Monday, May 31, 2010

တောင်မြို့ဆရာတော်၏ စကားတစ်ခွန်း

Foolish leaders of the world
have been expecting to get peace 
only through war.
That’s why they are building up their power
with soldiers and weapons,
and at the same time
talking glibly about peace.

Saturday, May 29, 2010

မြန်မာစာ ဆင်းရဲကြပုံများ

ရေးသူ- မောင်သာနိုး
ကိုလိုနီခေတ်က မြန်မာအချို့ဟာ သူတို့ မြန်မာစာညံ့ပါတယ်
ဆိုတာကိုပဲ အသားယူစရာလို့ အောက်မေ့ပြီး
"ကိုယ်တို့ကတော့ မြန်မာစာ ဆင်းရဲတယ်" လို့ ကြွေးကြော်လေ့ရှိကြတယ်။
မြန်မာစာဆင်းရဲတယ် ဆိုတော့ အင်္ဂလိပ်စာတော့ ချမ်းသာသလိုလို။
တကယ်က သေသေချာချာ ဆန်းစစ်ကြည့်ရင် သူပြောနေတဲ့ အင်္ဂလိပ် စကားကလည်း
ဘိုကြက်ချေး အင်းဂလစ်၊ ဖွတ်ကျား အင်္ဂလိပ်စကား။
ကနေ့ လွတ်လပ်တဲ့ မြန်မာနိုင်ငံမှာတော့
ဒီလို အခြောက်တိုက် လေလုံးထွားတတ်သူ မရှိသလောက် ရှားသွားပါပြီ။
ဒါပေမယ့် ပါးစပ်က မြန်မာစာညံ့ပါတယ်လို့ ထုတ်မပြောပေမယ့်
လက်တွေ့ညံ့ပြနေသူတွေကတော့ ရှိနေတယ်။
ရှိသမှ ရိုးရိုးသာမန် အရပ်သားထဲမှာ မဟုတ်၊
အနုပညာစာပေနယ်ထဲမှာ ၀င်ဆန့်နေပြီး မြန်မာစာညံ့ပြနေတာ။
အဓိက ဆက်သွယ်ရေးမဏ္ဍိုင်အဖြစ် မြန်မာစာ၊
မြန်မာစကားသုံးနေသူ ဖြစ်ပါလျက် မြန်မာစာ ဟုတ္တိပတ္တိ မတတ်တာ။
တေးဂီတသမားဆိုတာ ဘာသာစကားကို သုံးရသူပဲ ဖြစ်တယ်။
ခေတ်ပေါ် ဘာသာစကားကို သူလိုငါလို ပြောတတ်၊ ရေးတတ်တဲ့အပြင်၊
အနုပညာသမားဆိုမှတော့ ဂန္ထ၀င်စာပေကိုလည်း
အထိုက်အလျောက် ကျွမ်းဝင်ဖို့ လိုပေလိမ့်မယ်။
သီချင်းကြီး၊ သီချင်းခန့်ဆိုတာတွေကို လေ့လာဖူးကာ
ပျို့၊ ရတု၊ ဂန္ထ၀င်ကဗျာများကိုလည်း ထဲထဲဝင်ဝင် ရှိသင့်တယ်။
အခုတော့ ရှေးဟောင်း ဂန္ထ၀င်ဆိုတာ မပြောနဲ့ ၊
လွန်ခဲ့တဲ့ အနှစ် ၃-၄၀ က ကာလပေါ်တေး ကိုတောင် နားဝေးနေသူတွေ တွေ့နေရတယ်။
နန်းတော်ရှေ့ဆရာတင်ဆိုတာ ခေတ်ဟောင်း တေးရေးဆရာများထဲမှာ
အရပ်သုံး ခေတ်ပေါ်စကားကို အလွယ်ဆုံး သုံးနှုန်းရေးဖွဲ့တတ်သူပါ။
ဒါတောင် သူ့ရဲ့ "လက်ရေတပြင်တည်း" ကို
ရွှေဥာဏ်တော်စူးပြီး "လက်ရေတပြင်စီး" ရယ်လို့ လုပ်လိုသူ ပေါ်ခဲ့ဖူးသေးတယ်။
ဒေါင်းလန်းကြီးနဲ့ စားကြတယ်ဆိုတော့ ထမင်းကို နှိုက်တဲ့ လက်အသီးသီးက
ဟင်းရည်တွေဟာ တပြင်တည်း စီးဆင်းနေတယ်ပေါ့လေ။
နောက်မှ ဒီလိုမဟုတ်ရပါဘူး။
"လက်ရည်တပြင်တည်း" ဆိုတာ "တစိတ်တည်း တ၀မ်းတည်း" လို့ ဆိုလိုတာ ဖြစ်တယ်လို့
ဝိုင်းရေးကြ ထောက်ပြတော့မှ "လက်ရည်တပြင်တည်း" ဖြစ်လာတော့တာ။
ဒါတောင် "မင်းဂံဘုတ်" သီချင်းထဲက တောသူမလေး ခေါင်းပေါ်တင်လိုက်တာဟာ
"ရှန်တဘက်" မဟုတ်ပါဘူး။  "ရှာတဘက်" ပါလို့ အဲဒီခေတ်ကို
ကောင်းကောင်းမီလိုက်သူ လူထုဒေါ်အမာက ရှင်းပြပေမယ့်
ခုထက်ထိ ဒီသီချင်းဆိုသူတိုင်းက "ရှန်တဘက်" နေတုန်းပဲ။
မြို့မငြိမ်းကျတော့ နန်းတော်ရှေ့ထက် ခေတ်စကားကို
ထူးထူးခြားခြားလေးဖြစ်အောင် ကွန့်ပြီး သုံးတတ်သူဖြစ်တယ်။
သူ့တေးစာသားနဲ့လဲတွေ့ရော၊
ခေတ်ဂီတပညာရှင်ကြီးတွေ ခြောက်ပါးမှောက်ကုန် တော့တာပါပဲ။
(အယ်ဒီတာခင်ဗျာ။ ။ ငါးပါးမက မှောက်ကုန်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်)
ဒါကို ဆရာရဲ့ "ပျို့မှာတမ်း" သီချင်းလေးကို ပြန် ဆို ကကြ သံကြားတိုင်း ခံစားမိတယ်။
ပထမ မေဆွိ။ မနေ့တနေ့က ရီရီသန့်။
သီဆိုသူတွေကိုတော့ အပြစ်မတင်လိုပါဘူး။
သူတို့ကို သင်ကြားပြသပေးလိုက်တဲ့ ဆရာသမားများက ညွှန်ပြသလို
သူ့ခမျာ များ ဆိုကြရတာ ဖြစ်မှာပေါ့။
လုပ်ပုံက
"စားစား သွားသွား- နေ နေ၊ မောင့်အပေါ် ဗွေမယူပေါင်ရှင်" တဲ့လေ။
အရေးအမှတ်မှားပြီး ဒီလို ဖြစ်သွားရသလား၊
လူတတ်လုပ်ပြီး တမင်ပြင်သလားတော့ မသိဘူး။
ကြည့်ရတာ "မောင့်အပူပွေသူ" ဆိုတဲ့ မြန်မာစကားအသုံးကို ဥာဏ်မမီလိုက်တာနဲ့ ထင်ရာကြဲလိုက်ကြပုံပါပဲ။
"အပူပွေ" တယ်ဆိုတာ "ဗျာပွေ" တယ်နဲ့ အတူတူပါပဲ။
မိန်းကလေးက မောင့်အတွက် ပူပန်ရတဲ့ အပူတွေ ပွေနေသူပါ၊
ဗျာပွေရသူပါလို့ ပြောနေတာ ဖြစ်တယ်။
စားလေရာ သွားလေရာ နေလေရာ သူ့မှာ မောင့်အတွက် ဗျာပါပွေရတယ်လို့ ဆိုလိုတယ်။
မောင်ဘယ်သွားသွား၊ ဘယ်စားစား၊ ဘယ်မှာနေနေ၊ ဗွေမယူပါဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။
တနေ့က ဆရာငြိမ်းရဲ့ "မပြီးသေးသော ပန်းချီကား" သီချင်းကို
ဆိုသွားကြတာတွေ ကြားလိုက်ရ ပြန်တယ်။
ဆရာငြိမ်းရေးရင်းက
"ချစ်သူဟာလဲ မလှမ်းမကမ်းမှာ ရောက်နှင့်တဲ့ကာမြင်" ရယ်လို့ ဖြစ်တယ်။
ဒါကို "ရောက်နှင့်ခဲ့တာမြင်" လို့ လုပ်သွားကြလေရဲ့။
သူ့ခမျာများ "တဲ့ကာ" မြန်မာစကားအသုံးကို မကြားဘူး ရှာကြဘဲကိုး။
"သွားတဲ့ကာ၊ လာတဲ့ကာ" ဆိုတဲ့ အသုံးအနှုန်း မြန်မာစကားမှာ ရှိပါတယ်။
သူ့နေရာနဲ့ သူ့အဓိပ္ပါယ်နဲ့သူ ထိမိတဲ့ အသုံးအနှုန်းကလေး ဖြစ်တယ်။
ဒါနဲ့ "ခဲ့တာ" အစားဝင်လို့ မရပါဘူး။
မြန်မာစကားမှာ "လေသွေးတယ်" ဆိုတာ တော်တော်ရိုးပါတယ်။
နှင်းဆီ အဖူး အငုံလေးတွေကို လေသွေးလိုက်တော့
ဟိုယိမ်းဒီယိမ်းနဲ့ လုပ်လီလုပ်လဲ့ ဖြစ်နေတာကို ခေတ်ဟောင်း တေးရေးပညာရှင်က
"သွေးကာချီ ဖူးပွင့်ငုံဝေစီ" လို့ လှလှပပလေး ဖွဲ့နွဲ့ထားပါတယ်။
ဒါကို ခေတ်ပြန်ဆိုသူက
"ပွေ့ကာချီ ပွေ့ကာချီ ဖူးပွင့်ငုံဝေစီ" လုပ်ပစ်လိုက်တော့ ပျက်ရော။
ရုန့်ရင်းကြမ်းတမ်းလိုက်တဲ့ ဖြစ်ခြင်း။
မိန်းမပျိုကလေးရဲ့ ကိုယ်လုံးလေးကို
ရာဂုမ္မတ္တကြီးတဦးက ပွေ့ချီသွားတာကို မြင်လိုက်ရတော့တယ်။
သက်ရှိ ခေတ်ဟောင်းတေးရေးဆရာတဦးကတော့ ရုပ်မြင်သံကြားတွေ့ဆုံခန်းမှာ
သူ့သီချင်းစာသားကို မှားဆိုတဲ့အတွက် ဒုက္ခရောက်ရပုံကို
ညည်းတွားရှာတာကို ကြားလိုက်ရဖူးတယ်။
သူ့ရေးရင်းက "ရှမ်းမလေးတွေ အချောရယ် ပေါတယ်" လို့ရေးတာ၊
ချောမောလှပတဲ့ ရှမ်းမလေးတွေ ပေါများ ပါတယ်ပေါ့။
ဒါကို "ရှမ်းမလေးတွေ ချောတယ် ပေါတယ်" လုပ်ပစ်လိုက်တော့ သွားရော၊
ရှမ်းမလေးတွေဟာ ချောလဲ ချောတယ်၊ ပေါလဲ ပေါတယ်လို့ ဖြစ်သွားလေတော့တာပ။
နိုင်ငံကျော် သင်္ကြန်သီချင်းတပုဒ်မှာ စာသားက
"မြနန္ဒာ ရေညိုညို ရစ်ကာသန်းတဲ့ ရွှေမန်းတောင်ရိပ်" ရယ်လို့ ဖြစ်ပါတယ်။
ကိုအံ့ကြီး သီဆို အသံသွင်းထားရမှာလည်း အဲဒီအတိုင်းပဲ ကြားနိုင်ပါတယ်။
ဒါကို နောက်ပါက် အဆိုတော်တဦးက
"မြလေးလေးနန္ဒာ ရေညိုညို ရစ်ကာသန်းတော့" ရယ်လို့ ဖျက်ဆီးပစ်လိုက်တယ်။
"မြနန္ဒာ" ကို "မြလေးလေးနန္ဒာ" လုပ်ပစ်တာက ရှိရင်းစွဲ
စာသားနဲ့တင် စည်းဝါးကိုက်အောင် မဆိုနိုင်ရှာလို့ - လို့ နားလည်ရတယ်။
"ရစ်ကာသန်းတဲ့" ကို "ရစ်ကာသန်းတော့" လုပ်လိုက်တာကတော့
မြန်မာစကားကို မတတ်တာပါပဲ။
ရှေးအတိတ်တဘောင်က "အသက်ကလေးရယ်တဲ့ ရှည်စေလို၊
မြနန္ဒာရေညိုသန်းတဲ့ (တယ်) မန်းတောင်ရိပ်ခို" ရယ်လို့ ရှိတယ်။
ဒါကို သီချင်းထဲမှာ သုံးထားတာပဲ ဖြစ်တယ်။
"ရေညိုသန်းတော့ မန်းတောင်ရိပ်ခို" ဆိုတော့ ဘာအဓိပ္ပါယ်မှ မရှိတော့ဘူး။
"ရေညိုသန်းသောအခါ မန်းတောင်ရိပ်ခို" ဆိုတာ စကား အဆက်အစပ်ကို မရှိတော့ဘူး
ပါရမီရှင်က ဖွဲ့သီရေးစပ်ထားတဲ့ တေးဂီတများဟာ
တိုင်းပြည်ရဲ့ အနုပညာရတနာများပဲ ဖြစ်တယ်။
နောင်လာနောက်သားများက တရိုတသေ ထိန်းသိမ်းကြရဖို့ တာဝန်ရှိတယ်။
ကိုယ်စာပေဗဟုသုတ ခေါင်းပါးတိုင်း လျှောက်ပြီး ဖျက်ဆီးပစ်နေဖို့ မကောင်းဘူး။
အနုပညာသမားရယ်လို့ လုပ်ချင်မှတော့ လေ့လာရမှာပေါ့။
စီးဝါးတတ်ကျွမ်းအောင် လေ့ကျင့်ရသလို တေးထဲမှာ
သုံးထားတဲ့ ဘာသာစကားကိုလဲ နှိုက်နှိုက်ချွတ်ချွတ် လေ့လာအပ်တယ်။ ခေတ်ဟောင်းအဆိုတော်ကြီး ဒေါ်မေရှင်က တွေ့ဆုံခန်းတခုမှာ
"သီချင်းစာသားတွေကိုတော့ ဖျက်မပစ်ကြပါနဲ့လို့ တောင်းပန်ချင်တယ်ကွယ်" လို့
ပြောတာကို မှတ်သားလိုက်ဖူးတယ်။
ဒါ တာဝန်သိ အနုပညာသည်တဦးရဲ့ ရင်ဖွင့်သံပါပဲ။
သီချင်းဆိုတယ်ဆိုရာမှာ စကားသံပီဖို့လည်း အရေးကြီးတယ်။
ကနေ့ခေတ် လူငယ်များ မပီကလာ ဆိုကြတာကို ပြောကြရေးကြ လှပါပြီ။
သီချင်းကလေးမဟုတ်၊ သီချင်းကြီးဆိုရာမှာ
စကားမပီတဲ့အတွက် စိတ်ပျက်မိကြောင်း ကျွန်တော်လည်း ရေးဖူးပြီ။
"လျှပ်ပန်းခွေနွဲ့" ကို သီဆိုသွားသူတဦးက
"ဘ၀ဂ်စောင်းအောင်" ကို "ဘ၀ဂ်ဆောင်းအောင်" လို့ ဆိုသွားတဲ့အကြောင်းပါ။
"စ" သံ နဲ့ "ဆ" သံကို မပီဘဲ ပြောကြဆိုကြတာ ရန်ကုန်မှာ ခေတ်စားနေပေမယ့်
သီချင်းဆိုရာမှာ ပရိသတ်ရှေ့မှာတော့ ပီအောင် ကြိုးစားဖို့ ကောင်းတယ်။
ရုပ်မြင်သံကြား ကြော်ငြာတခုမှာ "ဝေဒနာ" ကို "ဝေသနာ" လို့ ပြောသွားတာ။
"စောင်းတန်း" ကို "ဇောင်းတန်း" လို့ ဖတ်သွားတာကို (အမှန်က "စောင်းဒန်း") လဲ
ကြားလိုက်ရသေး။ ကြော်ငြာတခုမှာတော့ ရေးပေးသူက ကာရန်ယူပြီး ရေးပေးလိုက်ပုံ
ရပါတယ်။ ဖတ်တဲ့သူက မဖတ်တတ်တော့ ကိုးရိုးကားရား ဖြစ်သွားရော။
"မြန်မာပြည်တ၀န်း နာမည်ဆန်း" တဲ့။ (ဖြစ်သင့်တာက "မြန်မာပြည်တ၀န်း
နံမည်ဆန်း")။ စာအတိုင်း ဖတ်နေစရာ မလိုပါဘူး။
"ရေးတာက အမှန် ဖတ်တာက အသံ" ဆိုထားတာပဲ။
"နံမည်" လို့ဖတ်မှ "မြန်မာပြည်" နဲ့ ကာရန် ညီမှာပေါ့။
အပျင်းပြေ နားထောင်ကြည့်မိရင်း ပြုံးမိတဲ့ ကြော်ငြာတခုကတော့
"လိပ်ခေါင်းရောဂါရှိလိုက်တာ" တဲ့။
ဘယ်မြန်မာလူမျိုးကမှ အဲဒီလို မအော်ဘူး။
"အမလေး မြန်မာစကား မပြောတတ်လိုက်တာ၊ ကယ်ပါဦး" လို့ပဲ
ပြန်အော်ဖို့ ကောင်းတယ်။
"ကျင်းပလိမ့်မှာဖြစ်ကြောင်း"၊ "သွားရောက်လိမ့်မှာဖြစ်ကြောင်း" တဲ့။
မြန်မာစကားမှာ "လိမ့်" နဲ့ "မှာ" တွဲသုံးတာ ရှိကို မရှိဘူး။
ဒီလူတွေ ဒီအသုံးအနှုန်းကို ဘယ်ကများ ကောက်ရထားပါလိမ့်လို့သာ အံ့သြမိ ရတော့တယ်။
ကြားသိရသမျှ မြန်မာစာ မြန်မာစကား ဆင်းရဲကြပုံတွေထဲက
သိသာရုံ အကျဉ်းမျှ တင်ပြလိုက်ရတာ ဖြစ်ပါကြောင်း။
[မြင့်မြတ်သူ စာအုပ်တိုက်က ထုတ်ဝေတဲ့
မောင်သာနိုးရဲ့ မြန်မာစကားနဲ့စာပေ စာအုပ်၊ ၂၀၀၁ ခုနှစ်၊ မေလ၊
ပထမအကြိမ်ပုံနှိပ်ခြင်းမှ ကူးယူဖော်ပြပါတယ်။]

Thursday, May 27, 2010

သာသနာတော် (တကယ်) ထွန်းကားပြန့်ပွါးလိုလျှင်

ဒေါက်တာအရှင်ဣန္ဒက
မြန်မာပြည် ရဟန်းသံဃာတော် ပညာရေးမူအတိုင်း ပထမကြီးတန်းအောင်လို့ သာသနာ့တက္ကသိုလ် ၀င်ခွင့်ဖြေဆိုကာ သာသနာ့တက္ကသိုလ်မှာ ပညာသင်ခွင့်ရပြီး သာသနတက္ကသီလဓမ္မာစရိယဘွဲ့ ရတယ်။ အဲ့တက္ကသိုလ်မှာပဲ မဟာတန်းတက်ခွင့်ရလို့ ဆက်တက်ဖြစ်တယ်။ (၂) နှစ်ဆက်တက်ပြီး ကျမ်းပြုတယ်။ တချိန်တည်းမှာပဲ အစိုရကကျင်းပတဲ့ ဓမ္မာစရိယစာမေးပွဲဝင်ဖြေတာ သာသနဓဇဓမ္မာစရိယဘွဲ့ ရတယ်။ ဒီတော့ မြန်မာပြည် ရဟန်းသံဃာတော်တွေရဲ့ ပညာရေးကို လုံးစိပါဌ်စိမသိတောင် အတော်အသင့် နားလည်ခဲ့တယ် လို့ ပြောလို့ရတယ်။

မြန်မာပြည် ရဟန်းသံဃာတော်တွေရဲ့ ပညာရေးစနစ်မှာ (အကြမ်းဖျင်းအားဖြင့်) ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း၊ ဓမ္မာစရိယတန်း ဆိုပြီး အတန်း (၄) တန်းပဲ ရှိတယ်။ အတန်းက သာ (၄) တန်းပဲ ရှိတာ။ စာသင်သားရဟန်းသံဃာတော်အများစုဟာ (၁၀) နှစ်လောက်ကြာအောင် သင်ယူရတယ်။ ဒီအတန်း (၄) တန်းကို (၄) နှစ်နဲ့ အောင်မြင်ဘို့ မလွယ်ပါဘူး။ ၄ နှစ်နဲ့ အောင်သွားတဲ့ရဟန်းတော် မရှိသလောက် ရှားပါတယ်။ ရဟန်းသံဃာတော်အများစု ၁၀ - နှစ်လောက်ကြာအောင် သင်ယူရနေတဲ့ ဒီအတန်း (၄) တန်းကို ဘာလို့များ အတန်းတိုးပြီး မထားနိုင်ရတာလဲ။ ဘာလို့များ အတန်း (၄) တန်းထဲ သတ်မှတ်ထားရတာလဲ။ မေးခွန်းထုတ်စရာပါ။ ဒီကိစ္စ ၀ိုင်းဝန်းစဉ်းစားပေးရမှာပါ။

နောက်တစ်ချက်က ရဟန်းသံဃာတော်များပညာရေး ပြဌာန်းစာမှာ ပါဠိဘာသာ (Language) နဲ့ ဗုဒ္ဓဘာသာ (Subject) ရောထွေးနေတယ်။ ရောရောထွေးထွေး သင်ပေး သင်ယူနေရတာ ပြဿနာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သင်ပေးနေတဲ့ စာချဆရာတော်အများစုက ပါဠိဘာသာပိုင်း (Language) နဲ့ ဗုဒ္ဓဘာသာအကြောင်းအရာပိုင်း (Subject) ကို ဓမ္မာစရိယတန်းရောက်တဲ့အထိ ခွဲခွဲခြားခြား ပြောမပြဘူး။ သင်မပေးဘူး။ ဗုဒ္ဓဘာသာအကြောင်းအရာပိုင်းသင်ကြားပေးမှု အားနည်းတယ်လို့ ပြောမယ်ဆို ပိုမှန်နိုင်တယ်။ ဗုဒ္ဓအကြောင်း၊ ကံ ကံ၏အကျိုး၊ ဗုဒ္ဓဘာသာရဲ့ လူမှုရေး၊ နိုင်ငံရေး၊ စီးပွါးရေးအမြင် စသည်၊ နိဗ္ဗာန်သို့ရောက်ကြောင်းကျင့်စဉ် လမ်းစဉ်စတဲ့ အကြောင်းအရာတွေကို နည်းနည်းလေးမှ ပြဌာန်း စာထဲမှာ မတွေ့ရဘူး။ အကျိုးဆက်က ဘာဖြစ်လာသလဲဆိုတော့ စာတတ်လူမိုက် (ပညာတတ်လူမိုက်) တွေဖြစ်လာတယ်။ ဒီထက်ဝမ်းနည်းစရာကောင်းတာက ဓမ္မာစရိယတန်းအောင်ပြီးသားဦးဇင်းတွေ ဓမ္မာစရိယတန်းမှာ သင်ရတဲ့ သာမညဖလသုတ်၊ အမ္ဗဋ္ဌသုတ်အကြောင်းတွေကို မပြောပြတတ်တာပဲ။

