Thursday, February 25, 2010

Smoking (ဆေးလိပ်)

Hello my friends,
I wanna tell u about how bad smoking is!!
U smoke, u buy bad cancer for u!!! Here are some pictures!!!
Check it out!!!
It can cause lung cancer!!!
Smoking can badly affect your own beauty! This photo approves this.
The beautiful teeth of this woman are destroyed by smoking.
 So just consider how bad smoking is,,,,, friendsss!!
 
Just check out friends!! this is the difference between normal and smokers' lung...
U can feel peptic ulcers and coronary artery disease
(just like atherosclerosis)
This is the smoker's artery! It can cause atherosclerosis & even complete blockade of thrombus as shown in above picture!
You waste your precious time and money too.
This is the chart of deaths from smoking!
U smoke, you make yourself bad and other!!
The people around you breathe cancerous agent from your smoke!!
Now do you wanna cut your smoking habit?
Smoking is not physical dependence!! It is psychic dependence!
It doesn’t need your body! But it is need of your mind!!
Cut the smoking habit!!
And have a happy, healthy and meaningful life......
Credit: forwarded mail)

Wednesday, February 24, 2010

တာဝန်ယူချင်စိတ်

ကျွန်တော်ဟာနွမ်းပါးတဲ့ မိသားစုကမွေးဖွားလာသူပါ။
မြို့မကျ တောမကျနေရာလေးမှာနေပါတယ်။
ကျွန်တော့ အဖေဟာနေ့စဉ်မနက်အာရုဏ်မိုးလင်းခင်အစောကြီးထပြီး ကုန်စိမ်းကားတွေနဲ့အဖော်လိုက်ရသူပါ။
ပြောရရင် ကုန်စိမ်းကားနောက်လိုက်ပေါ့ဗျာ။
ဈေးမှာလိုရင်လိုသလို ကုန်စိမ်းတောင်းတွေထမ်းပေးရတယ်။
ဒီလိုပင်ပင်ပန်းပန်းရှာရတဲ့ငွေနဲ့နေ့စဉ်စားစရာဝယ်၊ ပိုတဲ့ငွေလေးကို ခြစ်ခြုတ်စုပြီး ကျွန်တော့အတွက်ပညာသင်စရိတ်ရှာပြီး မြို့မှာကျောင်းထားပေးရှာတယ်..။
နွေရာသီ ကျောင်းပိတ်လို့ ကျွန်တော်အိမ်ပြန်ရောက်လာတဲ့တစ်ရက်မှာတော့
အဖေက ကျွန်တော့ကို သူ နဲ့အတူ ကုန်စိမ်းကားနဲ့လိုက်ခဲ့ခိုင်းတယ်။
" သား..အဖေနဲ့လိုက်ခဲ့။ သားဘာမှမလုပ်ရပါဘူး၊ အဖေနားမှာအဖော်လိုက်ယုံလေးပါ" လို့ အဖေကပြောတယ်။
ကျွန်တော်လည်းကျောင်းပိတ်ရက်လေး အိမ်မှာနားရမလားမှတ်တယ်၊
အခုလို သူနဲ့လိုက်ခိုင်းတော့စိတ်ထဲ သိပ်မကြည်လင်ချင်ဘူး။
အဖေဆိုတော့ လွန်ဆန်လို့ကလည်း မရတော့ မလိုက်ချင်လိုက်ချင်နဲ့ မနက်စောစော
အာရုဏ်မလင်းခင်ထ၊ အဖေနဲ့အတူဈေးကားနဲ့လိုက်ရတော့တာပေါ့။
အဖေကကျွန်တော့ကို ဘာမှမထမ်းမပိုးခိုင်းပေမယ့် အဖေ့နောက်ကနေကျွန်တော့မှာ တကောက်ကောက်လိုက်ပြီး ပင်ပမ်းလိုက်တာ မပြောပါနဲ့တော့။ ရက်အနည်းငယ်လည်းဈေးကားနဲ့လိုက်လည်းပြီးရော ပင်ပမ်းတဲ့ဒါဏ်နဲ့ ကျွန်တော်အပျင်းဖျားယူရော။ အဲ့တော့မှ အဖေလည်းဘာမှမတတ်နိုင်ရှာဘဲ သက်ပြင်းတွင်တွင်ချှ ကျွန်တော့ကို အနားပေး၊ နောက်နေ့တွေသူဘဲဈေးကားနဲ့ လိုက်ရတော့တာပေါ့။
ဒါပေမယ့်လူ့လောကမှာ မမျှော်မှန်းနိုင်တာတွေကဖြစ်လာတတ်တယ်လေ။
တနေ့တော့ အဖေ ရုတ်တရက်နာမကျန်းဖြစ်ပြီး အိပ်ရာထဲလဲပါလေရော..။ သုံးလေးပါတ်လောက်အိပ်ရာကမထနိုင်ရှာဘူး။
အိမ်ရဲ့ဝင်ငွေကလည်း အဖေ့ပေါ်တည်နေတော့ ပိုက်ဆံပြတ်ပြီးထမင်းငတ်မယ့်ကိန်းဆိုက်နေတော့တာပေါ့။
ဘယ်လိုမှမဖြစ်တဲ့အဆုံး ဘာမှမလုပ်တတ်ရှာတဲ့အမေနဲ့ လူမမယ်ညီမလေးကိုငဲ့ကွက်ပြီး
ကျွန်တော်အဖေ့နေရာဝင်ယူရတော့တယ်။
အဖေ လုပ်တဲ့အတိုင်း မနက်မိုးမလင်းခင်စောစောထ၊ ဈေးကားနဲ့လိုက်
ဟင်းသီးဟင်းရွက်တောင်းကြီးတွေကိုထမ်း၊ ဈေးထဲကဆိုင်တွေစီတစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ထမ်းပိုးပို့ပေါ့ ။
သြော်..အဖေနဲ့ငါအရင်ကလိုက်သွားခဲ့မိလို့ တော်သေးတာပေါ့လို့ တွေးမိတယ်။
မိဘဆိုတော့ အဖေကကျွန်တော် ချွေးသံတစ်ရွှဲရွှဲနဲ့အိမ်ကိုပြန်လာတိုင်း ကျွန်တော်ရှာလို့ရလာတဲ့ပိုက်ဆံတွေ အဖေ့ကိုအပ်တိုင်း
ဂရုဏာစိတ်နဲ့ " ငါ့သားပင်ပမ်းရှာတယ်၊ ကျန်းမာရေး ထိခိုက်မယ် အဖေနေပြန်ကောင်းရင်ငါ့သားမလုပ်ရတော့ပါဘူးကွာ" လို့ ပြောရှာတယ်။
ဒါပေမယ့် အံ့သြစရာကောင်းတာက တစ်စက်လေးမှ ကျွန်တော်မောပမ်းခြင်းမရှိတော့တာကိုပါဘဲ။
ဒါနဲ့ ကျွန်တော် အဖေ့ကိုပြောမိတယ်..။
" အဖေ..သိပ်အံ့သြစရာကောင်းတယ်ဗျာ..အဖေသားကို ဟိုးတစ်ခါဈေးကားလိုက်ခိုင်းတုန်းက သားမှာအဖေ့နောက်လိုက်ပြီး ဘာမှမယ်မယ်ရရမလုပ်ရတာတောင် ပင်ပန်းခဲ့လိုက်တာမပြောပါနဲ့။ ဒါပေမယ့် အခု မနက်တိုင်းစောစောထရလည်း..ကုန်စိမ်းတောင်းတွေကိုထမ်းနေရလည်း နည်းနည်းမှကိုပင်ပမ်းတယ်မထင်မိဘူးဗျ" လို့ ပြောမိတယ်..။

အဲ့ဒီတော့ အဖေကပြန်ပြောတယ်။ သူပြန်ပြောလိုက်တဲ့စကားကရိုးရိုးလေးပါ..။ ဒါပေမယ့်ကျွန်တော့်ဘ၀အတွက်တကယ့်ကိုလက်ဆောင်မွန်ပါဘဲ။
" သား၊ တစ်ဖက်ကသားရဲ့ခန္ဓာကိုယ်က ကျင့်သားရလာလို့ စွမ်းအင်တိုးလာတာရယ်..
ပိုဖြစ်နိုင်တာက သားရဲ့စိတ်ဓာတ်ရင့်ကျက်လာမှုကြောင့်ဖြစ်မှာပါ..။
ရင့်ကျက်မှုက သားကို ကြီးလေးတဲ့တာဝန်ကိုယူလိုစိတ် သထ္ထိမျိုးကိုဖြစ်ပေါ်စေလိုက်တာပါ။
ဒီတော့ ဘယ်လောက်ပင်ပမ်းပင်ပမ်း၊ ငါ့သားကို သက်တောင့်သက်သာ ဖြစ်နေစေတာပေါ့.. "
ခုတော့..ကျွန်တော် အဖေ့စကားတစ်ခွန်းထဲနဲ့ တာဝန်ယူလုပ်ကိုင်လို့ ရလာတဲ့ ရလာဒ်ရဲ့ ချိုမြိန်တဲ့
အရသာကိုကောင်းကောင်းခံစားသိခွင့်ရနေပြီလေ။
သားငယ်

(from foreverfriends)

