ့တွင် ကိုယ်ပိုင်ကားများ အငှားကားများ၊ ဘတ်စ်ကားများ လျင်မြန်စွာ ဖြတ်သွားနေကြ၏။
"ဟင့်အင်း….ဘတ်စ်ကားနဲ့ပဲ ပြန်မယ်"
သည်အချိန်ဆိုလျှင် အောင်ဆန်းကွင်းမှ ကြည့်မြင်တိုင်သို့ အငှားကားမှာ
အနည်းဆုံး တစ်ရာ့ငါးဆယ်မှ တစ်ရာ့ရှစ်ဆယ် အထိရှိတတ်သည်။
ကျွန်မ၏ ခြိုးခြံချွေတာစိတ်ကို မောင်က သဘောတူလိုက်သဖြင့် ကျွန်မတို့သည်
အနော်ရထာလမ်းအထိ ဆင်းကာ ဘတ်စ်ကား စောင့်ကြရပါသည်။ မကြာမီပင်
ကျွန်မ၏နှမြောစိတ်ကို ကျွန်မကိုယ်တိုင်ပြန်လည် ဒေါသထွက်မိတော့သည်။
မိုက်ရိုင်းလှသည်ဟု ကျွန်မ မှတ်ချက်ချထားသော ဆဲရေးသည့် လူအုပ်စုသည်
ကျွန်မတို့နှင့်အတူပင် ကားစောင့်နေပြီး ကျွန်မတို့ တက်သည့်
၄၃ဘတ်စ်ကားကြီးပေါ်သို့ လိုက်တက်လာလေတော့သည်။ ကျွန်မတို့က
ဤကြားကားဖြင့် မကြာခဏပြန်ဖူးသည်မို့ ၄၃ကားကြီးတွေလာသည်ကို
မြင်မြင်ချင်း လိုက်ပါရန်ဆုံးဖြတ်ပြီး ချက်ချင်းတက်လိုက်သောကြောင့်
ထိုင်ခုံနေရာရပါသည်။ ထိုအုပ်စုကတော့ အချင်းချင်း ကျွတ်ကျွတ်ညံအောင်
စကားပြောနေကြပြီး ကားစပယ်ယာက အဝေးပြေး အဝေးပြေး အောက်လမ်းဟု
ထပ်ခါထပ်ခါေAာ်မှ လိုက်တက်လာသည် ဖြစ်သောကြောင့် နေရာမရပါ။
သူတို့အုပ်စုက မောင့်ဘေးမှာကပ်၍ ရပ်နေကြသည်။ ကျွန်မက
မောင်သိအောင် တီးတိုးစကားဖြင့်
"တွေ့လား။ တွေ့လား ကွင်းထဲကလူတွေလေ" ဟုသတိပေးမိ၏။
မောင်က မျက်နှာထိ မျက်နှာထားဖြင့် ကျွန်မကိုကြည့်လိုက်တော့မှ ရုတ်တရက်
မျက်နှာလွှဲပစ်လိုက်ရသည်။ ကားရပ်ထားပြီး လူစောင့်နေစဉ်မှာ
သူတို့အုပ်စုသည် အသံကျယ်ကျယ်နှင့်စကားပြောလိုက်။
တစ်ယောက်ကိုတစ်ယောက် တွန်းထိုးပုတ်ခတ်လိုက်၊ ရယ်မောလိုက်ဖြင့်
ကားတစ်စီးလုံး သူတို့အသံချည်း ဖြစ်သည်။
"လူချတယ်ဆိုတာ နာမည်တာဆိုးတာ ၊ သိပ်အရသာရှိမှာကွ"
"ဒိုင်သူကြီး ညစ်ရင်တော့ လူချပစ်မှကွ၊ ဒါမှ မှတ်မှာ။
ဇင်းမယ်ပွဲတုန်းက ကြည့်ပါလား၊ ဘယ်လောက်ညစ်လဲ"
"အားကစားစိတ်ဓါတ်ဆိုတာ နှစ်ဖက်လုံးညီမှ ကောင်းတာပါကွ၊ ဟိုဘက်က
ညစ်ရင်တော့ ဘာအားကစား စိတ်ဓါတ်မှထားမနေနိုင်ဘူး၊
တွယ်သာ တွယ်"
ဘုရား..ဘုရား ။ ကျွန်မ၏ ၀ဋ်ကြွေးသည် တစ်လမ်းလုံး
တောက်လျောက်လိုက်ပါလာတော့မှာ ထင်ပါရဲ့။ သူတို့ကိုယ်ကလည်း
ချွေးစော်ဖြင့် အောက်သိုးသိုးအနံ့ နံနေသည်ဟုထင်ရသည်။
အခုနေများ အငှားကားလေးနှင့် အိမ်ပြန်လိုက်ရလျှင် ဘယ်လောက်
လွတ်လပ်လိုက်မလဲ။ သို့သော် ထိုင်ခုံနေရာ လေးကိုလည်း နှမြောနေပြန်ပြီး ငွေ၁၅၀၊၂၀၀ကိုလည်းနှမြောနေပြန်သည်။
အိုဘာပဲဖြစ်ဖြစ်ပေါ့ ၊ခဏပါပဲ။ ပြီးရင် ကိုယ့်လမ်းကိုယ်သွားကြမှာ။
ကံကောင်းထောက်မစွာ လူမပြည့်တပြည့် အချိန်မှာပင် ကားစတင်စက်နိုးကာ
ထွက်ခွာလေသည်။ အနော်ရထာလမ်းပေါ်မှာ ရန်ကုန်တမြို့လုံးကလူတွေ
လမ်းလျှောက်နေသလိုပင် ရှုပ်ထွေးများပြားလှသည်။ ဈေးသည်များ၏
အော်ဟစ်သံများမှာလည်း ဆူညံနေ၏။ ကားသည်တဖြည်းဖြည်း ပို၍ပို၍မြန်လာသောအခါ အသံဗလံများသည် ခပ်လှမ်းလှမ်းမှာ ကျန်ရစ်ခဲ့သည်။
ကျွန်မတို့ကားထဲမှ စကားသံများသာကျန်တော့သည်။
ကျွန်မသက်ပြင်း တစ်ချက်ရှိုက်လိုက်တော့ မောင်က လှည့်ကြည့်၏။ ကျွန်မစိတ်ကျဉ်းကြပ်နေခဲ့သည်ကို ရိပ်မိဟန်ဖြင့် ကျွန်မကိုပြုံးပြသည်။
မှတ်တိုင်လေးငါးခု အလွန်မှာတော့ မမျှော်လင့်ဘဲ ဘတ်စ်ကားကြီး ထိုးရပ်သွားလေသည်။ ပထမတော့ ကျွန်မမှာ လူစောင့်သည်ဟု ထင်နေသည်။
သို့သော် စပယ်ယာက တဆိတ်လောက်ဗျို့ ၊ မုန့်ဟင်းခါးလေး စားလိုက်ကြရအောင်ဟု
ဟာသဖြင့် အသိပေးတော့မှ ကားပျက်မှန်း သိရတော့သည်။
ကျွန်မ တော်တော့်ကို စိတ်ညစ်သွားပါသည်။
လူတွေဆင်းတွန်းလို့ကော ကားပြန်စက်နိုးလာပါ့မလား။
စက်မနိုးရင် ဘယ်နှယ့်လုပ်မလဲ။ နောက်ထပ် ကားတစ်စီး စောင့်ဖို့က မလွယ်ပါ။
"ကဲ ကဲ ဆင်းတွန်းကြရအောင်ဟေ့"
ကျွန်မတို့အနားမှာ မတ်တပ်ရပ်နေသောအုပ်စုက ခပ်ဟားဟားရယ်မောလျှက်
ဆင်းသွား၏။ ဟုတ်တာပေါ့။ တွန်းကြည့်ရမှာပေါ့။ ကံကောင်းလျှင်လည်း
စက်နိုးလာမှာပေါ့။ လူတစ်ချို့ ထပ်ဆင်းသွားကြသည်။
သို့သော် ထိုင်ခုံတွေမှာတော့ လူအပြည့် ကျန်နေဆဲ၊
"မောင် ………..မဆင်းဘူးလား"
ကျွန်မ မောင့်ကို ခပ်တိုးတိုးမေးတော့ မောင်ခေါင်းရမ်းပြ၏။
"တွန်းမယ့်သူတွေ အများကြီးပါကွာ"
ကျွန်မ မျက်နှာ နွေးခနဲ ပူသွားပါသည်။
"ဒါပေမယ့် ..မတွန်းရင်တောင် ဆင်းပေးမှ ကောင်းမှာပေါ့ မောင်ရဲ့။
တွန်းရမယ့်လူတွေ အားနာစရာ"
ခပ်ကြိတ်ကြိတ် အပြစ်တင်မိသောအခါ မောင်၏ဒေါသ မျက်လုံးအကြည့်ကို
ကျွန်မရလေသည်။ ကျွန်မမျက်နှာ လွှဲလိုက်ရသည်။
ကားအနောက်ဘက်သို့ ပြတင်းမှ ခေါင်းပြူကြည့်လိုက်တော့
နောက်ဘက်မှ လူတစ်ချို့က တွန်းနေကြပြီ။
ကျွန်မထိုင်နေရတာ လိပ်ပြာမသန့်စွာ ခံစားရသည်။
ကျွန်မ ဆင်းသွားလိုက်ရမလားဟု စဉ်းစားသေး၏။ ကားပေါ်က ဆင်းသည့် အုပ်စုတွင်
မိန်းမတစ်ယောက်မှ မပါသောကြောင့် ကျွန်မဆင်းသွားလျှင် လူရယ်မောစရာ
ဖြစ်လေမလားဟု စိုးရိမ်မိသည်။ လူရယ်သည် မရယ်သည်က နောက်ထား၊
မောင်နှင့်ကျွန်မ အရင်ရန်ဖြစ်ရမှာ သေချာသည်။
ကျွန်မ ကားတွင်းမှာ ဟိုဟို သည်သည် အကဲခတ်ကြည့်မိ၏။
ထိုင် ခုံတွင်ထိုင်နေကြသူများတွင် ယောင်္ကျားတော်တော်များများ ပါသည်။
အမျိုးသမီး နှစ်ယောက် သုံးယောက်ပါ၏။ ထိုယောင်္ကျားများသည်
အခြားသူတွေ အောက်ဆင်းပြီး ကားတွန်းနေချိန်တွင် ထိုင်ခုံမှာ ဟန်မပျက်
ထိုင်နေနိုင်လေသည်ဟု ကျွန်မအံ့သြမိ၏။
သို့သော်…ဟန်မပျက်တော့ မဟုတ်ပါ။ တချို့မှာ ဟန်ပျက်နေ၏။
ဟိုဘက် လှည့်ရမလို၊ သည်ဘက်လှည့်ရမလို၊ ခေါင်းတစောင်းစောင်းဖြင့် မသက်မသာ
ထိုင်နေသူများလည်းပါဝင်သည်။ သူတို့ ကျွန်မလိုပင်
လိပ်ပြာမလုံတာသေချာ၏။ သို့သော် ထဆင်းပြီး တွန်းပေးဖို့အထိ
စိတ်ကောင်းရှိဟန် မတူပေ။ တချို့ကတော့ ဤကိစ္စသည် မိမိနှင့်မဆိုင်သလို
အမူအရာမျိုးပင်ရှိသည်။ လိပ်ပြာသန့်သန့်ပင် ဆက်ထိုင်နေလေသည်။
ဆင်တွန်းရသည့်လူတွေမှာပဲ ကားပျက်သည့်အတွက် တာဝန်ရှိနေသလိုလို၊
မိမိတို့မှာတော့ ဘာတာဝန်မှ မရှိသလို။
ကြည့်စမ်း ၊ယောင်္ကျားတွေ ဖြစ်ပြီးနေနိုင်လိုက်တာ။
မောင့်မျက်နှာထားကို အကဲခတ်မိသောအခါ ကျွန်မပို၍ပင် အံ့သြသွားရသည်။
မောင်သည်လည်း ဟန်မပျက် နေနိုင်ပါလား။
မောင်က ကျွန်မမျက်လုံး အမူအရာကို ရိပ်မိဟန်ရှိသည်။
"မင်းက ဘာဖြစ်နေရတာလဲ"ဟုခပ်ငေါက်ငေါက် မေးလေသည်။
"ကားကြီးက အကြီးကြီး မောင်ရဲ့။ ဟိုမှာ လူတွေ တွန်းနေရပြီ။"
"တယ်………..ဒီမိန်းမ"