နောက်ပြီး ရဟန်းသံဃာတော်များပညာရေး ပြဌာန်းစာမှာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့သမိုင်း၊ ဗုဒ္ဓဘာသာသမိုင်း၊ ဗုဒ္ဓစာပေသမိုင်းပညာရပ်တွေ ထည့်မထားဘူး။ ဒီဘာသာရပ်ဟာ ရဟန်းတော်တိုင်း သိသင့်တဲ့ ဘာသာရပ်ဖြစ်တယ်။ ကိုယ်ဖတ်နေတဲ့ သင်ကြားနေတဲ့ အဋ္ဌကထာစာအုပ် (သို့) ဋီ့ကာစာအုပ်ကို ဘယ်ခေတ်က၊ ဘယ်ရာစုက၊ ဘယ်ခုနစ်ခန့်က ဘယ်ပုဂ္ဂိုလ်က ဘယ်ဆရာတော်နဲ့ ခေတ်ပြိုင် ဆရာတော်က ရေးခဲ့တယ်ဆိုတာ သိသင့်တာပေါ့။

ဥပမာ၊ ပုဂံခေတ်က သာသနာရေးအခြေအနေ၊ အင်းဝခေတ်သာသနာရေး အတက်အကျ၊ ဘာ့ကြောင့် သာသနာအားနည်းသွားရတယ် စတဲ့အကြောင်းအရာတွေကို သာသနာပြုရဟန်းတော် တွေ သိကို သိရပါမယ်။ ဒါမှသာ သာသနာပြုရာမှာ ခရီးရောက်ပါမယ်။

သီရိလင်္ကာနိုင်ငံမှာ ပညာသင်တုန်းက ကုလားကိုရင်လေးတစ်ပါးနဲ့ စကားပြောဘူးတယ်။ သူတို့ ဗုဒ္ဓဘာသာသမိုင်းသင်ရကြောင်း၊ သမိုင်းထဲမှာ မြန်မာနိုင်ငံက ရွှေတိဂုံစေတီတော်ကြီးအကြောင်း လည်းပါကြောင်း၊ ရွှေတိဂုံစေတီတော်ကြီးအကြောင်းထဲမှာ တပုဿနဲ့ ဘလ္လိကကုန်သည်ညီနောင် တို့ပါကြောင်း၊ သူတို့ဟာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း၊ ကုန်ရောင်းဝယ်ရင်း ဘုရားရှင်နဲ့တွေ့ရာ သူတို့နှစ်ဦးဟာ အဦးဆုံး သရဏဂုံနှစ်ပါးဆောက်တည်သူများဖြစ်ကြောင်း၊ သူက ပြောပြတယ်။
သူ ဆက်မေးတယ်။ ဒီလို အဦးဆုံး သရဏဂုံဆောက်တည်ရမှာ ဘယ်ဘာသာစကားနဲ့ ဆောက်တည်တာလဲ၊ ပါဠိဘာသာစကားနဲ့လား၊ မြန်မာဘာသာစကားနဲ့လားတဲ့။
သမိုင်းကို သင်တော့ သမိုင်းထဲက အကြောင်းအရာတွေကို စူးစမ်းတတ်တဲ့ ဒီသီဟိုဠ်ကိုရင်လေးကို ချီးကျူးရမှာပါ။ သမိုင်းစာအုပ်တွေကပြောပြတာတွေ သင်ယူရတာတွေကို သီရိလင်္ကာကိုရင်လေး က စူးစမ်းတဲ့သဘောလေးပါ။ မြန်မာကိုရင်၊ ဦးဇင်းများလည်း ဒီလို စူးစမ်းမှုလေးတွေနဲ့ အမှန်တရားကို ရင်ဝယ်ပိုက်နိုင်အောင် ဗုဒ္ဓဘာသာသမိုင်းကို အတန်းတိုင်းမှာ ထည့်သွင်း သင်ကြားပေးဘို့ လိုအပ်ပါတယ်။

နောက်ပြီး မြန်မာနိုင်ငံ ရဟန်းသံဃာတော်များပညာရေးအားနည်းချက်တစ်ခုက စာသင်သား တပည့်တွေ မရှင်းလင်းတာကို မေးခွင့် ပေးမထားဘူး။ စာချချိန်ပြည့်ရင် စာချဘုန်းကြီးက “ကဲ၊ တော်ပြီ” လောက်ပြောပြီး စာအုပ်ပိတ်၊ သူ့အခန်းထဲ ၀င်သွားတော့တာပဲ။ စာသင်သား နားလည်လည် မလည်လည် သူနဲ့ မဆိုင်သလိုဘဲ။ တကယ်တော့ စာချချိန် တစ်နာရီဆိုရင် တစ်နာရီအပြည့်မချဘဲ မိနစ် (၅၀) လောက်သာ ပို့ချသင့်ပါတယ်။ ကျန်တဲ့ (၁၀) မိနစ်ကို စာသင်သားတွေ မရှင်းတာမေးဘို့ ချန်ထားသင့်တယ်။ ဒီလိုအလေ့အထမရှိတော့ မြန်မာပြည်မှာ စာသင်ပြီး ဓမ္မာစရိယဘွဲ့တွေသာ ရတယ်။ စာပေနဲ့ပတ်သက်တဲ့ အတွေးအခေါ် အယူအဆ တိုးတက်မှု နည်းပါးတာကို တွေ့ရတယ်။
မြန်မာပြည် ရဟန်းသံဃာတော်များစာသင်နည်းစနစ်က ဗုဒ္ဓစာပေဆိုင်ရာမှာ လွတ်လွတ်လပ်လပ် တွေးခေါ်ခွင့် ပေးမထားဘူး။ မြန်မာပြည် ဘုန်းကြီးကျောင်းပညာရေးစနစ်က ရှေ့ကဆို နောက်ကလိုက်ရေးရတဲ့ (ကြက်တူရွေး) ပညာရေးစနစ်ဖြစ်န်ေတယ်။ ဒါကို ဒီလိုမှတ်၊ ဒီလိုဖြေနဲ့ ပီးတော့တာပဲ။ စာသင်သားတွေရဲ့ သံသယဆူးညောင့်တွေကို နှုတ်မပေးကြဘူး။ ဆရာကဆို တပည့်က နောက်က လိုက်ရေးရတဲ့ ပညာရေးစနစ်ကြားမှာ ကိုယ်သံသယရှိတာ မရှင်းတာကို ထမမေးရဲဘူး။ မရှင်းတာမေးရင်  ဆရာသမားတွေကို မရိုသေရာရောက်တယ်၊ ဘုကန့်လန့်လုပ် တယ်လို့ အယူရှိတဲ့ စာချဆရာတော်တွေထံမှောက်မှာ ဗုဒ္ဓဘာသာနဲ့ဆက်စပ်တဲ့သံသယတွေကို (အောင့်အီး) မြိုချရင်း ဘွဲ့လက်မှတ်ကြီးတွေကို ရခဲ့တယ်။

နောက်ဆုံး အရေးအကြီးဆုံးအချက်က မြန်မာရဟန်းတော်များ အင်္ဂလိပ်ဘာသာ အရေး အဖတ် အပြော တတ်မြောက်ထားဘို့ပါပဲ။ သိကြပြီးဖြစ်တဲ့အတိုင်း အင်္ဂလိပ်စာ မတတ်ရင် အသေးအဖွဲ ကိစ္စလေးတွေမှာကို အဆင်ပြေဘို့ မလွယ်ဘူး။ တချို့ နိုင်ငံခြားကို အလည်လာတဲ့ ဆရာတော်ကြီးများလည်း ဒီအင်္ဂလိပ်စာမတတ်လို့ ဒုက္ခရောက်ပုံတွေ အမျိုးမျိုးကြားနေရတယ်။
ဟိုတလောဆီက အတော်အသင့်နာမည်ရတဲ့ အင်္ဂလိပ်စာမတတ်တဲ့ ဓမ္မကထိကဆရာတော်တစ်ပါး အင်္ဂလိပ်စာတတ်တဲ့ သူ့တပည့်ဦးဇင်းလေး အကူအညီနဲ့ ဂျပန်နိုင်ငံကအလည်သွားတယ်တဲ့။ ဂျပန်ရောက်လို့ ရက်အနည်းငယ်ကြာတော့ ဆရာတော်နဲ့ ဦးဇင်းလေး ဘာအစာမကြေဖြစ်တယ် မသိဘူး။ ဦးဇင်းလေးက ဆရာတော့်ကို မြို့လည်ခေါင် ရထားဘူတာရုံနားမှာ ပစ်ထားခဲ့တယ်။ ဆရာတော်က မြန်မာစကားက လွဲလို့ ဘာစကားမှ မပြောတတ်တော့ သူများနိုင်ငံမှာ အခက်တွေ့ တော့တာပေါ့။ နောက်ဆုံး ဘာမှ ကြံရာမရတော့ ရထားဘူတာက ထွက်လာတဲ့ လူအုပ်ကြီးဘက်ကို လှည့်ပြီး “မြန်မာများ ပါကြပါသလားခင်ဗျား၊ မြန်မာများ ပါကြပါသလားခင်ဗျား” လို့ တစ်နေကုန် အော်နေရသတဲ့။

မြန်မာစာသင်သားရဟန်း၊ သာမဏေများ အင်္ဂလိပ်စာသင်ကြားရေးနဲ့ပတ်သက်ပြီး ထင်ရှားတဲ့ ဆရာတော်တစ်ပါးရဲ့ အမြင်ကို ၂၀၁၀၊ ဧပြီလထုတ် အပ္ပမာဒမဂ္ဂဇင်းမှာ တွေ့လိုက်ရတယ်။ သာမန်စာသင်တိုကဆရာတော်တစ်ပါးက ဒီထင်ရှားတဲ့ဆရာတော်ထံသွားပြီး အင်္ဂလိပ်စာကို အခြေခံတန်းတွေမှာ ထည့်သွင်းသင်ကြားပေးလိုကြောင်း၊ သင့်မသင့် အကြံတောင်းတယ်။
ထင်ရှားတဲ့ဆရာတော်ပြောတာ က “အခြေခံစာမေးပွဲတွေမှာ အင်္ဂလိပ်စာထည့်သွင်းပြဌာန်းတာဟာ ခေတ်အခြေအနေအရ သိပ်ကောင်းပါတယ်။ အရှင်ဘုရားအနေနဲ့ ဘယ်လိုရည်ရွယ်ချက်နဲ့ ထည့်သွင်းချင်တာလဲဆိုတာကိုတော့ မေးစရာရှိတာပေါ့။ လမ်းဘေးချိတ်ထားတဲ့ ဆိုင်းဘုတ်ဖတ်တတ်ရုံ ရည်ရွယ်တာလား၊ နိုင်ငံခြားသားတွေနဲ့ စကားပြောတတ်ရုံလောက် ရည်ရွယ်တာလား၊ ဒါမှမဟုတ် ဗုဒ္ဓဓမ္မတွေကို အင်္ဂလိပ်ဘာသာနဲ့ ကမ္ဘာအထိကျယ်ပြန့်သွားအောင် သိသွားအောင် ဆောင်ရွက်ချင်တာလား။ ဆိုင်းဘုတ်ဖတ်တတ်တာလောက်ကိုပဲ ခေတ်အမြင်ရှိတယ်လို့ယူဆရင်၊ နိုင်ငံခြားသားတွေနဲ့ စကားလက်ဆုံပြောတတ်တာကိုပဲ အမြင်ကျယ်တယ်လို့ယူဆရင်တော့ အခြေခံတန်းတွေမှာ အင်္ဂလိပ်စာထည့်သွင်းပြဋ္ဌာန်းတာကို ဘာမျှ မပြောလိုပါဘူး။ ဒါပေမဲ့ ဗုဒ္ဓဓမ္မတွေကို ကမ္ဘာအထိသိအောင်၊ ကျယ်ပြန့်သွားအောင်လုပ်ဖို့ ရည်ရွယ်ပါတယ် ဆိုရင်တော့ ဒီနည်းစနစ်နဲ့ မသင့်တော်ဘူးထင်တယ်။ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာအသွားအလာကို ဓမ္မာစရိယတန်းအောင်မြင်တဲ့အထိ မြန်မာနိုင်ငံက သင်ကြားနည်းစနစ်နဲ့ ကျကျနနသင်စေချင်တယ်။ ပြီးမှ အင်္ဂလိပ်စာသင်ယူတာက ပိုကောင်းမယ်။ တကယ်စိတ်ဝင် စားတယ်၊ ဥာဏ်အသင့် အတင့်ရှိတယ်ဆိုရင် အသက် (၃၀) ကျော်ဝန်းကျင်လောက်မှာ အင်္ဂလိပ်စာတတ်ကျွမ်းတဲ့အဆင့်ထိ ရောက်နိုင်ပါတယ်။” တဲ့။

သူပြောခဲ့တဲ့ အထက်ပါစကားတွေ ထဲမှာ မရှင်းမလင်းတာတွေပါနေတယ်။
ဥပမာ၊ လမ်းဘေးချိတ်ထားတဲ့ ဆိုင်းဘုတ်ဖတ်တတ်ရုံ ရည်ရွယ်တာလား၊ နိုင်ငံခြားသားတွေနဲ့ စကားပြောတတ်ရုံလောက် ရည်ရွယ်တာလား၊ ဒါမှမဟုတ် ဗုဒ္ဓဓမ္မတွေကို အင်္ဂလိပ်ဘာသာနဲ့ ကမ္ဘာအထိကျယ်ပြန့်သွားအောင် သိသွားအောင် ဆောင်ရွက်ချင်တာလား ဆိုတဲ့ သူ့စကား။
ဆရာတော်အနေနဲ့ ဒီလို မေးစရာမလိုဘူးလို့ယူဆတယ်။ ကိုရင် (သို့) ဘုန်းကြီးတစ်ပါးကို အင်္ဂလိပ်စာသင်းပေး၊ သင်ယူကတည်းက ဗုဒ္ဓဓမ္မတွေကို အင်္ဂလိပ်ဘာသာနဲ့ ကမ္ဘာအထိ ကျယ်ပြန့် သွားအောင် သိသွားအောင် ဆောင်ရွက်ချင်တာပါပဲ။ ဒီလို ဗုဒ္ဓဓမ္မတွေကို အင်္ဂလိပ်ဘာသာနဲ့ သင်ပေးသင်ယူသွားရင်းနဲ့ပဲ လမ်းဘေးက ဆိုင်းဘုတ်တေကွိုဖတ်တတ်မှာဖြစ်ပြီး နိုင်ငံခြားသား တွေနဲ့ စကားပြောတတ်လာမှာပါ။

နောက်ပြီး ဆရာတော်က “ဆိုင်းဘုတ်ဖတ်တတ်တာလောက်ကိုပဲ ခေတ်အမြင်ရှိတယ်လို့ယူဆရင်၊ နိုင်ငံခြားသားတွေနဲ့ စကားလက်ဆုံပြောတတ်တာကိုပဲ အမြင်ကျယ်တယ်လို့ယူဆရင်တော့ အခြေခံတန်းတွေမှာ အင်္ဂလိပ်စာထည့်သွင်းပြဋ္ဌာန်းတာကို ဘာမျှ မပြောလိုပါဘူး” လို့ ဆိုတယ်။
ဒါက ဘာကို ဆိုလိုတာပါလဲ။ စာရေးသူအမြင်ကတော့ အင်္ဂလိပ်စာသင်ယူတာဟာ အင်္ဂလိပ်စကားကို ပြောတတ်ဖို့၊ အင်္ဂလိပ်စာကို ရေးတတ်ဖို့၊ ဖတ်တတ်ဖို့ပါပဲ။ ဆိုင်းဘုတ်ကိုပဲ ဖတ်ရ ဖတ်ရ၊ သတင်းစာကိုပဲ ဖတ်ရ ဖတ်ရ၊ ပိဋကတ်စာပေကိုပဲ ဖတ်ရ ဖတ်ရ၊ ဖတ်တတ်ဖို့ပါပဲ။ အင်္ဂလိပ်စကားပြောရာမှာလဲ အကြောင်းအရာမျိုးစုံကို တရုတ်လူမျိုးနဲ့ပြောရ ပြောရ၊ ကုလားလူမျိုးနဲ့ ပြောရ ပြောရ၊ ပြောတတ်ဖို့ပါပဲ။
 ဆရာတော်ဆက်ပြောတာက “ဒါပေမဲ့ ဗုဒ္ဓဓမ္မတွေကို ကမ္ဘာအထိ သိအောင်၊ ကျယ်ပြန့်သွားအောင် လုပ်ဖို့ ရည်ရွယ်ပါတယ် ဆိုရင်တော့ ဒီနည်းစနစ်နဲ့ မသင့်တော်ဘူးထင်တယ်။ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာအသွားအလာကို ဓမ္မာစရိယတန်းအောင်မြင်တဲ့အထိ မြန်မာနိုင်ငံက သင်ကြားနည်းစနစ်နဲ့ ကျကျနနသင်စေချင်တယ်။ ပြီးမှ အင်္ဂလိပ်စာသင်ယူတာက ပိုကောင်းမယ်” တဲ့။
ဆရာတော်ရဲ့ ဒီစကားအရ ဆရာတော်က အခြေခံတန်းတွေမှာ အင်္ဂလိပ်စာကို မပြဋ္ဌာန်းစေလိုဘူး။ ၀ါ - အခြေခံတန်း စာသင်သားတွေကို အင်္ဂလိပ်စာ မသင်ကြနဲ့လို့ ပြောလိုက်တာပါ။

စာရေးသူအမြင်ကတော့ အခြေခံတန်းမှာကတည်းက သူ့အရွယ် သူ့အဆင့်နဲ့အညီ သိသင့်တဲ့ စာသင်သားလဲ ကျက်မှတ်ဖတ်နိုင်လောက်တဲ့ အခြေခံအင်္ဂလိပ်စာကို ပြဋ္ဌာန်းပေးပြီး သင်ကြားပေး ထားသင့်တယ်။ ဒီလိုလုပ်ပေးခြင်းဖြင့် ပါဠိစာပေဖက်မှာ အားနည်းသွားမယ်လို့တော့ (လုံးဝ) မယုံကြည်ဘူး။ ဘာ့ကြောင့်လဲ။ အင်္ဂလိပ်စာ မသင်ရလဲ ပါဠိစာပေ အားနည်းချင် နည်းနေတာပဲ မဟုတ်လား။ တော်တဲ့လူက တော်တာပါပဲ။ ညံ့တဲ့လူက ညံ့နေတာပါပဲ။

ဆရာတော်က စာသင်သားသံဃာတော်တွေကို ဓမ္မာစရိယတန်းအောင်မှ အင်္ဂလိပ်စာ သင်ယူစေချင်တယ် ဆိုတော့ အတန်းပြဋ္ဌာန်းစာထဲမှာ မထည့်သွင်းပဲနဲ့ အလွတ်သင်ယူစေချင်တဲ့ သဘောလို့ ယူဆမိတယ်။
ဆရာတော်ရဲ့ ဒီအမြင်ဟာ ယေဘုယျမဆန်ဘူးလို့ယူဆပါတယ်။ ဆရာတော်ကိုယ်တိုင်ကတော့ ဓမ္မာစရိယတန်းကို ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်ခဲ့တော့ အင်္ဂလိပ်စာလေ့လာဖို့ အချိန်တွေ အများကြီးရတာပေါ့။ ဒါပေမဲ့ အများစုက အသက် ၃၀ လောက်မှ ဓမ္မာစရိယတန်းကို အောင်ကြတာ။ ဓမ္မာစရိယတန်းအောင်ပြီးရင်လဲ စာသင်တိုက်အများစုက လက်ခံချင်ကြတာမဟုတ်ဘူး။ ဆိုတော့ အသက်လဲကြီး နေစရာလဲ အခက်အခဲတွေ့နေတဲ့ ဓမ္မာစရိယအောင်မြင်ပြီးတဲ့ရဟန်းတော်ဟာ အင်္ဂလိပ်စာသင်ယူဖို့ အခွင့်အရေး အတော့်ကို နည်းသွားပါပြီ။

စာရေးသူအမြင်က ဒီအင်္ဂလိပ်စာကို အခြေခံအတန်းတွေမှာကတည်းက ပြဋ္ဌာန်းစာတစ်ခုအဖြစ် သတ်မှတ်ပေးပြီး သင်ယူစေချင်တာ။ ထူးချွန်တဲ့ရဟန်းတော်များက ပိဋကတ်စာပေတွေကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုနိုင်ကြမှာဖြစ်ပြီး ဘက်စုံတော်တဲ့ နိုင်ငံခြားသာသနာပြု ရဟန်းတော်များဖြစ်လာမှာ သေချာပါတယ်။
အလည်အလတ်တန်းစားရှိတဲ့ရဟန်းတော်များကတော့ ဓမ္မာစရိယတန်းအောင်ပီးတာနဲ့ မိမိတို့ ကျောင်းထိုင်မဲ့ နေရာအသီးသီးမှာ (၁၀) တန်းကျောင်းသား ကျောင်းသူလေးတွေကို အင်္ဂလိပ်စာ ပြနိုင်တဲ့အဆင့်ရောက်လာမှာပါ။ အဲ၊ အနိမ့်ဆုံးအဆင့်ကတော့ လမ်းဘေးကဆိုင်းဘုတ်တွေ လမ်းညွှန်တွေကို ဖတ်တတ်လာပြီး အထက်တစ်နေရာမှာ တင်ပြခဲ့တဲ့ ဂျပန်အလည်သွားတဲ့ ဆရာတော်ကြီးလို “မြန်မာများ ပါကြပါသလားခင်ဗျား၊ မြန်မာများ ပါကြပါသလားခင်ဗျား” လို့ အော်စရာ မလိုတော့ဘူးပေါ့။
ပြောချင်တာက ကိုယ့်နိုင်ငံက ရဟန်းတော်များ ထူးထူးချွန်ချွန်သာသနာပြုနိုင်အောင် ပါဠိစာပေရော၊ ဗုဒ္ဓဘာသာစာပေရော၊ ဗုဒ္ဓဘာသာသမိုင်းရော၊ အင်္ဂလိပ်စာရော ပြဋ္ဌာန်းစာထဲမှာ ထည့်ပြီး သင်ကြားပေးစေချင်တာပါ။
(မန်း သာသနာ့တက္ကသိုလ် နှစ်ပတ်လည်စာစောင်အတွက် ရေးထားတာပါ)

Wednesday, May 26, 2010

ငါအိုသွားတဲ့အခါ

ငါအိုသွားတဲ့အခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး၊
ငါ့ကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့အခါ၊
ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊
ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။
အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ
ကျေးဇူးပြုပြီး နားထောင်ပေးပါ၊
ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တည
ပုံပြင်တွေကို မရိုးအောင် ပြောရင်း ငါချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။
မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီ လိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့၊
ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။
ခေတ်သစ်၊ နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့၊
ငယ်ငယ်တုန်းက “ဘာကြောင့်”ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ
ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။
စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျောက်နိုင်တဲ့အခါ
ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါကိုကူတွဲပေးပါ၊
လမ်းလျောက်သင်စ အရွယ်တုန်းက
တစ်လှမ်းချင်း လှမ်းလျောက်ကျင့်ပေးခဲ့ ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။
အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီဘဲ အကြောင်းအရာတွေကို
ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ၊ စကားအကြောင်းအရာတွေက
ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။
တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊
နားလည်ပေးပါ အားပေးပါ၊
အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို
အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံး အချိန်တွေအတွက် အဖော်ပြုပေးပါ။
အချစ်နဲ့အေးမျှမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။
(from forward mail)