Tuesday, February 23, 2010

ရပိုင်ခွင့်၊ ယဉ်ကျေးမှုနှင့် တာဝန်ဝတ္တရား

တချို့တွေ Internet ကို တလွဲတချော်သုံးပြီးအချိန်ဖြုန်းနေတာ၊
online chatting ကနေ မိန်းကလေးတွေကို ဏှာဘူးကျတာ၊ ရိုင်းပျတာ၊
အများသုံးဆိုင်မှာထိုင်ပြီး အရှက်သိက္ခာကင်းမဲ့စွာ၊
လူငယ်တွေ တန်ဖိုးမရှိတဲ့ ကိစ္စတွေနဲ့ အကျိုးမဲ့ အချိန်ဖြုန်းနေတာ။
ဒါတွေကို အခြေခံပြီး
ရပိုင်ခွင့် (Rights)၊ ယဉ်ကျေးမှု (Etiquette) နဲ့ တာဝန်ဝတ္တရား (Responsibilities)
အကြောင်း အတွေးတချို့ တင်ပြပါရစေ။
အားလုံး လက်ခံဖို့မဟုတ်ပါ။
စာဖတ်သူတွေ ဆက်တွေးနိုင်ကြဖို့၊ အချိန်မနှောင်းခင် ပြင်သင့်တာတွေ ၀ိုင်းပြင်ကြဖို့ပါ။
ရပိုင်ခွင့် ဆိုတာဘာလဲ။
တဦးတယောက်ချင်းအတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ဆိုလိုတာပါ။
အခွင့်အလမ်းဆိုတဲ့ (opportunity) နဲ့မတူပါဘူး။
ဥပမာ - consumer rights= စားသုံးသူအခွင့်အရေး။
(ပစ္စည်းအရည်အသွေးအမှန်အတိုင်းသိခွင့်၊ ဈေးမှန်အတိုင်းဝယ်နိုင်ခွင့်၊ VIP မဟုတ်ဘဲ တန်းတူဝယ်နိုင်ခွင့် စသဖြင့်)
child's rights= ကလေးသူငယ်အခွင့်အရေး။ labour rights= အလုပ်သမားအခွင့်အရေး။
citizen rights= နိုင်ငံသား အခွင့်အရေး။
right to education= ပညာသင်ကြားပိုင်ခွင့်။
right to self defence= မိမိကိုယ်ကို ကာကွယ်ပိုင်ခွင့်။
right to information = အချက်အလက်သိပိုင်ခွင့် စသဖြင့်
လူတဦးချင်းရဲ့ အခန်းကဏ္ဍ (Role) အလိုက် အခြေခံရပိုင်ခွင့်တွေရှိပါတယ်။
လူတဦးထဲကနေ role တခုထက်ပိုပြီး ရှိနေနိုင်တာ သတိပြုပါ။
ဥပမာ - တပြိုင်နက်ထဲမှာ အလုပ်သမား၊ စားသုံးသူ၊ နိုင်ငံသား ဖြစ်နေတာမျိုး။
ကိုယ့်ရဲ့ရပိုင်ခွင့်ဆိုတာ တောင်းယူစရာမလိုဘဲ အလိုအလျောက်ရှိနေတာပါ။
သူတပါးရဲ့ right ကို ပိတ်ပင်နှောင့်ယှက်တာဟာ
ချိုးဖောက်မှု (Violation of rights) ဖြစ်ပါတယ်။
မိသားစုဝင် တယောက်ဟာ မိသားစုထမင်းဝိုင်းထဲကို ဖိတ်ခေါ်စရာမလိုဘဲ ၀င်စားခွင့်ရှိပါတယ်။ ဒါပေမယ့် ဘေးလူရဲ့ ထမင်းပန်းကန်ထဲကို အရိုးထည့်ခွင့်မရှိပါဘူး။
သူ့ကို မစားနဲ့လို့တားခွင့် မရှိပါဘူး။
ဒီလိုလုပ်ရင် ဘေးလူတွေရဲ့ အေးချမ်းစွာထမင်းစားခွင့်ဆိုတဲ့ right ကို ချိုးဖောက်တာပါ။
Right ကို ချိုးဖောက်တာဟာ စော်ကားတာနဲ့ တူပါတယ်။
နောက်ပြီး ရသင့်တဲ့ Right ထက်ပိုယူတာဟာ သူတပါးကို ထိခိုက်စေနိုင်ပါတယ်။
နောက်တခု
ခုနကထမင်းဝိုင်းမှာပဲ ညက်အောင်ဝါးပြီးသားထမင်းလုတ်တွေကို
မြိုမချဘဲ ကိုယ့်ပန်းကန်ထဲကိုထွေးပြီးပုံထားမယ်။
သူများပန်းကန်ကို မထိဘူး။
ဒါဆိုရင်တော့ စားနေတဲ့လူတွေ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။
ဒါမျိုးကို Etiquette (ယဉ်ကျေးမှု) ကင်းမဲ့ခြင်း လို့ခေါ်ပါတယ်။
Etiquette ရှိတဲ့သူကို Polite (ယဉ်ကျေးတဲ့) လူလို့သတ်မှတ်ပါတယ်။
ဟိုတုန်းက မြန်မာတွေဟာ Etiquette ကို အလွန်တန်ဖိုးထားလိုက်နာခဲ့ကြပါတယ်။
ယဉ်ကျေးတဲ့ လူ့အသိုင်းအ၀ိုင်း (Civilized society) မှာ
သူတပါး စိတ်အနှောင့်အယှက် မဖြစ်အောင် သတိထားကြတာပါ။
မိဘ၊ အသိုင်းအ၀ိုင်း၊ ကြီးပြင်းမှုပတ်ဝန်းကျင်ဟာ Etiquette ကို သင်ကြားပေးပါတယ်။ လူမျိုးနိုင်ငံတခုနဲ့တခု Etiquette တထပ်ထဲမတူပေမယ့် အတော်များများဆင်တူပါတယ်။ လိုရင်းကတော့ ကိုယ်နဲ့ဆက်ဆံထိတွေ့နေတဲ့လူတွေ ကိုယ့်ကြောင့် အနှောင့်အယှက် မဖြစ်စေရဘူးဆိုတဲ့ စိတ်ထားလေးပါပဲ။
လူ-လူချင်းလေးစားမှုပါ။ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊
ပညာတတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ၊
သူ့ရဲ့ Etiquette ကို ကြည့်ပြီး လူရဲ့အဆင့်အတန်းကိုသိနိုင်ပါတယ်။
Etiquette မလိုက်နာတဲ့သူ၊ မသိတဲ့သူတွေကြောင့်
မကြာခဏ လူအများ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။
Online မှာ၊ လမ်းပေါ်မှာ၊ cyber cafe မှာ၊ ကားပေါ်မှာ၊ ကျောင်းမှာ၊ အိမ်မှာ၊
အလုပ်ထဲမှာ ကောင်းတဲ့ အမူအကျင့်လေးတွေ အချိန်မီပြန်ပြီးပျိုးထောင်စေချင်ပါတယ်။ စနစ်ကဆိုး၊ တိုင်းပြည်ကမွဲ နေတဲ့အထဲမှာ လူအချင်းချင်းလေးစားမှု၊ အလိုက်သိမှုတွေပါ
ပျောက်ဆုံးသွားမယ်ဆိုရင်တော့ မြန်မာပြည်ဟာ မနေအပ်တဲ့အရပ်ဖြစ်သွားတော့မှာပါ။
(Internet Etiquette ကို Netiquette လို့ခေါ်ကြတာတွေ့ရပါတယ်။)
နိုင်ငံတကာမှာ လူတွေဟာ Rights တွေကိုပဲ အသားပေးနေပြီး
Responsibilities (တာဝန်ဝတ္တရား) တွေကို ရူးချင်ယောင်ဆောင်နေကြလို့
ခေါင်းဆောင်တွေ စိတ်ညစ်နေကြပါတယ်။ တာဝန်မကျေသူဟာ right နဲ့မထိုက်တန်ပါဘူး။
အိမ်သူ/သားတာဝန်ကျေအောင် မကြိုးစားဘဲ အိမ်သားအခွင့်အရေး
အပြည့်လိုချင်ရင်တော့ မတရားပါဘူး။
အလုပ်တာဝန်မကျေဘဲ လုပ်သားအခွင့်အရေးမရသင့်ပါဘူး။
သမ္မတ၊ ၀န်ကြီးချုပ် တာဝန်ဖြစ်တဲ့ တိုင်းပြည်တိုးတက်ရေးမလုပ်ဘဲ အထူးခံစားခွင့်မရသင့်ပါဘူး။
တန်ရာတန်ကြေးမပေးဘဲ စားသုံးသူအခွင့်အရေးမရထိုက်ပါဘူး။
တာဝန်ကို သိအောင်လဲကြိုးစား၊ တတ်နိုင်သလောက်လဲ ကျေပွန်ရမှာပါ။
တာဝန်ဟာ ဘယ်သူမှလာမပေးလဲ ကိုယ့်အပေါ်မှာ ရှိနေပြီးသားပါ။
ကိုယ့်နေရာနဲ့ ကိုယ် စောစောကပြောခဲ့တဲ့ Role (အခန်းကဏ္ဍ) တခုစီရှိကြပြီးသားပါ။
အဲဒီ Role တခုစီမှာ ရပိုင်ခွင့်နဲ့ တာဝန်တွေ တွဲလျက်ရှိပါတယ်။
ကိုဘသောင်း Bus ကားဆရာကဏ္ဍမှာ သူ့ရဲ့တာဝန်က လမ်းစည်းကမ်းလိုက်နာဖို့၊
ဘေးကင်းစွာ ပို့ဆောင်ဖို့။
ဖခင်ကဏ္ဍမှာ သားသမီးတွေအတွက် မုန့်ဝယ်ပြီးအိမ်ပြန်လာတာ၊ ကျောင်းစရိတ်ရှာတာ၊
ဆုံးမသွန်သင်တာ၊ စံနမူနာကောင်းပြတာ ကိုဘသောင်းရဲ့ တာဝန်ပါ။ ဇနီးအပေါ်
သစ္စာစောင့်တာ၊ ၀င်ငွေရှာပေးတာကတော့ ခင်ပွန်းကဏ္ဍအတွက် ကိုဘသောင်းတာဝန်ပါ။
သားသမီးကဏ္ဍမှာ မိအိုဘအိုကြီးတွေကို ကျေးဇူးဆပ်တာ၊ ပြုစုတာ သူ့ရဲ့ တာဝန်ပါ။
ကိုဘသောင်းရဲ့ ဥပမာကို ကြည့်ရင် ရှင်းပါတယ်။
လူတယောက်ထဲမှာ ကဏ္ဍအလိုက် တာဝန်တွေရှိနေတာပါ။
လောကကြီးမှာ အလကားနေဖို့အချိန်မရှိပါဘူး။
တာဝန်ကျေသူတွေများလာရင် ပတ်ဝန်းကျင်ကောင်းပါမယ်။
တာဝန်မဲ့သူတွေများရင် ပတ်ဝန်းကျင်ပျက်ပါမယ်။
ကိုယ့်အနားမှာ မှားနေတာတွေကို တတ်စွမ်းသမျှ ပြုပြင်တာဟာ နိုင်ငံသား၊ လူသားတဦးရဲ့ အခြေခံအကျဆုံးတာဝန်ဖြစ်ပါတယ်။
တံမြက်စည်းလှည်းသူ၊ ကျောင်းသား၊ မိဘ၊ ကျောင်းဆရာ၊ ၀န်ထမ်း၊ စီးပွားရေးသမား၊ နိုင်ငံရေးသမား၊ စစ်တပ်ထိပ်သီးအဆုံး ဆိုင်ရာ တာဝန်တွေကျေကြရင် တိုင်းပြည်ကောင်းလာမှာပါ။
ကိုယ့် Rights ကို သိပါ။ သူတပါး rights ကို လေးစားပါ။ Etiquette ရှိပါ။
Responsibilities ကျေပွန်အောင်ကြိုးစားပါ။ တခြားသူတွေကိုလဲ တိုက်တွန်းပေးကြပါ။
"We must become the change we want to see." --- Gandhi
အားလုံး လက်ခံဖို့မဟုတ်ပါ။ စာဖတ်သူတွေ ဆက်တွေးနိုင်ကြဖို့၊
အချိန်မနှောင်းခင် ပြင်သင့်တာတွေ ၀ိုင်းပြင်ကြဖို့ပါ။
(credit:foreverfriends)