ကားသည် တဖြည်းဖြည်း လှုပ်လာပြီးနောက် ရှေသို့တရွေ့ရွေ့ တိုးသွားသည်။
ကားရှေ့ပိုင်းမှာ ယောင်္ကျားတစ်ချို့ သည်ဘက်မလှည့်ဘဲ ကားရှေ့သို့
မျက်နှာလွှဲကာ စုပြုံရပ်နေကြသည်ကိုလည်း ကျွန်မသတိထားမိသည်။
လူတွေဟာ မညီမျှကြဘူးဟု ကျွန်မတွေးမိသော်လည်း
ထိုမညီမျှသည့် လူအတန်းအစားထဲမှာ ကျွန်မလည်းပါနေပါသည်။
အို ဘာဆိုင်လဲ။ ကျွန်မကမိန်းမ။ မိန်းမတစ်ယောက်ဟာ ယောင်္ကျားတွေနဲ့ အတူ
ကားဆင်းတွန်းဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။
ထိုခဏ၌ ကျွန်မ၏ဆင်ခြေကို ကျွန်မပြန်၍ ရယ်ချင်သွား၏။ ဘာလဲ နေရာတကာမှာ မိန်းမဟာ
ယောင်္ကျားနဲ့တန်းတူ အခွင့်အရေး ရသင့်တယ်ဟု တောင်းဆိုလာခဲ့သည့်
မိန်းမ၊ အခု သည်အခါမျိုးမှာတော့ ဘာလို့အခွင့်အရေးတူ မယူပြန်သလဲ။
ဘာဖြစ်လို့ အားနွဲံ့သည့် မိန်းမသားအဖြစ် ပေကပ်နေခဲ့ပါသလဲ။
ကျွန်မဆင်းသွားလိုက်လျှင် ဘာဖြစ်သွားမှာမို့လို့လဲ။
ထိုခဏ၌ ကျွန်မ၏ဦီးခေါင်းထက်တွင် တစ်ခုခုက ဖိနှိပ်ထားသလို လေးလံလာ၏။
ကျွန်မကိုယ်ခန္ဓာမှာလည်း မလုံမလဲစိတ်ဖြင့် တောင့်တောင့်ကြီး ဖြစ်လာသည်။
ညာသံပေး၍ တွန်းနေကြသည့် အသံများနှင့်အတူ ကားကတအီအီိ
လှုပ်လာပြီးရှေ့သို့ တိုးတိုးသွားချိန်မှာ ကျွန်မကိုယ်ခန္ဓာသည်
ကားကြီးတစ်ခုလုံးကို ထမ်းပိုးထားရသလို လေးလံလာသည်။
ကျွန်မ ဘယ်လိုမှ မနေသာတော့သဖြင့် ရုတ်တရက် မတ်တပ်ရပ်လိုက်မိသည်။
မောင်က ဗြုန်းကနဲ မော့ကြည့်ပါသည်။
"ဘာဆင်းလုပ်မလို့တုန်း"
"ဆင်းမလို့"
"ဟာ မင်းရူးနေသလား၊ ဒါမင်းအလုပ်မဟုတ်ဘဲ။
ရပြီးသားနေရာလေး ပျောက်သွားဦးးမယ်"
ထိုခဏမှာ ကျွန်မသည် လေထဲမှာ ကိုယ်ခန္ဓာတစ်ခုလုံး လွင့်ပျံ
ပျောက်ကွယ်သွားပါစေဟု တမ်းတမိသည်။ ကျွန်မဘ၀မှာ မောင့်အတွက်
တစ်ခါမှ ဒီလောက်မရှက်ရဖူးဘူးဟု ထင်ပါသည်။ လက်စသတ်တော့
ကားပေါ်က မဆင်းတာဟာ နေရာပျောက်မှာ စိုးလို့လေ။
ဘုရား ………ဘုရား ဒီလောက် ခရီးတိုအချိန်တိုကလေးမှာတောင်
မောင်ဟာ နေရာကို တပ်မက်နေခဲ့တယ်ပေါ့။
မောင်၏ဒေါသတကြီး ဆွဲချထိုင်ခိုင်းမှုကြောင့်လား၊
ကျွန်မကိုယ်ခန္ဓာကပဲ အင်အားတွေ ကုန်ခန်းသွားလို့လားမသိပါ။
ကျွန်မထိုင်ခုံပေါ်သို့ ထိုင်လျက်ကျသွားပါသည်။ ထိုအချိန်မှာပင် ကားစက်သံ
ပြန်ထွက်ပေါ်ထွက်လာပြီး ဟေးကနဲပျော်ရွင်စွာ အော်ဟစ်သံများ ကြားရသည်။
ထို့နောက် သူတို့အားလုံး ကားပေါ်သို့ ကသောကမျှော ပြန်တက်လာကြသည်။
ဘောလုံးပွဲတွင် ဆဲရေးတိုင်းထွာသည့် လူအုပ်စုက ကားရှေ့တံခါးပေါက်မှ
တက်လာကြသည်ဖြစ်၍ ရှေ့ပိုင်းမှာပင် ရပ်နေကြပါသည်။
ကျွန်မနှင့် မျက်နှာချင်းဆိုင်ဖြစ်နေသော ထိုအုပ်စုသည် စောစောကလိုပင် စ,နောက် ရယ်မောသည့်များအတိုင်း ဖြစ်သည်။ သူတို့ ဆင်းတွန်းချိန်တွင် ထိုင်ကျန်ရစ်ခဲ့သည့် လူစုရှိနေပါလားဟု ဒေါသဖြစ်မည့်ဟန်လည်းမရှိ၊ ဒေါသဖြစ်ခဲ့လျှင်လည်း ကားတွန်းတုန်းက
ဆဲရေးတိုင်းထွာခဲ့ရောပေါ့။ ဒေါသတွေ ကုန်ခဲ့ရောပေါ့။
သည်လိုဆိုပြန်တော့လဲ ဆဲရေးသည့်နည်းက အကောင်းသားပါလား။
ကားသည် စက်သံမှန်လာပြီး နေရာမှထွက်ခွာလေသည်။
သူတို့က ကားဆင်းတွန်းပြီး ကျွန်မတို့ကဘာဖြစ်လို့ အေးအေးဆေးဆေး
ထိုင်ကျန်ရစ်ရသလဲ။ လမ်းတလျှောက်လုံး ကျွန်မမျက်နှာပူစွာ ခပ်ရှက်ရှက်
ဖြစ်နေ၏။ တစ်ခုသေချာသည်ကတော့ ကားဆင်းတွန်းကြသူအားလုံးသည်
မတ်တပ်ရပ်စီးကြသူများသာ ဖြစ်ကြသည်။
သူတို့အတွက် ကားပေါ်ကဆင်းရခြင်းဟူသည့် အဖြစ်သည် မထူးဆန်းပေ။
နဂိုကတည်းက နေရာမရခဲ့သောကြောင့် ဖြစ်သည်။
ဒါပေမယ့် သည်ကားကြီး ပျက်ယွင်းမှု့အတွက် သူတို့သာ တာဝန်ရှိသည်မဟုတ်ဘဲ။
ထိုင်နေသူများတွင်လည်း တာဝန်ရှိသည်ဟူသော အသိသူတို့ထဲမှာမရှိဘူးလား။
ရှိတော့ရှိမှာပါ။ သို့သော် သိပ်တွယ်ကပ်နေ၍ အကြောင်းမထူးဘူးဟု မြင်သွားလို့လား။
သို့မဟုတ် ငါတို့တတ်နိုင်သလောက်တော့ လုပ်ပေးပါ့မယ်လေဟူသော
စေတနာကြောင့်ပဲလား၊ သို့မဟုတ် မတ်တပ်ရပ်စီးနေသည့် လူတန်းစားကသာ
ကားတွန်းရန် ပို၍သင့်တော်ပါသည်ဟု ကျိုးနွံစွာ အကျင့်ပါနေလို့ပဲလား။
ဘာပဲဖြစ်ဖြစ် ကျွန်မ နှာခေါင်းရှုံ့အပြစ်တင်ခဲ့သော အုပ်စုက
ပေါ့ပါးသွက်လက်စွာဆင်း၍ ကားတွန်းခဲ့သည့် အဖြစ်အပျက်ကြောင့်
ကျွန်မပို၍ပင် မလုံမလဲဖြစ်ရပါသည်။
ထိုအခါ ကျွန်မတို့ထိုင်ကျန်သူများဘက်မှ ဆင်ခြေတစ်ခုခုကို ရှာတွေ့ရန်
ကျွန်မအပြင်းအထန် ကြိုးစားယူမိသည်။
ယောင်္ကျားကြီးကြီးတွေ ယောင်္ကျားငယ်ငယ်တွေ (ကျွန်မတို့
မိန်းမတွေအပါအ၀င်) ထိုင်နေသူအားလုံး ဘာကြောင့်ဆင်းမတွန်းကြသလဲ။
တာဝန်သိစိတ် မရှိလို့တော့ မဟုတ်နိုင်ပါဘူးနော်။
ချောင်ခိုချင်စိတ်ကြောင့်တော့လည်း မဟုတ်နိုင်ပါဘူးထင်ရဲ့။
ကိုယ်မလုပ်လျှင်လည်း လုပ်မည့်သူရှိနေကြောင်းကို သိနေလို့ပဲဖြစ်မည်။
ထိုသို့ တွေးယူလိုက်သောအခါ
ကျွန်မနေရထိုင်ရတာ နည်းနည်းသက်သာ သွားသလိုရှိ၏။
တော်ပါသေးရဲ့။
ငါ့နှယ်စောစောတုန်းကသာ ဒီအတွေးမျိုး တွေးလိုက်ပါတော့လား။
သည်လိုသာဆိုလျှင် ကျွန်မ မောင်နှင့် ရန်ဖြစ်ခံပြီး ထိုင်ရာမှထရပ်မိမည် မဟုတ်ပေ။
ကျွန်မမျက်စိအကြည့်က ရှေ့အုပ်စုထံ ရောက်သွားပြန်၏။
သည်တစ်ခါတော့ ရှပ်အကျီင်္ အနီရောင် ၀တ်ထားသည့်
လူနှင့် ကျွန်မ အကြည့်ချင်းဆုံသွားသည်။ သူကျွန်မကို
တော်တော်ကြာကြာအောင် ကြည့်နေလေသည်။ ဘယ်လိုအကြည့်ပါလိမ့်။
ဘောလုံးပွဲမှာ တွေ့ခဲ့သည့်မိန်းမဟု မှတ်မိသည့် အကြည့်လား။
မိန်းမတွေလည်း ဘောလုံးပွဲလာကြည့်တာကိုး ဟူသည့် အသိအမှတ်ပြုသည့်
အကြည့်လား။ မဟုတ်ပါ။ သည့်ထက်ပိုပါသည်။
သရော်လှောင်ပြောင်သော အကြည့်လား။ ကားကိုဆင်းတွန်းလိုက်တာ ကျုပ်တို့ဗျ။
ကျုပ်တို့ကြောင့် ခင်ဗျား အိနြေ္ဒမပျက်တာဟု ဂုဏ်ဖော်လိုသည့် အကြည့်လား။ သို့မဟုတ်
အချောင်ခိုသမားများဟု မကျေမနပ် စွပ်စွဲလိုသည် အကြည့်လား။
ထိုခဏ၌ ကျွန်မသည် ယခင်ကလိုပင် မျက်နှာပူနွေးလာပြန်ကာ မလုံမလဲ
ခံစားရပြန်သည်။ ကျွန်မ ကားပြတင်းဘက်သို့ မျက်နှာလွှဲပစ်လိုက်ရသည်။
အိုး ……..သူတို့တွေသာ ကားပေါ်မှာ ထိုင်စရာနေရာရခဲ့မယ်ဆိုရင်
သူတို့လည်း ကားကို ဆင်းတွန်းမှာ မဟုတ်ပါဘူး။
ငါတို့လိုပဲ ထိုင်ကျန်နေခဲ့မှာပါပဲ။
စိတ်ကူးဖြင့် အနေအထားပြောင်းကာ မှန်းဆတွေးကြည့်ပြီး နောက်
ပင့်သက်တစ်ချက် ရှိုက်မိသွားသည်။ ဤအဖြေသည် အမှန်ဖြစ်ချင် ဖြစ်မည်
သို့မဟုတ် မှားချင်လည်းမှားနိုင်၏။
ဒါမျိုးက မှန်းဆကြည့်ရုံ နှင့် အဖြေသိကောင်းသည့် ပုစ္ဆာမျိုး မဟုတ်ချေ။