Tuesday, May 25, 2010

အသိတရားနဲ့ အဆင့်အတန်း

ဒေါက်တာအရှင်ဣန္ဒက
ဟိုတလောဆီက သတင်းစာတွေထဲမှာ သြစတြေးးလျနိုင်ငံမှာ သြစတြေးးလျနိုင်ငံသားတွေက အိန္ဒိယ နိုင်ငံသားတွေကို ခွဲခြားဆက်ဆံနေတဲ့အကြောင်း၊ အိန္ဒိယလူမျိုးတွေ အနှိမ်ခံနေရကြောင်းနဲ့ (တကယ်တော့ နိုင်ငံတိုင်းက အိန္ဒိယနိုင်ငံသားတွေကို နှိမ်နေတာပါ) ဒါကိုမကျေနပ်လို့ အိန္ဒိယနိုင်ငံ နယူးဒေလီမှာရှိတဲ့ သြစတြေးးလျသံရုံးမှာ သွားဆန္ဒပြကြတဲ့ အကြောင်းတွေ နေ့တိုင်းနီးပါး ဖတ်နေရတယ်။ ဘာလို့ ဒီနေ့ခေတ်အထိ လူမျိုးရေး ခွဲခြားခွဲခြား ဆက်ဆံနေရတာလဲ။ စဉ်းစားကြည့်တော့……
၂၀၀၃ - ခုနစ်ကစလို့ သုံးနှစ်ကျော် လေးနှစ်နီးပါး အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်း (ဘုံဘေ) မြို့မှာ ပညာရေး ကိစ္စနဲ့ နေခဲ့ရတယ်။ အလွှာပေါင်းစုံက လူပေါင်းစုံကို ထဲထဲဝင်ဝင် တရင်းတနှီးဆက်ဆံခွင့်ရခဲ့တယ်။
 စာပို့သမား (Postman) နဲ့လဲ သိခဲ့ရတယ်ဆိုပါတော့။ တစ်နေ့ ဒီစာပို့သမား စာလာပို့ပြီး ပြူတင်းပေါက်ကနေ အမှိုက်တွေပစ်ချတယ်။ မပစ်ချဘို့ပြောတော့ “ဒီအမှိုက်ထဲမှာ လိပ်စာမပါဘူး။ အမှိုက်ပစ်ချသူနောက်ကို ဘယ်လိုမှ ခြေရာခံလိုက်လာနိုင်စရာအကြောင်းမရှိဘူး၊ ပြဿနာ မတက်နိုင်ပါဘူး” တဲ့။ ပြောပြောဆိုဆို အမှိုက်တွေကို ဆက်ပစ်ချတယ်။
အော်၊ အိန္ဒိယနိုင်ငံသားကုလားတွေကို ခွဲခြားဆက်ဆံနေတာ၊ နှိမ်နေတာ ဒါ့ကြောင့်ကိုး။
တကယ်တော့ အိန္ဒိယနိုင်ငံကြီးဟာ အကြီးကြီးပါ။ ပညာရှင်တွေလဲ ပေါမှပေါ။ ၀ိဇ္ဇာ၊ သိပံ္ပ၊ ကြိုက်တဲ့ဘက်ကစမ်း၊ ယှဉ်ဝံ့တဲ့ ယှဉ်နိုင်တဲ့နိုင်ငံကြီးပါ။ စီးပွါးရေးမှာရော၊ အိန္ဒိယနိုင်ငံက တရုတ်နိုင်ငံထက် သန်းကြွယ်သူဌေးဦးရေပိုများဆိုပဲ။ ဘာသာရေးဘက် လှည့်ကြည့်အုံးမလား။ အိန္ဒိယနိုင်ငံမှာ ဘာသာပေါင်းစုံ အကုန်ရှိတယ်။ အမယ်၊ နိုင်ငံရေးမှာလဲ အထင်မသေးနဲ့။ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဆိုပီး ဂုဏ်ယူနေလေရဲ့။
ခြုံပြီးပြောရရင် အိန္ဒိယနိုင်ငံဟာ အစစအရာရာ ထိတ်တန်းကချည်းပဲ။ ဒါပေမဲ့ ကမ္ဘာ့အလည်မှာ အိန္ဒိယနိုင်ငံသားတွေ အနှိမ်ခံကြရတယ်။ မျက်နှာငယ်ကြရတယ်။ ဘာ့ကြောင့်လဲ။ ရှင်းပါတယ်။ အထက်ကပြောခဲ့တဲ့ စာပို့သမားလို ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဓာတ်ရှိတဲ့သူတွေ များနေလို့ပါပဲ။
ဒို့နိုင်ငံသားတွေရဲ့ အခြေအနေကရော။
ဟိုနိုင်ငံ ဒီနိုင်ငံ အသွားအလာများလာပြီး နိုင်ငံခြားမှာ အနေများလာလေ၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ချစ်တဲ့စိတ် (မျိုးချစ်စိတ်) ပိုပြင်းထန်လာလေပဲ။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို နှိမ်တာ လုံးဝ မကြိုက်ဘူး။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို အထင်သေးစကားပြောလာရင် မခံနိုင်လွန်းလို့ ပြန်ပြောရတာ ဖြေရှင်းရတာလဲ အမောသား။ ကိုယ့်နိုင်ငံသား ကိုယ့်လူမျိုးတွေကိုလဲ အသိတရားမြင့်မြင့် အဆင့်အတန်းရှိရှိ သိပ်နေစေချင်တာပဲ။
အိမ်တစ်အိမ်အနီးမှာ (သို့) တိုက်ခန်းအတက် လှေခါးဒေါင့်တစ်နေရာမှာ ကွမ်းတံထွေးတွေ့ရင်  ဗမာရှိတာ သေချာတယ် လို့ မလေးရှားရောက် ဗမာလေးတစ်ယောက်က ပြောဘူးတယ်။ သာရေးနာရေးကိစ္စတစ်ခုခုနဲ့များ အိမ်တစ်အိမ်အိမ်ကို ကြွတဲ့အခါ လှေခါးဒေါင့်တွေမှာ ကွမ်းထွေးတွေ နီရဲနေရင် သူတို့အစား မျက်နှာပူရတော့တာပဲ။ တရားခံက ကိုယ့်လူတွေလေ။ ဒီလိုတွေ့ကရာနေရာတွေမှာ ကွမ်းထွေးတွေထွေးလို့ ဒို့လူမျိုးတွေကိုတော့ အထင်သေးတော့မှာပဲလို့ တွေးမိပြီး စိတ်မကောင်းဖြစ်မိတယ်။ ကွမ်းထွေးကို စည်းမဲ့ကမ်းမဲ့ထွေးတာဟာ ကိုယ့်မှာ အသိတရားနဲ့ အဆင့်အတန်းဘယ်လောက်ရှိတယ်ဆိုတာ ဖော်ပြနေတာပဲမဟုတ်လား။
ဗမာတွေနဲ့စကားပြောရတာ အတော်ဖီးအောက်တယ်၊ စကားပြောရင်းလဲ ကွမ်းဝါးနေတာပဲ၊ ပါးစပ်တွေက ရဲပြီး သွားတွေက မဲလို့။ ဒီကြားထဲ ကွမ်းထွေးကို ပစ်ခနဲထွေးလိုက်သေးတယ်၊ အတော်မသတီစရာ ကောင်းတာပဲလို့ တရုတ်မကြီးတစ်ယောက်က ပြောဘူးတယ်။
ဒီတရုတ်မကြီးပြောတဲ့စကားကို အလေးအနက်ထား စဉ်းစားပြီး ဆင်ခြင်သင့်တယ်။ သူပြောတဲ့ စကားထဲမှာ “ဗမာတွေ” လို့ သုံးနှုန်းတဲ့အတွက် ကိုယ်တို့လူမျိုးအကုန်လုံး ရွံစရာလူမျိုးတွေဖြစ် ကုန်တယ်။ ငါးခုံးမ သုံးလေးကောင်ကြောင့် တစ်လှေလုံးပုတ်ရတယ်ဆိုတဲ့ သဘောပါပဲ။ (ငါးခုံးမ က တစ်ကောင်မကတော့ဘူး)။ ကွမ်းစားတဲ့သူကြောင့် ကိုယ့်လူမျိုးတစ်မျိုးလုံး အထင်သေးခံရတာကို သဘောပေါက်ရမယ်။
ငယ်ငယ်ကတည်းက ကွမ်းစားသူတွေနဲ့  ယဉ်ပါးလာတဲ့ ကိုယ်တို့အတွက် မထူးဆန်းပေမဲ့ တခြားနိုင်ငံသားအနေနဲ့ မသတီ ရွံရှာဖွယ်ရာ လူမျိုးဖြစ်သွား တယ်ဆိုတာ နားလည်ရမယ်။ ကိုယ်တောင် ကိုယ့်သူငယ်ချင်းဆရာတော်တွေ ကွမ်းဝါးပြီး ကွမ်းထွေးတွေကို ကွမ်းထုတ်အိပ်ခွံ သေးသေးလေးထဲ ထွေးထည့်နေတာကို မြင်ရရင် အတော်စိတ်မသက်မသာဖြစ်မိ သေးတယ်။
နိုင်ငံခြားကို အကြောင်းကြောင်းကြောင့် ရောက်လာတဲ့မြန်မာနိုင်ငံသားတိုင်းဟာ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ကိုယ့်မိသားစုတစ်စုတည်းကိုသာ ကိုယ်စားပြုတော့တာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို ကိုယ်စားပြုတာပါ။ ကိုယ်လုပ်တဲ့အပြုအမူ၊ ကိုယ်ပြောတဲ့အပြောအဆိုတွေဟာ မြန်မာနိုင်ငံသားပြုတဲ့ ပြောတဲ့  အပြုအမူ အပြောအဆိုတွေ ဖြစ်ကုန်တော့တာ။
သြစတြေးးလျနိုင်ငံမှာ သြစတြေးးလျနိုင်ငံသားတွေက အိန္ဒိယနိုင်ငံသားတွေကို ခွဲခြားဆက်ဆံနေ ပြီ။ အသိတရားနဲ့ အဆင့်အတန်း အင်မတန်နိမ့်ကျတဲ့ စာပို့သမားလို ဘယ်သူသေသေ ငတေမာပြီး ရော စိတ်ဓာတ်ရှိတဲ့ သူတွေ များနေလို့ပါပဲ။ ဒို့နိုင်ငံသားတွေကိုရော ရောက်လေရာနိုင်ငံတွေမှာ ခွဲခြားဆက်ဆံခံနေရပြီလား။ အနှိမ်ခံနေရပြီလား။ 
(ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကို ထည့်မစဉ်းစားပဲ အတ္တကြီးမားစွာ) စည်းမရှိ ကမ်းမရှိ တွေ့ရာနေရာမှာ 
ကွမ်းထွေးတွေကို မဆင်မခြင် ထွေးနေ လို့ကတော့……

Monday, May 24, 2010

လူမှုရေး

မှောင်နေတဲ့နေရာမှာ ဖယောင်းတိုင်တစ်တိုင်ထွန်းလိုက်ပါ
နောက်ထပ်မီးကူးချင်တဲ့ ဖယောင်းတိုင်တွေ ရောက်လာပါလိမ့်မယ်
တစ်ဦးတည်းဖြစ်နေပါစေ
လူမှုရေး လုပ်ချင်လို့ကတော့ လုပ်သာလုပ်ပါ။
မထိရောက်ဘူးဆိုတာ မရှိပါဘူး။
ရည်ရွယ်ချက်ကောင်းရင် အရင်းအနှီးမလိုပါဘူး။
အကောင်အထည်ဖော်ပေးလိုသူတွေ ပေါ်လာလိမ့်မယ်။
(ကံချွန်)

Sunday, May 23, 2010

Scar To Star

Some of the best music was composed 
by 
Beethoven, who was deaf.
Some of the best poetry about nature was written 
by 
Milton, who was blind.
One of the greatest leaders, 
Franklin Roosevelt was served from a wheel chair.
Those who are born to achieve, turn scars into stars.
(from forward mail)

Saturday, May 22, 2010

The Nature is!

Other people don’t make you
what you are;
They only reveal what you are.

Friday, May 21, 2010

I believe

I Believe …
That our background and circumstances may have influenced who we are, but we are responsible for whom we become.

I Believe …
That no matter how good a friend is, they are going to hurt you every once in a while and you must forgive them for that.

I Believe …
That just because someone doesn’t love you the way you want them to, doesn’t mean they don’t love you with all they have.

I Believe …
That true friendship continues to grow, even over the longest distance.  Same goes for true love.

I Believe …
That it’s taking me a long time to become the person I want to be.

I Believe …
That you should always leave loved ones with loving words.  It may be the last time you see them.

I Believe …
That you can keep going, long after you think you can’t.

I Believe …
That we are responsible for what we do, no matter how we feel.

I Believe …
That either you control your attitude or it controls you.

I Believe …
That heroes are the people who do what has to be done when it needs to be done, regardless of the consequences.

I Believe …
That money is a lousy way of keeping score.

I Believe …
That my best friend and I can do anything or nothing and have the best time.
I Believe …
That sometimes the people you expect to kick you when you’re down, will be the ones to help you get back up.

I Believe …
That sometimes when I’m angry I have the right to be angry, but that doesn’t give me the right to be cruel.

I Believe …
That maturity has more to do with what types of experiences you’ve had and what you’ve learned from them and less to do with how many birthdays you’ve celebrated.

I Believe …
That it isn’t always enough to be forgiven by others.  Sometimes you have to learn to forgive yourself.

I Believe …
That no matter how bad your heart is broken, the world doesn’t stop for your grief.

I Believe …
That just because two people argue, it doesn’t mean they don’t love each other.  And just because they don’t argue, it doesn’t mean they do.

I Believe …
That you shouldn't be so eager to find out a secret.  It could change your life forever.

I Believe …
That two people can look at the exact same thing and see something totally different.

I Believe …
That your life can be changed in a matter of hours by people who don’t even know you.

I Believe …
That even when you think you have no more to give, when a friend cries out to you, you will find the strength to help.

I Believe …
That credentials on the wall do not make you a decent human being.

I Believe …
That the people you care about most in life, are taken from you much too soon.

I Believe …
That life is more precious than money will ever be able to be.