Monday, February 22, 2010

မန္တလေးသားစစ်စစ်နှင့် မလကာထန်းလျက်

နေ့လည်ဖက် ရုံးအပြင်ထွက်၍ ထမင်းစားသွားချိန်တွင် မလေးရှားနိုင်ငံထုတ်
Proton ပရိုတွန်ကားတစ်စီးက ရှေ့က ဖြတ်ကျော်သွားသည်။
ကား၏ မော်ဒယ်လ်က Wira ... ။
စင်္ကာပူနိုင်ငံသားတစ်ဦးက နံဘေးမှ မလေးရှားနိုင်ငံသားအား “Wira ဆိုတာဘာလဲလို့” ကောက်မေးရာ ကျောင်းသားဘ၀ မြန်မာစာသင်ခန်းစာမှ “၀ီရရသ” ကိုပြေးသတိရသည်။
မလေးရှားနိုင်ငံသား တရုတ်က စဉ်းစားနေခိုက် “ရဲရင့်ခြင်းဖြစ်မယ် ထင်တယ်” ဟုမှတ်ချက်ချလိုက်ရာ
သူက “အင်း…ဟုတ်တယ် သူရဲကောင်းကိုပြောတာ” တဲ့။
ထမင်းစားအပြီး ထောပတ်သီးဖျော်ရည် သောက်ကြပြန်ရာ ဖျော်ရည်၏ အရသာမှာ အဆန်းဖြစ်နေသည်။ ယခင်သောက်ဖူးသော နို့ဆီ, သကြားတို့၏ အနံ့အရသာမျိုးမဟုတ်။
မိမိနှင့်တော့ အတော်ရင်းနှီးနေသည်။ မြန်မာပြည်မှ ထန်းလျက်၏ အနံ့အရသာမျိုး…။
မေးကြည့်တော့ “Gula Melaka” ဟုပြောသည်။
“မလကာပြည်နယ်က ထွက်တဲ့သကြားတစ်မျိုးပေါ့” လို့ အဓိပ္ပါယ်ပြန်ပေးကြသည်။
အိမ်ပြန်ရောက်မှ အဘိဓာန်တွင်ရှာကြည့်တော့
ပါဠိစကား “ဂုဠ” သည် “ကြံသကာခဲ, ထန်းလျက်” ဟုတွေ့ရသည်။
မလေးဝေါဟာရအချို့သည် ပါဠိစကားလုံး, သက္ကတစကားလုံများနှင့် အတော်လေးနီးစပ်ပါသည်။ စင်္ကာပူဟူသော အမည်သည်ပင် ခြင်္သေ့မြို့တော်ဟု အဓိပ္ပါယ်ရသော သက္ကတအမည်ဖြစ်သည်။ ရထားဘူတာရုံများတွင် Bahaya (အန္တရာယ်ရှိသည်) ဟူသော မလေးစကားသည်လည်း
ပါဠိ သက္ကတ “ဘယ” မှ ဆင်းသက်လာခြင်း ဖြစ်သည်။
ဘာသာစကားကိုလည်း မလေးလို Bahasa ဟုခေါ်သည်။
ပါဠိ, သက္ကတမှ S သံကို မြန်မာတို့က သ-သံထွက်ဖတ်သည်။
တချိန်က သုဝဏ္ဏဘူမိခေါ် ဆုမတြာကျွန်းဆွယ်သည် အိန္ဒိယယဉ်ကျေးမှု, ဟိန္ဒူနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုတို့ လွမ်းမိုးခဲ့သည့်ဒေသများဖြစ်၍ ရှေးဟောင်းခေတ် မလေးဘာသာစကား (Old Malay)ကို သက္ကတ ဘာသာစကားက လွမ်းမိုးထားသည်မှာ သိပ်တော့မဆန်း။
The World is Flat စာအုပ်တွင် Thomas Firedman က
ကိုလံဘတ် ရွက်လွင့်ခဲ့သော ၁၄၉၂-ခုနှစ်မှာ Globalization ပထမခေတ် စသည်ဟု ဆိုသည်။
အရှေ့-အနောက် ကမ္ဘာနှစ်ခြမ်းကို မဆက်မိသေးသည့်တိုင် ကိုလံဘတ်မတိုင်မီကပင် Globalozation က အရှေ့တောင်အာရှတခွင်တော့ ရောက်ခဲ့ပြီဖြစ်သည်။
မြန်မာ, ယိုဒယား, ကမ္ဘောဒီယာနှင့် အင်ဒိုနီးရှားတို့တွင် ရာမလက္ခဏယဉ်ကျေးမှုက
ယခုခေတ် ဟစ်ဟော့တေးတွေလို ကူးစက်ခဲ့ဖူးသည်။
သို့သော်လည်း ဖြစ်ပြန်, ပျက်ပြန် လောကဓံဆိုသလို မလေးရှား, အင်ဒိုနီးရှားဒေသသို့ အာရပ်ယဉ်ကျေးမှု, အစ္စလာန်ယဉ်ကျေးမှုလှိုင်း ရိုက်လိုက်သောအခါ ဘာလီလို နေရာမျိုးတွင်သာ ရာမလက္ခဏကျန်ခဲ့သည်။ Borobudur လို ဘာသာရေး အဆောက်အအုံကြီးများလည်း တိမ်မြုတ်သွားသည်။ မလေးဘာသာစကားလည်း တစ်မျိုးတမည် ပြောင်းလဲသွားသည်။
ရှေးဟောင်းခေတ် မလေးဘာသာစကား (Old Malay)ကို
ယခုခေတ်မလေးစကားပြောသူတို့ နားမလည်နိုင်ကြတော့။
**** ***** ****
မန္တလေး အနှစ် ၁၅၀-ပြည့် အထိမ်းအမှတ် ကျင်းပသော
“မန္တလေးအနုပညာပုံရိပ်ပွဲတော်” DVDခွေ ကြည့်ဖြစ်သည်။
မန္တလေးမှ လူရွှင်တော်များဖြစ်သော ချစ်စရာ, ဒီပါတို့၏
“မန္တလေးသား စစ်စစ်ကြီးပါဗျ” ဟူသော တစ်ခန်းရပ် ဟာသပြဇာတ်ပါသည်။
နယ်မှ မန္တလေးသို့ လာလည်ရင်း လမ်းပျောက်နေသော အဖွဲ့အား ချစ်စရာက
မန္တလေးမြို့အကြောင်းကို တရုတ်သံခပ်ဝဲ၀ဲဖြင့် ရှင်းပြသည်။
ဘုန်းတော်ကြီးကျောင်းများ, ဘုရားများ, လမ်းများ, ဈေးများအကြောင်းကို သမိုင်းချီ၍ အသေးစိတ်ပြောပြတော့… နယ်မှ ဧည့်သည်များက
လူမျိုးခြားဖြစ်လျှက် မန္တလေးမြို့အကြောင်း ယခုလို ဂဃဏန ရှင်းပြပေး၍
ကျေးဇူးတင်ကြောင်း ဆိုကြသည်။
ထိုအခါ ချစ်စရာက လူမျိုးခြား မဟုတ်ကြောင်း မန္တလေးသားဖြစ်ကြောင်း ပျာပျာသလဲ ပြော၍ု မှတ်ပုံတင်ပါထုတ်ပြသည်ကိုပင် မယုံကြ။
ဒါဆို ဘာကြောင့် စကားသံ ဒီလောက်ဝဲနေရသလဲ ဆိုလာတော့ ချစ်စရာက
“ရေများရေ… မီးများ မီး ပေါ့ဗျာ။ တစ်မြို့တည်းမှာ သူတို့နဲ့ အတူတူနေရတယ်။
စီးပွားရေး အတုခိုးရ.. ဇာတ်လမ်းတွဲတွေ ကြိုက်ရနဲ့…
နောက်ဆုံးတော့ ကျုပ်တို့လိုကောင်တွေ မ၀ဲ ခံနိုင် မလား။
နန်းတော်တိုင် ဖက်မွေးလာတဲ့ မန္တလေးသားစစ်စစ်ပါဗျ…” ဟု အော်ငိုကာ တစ်ခန်းရပ်လိုက်ပေသည်။
Globalization ဟုဆိုလျှင် ဈေးကွက်စီးပွားရေး, ကမ္ဘာကုန်သွယ်ရေးအဖွဲ့အစည်းနှင့် အမေရိကန်ယဉ်ကျေးမှုတို့ကိုသာ ပြေး မြင်တတ်ကြသည်။
ယနေ့ခေတ်တွင် တရုတ်နှင့် အိန္ဒိယနိုင်ငံ၏ စီးပွားရေးက တဟုန်ထိုး တိုးတက်လာသည်။
Globalization ကသယ်ဆောင်လာမည့် ယဉ်ကျေးမှုများသည် အနောက်တိုင်း ယဉ်ကျေးမှုများကိုသာ ထည့်တွက်၍ မရတော့။ ထိုလှိုင်းလုံးကြီးများသည် တားဆီး၍ ရမည်လည်း မဟုတ်။
လှိုင်းနှင့်အတူ တွင် ရေးခဲ့ဖူးသလို မည်သို့သော ယဉ်ကျေးမှုကို စားသုံး၍ မည်သို့သော ယဉ်ကျေးမှုအား ထွေးအံရမည် ဆိုသည့် “ယဉ်ကျေးမှုစားသုံးခြင်း အတတ်ပညာ” ကို သတိရှိရှိကျင့်သုံးကြဖို့ လိုသည်။ သို့မဟုတ်ပါက ချစ်စရာပြောသလို “မ၀ဲ ခံနိုင်ရိုးလားဗျာ” ဟုသာ
မချိတင်ကဲ ဆိုရမည့်ကိန်း ဆိုက်ပေလိမ့်မည်။
စာညွှန်း
http://veda.wikidot.com/malay-words-sanskrit-origin
http://en.wikipedia.org/wiki/Malay_language
Credit:sonata-cantata

Sunday, February 21, 2010

အော်၊ အမေရယ်

ဒီနေ့ ကျွန်တော် အခွေကြည့်နေတုန်း အမေက စာအုပ်ကိုင်ဝင်လာပြီးပြောတယ် ‘‘ငါ့ကို ဒီစကားလေးတွေရဲ့ အဓိပ္ပါယ် ပြောပြပေးစမ်းပါ။’’
အမေ။ ။ ဒီ ‘‘i don't know’’ ဆိုတာဘာအဓိပ္ပါယ်လဲ။
ကျွန်တော်။ ။ ‘‘ကျွန်တော်မသိဘူး။’’
အမေ။ ။ နင့်ကို တက္ကသိုလ်ထားတာ ၃၊ ၄ နှစ်ရှိနေပြီ။ နင် ဘာဖြစ်လို့ ဘာမှကို မသိရတာလဲ။
ကျွန်တော်။ ။ မဟုတ်ဘူး။ ‘‘ကျွန်တော်မသိဘူး’’ ပါဆို။
အမေ။ ။ ဒါတောင် ၀န်မခံချင်ဘူး !!!$@%!#$^&%#$%@$%@#$%!^%^!^%$^#&..
(တချီဆော်လိုက်တယ်...)
အမေ။ ။နင် ငါ့ကို ဒါ ထပ်ပြီးပြောပြစမ်း။ ‘‘i know’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။ နင် သိတယ်မဟုတ်လား။ ပြောပြစမ်း။
ကွန်တော်။ ။ဟုတ်ကဲ့။ ‘‘ကျွန်တော်သိတယ်။’’
အမေ။ ။ သိရင်မြန်မြန်ပြောလေ။
ကျွန်တော်။ ။ ‘‘ကွန်တော်သိတယ်’’ ဆိုနေမှ။    
အမေ။ ။ နင်ပြဿနာရှာနေတာလား။ စောစောက အတီးခံရတာ နည်းတယ်ပေါ့၊ ဟုတ်လား။
ကျွန်တော်။ ။‘‘ကွန်တော်သိပါတယ်’’ ဆိုနေ။
အမေ။ ။သိရင်ပြောလေ။ မတတ်တာကို တတ်ချင်ယောင် မဆောင်နဲ့။
(တချီထပ်ဆော်ပလော်တီးလိုက်တယ်...)
အမေ။ ။ နင်သတိကြပ်ကြပ်ထားနော်။ ပိုက်ဆံတွေ ဒီလောက်အကုန်ခံပြီး တက္ကသိုလ်ပို့တာ၊ ကြည့်ပါဦး
အခုဘာဆိုဘာမှ မသိဘူး။ ဒီလောက် နည်းနည်းလေး တတ်တာနဲ့ မအေကို ဟိတ်ဟန် လုပ်ချင်တယ်ပေါ့။ နင့်ကို နောက်ဆုံးတစ်ခုထပ်မေးမယ်။ ငါ့ကို ကောင်းကောင်း ရှင်းပြ။ မပြောနိုင်လို့ကတော့ နင့်ကို ထပ်ဆော်မယ်။ ငါ့ကို ဒါဘာသာပြန်ပြစမ်း။ ‘‘i know, but i don't want to tell you’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။
ကျွန်တော် မူးလဲသွားတယ်။ ခေါင်းအုန်းယူပြီး ကိုယ့်ခေါင်းကို အချက် ၃၀ ရိုက်တယ။် နံရံကို ခေါင်းနဲ့ အချက် ၄၀ ပြေးဆောင့်တယ်။ ကိုယ့်ပါးကို လက်နှစ်ဖက်နဲ့ အချက် ၅၀ လောက် အပြန်အလှန်ရိုက်တယ်။ ခြေထောက်နဲ့ စားပွဲစောင်းကို အချက် ၆၀ ကန်တယ်။ သွေးတွေအသားတွေ ထူပူလာတော့ အမေ့ကို မေးလိုက်တယ်။ ကဲ ကျေနပ်ပလား။ အဲဒီလဲကျရော သူက ထပ်မေးပြန်တယ်။ ‘‘သားရယ်၊ i'm very annoyant, don't trouble me ဆိုတာ ဘာအဓိပ္ပါယ်လဲကွယ်။’’
ကျွန်တော်။ ။‘‘ကျွန်တော် ဒေါသထွက်နေတယ်။ ကျွန်တော့်ကို လာမရှုပ်နဲ့။’’
အမေ။ ။‘‘အရိုက်ခံချင်တယ်ပေါ့။ မအေကို ဒီလို ပြောရလားဟဲ့’’
(အဲဒါနဲ့ ထပ်အဆော်ခံလိုက်ရတယ်။)
အမေ။ ။ ‘‘i hear nothing, repeat ဆိုတာ ဘာအဓိပ္ပါယ်လဲ’’။
ကျွန်တော်။ ။ ‘‘ကျွန်တော်ဘာမှမကြားရဘူး။ ပြန်ပြော။’’
အမေ။ ။ ‘‘i hear nothing, repeat.’’
ကျွန်တော်။ ။ ‘‘ကျွန်တော်ဘာမှမကြားရဘူး။ ပြန်ပြော။’’
(နောက်ဆုံး ထပ်အဆော်ခံရပြန်ရော။)
အမေ။ ။ ‘‘what do you say ဆိုတာကိုရော ဘယ်လို ရှင်းပြလို့ရလဲ။’’
ကျွန်တော်။ ။ ‘‘ဘာပြောတာလဲ’’ (တခါထပ် အဆော်ခံရပြန်တယ်။)
အမေ။ ။ ‘‘look up in the dictionary ဆိုတာ ဘာအဓိပ္ပါယ်လဲ။’’
ကျွန်တော်။ ။ ‘‘အဘိဓါန်မှာရှာ။’’
အမေ။ ။‘‘အဘိဓါန်မှာ ရှာတတ်မှတော့ ငါကနင့်ကို ဘာဖြစ်လို့ မေးနေတော့မှာလဲ။’’
(ထပ်အဆော်ခံရ.)
အမေ။ ။ ‘‘you had better asked somebody ဆိုတာကိုရော ဘယ်လို ဘာသာပြန်မလဲ။’’
ကျွန်တော်။ ။‘‘တခြားလူကို မေးတာပိုကောင်းမယ်။’’
အမေ။ ။ ‘‘နင်က ငါ့သားဟဲ့။ ငါ တခြားလူမေးပြီး ဘာလုပ်ရမှာလဲ။ အရိုက်ခံချင်နေပြန်ပြီ။’’
ကျွန်တော်။ ။ ‘‘အမလေး၊ ဘုရားသခင် ကယ်တော်မူပါ။’’
အမေ။ ။ ‘‘မအေကို ပြဿနာရှာတဲ့ကောင် ဘုရားသခင်လဲ နင့်ကို မကယ်နိုင်ဘူး။’’ (ထပ်ဆော်ခံရ...)
အမေ။ ။‘‘ငါထပ်မေးမယ်။ use your head, then think it over ဆိုတာရော ဘာအဓိပ္ပါယ်လဲ။’’
ကျွန်တော်။ ။ ‘‘ခေါင်းလေးဘာလေးသုံး။ ပြီးရင် သေချာထပ်စဉ်းစား။’’
အမေ။ ။ ‘‘အကောင်စုတ်၊ ငါ့ကိုများ ပြန်ပြောရတယ်လို့’’ (တဆက်ထဲ လက်ပါတော့မယ့်ဟန်ပြင်...)
ကျွန်တော်။ ။ ‘‘လောကမှာ အမေသာ အကောင်းဆုံးဆိုတဲ့ အဓိပ္ပါယ်ပါ။’’ (အမြန်ဖြေလိုက်ရတယ်။)
အမေ။ ။ ‘‘အင်း၊ ဒါမှ ဟုတ်တုတ်တုတ်ရှိသေးတယ်။ ခဏနေကျရင် အမေစားစရာ ကောင်းကောင်းလေး လုပ်ပေးမယ်။ မနက်ဖြန်ကျမှ ထပ်မေးတော့မယ်။’’
ဒီဘာသာပြန်ရဲ့ မူရင်းကတော့www.gjoke.net ကပါ။ Link ကတော့ ဒီမှာပါ။ http://www.gjoke.net/post-218.html
ပျော်ရွှင်ကြပါစေ။
ဦးမောင်
(from foreverfriends)