Friday, June 18, 2010

ဘုရားမကြိုက်တဲ့လူစု

ဦးပုည
ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ ဖြစ်စိမ့်ငှာဟု၊ ဥာဏ်ပါက၀ိ၊ မှတ်စုကို ညှိပြီးလျှင်၊
အဘိဓမ္မတ္ထသင်္ဂဟေ၊ သဂြိုဟ်ကို ၀ိုက်သိုင်းလို့၊ ကိုးပိုင်းလုံး မွှေခဲ့မည်၊
စေ့ရေ မူလ၊ ပညာရှိ ငါဟဲ့နော်လို့၊ အာဘော်ကို ပြပြီးလျှင်၊
မာနဖိစီး၊ မနှီးမနှော၊ တစ်ယောက်နှင့် တစ်ယောက်၊ အာပေါက်အောင်ပြောကြ၊ သောမနဿသဟဂုတ်၊ လဘက်က သုံးလေးလုပ်၊ ဒိဋ္ဌိဂတ သမ္ပယုတ်၊
ကြက်သွန်ကြော်များများနှင့်၊ ဗိုက်ကားအောင် တုတ်ပြီးလျှင်၊
သရုပ်များ ကွဲလေဟန်၊ လက်လေးသစ်လောက် စာတိုကို၊ ၀ိဂြိုဟ်တွေ ကျင်းပြီးလျှင်၊
အငြင်းက ကြောက်ဖွယ်သန်၊ မာနဂုဏ် သူကိုး၍၊ ဖြတ်ထိုးနှင့် တညံညံ၊
ဋီကာကျော် လက်သန်းမှာ၊ အာဝဇ္ဇန်း မောက်လျှံ၍၊
ဘလောင်ဆန်ဆူကြွက်၊ မြတ်ဇိနော် ဓမ္မစက်ကို၊ ဇာတ်စကား ရောယှက်၍၊
ဖျက်သူကလဲ အတန်တန်၊ ရူပဘူတုပ္ပါဒါယ ဘေဒဘိန္ဒော၊ ကွမ်းကော ဆေးကော၊ ချလော့ခုလျှင်၊ အလှူ့ရှင် ပြင်ခဲ့ပြင်ခဲ့၊ အရွက်ကြမ်း လဘက်မဲကို၊ ဆီရွှဲရွှဲ မထည့်၍၊ ကဲရဲ့သူကလည်း တမှောင့်၊ ဟိုအိမ်ဦး တထောင့်က၊ အို.. ကျောင်းတကာ၊ ဘုရားတကာ၊ မေးလေရာတွင်၊
ပညာနိဿရည်း၊ ၀ိနည်းတလီ၊ အလဇ္ဇီနှင့်၊ လဇ္ဇီတ၀၊ လူအပေါင်းတို့၊ စိတ်ခွလေအောင်၊
ကံဒွါရ ငြင်းကြသည်၊ ကရွတ်ကင်းပုံတချက်၊ အချို့သောသူတို့က မိစ္ဆာဥာဏ် ကူးဖက်၍၊ အနက်ကိုလည်း မသိ၊ ပညာရှိ ငါတဆူ၊ ဖြစ်လေသည် ဟူသတည်းဟု၊
အလှူမသာ၊ ရှိလေရာတွင်၊ လယ်ကာဝါကြွား၊ လဘက်စားသည်၊
ဘုရားမကြိုက်တဲ့ လူစုတည်း။
(ရုပ်ရှင်တေးကဗျာမှ ပြန်လည်ကူး ဖော်ပြသည်)

Nibbana


Health is the greatest of gifts,
Contentment is the greatest of riches;
Trust is the finest of relationships and
Nibbana  is the highest bliss.
Dhammapada

Thursday, June 17, 2010

ဟန်

လူတွေဟာ အချင်းချင်း ပေါင်းသင်းဆက်ဆံရာမှာ လိမ်ညာ ဖြီးဖြန်းပြီး ဆက်ဆံနေကြတာ. . . မဟုတ်တာကို အဟုတ်လုပ်ပြော ၊ မြှောက်ပင့်ပြီးလည်းပြောတယ်. . အလုပ်ဖြစ်အောင် ၊
ကိုယ့်အကျိုး ပြီးမြောက်အောင် လှည့်ပတ်ပြောတယ်. . .

လူဟာ ဟန်ဆောင်လည်းကောင်းတယ် ၊ ဟန်လုပ်လည်းပြောတယ်၊ စိတ်ထဲက လိမ်ညာပြီး
ဖြီးဖြန်းနေပေမယ့် အပြင်ဟန်ပန်လေသံတွေက တည်ကြည်တဲ့ လူရိုးလူဖြောင့်လိုလို ၊
သူကောင်းလိုလို ပိပိရိရိဟန်ဆောင်တတ်၊ သရုပ်ဆောင်တတ်တယ်. .

"မုသားမပါ လင်္ကာမချော" ဆိုတဲ့ အဆိုအမိန့်အတိုင်း လိမ်ညာနေတာကိုပဲ လိမ်ညာနေတယ်လို့
မသိရအောင် အဖုံးအကွယ် အလှည့်အချိုးတွေနဲ့ လူလည်တွေဟာ ပြောတတ်ဆိုတတ်တယ်. . .
. မှန်ကန်သော စကားတွေကို ဆိုနေတဲ့ လူမှန်လူဖြောင့် ပုံပေါ်အောင်
ဖော်ဆောင်တတ်ကြတယ်. .

လူသည် လိမ်နိုင်ကောက်နိုင်မှာ ကိုယ်၏ချမ်းသာခြင်း ၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံနိုင်သော သတ္တ၀ါဖြစ်၏
အမြင်ကပ်ရင်အမြင်ကပ်ကြောင်း၊ ကြည့်မရရင် ကြည့်မရကြောင်း ၊ အချိုးမပြေရင်
အချိုးမပြေတဲ့ အကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံရင်လည်း
တစ်ဦးနဲ့တစ်ဦး ခိုက်ရန်ဒေါသတွေ ဖြစ်ပွားပြီး သတ်ကြ ဖြတ်ကြလို့
အသုဘချတာနဲ့ပဲ အချိန်ကုန်သွားနိုင်တယ်. ..လို့
ကာတွန်းဦးဘဂျမ်းကဆိုပါတယ်.. .

နန္ဒသိန်းဇံ
from foreverfriends

Wednesday, June 16, 2010

သတိရလိုက်တဲ့စာစု

လူရွာအတိ၊ ဝေါဟာပြီးသား
သမီးတစ်ကောင်၊ နွားတစ်ထောင်သို့
လုံအောင်အမြဲ၊ စောင့်နိုင်ခဲဟု
မလွဲပမာ၊ နန်းတွင်းမှာလျှင်
ရာဇာမွေးဘ၊ မြဲနိစ္စဖြင့်
နေ့ညမကင်း၊ စောင့်ပါလျဉ်းလည်း
လက်တွင်းကသာ၊ သူ့ဘက်ပါ၏။
မဃဒေ၀လင်္ကာသစ်
မန်လည်ဆရာတော်

Tuesday, June 15, 2010

တံဆိပ်တပ်တဲ့ ၀ါသနာ

ရေးသူ- လူထုစိန်ဝင်း
တပည့် ကျောင်းသားဟောင်းတယောက်က နယ်မှာ ကျောင်းဆရာ လုပ်ပါတယ်။ သူ့ကျောင်းက စာကြည့်တိုက်အတွက် အလှူခံလို့ စာအုပ်တချို့နဲ့ ဂျာနယ်များ လှူလိုက်ပါတယ်။ လှူတဲ့အထဲမှာပါတဲ့ ဂျာနယ် တစောင်ကိုတွေ့တော့ သူက အံ့သြတဲ့ မျက်နှာပေးနဲ့ 'ဒီဂျာနယ်လည်း ဖတ်တာပဲလား ဆရာ' လို့ မေးလိုက် ပါတယ်။ ပြီးတော့ တဆက်တည်း 'ဆရာနဲ့ အယူအဆ ပြဒါးတလမ်း၊ သံတလမ်း မဟုတ်လား' လို့လည်း ပြောလိုက်ပါသေးတယ်။

မတူတာ ပိုဖတ်သင့်တယ်
သူပြောတဲ့ ဂျာနယ်နဲ့ အယူအဆချင်းက တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းလောက် ခြားနားတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အယူအဆတူတဲ့ စာမျိုးထက် မတူတဲ့ စာမျိုးကို ပိုတောင်ဖတ် သင့်တယ် ထင်ပါတယ်။ မတူတဲ့ ရှုထောင့်ကကြည့်တဲ့ မတူတဲ့ အမြင်ကနေ ပေါ်ထွက်လာတဲ့ မတူတဲ့ အတွေးတွေ၊ မတူတဲ့ အကြံအစည်တွေကို သိရတာ ကိုယ့်အတွက်လည်း အကျိုးမရှိနိုင်ဘူးလား။ ကိုယ်နဲ့ အကြိုက်ချင်း မတူတာနဲ့၊ အယူအဆချင်းမတူတာနဲ့ မကောင်းဘူး၊ မမှန်ဘူးလို့ သဘောမထားအပ်ပါဘူး။ အယူအဆ မတူပေမယ့် ကိုယ်ကျိုးစီးပွါးနဲ့ ရပေါက်လမ်း အခွင့်အရေးကို မျှော်ကိုးပြီးရေးသားတာမျိုး မဟုတ်ဘဲ သူ ကိုယ်တိုင် အမှန်တကယ် ယုံကြည်လို့ ရေးတာမျိုးဆိုရင် ဘယ်လောက်ပဲအယူအဆ ကွဲနေနေ တလေးတစား သဘောထား ရမှာပဲ။ စာကိုသာ မဟုတ်ဘူး။ လူကိုလည်း လေးစားရမှာပဲ ဖြစ်တယ်။ ကိုယ့်အတွက် ရပေါက်ရလမ်း အကျိုးအမြတ်ကို မျှော်ကိုးပြီး ရေးတဲ့သူနဲ့ သူရေးတဲ့ စာကိုတော့ သိဖို့လောက်သာ ဖတ်ပြီး လေးစားစရာ မလိုပါဘူး။ လေကုန်ခံပြီး ပြောနေစရာလည်း မလိုပါဘူး။ ခေတ်အမျိုးမျိုးကို ဖြတ်သန်းလွန်မြောက်လာခဲ့ပြီး အဖြစ်မျိုးစုံ ကြုံတွေ့ဘူးတဲ့ မြန်မာစာဖတ်ပရိသတ်က အင်မတန် အကင်းပါးပါတယ်။ 'ပါးစပ်ဟလိုက်တာနဲ့ အထဲမှာ အူဘယ်နှခွေရှိတယ်' ဆိုတာ ကောင်းကောင်းမြင်တတ်ပါတယ်။ စာဖတ်ပရိသတ်က အလေ့မလုပ်တော့ လို့ စာပေသင်္ချိုင်းကို အသက်ရှင်လျက် ရောက်သွားတဲ့သူတွေ ခေတ်အဆက်ဆက်မှာ မနည်းလှပါဘူး။ ကိုယ့်သမိုင်း ကိုယ်ရေးတယ်ဆိုတာ စာရေးဆရာမှ တကယ်ဟုတ်တာ။

သမိုင်းရဲ့ အမှိုက်ပုံကြီးထဲ ရောက်သွားသူတွေ
နိုင်ငံရေးသမား အပြောမှားတာက ငြင်းလို့ရသေးတယ်။ နောက်မှ ပြင်ပြောလို့ ရသေးတယ်။ 'ကျွန်တော်က ဒီအဓိပ္ပါယ်နဲ့ ပြောတာ မဟုတ်ပါဘူး' လို့ ထေးလို့ ရသေးတယ်။ ဒါတောင်မှ သွေးနထင် အရောက် လွန်ပြီး နှုတ်မစောင့်စည်းမိတာကြောင့် မနက်ကတင် ဟီးရိုး ဖြစ်နေရာက ညနေကျတော့ ချက်ချင်းကြီး ဗီလိန်ဘ၀ ရောက်သွားပြီး ပရိသတ်ရဲ့ ရွံ့ရှာ ပစ်ပယ်ခြင်းခံလိုက်ရတဲ့ သာဓကတွေလည်း ရှိသေးတယ်။ နှုတ်ကြောင့် သေတဲ့ အဖြစ်ပေါ့လေ။ စာရေးဆရာကျတော့ စာရွက်ပေါ်မှာ အဖြူအမည်းနဲ့ မှတ်တမ်းတင် ကျန်ရစ်ခဲ့တာဆိုတော့ လိမ်လို့လည်း မရ၊ ငြင်းလို့လည်း မရတော့ဘူး။ ဒီလိုနဲ့ပဲ စာအရေးအသား အင်မတန်ကောင်းပြီး စာကောင်းတချို့ ရေးသားနိုင်ခဲ့တဲ့ စာရေးဆရာ အတော်များများ 'သမိုင်းရဲ့ အမှိုက်ပုံကြီး' ထဲ ရောက်ရှိသွားတာမျိုးတွေလည်း တွေ့ရပါတယ်။ စိတ်မကောင်းစရာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာလူမျိုးများရဲ့ စိတ်ယဉ်ကျေးမှု အထက်တန်းကျပုံက မှားခဲ့မိတာကို အမှန်တကယ်သိမြင်ပြီး ရိုးသားစွာနဲ့ မှားခဲ့မိကြောင်း တောင်းပန်ပြုပြင်လိုက် ရင်ဖြင့် အာဃာတ လုံးဝမထားတော့ဘဲ ခွင့်လွှတ်လက်ခံ ဆက်ဆံနိုင်ကြတာပဲ ဖြစ်တယ်။ အမှန်တကယ် ရိုးသားတယ်လို့ ယုံကြည်ဖို့သာ လိုပါတယ်။