Thursday, May 20, 2010

ညှိုးတဲ့တေဇာ

“ဇာတိမာန်”ဟူသော စကားကိုကြားရသည့်အခါတိုင်းတွင် ကျနော်၏စိတ်ဝိဉာဉ်သည် ငွားငွားစွင့်စွင့်ပွင့်လန်း လျက်ရှိသော ပဒုမ္မာကြာပွင့်ဆီသို့ ခိုဝင်လိုပါလျက် ပန်းမာလ်ကင်း သော၊လူသူကွယ်ရာ တောအုပ်တွင်းသို့ ညှိုးငယ်စွာ
ပျံသန်း ပြေးလွှားပုန်းအောင်းသွားရ သော ပျားပိတုန်းပမာ ရှိလေ၏။
……………………………
“ဇာတိမာန်”ဟူသည် အမျိုးကိုမှီ၍ တက်ကြွအပ်သော စိတ်ထားဟု ဆိုကြပါ၏။ ကျနော့်မွေး ဇာတိ တိုင်းပြည်ကား သာကီဇာနည်တို့ မင်းလုပ်ခဲ့သောနေပြည်ဟုလည်း ရှေးဆိုရိုးရှိပြန် ပါ၏။ တိုင်းကားပြည်ကြီးရွှေထီးဆောင်းစဉ်ကာလကို ပြန်ပြောင်းတမ်းတကြရင်း “ယိုးဒယားနဲ့တိုင်းခြားကိုပါ တိုက်ခိုက်ကာ အောင်ခဲ့တာ ”ဟူ၍လည်း မကြာခဏ ဟစ်ကြွေးလေ့ရှိပါ၏။ ထို့ပြင်တဝ မျက်မှောက် ကာလတွင် လည်း ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် သစ်ကြီးဆီသို့ အောင်မြင်စွာချီတက် နိုင်လျက်ရှိကြောင်း နားနှင့် မဆန့်အောင် ကြားနေရ ဆဲဖြစ်ပါသည် ။
ကျနော်သည် ဇာတိမာန်နှင့် ပတ်သက်လာလျှင် အခြားအခြားသော သာကီနွယ်တို့နည်းတူ မာန်တက်ချင်သူ ဖြစ်လေရာ “ငါတို့လူမျိုးသည် အထက်ကဆိုသကဲ့သို့ မြတ်သောအမျိုးအနွယ်ဟူသည် ဟုတ်မှန်သေးပါ၏လော ” ဟုစေ့ငုမိသည့်အခါတိုင်း နှလုံးစိတ်ဝမ်း မချမ်းမသာဖြစ်ရမြဲ ။
စိတ်ဝိဉာဉ်ပျားပိတုန်း လူဖြစ် ရှုံးသည်ဟု ခံစားရခြင်း၏ အကြောင်းရင်းများစွာအနက် ကျနော် မျက်မြင်ဒိဋ္ဌ ကြားသိခဲ့ရသည့် “ အောင်ချို”အမည်ရှိလူငယ်တယောက်၏ ဘဝ ဇာတ်လမ်းသည်လည်း တခုအပါအဝင် ဖြစ်လေသည် ။
………………………..
အောင်ချိုကား အသက်နှစ်ဆယ့်ငါးနှစ်ဝန်းကျင်၊ မော်လမြိုင်ဇာတိ မွန်မြန်မာကပြား လူငယ် လေးဖြစ်ပါသည်။ မွေးချင်းငါး ယောက်အနက်သူသည် တတိယမြောက်ဟု ဆိုပါသည်။ အကိုအကြီးဆုံးမှာ ဘန်ကောက် တွင် လက်သမားလုပ်သည်ဆို၏။ သူ့အထက်အမကား မော်လမြိုင်တွင်ပင်အိမ်ထောင်  ရက်သားကျခဲ့ပြီး ယခုအချိန် တွင်မူ လင်သားဆုံးပါးသွား လေသဖြင့် မုဆိုးမဘဝနှင့် ရှိနေသည် ။ သူ့အောက်က အငယ်နှစ်ယောက်မှာ မမာ မကျန်း ဖြစ်နေသော မိခင်ကြီးနှင့်အတူနေထိုင်လျက် မော်လမြိုင်မှာ ကျောင်းတက်နေကြဆဲ ။ အငယ်နှစ်ယောက်နှင့်မိခင်ကြီးအတွက်အောင်ချိုကပင် ထောက်ပံ့ပေးနေရသည်။ကျနော်နှင့်အောင်ချို တွေ့စဉ်ကသော် အောင်ချိုတယောက်၊ ဆွေမရှိမျိုးမရှိ ၊ဖူးခက်ကို ရောက်နေသည်မှာ ဆယ်နှစ်ခန့်ရှိခဲ့ပြီ။
…………………………….
ဖူးခက်မြို့မှာ ကျနော်ဖွင့်ထားသော ဈေးဆိုင်ကို ဝင်ထွက်သွားလာရင်း အရောင်းတာဝန်ခံ အာကာတို့နှင့် အလွမ်းသင့်ရာက ကျနော်နှင့်ပါ ရင်းနှီးလာသည်။ နောက်ပိုင်းတွင် အိမ်ခန်းငှားမနေတော့ပဲ တကိုယ်ရည်တကာယ သမားပီပီ ကျနော့်ဆိုင် အပေါ်ထပ်အခန်းလွတ် မှာလာနေသည်။
သူအလုပ်နားသည့်ရက်များတွင် ဆိုင်အလုပ်ကို ဝိုင်းကူသည်။ ဆိုင်တာဝန်ခံအာကာသည် လည်း ထိုင်းစကားကို လည်လည်ပတ်ပတ်မပြောတတ်လေရာ မြန်မာလုပ်ငန်းခွင်များသို့ လှည့်လည်ရောင်းချသော ထိုင်းဈေးကား ၊ထိုင်းဖောက်သည်တို့ ဈေးဝယ်လာသည့်အခါ မြန်မာ့ပစ္စည်းတို့ကို မြန်မာလိုခေါ်ပြောတတ်သော အောင်ချို့ကိုပင် အားကိုးရသည်။ ထို့ပြင်အိမ်မခန်အရပ်က ကျနော်သီးခြားနေသော့အိမ်မှာ ရေပိုက်ပျက်လျှင် မီးပျက်လျှင်ပြင်ဆင် ပေးသည်။ သူသည် သေတ္တာမှောက် အကုန်လုပ်တတ်သည်။
ဖူးခက်ရောက်မျက်နှာဖြူတို့ အိမ်အသစ်ဆောက်လိုလျှင်၊ ပြင်ဆင်လိုလျှင် အောင်ချိုက ပုတ်ပြတ်စံနစ်ဖြင့် လက်ခံဆောင်ရွက်ပေးသည်။ သူ့လက်အောက်မှာ အလုပ်သမား ဆယ်ယောက်ခန့်ရှိသည်။ အောင်ချို့အဖေမှာ လက်သမားဆရာ ဖြစ်၍ အဖေကို ဝိုင်းကူ ရင်း လက်သမားအတတ်ကို သူတတ်မြောက် ခဲ့ဟန်တူသည်။
………………………………..
အောင်ချိုကား ဖူးခက်သို့မရောက်မီ စံခလပူရီအမည်ရှိ ထိုင်းနယ်စပ်မြို့ကလေးရှိ ထိုင်းရဲ တပ်ကြပ်ကြီးတယောက်ပိုင် ကြက်ခြံတွင် နှစ်နှစ်ခန့် အလုပ်လုပ်ခဲ့သည်ဟု ဆိုပါသည်။ ထိုစဉ်က သူ့အသက်မှာ ဆယ့်ငါးနှစ်ဝန်းကျင်ပင် ရှိဦးမည်။အောင်ချိုသည်လစာဟူ၍ မယ်မယ်ရရ မရခဲ့။ သူနေ့စဉ်မှီဝဲရာကား တလုံးကို နှစ်ဘတ်ခန့် တန်သော ကြက်ဥတည်း။
လေးငါးခြောက်လဆက်တိုက် လုပ်ခမရသည့်အခါအောင်ချိုသည် ကြက်ခြံမှ ထွက်ပြေးလျက် ရာဘာခြံတခုတွင်ဝင်ရောက်လုပ်ကိုင်နေရာမှ ကြက်ခြံပိုင်ရှင် ထိုင်းရဲတပ်ကြပ်ကြီးက ပြန်တွေ့သွားပြီး မျက်နှာတခုလုံး စုတ်ပြတ်သတ်ရုံမက ပါးစပ်ထဲမှ သွေးအန်သည်အထိ ရိုက်နှက်ကန် ကျောက်ခြင်းခံရကာ ကြက်ခြံကိုပြန်ရောက်သွားပြန်သည်။ကြက်ခြံတွင် နောက်ထပ်တနှစ်ကျော် ကြာရပြန်သည်။နောက်တကြိမ်တော့ ထိုင်းရဲ၏ ကြက်ခြံမှ အောင်မြင်စွာ ထွက်ပြေးနိုင်ခဲ့ပြီး ဖူးခက်သို့ ရောက်လာသည်။
………………………………
ငယ်ငယ်ရွယ်ရွယ်နှင့်ပင် လောကဓံ၏ ထုထောင်းရိုက်ပုတ်မှုကို ခံစားခဲ့ရခြင်းကြောင့်ပင် ဖြစ်ပေမည်။ အောင်ချိုသည် ကြက်ဥကိုအမုန်းကြီးမုန်းလေ၏။တခါတရံ ဖူးခက်မှ ကုန်တိုက် ကြီးများတွင်ကျနော်ကြက်ဥဝယ်သည့်အခါ “ ဦးလေးရာ၊ စားစရာ ရှားလွန်းလို့ ကြက်ဥမှ ဝယ်စား ရသလား ” ဟုကျနော့်ကို တအံ့တသြမေးတတ်၏။ထို့အပြင် ကျနော့်မိတ်ဆွေထိုင်းရဲများ  ဖုန်းဆက်၍ ကျနော့်ထံမှ အရက်ဘီယာအလှူခံသည့်အခါများတွင် ကျနော်က တောင်းတာ များလွန်းသဖြင့် တလုံးစနှစ်လုံးစလျှော့ရန် ထိုင်းစကားလည်လည်ပတ်ပတ် ပြောတတ်သော အောင်ချို့ကို တယ်လီဖုန်းမှ ပြန်၍ဈေးဆစ်ခိုင်းရသည်။ ကျနော်ထိုင်းဘာသာစကားကို  လုံးစေ့ပတ်စေ့ နားမလည် သော်ငြား ထိုအခါမျိုးတွင် အောင်ချိုသည် ထိုင်းရဲတို့ကို အလိုကို ဆန့်ကျင် ပြောဆိုလိုခြင်းမရှိကြောင်း သိသိသာသာပျက်နေသော သူ့မျက်နှာ ကိုကြည့်ကာ  အကဲခတ်နိုင်လေသည်။သူ ထပ်ချည်းတလဲလဲ တုန့်ပြန်ပြောနေသံကား
“ခပ်ဖုန်” ခပ်ဖုန်” (ဟုတ်ကဲ့ပါခင်ဗျာ) ဟူသတည်း။
………………………….
ရက်စွဲအတိအကျမမှတ်မိသော လွန်ခဲ့သောခြောက်လခန့်က နေ့တနေ့တွင် အိမ်မခန် လမ်းမကြီးပေါ်တွင် အောင်ချို ကားတိုက်ခံရသည်။လာဝိုင်အရပ်က ကိုချာလီတို့အိမ် အ လှူမှာ ကျနော်မုန့်ဟင်းခါးစားနေရင်း အောင်ချို့သတင်းဖုန်းဝင်လာခြင်းဖြစ်သည်။လုပ်ငန်း ခွင်ရှိရာသို့ မော်တော်ဆိုင်ကယ်ဖြင့်အသွား နောက်မှကားက သူ့ကို ဝင်တိုက်သွားသည် ဟု ဆိုပါသည် ။ တိုက်သောကားမှာ မရပ်ပဲထွက်ပြေးသွားပြီး အောင်ချိုမှာဆေးရုံပေါ်တွင် သတိမေ့နေသည်ဆို၏။ကျနော်က စားလက်စမုန့်ဟင်းခါးကို လက်စသတ်၍အောင်ချို ရှိရာ ဆေးရုံ သို့သွားရန်ပြင်ဆင်နေဆဲမှာပင် အောင်ချိုပြန်လာ နေပြီဟု ဖုန်းဝင်လာပြန်ပါ သည် ။ ကျနော့် ဈေးဆိုင်အပေါ်ထပ်က အောင်ချို့အိပ်ခန်းသို့ ကျနော်ရောက်သည့်အခါ အိပ်ရာပေါ်မှာ မှေးနေသော အောင်ချို့ကိုတွေ့ရသည် ။ ဆိုင်ကယ်ပေါ်မှ လွှင့်စင် ကျသွား ပြီး ကတ္တရာလမ်းမနှင့် ဦးခေါင်းရိုက်မိထားသည်ဟု သူ့ ဘေးမှာထိုင်နေသော သူ့ သူငယ် ချင်းကဆိုပါသည် ။ အမှန်စင်စစ် ဦးခေါင်းဒဏ်ရာရရှိ သူအား ဆေးရုံတွင်နှစ်ရက်တန်သည် သုံးရက်တန်သည်  ခေါင်းမူးနေခြင်း ရှိမရှိ အစာ အန်ခြင်း ရှိမရှိ စောင့်ကြည့်ရသင့်သော် လည်း တာဝန်ကျ ဆရာဝန်က
မြန်မာမှန်း သိသည်နှင့် သတိရလျှင်ရခြင်း ပြန်လွှတ်လိုက် ဟန်တူလေ၏။
……………………………………..
အောင်ချိုသည်နောက်နေ့တွင်လည်း ဘာမှစကားမေးမရ၊အူကြောင်ကြောင်ဖြစ်နေလေ၏။ သူက ကျနော့်ကို ပြန်၍ “ဦးလေး ကျနော်ဘာဖြစ်နေတာလဲ၊ ဘာကြောင့်ဦးလေးတို့အခန်း ကို ကျနော်ပြန်ရောက်နေတာလဲဟုသာ ထပ်ချည်းတလဲလဲ မေးရှာသည်။ လေးငါးရက်နေမှ ပုံမှန်အခြေအနေ ပြန်ရောက်သည်။
သူ့ဖြစ်ပုံ နှင့်ပတ်သက်၍အမ်မခန်ဖက်ကို ဆိုင်ကယ်ဖြင့်အသွား နောက်မှတစုံတခုက သူ့ကို အုန်းကနဲနေ အောင်ဝင်တိုက်လိုက်သည်ဟုသာ ပြောနိုင်တော့သည်။
အောင်ချို့ကို တိုက်သွားသည့်ကားကိုလည်း မစုံစမ်းဖြစ်တော့ပါ။ စုံစမ်းနိုင်သည့်တိုင် ယာဉ် မောင်းလိုင်စင်မရှိဘဲ မော်တော်ဆိုင်ကယ်မောင်းသည့် အောင်ချိုအဖို့ လျော်ကြေးရရန် အကြောင်းမမြင်ချေ ။ ဖွတ်သည်ထက်ညစ်စရာ ဖြစ်လာပြန်သည်ကား ရှိစုမဲ့စု ငွေဖြင့်ဝယ်ထားသော ဆိုင်ကယ်ကို အခင်းဖြစ်ပွားရာနေရာတွင်ရဲက သိမ်းသွားပြန်သဖြင့် ဆိုင်ကယ်ပါဆုံးမည့် အခြေအနေဆိုက်လာခြင်းပင် ။ရဲစခန်းကိုလိုက်လျှင်လည်း ကားတိုက်ခံရသော လူနာအမှုပြန်ပတ်ပေတော့မည်။ ကျနော်အသိမိတ်ဆွေထိုင်းရဲများအကူအညီဖြင့် သူ့ဆိုင်ကယ်ပြန်ရွေးပေးမည့် အကြောင်း အောင်ချို့ကို စကားကမ်းသော်လည်း စကားပြန် မရချေ။ အချိန်မှီပြန်မဆပ်နိုင် မည့်အရေးကို သူတွေးပူပန်ဟန်ရှိလေ၏။
……………………………….
ဤသို့လျှင် ဆယ့်ငါးရက်ခန့် အကြာတွင်မူ အောင်ချိုကိုတိုက်သွားခဲ့သည့် ကားသမားသည် ကျနော့်ဆိုင်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့သည်။ ရောက်လာရသည့် အကြောင်းကား အောင်ချို့ကြောင့် ပျက်စီးသွားသည့် ကားရှေ့ပိုင်းအတွက် လျော်ကြေး ရလိုမှုတည်း။
ကြားစကသော် ကျနော်နားကိုပင် ကျနော်မယုံနိုင်ချေ။ တခုခုမှားယွင်းနေလေသလော။
လူမှားနေလေသလော။ သေချဂဃနဏ စုံစမ်းသိရှိလာရသည့်အခါ လျော်ကြေးလာ တောင်း ကြောင်းသေချာလေသည်။ထိုင်းကားသမားသည် သူတိုက်ခဲ့သော ဆိုင်ကယ်မောင်းသူမှာ မြန်မာဖြစ်ကြောင်း စုံစမ်းမိသွားဟန်ရှိပါ၏။
အကယ်၍ အောင်ချို့နေရာတွင် ထိုင်းလူမျိုးတယောက်ဖြစ်ပါမူ ကားတိုက်ခံရမှုအတွက် သေချာပေါက်လျော်ကြေးရပေလိမ့်မည်။ ယခုမူကား တိုက်သွားသောကားက အတိုက်ခံ ရသော လူနာကို  လျော်ကြေးအဖြစ် ထိုင်းဘတ်ရှစ်ထောင်တောင်းနေလေ၏။မြန်မာဖြစ်ရသော ဒုက္ခကားကြီးလေစွ ။
အောင်ချိုကား ထိုင်းဘတ်ရှစ်ထောင်ပေးလျော်နိုင်သော အခြေအနေမရှိလေရာလျော်ကြေး ကို လျော့ပေါ့ပေးပါမည့်အကြောင်း တိုးလျှိုးတောင်းပန်သော်ငြား ကားပိုင်ရှင်မှာတပြား သားမျှမလျော့ဟုဆိုကာ တင်းခံနေလေသည်။ အဖြစ်အပျက်အလုံးစုံကို ကြားနေမြင်နေရသော ကျနော့်မှာ မခံမရပ်နိုင်လွန်းသဖြင့် ကားမောင်းသူနှင့်ကျနော် ထိပ်တိုက်ရင်ဆိုင်ရန် အောင်ချို့ကိုပြောသော်လည်း “ ဦးလေးဝင်ပါရင် ပိုဆိုးကုန်မယ် ” ဟုဆိုလေသဖြင့် ကျနော့်မှာ ရှေ့မတိုးသာပြန်ချေ ။ နောက်ဆုံးတွင်ကား အောင်ချိုက အမှုဖွင့်လိုလျှင် ဖွင့်စေတော့ ၊ မလျှော်နိုင်ပါဟုတင်းခံလိုက်သဖြင့်
တဖက်မှ အသံတိတ်သွား လေသည်။
………………………………
နောက်သုံးလခန့်အကြာတွင်မူ အောင်ချိုတယောက် သူ့ဇာတိမော်လမြိုင်သို့ အပြီးပြန် သွားပါလေတော့သည် ။သူပြန်ခါနီးအချိန်၌ “ ဦးလေးရယ်၊ အဖေသေတုန်းကလည်း အလောင်းတောင်မမြင်လိုက်ရပါဘူး၊ အခုလည်း အမေက မမာမကျန်းနဲ့ ၊တခုခုဖြစ်သွား ရင် ကျနော်ဖြေနိုင်မှာမဟုတ်ပါဘူး၊ ဗမာပြည်မှာပဲ ရရာအလုပ်လုပ်စားပါတော့မယ်” လေသံ တိုးတိုး ငြိုးငြိုးငယ်ငယ် ပြောသွားခဲ့သည် ။
……………………………..
ကျနော်ရောက်နေသော ဖူးခက်မြို့ကြီးတွင် မြန်မာတို့၏ဘဝသည် လွန်ခဲ့သောအနှစ်လေး ဆယ်ဝန်းကျင်ကသော် ဤသို့မဟုတ်ဟု ဆိုကြပါ၏။
ကျနော့်ထံမှ  မြန်မာပစ္စည်းလက္ကားဝယ်နေသူသော ဦးသိန်းအောင်သည် လွန်ခဲ့သောအနှစ် လေးဆယ်ခန့်က ဖူးခက်သို့ရောက်ကာ
ထိုင်းအမျိုးသမီးတဦးနှင့် အကြောင်းပါခဲ့သူ ဖြစ်သည်။
သူထိုင်းနိုင်ငံရောက်ခဲ့ပုံနှင့်ပတ်သက်၍ “ ဆရာ၊ ကျနော်က ဆင်ကြယ်တံဆိပ် ဖိနပ်ကို သူများနည်းတူစီးချင်တာနဲ့ ထိုင်းရောက်လာတာပါပဲ ဆင်ကြယ်ဖိနပ်စီးချင်တာကို အိမ်ကဝယ်မပေးတာနဲ့ စိတ်ဆိုးပြီး ထွက်လာလိုက်တာ ထိုင်းကိုရောက်လာတာပါပဲ။ အဲဒီတုန်းက ဗမာပြည်မှာ အလုပ်အကိုင်ပိုကောင်းတယ် ဆရာရဲ့။ ငွေရှာရတာလည်း ထိုင်းမှာထက်လွယ်တယ်။ ဗမာငွေတကျပ်ကို ထိုင်းငွေသုံးလေးကျပ်တန်တယ်ဆရာ ။ကျနော်တို့ခေတ်က မြန်မာဆို ထိုင်းအမျိုးသမီး တွေက သိပ်သဘောကျကြတာ ဆရာရဲ့။ထိုင်းတွေဗမာကို အထင်ကြီးနေရတဲ့ အချိန်ပေါ့။ အခုတော့ ဆရာရယ် ၊ ထိုင်းမှာဗမာ တယောက်သေတာ ခွေးတကောင်သေတာလောက်တောင် အရေးမပါတော့ပါဘူး ”ဟု ဆိုဘူးလေသည်။ နှစ်ပြည်ထောင်အခြေအနေတို့ကား မိုးနှင့်မြေပမာ များစွာခြားနားခဲ့လေပြီ 
………………………………
“ဇာတိမာန်”ဟူသော စကားကိုကြားရုံဖြင့်ပင် လိပ်ပြာနှင့် နှိုင်းယှဉ်အပ်သည့် ကျနော်၏စိတ်ဝိဉာဉ်သည် ငွားငွားစွင့်စွင့် ပွင့်လန်းလျက်ရှိသော ပဒုမ္မာကြာပွင့်ဆီသို့ ခိုဝင်လိုပါလျက် ပန်းမာလ်ကင်းသော၊လူသူကွယ်ရာတောအုပ်တွင်းသို့ ညှိုးငယ်စွာ ပျံသန်းပြေးလွှားပုန်း အောင်းသွားရသော ပျားပိတုန်းပမာ ရှိလေ၏။
(အလွန်သဘောကျလို့ တင်လိုက်သည်)
@mindin.info

Wednesday, May 19, 2010

Why so pleasant?

Question:
Living in the forest peacefully,
leading the holy life,
Partaking food once for the day,
how is the face so pleasant?
Answer:
Does not grieve the past,
does not think of the future,
Satisfied in the present,
by that the face is pleasant.
SN I P-5

Tuesday, May 18, 2010

Sila


Silena sugatim yanti
Through virtue they go to heaven.
Silena bhoga-sampada
Through virtue wealth is attained.
Silena nibbutim yanti
Through virtue they go to liberation —
secure happiness, free from all suffering and stress.
Tasma silam visodhaye
Thus we should all purify our virtue.

Monday, May 17, 2010

ဆိုက်ကားအားလား

`ဘာပြောတယ် လော်ရာ´
`စိတ်မ၀င်စားဘူးလို့ ပြောတာပါ ဒယ်ဒီ ´
`မရဘူးသမီး ။ ဒီခေတ် ဒီအချိန်ခါကြီးထဲမှာ သမီး ဗမာစကားမတတ်လို့မရဘူး´
`ဒါဆိုလဲ နောက်မှတက်မယ်ဒယ်ဒီ။
အခု သမီးမှာ အင်္ဂလိပ်စာသင်တန်းနဲ့ ဂျပန်ယဉ်ကျေးမှုသင်တန်းတွေတက်ရဦးမယ်´
`အဲဒါ ခက်တာပဲ .. မင်းတို့ကလေးတွေ ဘာက အရေးကြီးလဲဆိုတာ မခွဲခြားနိုင်သေးဘူး။
ဗမာစကားတတ်ရင် ကမ္ဘာမှာ မင်းသွားချင်တဲ့နိုင်ငံဆီသွားပြီး အလုပ်လုပ်လို့ရပြီ။´
`အင်္ဂလိပ်စာထက်ပဲ အသုံးဝင်ရဦးမလား ဒယ်ဒီရာ´
`၀င်ပြီလား သမီး .. ကဲ မင်းဗမာစာ ၊ ဗမာစကားတတ်ပြီဆိုပါတော့ .. ။
မင်း ရန်ကုန်က မာစတာသင်တန်းတွေ တက်ခွင့်ရမယ်။
မင်းဘူးဦးသြဘာသရဲ့ စာကောင်း စာခန့်တွေဖတ်လို့ရမယ်။ ပြီးတော့…´
`ရှိတ်စပီးယားပဲ ကောင်းရဦးမလား ဒယ်ဒီရာ။ ဂျာမန်လူမျိုးအဖေက ဒီလိုပြောတာကို အံ့သြမိပါရဲ့´
`ဘာကွ .. အေး ၂၀၀၀ ပြည့်နှစ်လောက်ကဆို ငါပြောတာမှားချင်မှားမယ်။ အခုလို အချိန်မှာတော့
မင်းဗမာစာမတတ်ရင် ဘာဖြစ်သွားမှာလဲသိလား´
`သိပ်တော့မထူးပါဘူး´
`ဟာ .. သိပ်ထူးတာပေါ့ သမီးရယ်။ ဒယ်ဒီပြောပြမယ် နားထောင်။ ဗမာစာမတတ်ရင်
နောက်နှစ်ဆန်းမှာထွက်လာမယ့် Window Popa (၀င်းဒိုးပုပ္ပါး) ကို မင်းဘယ်လိုသုံးမလဲ။ ထားပါတော့ .. မင်းက open source တို့ Linux တို့ရဲ့ ဟင်္သာရောင်အပိုင်း(၆) .. ( Hintha Shine Core 6 )ကိုရော ဘယ်လိုကိုင်တွယ်မလဲ .. ။ အလုပ်လုပ်လို့ မကောင်းတော့တဲ့ Window Vista
နဲ့ နေခဲ့ချင်ရင်တော့ မင်းအမေရိကကိုသွားတော့။
ခေတ်ရှေ့ပြေးနေတဲ့ အရှေ့တောင်အာရှကို မလာနဲ့တော့။
နောက်ပြီး Cell Phone နဲ့ မြေပုံစနစ်တွေမှာဆိုရင် ဗမာစာမတတ်ရင် မင်းသုံးရခက်ပြီ´
`ဘာဆိုင်လဲဒယ်ဒီရာ´
`ဆိုင်တာပေါ့ .. On Touch Screen နဲ့ Voice Command တွေသုံးထားတဲ့ (ဆ.သ.ရ)
အမျိုးအစားဖုန်းတွေကို မင်းဘယ်လိုအသုံးချမလဲ။ မြေပုံစာတန်းတွေကလည်း ဗမာလိုတွေလေ´
`Sony နဲ့ Nokia ကတော့ အင်္ဂလိပ်လိုသုံးပါသေးတယ်ဒယ်ဒီရာ´
`ဒယ်ဒီသိပြီ .. ငါ့သမီးက ၀ိဇ္ဖာတန်းတက်ပြီး ခေတ်နဲ့မျက်ခြေပြတ်နေတာကိုး ..
။ မင်းပြောတဲ့တံဆိပ်တွေက နည်းပညာပိုင်းမှာ (ဆ.သ.ရ)ကို မမှီတော့ဘူးကွ။ စစ်ကိုင်းမှာ လုပ်သွားတဲ့ (ဆ.သ.ရ) အရောင်းမြှင့်တင်ရေးကို M.R.T.V ၂၃က တိုက်ရိုက်လွှင့်လို့ ဒယ်ဒီကြည့်လိုက်ရတယ်။ သိပ်ကိုကောင်းတဲ့ လက်ကိုင်ဖုန်းတွေပဲသမီး . ။ Nokia ဆိုတာ
ကလေးကစားတာပါကွာ။ ကဲ .. ဒီတော့ သမီးဗမာစာသင်တန်းတက်။ ပြီးရင် နောက်လထဲ ဒယ်ဒီဗမာပြည်သွားရင် လိုက်ခဲ့တော့.. ဟုတ်ပြီလား´
`ဗမာပြည်ဝင် ဗီဇာက ထင်သလောက် မလွယ်ဘူးနော်။ နောက်ပြီး ဒယ်ဒီက ဘာသွားလုပ်မှာလဲ´
`ဒယ်ဒီက တောင်ငူမှာလုပ်မယ့် လေယာဉ်ပြပွဲကိုသွားမယ်။ ဗမာပြည်လုပ် `မိုးယံဆင်´ငါးထပ်
လူစီးလေယာဉ်ကို အဓိကကြည့်ချင်လို့ပါ။ အဲဒီလေယာဉ်က ပြေးလမ်းမလိုဘူး။ ပြီးတော့ မြကျွန်းသာပန်းခြံထဲက ရေအောက်ပြခန်းလုပ်မယ့် စက်ရုပ်အလေးမပြိုင်ပွဲပါ ၀င်ကြည့်မလို့လေ´
`စိတ်ဝင်စားဖို့တော့ကောင်းသား .. ဒါပေမယ့် အစားအသောက်ကရော အဆင်ပြေပါ့မလားဒယ်ဒီ´
`ဟားဟား ငါ့သမီးကလဲ သူ့အမေနဲ့တူလာပြီ။ ကြံဖန်ပူတတ်လာတယ် .. ဒီမယ် ငါ့သမီး. ဗမာပြည်မှာ မရတာမရှိတော့ဘူး။ သမီးဘာစားချင်သလဲ။
အဆူးမပါ အနံ့ကင်းတဲ့ ၂၀၀၄ခုနှစ် စတိုင်ဒူးရင်းသီးလား။
သယ်ယူရ လွယ်ကူတဲ့ လေးထောင့်ပုံကြက်ဆင်ဥလား။ လေဆာနဲ့အရိုးတွေကိုချေပြီး တစ်ကောင်လုံးဝါးစားလို့ရအောင် လုပ်ထားတဲ့ ငါးသလောက်ပေါင်းလား။
ဥရောပတွေအတွက် သီးသန့်လုပ်ထားတဲ့ အဖြူရောင်ပုန်းရေကြီးလား။ .. ဒါမှမဟုတ်´
`တော်ပါပြီဒယ်ဒီရယ်။ ဗိုက်တောင်ဆာလာပြီ .. သွားရေးလာရေးနဲ့ဆက်သွယ်ရေးက ..´
`သမီးမေးခွန်းတွေက နည်းနည်းဘေးရောက်လာပြီ ။ ဗမာပြည်သွားမယ်ဆိုရင် ဒါတွေထည့်စဉ်းစားဖို့ကို မလိုတော့ဘူးလေ။ လေယာဉ်ပေါ်ကဆင်းတာနဲ့ အောက်ဆီဂျင်စစ်စစ်ပေးထားတဲ့ လေရှုဘူးတွေ ထုတ်ပေးမယ်။
နေရောင်ခြည်ကာတဲ့ ဦးထုပ်နဲ့မျက်မှန်လည်းပေးမယ်။
ရာသီဥတုကြောင့်တော့ သမီးမပူရတော့ဘူး။ သမီးသွားမယ့် ဟိုတယ်တိုင်းမှာ သမီးစီးမယ့်ကားတံခါးကိုလာကပ်မယ့် Tube တွေရှိတယ်။ အဲဒီအပေါ် ခြေထောက်ချလိုက်ရုံနဲ့ အလိုအလျောက်ရွေ့လျားသွားပြီး သမီးကို Reception ကိုပို့ပေးလိမ့်မယ်။
အဲဒီမှာ ဘာသာစကားအနည်းဆုံး ၅၉၀လောက်ပြောတတ်တဲ့ ဟိုတယ်ဝန်ထမ်းတွေ စောင့်နေလိမ့်မယ်.. ။ နောက် ဘာတဲ့ ဆက်သွယ်ရေး ဟုတ်လား။
ဗမာနယ်စပ်ကို လေယာဉ်ဖြတ်တာနဲ့ အင်တာနက်ကွန်နက်ရှင်ရပြီး GSM တွေသယ်လာရင်ပြောလို့ရပြီ။ အဲ .. ကိုယ့်ဖုန်းကိုယူလာဖို့ မေ့ရင်လည်း မပူနဲ့။
လေဆိပ်မှာ လက်ကမ်းစာစောင်ဝေသလို GSM တွေဝေနေတဲ့ ချာတိတ်တွေရှိတယ်။ ကြိုက်တဲ့ SIM Card ရွေးယူ။ Hand Set ကတော့ ထုတ်ထားတာ ၂ပတ်ကြာတဲ့ မော်ဒယ်ဆိုရင် အလကားယူလို့ရတယ်လေ။ အများစုကတော့ ဆသရလို့ခေါ်တဲ့ ဆက်သွယ်ရေးတံဆိပ်တွေပဲ´
`သြော် ကောင်းလိုက်တာနော် အစိုးရနဲ့နိုင်ငံရေးရော ……. ´
`အစိုးရ … အစိုးရ .. ဒီအစိုးရတော့ကွာ .. ဒီလိုရှိတယ် … ဒယ်ဒီပြောမယ်´
ထိုစဉ် `ဆိုက်ကားအားလား´ဟူသော ခရီးသည်အသံကြောင့် ကျွန်တော်လည်းအိပ်ယာလန့်နိုးသွားကာ
ခရီးသည်ကို လိုရာသို့တင်ဆောင်လိုက်ပို့လေသတည်း။
from forwarded mail