Saturday, February 20, 2010

စူနာမီလှိုင်းထက် ပြင်းထန်သော

စူနာမီဆရာတော်၊ မိမိနှင့် ဆရာတုတ်ကြီးဆေး, ကြော်ငြာ(ဒေါက်တာတင့်ဦး)
၂၀၀၅နှင့် ၂၀၀၆ ကြားဟု ထင်ပါသည်။
မိမိ အွန်လိုင်းလောကနှင့် စပတ်သက်မိသည်က စရမည် ထင်သည်။
ထိုစဉ်က ပလန်းနက် ဖိုရမ် တွင် လူသေလူဖြစ် ဦးဥက္ကဋ္ဌ အနွယ်တွေနှင့် ဦးဥာဏအနွယ်တွေ လှုပ်ရှားနေသည်ကို ဖတ်မိရာမှ မိမိမှာ စာရေးချင်စိတ် ပေါ်လာသည်။
သို့သော် ဗမာလို မရိုက်တတ်သည်က တကြောင်း၊ နောက် ပလန်းနက်က ရီဂျစ်စတာ မလုပ်ဘဲ၊
ဒီအတိုင်း ၀င်ဖတ်ရနေတာက တကြောင်းကြောင့် စာမရေးဖြစ်ခဲ့။
နောက် ပလန်းနက်အပျက် ပဒုမ္မာ ပေါ်လာတော့ ရီဂျစ်စတာ လုပ်ရသည့် တူတူ မထူးပါဘူးဆိုပြီး
အင်္ဂလိပ်လို စရေးခဲ့သည် ။
မူလ မိမိလေ့လာခဲ့သော ပဋ္ဌာန်းနှင့် ပါဠိတော်အပြင်
ထိုအချိန်က နာပြီးဖြစ်သော မိုးကုတ် တရားတော် ၅၀၀၊ www.accesstoinsight.org တို့ အားကိုးနှင့်
မိမိ သဘောပေါက်သလောက် တရားတော်များကို စရေးဖြစ်ခြင်းပင် ။
ဦးဥက္ကဋ္ဌ အနွယ်များနှင့် ဦးဥာဏအနွယ်များ ပဒုမ္မာမှာ လှုပ်ရှားနေချိန်မို့  သတိတော့ထားရပေသည် ။ ထိုအချိန်မှာပင် ကိုကစ်ကားက သူနာနေသော ဘုန်းကြီးတစ်ပါး ရှိသည်ဟု စသတင်းပေးကာ လင့်များပို့လာသည် ။ မိမိကလည်း မိမိနာလျက်စ တရားနှင့် ဖတ်လျက်စ စာနှင့်ပင် မအားသောကြောင့် အေးအေး ဟုပြောပြီး သူပေးသမျှ လင့်များကို ခပ်အေးအေးဘဲ ဖျက်ချနေလိုက်သည်။
ထိုသို့နေရာမှ ၂၀၀၇ ဒီဇင်ဘာတ၀ိုက်ကျမှ ပဒုမ္မာ မိုးကုတ်တရားတော်များ တော့ပစ်တွင်
အမေး-ခရစ်ယာန်၊ အဖြေ- အမှန်တရား(စူနာမီဆရာတော်)
ဆိုပြီး လာတင်တော့သည် ။ ဒီတော့မှ မဖြစ်ချေဘူးဆိုပြီး
သူဟောတာတွေ သွားနားထောင်ရသည့် ဘ၀သို့ ရောက်ရလေတော့သည်။
ခရီးရောက်မဆိုက်ပင် "ဘာမှမဟုတ်ဘူး" ဆိုသည့်တရားနှင့် တည့်တည့် တိုးတော့သည်။
"ကဲ ဘာမှ မဟုတ်တော့ဘူး" ဆိုတော့ ခက်တော့ ခက်သားလား။
သူ့ အခြေအနေကို နည်းနည်း လေ့လာကြည့်တော့
လောက (၃)ပါး၊ (၃၁)ဘုံ ရှိရှိသမျှ ပညတ်တွေဆိုပြီး ပယ်။ သီလ၀ိနည်းကို ပညတ်ဆိုပယ်။
တိပိဋ္ဋကနှင့် တကွ ဘုရားဟော သုတ္တန်တွေကို ပုံပြင်ပါဆိုပြီးပယ်။ အဘိဓမ္မာကို မလိုပါဘူးဆိုပြီးပယ်။
ဒီလိုနဲ့ ဗုဒ္ဓဘာသာ ဘာမှမကျန်တော့တဲ့ ဘ၀ ရောက်ပါလေရော။
ဒါကြောင့် သူ့တရား (ဆိုသည်ကို ) မိမိနှင့်ရင်းသော ကျောင်းထိုင်တစ်ပါး နှင့် စာချဆရာတော် တစ်ပါးတို့ကို လူကိုယ်တိုင်ပြပြီး လည်းကောင်း၊ ဦးကောဝိဒ (မြိတ်)ကို အွန်လိုင်းမှ တဆင့်လည်းကောင်း မေးပါသည်။ "အခြေအနေ မကောင်းကြောင်းနှင့် အမှားတွေသာ ဖြစ်ကြောင်း" အဖြေရပါသည် ။
သို့ သော် ကိုကစ်ကား မျက်နှာရှိနေ၍ သေချာအောင် လုပ်ရန် ဆုံးဖြတ်မိပါသည် ။
ဒါနဲ့  မိမိက မေးလ်နှင့် မေးကြည့်ပါသည်။
ပထမအချက်မှာ
"တရားထိုင်ရာတွင် မြတ်စွာဘုရားက ကူထိုင်ပေးသည်ဟု မရှိ ။
ကျွတ်တမ်းဝင်လိုသူက တရားနာပြီး မိမိဘာသာ အေးရာတွင် တရားထိုင်ရပါသည် ။
ယခုဆရာတော်က တရားကူထိုင်ပေးရသည်ဆိုသည်မှာ ဖြစ်နိုင်ပါ့မလား"
သူ့ အဖြေမှာ
"မြတ်စွာဘုရား ရတာမရတာ ဘုန်းကြီးမသိ ။ ဘုန်းကြီးကတော့ရတယ်" တဲ့။
ဒုတိယအချက်မှာ
မြတ်စွာဘုရား ကိုယ်တိုင်လည်း မိမိအနာကို ဆရာဇီဝက အကုသခံသကဲ့သို့
ဝိနည်းဒေသနာ တော်တွင်လည်း
"လူနာကို ဆေးမကုရဟု" တင်းကြပ် ထားပါသည်။
"အရှင်ဘုရား ဆေးလိုက်ကုနေတာ၊ နောက်ပြီး ဆေးကုလို့ အကုန်ပျောက်တယ် ဆိုတာ
ဖြစ်နိုင် ဖြစ်သင့်ပါသလား။"
သူ့ အဖြေမှာ
"မြတ်စွာဘုရား ရတာမရတာ ဘုန်းကြီးမသိ။ ဘုန်းကြီးကတော့ ရတယ်" ဟူ၏။
တတိယအချက်မှာ
"ပဋ္ဋိစ္စသမုပ္ပါဒ်နှင့် လွဲချော်ပြီး ဖြစ်ချင်စိတ်ကြောင့် သတ္တ၀ါဖြစ်တာဘဲ အတိုချုံးထားခြင်းကိုမေးရာ"
"ပဋ္ဋိစ္စသမုပ္ပါဒ်နှင့် တရားတော်တွေက ပညတ်တွေပါ ။ အရေးမကြီးပါ"တဲ့။
ထိုသို့ မေးလျှောက်နေချိန်တွင် သူ့ တရား ၂ပုဒ်ကို အင်္ဂလိပ်ပြန်ပေးပါဟု ခိုင်းလာပါသည်။
ပထမတပုဒ်ကို တော်အောင် ကြည့်ပြီး ဘာသာပြန် ပေးလိုက်သော်လည်း
နောက်အပုဒ်တွင် မိဘမရှိ၊ သားသမီးမရှိ၊ ဘာမှမဟုတ်ဘူးလို့ မှတ်ပါဟု ပါလာပါသည်။
ထိုအခါ မိမိက လျှောက်ပါသည် ။
"ထိုတရားအတိုင်း ဟောပါလျှင် ကျိန်းသေ အပါယ်ကျမှာ ဖြစ်ပါသည်။ မိမိ မပြန်ပေးနိုင်ပါ" ဟု လျှောက်သောအခါ "အပါယ်လဲ ဘာမှမဟုတ်ဘူးလို့ မှတ်"ဟု အဖြေပြန်လာပါသည်။
ထို့ ကြောင့် မိမိလည်း ဆက်လက် အဆက်အသွယ် မပြုတော့ဘဲ အေးအေးနေလိုက်ပါသည် ။
သို့ သော် July 2008 ကျတော့ ပဒုမ္မာတွင် တစ်ခါထပ်ပြီး ထပ်ကျော့ ကြော်ငြာဝင်လာပြန်ပါသည် ။
စားရိတ်ငြိမ်းဖြတ်လမ်း စူနာမီ တရားစခန်း ဆိုပြီး လုပ်လာပြန်သောကြောင့် မလွှဲသာသည်နှင့် မိမိက
July 2008 စာကို သူ့ ဆိုက်တွင်ရော ပဒုမ္မာမှာရော တင်ပြီး
မိမိနှင့် သက်ဆိုင်သူများကို သတိပေးရပါကြောင်း။
( ထိုကာလအတွင်း ဦးကောဝိဒမြိတ်ထံမှလဲ ဆောင်းပါး ၃ပုဒ်ချီးမြှင့် ခဲ့ပါသည် )
July 2008 တွင် မိမိရေးသည့် စာကို ထပ်ဆင့်ဖော်ပြပေးလိုက်မည်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
အားလုံးသော ဓမ္မမိတ်ဆွေများခင်ဗျား
ဒီစာကို အလေးအနက်ပြုပြီးဖတ်စေလိုပါတယ် ။
ဒီစာကိုကျွန်တော်ရေးတာမှာ လွဲမှားနေတာကို မြင်စေလိုတဲ့ စေတနာသာရှိပါတယ် ။
ဒီစာဟာ ဦးပဉ္စင်းအောင်အောင်ခေါ် စူနာမီဆရာတော်ခေါ် ဦးဥတ္တမသာရအပေါ်မှာ
ပုဂ္ဂိုလ်ရေး မလိုမုန်းထားစိတ် လုံးဝကင်းစင်ပြီး ရေးတယ်ဆိုတာ သစ္စာအတန်တန်ပြုအပ်ပါတယ် ။
မြတ်ဘုရားက ဆရာလုပ်လိုသူသည်
၁) ပိဋကတ် ၃ပုံအလုံးစုံကို ခြောက်ခြားမွှေနှောက်နိုင်လျက် မိမိကိုယ်တိုင်လဲ တတ်ပွန်
သူတပါးကိုလဲ သင်ကြားနိုင်ရမည် ။
၂) တရားတော်တို့ ကိုလဲ စနစ်မှန်စွာ ဆရာကောင်းထံ ချဉ်းကပ်နိုင်ရမည် ။
ထို ၂ချက်စုံမှသာ ဆရာလုပ်လော့ဟု ပြတ်သားစွာ သတ်မှတ်ပေးထားပါသည် ။
(လောဟိတသုတ္တန်။ ဒီဃနိကယ် ရှု )
နောက်တဖန် (၁၀) ၀ါ မတိုင်မီ ဥပ္ပဇ္ဈာယ်နှင့်မကင်းရာ ဟု ၀ိနည်းတွင် သေချာစွာညွှန်ကြားထားပါသည်။
နောက်တဖန် အင်္ဂုတ္ထိုရ်ပါဠိ၌
ငါဘုရား မဟောသည်ကို ဟောလေဟန် ၊ ငါဘုရားဟောသည်ကို မဟောဟန် ပြုခြင်းသည်
ငါဘုရားကို စွပ်စွဲခြင်းမည်သည် ဟု ဆိုထားပါသည် ။
ထိုကြောင့် ထိုစံများနှင့်တိုက်လျှင် ဤဘုန်းကြီးသည် စံမမီသည်ကို သိစေလိုပါသည် ။
အကျင့်သီလကိုစီစစ်ခြင်း
သံဃာ၏ ဂုဏ်သည် သံဃအဖွဲ့ အစည်းကို မဆန့် ကျင်ခြင်းဖြစ်ပါသည် ။
မိမိထက် ၀ါကြီးသော သံဃာ၏ အဆုံးအမ၌ တည်ရပါသည် ။
မိုးကုတ်ဆရာတော်ဘုရားသည်ပင် မိမိ၏ နောင်တော် သံဃာတို့ ၏ အဆုံးအမ၌ တည်ပါသည်။
ယခု ဤကိုယ်တော်သည် သံဃမဟာနာယက၏ အဆုံးအမကိုပင်
ပစ်ပယ်ထားသည်ဖြစ်ရာ သံဃာဂုဏ်ညှိုးနေပါသည် ။
လေ့ကျင့်မှုကို စီစစ်ခြင်း
မြတ်စွာဘုရားမှစ၍ ဆရာစဉ်ဆက် ကမ္မဋ္ဌာန်းပေးရာတွင် တ၇ားနာပြီးနောက်
တော်ရာတွင်မိမိဘာသာ ကျင့်ရပါသည် ။