တံဆိပ်တပ်တဲ့ ၀ါသနာ
'ကျွန်တော်တော့ ဒီဂျာနယ်လည်းမဖတ်ဘူး၊ ဟို စာရေးဆရာလည်း မဖတ်ဘူး။ သူတို့က အလိုတော်ရိ တွေမှန်း သိသာနေတာပဲ ဆရာရဲ့'
ကျောင်းသားဟောင်း ဆရာလေးက သူ့အမြင်၊ သူ့သဘောထားကို ပြတ်ပြတ်ပဲ ပြောလိုက်ပါတယ်။ ဒါက စာဖတ်ပရိသတ်ရဲ့ အခွင့်အရေးပဲလေ။ ကြိုက်တာကို ဖတ်မယ်၊ မကြိုက်တာကို မဖတ်ဘူးပေါ့။ စာနယ်ဇင်းသမား ကျတော့ စာဖတ်ပရိသတ်လို ရွေးချယ်ခွင့် မရှိဘူး။ ကြိုက်လည်း ဖတ်၊ မကြိုက်လည်းဖတ်ပဲ။ မကောင်းတာကို လည်း ဘာက ဘယ်လို မကောင်းတာလဲဆိုတာကို စာဖတ်ပရိသတ်အတွက် ပြောဖို့ လိုအပ်တဲ့အခါ ပြောနိုင်ဖို့အတွက် ဖတ်ရတာပဲ။ ဆရာလေးပြောတဲ့ ဂျာနယ်ရဲ့ အယူအဆတွေဟာ လုံးဝ ဆန့်ကျင်ဘက်ဖြစ်တာ မှန်ပေမယ့် ဒါက သူတို့ရဲ့ ယုံကြည်မှုပဲ။ လူတိုင်းမှာ လွတ်လပ်စွာ ယုံကြည်ခွင့် ရှိပါတယ်။ ကိုယ်နဲ့ မတူတာနဲ့ဘဲ မမှန်ဘူး။ မကောင်းဘူးလို့ ဘယ်ပြောလို့ ရမှာလဲ။ ကိုယ်က သူ့ကို မှားတယ်လို့ပြောရင် သူကလည်း သူမှန်ပြီး ကိုယ်မှားတယ်လို့ ပြန်ပြောမှာပဲလေ။ အယူအဆ ဘယ်လိုကွဲကွဲ သူတို့ ဂျာနယ်ဟာ ဂျာနယ်ကောင်းတစောင်ပဲ။ လူပြိန်းကြိုက် သည်းခြည်ခိုက် စာတွေနဲ့ စာဖတ်ပရိသတ်ကို မစော်ကားဘူး။ ပြီးတော့ သတင်းတွေလည်း စုံတယ်။ တင်ပြပုံ တင်ပြနည်းတွေလည်း ကောင်းတယ်။ သိက္ခာရှိပါတယ်လို့ တပည့်ဟောင်းကို ရှင်းပြလိုက်ပါတယ်။ ပြီးတော့ ဘယ်သူ့ကိုဖြစ်ဖြစ် အလွယ်တကူ 'တံဆိပ်တပ်' တာမျိုး မလုပ်ဖို့လည်း ပြောလိုက်ရပါသေးတယ်။ 'အလိုတော်ရိ' လို့ သူက ပြောခဲ့တာကိုး။

တံဆိပ်တိုင်း မှန်တာမဟုတ်
'တံဆိပ်တပ်' တဲ့အလုပ်ကို ကျွန်တော်တို့လူမျိုးက အတော်ဝါသနာပါပုံ ရပါတယ်။ သူက လက်ဝဲသမားပဲ။ လက်ယာသမားပဲ၊ အချောင်သမားပဲ၊ ပရိုပဲ၊ အင်န်တီပဲ၊ ဂန္ထ၀င်တွေပဲ၊ ပို့စ်မော်ဒန်သမားပဲ၊ အရက်သမားပဲ၊ ဆေးသမားပဲ၊ လမ်းသရဲပဲ၊ ပုံစံခွက်သမားပဲ၊ တိုးတက်တဲ့သူပဲ၊ ဖောက်ပြန်တဲ့သူပဲ စတဲ့ စတဲ့ အခေါ်အဝေါ်တွေ၊ 'တံဆိပ်' တွေ မနည်းပါဘူး။ ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်တခု၊ တဆင့်ကြားစကားတခု၊ ကောလဟလတခုကို အခြေပြုပြီး အလွယ်တကူ တံဆိပ်တပ်ပေးလိုက်ကြတာပါပဲ။ အသက် ၇၀ တန်း ရောက်နေပြီဖြစ်တဲ့ ကိုယ်တွေ့အရ ပြောရမယ်ဆိုရင် အဲဒီလို 'တံဆိပ်တပ်'မှု အတော်များများဟာ လုံးဝမမှန်တာတွေ ဖြစ်တယ်ဆိုတာ ပါပဲ။ လူတော်တော်များများက လက်ဝဲသမားပဲ၊ ကွန်မြူနစ်ပဲ၊ မတ်ဝါဒီပဲလို့ 'တံဆိပ်တပ်' ပေးထားကြသူ အများစုဟာ လုံးဝ လက်ဝဲတွေမဟုတ်၊ ကွန်မြူနစ်ဝါဒီတွေ မဟုတ်ဘူးဆိုတာကို နောက်ပိုင်း သူတို့ရေးတဲ့ နိဗ္ဗိန္ဒစာတွေ ဖတ်ရတော့ သိသာလာကြရတာပဲ။ လူတွေက သူရဲကောင်းကြီးပဲ၊ ဒါမှမဟုတ် သူတော်ကောင်းကြီးပဲလို့ 'တံဆိပ်တပ်' ပေးခဲ့ကြသူ တချို့ဟာလည်း နောက်ပိုင်းကျတော့မှ 'တံဆိပ်တပ်' ထားသလို မဟုတ်ကြောင်း ပေါ်လာကြရတာပဲ။ ထောင်ထဲမှာ အကြာကြီး နေခဲ့ဖူးလေတော့ အင်မတန်ဆိုးတဲ့ 'တံဆိပ်' တမျိုးကို နေ့စဉ်လိုလို ကြားနေခဲ့ရပါတယ်။ အင်ဖော်မာ (informer) ဆိုတဲ့ တံဆိပ်ပါ။ တဦးတယောက်ကို ကိုယ့်စိတ်က မသင်္ကာဖြစ်လာတာနဲ့ သူက 'အင်ဖော်မာ' ပဲ၊ 'သတင်းပေး' ပဲလို့ တံဆိပ်တပ် ပေးလိုက်တော့တာပါပဲ။

လွယ်လွယ်တံဆိပ်မတပ်နဲ့
ထောင်ထဲမှာ အကြာကြီး နေခဲ့ဖူးလေတော့ အများက 'သူရဲကောင်း' လို့ တံဆိပ်တပ်ပေးထားသူတွေ တကယ်တမ်းကျတော့ 'အင်ဖော်မာ' ဖြစ်လိုဖြစ်၊ အများက 'အင်ဖော်မာ' တံဆိပ်တပ်ပေးထားသူက အမှန်တကယ် ရိုးသားသူ ဖြစ်လိုဖြစ် ဆိုတဲ့ အဖြစ်မျိုးတွေ အများကြီး ကြုံခဲ့ရပါတယ်။ ကိုယ်က သူရဲကောင်းထင်သူက အင်ဖော်မာ ဖြစ်နေခြင်းဟာ ကိုယ့်အတွက် အခိုက်အတန့်သာ ထိခိုက်တာ ဖြစ်ပေမယ့် ရိုးသားသူတွေကို အင်ဖော်မာ တံဆိပ်တပ်လိုက်တဲ့အတွက် အတပ်ခံရသူရဲ့ တဘ၀လုံး ထိခိုက်သွားပြီး ရောက်လေရာအရပ်မှာ လူတကာက သံသယမျက်လုံးနဲ့ ကြည့်တာကို ခံသွားရလေ့ ရှိပါတယ်။ အဲဒါကြောင့် တဖက်သားကို လက်လွတ်စပယ်နဲ့ 'တံဆိပ်တပ်' တာမျိုး မလုပ်သင့်ပါဘူး။ ကိုယ့်စိတ်ထဲမှာ တခုခု မသိုးမသန့် ဖြစ်နေရင် တိတ်တဆိတ် စောင့်ကြည့်၊ အကဲခတ်သင့်ပါတယ်။ ကိုယ်တိုင် အခိုင်အမာ အသေအချာ သိတာမျိုး မဟုတ်ပဲနဲ့ တခြားသူကို ထုတ်မပြောသင့်ပါဘူး။ ရိုးသားသူတယောက်ကို မှားပြီး စွပ်စွဲမိရင် သူ့ခမျာ တဘ၀လုံး ခေါင်းမဖော်ရဲ၊ လူတောမတိုးရဲ ဖြစ်သွားနိုင်ပါတယ်။ ဒီလိုဖြစ်ရင် ကိုယ်လည်း စိတ်မကောင်း ကြီးစွာ ဖြစ်ရတတ်ပါတယ်။
အဲ.. တချို့ကျတော့ သူများက တံဆိပ်တပ်တာ မဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် တံဆိပ်တပ်ကြတာ ဖြစ်တယ်။ ဒီလူမျိုးကိုတော့ 'လူပြောမသန်၊ လူသန်မပြော' လို့ပဲ သဘောထားလိုက်ပါတယ်။ သူတော်စင်များဟာ ကိုယ့်ကိုယ်ကို ရဟန္တာပဲ၊ အနာဂမ်ပဲ၊ သောတာပန်ပဲလို့ ထုတ်ဖော်မြွက်ကြားလေ့ မရှိဘူးလို့ မှတ်သားရဖူးပါတယ်။ 'ကိုယ့်ကိုကိုယ်ဖော် မသူတော်' ဆိုတဲ့ ရှေးလူကြီးသူမတို့ စကား အရှိသားမဟုတ်လား။
လူထုစိန်ဝင်း
၂၀၀၉ ခုနှစ်၊ ဧပြီ ၂၀။
မာယာမှ ကူးယူဖော်ပြသည်

Monday, June 14, 2010

တောင်မြို့ဆရာတော်ကြီး မြင်တတ်ပုံက

သားသမီးလေးတွေ ဖျင်းလာတာဟာ မိခင်တွေ အလုပ်များလာလို့ပဲ၊ 
အနာဂတ် သားသမီးတွေဟာ လူတော်လူကောင်းများဖြစ်ဖို့ မိခင်လောင်း အမျိုးသမီးတွေဟာ 
အလုပ်ကို ယောကျာ်းများရဲ့ တစ်ဝက်လောက်သာ လုပ်သင့် တယ်.။

Children remain idle because parents are busy.
It they want to make future children 

good and clever,
would-be mothers should work 
at least half as hard as their men.