Sunday, May 16, 2010

ကမ္ဘာပေါ်က အငြိမ်းချမ်းဆုံးတိုင်းပြည်


“ ဒေသတခုသည် 'ရွာ' ဖြစ်ချင်ဖြစ်မည်၊'တော' ဖြစ်ချင်ဖြစ်မည်၊ 'ချိုင့်ဝှမ်း' ဖြစ်ချင်ဖြစ်မည်၊ ' ကြည်းကုန်း'ဖြစ်ချင်ဖြစ်မည်။ မည်သို့ပင်ဖြစ်စေ သူတော်စင်များနေထိုင်ရာဖြစ်ရိုးမှန်ပါက ထိုဒေသသည် ကမ္ဘာ့မြေပြင်တွင် ပျော်မွေ့ဖွယ်အကောင်းဆုံးဖြစ်၏”
(ဓမ္မပဒ ဂါထာ အပိုဒ် - ၉၈)
နယူးဇီလန်နိုင်ငံသည် ကမ္ဘာပေါ်၌ အငြိမ်းချမ်းဆုံးနိုင်ငံဖြစ်ကြောင်း (The Australian Newspaper)
သြစတြေးလျှ သတင်းစာကြီးမှ Global Peace Index(http://visionofhumanity)
မှထုတ်ပြန်သော နှစ်ပတ်လည်စစ်တမ်းအား ကိုးကား၍ ဖေါ်ပြလိုက်ပါသည်။
ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၄၄ နိုင်ငံတို့၏ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ လာဘ်ပေးလာဘ်ယူစသည့် အခြေအနေ များအပေါ် လေ့လာဆန်းစစ်မှုအရ
နယူးဇီလန်နိုင်ငံသည် ကမ္ဘာပေါ်၌ နေချင်စဖွယ် အငြိမ်းချမ်းဆုံးနိုင်ငံဖြစ်ကြောင်း
အဆိုပါ သတင်းစာကြီး၌ ဖေါ်ပြထားပါသည်။
သြစတြေးလျှနိုင်ငံသည် ကမ္ဘာ့ အဆင့်(၁၉) ရှိပြီး၊
ဇွစ်ဆာလန်နိုင်ငသည် အဆင့်(၁၈)နှင့် ချီလီနိုင်ငံသည် အဆင့်(၂၀) ရှိပြီး
လွန်ခဲ့သောနှစ်ကထက် အဆင့် (၈)ဆင့် တိုးတတ်လာခဲ့ကြောင်းသိရပါသည်။
နယူးဇီလန်နိုင်ငံသည် သွေးထွက်သံယိုအဓိကရန်းဖြစ်ပွါးမှု
အလွန်နည်းပါးအောင်ဆောင်၇ွက်နိုင်ခြင်း၊ နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ အသုံးစရိတ်
လျော့ချသုံးစွဲခြင်းတို့အား လက်ရှိ ကွန်ဆာဗေးတစ်ညွှန့်ပေါင်းအစိုးရမှ
ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းတို့ကြောင့် တိုင်းပြည်သည်
အလွန်အေးချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတတ်လျှက်ရှိပါသည်။
အလယ်အလတ်လက်ယာ အမျိုးသားပါတီသည် ပါလီမန်အတွင်း လူကြိုက်များပြီး
ပါလီမန်အတွင်းလည်း အင်အာကောင်းမွန်လာခဲ့အောင် ဆောင်ရွက်နိုင်ငခဲ့ခြင်းတို့ကြောင့် ၀န်ကြီးချုပ် Mr. John Key မှ သူ၏အတွေးနှင့် လုပ်ငန်း အစီအစဉ်များကို
အကောင်းဆုံးဖြစ်ဆောင်ရွက်နိုင်ခဲ့ကြောင်း
နိုင်ငံတော်အစီရင်ခံစာ၌လည်း ဖေါ်ပြထားပါသည်။
ကီဝီသတ္တါပုံလေးအားနိုင်ငံတော်တံဆိပ်အဖြစ် အသုံးပြုသော နယူးဇီလန်နိုင်ငံ၌ ရာဇ၀တ်မှု၊ လူသတ်မှုနှင့် လူ့အခွင့် အရေးချိုးဖေါက်ခံရမှုများ ကင်းရှင်းသော
ကမ္ဘာ့ထိတ်တန်းနိုင်ငံအဖြစ် ထင်ရှားကျော်ကြားလှပါသည်။
ယခင်က အိုင်စလန်နိုင်ငံမှ ဦးဆောင်နေခဲ့သော်လည်း ပြီးခဲ့သော စက်တင်ဘာလမှစ၍ စီးပွါးရေးကျဆင်းမှုနှင့် ဘဏ်များပြိုကျမှုတို့ကြောင့် နိုင်ငံအ၀န်း ဆန္ဒပြမှုများ၊
အဓိကရုန်းများ သွေးထွက်သုံယိုဖြစ်ပေါ်ခဲ့သောကြောင့် နယူးဇီလန်သည်
ကမ္ဘာ့အဆင့် (၄)မှ အဆင့် (၁) အဖြစ်သို့ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။
နော့်ဒစ်(Nordics) နိုင်ငံများဖြစ်ကြသော ဒိန်းမက်သည် ကမ္ဘာ့ ဒုတိယ၊ နော်ဝေးသည် တတိယနှင့်
အိုင်စလန်သည် စတုတ္ထအဆင့် နှင့် သြစတီးယားနှင့် ဆွီဒင်တို့သည့် ပဉ္စမနှင့်
ဆဌမနေရာအဆင့် စသည်ဖြင့် အသီးသီးရှိကြပါသည်။
နယူးဇီလန် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခများလေ့လာရေးအမျိုးသားဌာနကြီးမှ
ဒါရိုက်တာ ( Professor Kevin Clements က
“ ဒါဟာ တိုင်းပြည်တွင်းနေထိုင်ကြသော ပြည်သူလူထုတွေရဲ့
အလွန်ချစ်စရာကောင်းတဲ့ ဓလေ့စရိုက် လက္ခဏာတွေကို ညွှန်ပြနေတဲ့ သဘောပါဘဲ” လို့
ပြောကြားခဲ့ပါသည်။ တဆက်တည်းမှာဘဲ
“ ခင်ဗျားတို့လည်းတွေ့မှာပါ ထုတ်ပြန်တဲ့စာရင်းအရဆို ကမ္ဘာ့ အငြိမ်းချန်းဆုံး နိုင်ငံပေါင်း (၂၀)
ကိုကြည့်ရင် နိုင်ငံငယ်လေးချည်းပါဘဲဗျာ.. သို့ပေမယ့် သူတို့မှာ ချစားမှု၊
အကျင့်စာရိတ္တပျက်ပြားမှုတွေနဲ့ဆက်စပ်တဲ့ ပဋိပက္ခတွေမဖြစ်ရအောင်
ပြည်သူ့ဘ၀လုံခြုံရေး၊ လူမှု့ဖူလှုံရေးနှင့် သက်သာချောင်ချိရေး အတွက်
အလွန်ခိုင်မာတဲ့ လုပ်ငန်းစဉ်တွေ အပေါ်အခြေခံ၍ ဆောင်ရွက်နိုင်ခဲ့ကြပါတယ်”
လို့ Professor Kevin Clements ကဆိုပါသည်။
Global Peace Index စစ်တမ်းအရ ဂျပန်နိုင်ငံသည် အဆင့်(၇)၌ တွေ့ရပြီး
မနှစ်ကထက် (၂) ဆင့်လျော့ကျသွားကြောင်း တွေ့ရပါသည်။
ကနေဒါသည် အဆင့် (၈)၊ ဂျာမဏီ အဆင့်(၁၆)၊ ပြင်သစ် အဆင့် (၃၀)၊ အီတလီ အဆင့်(၃၆)၊ ဗြိတိန်မှာ အဆင့် (၃၅) ရှိပြီး ယခင်နှစ်ကထက် အဆင့် (၁၄)ဆင့်တိုးတတ်လာကြောင်းတွေ့ရပြီး၊
အမေရိကန် ပြည်ထောင်စုသည် အဆင့် (၈၃) ရှိပြီး ယခင်နှစ်ကထက်
အဆင့်(၁၃) ဆင့်တိုးတတ်လာကြောင်း Global Peace Index စစ်တမ်း၌ ဖေါ်ပြထားပါသည်။
မြန်မာနိုင်ငံကတော့ မနှစ်ကနှင့်အတူတူ အဆင့် (၁၂၆) ၌ ရှိကြောင်းတွေ့ရပါသည်။
အီရက်နိုင်ငံကတော့ သုံးနှစ်တာကလအတွင်း နိုင်ငံအတွင်း၌
သွေးထွက်သံယိုမှုများအပြည့်နှင့် ပြည်သူ့ဘ၀ လုံခြုံမှု မရှိသောကြောင့်
အောက်ဆုံးအဆင့်(၁၄၄) ၌ရှိပါသည်။
`၎င်းမှစတင်ရေတွက်သော် အာဖဂန်နစ္စတန်(၁၄၃)၊ ဆိုမာလီယာ (၁၄၂)၊
အစ္စရေး(၁၄၁)၊ ဆူဒန်(၁၄၀)၊ ကွန်ဂို(၁၃၉)၊ ချဒ်(၁၃၈)၊ ပါကစ္စတန်(၁၃၇)၊
ရုရှား(၁၃၆)၊ ဇင်ဘာဘွေ (၁၃၅) စသည့်နိုင်ငံများသည်
ငြိမ်းချမ်းသာယာမှုကင်းမဲ့နေသော နိုင်ငံများဖြစ်ကြောင်း Global Peace Index
လေ့လာဆန်း စစ်ချက်များက ညွှန်းဆိုနေပါကြောင်း တင်ပြလိုက်ရပါသည်။
ဝမ်းအိုဝမ်း
Ref:
http://www.visionofhumanity.org/index.php
http://www.visionofhumanity.org/gpi/results/rankings.php
The Australian Newspaper

Saturday, May 15, 2010

ဆန်ကာ (၃) ခု


တစ်ခါက ဆိုကရေးတီး၏ တပည့်တစ်ဦးသည် သူ့ထံသို့ ပြေးလာပြီး “ဆရာ ထင်မှတ်မထားတဲ့ သတင်းတစ်ခု ပြောပြချင်တယ်” ဟူ ပျာပျာသလဲပြောသည်။
ဆိုကရေးတီးက “ ခဏနေဦး....အခုပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ စစ်ပြီးပြီလား” ဆိုကရေးတီး၏ ဆိုလိုချက်ကို သဘောမပေါက်သော တပည့်မှာ ခေါင်းခါပြသည်။
ဆိုကရေးတီးက ဆက်၍ “တစ်ခြားလူကို မပြောခင် ဆန်ကာသုံးခုနဲ့ အရင်စစ်ရတယ်...ပထမ ဆန်ကာကို စစ်မှန်တဲ့ ဆန်ကာလို့ခေါ်တယ်။ ငါ့ကို ပြောမယ့် သတင်းက အမှန်လား”
“မှန်မမှန် ကျွန်တော်လဲ မသိဘူး....လူတွေပြောတာ ကြားလိုက်လို့”
“မှန်တယ် မမှန်ဘူးဆိုတာကို မသိရင် အဲဒီ သတင်းကို ဒုတိယဆန်ကာနဲ့ စစ်ကြည့်.... ငါ့ကိုပြောမယ့် သတင်းက အကောင်းလား”
“မဟုတ်ဘူး”
“ဒီလိုဆိုရင် တတိယဆန်ကာနဲ့ ပြန်စစ်ကြည့်...
ငါ့ကို အရမ်းပြောပြချင်နေတဲ့ သတင်းက အရေးကြီးတဲ့ သတင်း လား”
“ မကြီးပါဘူး”
“အရေးမကြီးတဲ့ သတင်း နောက်ပြီး အကောင်းပြောမယ့် သတင်းလဲ မဟုတ်ပြန်ဘူး...
သတင်းမှန် ဟုတ်လား မဟုတ်ဘူးလားဆိုတာလဲ မသိဘဲနဲ့ ဘာလို့ ပြောပြချင်ရတာလဲ... ပြောပြန်ရင်လဲ စိတ်အနှောင့်အယှက်ဖြစ် တာပဲ အဖတ်တင်မယ်။
မဟုတ်မမှန်ပြောတတ်တဲ့ လူတွေရဲ့ စကားကို မယုံနဲ့
ဖြားယောင်းသွေးဆောင် သူတွေရဲ့ စကားတွေ နားထဲ မ၀င်စေနဲ့။
သူတို့ဟာ စေတနာပါလို့ ပြောတာထက် သူတစ်ပါးကို ချောက်တွန်းဖို့က များတယ်။
အဲဒီလို လူမျိုးနဲ့ပေါင်းရင် တစ်နေ့ကိုယ်လည်း ချောက်တွန်းခံရတတ်တယ်။ ဒါကြောင့် ကိုယ်ပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ အရင်စစ်ဆေးသင့်တယ်”
အတင်းဆိုတာ ထက်မြက်တဲ့ ဓားသွားထက် ကြောက်ဖို့ကောင်းတယ်။
လူတစ်ယောက် ကို ဒဏ်ရာဒဏ်ချက် မမြင်စေဘဲ ထိခိုက်နိုင်တယ်။
တစ်ခြားလူ ထိခိုက်မှ ရလာမယ့် ပျော်ရွှင်မှုမျိုးကို တစ်ချို့က နှစ်သက် တတ်ကြ တယ်။
စကားကို လူတိုင်းပြောတတ် တယ်။ ဒါပေမယ့် စကားကောင်း တွေကို လူတိုင်း မပြောတတ်ကြဘူး။
from foreverfriend

Friday, May 14, 2010

ပြန်လာစေချင်သည်

သန်းထွဋ်အောင်
(၁)
မေလ ၅ ရက်နေ့က မမျှော်လင့်ဘဲ ဆေးရုံတစ်ရက်တက်လိုက်ရပါတယ်။ ရင်ဘတ်ရုတ်တရက်အောင့်လာလို့ ဆရာဝန်က စိတ်ချရအောင်
ဆေးရုံမှာ ခဏနေပါဆိုလို့ နေရတာပါ။
အဲဒီဆေးရုံတစ်ညမှာ သေခြင်းတရားကို ဆင်ခြင်ကြည့်မိတယ်။
ကျွန်တော့်အသက် ၄၇ နှစ်ပြည့်ခါနီးပြီ။ အခုလည်း သေနိုင်တယ်။
နောက်ထပ်နေရလှ အခုအသက်ရဲ့ တစ်ဝက်ဆိုရင်လည်း ကံကောင်းလှပြီ။ပြီးတော့ ကျွန်တော်လက်ရှိအခြေအနေကို နှလုံးသွင်းဆင်ခြင်မိပါတယ်။
ကျွန်တော်ရဲ့ လက်ရှိဘ၀အ ခြေအနေက ရောင့်ရဲတင်းတိမ်ကျေနပ်စရာပါပဲ
(လောကီ၊ လောကုတ္တရာ)။
လွန်ခဲ့တဲ့နှစ် ၃၀၊ နှစ် ၂၀ က ရည်မှန်းခဲ့တာတွေနဲ့ နှိုင်းရင် တင်းတိမ်ကျေနပ်သင့်ပြီ။
ဒါပေမဲ့ ကျွန်တော့်ရဲ့ပတ်ဝန်းကျင်၊ လူ့အဖွဲ့အစည်း၊ ကျွန်တော့်ရဲ့ နိုင်ငံနဲ့လူမျိုးအတွက် ကျွန်တော်မက်ခဲ့တဲ့ အိပ်မက်တွေကို ပြန်စဉ်းစားမိတဲ့အခါ ကျွန်တော်မသေချင်သေးဘူး။ ကျွန်တော်မက်ခဲ့တဲ့အိပ်မက်တွေ အပြင်ဘ၀မှာ မြင်ခဲ့ချင်သေးတယ်။
ကျွန်တော့်အတွက်ထက် နောက်မျိုးဆက်တွေ အိပ်မက်လှလှမက်နိုင်ဖို့အတွက်
ကျွန်တော်လုပ်နိုင်သမျှ လုပ်ခဲ့ချင်ပါသေးတယ်။
(၂)
ကျွန်တော်နဲ့ကျောင်းမှာ အခင်ဆုံးဆိုတဲ့ သူငယ်ချင်းအတော်များများက ဒီနိုင်ငံမှာ မရှိကြပါဘူး။ လွန်ခဲ့တဲ့အနှစ် ၂၀ ကျော်ကတည်းက ရေကြည်ရာမြက်နုရာ၊ ဘ၀ရဲ့ရည်မှန်းချက်တွေ၊
ခံစားမှုတွေနဲ့ နိုင်ငံရပ်ခြားမှာ ရောက်နေကြတာပါ။
အစပိုင်းမှာ တော့ ကျွန်တော်တို့တစ်တွေ အသက်ကြီးလို့ အနားယူခါနီးရင်၊ သားသမီး တွေကြီးရင်၊ ဒါမှမဟုတ် ၅၀ ကျော်ရင် ပြန်ပြီးအခြေချကြဖို့၊ ဆုံကြဖို့ စကားတွေရှိပါတယ်။ အခုနှစ်နှစ်၊ သုံးနှစ်အတွင်း သူတို့နေတဲ့ ပထမကမ္ဘာကနေ တတိယကမ္ဘာကို ခဏ အလည်လာကြတဲ့အခါ ကျွန်တော်တို့ အရင်ပြောဖူးတဲ့စကားကို ပြန်မေးဖို့ ကျွန်တော်တွန့်ဆုတ်နေမိတဲ့အထိ သူတို့အဖြေတွေကို မျက်ဝန်းမှာမြင်နေရပါတယ်။ သူတို့တွေရဲ့ ၇၀၊ ၈၀ ကျော် မိအိုဖအိုတွေအတွက် စိတ်မဖြောင့်တောင်မှ ပြန်မလာတော့ဘူး။ သူတို့ရဲ့ မိသားစုဘ၀တွေကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိပါတယ်။ တချို့ မိဘတွေဆိုရင် သူတို့သားသမီးတွေဆီလည်း လိုက်မနေနိုင်၊ ဒီမှာလည်း သားသမီးတွေတစ်ဦးမှမရှိတော့။ သူတို့သားသမီး၊ မြေးမြစ်တွေရဲ့ ပစ္စပ္ပုန်၊ အနာဂတ်တွေ လှပနေတယ်ဆိုတာ မှန်းဆမြင်ယောင်မှုနဲ့ ဘ၀ကို အသက်ဆက်နေကြတယ်။
သူတို့ရဲ့ အတိတ်၊ ပစ္စပ္ပုန်ကို ကျေနပ်နေကြရတယ်။
(၃)
ပြီးခဲ့တဲ့သင်္ကြန်တုန်းက စင်ကာပူ၊ မလေးရှား၊ ထိုင်းကို နှစ်ပတ်လောက် ခရီးထွက်ပါတယ်။ ဒီတစ်ခေါက် နေရာစုံတော်တော်များများ ရောက်ခဲ့တယ်။ အရင်ကလည်း ရောက်ဖူးနေကျဖြစ်ပေမဲ့ ဒီတစ်ခေါက် ပိုအံ့သြစရာဖြစ်လာတာက ရောက်တဲ့ နေရာတိုင်းမှာ မြန်မာလူငယ်လူရွယ်လေးတွေ အများကြီးတွေ့ရတာပါပဲ။ အထူးသဖြင့် စားသောက်ဆိုင်လို နေရာမျိုးမှာပါ။ မြို့ကြီးပြကြီးနေရာမှာ သာမက မြို့ငယ်လေးတွေမှာလည်း မြန်မာတွေကို တွေ့ရတော့ မြန်မာတွေ ပိုပိုများလာတာပါပဲ။ စင်ကာပူမှာတော့ မြန်မာစကားသံမကြားရတဲ့ နေရာမရှိသလောက်ပါပဲ။ တချို့က မြန်မာအချင်းချင်း ၀မ်းပန်းတသာ နှုတ်ဆက်ကြသလို၊ တချို့က မ၀ံ့မရဲပါပဲ။ ညှိုးငယ်တဲ့မျက်ဝန်း၊ မ၀ံ့မရဲတဲ့ ဟန်အမူအယာ ဒီလိုတွေမြင်ရတာ များရပါတယ်။ ကိုယ့်နိုင်ငံမှာမှ မဟုတ်ဘဲကိုး။ ဟိုချင်းမိုင်မြို့က အရမ်းဝေးတဲ့ National Park လို နေရာမျိုးမှာတောင် မြန်မာကရင်တွေ အများကြီးတွေ့ရတော့ တို့တိုင်းပြည်မှာတောင် လူကျန်သေးရဲ့လား ထင်မှတ်မှားတဲ့အထိပါပဲ။ ပြေလည်ပြီး အဆင့်မြင့်မားတဲ့ နေထိုင်မှု အဆင့်အတန်းမှီတဲ့လူအချို့ တွေ့ရပေမဲ့ အများစုကတော့ ရုန်းကန်နေကြတာ တွေ့ရပါတယ်။ 3Ds ဆိုတဲ့ သူများမလုပ်ချင်တဲ့ အလုပ်တွေကို အရင်က ဂျပန်လိုနိုင်ငံမျိုးမှာပဲ လုပ်ရတာဖြစ်ပေမဲ့ အခုနောက်ပိုင်းမှာ အရှေ့တောင်အာရှနဲ့ အရှေ့ အလယ်ပိုင်းမှာ မြန်မာတွေများများ လုပ်လာနေတာပါပဲ။ အရင်တုန်းက ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ဖိလစ်ပိုင်တို့ နေရာမှာ မြန်မာတွေ အစားထိုးလာနေတဲ့ပုံပါပဲ။
အရင်တုန်းက လူငယ်တွေ နိုင်ငံခြားထွက်ရင် ကျွန်တော်အားမပေးပါဘူး။ (ပညာရေးနဲ့ကလွဲရင်ပေါ့) အခုတော့ ကျွန်တော်တဖြည်းဖြည်းနဲ့ နားလည်လာတယ်။ တချို့က မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိသားစုတစ်စုလုံးရဲ့ စားဝတ်နေရေးအတွက် တစ်ကိုယ် တော် အနစ်နာခံအလုပ်လုပ်ရတာ ရှိသလို၊ တချို့က အနာဂတ်တွေ ရှင်သန်ဖို့ ပညာရှာရင်းနဲ့ အလုပ်လုပ်နေကြတာ တွေ့ရပါတယ်။
ဒီနေရာမှာ ကျွန်တော်တို့ လူငယ်ဘ၀က အနာဂတ်နဲ့ပတ်သက်ပြီး အဖြေရှာမရတဲ့အခါ ဖြစ်ရတဲ့ခံစားမှုမျိုး လူငယ်အများစုဟာ ထွက်ပေါက်ရှာပြီး နိုင်ငံခြားထွက်လာကြတာလားလို့ တွေးမိတဲ့အခါ စိတ်မကောင်းဖြစ်ရပါတယ်။ သူတို့ဖြစ်ချင်တဲ့ ၀န်းကျင်၊ အနာဂတ်တွေ မရှိဘူး၊ ရှိမလာနိုင်ဘူးလို့ ယူဆမိနေကြသလားလို့ တွေးမိပါတယ်။
သူတို့မှန်ပါတယ်။ ၀မ်းနည်းစရာပါပဲ။
(၄)
နိုင်ငံခြားကို ထွက်သွားမှ မိသားစုတွေ မစုံလင်တာမဟုတ်ပါဘူး။ ကျေးရွာ၊ မြို့ငယ်တွေကနေ မြို့ပေါ်တက်ပြီး မိသားစုအတွက် အနစ်နာခံအလုပ်လုပ်နေတဲ့ လူငယ်တွေကော ဘယ်လောက်များနေပြီလဲ။ နိုင်ငံရပ်ခြားသွားတဲ့ သားတွေ၊ သမီးတွေ ပြန်မလာတော့ဘူးဆိုတာ သိတဲ့မိဘတွေ ဘယ်လောက်များလာနေပြီလဲ။ ပြန်မဆုံနိုင်တော့တဲ့ မိသားစုထမင်းဝိုင်းတွေ ဘယ်လောက်များလာနေပြီလဲ။ အိမ်တိုင်ချွတ်ပြီး သားသမီး အနာဂတ်အတွက် ဘ၀တွေ၊ အသက်တွေ ပေးဆပ်ခဲ့ရတဲ့ မိဘတွေ ဘယ်လောက်များလာနေပြီလဲ။ မိသားစုတစ်ခုလုံးအတွက် ဘ၀တွေပေးဆပ်နေရတဲ့ လူငယ်တွေ ဘယ်လောက်များလာနေပြီလဲ။ မြန်မာဆိုတဲ့ စရိုက်လက္ခဏာမျိုးရိုးဇာတိကို စွန့်တဲ့သူ ဘယ်လောက်များနေပြီလဲ။
ဒီအချိန်မှာ ကျွန်တော်ရင်ထဲမှာ အမက်ချင်ဆုံးအိပ်မက်က ဒီမိသားစုတွေ ပြန်ဆုံဆည်းကြဖို့၊ အဝေးရောက်နေတဲ့ သားသမီးတွေနဲ့ ကလေးတွေကို ပြစ်ပြီး အဝေးရောက်နေတဲ့ မိဘတွေ အိမ်ပြန်လာဖို့ပါပဲ။ သူတို့ ဒီလိုအခြေအနေမျိုးမှာ ပြန်မလာနိုင် တာကတော့ အသေအချာပါပဲ။ သူတို့ ဘယ်လိုဆိုရင် ပြန်လာနိုင်မလဲ။
မကြာခင် ကျွန်တော်တို့နိုင်ငံမှာ ရွေးကောက်ပွဲကျင်းပတော့မယ်။ နိုင်ငံရေးပါတီတွေ မဲဆွယ်ကြတော့မယ်။ ဘယ်ပါတီကို မဲထည့်မလဲ။ သူတို့ပြန်လာနိုင်မယ့် အခြေအနေမျိုး၊ ကြည်လင်ရှင်းသန့်တဲ့ ကောင်းကင်ရဲ့အောက်မှာ အနာဂတ်အတွက် မျှော်လင့်ချက်အိပ်မက်တွေကို လွတ်လွတ်လပ်လပ်မက်လို့ရတဲ့ အခြေအနေတွေ၊
ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ထွန်းလာခဲ့ရင် သူတို့တွေ ပြန်လာလိမ့်မယ်။
ဒီအခြေအနေမျိုး ဖန်တီးပေးဖို့ အာမခံတဲ့ နိုင်ငံရေးပါတီကို မဲထည့်မယ်။
ကျွန်တော် မသေချင်သေးပါဘူး။ ကျွန်တော့်နိုင်ငံ၊ ကျွန်တော့်လူမျိုး၊ ကျွန်တော့် လူ့အဖွဲ့အစည်းအတွက် မျှော်လင့်ချက်တွေကို လက်တွေ့မြင်ချင်သေးတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ ဝေစည်မယ့် မိသားစုစုံညီထမင်းဝိုင်းတွေကို မြင်ယောင်ချင်သေးတယ်။ ကျွန်တော့်ရင်ထဲမှာ ဆရာဇော်ဂျီရဲ့...
'သင်သေသွားသော်'
သြော် . . .လူ့ပြည်လောက၊ လူ့ဘ၀ကား
အိုရနာရ၊ သေရဦးမည် မှန်ပေသည်တည့်။
သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဉာဏ်တစ်ဆောင်လည်း
ပြောင်လျက်ဝင်းလျက်ကျန်စေသတည်း။
ဇော်ဂျီ
၁၉၃၅ ခုနှစ်၊ ဒီဇင်ဘာလ၊ အိုးဝေ မဂ္ဂဇင်း
(ဒီကဗျာတွေကို ရေးသားတဲ့ အချိန်မှာ ဆရာဇော်ဂျီရဲ့ အသက်က ၂၈ နှစ်ပဲရှိပါသေးတယ်။
ဆရာရဲ့ ကဗျာတွေဖော်ပြခဲ့တဲ့ အိုးဝေမဂ္ဂဇင်းရဲ့အယ်ဒီတာက
အသက် ၂၀ပဲ ရှိသေးတဲ့ ကိုအောင်ဆန်းဖြစ်ပါတယ်။)
သားသမီးများ၏ အိမ်အပြန်ကို စောင့်မျှော်နေကြသော မိဘများအား စာနာမှုနှလုံးသားဖြင့် ဤစာကို ရေးသားပါသည်။ ။ စာရေးသူ
from weeklyeleven

Wednesday, May 12, 2010

To Parents

Even if one should carry about one's mother on one shoulder and one's father on the other, and so doing should live a hundred years.... Moreover, if one should set them up as supreme rulers, having absolute rule over the wide earth abounding in the seven treasures - not even by this could one repay one's parents. And why! Bhikkhus, parents do a lot for their children: they bring them up, provide them with food, introduce them to the world.