မြတ်ဗုဒ္ဓ ကိုယ်တိုင်လဲ တရားကူမထိုင်ပေးပါ။
မိမိဘာသာသာ ကျင့်ရပါသည် ။
ကမ္မဋ္ဌာန်းထိုင်ခိုက် နောက်က လိုက်ပြောနေခြင်းသည် Brain wash သာဖြစ်ပါသည် ။
မြတ်စွာဘုရားမှစ၍ သံဃာစဉ်ဆက်သည် ဆေးကုခွင့်မရှိပါ ။
ဆေးသမားဖြစ်ခဲ့သော သံဃာသည်ပင် သံဃာဖြစ်ပြီးနောက် ဆေးကုခွင့် မရှိပါ ။
ဆေးကုလျှင် အာပတ်သို့ သင့်ရောက်ပါသည် ။
ယခု ဤဘုန်းကြီး လူနာအိမ်ဆေးရုံလိုက်ပြီး ရောဂါကုသယောင်ပြုနေခြင်းသည်ကား ဆိုဖွယ်ရာမရှိတော့ပေ။
ဟောသော စကားတို့ ကိုစီစစ်ခြင်း
သူဟောသောစကားတို့ ကိုစီစစ်လိုက်သောအခါ အားလုံးသော တရားတော်အနှစ်တို့ကို ပစ်ပယ်၍ ဗုဒ္ဓဘာသာ၏ အခြေခံမျှသာ ဖြစ်သော
ကမ္မသမ္မာဒိဋ္ဌိ ၊ ၀ိပဿနာ သမ္မာဒိဋ္ဌိ၊ ဈာနသမာဒိဋ္ဌိ၊ မဂ္ဂသမာဒိဋ္ဌိ၊ ဖလသမာဒိဋ္ဌိ ၊ ပစ္စဝေက္ခဏ သမာဒိဋ္ဌိတို့ကို ပြက်ရယ်ပြုသကဲ့သို့ ဘာမှမဟုတ်၊ ဘာမှမရှိတာ တရားဟု ဟောကြားကာ အတိုချုပ်နေပါသည် ။
ဘာမှမဟုတ် ဘာမမှမရှိဆိုလိုက်ခြင်းသည် စင်စစ် နတ္တိက အယူ ၊ အဟေတုကအယူသာဖြစ်ပါသည် ။ စင်စစ် ပရမတ္ထ သစ္စာ ၄ပါးဖြစ်သော ရုပ် စိတ် စေတသိက်နှင့် နိဗ္ဗာန်တို့သည်
သူ့သဘောသူဆောင်၍ ရှိနေသော အရှိတရားများသာ ဖြစ်ပါသည်။
သာမန်ပုထုဇဉ်သည် ရုပ်စိတ်စေတသိက်၌်သာ ဥာဏ်ဝင်စားနိုင်ပါသည်။
အရှိတရားဖြစ်သော နိဗ္ဗာန်ကို ပြင်းစွာသော လုံ့ လဖြင့် သီလ၊သမာဓိ၊ပညာဖြင့်
ဆောက်တည်အပ်သော မဂ်ဥာဏ်ဖြင့်သာ မျက်မှောက်ပြုနိုင် ပါသည် ။
၃၁ ဘုံကို ဘာမှမဟုတ် ဘာမှမရှိဟု ငြင်းပယ်လိုက်ခြင်းသည် ပြင်းစွာသော ၀ိဘ၀တဏှာကိုသာ ဖြစ်စေ၍ နိဗ္ဗာန်နှင့်မူ အ၀ိစိနှင့် ဘ၀ဂ်မက ကွာလှပေသည် ။
ကြော်ငြာခြင်းကိုစီစစ်ခြင်း
ပထမအချက်မှာ ဆရာတော်များက မကြော်ငြာပါ။ အခမဲ့ တရားထိုင်လို့ ရသည်ဆိုသောအဆိုကိုစီိစစ်သော် ဗမာပြည်တွင်သာမက ကမ္ဘာ ဘယ်ဝိပဿနာဋ္ဌာနတွင်မှ အခပေးရရိုးထုံးစံမရှိပါ။ နောက်တဖန်တရားရတယ်၊ ရောဂါတွေ ပျောက်တယ်၊ ဆရာတော်ဟာ တပည့်တော်အတွက် ဘုရားပါဘဲ ဆိုသောစာများ တိတ်များကို စီစစ်လိုက်သောအခါ
မဂ္ဂဇင်းများတွင် ပါတတ်သော ဆရာတုတ်ကြီး ဆေးကြောင့်
ကျွန်တော့ဖင်က ခွေးဂရင်ဂျီနာ အမြစ်ပြတ်ပါသည် ဆိုသော ကြော်ငြာများနှင့် တူနေပါသည် ။
ထိုကိစ္စမှာ ထိန်းချုပ်မှုမရှိသော လိုင်စင်မဲ့  သူများသာပြုရဲသောကိစ္စဖြစ်ပါသည် ။
သာမန် ဆရာဝန်ပင်လျှင်ထို သို့ တင်လျှင် လိုင်စင်ဖြုတ်နိုင်ပါသည် ။
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတပါး အတွက်မူ ဆိုဖွယ်ရာမရှိပါ။
အထက်ပါအချက်များကိုထောက်၍ စူနာမီဆရာတော် ဦးဥတ္တမသာရ ခေါ် ဦးအောင်အောင်သည် တကယ်တရားရလိုသော ပရိသတ်အဘို့  အာရတီပါပါ ၀ီရတိပါပါ အထူးသဖြင့် ဝေးစွာ ရှောင်ကြဉ်အပ်ကြောင်းနှင့် တကယ်တရားရလိုပါမူ အစဉ်အဆက် ခိုင်မာပြီးဖြစ်သေ ၀ိပဿနာ တရားစခန်းများသို့  ချဉ်းကပ်သင့်ကြောင်း အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။
All Dhamma friends
Please read this letter carefully.
I swear solemnly that I have no personal Grudge against this MONK .
Critical analysis of quality of a teacher
Lord Buddha said
(1) a teacher should have learnt all tipitaka and .
(2) also practically learnt from a LIVING teacher .
Only that person can be a trainer in Vipassana .(About Lohita , Digha nikaya )
And then , in vinaya ,there is an instruction :
" A monk should not stay away his teacher until 10 years of monkhood."
In Angutthora Pali, it was stated that preaching what I have not taught and Ignoring what I have taught means accusing Me .
Therefore , this monk is wanting all prerequisites of a teacher .
Critical analysis of Sila
The prime quality of sangha is not practising against the guidance of Sangha .
Even Mogoke sayadaw follow the guidance of sangha .
This monk is continuing preaching against guidance of sangha .
That means he is lacking the prime quality of sangha.
Critical analysis of practice from the beginning of sasana
Everybody needs to practise on his/her own after being guided by teacher .
Nobody could have helped with practice.
Only technique that is using "voice over " is Brain wash by communist China .
According to vinaya , Sangha is not allowed to practise medicine .
Even a monk who was an ex doctor is not allowed to treat patients .
Therefore , it is against vinaya that this monk is flitting in and
out of hospitals and patients' houses .
Critical analysis of his preachings In analysis of preachings .
It can be easily seen that this chap is ignorant of even the basics of Buddhism namely " Knowledge of Kamma , knowledge of vipassana, knowledge of Jana, Knowledge of Magga, knowledge of Phala and knowledge of retrospection ".
His preaching is just saying "everything is NOTHING ", "All is NOTHIG "
If you critically analyse this preaching , then it is quite clear that it is in the domain of Nattika and Aheitukkha.In reality , the 4 real truths namely physical states , Citta , Cetathica and Nibbanna are really existing laws with their own characteristics .
The unenlightened ones can only see physical body, citta and cetathica.Realization of Nibbana need a lot of practice with Sila ,samadi and panna .
No short cut to it.
By denying existance of Beings , Actually this chap is developing Lust of nonexistance
(vibavha tanna ) which is opposite of Nibanna.
Critical analysis of his adverts
Very first point is real monks never advertise.
Advert of free service is also superfluous as not a single centre in this world charge Yogis. And then that adverts fall in the domain of quacks. Even a doctor do such act, he would be stopped from practising immediately.
It is clearly so unethical.
According to all these facts , it is clear this chap is far far away from Buddhhism and
if you want to practise real Vipassana , please go to real vipassana centres .
July 2008
ဒေါက်တာတင့်ဦး
(from cbox link)