Sunday, June 13, 2010

လူငယ် ဘလော့ခ်နှင့် လူထုဂျာနယ်လစ်


"စာနယ်ဇင်း ကျင့်ဝတ်တွေ ရေးခဲ့သလို ဘလော့ခ်ဂါ ကျင့်ဝတ်ဆိုပြီး ရေးပါဦးခင်ဗျ။ အခု ဘလော့ခ် တွေ သိပ်များလာပြီး တချို့က မဟုတ်မဟတ် တွေချည့် ရေးနေကြတယ်"
လူငယ် စာနယ်ဇင်းသမားလေး တစု ရောက်လာပြီး ပြောလိုက်တာ ဖြစ်ပါတယ်။ စာနယ်ဇင်း ကျင့်ဝတ်တွေအကြောင်း အမြဲလိုလို ရေးနေတာကြောင့် ခုလို ပြောလိုက်တာပါ။ အင်တာနက် ဝက်ဘ်ဆိုက်တွေ ဘလော့ခ်တွေကို စောင့်ကြည့်ဖတ်႟နေသူဖြစ်တော့ သူတို့ပြောသလို ဘလော့ခ် တွေ သောင်းချီ ရှိနေတာ တွေ့ရပါတယ်။ အတော်များများကလည်း မဖွယ်မရာတွေ ဖြစ်ပါတယ်။ တချို့ဆို ညစ်ညမ်းတာတွေ ဖြစ်ပါတယ်။
လူထု ဂျာနယ်လစ်တွေ ဘလော့ခ် ဆိုတာတွေ ပေါ်ပေါက်လာတာ သိပ်မကြာလှသေးပါဘူး။ ကွန်ပြူတာ သုံးနိုင်သူတိုင်း ကိုယ်ပိုင်ဘလော့ခ်တွေ လုပ်လို့ရတာကြောင့် အချိန်ပေးနိုင်သူတိုင်း၊ ဝါသနာပါသူတိုင်း ဘယ်သူမဆို လုပ်နိုင်ကြပါတယ်။ အထူးသဖြင့် လူငယ်လေးတွေက အများဆုံး လုပ် ကြပါတယ်။ တချို့က သတင်းတွေ ဖလှယ်ကြတယ်။ တချို့က ဖျော်ဖြေရေး အတွက်၊ တချို့က ပညာရေးအတွက် လုပ်ကြတယ်။ လူ တိုင်း လုပ်လို့ရတာကြောင့် ဒီလိုလုပ်တဲ့ ဘလော့ခ်ခ်ဂါတွေကို တချို့က 'လူထု ဂျာနယ်လစ်' (Citizen Journalist) လို့ အမည်တပ်ပေး ကြတယ်။ စ စချင်းတော့ အပျော် လုပ်ကြတာပါ။ လုပ်ရင်း လုပ်ရင်းနဲ့ နောက်တော့ တကယ် ဝါသနာ ပါသွားပြီး၊ တကယ်ကို ပုံမှန် ဘလော့ခ်တွေ ထောင်ပြီး သတင်းအလုပ်လုပ်တဲ့ ဘလော့ခ်ခ်ဂါတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
ရင်ဖွင့်နေရာ
ဘလော့ခ်ဂါတွေဟာ အများအားဖြင့် လူငယ်လေးတွေ ဖြစ်ကြတယ်။ တချို့က သတင်းအလုပ်ကို ဝါသနာပါလို့ လုပ်ကြတာ။ တမင်တ ကာကို မဟုတ်မဟတ် မတော်မလျှော်တွေ လုပ်သူအချို့လည်း ရှိပါတယ်။ ဒါပေမဲ့ သောင်းချီနေတဲ့ ဘလော့ခ်ခ်တွေထဲမှာ သိပ်အများ ကြီးတော့ မဟုတ်ပါဘူး အများစုကတော့ လူငယ်လေးတွေ အပျှော်တမ်း လုပ်ကြတာမို့ သင့် မသင့်၊ တော် မတော်၊ တင့်တယ်၏ မတင့်တယ်၏၊ မစဉ်းစားတတ်လို့ မလျှော်မကန် ဖြစ်နေတာတွေသာ ဖြစ်ပါတယ်။ ဘလော့ခ်ခ် အင်တာနက်တို့ဆိုတာတွေကို စပြီး သုံး နိုင်ကြတာ ဘာမှ မကြာသေးပါဘူး။ ဒီတော့ လူငယ်လေးတွေ အဖို့ ကစားစရာ အရုပ်ရသလို ဆော့လို့၊ ကစားလို့ အားမရနိုင်အောင် ဖြစ်ကြတာ သဘာဝကျပါတယ်။
စမ်းသပ်မှုတွေ့ရှိတယ်
ကွန်ပြူတာ အင်တာနက် ဆိုတာကလည်း ကစားစရာ အသစ်အဆန်း၊ ဘလော့ခ်ခ်ဂါတွေ အများစု ကလည်း လူငယ်လေးတွေ ဖြစ်နေ တာကြောင့် ကျင့်ဝတ်တွေဘာတွေ ပြောပြီး မ'ဟန့်' ချင်ပါဘူး။ လူငယ်လေးတွေ လွတ်လွတ်လပ်လပ် ရင်ဖွင့်စေချင်တယ်။ အဲဒါကြောင့် အသစ်အဆန်းကို စမ်းသပ်နေကြတဲ့ လူငယ်တွေကို တားဆီး ချုပ်ချယ် မလုပ်ချင်ဘူး။ စမ်းသပ်မှုတွေ့ရှိနိုင်တယ်။ ဘာမှ မစမ်းသပ်ရင် ဘာမှမတွေ့နိုင်ဘူး။ ဘာမှ မတွေ့ရင် ဘယ်လိုလုပ်ပြီး တိုးတတ်မှာလဲ။
မရှိမဖြစ် အာနဲ့ ဒီတိုင်းပြည် တိုးတက်ဖို့ ဆိုရင် အသစ်အဆန်းတွေ စမ်းသပ်ရှာဖွေနေဖို့ လူငယ်တွေ ကို အားပေးရပါမယ်။ လိုအပ်တာတွေကိုလည်း ဖြည့်ဆည်း ပေးရပါမယ်။ ထွန်းကား တိုးတတ်တဲ့ နိုင်ငံတိုင်းမှာ သုတေသနနဲ့ ဖွံ့ဖြိုးရေး (Research and Development) လုပ်ငန်းကို အစိုးရတွေက လုပ်ကိုင်ရုံသာမက၊ စီးပွားရေး လုပ်ငန်းကြီးတိုင်းမှာလည်း 'R & D' (အာနဲ့ ဒီ) ဆိုတဲ့ ဌာနတွေကို ငွေကြေး အများကြီး အကုန်ကျခံပြီး လုပ်ဆောင်ကြပါတယ်။ စာသင်နှစ် တနှစ် ပြီးဆုံးတော့မယ် ဆိုရင် ကုမ္ပဏီကြီးတွေက တက္ကသိုလ် ကျောင်းတွေမှာ သွားပြီး ထူးချွန် ထက်မြက်တဲ့ ကျောင်းသားတွေကို မက်လုံးအမျိုးမျိုးပေးပြီး စည်းရုံးခေါ်လေ့ရှိပါတယ်။ လူငယ်တွေရဲ့ အစွမ်းအစကို ယုံကြည် အားထားတဲ့ သဘော ဖြစ်တယ်။
ယုံကြည်မှုအရေးကြီးဆုံး
ကိုယ့်ကို ယုံကြည် စိတ်ချစွာနဲ့ တာဝန် တခုခု ပေးအပ်တယ် ဆိုရင်၊ ကိုယ့်ဘက်ကလည်း တာဝန်ကျေအောင် မဖြစ်မနေ ကြိုးစား လုပ် ဆောင် ပြချင်တတ်တာဟာ လူ့သဘာဝ ဖြစ်တယ်။ 'ယုံကြည်မှု' ဆိုတာ လူ့အဖွဲ့အစည်း အတွင်းမှာ အင်မတန် အရေးပါတဲ့ အရာတခု ဖြစ်တယ်။ လူတဦးနဲ့ တဦး ယုံကြည်မှုအပြန်အလှန်ရှိမှု ခင်မင်ရင်းနှီးတဲ့ ဆက်ဆံမှု ရှိနိုင်တယ်။ နိုင်ငံ တနိုင်ငံနဲ့ တနိုင်ငံ၊ လူမျိုး တမျိုးနဲ့ တမျိုးလည်း အပြန်အလှန် ယုံကြည်မှု ရှိကြပါမှ ချစ်ကြည် ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်လို့ ရနိုင်တယ်။ တဦးနဲ့ တဦးကြားမှာ ယုံကြည် မှု ပျက်ယွင်းသွားပြီ ဆိုရင်တော့ စစ်မှန်တဲ့ ရင်းနှီးချစ်ခင်မှုကို ဘယ်လိုနည်းနဲ့မှ တည်ဆောက်လို့ မရနိုင်ပါဘူး။
လူငယ်စွမ်းအား အဓိက နိုင်ငံတခု တိုးတတ် ထွန်းကားအောင် တည်ထောင်ဖို့ လူငယ်တွေရဲ့ စွမ်းအားဟာ အဓိက ကျပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လူငယ် တွေမှာမှ ထက်သန်တဲ့ အားမာန်တွေ ရှိပါတယ်။ အထူးသဖြင့် ခုခေတ်ကို နည်းပညာတွေ တဟုန်ထိုး တိုးတက်နေတဲ့ ခေတ်ကို လူ ငယ်တွေမှပဲ အမီလိုက်နိုင်မှာ ဖြစ်တယ်။ လူကြီး ဆိုတာက စိတ်သွားတိုင်း ကိုယ်ပါနိုင်တော့တာ မဟုတ်ဘူး။ အသစ်အဆန်းတွေ ရှာ ဖွေ စမ်းသပ်တဲ့ အလုပ်မျိုးတွေကို လူငယ်တွေပဲ ရှေ့က ဦးဆောင် လုပ်ကိုင်ကြပါစေ။
လူထုစိန်ဝင်း
ရနံ့သစ် မဂ္ဂဇင်း၊ အမှတ် (၉)၊ စက်တင်ဘာ ၂၀၀၉ ခုနှစ်၊

Friday, June 11, 2010

စိတ်ခွန်အား တိုးစေဖို့

ကျန်းမာရေး အခြေအနေက ခွင့်မပေးတော့လို့ စာမသင်နိုင်တော့ပေမယ့် နှစ်ါပေါင်း ၂၀ ကျော် ဆရာလုပ်ခဲ့တာဆိုတော့ ကျောင်းသူကျောင်းသား တပည့်ဟောင်းတွေကတော့ အ၀င်အထွက် ပြတ်လှတယ် မရှိပါဘူး။ လမ်းကြုံလို့ ၀င်လာတဲ့သူနဲ့၊ နေ့ကြီးရက်ကြီးမို့ ၀င်လာတဲ့သူနဲ့၊ ခရီးထွက်ရာက ပြန်လာလို့ လက်ဆောင်လာပို့တဲ့သူနဲ့၊ နိုင်ငံခြားသွားခါနီးမို့ လာကန်တော့ နှုတ်ဆက်သူနဲ့ နေ့စဉ်နဲ့အမျှဆိုသလို ရှိနေတာပါပဲ။
တပည့် ကျောင်းသူ ကျောင်းသားတွေက သူတို့မှာ စိတ်ညစ်စရာ တခုခု ကြုံတွေ့ရတဲ့အခါများမှာ ပိုပြီးသတိရတယ်လို့ ဆိုကြပါတယ်။ စိတ်ညစ်စရာ ပြေပျောက်အောင်လုပ်လို့ မရတဲ့အခါမျိုး၊ အခက်အခဲတခုခု မဖြေရှင်းနိုင်တဲ့ အခါမျိုးတွေမှာ ရောက်ချလာတတ်ကြပြီး ရင်ဖွင့်ကြ၊ တိုင်ပင်နှီးနှောကြ၊ အကြံဥာဏ်တောင်းကြ၊ လုပ်တတ်ကြပါတယ်။

လူငယ်လေးတွေကို မြင်တွေ့ရတဲ့ အခါတိုင်း ကိုယ်ငယ်စဉ်ဘ၀က လူငယ်များလို တက်ကြွလန်းဆန်းမှု တယ်ပြီး မတွေ့မမြင်ရတာကြောင့် ကရုဏာ သက်မိပါတယ်။ အဲဒါကြောင့် တတ်စွမ်းသမျှ၊ နှုတ်၏စောင်မခြင်း၊ လက်၏စောင်မခြင်းတို့ကို ပြုရပါတယ်။လူငယ်တွေနဲ့ စကားပြောတဲ့ အခါတိုင်း သတိထားမိတာ တခုကတော့ သူတို့တတွေဟာ သူတို့ရဲ့ လက်ရှိဘ၀ကို မကျေမနပ်ဖြစ်ပြီး စိတ်ချဉ်ပေါက်နေတာတွေ များနေတယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ တချို့ကတော့ လူ့ဘ၀ဆိုတာ ဘာမှ အဓိပ္ပါယ်မရှိတာကြီးပဲလို့တောင် မြင်နေကြတာ ရှိပါတယ်။ လူငယ် လူရွယ်လေးတွေက လူ့ဘ၀ကို ငြီးငွေ့စိတ်ပျက်သံနဲ့ ပြောတာတွေ ကြားရဖန်များတော့ သူတို့ကို စိတ်သက်သာရအောင် လုပ်ပေးချင်တဲ့ ကရုဏာစိတ်တွေ ၀င်လာလေ့ ရှိပါတယ်။ အဲဒီ ကရုဏာစိတ်ရဲ့ လှုံ့ဆော်မှုကြောင့် စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးတဲ့ ကဗျာတွေ၊ သီချင်းတွေ ရှာဖွေစုဆောင်းဖြစ်ပါတယ်။ စာသင်နေစဉ်ကတော့ အတန်းထဲမှာ သင်ကြားပေးပါတယ်။ စာမသင်နိုင်တဲ့ အခါကျတော့လည်း မဂ္ဂဇင်းဆောင်ပါးတွေအဖြစ် ရေးပြီး လူငယ်တွေကို စိတ်ဓာတ်မြှင့်တင်ပေးပါတယ်။

အခု ဖော်ပြပေးလိုက်တဲ့ ကဗျာလေးက စိတ်ဓာတ်မြှင့်တင်ရေး ကဗျာတပုဒ်ပါ။ အဓိပ္ပါယ်ကတော့ ရှင်းလင်းလွယ်ကူပြီး ရိုးရိုးကလေးဖြစ်တာကြောင့် အကျယ်ချဲ့ပြီး ပြောစရာတောင် မလိုတော့ပါဘူး။ ဖတ်ကြည့်ပါတော့........