Yet, bhikkhus, whoever encourages their faithless parents, and settles and establishes them in faith; or whoever encourages their immoral parents and settles and establishes them in morality, or whoever encourages their stingy parents, and settles and establishes them in generosity, or whoever encourages their foolish parents, and settles and establishes them in wisdom - such a person, in this way repays, more than repays, what is due to their parents.
Anguttara Nikaya: II, 32

Tuesday, May 11, 2010

နောင်တ (၁၀)ပါး

နောင်တ ဆယ်ပါး ကြိုသိထားသင့်
၁။ ငယ်ခါကလျင် မသင်ပညာ
၂။ ဥစ္စာ မစု
၃။ သူ့ ကိုချစ်ဖျက်
၎။ သူ့ သက်သတ်စား
၅။ သူ့ မယား၌ ပြစ်မှားတုံဘိ
၆။ ပစ္စည်းရှိလျက် စိုးစိ မလှူ
၇။ မွေးမြူမိဘ မပြုရနှင့်
၈။ ဆုံးမ မနာ
၉။ ပညာရှိထံ နည်းခံ မမှတ်
၁၀။အမြတ်မကျင့် ၊
ဤဆယ်ဆင့်ကား၊ ကြီးရင့်ဇရာ၊ အိုသောခါလျင်၊
ပူဆာနောင်တ၊ ရတတ်စွရှင့်။
(မဃဒေ၀)

Monday, May 10, 2010

ခန္တီပါရမီ

ခန္တီတရား၊ သည်းခံငြား၊ စိတ်ထားဘယ်သို့ ဖြည့်သနည်း။
လူမိုက်အမှု၊ ငါပြန်ပြုလျှင်၊ သူလိုငါလဲ၊ လူမိုက်ပဲဟု၊ စိတ်ထဲတွေးဆ၊ အေးမြမြနှင့်၊ ဒေါသမထွက်၊ စိတ်မပျက်၊ သက်သက် အနာခံသတည်း။
“ငါ့အပေါ်၌ လူမိုက်ပြုသော စော်ကားမှုကို ငါက ပြန်ပြုလျှင် ငါလည်း သူ့လိုလူမိုက် ဖြစ်မှာပဲ” ဟု စိတ်ထဲမှာ တွေးဆ၍ ဒေါသမထွက်ဘဲ စိတ်ပျက် အားငယ်၍လည်း မနေဘဲ စိတ်အေးအေးနှင့် မိမိကသာ အနာခံလိုက်ခြင်းသည် ခန္တီပါရမီ၏ သဘောတည်း။
(အရှင် ဇနကာဘိဝံသ၊ ရုပ်စုံ ဗုဒ္ဓ၀င် အမေးအဖြေ နှာ-၂၆)
ငါးရာ့ငါးဆယ် သရဘင်္ဂဇာတ်မှာ မင်းသုံးပါးနဲ့ သိကြားမင်းတို့ ဘုရားအလောင်း သရဘင်္ဂ ရသေ့ဆီ
ရောက်လာပြီး သိကြားမင်းက မေးခွန်းပြဿနာ မေးပါတယ်။
“ရှင်ရသေ့.. လောကမှာ ဘယ်တရားကို ပယ်သတ်ရင် တစ်ရံတခါမျှ မစိုးရိမ်ရသလဲ၊
ဘယ်တရားကို ပယ်ရှားရင် သူတော်ကောင်းတွေ ချီးမွမ်းသလဲ၊
လောကမှာ ဘယ်သူ ပြောဆိုတဲ့ ကြမ်းကြုတ်တဲ့ စကားကို သည်းခံရပါ့မလဲ”
ဒီတော့ သရဘင်္ဂရသေ့က-
“လောကမှာ ဒေါသကို ပယ်သတ်လိုက်ရင် တစ်ရံတခါမျှ မစိုးရိမ်ရတော့ဘူး၊
ကျေးဇူးကန်းမှုကို မပြုရင် သူတော်ကောင်းတွေ ချီးမွမ်းပါတယ်။
ကိုယ့်ထက်သာတဲ့သူ၊ ကိုယ်နဲ့ တန်းတူသူ၊ ကိုယ့်အောက် နိမ့်တဲ့သူတို့ရဲ့ ကြမ်းကြုတ်တဲ့ စကားကို သည်းခံရမယ်။ အဲဒီလို သည်းခံလိုက်ခြင်းကို အမြတ်ဆုံးလို့ သူတော်ကောင်းတွေ ပြောဆိုကြတယ်”
ဘုရားအလောင်းရဲ့ အဖြေစကား ကြားတော့ သိကြားမင်းက မေးခွန်း ထပ်မေးပြန်ပါတယ်။
“ရှင်ရသေ့ရယ်၊ လောကမှာ ကိုယ်နဲ့ တန်းတူ၊ ကိုယ့်ထက်မြတ်တဲ့ သူနှစ်ယောက်ရဲ့ ကြမ်းကြုတ်တဲ့ စကားကို သည်းခံရတာတော့ သည်းခံနိုင်ပါတယ်၊ ဒါပေမယ့် ကိုယ့်အောက် နိမ့်တဲ့သူရဲ့ ကြမ်းကြုတ်တဲ့ စကားကိုတော့ ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ”
ဘုရား အလောင်းတော် ကလည်း ပြန်ဖြေပေး ပါတယ်။
“ကိုယ့်ထက် မြတ်သူရဲ့ ကြမ်းကြုတ်တဲ့ စကားကို သည်းခံတာဟာ ကြောက်လို့ သည်းခံတာပဲ၊ ကိုယ်နဲ့ တန်းတူရဲ့ စကားကို သည်းခံတာကျတော့ တကယ်လို့ သည်းမခံလိုက်ရင် ငါ့ထက်သာအောင် ကြံစည်အားထုတ် ပြုလုပ်သွားမယ့် အပြစ်ကို မြင်လို့ သည်းခံတာ၊ ဒီသည်းခံခြင်း နှစ်မျိုးဟာ မြတ်တဲ့ သည်းခံခြင်းတော့ မဟုတ်ဘူး၊ ကိုယ့်အောက် နိမ့်သူရဲ့ စကားကို သည်းခံနိုင်မှ အမြတ်ဆုံး သည်းခံခြင်းလို့ သူတော်ကောင်းတွေ ပြောကြတယ်” လို့ ပြန်ဖြေပေးလိုက် ပါတယ်။
သည်းခံတဲ့ နေရာမှာ တရား သဘောလေးတွေ အာရုံပြုပြီး သည်းခံတာက ပို အဆင်ပြေပါတယ်။ အထူးသဖြင့် ခန္တီ ပါရမီရဲ့ သဘောလေးကို အာရုံပြုပြီး သည်းခံရပါတယ်။
အာရုံဆိုး တစ်ခုကို တစ်ယောက်ယောက်က ဖန်တီးလာတဲ့ အခါ “ငါ ခန္တီပါရမီ ဖြည့်ဖို့အတွက် ဖန်တီးပေး နေတာ၊ ဘာပဲပြောပြော ငါ့ကို ပါရမီ ဖြည့်ပေးနေသူပဲ” လို့ ဆင်ခြင် နှလုံးသွင်းလိုက် ရင်လည်း သည်းခံဖို့အတွက် တရားအသိ အားတွေ ၀င်လာတော့ တာပါ။ တရားအားတွေ ရင်ထဲ ရောက်လာရင် အလိုလို သည်းခံပြီးသား ဖြစ်သွားပါတယ်။
တကယ်ဆို သူ့ကိုတောင် ကိုယ်က ပြန်သနား ရမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ ကိုယ့်ကို ပြောဆိုနှိမ့်ချ ကဲ့ရဲ့ နေတာက အကုသိုလ်ပါ။ ကိုယ် ခန္တီပါရမီ ဖြည့်နေတာက ကုသိုလ်ပါ။
အကုသိုလ်ဟာ အကုသိုလ်ရဲ့ အကျိုး ရှိပါတယ်။ ကုသိုလ်ဟာ ကုသိုလ်ရဲ့ အကျိုး ရှိပါတယ်။ အကျိုးပေးပုံခြင်း မတူပါဘူး။ ပြုပြီးတာနဲ့ ကံမြောက်သွားတော့ တာပါ။ ကံက ကာလ တစ်ခုမှာ အကျိုးတစ်ခုခုကို ပေးတော့ မှာပါ။
ကံရဲ့ အကျိုး အပြစ်တွေကို ဆက်ပြီး ဆင်ခြင်လိုက် မိတဲ့အခါ ကိုယ့်အတွက် ကောင်းကျိုးဖြစ်လို့ ၀မ်းမြောက်ရ ပေမယ့် သူ့အတွက် ကျတော့ ကာလ တစ်ခုမှာ ဆိုးကျိုး လာတော့မှာ ဆိုတော့ သနား ကရုဏာတောင် ပြန်ဖြစ်သွားရ တာပါ။
သူ့ကို သနားစရာ သတ္တ၀ါလို့ ဉာဏ်ထဲမှာ ထင်လာတဲ့ အခါ ကိုယ့်ရဲ့ သည်းခံမှုဟာ အထူး ကြောင့်ကြ စိုက်စရာ မလိုတော့ပါဘူး။
တကယ်လို့ ကိုယ်က ဒေါသအလျှောက် ဖြတ်ကနဲ တုန့်ပြန်မိ လိုက်ရင် ဆိုးကျိုးတွေက ဆင့်ကဲ ဆင့်ကဲ ၀င်လာတော့ တာပါ။ တချို့ ဆိုးကျိုးတွေဆို အပါယ် ဒုဂ္ဂတိ အထိတောင် ဆွဲချနိုင် ပါတယ်။
ခန္တီ ပါရမီရဲ့ သဘောက ဒေါသမထွက်ဘဲ သည်းခံရမှာပါတဲ့။ အာရုံဆိုး တစ်ခုခုနဲ့ ကြုံလိုက်ရတဲ့ အခါ ပထမဆုံး ၀င်လာမယ့် သူက ဒေါသပါ။ ဒီတော့ ကိုယ်က ဓါတ်ခံအားနည်းလို့ ဒေါသစိတ် ၀င်လာပေမယ့် ၀င်လာတဲ့ ဒေါသကို သိလိုက်နိုင်ရ ပါမယ်။ ၀င်လာတဲ့ ဒေါသကို မသိလိုက် နိုင်ရင် ဒေါသကို အခြေခံပြီး “သူက ငါ့ကို ဒီလိုလုပ်တော့ ငါကလည်း ဒီလို လုပ်တာပေါ့” ဆိုပြီး ဖြတ်ကနဲ အမှား တုန့်ပြန်မှုကို ကျူးလွန်လိုက် မိရော။ တဒင်္ဂအတွင်း ဖြစ်သွားရ တာပါ။

တကယ်တော့ ရင်ထဲ ရောက်လာတဲ့ ဒေါသဟာ ကာလ ကြာကြာကြီး တည်မနေပါဘူး။ အခိုက်အတန့် တစ်ခုပါပဲ။ ကိုယ်က ဖြစ်ဆဲ အခိုက်အတန့် လေးမှာ ကိုယ့်ဒေါသကို သိလိုက်နိုင် ဖို့ပါ။
တကယ်လို့ ကိုယ်က ပါရမီရှင်တွေလို ပါရမီမြောက်တဲ့ ခန္တီကို ချက်ချင်း မဖြည့်ကျင့်နိုင်သေးရင်တောင် ဖြစ်ပေါ်လာတဲ့ ဒေါသကိုတော့ ထိန်းနိုင်ရ ပါမယ်။ ဒေါသ ဖြစ်လာတဲ့အခါ ဒေါသရဲ့ ဆိုကျိုးလေး တွေကို ဆင်ခြင်နေလိုက် မယ်ဆိုရင်လည်း ဒေါသက လျော့သွားတာ များပါတယ်။
ကျေးဇူးတော်ရှင် မင်းကွန်း ဆရာတော် ဘုရားရဲ့ မဟာဗုဒ္ဓ၀င် ပထမတွဲ ဒုတိယပိုင်း ထဲမှာ ဒေါသအပြစ် လင်္ကာလေး ရှိပါတယ်။
ရုပ်ရည်ဆင်းပျက်၊ အိပ်စက် မပျော်၊ ကျိုးသော်မရ၊ ဘောဂခြွေရွေ၊ မိတ်ဆွေပျက်ပြား၊ အပါယ်လား၊ ခုနစ်ပါး ကောဓ အပြစ်တည်း။
ဒေါသ ဖြစ်နေခိုက်မှာ ဒီလင်္ကာလေးကို အဓိပ္ပါယ် သဘောအထိ ပါအောင် နှလုံးသွင်းပြီး ထပ်ကာထပ်ကာ ရွတ်ဆို ဆင်ခြင်နေမယ် ဆိုရင်လည်း ဖြစ်နေတဲ့ ဒေါသ လျော့သွားပါလိမ့်မယ်။
ဆိုးကျိုး နှစ်ခုစလုံးက ကြောက်စရာတွေ ချည်းပဲ ဆိုတော့ သဘော အဓိပ္ပါယ် လေးတွေကို ပေါ်နိုင်သမျှ ပေါ်အောင် အာရုံပြုပြီး နှလုံးသွင်းပြီး ရွတ်သွားနိုင်ဖို့ လိုပါတယ်။
အာရုံဆိုးကို တွေ့ပြီး ဒေါသ ဖြစ်လို့ပဲ ဖြစ်ဖြစ်၊ ဒေါသကို အခြေခံပြီး တုံ့ပြန်မှု တစ်ခုခုကို ပြုဖြစ်လိုက်ရင်ပဲ ဖြစ်ဖြစ်၊ တစ်ဖက်သားကို အမှီပြုပြီး ကိုယ်ပါ ရှုံးရတော့ တာပါ။ ဈေးစကားနဲ့ ပြောရင် အမြတ် မရရင်တောင် အရှုံး မရအောင်တော့ ကြိုးစားရ မှာပါ။
လောကဓံဆိုး တစ်ခုဟာ ဘယ်လောက် အထိ တည်နေမှာလဲ၊ ကိုယ်က တစ်သက်လုံး နေပါ ဆိုရင်တောင် သူက မနေပါဘူး။ ကာလ တစ်ခုပါပဲ။ ဒီကာလ အခိုက်အတန့်လေး တစ်ခုမှာ ကိုယ်က သည်းခံလိုက်နိုင် ဖို့ပါပဲ။
ပါရမီ သဘောနဲ့ ပြောရင် ဒါန ပါရမီတို့ သီလ ပါရမီတို့ဟာ ဖြည့်ချင်ရင် ချက်ချင်း ထဖြည့်လို့ ရပါတယ်။ ခန္တီ ပါရမီတို့ ကျတော့ အာရုံ တစ်ခုခုနဲ့ တွေ့လိုက်မှ ကိုယ့်အတွက် ပါရမီ ဖြစ်ရတာပါ။ ဒီတော့ ကိုယ့်ကို အာရုံဆိုး တစ်ခု လာပေးတဲ့ သူကို ကိုယ့်ကို ပါရမီ ဖြည့်ပေးတဲ့ အတွက် တကယ်ဆို ကျေးဇူးတောင် တင်ရပါဦးမယ်။
သည်းခံတဲ့ နေရာမှာ ကိုယ်ကြားဖူး ထားတဲ့ ဂါထာလေးတွေ၊ ဇာတ်တော် ကလေးတွေ၊ ပုံဝတ္ထု ကလေးတွေ၊ လင်္ကာလေးတွေ၊ အဆုံးအမ စကားလေး တွေကို အာရုံပြုပြီး ဆင်ခြင် သည်းခံလို့လည်း ရပါတယ်။
သည်းခံမှု ပါရမီကို ဖြည့်ကျင့်တဲ့ နေရာမှာ ပင်ကိုယ် ဓါတ်ခံ ဗဟုသုတ တရား အသိလေး တွေလည်း ရှိဖို့ လိုပါတယ်။ စိတ်ထဲမှာ ဘာကို ပြေးသတိ ရလိုက်မိသလဲ ဆိုတော့ စံကင်း ဆရာတော် ဘုရားရဲ့ ဩ၀ါဒ စကားလေးပါ။ ပြဿနာ တစ်ခု ဖြစ်လာတဲ့ အခါ အလွတ် ဆုံးမတော် မမူဘဲ တရားသဘော သက်ဝင်အောင် ဆုံးမခဲ့ပုံ လေးပါ။
တစ်နေ့မှာ ကျောင်းသား တစ်ယောက်က သူ့ခြေထောက်ကို သေးပန်း ခံရတဲ့ အကြောင်း လာလျှောက်ပါတယ်။ အလျှောက်ခံ ရတဲ့ ကျောင်းသားက မတော်တဆ ဖြစ်ရတဲ့ အကြောင်း ပြန်လျှောက်ပြ ပါတယ်။ ဒီတော့ ဆရာတော်က-
“ဒို့ မေးပါဦးမယ်၊ မင်း ဖြေပေါ့၊ မကျေနပ် ရင်လည်း သူ့ကို ဒဏ်ပေးရ တာပေါ့၊ အဲဒီသေးဟာ ရုပ်တရားလား၊ နာမ်တရားလား”
“ရုပ်တရားပါ ဘုရား”
“မင်း ခြေထောက်ကကော”
“ရုပ်ပါ ဘုရား”
“ရုပ် ရုပ်ချင်း ထိတာ မဟုတ်လား၊ ဒါ ရွံစရာလား”
“ရွံစရာ မဟုတ်ပါ၊ ကျေနပ်ပါပြီ ဘုရား”
“အေး ရုပ်၊ ရုပ်ချင်း ထိမိတာက အပြစ်မရှိဘူး၊ ဒါကို အကြောင်းပြုပြီး ပေါ်လာတဲ့ နာမ်က နှလုံးသွင်း မတတ်ရင် အပြစ် ဖြစ်တတ်တယ်၊ စိတ်ဆိုးတယ် ဆိုတာ ဒါပဲ”
ကျောင်းသား ကလေးငယ်လေး တွေကို တရား သဘောနဲ့ နှလုံးသွင်းပြီး သည်းခံတတ်အောင် ဆုံးမခဲ့ပုံ လေးပါ။ အထူးသဖြင့် နာမ်က နှလုံးသွင်း မတတ်ရင် အပြစ် ဖြစ်တတ်တယ် ဆိုတဲ့ အကြောင်းလေးပါ။
ဘယ်လိုပဲ ဖြစ်ဖြစ် အဆုံးအမ တစ်ခုခုကို အာရုံပြုပြီး သည်းခံလိုက်နိုင်တယ် ဆိုရင်ပဲ ကိုယ့်အတွက် မရှုံးတော့ ပါဘူး။
တစ်ခါတလေ ဒေါသအလျှောက် သည်းမခံနိုင်ဘဲ ပက်ကနဲ ပြန်ပြောလိုက်မိ တဲ့အခါ ပြောတုန်းကတော့ ကျေနပ်သလို ရှိပေမယ့် နောက်ရက် ကျတော့ စိတ်မကောင်း သိပ်ဖြစ်ရတာပါ။ အထူးသဖြင့် ဘာမဟုတ်တာ လေးနဲ့ ကိုယ့်အတွက် အကုသိုလ် ဖြစ်သွားရတာ သိပ်ရှုံးရ တာပါ။
အမှန်တော့ တရားရဲ့ သဘောက သိဖို့နဲ့ ကျင့်ဖို့ရယ်ပါ။
အာရုံတစ်ခုနဲ့ တွေ့လို့ တရား သဘောနဲ့ ယှဉ်ပြီး ကျင့်သုံးလိုက် ရရင် ကိုယ့်ကိုယ်ကို သိပ်အားရ ကျေနပ် ရတာပါ။ အရသာကောင်း တစ်ခုကို သိသွားရင် နောင် ကျင့်သုံးဖို့ မခက်လှတော့ ပါဘူး။
“ဩော်.. ငါဟာ မြတ်စွာ ဘုရား စကားကို နားထောင်လိုက်တဲ့ သူပဲ” ဆိုပြီး ကိုယ့်ကိုယ်ကို ကျေနပ်မှုနဲ့ အတူ ကြည်ညိုမှုပါ ဖြစ်ရတော့ တာပါ။
သည်းခံရမယ် ဆိုတော့ နေရာတကာ ခေါင်းငုံ့ပြီး သည်းခံရမှာလား ဆိုတော့ အဲဒီလိုလည်း မဟုတ်ပါဘူး။
ဒါနဲ့ ပတ်သတ်ပြီး သီလက္ခန် အဋ္ဌကထာ နှာ-၅၃ မှာ ဖွင့်ပြထား ပါတယ်။
မဟုတ်မမှန် တာကို မဟုတ် မမှန်တဲ့ အတိုင်း ပြန်ဖြေရှင်းရ မယ်လို့ ဆိုပါတယ်။
ဖြေရှင်းတဲ့ နေရာမှာ အပြစ်ပြောတဲ့ နေရာမှာသာ ဖြေရှင်းရ မှာပါ။ တခြား နေရာတွေမှာ လိုက်ပြီး ဖြေရှင်းနေစရာ မလိုပါဘူး။
“သင်ဟာ သီလ မရှိတဲ့သူပဲ၊ သင့်ဆရာဟာ သီလ မရှိတဲ့ သူပဲ။ သင်ဟာ ဒီလို ဒီလို အမှုကို ပြုထားတယ်၊ သင့်ဆရာဟာ ဒီလို ဒီလို အမှုကို ပြုထားတယ်” အဲဒီလို ပြောဆိုလာရင် သည်းခံမနေရပါဘူးတဲ့။ သည်းခံနေရင် တစ်ဖက်က ယုံမှား သံသယ ဖြစ်သွားတတ် ပါတယ်တဲ့။ အဲဒီ အခါမျိုးမှာ ဒေါသ မဖြစ်စေဘဲ အပြစ်ကို ဖြေရှင်းရမယ်လို့ ဆိုပါတယ်။
တကယ်လို့ သင်ဟာ “ကုလားအုပ်ပဲ၊ နွားပဲ” စသည်ဖြင့် ပြောဆို စွပ်စွဲကဲ့ရဲ့ လာရင်တော့ ပြောဆိုလာတဲ့ သူကို လျစ်လျူရှုပြီး သည်းခံနေလိုက် ပါတဲ့။
ဒါ စာမှာ ဖွင့်ပြထား တာကို ခပ်ကျဉ်းကျဉ်း ရေးပြတာပါ။
အဓိက ကတော့ ကိုယ့်ရဲ့ဂုဏ်သိက္ခာ သီလကို စော်ကားလာ ရင်တော့ ဒေါသမထွက်ဘဲ မဟုတ်မှန်တာကို မဟုတ်မှန်တဲ့ အတိုင်း ပြန်ဖြေရှင်း ရမယ်လို့ ဆိုထားပါတယ်။ ဖြေရှင်းတဲ့ နေရာမှာလည်း ဒေါသမထွက် စိတ်မဆိုးဘဲ ဖြေရှင်းရမယ်လို့ ဆိုထားပါတယ်။ ဒေါသနဲ့ သွားဖြေရှင်း ရင်တော့ စာနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားပါလိမ့်မယ်။
ဝိပဿနာ သဘောနဲ့ ကြည့်လိုက်ရင် လောကမှာ ဘာမှ မမြဲပါဘူး။ သူလည်း မမြဲပါဘူး။ ကိုယ်လည်း မမြဲပါဘူး။ မမြဲတာကို မမြဲဘူးလို့ ၀ိပဿနာ သဘောနဲ့ သိလိုက်ရတဲ့ အချိန်မှာ သူ့ကို အလိုလို ခွင့်လွှတ်ပြီးသား ဖြစ်သွားပါတယ်။ လူတစ်ယောက်ရဲ့ ဘ၀မှာ နိဗ္ဗာန် ရောက်ဖို့သာ အဓိက ဆိုတော့ သူ့အတွက် အချိန်ကုန်ခံ မနေချင်တော့ ပါဘူး။ နိဗ္ဗာန် ရဖို့အတွက် အချိန်ဟာ ကိုယ့်အတွက် ရွှေထက်တောင် တန်ဖိုး ရှိနေတာ ဆိုတော့ ရလာတဲ့ အချိန်ကိုပဲ ကိုယ့်အတွက် အသုံးချရတော့ မှာပါ။ အဓိက ကတော့ မမြဲတဲ့ သဘောလေး တွေကို မမြဲဘူးလို့ သိလိုက်ဖို့ ပါပဲလေ။
ဘာပဲပြောပြော ကိုယ်က ခန္တီ ပါရမီကို ဖြည့်ကျင့်ချင်တဲ့ သူပါ။ တကယ်လို့ အာရုံဆိုး တစ်ခုကို တွေ့ပြီး သည်းခံဖို့ ခက်နေရင် မြတ်စွာဘုရား ရှေ့ကို သွားလိုက်ပါ။ လက်အုပ်ကလေး ချီပြီး “မြတ်စွာဘုရား ဘုရား တပည့်တော် ဒီနေ့ တစ်နေ့တာ မြတ်စွာဘုရားကို ခန္တီ ပါရမီနဲ့ ပူဇော်ပါမည် ဘုရား” လို့ အဓိဋ္ဌာန် လိုက်ပါ။ စိတ်ထဲ မှာလည်း “ငါ မြတ်စွာ ဘုရားကို ခန္တီ ပါရမီနဲ့ ပူဇော်နေတယ်၊ ငါ မြတ်စွာ ဘုရားကို ခန္တီ ပါရမီနဲ့ ပူဇော်နေတယ်” လို့ တွေးတွေးနေရ ပါမယ်။ ကြုံလာတဲ့ အာရုံကိုလည်း “ငါ မြတ်စွာ ဘုရားကို ခန္တီ ပါရမီနဲ့ ပူဇော်ပြီး သူ့ကို သည်းခံမယ်” လို့ နှလုံးသွင်းပြီး သည်းခံပစ် လိုက်ပါ။ ဒါဆိုရင် ကိုယ့်ရင်ထဲကို ခန္တီ ပါရမီ ရောက်လာပါလိမ့်မယ်။
ကဲ.. စာဖတ်သူ မြတ်စွာဘုရားကို ခန္တီ ပါရမီနဲ့ ပူဇော်ပြီး သည်းခံကြည့်ပါလား၊ အဆင်ပြေသွား ပါလိမ့်မယ်။
အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)
from forwarded mail