Friday, February 19, 2010

မထူးပါဘူး

လမ်းတွင် ဖိနပ်အနီတစ်ဖက်၊ အနက်တစ်ဖက် မှားစီးလာသောကလေးတစ်ဦးကို တွေ့သဖြင့် 
လူကြီးတစ်ဦးက
“ဟေ့ ချာတိတ်၊ မင့်ဖိနပ် အနီတစ်ဖက်၊ အနက်တစ်ဖက်ဖြစ်နေတယ်၊ အိမ်ပြန်လဲလိုက်အုံး”
“ဟာ၊ အိမ်ပြန်လဲလည်း မထူးပါဘူး ဦးဦးရာ”
“ဘာဖြစ်လို့လဲကွ”
“အိမ်မှာလဲ ဖိနပ်အနီတစ်ဖက်၊ အနက်တစ်ဖက်ပါဘဲဗျာ”

ကောင်းပါတယ်
မောင်ချစ်။     ။ ငါသေသွားခဲ့ရင် မင်း နောက်အိမ်ထောင်ပြုမှာလား?
ဇနီးဖြစ်သူ။     ။ ဟင့်အင်း၊ ကျွန်မညီမနဲ့ပဲ နေမှာ။ ဒါနဲ့ ရှင်ကော ကျွန်မ သေသွားရင် နောက် အိမ်ထောင် ပြုမှာလား?
မောင်ချစ်။     ။ ဟင့်အင်း... ငါလဲ မင်းလိုပဲ မင်းညီမနဲ့ပဲ နေမှာပေါ့။

Take care of yourself!

Answer the phone by LEFT ear.
Do not drink coffee TWICE a day.
Do not take pills with COOL water.
Do not have HUGE meal after 5 pm.
Reduce the amount of OILY food you consume.
Drink more WATER in the morning, less at night.
Keep your distance from hand phone CHARGERS.
Do not use headphones/earphone for LONG period of time.
Best sleeping time is from 10pm at night to 6 am in the morning.
Do not lie down immediately after taking medicine before sleeping.
When battery is down to the LAST grid/bar
Do not answer the phone as radiation is 1000 times.

Thursday, February 18, 2010

Quotes

True religion is real living; living with all one's soul, with all one's goodness and righteousness.
Albert Einstein:

Only a life lived for others is a life worthwhile.
Alice Walker

Expect nothing, live frugally on surprise.
Baruch Spinoza

What everyone wants from life is continuous and genuine happiness.
Bertrand Russell

The good life is inspired by love and guided by knowledge.
Buddha:
         
If we could see the miracle of a single flower clearly, our whole life would change.
Carl Sandburg

Life is like an onion: You peel it off one layer at a time, and sometimes you weep.
Chinese proverb

When you have only two pennies left in the world, buy a loaf of bread with one, and a lily with the other.
Franklin P. Jones
Credit: mmcyber