Remember That Anything is Possible!

Believe in what makes you feel good.
Believe in what makes you happy.
Believe in the dreams
you've always wanted to come true,
and give them every chance to.

Life holds no promises
as to what will come your way.
You must search for your own ideals
and work towards reaching them.
Life makes no guarantees
as to what you'lll have.
It just gives you time to make choices
and to take chances
and to discover whatever secrets
that might come your way.

If you are willing to take
the opportunities you are given
and utilize the abilities you have.
You will constantly fill your life
with special moments
and unforgettable times.

No one knows the mysteries of life
or its ultimate meaning,
but for those who are willing
to believe in their dreams
and in themselves,
life is a precious gift
in which anything is possible.

-Dena Dilaconi


"ဘယ်အရာမဆို ဖြစ်နိုင်တယ်ဆိုတာ အမှတ်ရပါ"
ဒီနာဒီလာကိုနီ

- သင့်ကို စိတ်ချမ်းသာစေတဲ့အရာအပေါ် ယုံကြည်ပါ။
သင့်ကို ပျော်ရွှင်စေတဲ့အရာအပေါ် ယုံကြည်ပါ။
သင်အမြဲတမ်း ဖြစ်လာစေချင်တဲ့၊
အိပ်မက်များအပေါ်မှာ ယုံကြည်ပါ။

- သင့်ဘ၀လမ်းခရီးမှာ ဘာတွေ ဖြစ်လာလိမ့်မယ်လို့
ဘ၀က ပဋိဥာဉ်ပြုထားတာ မရှိဘူး၊
သင်လိုချင်တာကို သင်ကိုယ်တိုင် ရှာဖွေရွေးချယ်ပြီး၊
ဖြစ်အောင်လုပ်ရလိမ့်မယ်။

- သင်ဘာတွေရလာလိမ့်မယ်လို့
ဘ၀က အာမခံချက်ပေးထားတာ မရှိဘူး၊
သင်ရွေးချယ်နိုင်ဖို့နဲ့ အခါအခွင့်ကြုံကြိုက်ဖို့၊
အချိန်ဆိုတာကိုပဲ ပေးထားတယ်၊
ဘ၀ခရီးလမ်းတလျှောက်ရှိ လျှို့ဝှက်ချက်တွေကို
ရှာဖွေတွေ့ရှိဖို့ပဲ လိုတယ်။

- ပေးတဲ့အခွင်အရေးများကို
ရယူချင်စိတ်ရှိပြီး၊
သင့်မှာရှိတဲ့ အစွမ်းအစများကို အသုံးချရင်
ထူးခြားတဲ့ အခိုက်အတန့်တွေ၊
မမေ့နိုင်လောက်တဲ့ အချိန်တွေ၊
သင့်ဘ၀မှာ အမြဲထာဝရပြည့်ဝနေလိမ့်မယ်။

- ဘ၀ရဲ့ လျှို့ဝှက်ချက်တွေနဲ့
အဆုံးစွန်အဓိပ္ပါယ်ကို
ဘယ်သူမှ မသိရှိကြဘူး။
ဒါပေမယ့် ကိုယ့်အိပ်မက်တွေကို ယုံကြည်တဲ့၊
ကိုယ့်ကိုယ်ကို ယုံကြည်တဲ့သူများအတွက်
ဘ၀ဆိုတာ ဘာမဆိုဖြစ်နိုင်တဲ့
အဖိုးတန်လက်ဆောင်တခုဖြစ်တယ်။

ဒီနာဒီလာကိုနီ

လူငယ်ဆိုတာ သံဝေဂတွေကြောင့် တွန့်ဆုတ်နေရမယ့် အရွယ်မဟုတ်ပါဘူး။ အိပ်မက်တွေကို ယုံကြည်ပြီး တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်ရဲရပါမယ်။ မှားမှာကို မကြောက်ပါနဲ့၊ ရှေးကလူကြီးတွေလည်း မှားဖူးကြတာပါပဲ။ အမှားတွေ့ဖူးမှ အမှန်ကို သိပါတယ်။ အမှားကို ပြင်ပြီး ရှေ့ဆက်လုပ်ရင် ခရီးရောက်မှာပဲ။ အမှားကို ကြောက်ပြီး ဆက်မလုပ်ရင် ဘယ်မှမရောက်နိုင်ပါဘူး။ လူ့ဘ၀ဆိုတာ စက်ဘီးစီးနေရသလို ဖြစ်တယ်။ စက်ဘီးစီးတဲ့အခါ နင်းနေမှ ရှေ့ကို သွားပါတယ်။ အနင်းရပ်လိုက်တာနဲ့ လဲကျသွားတာပါပဲ။ လူ့ဘ၀ဆိုတာလည်း ရှေ့တိုးရင်တိုး မတိုးရင် ကျဆင်းသွားမှာပါ။ ရှိရင်းစွဲနေရာမှာ တန့်နေမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် အိပ်မက်တွေကို ယုံကြည်ဖို့ ကိုယ့်ကိုယ်ကို ယုံကြည်ဖို့ အရေးကြီးပါတယ်။ အိပ်မက်တွေကို ယုံမှ ရှေ့တိုးရဲမှာ ဖြစ်ပါတယ်။ ရှေ့မတိုးရဲသူ ကျဆုံးမှာပဲ။ ဒီသဘာဝတရားကို လူငယ်တိုင်း နားလည်သဘောပေါက်စေချင်ပါတယ်။
လူထုစိန်ဝင်း
၂၁၊ ၁၁၊ ၂၀၀၅
[ချင်းတွင်းမဂ္ဂဇင်း၊ အမှတ် (၂)၊ ဖေဖော်ဝါရီလ၊ ၂၀၀၆ မှ ကူးယူဖော်ပြပါတယ်။]

Thursday, June 10, 2010

Highest Welfares

To be respectful
to be humble
to be content
to be grateful
to listen to Dhamma at appropriate times
these are the Highest Welfares.
(mangala sutta)

Wednesday, June 9, 2010

ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ

တရံရောအခါက ဘုရင်ကြီးတစ်ပါးရှိသတဲ့။
ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်ကြီးမှာ ဗြဟ္မာဒတ်မင်းကြီး အုပ်စိုးသတဲ့။
ကဲကဲ ... ပုံပြင် ဆက်ကြဦးစို့။ ဘုရင်ကြီးရဲ့ ဘေးနားမှာသက်တော်စောင့်တွေ
အများကြီး ရှိတဲ့ အထဲမှာမှ တစ်ယောက်ကို သူ့ရဲ့အပါးတော်မြဲ အနေနဲ့
ခန့်အပ်ထားသတဲ့။ သဘောက ဘုရင်ကြီးရဲ့ အနားမှာထပ်ကြပ်မကွာ
အမြဲနေခွင့်ရသပေါ့ကွယ်။ ဘယ်သွားသွား၊ ဘယ်လာလာပေါ့။ သူဟာ
ပညာလည်းရှိတယ်၊ ဘုရင်ကြီးကိုလည်း အကြံကောင်း ဉာဏ်ကောင်းတွေ ပေးတတ်တော့
ရှင်ဘုရင်က သဘောတော်ခွေ့တာပေါ့ကွယ်။ ဒါကြောင့်လည်း ဘယ်သွားသွား
ခေါ်သွားသတဲ့။

တစ်နေ့တော့ ရှင်ဘုရင် မွေးထားတဲ့ ခွေးဟာ ဘုရင်ကြီးရဲ့ လက်ညိုးကို
ကိုက်လိုက်သတဲ့။ နောက်နေ့တွေတော့ လက်ညိုးဟာ ရောင်ကိုင်းပြီး အနာလည်း
အတော်လေး ရင်းလာတယ်။ ဘုရင်ကြီးက သူ့ အပါးတော်မြဲကိုမေးတယ်။
" မောင်မင်း၊ ငါကိုယ်တော်မြတ် မွေးတဲ့ခွေးက ငါ့ကို ပြန်ကိုက်တယ်ဆိုတော့
ဒါ မကောင်းတဲ့ အတိတ်နိမိတ်ပဲ မဟုတ်လား" တဲ့။
"ကောင်းသလား၊ ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ် အရှင်မင်းကြီး" လို့
အပါးတော်မြဲက ပြန်ဖြေတယ်။
နောက်တော့ လက်ညိုးရဲ့ အနာက အခြေအနေ အတော်လေးဆိုးလာတော့ ဘုရင်ကြီးဟာ
သူ့ရဲ့ လက်ညိုးကို ဖြတ်ပစ်လိုက်ရတယ်။ "ဟယ် ငါ့ကိုယ်တော်ရဲ့ လက်ညိုးတော်
ဖြတ်ပစ်လိုက်ရပြီ။ ဒါ မကောင်းတဲ့
လက္ခဏာပဲ၊ မောင်မင်း။ ဘယ်လို အဆိုးတွေများ ကြုံလာဦးမလဲ မသိဘူး။
လျှောက်စမ်းပါဦး" လို့ ဘုရင်ကြီးက သူ့ အပါးတော်မြဲကို
အကြံဉာဏ်တောင်းသတဲ့။
"ကောင်းသလား၊ ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ် အရှင်မင်းကြီး" လို့ပဲ
အပါးတော်မြဲက ထပ်ဖြေလိုက်တယ်။ လက်ညိုးတော် ပြတ်လို့ စိတ်တိုနေရတဲ့ကြားထဲ
ဒီကောင်က အခုထိ စကားအကောင်းမပြောဘူးဆိုပြီး ဘုရင်ကြီးက
အတော်လေးတင်းသွားတယ်။ ဒါနဲ့ အဲ့ဒီ အပါးတော်မြဲကို ထောင်ချပစ်လိုက်တယ်။

တစ်နေ့တော့ ဘုရင်ကြီးဟာ တောထဲကို အမဲလိုက်ထွက်သတဲ့။ စာစကားနဲ့ဆို
တောကစားထွက်တာပေါ့ဗျာ။ သမင်ကို သဲကြီးမဲကြီး လိုက်ဖို့ပဲ အားသန်နေတော့
တစ်ယောက်တည်း လိုက်ရင်းလိုက်ရင်းနဲ့ပဲ တောဖွက်ခံလိုက်ရတယ်။ တောထဲမှာ
လမ်းပျောက်သွားတယ်။ ဆက်သွားလေ တောနက်လေ ဖြစ်နေတယ်။ ကံများ ဆိုးချင်တော့
တောထဲမှာ နေကြတဲ့ လူရိုင်းတွေဟာ သူ့ကို တွေ့ပြီး ဖမ်းသွားတယ်။

သူတို့ကတော့ ဘုရင်မှန်း ဘယ်သိမှာလဲ။ လူရိုင်းဆိုတော့လည်း ဘုရင်ဆိုတာ
ဘာကောင်မှန်းတောင် သိမှာ မဟုတ်ဘူး။ သူတို့ရဲ့ ဓလေ့က လူတစ်ယောက်ယောက်
ဖမ်းပြီး နတ်ဘုရားကို ယဇ်ပူဇော်ရတယ်။ ယဇ်ပူဇော်ဖို့ သတ်မယ်လို့
ကြံရွယ်နေတုန်းမှာပဲ သူတို့ရဲ့ အကြီးအကဲ သတိထားမိသွားတာက ဘုရင်ကြီးမှာ
လက်ညိုးတစ်ချောင်းမပါဘူး ဆိုတာပဲ။ အင်္ဂါမစုံတဲ့ လူတစ်ယောက်ကို
ယဇ်ပူဇော်ရင် နတ်ဘုရားက စိတ်တိုလိမ့်မယ်ဆိုပြီး ဘုရင်ကြီးကို
ပြန်လွှတ်ပေးလိုက်တယ်။ ဘုရင်ကြီး နန်းတော်ကို ပြန်ရောက်တော့
သူ့အပါးတော်မြဲ ပြောတဲ့ "ကောင်းသလား၊ ဆိုသလား ပြောဖို့ခက်ပါတယ်" ဆိုတဲ့
စကားကို သွားသတိရတယ်။ အကယ်၍သာ သူ လက်ညိုး မပြတ်ခဲ့ဘူးဆိုရင် တောထဲမှာ
ယဇ်ပူဇော်ခံရလို့ သေပြီလေ။