Saturday, May 8, 2010

Family

If you want to find Dhamma, it has nothing to do with the forests or the mountains or the caves. It's only in the heart. It has its own language of experience. There is a great difference between concepts and direct experience. With a glass of hot water, whoever put his finger into it will have the same experience -hot- which can be called by many words in different languages.
Similarly, whoever looks deeply into the heart will have the same experience, no matter what his nationality, culture, or language may be. If in your heart you come to that taste of truth, of Dhamma, then you become like one big family - like mother and father, sisters and brothers - because you've tasted that essence of the heart which is the same for all.
From A Tree In A Forest by Luang Por Chah

Friday, May 7, 2010

သယံဇာတ အားကိုးနေလို့ကတော့

ပညာအရင်းအမြစ်၊ ပညာရင်းနှီးမြှုပ်နှံမှု စသည်ဖြင့် ပညာခေတ်မှာ ပညာကိုရှေ့တန်းတင်လာကြသည်။ အရင်းအမြစ်အနေနှင့် ကြည့်လျှင်လည်း ပညာအရင်းအမြစ် အရေးပါသည်။
ရင်းနှီးမြှုပ်နှံမှု အနေနှင့်ကြည့်လျှင်လည်း ပညာရင်းနှီးမြှုပ်နှံမှု ပဓာနကျသည်။
ဤဆောင်းပါး၌ ပညာကိုသယံဇာတဟု တင်စားပြောချင်သည်။'
သဘာဝသယံဇာတ ပေါကြွယ်ဝသည့် နိုင်ငံတွေဟာ
ကျိန်စာသင့်သော နိုင်ငံတွေပဲ'ဟု တစ်နေရာမှာ ဖတ်မိဖူးသည်။
အာဖရိကမှာ စိန်တွင်းတွေ ဖင်ခုထိုင်ထားပြီး ငတ်ပြတ်နေသော နိုင်ငံတွေရှိသည်။
အာရှမှာလည်း တစ်ချိန်က သယံဇာတ ပေါကြွယ်လှပါသည်ဟု ဂုဏ်ယူဝင့်ကြွားခဲ့သည့်
နိုင်ငံတွေ ယခုဓားမနောက်ပိတ်ခွေး ဖြစ်နေကြသည်မှာ အထင်အရှားပင်။
ဘာသယံဇာတမျှမရှိသော ဂျပန်တို့၊ စင်ကာပူတို့က ရှေ့တန်းရောက်နေ ကြသည်။
သူတို့နိုင်ငံတွေမှာ သဘာဝသယံဇာတ ပြောပလောက်အောင် မယ်မယ်ရရဘာတစ်ခုမျှမရှိ။
သို့ဖြစ်လျှင် သူတို့မည်သည့်နည်းနှင့် ရှေ့တန်းရောက်နေကြသနည်း။
ပညာသယံဇာတကြောင့်ဟု ပြောရပေမည်။
အရှေ့အလယ်ပိုင်းက အာရပ်နိုင်ငံတွေ ရေနံသယံဇာတဖြင့်ကြွယ်ဝ နေသည်မှာမှန်ပါသည်။
သို့သော် နောက်နှစ်သုံးလေးဆယ်ဆိုလျှင် ထိုရေနံတွေ လုံးဝခန်းခြောက်တော့မည်ဟု
သိပ္ပံပညာရှင်တွေက တွက်ချက်ပြနေသည်။
ထို့ကြောင့် သဘာဝသယံဇာတသည် ထာဝရမှီခိုဖက်တွယ်အားကိုးသင့်သော အရာမဟုတ်။ သဘာဝသယံဇာတ ပေါကြွယ်ဝသည့်နိုင်ငံသည်
ကျိန်စာသင့်သောနိုင်ငံဟူသော အဆိုကိုလက်ခံရမလိုရှိသည်။
ပညာသယံဇာတနှင့် ကုန်ထုတ်လုပ်မှုအား မကိုးဘဲ သဘာဝသယံဇာတအပေါ် အလွန်အကျွံမှီခိုခြင်းသည် လူအညွန့်တုံးသလို အနာဂတ်မျိုးဆက်သစ်တို့ကို လည်း အညွန့်ချိုးရာရောက်မရောက် စဉ်းစားသင့်သည်။
ယနေ့ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံကြီးတိုင်းကိုကြည့်က ပညာအရင်းအမြစ်၊ ပညာရင်းနှီးမြှုပ်နှံမှု၊
ပညာ သယံဇာတအပေါ် အဓိကမှီခို တည်ဆောက်ထားသည်ကို တွေ့ရလိမ့်မည်။
ထို့ကြောင့် ပညာကိုရင်းနှီးမြှုပ်နှံပါ၊ ပညာအရင်းအမြစ် တည်ဆောက်ပါ၊ ပညာသယံဇာတ ကြွယ်ဝအောင်လုပ်ပါဟု ပညာရှင်တွေက တတွတ်တွတ် ပြောနေကြခြင်းဖြစ်သည်။
ပညာဟူသည်
ပညာဟူသည် ပါဠိဝေါဟာရက ဆင်းသက်လာသည်။
ပ-ခွဲခြမ်းစိတ်ဖြာ၍ ညာ-သိခြင်းဟု အဓိပ္ပာယ်ထွက်သည်။
ပညာ၏အဓိပ္ပာယ်ကို မြန်မာအဘိဓာန်က 'ခွဲခြားသိမြင်နိုင်သောဉာဏ်၊ အတတ်'ဟုဖွင့်သည်။
တိပိဋကပါဠိမြန်မာအဘိဓာန် က 'အထူးထူးအပြားပြားအားဖြင့် ဝေဖန်ပိုင်းခြားစဉ်းစားဆင်ခြင် သိမြင်တတ်သော သဘောတရား၊ အသိ၊ အလိမ္မာ၊ ဉာဏ်၊ ပညာ'ဟုဖွင့်သည်။ ပါဠိသက်ဝေါဟာရအဘိဓာန်က 'အသိဉာဏ်၊ အပြားအားဖြင့် သိတတ်သောဉာဏ်၊ ဆည်းပူးရသော အသိဉာဏ်၊ အသိဉာဏ်ကိုရရာရကြောင်း ရှာဖွေဆည်းပူးအပ်သော အတတ်' ဟုဖွင့်သည်။
မြန်မာအဘိဓာန်၏အဖွင့်က အသိပညာ၊ အတတ်ပညာ ပညာနှစ်ခုကိုဖွင့်သည်။ တိပိဋကပါဠိမြန်မာအဘိဓာန်က အသိပညာကိုသာ ဦးစားပေးဖွင့်သည်။
ပါဠိသက်ဝေါဟာရ အဘိဓာန်ဖွင့်ပုံက အသိပညာ၊ အတတ်ပညာ ပညာနှစ်ပါးလုံးကိုဖွင့်သော်လည်း အတတ်ပညာသည် အသိပညာရခြင်းအကြောင်း၊ အတတ်ပညာမှနေ အသိပညာဖြစ်ပေါ်ရကြောင်း အဓိပ္ပာယ်ပေါ်အောင် ဖွင့်သည်။ ထိုသို့ထူးသည်။
ဉာဏ်ပညာဟုတွဲ၍သုံးသည့်အတိုင်း ဉာဏ်နှင့် ပညာသိခြင်း အဓိပ္ပာယ်အားဖြင့် အတူတူပင်ဖြစ်၏။ ဝေါဟာရသာကွဲ၏။၊ ထိုပညာသည် ကမ္မဿကတာပညာ၊ သစ္စာနုလောမိကပညာ ဟု နှစ်မျိုးရှိ၏။ အကုသိုလ်ကံသည် ကိုယ်ပိုင်ဥစ္စာမဟုတ်၊ ကုသိုလ်ကံသည်သာ ကိုယ်ပိုင်ဥစ္စာဟု ဝေဖန်ပိုင်းခြားသိမြင်နိုင်မှုကို 'ကမ္မဿကတာ ပညာ' ဟုခေါ်၏။ ရုပ်နာမ်ဓမ္မသင်္ခါရတွေဟာ အနိစ္စ ၊ဒုက္ခ၊ အနတ္တတွေချည်း ပါပဲလားဟု ပိုင်းခြားရှုမြင်မှုကို 'သစ္စာ နုလောမိကပညာ' ဟုခေါ်၏။
ဝိဘင်္ဂပါဠိတော်၌ သုတမယပညာ၊ စိန္တာမယပညာ၊ ဘာဝနာမယပညာဟု ပညာသုံးမျိုးဟောထား၏။ ကြားဖူးနာဖူး ဖတ်ဖူးမှတ်ဖူးလို့သိသော ပညာသည် သုတမယပညာ ဖြစ်၏။
ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားဝေဖန်၍ သိသောပညာသည် စိန္တာမယပညာ ဖြစ်၏။
ပွားများအားထုတ်၍ သိသောပညာသည် ဘာဝနာမယပညာ ဖြစ်၏။
အဘိဓမ္မာသဘောအရ ပညာအစစ်သည် ကုသိုလ်စိတ်နှင့် ယှဉ်တွဲပြီးတော့ဖြစ်ရ၏။ လောကအတတ်ပညာတို့သည် ထိုပညာတို့နှင့်စပ်၍ အများအပေါ် စိတ်ကောင်းစေတနာ ကောင်းထားလျှင် ပညာဖြစ်နိုင်၏။ စိတ်ယုတ်မာတွေထားလျှင် ပညာမဟုတ်တော့။ မာယာသာဖြစ်တော့၏။
မည်သည့် အတတ်ပညာမဆို ကုသိုလ်စိတ်ဖြစ်မှ ပညာဖြစ်၏။
အကုသိုလ်စိတ်ဖြစ်လျင် ပညာမဖြစ်နိုင်၊ မာယာ ဖြစ်ဖို့များ၏။
ပညာရှိဖို့၊ ဉာဏ်ကောင်းဖို့
ပညာရှိဖို့၊ ဉာဏ်ကောင်းဖို့ အကြောင်းငါးချက်ရှိ၏။
အတိတ်ဘ၀က ဉာဏ်ပညာကို ဖြစ်စေနိုင်သော ကောင်းမှုကံပါရှိရ၏။
ဒေါသဗျာပါဒကင်းသော ဗြဟ္မာ့ပြည်၌ဖြစ်ရ၏။ အသိပညာရင့်ကျက်ရ၏။
ကိလေသာ တွေဝေးကွာ၍ ကိလေသာနည်း သူဖြစ်ရ၏။
တိဟိတ်ပဋိသန္ဓေနေခဲ့ပြီး ဇာတိပညာပါရှိသူဖြစ်ရ၏။
ပညာပါရမီဖြည့်ဆည်းခဲ့၍ ပညာပါရမီရှိသူတို့သည် ပညာရှိကြ၊ ဉာဏ်ကောင်းကြ၏။
ဒေါသဗျာပါဒ ကင်းသူတို့သည် ပညာရှိကြ၏။ ဉာဏ်ကောင်းကြ၏။
အသိပညာရင့်ကျက်သူတို့သည် ပညာရှိကြ၏။ ဉာဏ်ကောင်းကြ၏။ ကိလောဘ နည်းပါးသူတို့သည် ပညာရှိကြ၏။ ဉာဏ်ကောင်းကြ၏။ ဇာတိပညာပါသူတို့သည် ပညာရှိကြ၏။ ဉာဏ်ကောင်းကြ၏။
ဤကား သင်္ဂြိုဟ်ဘာသာဋီကာ၏အဆိုတည်း။
ဣတိဝုတ်ပါဠိတော် အန္ဓကရဏသုတ်၌ ပညာရှိကြောင်း၊ ဥာဏ်ကောင်းကြောင်းတို့ကို ဟောထားတော်မူ၏။ ''ကုသိုလ်ဝိတက်သုံးမျိုးက ဉာဏ်မျက်လုံးကြည်လင်ပြီး အမြင်စူးရှအောင် လုပ်ပေးတတ်တယ်။ ဉာဏ်မျက်လုံးအားကောင်းပြီး အမြင်သန် အောင် လုပ်ပေးတတ်တယ်။ ဉာဏ်ပညာဖွံ့ဖြိုးတိုးပွားအောင် လုပ်ပေးတတ်တယ်။ နိဗ္ဗာန်ရောက်အောင် ဆောင်ရွက်နိုင်တယ်။ကုသိုလ်ဝိတက် သုံးမျိုးဆိုတာ နေက္ခမ္မ၀ိတက်၊ အဗျာပါဒ၀ိတက်၊အ၀ိဟိံသာဝိတက်တို့ပဲ''။
နေက္ခမ္မ၀ိတက်ဟူသည် အကုသိုလ်တွေကလွတ်နေပြီး ကုသိုလ်တွေကို တွေးတောနေခြင်းဖြစ်သည်။ ဘုရားအာရုံပြု၊ တရားအာရုံပြု၊ သံဃာအာရုံပြု၊ ကုသိုလ်ကိစ္စအာရုံပြု၊ အများကောင်းကျိုးတွေးဆိုလျှင် နေက္ခမ္မ၀ိတက်ဖြစ်သည်။ ပရဟိတ ၀ိတက်ဟု ဆိုနိုင်သည်။
အဗျာပါဒ၀ိတက်က မေတ္တာနှင့်တွေးခြင်းဖြစ်သည်။ အ၀ိဟိံသာဝိတက်က ကရုဏာနှင့် တွေးခြင်းဖြစ်သည်။ ထိုကုသိုလ်ဝိတက်သုံးမျိုးကို တွေးပေးလျင် ပညာရှိမည်။ ဉာဏ်ကောင်းမည်။ သံယုတ်ပါဠိတော်၊ သုတ္တနိပါတ် ပါဠိတော်တို့၌လည်း  ပညာရှိကြောင်း ဉာဏ်ကောင်းကြောင်းတို့ကို ဘုရားရှင်ဟောထားခဲ့သည်။ သူတော်ကောင်း တရားကို မမှိတ်မသုန် ယုံကြည်မှု သဒ္ဓါတရားရှိရမည်။
ပညာရှိထံ ဆည်းကပ်နာခံမှတ်သားခြင်း ရှိရမည်။ မမေ့မလျော့သော သတိတရားရှိရမည်။ စူးစမ်းဆင်ခြင်မှုရှိရမည်။ ထိုလေးပါးနှင့်ပြည့်စုံလျင် ပညာရှိမည်။ ဉာဏ်ကောင်းမည်။
အဂုင်္တ္တိုရ်ပါဠိတော် ပညာ ၀ုဒ္ဓိသုတ်၌ ပညာတိုးကြောင်း၊ ဉာဏ်ကောင်းကြောင်းတို့ကို ဘုရားမိန့်ခဲ့သည်။ သူတော်ကောင်းနှင့်ပေါင်းသင်းရမည်။ သူတော်ကောင်းတရား နာကြားရမည်။ နာခံရမည်။ မှန်ရမည်။ နှလုံးသွင်းမှုမှန်ရမည်။ တရားကျင့်ရမည်။ သမာဓိအလုပ်ကိုလုပ်ရမည်။
အဋ္ဌင်္ဂုတ္တရပါဠိတော်၌ ပညာဉာဏ်တိုးပွားကြောင်း အကျင့်ကောင်းရှစ်ပါး ဘုရားဟောထားခဲ့သည်။ ဆရာသမားအပေါ် လေးစားရမည့် အပေါင်းအသင်းတွေအပေါ် ရှက်တတ်၊ ကြောက်တတ်ရမည်။ ချစ်ခင်လေးစားမှုရှိရမည်။ မကြာခဏ ချဉ်းကပ်ပြီး အကြောင်းအကျိုး မေးမြန်းဆွေးနွေးရမည်။ ကိုယ်စိတ်နှစ်ပါး စိတ်ငြိမ်အေးချမ်းစွာ နေတတ်ရမည်။ကိုယ်ကျင့်သီလရှိရမည်။ဗဟုသုတရှိရမည်။ အစအလယ်အဆုံး ကောင်းခြင်းသုံးပါးပြည့်စုံသော စာပေကို သင်အံဖတ်ကြားမှတ်သားရမည်။ အကုသိုလ်တရားတွေပယ်ဖို့ ကုသိုလ်တရားတွေ တိုးပွားဖို့ကြိုးစားရမည်။ အကျိုးမရှိသော စကားမပြောဘဲ အကျိုးရှိသော စကားပြောရမည်။ ခန္ဓာငါးပါးဖြစ်ပျက်ကို အဖန်ဖန် ရှုမှတ်ရမည်။
သမ္မောဟ၀ိနောဒနီအဋ္ဌကထာ၌ ပညာရှိကြောင်း၊ ဉာဏ်ကောင်းကြောင်းတို့ကို ပြဆိုထားသည်။ လူကြီးသူမဆရာသမားများထံ ချဉ်းကပ်ပြီး အဖန်ဖန်မေးရမည်။ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး အထူးဂရုပြုရမည်။ သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာ ဣနြေ္ဒငါးပါးမယုတ်မလွန်ညီမျှအောင် ကျင့်သုံးရမည်။ အသိဉာဏ်ပညာ မရှိသူတို့ကို ဝေးဝေးရှောင်ရမည်။ အသိဉာဏ်ပညာရှိသူတို့ကို မှီဝဲပေါင်းသင်းရမည်။ ဉာဏ်၏ကျက်စားရာ နက်နဲသော တရားသဘောတို့ကို ဆင်ခြင် သုံးသပ်ရမည်။ဣရိယာပုထ်လေးပါး အသိပညာရရှိရေးသာ စိတ်ညွတ်နေရမည်။
မိလိန္ဒပဥှာပါဠိတော်၌ ပညာရှိကြောင်း၊ ဉာဏ်ကောင်းကြောင်းတို့ကို ပြဆိုထားသည်။
အသက်အရွယ်ကြီး ရင့်ရမည်။ အခြံအရံ အကျော်အဇောများရမည်။ အဖန်ဖန်မေးရမည်။
ရေဆိပ်ပမာ ဆရာနှင့်ပေါင်းဖော်ရမည်။ သင့်လျော်သော နှလုံးသွင်းရှိရမည်။ ဆွေးနွေးတိုင်ပင်ရမည်။ အစေးကူးသူနှင့် နေထိုင်ပေါင်းသင်းရမည်။ သင့်လျော်ရာအရပ်၌ နေရမည်။
အရာရာမှာ ပညာသာပဓာနဖြစ်သည်။
ပညာအရင်းအမြစ်၊ ပညာအရင်းအနှီး၊ ပညာသယံဇာတ အရေးကြီးသည်။
စိတ္တေနနိယျတေလောကော- တစ်လောကလုံးကို စိတ်ကဦးဆောင်သည်ဟု ဘုရားဟောသော်လည်း ထိုစိတ်ကို ပညာနှင့်ထိန်းကွပ်၊ ပညာ နှင့်ထိန်းကျောင်းပေးရမည်။
ပရမတ္ထနိဗ္ဗာန်ကို သိနိုင်မြင်နိုင်ဖို့ မဂ်ပညာ ဖိုလ်ပညာ လိုအပ်သလို လောကနိဗ္ဗာန် ကို သိနိုင်မြင်နိုင် ရရှိနိုင်ဖို့ ခေတ်ပညာတွေ လိုအပ်တာကတော့ အမှန်ပင်ဖြစ်သည်။

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

Thursday, May 6, 2010

GREAT DAY!!!