Wednesday, February 17, 2010

နှမြှောတသ

ညကအဖြစ်အပျက်ကတော့ ပြောမပြောချင်ဘူး၊ ပွဲက မထင်မှတ်ဘဲ ကြမ်းသွားတယ်။
မကြမ်းခံနိုင်ရိုးလား၊ မင်းပေါင်းကစုံတယ်လေ။
အဲဒီလက်ဖက်ရည်ဆိုင်ကလည်း နတ်ကိုကြီးတယ်။
တစ်ပတ်တစ်ခေါက်လောက်ကိုမှ မရောက်ရရင် နေလို့ထိုင်လို့ကို မကောင်းတာ။
တခြား ဗာဟီရကိစ္စနဲ့ မြို့ထဲထွက်လည်း အဲဒီ လက်ဖက်ရည်ဆိင်လေးကိုတော့ ၀င်ဖြစ်အောင် ၀င်တယ်။
အပေါင်းအသင်းတွေ ရေးဖေါ်ရေးဘက်တွေနဲ့ ပေါကကရလေးဆယ်ပြောပြီးမှ အိမ်ပြန်တယ်။
အကြောင်းအပေါင်းသင့်ရင်တော့ ၄၂လမ်းလည်းရောက်ရဲ့။ ပုဇွန်တောင်လည်းရောက်ရဲ့။
........... ရောက်ရဲ့။
မနေ့ကတော့ ၁၂နာရီလောက်တည်းက အဖွဲ့တွေရှေ့ဆင့်နောက်ဆင့်ဆိုသလို ရောက်လာကြတယ်။
အဦးဆုံးရောက်လာသူက မဂ္ဂဇင်းတစ်စောင်ကို တာဝန်ခံထုတ်ဝေနေတဲ့ အယ်ဒီတာ။
အပေါင်းအသင်း အင်မတန်မင်တဲ့လူ။ အဖော်ကောင်းလို့ကတော့ ဘာကိုမှ ငြင်းရကောင်းမှန်းမသိတဲ့လူ။ လူကသာ ဆံပင်တွင်မက မျက်ခုံးမွေးပါဖြူနေတာ။
တရားလေးထိုင်လို့ ဘုရားလေးသွားလို့ ရှိမလားမှတ်တယ်။
အသက်မှ အားမနာ အရက်ဆိုရှေ့ဆုံးက။ အရက်ဆိုတဲ့ အသံသာကြားပစေ ကိစ္စအားလုံးကို မေ့တဲ့လူ။
နောက်တစ်အောင့်လောက်ကြာတော့ အောင်မောင်းရောက်လာတယ်။
သူလည်းအခုတစ်လော စီးပွားရေးမဂ္ဂဇင်းတစ်စောင်မှာ ဟိုဟာသည်ဟာ ရေးရင်း
လည်ပင်းမှာ ဆွဲကြိုး တ၀င်းဝင်းနဲ့ ဖြစ်နေတဲ့သူ။
သူကလည်း အရက်ဆို ဘီယာထက် မပိုတဲ့သူ။ ဘီအီးဆို ပက်စီလေးနဲ့မှ မျိုကျတဲ့သူ။
ခုတော့လည်း ဘီအီးရော တောရော ကော်နီရော စုံနေပါပြီ။
သူကရောက်ရောက်ချင်း ပွဲဖြစ်မယ်ဆိုရင် ငွေတစ်ရာမတည် ရင်းနှီးမယ်လို့ တရားဝင် ကြေညာလာတယ်။
ဟော လာပြန်ပြီ နောက်တစ်ယောက်။
လွယ်အိတ်ကိုဒူးဆစ်အောက် ရောက်နေသလို ဆံပင်က ဂုတ်အောက်ရောက်နေတဲ့ထုတ်ဝေသူ ကိုကြင်။ သူကလည်း လူပုသလောက် သောက်ကြောရှည်တဲ့လူ။
သူကလည်း ဒီလူအုပ်ကို မြင်ကတည်းက ဟီဟိ ဟီဟိ ဖြစ်နေပြီ။
ချိန်းထားရင် လွဲချင်လွဲဦးမယ်။ ပန်းချီဆရာရယ်လို့ မပြောရဘူး၊
ကြော့ကြော့ကော့ကော့လေးနေတတ်တဲ့ ပန်းချီဆရာ မြိုင်မောင်ကျော်ကလည်း
စက၊်ကြီးချိုင်းကြားညှပ်ပြီး ကျုပ်တို့ဝိုင်းကို ရောက်လာတယ်။
သူကလည်း တစ်ပက် တစ်ပက်နဲ့ ခနွဲနဲ့ပက်ရမဲ့သူ၊ သူခုတော့ အရက်ကို အဓိဌာန်ထားတယ် ပြောတယ်။ တစ်ညနေမှာ သုံးဆိုင်ထက်ပိုမပြောင်းတော့ဘူးလို့ အဓိဌာန်ထားတယ် ကြားတယ်။
ကဲ ... ဒါလောက်လူစုံနေမှတော့ ဘာပြောစရာလိုသေးလဲ၊
တစ်ယောက်မေး တစ်ယောက်ငေါ့လိုက်ကြရုံနဲ့ အထာကပေါက်နေပြီ။
နေညိုရင် ရွှေဘိုကို လွမ်းတယ်လို့ တစ်ယောက်က ညည်းရုံရှိသေး
ခြေလှမ်းတွေက ဦးတည်နေပြီ။ အရက်ဆိုင်ကို ...။
ဒီတစ်ခါတော့ အများသဘောတူညီမှုအရ ဆိုင်ပြောင်းကြမယ်။
ဘယ့်နှယ် တစ်ခါလာ အရက်ဖြူ၊ တစ်ခါလာ အရောင်မပါတဲ့အရက်။
တစ်ခါတစ်လေတော့လည်း အရက်ကို အရောင်လေးဘာလေးနဲ့ သောက်ချင်တာပေါ့။
တစ်ခါလာ ကန်စွန်းရွက်။ ကျုပ်ပြောရဲတယ်။
ကျုပ်တို့ဗိုက်တွေ ဓါတ်မှန်ရိုက်ကြည့်ရင် ကန်စွန်းခင်းကြီးတွေ့လိမ့်မယ်ထင်တယ်။
အောင်မောင်းကလည်း ရန်ပုံငွေအဖြစ် ငွေတစ်ရာ မ တည်မယ်လို့ ပြောထြားပြီးပြီ။
ကျုပ်မှာလည်း မဂ္ဂဇင်းတိုက်က ထုတ်လာတဲ့ ၀တ္ထုတို စာမူခလေးက ပူပူနွေးနွေးလေးရယ် .....
မိန်းမ မသိအောင် ပေးထားတဲ့စာမူမို့ ဒီစာမူခက ကျုပ်ကြိုက်သလို လုပ်ခွင့်လည်း ရှိနေပြန်တယ်။
ထုတ်ဝေသူကိုကြင်ကလည်း ပါတာသာထုတ်၊ လိုတာသူစိုက်မယ်လို့ ရေလျှံတဲ့လေသံနဲ့
အခြေအနေကို ဖန်တီးနေပြန်တယ်။ မြိုင်မောင်ကျော် ကလည်း ဘယ်ငြင်းမှာတုန်း။ ဟဲဟဲ .. ဟဲဟဲနဲ့။
အဖုံးတစ်ဖုံး နှစ်ထောင်သုံးထောင် ပက်ခနဲရနေသူပဲ။
သူကလည်း ရာသီဥတုက တို့ဘက်မှာရှိတယ် လုပ်နေပြီ။ ဆိုပါတော့ ....။
ဒီလိုနဲ့ ကျုပ်တို့ ငရဲလားမဲ့အဖွဲ့ ဆူးလေဘုရားလမ်းက စားသောက်ဆိုင်တစ်ဆိုင်ကို ချီတက်လာတယ်။
ဝိုင်းမိတယ်ဆိုရင်ပဲ ရမ်တစ်လုံး၊ ၀က်နံရိုးကြော်တစ်ပွဲ၊ ငါးရှဥ့်ခြောက်စပ်တစ်ပွဲ မှာလိုက်တယ်။ စားသောက်ဆိုင် ထုံးစံအတိုင်း အမြည်းအရင် အရက်နဲ့ ဆော်ဒါ၊ ရေခဲတို့က ရောက်လာတယ်။
အရက်မြင်ရင် ဟက်ဟက် ဟက်ဟက် ဖြစ်နေတဲ့ ကိုခင်မောင်မိတ်က ပုလင်းယူပြီး လှုပ်ကြည့်တယ်။
အလင်းရောင်မှာ ထောင်ပြီး အမြုပ်ကို ကြည့်တယ်။ အရောင်ကို ကြည့်တယ်။
ပုလင်းအဖုံးကို စိန်ပွဲစားများ စိန်ကြည့်သလို ကြည့်တယ်။
အမှန်တော့ ဒီလိုလုပ်ကြည့်လို့လည်း ဘာသိနိုင်တာ မဟုတ်ပါဘူး။
အထင်ကြီးအောင် လူတတ်ကြီးလုပ်ပြီး ပုလင်းကို လှုပ်လိုက်ခါလိုက်
လုပ်နေပေမဲ့ စစ်တယ် မစစ်ဘူး သူလည်း ပြောနိုင်တာမဟုတ်ဘူး။
ပုလင်းအဖုံးကို လှည့်ဖွင့်တယ်။ မရဘူး။ အောင်မောင်းကလည်း ငတ်လှပြီ။
ပေးစမ်းပါဆိုပြီး သူ့လက်ကြမ်းကြီးနဲ့လှည့်ဖွင့်တယ်။ မရဘူး။
နောက်ဆုံး စားပွဲထိုးကောင်းလေးက နောက်ဖေးယူသွားပြီး ဓါးပါးလေးနဲ့ ကလော်ဖွင့်မှ ပွင့်တော့တယ်။
ပုလင်းပွင့်သွားတော့ နွားငတ်ရေကျ ဖြစ်နေတဲ့ ကိုခင်မောင်မိတ်က ဖန်ခွက်ထဲ
လက်တစ်လုံးထည့်ပြီး ကောက်မော့ကြည့်တယ်။
အားကျမခံ အောင်မောင်းကလည်း ဖန်ခွက်ထဲ လက်နှစ်လုံးထည့်ပြိး ရေခဲနဲ့ ဆော်ဒါ အချိုးကျ ရောစပ်တယ်။ ကိုခင်မောင်မိတ်က ဖန်ခွက်ကို စားပွဲပေါ်ပြန်ချပြီး မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်နဲ့
အရက်ကို စူးစမ်းနေတယ်။ ဘယ်နှယ်လဲဆိုတဲ့ အကြည့်နဲ့ ၀ိုင်းကြည့်တော့
အင်း ... မဆိုးပါဘူးတဲ့။
အောင်မောင်းကလည်း ဖန်ခွက်ထဲက အရက်ကို နှစ်စုပ်လောက်စုပ်ပြီး
အင်းနည်းနည်းတော့ ပျော့တယ်ထင်တယ်တဲ့။
သူတို့အဖြေတွေ အားမရတော့ ကျုပ်လည်း ကျုပ်တို့ ရှေ့က ကျေးဇူးရှင် အသောက်သင်ဆရာတွေ
လုပ်သလို ပုလင်းထဲကို လက်ညှိုးထည့်ပြိးတော့ နှုတ်ခမ်းကို ဆွတ်ကြည့်တယ်။
ဘယ်လိုလဲဆိုတော့ ကျုပ်လည်း မပြောတတ်ဘူး။ စစ်သလား မသိဘူးကွဆိုတဲ့ မရေမရာ
အဖြေကြီးပဲ ပေးနိုင်တယ်။ ဟုတ်တယ်။ ကျုပ်တို့ လျှာတွေလည်း ပျက်နေပြီနဲ့တူတယ်။
 အဖြူသောက်လိုက် အနီသောက်လိုက် စစ်တာသောက်လိုက် မစစ်တာသောက်လိုက်ဆိုတော့
လျှာ ပြဒါးတိုင်က မမှန်ချင်တော့ဘူး။
သြော် .. လောက။ ငွေရှာရ မလွယ်သလို ငွေသုံးရတာလည်း စိတ်ညစ်စရာပါလား။
နောက်ဆုံးတော့ ထွက်လာတဲ့ အသံက တစ်သံတည်း။ ကိုင်းချ။ မသေပြီးရောတဲ့။
မစစ်ဘူးထင်လို့သာ တော်တော့တယ်။ တစ်ခွက်ပြီစတစ်ခွက်။ တစ်လုံးပြီး တစ်လုံး။
စစ်တယ်လို့များ ယုံယုံကြည်ကြည်နဲ့ သောက်လိုက်ရရင် ကျုပ်ထင်တယ် အင်းလျားကန်ထဲက ရေတွေဟာ
အရက်စစ်စစ်တွေပါလို့ တစ်ယောက်ယောက်ကများ တာဝန်ခံရင်
ကုန်အောင်သောက်မယ့် သူကောင့်သားတွေ။
..................
အရက်စစ်မစစ် ညကမသိပေမယ့် ခုတော့ ကောင်းကောင်းသိနေပြီ။ ကိုက်လိုက်တဲ့ခေါင်း။
တစစ်စစ်နဲ့ ဇက်ကြောတွေကလည်း ဘာထိုးသလဲမမေးနဲ့။ သံချောင်းနဲ့ထိုးထားသလား အောက်မေ့ရတယ်။
ငတ်လိုက်တဲ့ရေ။ ဘယ်လောက်သောက်သောက် သဲပူထဲ ရေသွန်လိုက်သလိုပဲ။
အိပ်ရာထဲမှာ မှိန်းနေချင်သေးပေမယ့် တစ်ဘက်ခန်းက ရေဒီယိုက ၈နာရီသတင်းလာနေပြီ. မဆုံးနိုင်တဲ့
နံနက်ချိန်ခါ တေးသံသာကတော့ မီးဖိုချောင်ထဲမှာ ပျံ့လွင့်နေတုန်း။
တကတဲတော် အပြင်မှ မထွက်လိုက်နဲ့၊ ထွက်ရင် မျိုဆို့လာပြီ။
၈နာရီထိုးပြီ ခုထိအိပ်ရာက မထသေးဘူး။ ကြီးပွားဦးတော့မှာပဲ။
သူ့လုပ်စာနဲ့သာ လူလုပ်ရရင် ကျုပ်တို့ သားအမိတတွေ ဟင်း ပြောမပြောလိုက်ချင်ဘူး။ ရေးတဲ့စာကနည်းနည်း သူ့စာရေးဆရာအစုတ်ပလုတ်တွေနဲ့ သောက်တာကများများ။
ပြောလိုက်ရင် ငါ့ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို မချုပ်ချယ်နဲ့လေး ဘာလေးနဲ့
ဒီမှာဖြင့် အိမ်ဆိုင်က တစ်ဘက် ချက်ရပြုတ်ရတာက တစ်ဘက် တစ်စက်မှ မသိတတ်တဲ့လူ။
တစ်စက်မှ အကြင်နာတရားမရှိတဲ့လူ။ လာပလေ့စေဦး သူ့စာရေးဆရာတွေ၊
လာရင် ဆဲကို လွှတ်ဦးမယ်။
အင်း မဖြစ်ချေဘူး။ ထမှ။ စောစောစီးစီး ပွစိပွစိနဲ့ မင်္ဂလာကို မရှိဘူး။
စာရေးဆရာ အရက်သောက်တာများ သူ့လက်ထက်ကျမှ အဆန်းလုပ်လို့။
ကမန်းကတန်း မျက်နှာသစ်ပြီး သူနဲ့ ဝေးရာမှာ ဆေးလိပ်ထိုင်ဖွာနေလိုက်တယ်။ ပြောပလေ့စေ။
မိန်းမဆိုတဲ့ သတ္တ၀ါက အဲသလို စူပွစူပွလုပ်ရမှ အိပ်ပျော်စားဝင်တဲ့အမျိုး။ မောရင်ရပ်သွားလိမ့်မယ်။
ဒီမှာ ကိုအ၀ှာ။ အိပ်ရထ လဒမှိုင် မှိုင်မနေနဲ့။ အိမ်ကျက်သရေမရှိဘူး။