ဒါနဲ့ ပညာရှိလေး အပါးတော်မြဲကို ပြန်လွှတ်ပေးဖို့ အမိန့်ပေးလိုက်တယ်။
နောက်ပြီး ဘုရင်ကြီးက စိတ်လိုက်မာန်ပါ လုပ်မိတဲ့အတွက် သူ့ကို
တောင်းပန်စကား ပြောတော့တယ်။ စိတ်မကောင်းတဲ့ မျက်နှာနဲ့
တောင်းပန်စကားပြောနေတဲ့ ဘုရင်ကြီးကို စိတ်တစ်ချက်မကွက်ဘဲ "အရှင်မင်းကြီး
အခုလို ဖမ်းထားတာ ကျွန်တော်မျိုးအတွက် အကျိုးယုတ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး
ဘုရား" လို့ လျှောက်တင်လိုက်တယ်။

ဒီစကားကို ကြားရတော့ ဘုရင်ကြီး အတော်လေး အံ့အားသင့်သွားတယ်။
ဘာကြောင့်ပါလိမ့်လို့လဲ အတော်လေး စဉ်းစားရခက်သွားတယ်။ အပါးတော်မြဲက သူ
အဖမ်းခံထားရတာ အဆိုးချည်း မဟုတ်ပါဘူးလို့ ဘာလို့ ပြောတာလဲ။
ဒီလိုလေ။ အကယ်၍သာ ဘုရင်ကြီးက အပါးတော်မြဲကို ချုပ်နှောင်မထားဘူးဆိုရင်
အခုလို တောကစားထွက်တော့ သူလည်း ဘုရင်ကြီးနဲ့အတူ ထပ်ကြပ်မကွာ
လိုက်ပါရမှာပေါ့။ ဘုရင်ကြီးကို ယဇ်ပူဇော်ဖို့ မသင့်လျော်ဘူးလို့
လူရိုင်းတွေက ဆုံးဖြတ်လိုက်တာနဲ့ နောက်တစ်ယောက်ခေါ်ပြီး သတ်မှာပဲ။
ဒါဆိုအပါးတော်မြဲ အလှည့်လေ။ သူသာ ဘုရင်ကြီးနဲ့ လိုက်သွားခဲ့ရင်
အသက်ခံရမှာတော့ မုချမသွေပါပဲ။

ပုံပြင်လေးကတော့ ဒါပါပဲ ။
(from gmail friend)

Tuesday, June 8, 2010

မြင်ကွင်းကောင်းတွေ ရှာကြစို့

မလေးရှားနိုင်ငံမှာ ထုပ်ဝေတဲ့ အတော်အတန်သင့် နာမည်ရ ဂျာနယ်တစ်စောင်မှာ
ကာတွန်းလေးတစ်ပုဒ် ဖတ်လိုက်ရပါတယ်။
ဦးဇင်းနှစ်ပါးက လူဝတ်လဲပြီး စားသောက်ဆိုင်မှာ စားနေကြတုန်း ဒကာမတစ်ယောက်က
“ဟိုဘက်ဝိုင်းမှာ ညစာ စားနေတာ ဒို့ကျောင်းက ဦးဇင်းတွေနဲ့ တူလိုက်တာ ” လို့
ပြောလိုက်တဲ့အခါ
“လူမှားနေပြီ ဒကာမကြီး ” လို့ တစ်ပါးကပြောတော့
“ ဟိုက် ..သွားပါပြီ ကိုယ်တော်” လို့
နောက်တစ်ပါးက ထပ်ပြောလိုက်တဲ့ ကာတွန်းလေးပါ။

ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဘာသာရေးကို သရော်တဲ့ ကာတွန်းမျိုးကို ထည့်ကြသလဲ
ဆိုတာတော့ သက်ဆိုင်သူတွေသာ သိကြမှာပါ။ ဘာသာရေး သရော်တဲ့ ကာတွန်းမျိုးကို
ဂျာနယ်ထဲမှာ ဖေါ်ပြလိုက်လို့ ကိုယ့်ဘာသာ ကိုယ့်သာသနာအတွက် ကောင်းကျိုး ဆိုးကျိုး
ဘယ်ဟာ ပိုများလာမလဲဆိုတာတော့ ဥာဏ်ရှိသူတိုင်း စဉ်းစားမိကြမှာပါ။

လုပ်ပိုင်ခွင့်ရှိတဲ့သူတွေဟာ မိမိတို့ရဲ့လုပ်ပိုင်ခွင့်တွေကို နေရာတကာမှာလိုက်ပြီး
အသုံးချနေကြလို့ မိမိတို့မြေ မိမိတို့ရေဟာ အောက်ကျ နောက်ကျ ဖြစ်နေရတယ်လို့လည်း
အတွေးစတစ်ခု ၀င်လာမိပါတယ်။

လိပ်ပြာမသန့်တဲ့ ရည်ရွယ်ချက်တွေနဲ့ မိမိတို့ရဲ့ လုပ်ပိုင်ခွင့်တွေကို ဒေါင့်မျိုးစုံမှာ အသုံးချ
နေကြမယ်ဆိုရင်တော့ ဒီလုပ်ပိုင်ခွင့်တွေကဘဲ မိမိတို့ဘ၀ကို အောက်ကျသွားအောင်
ပို့ဆောင်ပေးမှာ သေချာပါတယ်။

အကောင်း အဆိုး အကြောင်း အကျိုးတွေဟာ နေရာတိုင်းမှာ ရှိတာပါ။ မြတ်စွာဘုရား
တည်ထောင်လာခဲ့တဲ့ သာသနာတော်ကြီးထဲမှာ ရဟန်းကောင်း ရဟန်းဆိုး အမျိုးမျိုး
ရှိတာဟာ သိပ်တော့ ဆန်းမယ်မထင်ပါဘူး။

ဒါပေမဲ့ သာသနာစိတ်နဲ့ သာသနာ့တာဝန်တွေကို ခေတ်အဆက်ဆက် သယ်ဆောင်
လာခဲ့ကြတဲ့ ရဟန်းကောင်း ရဟန်းမြတ်တွေ အများကြီးရှိလို့
သာသနာတော်သက်တမ်းဟာ (၂၅၄၄) ခုနှစ် ရှိလာခဲ့ပါပြီ။

သာသနာပြုစိတ်ဓာတ်တွေနဲ့ လောကလမ်းစဉ် ဓမ္မလမ်းစဉ်တွေကို ဟောဖေါ်
ညွှန်ပြနေကြတဲ့ ရဟန်းမြတ်တွေ သာသနာတော်ကြီးထဲမှာ အများကြီးရှိပါတယ်။
ဒီရဟန်းကောင်း ရဟန်းမြတ်တွေရဲ့ ဂုဏ်တော်တွေကို ကြည့်တတ် မြင်တတ်မှသာ
ကြည်ညိုမှု သဒ္ဓါတရားတွေ ဖြစ်ပေါ်လာပြီး ကုသိုလ်တွေ ရကြမှာပါ။

ဒီလိုမှ မဟုပ်ဘဲ ဂျာနယ်ထဲက ကာတွန်းမျိုးလောက်ကိုသာ ကြည့်တတ် မြင်တတ်
သွားမယ်ဆိုရင် အကုသိုလ်တွေ ဖြစ်ပေါ်လာပြီး
လှူချင် တန်းချင်စိတ်တွေ ရှိလာတော့မှာ မဟုပ်ပါဘူး။

ကုသိုလ်ဖြစ်ဘို့ မဖြစ်ဘို့ဆိုတာကလည်း အသင့်အတင့် နှလုံးသွင်းကောင်းဖို့ လိုပါတယ်။
ကြည့်တတ် မြင်တတ်ဖို့ လိုပါတယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် အကောင်း အဆိုး
ဒွန်တွဲနေတာဖြစ်လို့ အဆိုးတွေကိုသာ ကြည့်တတ် မြင်တတ်နေမယ်ဆိုရင်
ကုသိုလ်တွေ ဖြစ်မလာတော့ပါဘူး။ အကောင်းဘက်ကို ကြည့်တတ် မြင်တတ်မှ
ကုသိုလ်တွေ ဖြစ်လာမှာပါ။ ကောင်းတာတွေ ဖြစ်လာမှာပါ။
ကောင်းတဲ့မြင်ကွင်းတွေကို ရှာတတ်ဖို့ လိုပါတယ်။

ဒီနေရာမှာ မိမိကြားဘူးတဲ့ မစိုးရိမ်ကျောင်းဒကာကြီးရဲ့ မြင်ကွင်း ရှာတတ်ပုံလေးကို
ပြောပြချင်ပါတယ်။ မန္တလေးမြို့က မစိုးရိမ်ကျောင်းဒကာကြီးဆိုတာ သာသနာပြု စံပြပုဂ္ဂိုလ်ကြီးပါ။
တစ်နေ့တော့ လူတစ်ယောက်က ကျောင်းဒကာကြီးစီ လာပြီး
“ ဗျို့..ကျောင်းဒကာကြီး..ခင်ဗျားကသာ ရွှေကျောင်းကြီးတွေ ဆောက်ပြီး
သံဃာတော်တွေကို လှူတန်းနေတာ၊ အခု ခင်ဗျား ကိုးကွယ်နေတဲ့ ဦးဇင်းတွေက
ခြင်းခတ် နေကြပါလား ”လို့ လာပြီး ပြောပါတယ်။
(မလှူချင်ရင် အပြစ်ရှာပြော ဆိုတဲ့ဆရာသမားတွေရဲ့အဆုံးအမ အတိုင်းပေါ့)

“ဟာ..ဟုပ်လား အဲဒါဆို ကျုပ်ကို လိုက်ပြဗျာ” ဆိုပြီး
မစိုးရိမ်ကျောင်းတိုက်ကြီးထဲကို ရောက်လာခဲ့ကြပါတယ်။
“အော် ဟုပ်သားပဲ ခြင်းခတ်နေကြတာ ဘယ်နှစ်ပါးတုန်း” လို့
ကျောင်းဒကာကြီးက မေးလိုက်ပါတယ်။
“ ခင်ဗျားကလဲ ခြင်းတစ်ဝိုင်းစာ ငါးပါးပေါ့ဗျ
ခင်ဗျားလည်း မြင်နေတာပဲ ”လို့ ပြောလိုက်ပါတယ်။

“လာဗျာ အမောပြေ အလယ်ကျောင်းကြီးပေါ် ခဏတက်ရအောင်”လို့ ခေါ်လာခဲ့ပါတယ်။
စာအုပ်ကိုယ်စီနဲ့ စာတက် စာကျက်နေတဲ့ သံဃာတော်တွေကို မြင်လိုက်ရတော့
“ကဲဗျာ ဒီသံဃာတော်တွေ ဘယ်နှစ်ပါးလောက် ရှိမတုန်း” လို့
ကျောင်းဒကာကြီးက မေးလိုက်ပါတယ်။
“ ဟာ အများကြီးပေါ့ ဘယ်လိုလုပ် ရေတွက်လို့ ရမှာတုန်း” လို့ ပြန်ပြောလိုက်ပါတယ်။
“ဒါဆို ခုနက ခြင်းခတ်နေတဲ့သံဃာတွေနဲ့ အခုမြင်နေရတဲ့ သံဃာတွေဟာ ဘယ်ကပိုများသလဲ” လို့ ကျောင်းဒကာကြီးက ထပ်ပြီးမေးလိုက်ပါတယ်။
“အခု မြင်နေရတဲ့ သံဃာတွေက ပိုများတာပေါ့ ကျောင်းဒကာကြီးရယ်”လို့ ဖြေလိုက်ပါတယ်။

“ခင်ဗျား သေချာမှတ်ထားစမ်းပါဗျာ ကျုပ်က ဒီလို ကုသိုလ်ရမဲ့ မြင်ကွင်းမျိုးကို ကြည့်ပြီး
သာသနာပြုတာပါ၊ အကုသိုလ်ရမဲ့ မြင်ကွင်းမျိုးကို လိုက်ရှာကြည့်နေမယ်ဆိုရင်
ဘယ်လိုလုပ် သာသနာပြုလို့ ရတော့မှာတုန်း” လို့ ကျောင်းဒကာကြီးက အဲဒီလူကို
ပြောဆိုဆုံးမ လွှတ်လိုက်ပါတယ်။
အလွန်မှတ်သားဖို့ အတုယူဖို့ ကောင်းပါတယ်။

သာသနာပြုကြတဲ့နေရာမှာ ဆရာ ဒကာ လက်တွဲညီဖို့ အလွန်အရေးကြီးပါတယ်။
ဆရာ ဒကာတွေထဲမှာလည်း စွမ်းနိုင်အားရှိသူတွေ လုပ်ပိုင်ခွင့်ရှိသူတွေဟာ
သာသနာတော်ကြီးအတွက် အရေးပါ အရာရောက်လှပါတယ်။ ဒီပုဂ္ဂိုလ်တွေက
လမ်းချော်သွားကြမယ်ဆိုရင်ဖြင့် သာသနာတော်ကြီး ဆုပ်ယုတ်သွားမှာ သေချာပါတယ်။
သာသနာတော်ကြီး စည်ပင်ပြန့်ပွားဘို့ ဆရာ ဒကာ ညီညာစွာဖြင့် မြင်ကွင်းကောင်းတွေ
ရှာကြပါစို့လို့ စေတနာစကား ရေးသားလိုက်ပါတယ်။
အရှင်ကောသလ္လ(မစိုးရိမ်)
(from srimangalar)

Monday, June 7, 2010

10 Questions for the Dalai Lama

Time Magazine recently interviewed His Holiness in New York City for its "10 Questions to His Holiness the Dalai Lama". Time Magazine has published the response.