Success is not permanent & Failure is not final!
So, Never stop working after success &
Never stop trying after failure!.......
With that note lets all begin our day…….
"Past is Experience...!
Present is Experiments...!!
Future is Expectations...!!!
Use your Experience in your Experiments to achieve your Expectations...!!!!"

Wednesday, May 5, 2010

(၂၁) ရာစုထဲက ဗုဒ္ဓဘာသာကျောင်းတော်

နိုင်ငံခြားမှာနေတာ အတော်ကြာပြီလို့ ဆိုနိုင်တယ်။
ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ပညာသင်ကြားရေးကိစ္စနဲ့
သီရိလင်္ကာနိုင်ငံကို ၁၉၉၉ ခုနှစ်က ထွက်ဖြစ်တယ်။ ပညာသင်ကြားရင်း သီရိလင်္ကာနိုင်ငံ ဗုဒ္ဓဘာသာ သာသနာရေး အခြေအနေကို လေ့လာခဲ့တယ်။
နံပါတ် (၁) လေ့လာဖြစ်ခဲ့တဲ့အချက်က
သူတို့နိုင်ငံမှာရှိတဲ့ဆယ်ကျော်သက်လူငယ်တွေ
ဗုဒ္ဓဘာသာအကြောင်း ကောင်းကောင်းသိကြတယ်။
ကိုယ့်ဘာသာအကြောင်းကို ကောင်းကောင်း ရှင်းပြနိုင်တယ်။ အခြားဘာသာဝင်တွေနဲ့တွေ့ရင်လည်း ကောင်းကောင်းစည်းရုံးနိုင်တယ်။
ဆယ်ကျော်သက် အရွယ်ကလေးငယ်တွေ
ဘာလို့ ဒီလောက် ဗုဒ္ဓဘာသာအကြောင်း သိနေရတာလဲ။
သူတို့နိုင်ငံမှာ Sunday Dhamma School တွေရှိတယ်။
တနင်္ဂနွေနေ့ နံနက် (၇) နာရီလောက်ဆိုရင် အဖြူရောင်ဝတ်စုံလေးတွေနဲ့ ကျောင်းသူကျောင်းသားလေးတွေ ပန်းစည်းလေးတွေ ကိုယ်စီစွဲကာ ကျောင်းကို ရောက်လာကြပြီ။ အရွယ်စုံပဲ။ အချိန်ကြတော့ ဆရာတော့်ထံမှာ သီလယူကြတယ်။
ပြီးတော့ ကိုယ့်စာသင်ခန်းအသီးသီးကို သွားပြီး ဗုဒ္ဓဘာသာသင်္ခန်းစာတွေ သင်ရတယ်။
စုံစမ်းလို့ သိရတာက ''အစိုးရတန်းကျောင်းတွေမှာ တက်နေတဲ့ ကျောင်းသား ကျောင်းသူတိုင်း တနင်္ဂနွေနေ့မှာ ဘုန်းကြီးကျောင်းကို လာပြီး ဗုဒ္ဓဘာသာသင်္ခန်းစာတွေကို မသင်မနေရ သင်ရတယ်၊ ဒီဘုန်းကြီးကျောင်းမှာ သင်ရတဲ့ ဗုဒ္ဓဘာသာသင်္ခန်းစာတွေကလည်း သူတို့အတန်းအသီးသီးအတွက် Subject တစ်ခုဖြစ်တယ်" စသဖြင့် ဆရာတော်က ရှင်းပြတယ်။
နောက်နံပါတ် (၂)ု သီရိလင်္ကာနိုင်ငံမှာနေစဉ် လေ့လာဖြစ်တာက
အင်္ဂလိပ်စာ။ မြန်မာပြည်မှာ တချိန်က အင်္ဂလိပ်စာမှာ နာမည်ကြီးခဲ့တဲ့
စိန်ပေါလ်လိုကျောင်းမျိုးတွေ သူတို့နိုင်ငံမှာ ရှင်သန်နေတုန်းပဲ။
အဲ့လိုကျောင်းမျိုးထဲက Aquinas College ဆိုတဲ့ ကျောင်းမှာ အင်္ဂလိပ်စာသင်ဖြစ်ခဲ့တယ်။ ဈေးလည်းသက်သာ သွားရေးလာရေးလည်း လွယ်ကူ အဆင့်လည်းမှီတဲ့ကျောင်းတစ်ကျောင်းပဲ။ အင်္ဂလိပ်စာကို အဓိကထား သင်ကြားပေးပြီး
ကျန်တဲ့ပြင်သစ်ဘာသာ၊ ဂျပန်ဘာသာတို့အပြင်
ကွန်ပြူတာပညာရပ် များကိုလည်း သင်ကြားပေးတယ်။
အုပ်ချုပ်တဲ့သူက ခရစ်ယာန် father ကြီးတွေ။
ဒီအချက် (၂) ချက်ကို လေ့လာပြီး
''ဒို့နိုင်ငံ ဒို့လူမျိုးအတွက် ဗုဒ္ဓဘာသာ အကြောင်းကိုလည်း သိအောင်
အင်္ဂလိပ်စာ အင်္ဂလိပ်စကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင် မရှက်မကြောက် ပြောတတ်လာအောင် ကျောင်းတစ်ကျောင်း တည်ထောင်ပြီး ဗုဒ္ဓဘာသာအကြောင်းအရာတွေကို
အင်္ဂလိပ်လို သင်ပေးရရင် ကောင်းမှာပဲ'' လို့ အကြံရလာတယ်။
ဒီလိုအကြံရတဲ့အချိန်ကစပြီး သူငယ်ချင်းဆရာတော်များနဲ့တိုင်ပင်တယ်။
ခရစ်ယာန် father ကြီးတွေ သူတို့ရဲ့ကျောင်းတွေမှာ
ဦးစီးဦးကိုင် ကျွမ်းကျွမ်းကျင်ကျင် အုပ်ချုပ်သလို
ဒို့ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေလည်း ညီညီညာညာအုပ်ချုပ်နိုင်ရေးအတွက်
သူငယ်ချင်းတွေကို ဖိတ်ပြီး အစည်းအဝေး လုပ်ဖြစ်တယ်။
ဦးစီးဦးကိုင်ပြုလုပ်မဲ့ ဆရာတော်ဟာ အနည်းဆုံး ဓမ္မာစရိယအောင်မြင်ပြီး
မဟာဝိဇ္ဇာ (M.A) ဘွဲ့ရပြီးသူဖြစ်ဖို့ တညီတညွတ် တည်း သဘောတူ ဆုံးဖြတ်ချက်ချဖြစ်တယ်။
ထိုသဘောတူဆုံးဖြတ်ချက်အရ
(၁) ဒေါက်တာအရှင်ဣန္ဒက
(ဓမ္မာစရိယ၊ တက္ကသီလဓမ္မာစရိယ၊ B.A, M.A, Ph.D)
(၂) အရှင်ဒေ၀ိန္ဒ
(တက္ကသီလဓမ္မာစရိယ၊ B.A,တက္ကသီလမဟာဓမ္မာစရိယ၊ M.A)
(၃) ဒေါက်တာပါရမီ
(တက္ကသီလဓမ္မာစရိယ၊ B.A,တက္ကသီလမဟာဓမ္မာစရိယ၊M.A, Ph.D)
(၄) ဒေါက်တာနောဓိဥာဏ
(တက္ကသီလဓမ္မာစရိယ၊ B.A,တက္ကသီလမဟာဓမ္မာစရိယ၊ M.A,Ph.D)
(၅) ဒေါက်တာ အာသဘ
(တက္ကသီလဓမ္မာစရိယ၊ B.A, M.A, Ph.D)
ဆရာတော်များက ဦးစီးပြီး စီစဉ်ဆောင်ရွက်ကာ သင်တန်းများပို့ချမှာ ဖြစ်ပါတယ်။
ကျောင်းတိုက်တည်ထောင်ရေးအတွက် အရေးကြီးဆုံးအချက်မှာ မြေနေရာ ရရှိဖို့ ပင်။
ဒီအတွက် ဒီနှစ် (၂၀၀၉ ခုနှစ်) ဖေဖေါ်ဝါရီလတုန်းက
မြန်မာပြည်ပြန်တော့ မြေကွက်တစ်ကွက် အလှူခံရရှိခဲ့တယ်။
ကျောင်းတိုက် တည်ဆောက်ဖို့ လိုသေးတယ်။ ရည်ရွယ်ချက်အတိုင်း ကျောင်းတိုက်တည်ဆောက်ဖို့ ကျွမ်းကျင်တဲ့ အင်ဂျင်နီယာများနဲ့ တိုင်ပင်တော့ သိန်း ၂၆၀၀ လောက်ကုန်မယ်ခန့်မှန်းတယ်။ ကျောင်းတိုက်မှာ စာသင်ခန်း၊ ကွန်ပျူတာခန်း၊ စာကြည့်တိုက်၊ တရားထိုင်ခန်း၊ ရုံးခန်း၊ ဘုရားခန်း၊ ထမင်းစားခန်း၊ မီးဖိုချောင်ခန်း၊ ဆရာတော်များနေခန်း၊ စာသင် ဆရာတော်များ နားနေခန်း။ ကျောင်းသား ကျောင်းသူတို့အတွက် canteen ခေါ် စားသောက်ဆိုင် စသဖြင့် ခေတ်မှီတဲ့ ပညာသင်ဌာန တစ်ခုအတွက် လိုအပ်တဲ့ အခန်းတွေဖွဲ့စည်းရမှာဆိုတော့
သိန်း ၂၆၀၀ ဧကန်ကုန်မည်ဟု ယူဆမိတယ်။
အဲ့ဒီကုန်ကျမည့်ငွေများကို ပါရမီရှင်များအနေဖြင့် မိမိတို့၏ နောင်မျိုးဆက်သစ် တိုးတက်ရစ်ဖို့ အတွက် စေတနာသဒ္ဓါတရားနည်းများမဆို ပါဝင်လှူဒါန်းနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါတယ်။

Tuesday, May 4, 2010

You are the one!

Grab your weapons that are necessary for your battle of life …
Stand on your own foot by yourself …

And practice till you are skilful enough to defeat your competitor …
You should never leave your seat …

Put on the audience with your great talent …
And then show off …
The only thing you need is faith …

You wish you could do like your prime generation …
Let’s have a world in a gaze to you …
And then leave the whole crowd in awe …

I could swear … you are the one!

Monday, May 3, 2010

သဘာဝ နှင့် ရာဇတော ဆက်နွယ်မှု

ဒီစာကိုရေးရတာ အတော်အားယူရေးရပါ့ဗျာ၊
အင်တာနက်ဆိုင်ထဲ လူကလဲ ထူ၊ ပူကလဲ ပူနဲ့၊ အတော်အနေရ အထိုင်ရ ခက်နေပါ့ဗျာ။
မီးကလဲ မလာတော့ မီးစက်က အဲယားကွန်းစက်တွေကို မနိုင်လို့ ဖွင့်မရ၊ ဒုက္ခပါဗျာ။
ဒါတောင် စောစောကဘာ လူလည်လုပ်ပြီး ရှိတဲ့ပန်ကာလေး ၂ လုံးကို
မသိချင်ယောင်ဆောင်ပြီး ကိုယ်ထိုင်တဲ့ဘက် အသာလှည့်ထားလို့ နေသာတာပါ။
ကိုယ့်လိုလူလည်နောက်တစ်ယောက်ရောက်လာလို့ ပန်ကာကို သူ့ဘက်ပြန်လှည့်သွားရင်
ဆက်ထိုင်လို့ မဖြစ်တော့ပါဘူး။ ထပြေးရတော့မှာပါ။
ဒီနှစ်မြန်မာပြည်ရာသီဥတုက အတော်လေးပူပါတယ်။
မိုးလေ၀သသတင်းတွေကြည့်လိုက်ရင် ဒေသတော်တော်များများက
မေလရဲ့ ပျမ်းမျှအပူချိန်အထက်တွေမှပါပါ။
အခုဆို ၄၃ စင်တီဂရိတ် ၁၁၃ ဖာရင်ဟိုက်လောက် ရောက်နေပါ့ဗျာ။
အခုမေလအတွက် မိုးလေ၀သခန့်မှန်းချက်ထွက်လာတာက
မိုးအ၀င်နောက်ကျပြီး မိုးအထွက်စောမယ်လို့ မှန်းကြတယ်။
ဒီတစ်လလုံးတော့ လှိမ့်ပြီးပူနေမဲ့အခြေအနေရှိပါတယ်။
ဒီအတိုင်းဆက်ပူနေဦးမှာလား။
အပူချိန်ထပ်တိုးလာဦးမှာလားက မသေချာပါခင်ဗျာ။
မိုးမလာသေးရင် ရေလာသေးမှာ မဟုတ်။
ရေမလာသေးရင် မီးကလည်း လာဦးမှာ မဟုတ်ပါ။
အဓိကပြောချင်တာက ခုရက်ပိုင်းကြားနေရတဲ့သတင်းလေးတွေနဲ့ ဆက်စပ်လို့ပါ။
အပူဒဏ်နဲ့ပတ်သက်တဲ့ စပ်မိစပ်ရာ သတင်းလေးတွေပါ။
အခုဘဲ ဗွိုက်စ်ဂျာနယ်ထဲ ဖတ်လာရပါတယ်။ ကမာရွတ် လှည်းတမ်းမီးပွိုင့်မှာပါ။
နေ့လည်ခင်းအချိန် တက္ကစီယာဉ်မောင်းက မီးပွိုင့်ကို ကားရပ်စောင့်နေတုန်း
အိုက်လွန်းလို့ ရေခဲရေ ၀ယ်သောက်ပါသတဲ့ဗျ။
ရေခဲရေတ၀သောက်ပြီး ရေခဲရေနဲ့ဘဲ မျက်နှာဆက်သစ်ပါတယ်တဲ့ခင်ဗျ။
သူ့ခမျာ နေရထိုင်ရ အတော်အဆင်ပြေသွားပုံပါ။
ဒါတင်မက၊ ရေခဲရေကို သူမှာပါလာတဲ့ချွေးသုတ်တဘက်လေးကို
ရွှဲနေအောင် စွတ်လိုက်ပါတယ်။ ဒါလေးနဲ့ သူ့လည်ပင်းပတ်ထားရင်း
အပူဒဏ်သက်သာအောင်နေလိုက်ပုံပါ။
အဲဗျာ၊ ဖြစ်ချင်တော့ မီးပွိုင့်တောင် တစ်ကြိမ်မစိမ်းသေးဘူး။ အဲဒီပုံစံနဲ့ဘဲ ဦးဏှောက်ကြောပြတ်ပြီး
မီးပွိုင့်စောင့်ရင်း ကားပေါ်တင် ခေါင်းကြီးဇက်ကျိုးကျရင်း ကိစ္စပြတ်သွားရှာတယ်တဲ့ခင်ဗျ။
ပြီးခဲတဲ့ရက်ပိုင်းတွေကလဲ သမံတလင်း ရေလောင်းပြီး အဲဒီအပေါ်ဖျာခင်းအိပ်ရင်း
လေဖြတ်ပြီး ကိစ္စတုံးသွားတာတို့၊ ခြင်ထောင်ကို ရေစွတ်၊ ဖျာကို ရေစွတ်ပြီး
အိမ်အပြင်ထွက် အိပ်လိုက်ကြတဲ့ လင်မယားအစုံလိုက်တွေ၊
မနက်ကျတော့ တကိုယ်လုံးတောင့်တင်းပြီး အနိစ္စရောက်ကုန်တာတို့ ကြားရပါတယ်။
အခုလို ပူလွန်းတဲ့အချိန်မှာ ဒါတွေကို ဂရုစိုက်ဘို့ လိုပါတယ်။
လူက အပူဒဏ်ကို အသင့်အတင့်ခံနိုင်ပေမဲ့ အပူအအေးရုတ်တရက်ကွာခြားမှု ဒဏ်ကိုတော့
Temperature Shock ကို ခံနိုင်ရည် လုံးဝ မရှိပါဘူး။
ခန္ဓာကိုအပူချိန်နဲ့ ပတ်ဝန်းကျင်အပူချိန် ၃ ဒီဂရီလောက် ရုတ်တရက်ခြားနားသွားရင်
ပြဿနာ စဖြစ်ပါတယ်။ အပူချိန် ၅ ဒီဂရီလောက် ရုတ်တရက်ခြားနားသွားရင်
ရှော့ခါသေချာပေါက်ရနိုင်ပါတယ်ခင်ဗျာ။
လူ့ခန္ဓာကိုယ်က ဇီဝတုန့်ပြန်ပုံတွေက ထူးဆန်းပါတယ်။
သွေးကြောတွေ ကြွက်သားတွေက အပူချိန်ခြားနားမှုအလိုက် ချက်ချင်းတုန့်ပြန်ပါတယ်။
ခုနလို ချက်ချင်းအေးသွားရင် ကြွက်သားတွေ သွေးကြောတွေက ကြုံ့သွားပါတယ်။
ပြီးမှ ခဏနေမှ ပတ်ဝန်းကျင်အပူချိန်နဲ့ ချိန်ညှိရင်း ခန္ဓာကိုယ်က နဂိုပုံမှန် ပြန်ရောက်ပါတယ်။
ခုန တက္ကစီယာဉ်မောင်းဆိုရင် ရေခဲရေအ၀တ်နဲ့ လည်ပင်းအပတ်မှာ လည်ပင်းသွေးကြောမကြီး အပူအအေးကွာခြားတာကြောင့် ချက်ချင်းကြုံ့သွားပါတယ်။
ဒီအချိန်မှာ သွေးကြောတွေ အညှစ်ခံရသလို အဖိခံရသလိုဖြစ်ပြီး ရုတ်တရက်သွေးဖိအားတက်သွားကာ ဦးဏှောက်ထဲက သွေးကြောတချို့ ပေါက်သွားတာပါ။
မဖြစ်သင့်ပါဘူး။ အသိတရားရှိသင့်ပါတယ်။
အပြင်နေပူပူကနေ အဲယားကွန်းအခန်းထဲ ချက်ချင်းဝင်လိုက်ရင်
ဘယ်သူမဆို ကြက်သီးထဘူးကြမှာပါ။ ဒီသဘောပါဘဲ။ ကြွက်သားတွေက တုန့်ပြန်ပြတာပါ။
ဒါ့ကြောင့် အိုက်တယ်ဆိုပြီး ထင်ရာမလုပ်ကြဘို့ အဓိကပြောချင်တာပါဗျာ။
နေပူပူအချိန်မှာ သက်ကြီးရွယ်အိုတွေကို အထူးဂရုစိုက်ကြပါဗျာ။
ခုနပြောသလို အပူအအေးကို နည်းမှန်လမ်းမှန်လေးဖြစ်အောင် ဂရုစိုက်ပြီး ကြည့်ပေးကြပါ။
ပြီးတော့ ဒီအချိန်မှာ အစားအသောက်ဂရုစိုက်ဖို့လိုပါတယ်။
သက်ကြီးရွယ်အိုနဲ့ သွေးတက်စာကတော့ ဒီအချိန်မှာ ဘယ်လိုမှ မဖြစ်တော့လို့ပါ။
ပြီးခဲ့တဲ့ ၂ ရက်လောက် ကျွန်တော့သူငယ်ချင်းယောက္ခမကြီး ဆုံးသွားပါတယ်။
ဖြစ်ပုံက ဒီလိုဗျ။ သူငယ်ချင်းယောက္ခမကြီးက သူ့သူငယ်ချင်းအလှူကို သွားချင်တယ်ဆိုလို့
သူငယ်ချင်းက လိုက်ပို့ပါတယ်။ ဟိုကျတော့ လား လား၊ အုန်းနို့ခေါက်ဆွဲကျွေးပါတယ်။
သားမက်က ယောက္ခမကို အဲ့ဒါတွေမစားဘို့ တားပါတယ်
ယောက္ခမက စိတ်ဆိုးပြီး သူ့ကို ဆရာလာမလုပ်ဘို့ အချီအချစကားများရင်း နောက်ဆုံး
အလှူမှာ ခေါက်ဆွဲတစ်ပုဂံဘဲစားဘို့ ယောက္ခမက ဈေးတည့်သွားပါတယ်။
ဖြစ်ချင်တော့ အလှူလုပ်တဲ့အိမ်က အုန်းသီးခြစ်သည့်လုပ်ငန်းငန်းလုပ်တဲ့ စီးပွါးရေးလုပ်ငန်းရှိပါတယ်။ ဒီတော့ သူတို့အလှူမှာကျွေးတဲ့ အုန်းနို့ကတော့ ထူးထူးရှယ်ပေါ့ဗျား။
ဒါနဲ့အပြန်မှာ အိမ်ကျ သူ့မိန်းမအဆူခံရ မစိုးလို့ သူငယ်ချင်းက သူ့ယောက္ခမကို သံပုရာရည်ကို
အိမ်မပြန်ခင်ကတည်းက လမ်းမှာသောက်သွားဘို့ ဆရာထပ်လုပ်ပါတယ်။
ဒီတစ်ခါတော့ ယောက္ခမကလဲ သူနေမကောင်းလာရင် သူ့မိန်းမကြီးက ပွစိပွစိ ဆူမစိုးလို့
သံပုရာရည်ကို ကြိုသောက်ထားဘို့ စောဒကပြန်မတက်ဘဲ သဘောတူလိုက်ပါတယ်။ ဒါနဲ့ သားမက်ရယ် ယောက္ခမရယ်၊ ဈေးထဲဝင် သံပုရာရည် ချဉ်ချဉ်လေး ၂ခွက်မနတုန်းရှိပါသေးတယ်။
ယောက္ခမကြီး ခွေးချေပေါ်ထိုင်ရာကနေ ဗြုန်းဆို အောက်ကို ပြုတ်ကျသွားပြီး
ပါးစပ်က တခွီးခွီးနေအောင် သွေးတက်ရင်း ကိစ္စပြတ်သွားပါရောခင်ဗျ။
ဆက်ရေးချင်ပါသေးတယ်ချင်ဗျာ၊ အခု ပန်ကာလေက ကိုယ့်ဘက်မှာ မရှိတော့ဘူး။ အတော်အိုင်လာလို့ မနေနိုင်တော့လို့ ထပြန်ရတော့မှာပါ။
ခုနပြောတဲ့ အုန်းနို့တို့၊ ဒန်ပေါက်တို့၊ ကြက်ဟင်းခါးသီးတို့၊ ငါးသလောက်တို့က
ခုလိုနေပူပျင်းချိန်မှာ အစားမတော် တလုပ်ပါဗျာ။
အိုက်တယ်ဆိုပြီး ခဏလေးအေးရင်ပြီးရော၊ တဒင်္ဂအပူသက်သာရင် ပြီးရော မဆင်မခြင်နေမိတာကလဲ အသက်ကို ဥာဏ်စောင့်ဘို့ လိုပါသဗျာ။
ဒီစာလေးဖတ်ဖြစ်ခဲ့တဲ့ ကျူးပစ်ကြီးများ၊ ကိုယ့်ကိုယ်ကို ဂရုစိုက်ကြပါဗျာ။
ကြုံတဲ့သူတွေ သူငယ်ချင်းတွေ အိမ်သားတွေကို ပြောပေးကြပါဗျာ။
မြန်မာပြည်သူပြည်သားအားလုံး အပူဒဏ်ကနေ သက်တောင့်သက်သာ ရှိကြပါစေ။
ဒါနဲ့စကားမစပ်၊ ဒီလောက်ပူလောင်တဲ့ရာသီထဲမှာ
ဘယ်အမျိုးကောင်းသားကများ စိတ်ကူးယဉ်ပြီး ကျောင်းတွေ စပြန်ဖွင့်ထားသလဲ မသိပါ။
သန်လျင်၊ မှောဘီ၊ လှိုင်သာယာ၊ လှော်ကားကျောင်းသားများအတွက်ကတော့
ငရဲကြီးတယ်ဆိုတာ ဒါမျိုးလား၊ မေးရမလိုပဗျား။
Credit: Myanmarcupid