Question: Do you ever feel angry or outraged? —Kantesh Guttal, PUNE, INDIA
His Holiness: Oh, yes, of course. I'm a human being. Generally speaking, if a human being never shows anger, then I think something's wrong. He's not right in the brain. [Laughs.]

Question: How do you stay so optimistic and faithful when there is so much hate in the world? —Joana Cotar, FRANKFURT
His Holiness: I always look at any event from a wider angle. There's always some problem, some killing, some murder or terrorist act or scandal everywhere, every day. But if you think the whole world is like that, you're wrong. Out of 6 billion humans, the troublemakers are just a handful.

Question: How has the role set out for you changed since you first came to be the Dalai Lama? —Andy Thomas, CARMARTHEN, WALES
His Holiness: I became the Dalai Lama not on a volunteer basis. Whether I was willing or not, I [had to study] Buddhist philosophy like an ordinary monk student in these big monastic institutions. Eventually I realized I have a responsibility. Sometimes it is difficult, but where there is some challenge, that is also truly an opportunity to serve more.

Question: Do you see any possibility of reconciliation with the Chinese government in your lifetime? —Joseph K.H. Cheng, MELBOURNE

His Holiness: Yes, there is a possibility. But I think past experience shows it is not easy. Many of these hard-liners, their outlook is very narrow and shortsighted. They are not looking at it in a holistic way. However, within the People's Republic of China, there is wider contact with the outside world. There are more and more voices of discontentment among the people, particularly among the intellectuals. Things will change — that's bound to happen.

Question: How can we teach our children not to be angry? —Robyn Rice, GRAND JUNCTION, COLO.
His Holiness: Children always look to their parents. Parents should be more calm. You can teach children that you face a lot of problems but you must react to those problems with a calm mind and reason. I have always had this view about the modern education system: we pay attention to brain development, but the development of warm heartedness we take for granted.

Question: Have you ever thought about being a normal person instead of being the Dalai Lama? —Grego Franco, MANILA
His Holiness: Yes, at a young age. Sometimes I felt, "Oh, this is a burden. I wish I was an unknown Tibetan. Then I'd have more freedom." But then later I realized that my position was something useful to others. Nowadays I feel happy that I'm Dalai Lama. At the same time, I never feel that I'm some special person. Same — we are all the same.

Question: Do you miss Tibet? —Pamela Delgado Córdoba, AGUASCALIENTES, MEXICO
His Holiness: Yes. Tibetan culture is not only ancient but relevant to today's world. After seeing the problems of violence, we realize that Tibetan culture is one of compassion and nonviolence. There is also the climate. In India during monsoon season, it is too wet. Then, I very much miss [Tibet].

Question: What do you say to people who use religion as a pretext to violence or killing? —Arnie Domingo, QUEZON CITY, PHILIPPINES
His Holiness: There are innocent, faithful people that are manipulated by some other people whose interest is different. Their interest is not religion but power or sometimes money. They manipulate religious faith. In such cases, we must make a distinction: these [bad things] are not caused by religion.

Question: Have you ever tried on a pair of trousers? —Ju Huang, STAMFORD, CONN.
His Holiness: When it's very, very cold. And particularly in 1959, when I escaped, I wore trousers, like laypeople dressed. So I have experience.

Question: Do you believe your time here on earth has been a success? —Les Lucas, KELOWNA, B.C.
His Holiness: Hmmm. That's relative. It's so difficult to say. All human life is some part failure and some part achievement.

(from FB freind)

Friday, June 4, 2010

ဘာလာလုပ်တာလဲ

ဆေးရုံကို လူနာတယောက်ေ၇ာက်လာတယ်..သူနာပြုကမေးတယ်..
`ဘာလာလုပ်တာလဲ´
`ဆေးရုံ့တက်ချင်လို့ပါ´
`ဆေး ပါလား´
`မပါဘူးခင်ဗျ´
`ပတ်တီးေ၇ာ´
`မပါဘူးခင်ဗျ´
`ဂွမ်း´
`မပါဘူးခင်ဗျ´
`ခွဲဖို့ စိတ်ဖို့ ကိ၇ိယာတန်ဆာပလာ..´
`ဘာမှမပါပါဘူးခင်ဗျ..´
သူနာပြုဒေါသထွက်ပြီး ပြန်မေးတယ်..
`ဘာမှမပါဘဲ ဆေး၇ုံကို ဘာလာလုပ်တာလဲ..´
(@mutdfan)

Thursday, June 3, 2010

အော်...မိန်းမ

မနက်နိုးလာတော့ ခေါင်းက အရမ်းကိုက်နေသည်။ ညက သူငယ်ချင်းတွေနှင့် အလွန်အကျွံ
သောက်ထားသည်ကိုသာ သူမှတ်မိပြီး အိမ်ကိုမည်သို့ မည်ပုံ
ပြန်ရောက်လာခဲ့သည်ကို သူ မမှတ်မိတော့။ အိပ်ရာပေါ်က အားယူပြီး သူထလိုက်သည်။
ကုတင်ပေါ်မှ ဆင်းမည်အလုပ် ခေါင်းရင်း ခုံပေါ်တွင် စာရွက် တရွက်ကို ဖိထားသော
ရေတခွက်နှင့် အကိုက်အခဲ ပျောက်ဆေး တချို့ကို တွေ့လိုက်သည်။ ဘေးဘီကို သူ
ကြည့်လိုက်မိတော့ ကုတင်ဘေးတွင် မီးပူတိုက်ပြီးသား အသင့်ဝတ်ရန်
အ၀တ်အစားများကို တွေ့လိုက်ပြန်သည်။ ဒီနေ့ က ခါတိုင်းနေ့တွေနှင့် မတူ....
သူ့အတွက် နည်းနည်းတော့ ထူးဆန်းနေမိသည်။ ဆေးကို သောက်လိုက်ပြီး
ရေခွက်အောက်က စာရွက်ကို သူယူကြည့်လိုက်သည်။ စာရွက်ပေါ်တွင်. . .

မောင်...
ခင် ဈေးသွားလိုက်ပြီ
မောင့် အတွက် မနက်စာကို စားပွဲပေါ်မှာ အဆင်သင့် ပြင်ထားပေးခဲ့တယ်။
နွေးနေတုန်း စားလိုက်ပါနော်...
မောင့်ရဲ့
ခင်

တခုခုတော့ တခုခုပဲ.. ညက မှုးမှုးနှင့် သူဘာတွေပြောမိ လုပ်မိလိုက်ပါလိမ့်..
လူမှန်းမသိ မူးနေတော့ သူ ဘာကိုမှ စဉ်းစားလို့ မရခဲ့။
မေးခွန်းပေါင်းများစွာနှင့် စားပွဲပေါ်က အုပ်ဆောင်းကို မ ကြည့်လိုက်သည်။
မနက်စာက အငွေ့ တထောင်းထောင်းနှင့် တကယ့် စားချင်စဖွယ်... ဘေးတွင်
မနက်ပိုင်း သတင်းစာကို တင်ထားသေးသည်။ မနက်စာကို စားရန် သူထိုင်လိုက်စဉ်
အခန်းထဲမှ သား ထွက်လာသည်ကို သူမြင်လိုက်တော့...

“သား...မနေ့ညက ဘာတွေ ဖြစ်သေးလဲ”
“အင်း.....မနေ့ညက ညဥ့်နက်မှ ဖေဖေမှုးပြီး ပြန်လာတယ်လေ.. အိမ်ရောက် တော့ မေမေကို
အော်ငေါက်တယ်... နောက်ပြီး တွေ့ရာပစ္စည်းတွေကို ရိုက်ခွဲတယ်...”

သား၏ စကားကို သူကောင်းကောင်း သဘော မပေါက်နိုင်သေးဘဲ ထပ်မေးလိုက်မိသည်။

“ဒါဆို ဖေဖေထလာတော့ တအိမ်လုံး သန့်ရှင်းနေတာပဲ။ ရိုက်ခွဲထားတဲ့ အရာ တွေလဲ
မတွေ့ပါလား.. ဒါကို သား မေမေက စိတ်မဆိုးတဲ့ အပြင် ဖေဖေအတွက် အင်္ကျီတွေ
မနက်စာတွေ အဆင်သင့် ပြင်ထားသေးတယ်”

“အော် အဲဒါလား...မနေ့ညက ဖေဖေမှုးပြီး ပြန်လာတော့.. မေမေက စိတ်ဆိုး တာပေါ့။ ဖေဖေ အော်ငေါက်နေတဲ့
ကြားထဲ မေမေက ဖေဖေ့ကို အခန်းထဲ ဆွဲခေါ်ပြီး အ၀တ်လဲမလို့ ဖေဖေ့ အင်္ကျီကို
ချွတ်တော့ ဖေဖေက မေမေ့ကို
တွန်းထုတ်ပြီး အော်လိုက်သေးတယ်”

“ဖေဖေ ဘယ်လို အော်လိုက်သေးတာလဲ...သား”

“ကလေးမ...သွား..ငါ့အနားမလာနဲ့ .. ဝေးဝေးသွား.. ငါ့မှာ အိမ်ထောင်ရှိတယ် တဲ့”

သူ ကျေကျေနပ်နပ်ကြီး ပြုံးလိုက်မိသည်။ နောက် အငွေ့ တထောင်းထောင်း ထနေသော မနက်စာကို မြိုန်ရည်ယှက်ရည် သူစားလိုက်သည်။
(from foreverfriend)

ဦးပုညရဲ့ ကဗျာတစ်ပုဒ်

သံသရာဝဋ်ထဲ
မကျွတ်ဘဲနေနေ
ဇွတ်ဆွဲလို့ တပေပေငယ်
သေပစေခင်ရဲ့
နိဗ္ဗာန်မြို့ အမြိုက်ခွင်ကို
မလိုက်ချင် ရုန်းကန်လို့ဖဲ့ ။

နှစ်ယောက်ထဲ စံပါ့မယ်
ကံနှစ်ဖြာ နယ်လှည့်
သံသရာ အကျယ်ချဲ့ပါလို့
တလယ်လယ့် မောင်မယ်
ဂင်္ဂါဝါ ဆူဆူဆုံး စေတော့
တူတူပုန်း ပုန်းဖို့သာရွယ် ။

တေဘုမ္မ ဝဋ်နန်းလယ်မှာ
ကျွတ်တမ်းကွယ် စာမလိတ်ချင်ဘု
အဝါဇိတ် မှိုင်းမှောင့်ညစ်ပေ
ရိုင်းခေါင့်ဖြစ်စေ
နောက်ချန်၍ အပိုနေမယ်
နှစ်ကိုယ်ရေ ပျော်စမ်းချင်လို့လေး ။ ။

Tuesday, June 1, 2010

What Remains?

Are we Obsessed with acquiring…
Money,
Property,
Prestige???
When we die,
all our Money, Power, Property…
All Possessions pass on…
To belong to somebody else !
What remains ?
Not much !
In the sands of time …
Only memories remain,
in the minds of those people
that we have helped !
What would you wish to leave behind you …?
Beautiful remembrances
of happy times !