မီးဖိုထဲမှာ ကောက်ညှင်းပေါင်းနဲ့ ပဲပြုတ်ရှိတယ်။ စားပြီး ဆိုင် ခဏကြည့်ထားဦး။
ကျုပ် မင်္ဂလာဈေးထဲ သွားပြီး ဆိုင်အတွက် လိုတာလေးတွေ ၀ယ်ရဥိးမယ်။
ကလေးအတွက် ဘားပလက် တစ်ပုလင်းလဲ ၀ယ်ရဦးမယ်။
ကလေးအတွက် ဘားပလက် တစ်ပုလင်းလဲ ၀ယ်ရဦးမယ်ဆို တဲ့အသံလည်းကြညးရော
ကျုပ်ရဲ့ ငိုက်နေတဲ့ ခေါင်းက ဆတ်ခနဲ မော့လာတယ်။
ဘယ့်နှယ် ဟိုနေ့ကမှ ကျုပ် ဘားပလက်အကြီးတစ်လုံး ၁၈၀ကျပ်နဲ့ ၀ယ်ပေးခဲ့တာ။ ခု ကုန်ပြီဆိုတော့ ....
ကျုပ်သမီးနို့ညှာ ၀က်သက်ပေါကတပြီးကတည်းက အရမ်းပိန်လာတာ။
ဆရာဝန်က အားဆေးဝယ်တိုက်ပါဆိုလို့ ကျုပ်ဟိုနေ့ကမှ ဘားပလက်တစ်ပုလင်းဝယ်လာခဲ့တာ။
မင်းဘားပလက်က ကုန်တာ မြန်လှချည်လား။ တစ်နေ့ကမှ ငါဝယ်လာတဲ့ ဥစ္စာ...
ကုန်တာမဟုတ်ဘူးတော်ရေ ရှင့်ဥစ္စာ အတုကြီး နားလည်းလား။
ကျုပ်ဆရာဝန်ကို ပြကြည့်ပြီးပြီ။ အတုကြီးတဲ့။ ဆက်မတိုက်နဲ့တဲ့။
ဆက်တိုက်ရင် ကလေး ဒုတ်ခရောက်မယ်တဲ့။
အဲဒါ မင်္ဂလာဈေးက ဆိုင်နံပါတ် ရေးပေးလိုက်တယ်။ အဲဒီမှာ ၀ယ်တဲ့ စစ်တယ်တဲ့။
ဖူး .... လူတွေ လူတွေ တယ်လည်း ရက်စက်ကြပါလား။
ကျုပ်တို့လို ငါးပါးသီလ မလုံတဲ့ ယမကာ လုလင်တွေအတွက် အရက်တုတယ်ဆိုတာ ထားပါတော့။ အပြစ်မဲ့တဲ့ ကလေးတွေခမျာ။ လောဘ၊ဒေါသ၊ မောဟ အတ္တ တယ်လည်း ကြိးကြပါလား ။
စာနာစိတ် ခေါင်းပါးလှချည်လား။
အဖေက အရက်အတုသောက်
သမီးက ဘားပလက်အတုသောက်။
ဝဋ် လို့ပဲ သေဘာထားကြစို့ သမီးရေ ...။
ကဲကဲ မင်းသွားစရာရှိသါား။ ငါဆိုင်ကြည့်ထားလိုက်မယ်။
ထိုင်ခဲလှတဲ့ ဆိုင်လေးမှာ ထိုင်ရင်း ချိုချဉ်၊ မုန့်ထုပ်၊ အချိုမှုန့်၊ ဆပ်ပြာ စုံစီနဖာတွေကို ငေးမောကြည့်နေမိတယ်၊ တအောင့်လောက်ရှိတော့ မညစ်မသစ် စီဝိုင်စီ ၀မ်းဆက်နဲ့ ပိုက်ဆံအိတ် ချိုင်းကြားညှပ်ပြိး ယိုးဒယား လက်ဆွဲခြင်းဆွဲ ထွက်သွားတဲ့ မိန်းမကို ကြည့်ပြီး ....
အင်း သူ့ကြောင့် ငါတို့ မိသားစု အူစိုနေတာပါကလား လို့ တွေးမိသေးတယ်။
ကိုရင်တွေ ဆွမ်းခံပြန်ချိန်လောက်မှာ ကျုပ်မိန်းမ ဈေးကပြန်လာတယ်။
လက်ဆွဲခြင်းထဲမှာလည်း ဘာမှ ပါလာတာ မတွေ့ဘူး။ မျက်စိမျက်နှာလည်း ပျက်လို့။
ဘာမှ မပြောဘဲ အခန်းထဲ တန်းဝင်သွားတယ်။ တော်တော်နဲ့ ပြန်မထွက်လာဘူး။
အင်း တစ်ခုခုတော့ တစ်ခုခုပဲ ဆိုပြီး ကျုပ်လည်း အခန်းထဲလိုက်သွားတယ်။ ဟောဗျ။
ဒူးကလေးတုပ်ပြီး တရှုံရှုံ့ ငိုနေလေရဲ့။ ကျုပ်မြင်တော့ ရှိုက်သံက ပိုကျယ်လာတယ်။ ကျုပ်လည်းအံအားတသင့် ကြည့်နေပြီးမှ ....
မင်းဘာဖြစ်လို့လဲ ပြောစမ်းငါ့ကို။ ဘာလို့ငိုနေတာလဲ ပြောစမ်းပါ။
အဲဒီတော့မှ တဟီးဟီးနဲ့ ငိုပါလေရော။ ရော ခက်ပြီ။ ဘယ်သူကများ စော်ကားလိုက်ပါလိမ့်။ ဒီအရွယ်ကြီးကျမှ ဒီမီးယပ်ပိန် မီးယပ်ခြောက်ကို ဘယ်သူကမှ လိုက်စာမပေးတန်ကောင်းပါဘူး။
မသကာ ဘတ်စ်ကားပေါ်မှာ လူယုတ်မာနဲ့တွေ့လို့ ...။
ပြောစမ်းပါ။ မင်း ဘယ်သူက စော်ကားလိုက်သလဲ။ ငါ့ပြောစမ်း။
ပုဆိုးကို တိုတိုပြင်ဝတ်ပြီး ခပ်ဆတ်ဆတ် မေးတော့မှ ....
အဟင့် ဟင့် ဟင့်။ ဘယ်သူကမှ စော်ကားတာ မဟုတ်ပါဘူး။ ကျွန်မ ကားပေါ်မှာ ခါးပိုက်နှိုက်ခံရလို့။
သြော် ... ဒါများကွာ။ ဒါလောက် ငိုနေရတယလို့။
ရန်ကုန်မှာနေပြီး ဘတ်စ်ကား မှီခိုရတဲ့ လူအဖို့ တစ်ခါမဟုတ် တစ်ခါတော့ ခံရစမြဲပါကွ။ ဒါမဆန်းပါဘူး။
ကဲ ..ကဲ... ငိုမနေနဲ့တိတ် တိတ်။ ဒါနဲ့ ပိုက်ဆံ က ဘယ်လောက်များလို့တုန်း ....
တစ်ထောင်လောက်တော့ ရှိမယ်ထင်တယ်။
ဟင်.... တစ်ထောင်။ တစ်ထောင်။
ငိုမယ်ဆိုရင်လည်း ငိုချင်စရာပေါ့လေ။
ကျုပ်တို့ မိသာစုမျိုးမှာ တစ်ထောင်ဆိုတဲ့ငွေဟာ နည်းတဲ့ငွေမှ မဟုတ်တာ။ သူကပိုနှမြောရှာပေမပေါ့။ သူရှာတဲ့ပိုက်ဆံကိုး။ တစ်မတ်မြတ် တစ်မတ် ငါးမူးမြတ် ငါးမူးနဲ့ ခြစ်ခြုတ် စုရတဲ့ ပိုက်ဆံမဟုတ်လား။ ဒီတစ်ထောင်ပြန်ရဖို့ စုပါလေဦး။ ကျုပ်လဲ နှမြောတာပါပဲ။
ဝတ္ထုတို သုံးလေးပုဒ်ရေးမှ ငွေတစ်ထောင်လောက်ရတာ။
ဒါနဲ့ နေပါဥိး မင်းက ဘယ်မှာ အနှိုက်ခံရတာတုန်း ... နှိုက်တုန်းကမင်းမသိဘူးလား.။
နှိုက်တုန်းကသာသိရင် အဲဒီကောင် ပါးရှစ်စိတ်ကွဲသွားသေးတယ်။ မသိလို့သာပေါ့။
ရှိက်သံစဲပြီး ဒေါသသံက ကဲလာပြီ။
ကျွန်မလည်း အိမ်ကထွက်ကတည်းက ပိုက်ဆံအိတ်ကို သတိထားတာပဲ။ ကားကလည်းချောင်တယ်။ နေရာရတာနဲ့ ၀င်ထိုင်ပြိး ပိုက်ဆံအိတ်ကို ဆွဲခြင်းထဲထည့် လက်ကိုင်ကိုင်းနှစ်ခု ပူးကိုင်ပြီး
ပေါင်ပေါ်တင်လိုက်လာတာ။ ဆင်းရမဲ့မှတ်တိုင်ရောက်တော့ လူက ကျပ်နေပြီ။
ကျွန်မလဲ တိုးဝှေ့ဆင်းရင်းနဲ့ ဈေးဝယ်မလို့ ကြည့်လိုက်တော့မှ ပိုက်ဆံအိတ် မရှိမှန်းသိတာ။
အဆင်းမှာ အနှိုက်ခံရတာနေမှာပေါ့။
မင်းကားနံပါတ် မမှတ်မိဘူးလား ...
ရှင်ဟာလေ။ ကျွန်မက ဘာကိစ္စ ကားနံပါတ်မှတ်နေရမှာတုန်း။
ဈေးထဲရောက်မှ ခါးပိုက်နှိုက်ခံရမှန်း သိတာပါလို့ပြောနေ ...
အင်း ဒါလည်းဟုတ်တာပဲ။ ကျုပ်လဲ လျှာကြောဆက်မရှည်ဝံ့တော့ဘူး။ အဲတစ်ခုတော့ရှိတယ်။
ပြန်ရလို ရငြားပေါ့လေ။ ကျုပ်စဉ်းစားမိတာက ....
အဲ အဲ ငါတစ်ခုစဉ်းစားမိတာက မင်းလှသန်းကို သိတယ်မဟုတ်လား။
မနှစ်ကတုန်းကတောင် ပုဆိုးတစ်ထည်နဲ့ လာကန်တော့သွားတဲ့ ငါ့တပည့်ဖြစ်ခဲ့ဘူးတဲ့ လှသန်းလေကွာ။ ဒီကောင်က လူဆိုးထိန်းဆိုလား ..နယ်ထိန်းဆိုလား။
အဲဒီကောင်ကို အကျိုးအကြောင်းပြောပြီး နည်းနည်းအကူအညီ တောင်းကြည့်ပါလား...
မိန်းမမျက်စောင်းက ၀င်းခနဲ။ သူသာ နဂါးဆိုရင် ကျုပ် ပြာဖြစ်လောက်ပြီ။
အကူအညီရလို ရငြားပေါ့ကွာ ....မသိမသာ လေပြေထိုးကြည့်တယ်။
သူထားတဲ့ နှုတ်ခမ်းက မကျချင်သေးဘူး။
ရောက်ခဲ့ပါပြီတော်.. ရောက်ခဲ့ပါပြီ။
ဖြစ်ဖြစ်ချင်း ကျွန်မလဲ သတိရတာနဲ့ ရှင့်တပည့်ကျော်ဆီ ရောက်ခဲ့ပါပြီ။
ဟေ....ဟုတ်လား။ လှသန်းက ဘာပြောလဲ ပြန်ရမယ်ပြောလား
ဒီနေရာမှာ ကျုပ်မိန်းမကို အရမ်းအထင်ကြီးသွားပြီ။ သူမို့ သတိရတတ်ပလေ။
ရှင့်တပည့်ကျော်လှသန်းက ဘာပြောလဲဆိုတော့ သူလဲ အတတ်နိုင်ဆုံး စုံစမ်းပေးပါ့မယ်တဲ့။
ပြန်ရဖို့တော့ သိပ်မသေချာဘူးတဲ့။ ဟိုတုန်းကနဲ့ မတူဘူးတဲ့။
ဟိုတုန်းက ခါးပိုက်နှိုက်ခံရတဲ့ အချိန်၊ အနှိုက်ခံရတဲ့ လက်စလက်နကို ကြည့်ပြီး ဒါ ဘယ်သူ့
လက်ချက်ဆိုတာ တန်းသိတယ်တဲ့။ အဲဒီကောင်သွားကုပ်လိုက်ရုံပဲ။
ဒါမှမဟုတ် သူ့ခေါင်းဆောင်ကို သွားဖမ်းလိုက်ရုံနဲ့ အနှိုက်ခံရတဲ့ ပိုက်ဆံ ပြန်ရတာများတယ်တဲ့။
အခုတော့ ....
အခုတော့ ဘာဖြစ်သလဲကွ။ အခုလည်း အဲလိုလုပ်ပေါ့
သြော် ..ရှင်ပြောတော့လွယ်တယ်။ သူပြောတလဲ ဆက်နားထောင်ဦးမှပေါ့။
ခုတော့ သိပ်မလွယ်ဘူးတဲ့။ ခုခေတ် ခါးပိုက်နှိုက်တွေကလည်း သိပ်စည်းကမ်းရှိတာ မဟုတ်ဘူးတဲ့။
သူ့နယ် ကိုယ့်နယ် သိပ်ခွဲတော့တာ မဟုတ်ဘူးတဲ့။ နှိုက်ချင်တဲ့နေရာ နှိုက်နေကြတာတဲ့။
ပြသနာက ခါးပိုက်နှိုက်ခံရတိုင်းလဲ ခါးပိုက်နှိုက် လက်ချက်ချည်းလို့ ထင်မနေနဲ့တဲ့။
ဘာကွ... ခါးပိုက်နှိုက်ခံရတိုင်း ခါးပိုက်နှိုက် လက်ချက်မဟုတ်လို့ သူ့မအေ.... တယ်....ငါ
သြော်... သူပြောတာလဲ ဆုံးအောင်နားထောင်ပါဦး။
တစ်သက်လုံး ခါးပိုက်နှိုက်လုပ်စားတဲ့ ခါးပိုက်နှိုက် စစ်စစ်တွေရဲ့ ရာဇ၀င်ကိုသူတို့သိတယ်တဲ့။
ခုဟာက တစ်ခါတစ်ရံမှာ ခါးပိုက်နှိုက်စစ်စစ်တွေရဲ့ လက်ချက်မဟုတ်ပဲ ကြုံရင်ကြုံသလို မတတ်သာလွန်းလို့
လွယ်တယ်ဆိုပြီး ကြံမိကြံရာ ကြံတတ်ကြတဲ့ ခါးပိုက်နှိုက်အတုတွေကလဲ .....
တော်....တော်.....တော်တော့ကွာ
ကျုပ်ဆက်ပြီး နားမထောင်ချင်တော့ဘူး။ ဘာမှလည်း မပြောချင်တော့ဘူး။
ကျုပ်တို့မိသားစုအတွက် အရေးပါလှတဲ့ ဆုံးရှုံးသွားတဲ့ ငွေတစ်ထောင်ထက် အဆများစွာ
တန်ဖိုးကြီးပြီး ဘာမှန်းမသိတဲ့ အရာတစ်ခု ဆုံးရှုံးသွားတယ်လို့ ရင်ထဲမှာ ခံစားနေရတာက
တနုံ့နုံ့နဲ့ အခံရဆိုးလှတယ်။
သာထက်အောင်
(From Foreverfriend)

Monday, February 15, 2010

တရုတ်နှစ်ကူး အခမ်းအနား

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ကပုန်းကျောင်းတွင် နှစ်စဉ်ကျဉ်းပမြဲဖြစ်သော 
တရုတ်နှစ်ကူး စုပေါင်းဒုလ္လဘရဟန်းခံပွဲကြီးနှင့် (၇) ရက်တရားစခန်းပွဲတော်ကြီးကို 
၁၃၇၁ - ခုနှစ်၊ တပေါင်းလဆန်း (၁) ရက် (၁၃၊ ၂၊ ၂၀၁၀) စနေနေ့၌ စတင်ကျင်းပသည်။
ယင်းနေ့ညနေ (၅) နာရီတွင် ဒုလ္လဘရဟန်းလောင်းတို့ကို ဆံချပေးသည်။
ညနေ (၇) နာရီတွင် မြန်မာနိုင်ငံ၊ ကညွတ်ကွင်းမြို့၊ မဟာဂန္ထ၀ါစကဘွဲ့ရ ပိဋကတ်တစ်ပုံအောင် ဝေဘူရိပ်သာဆရာတော် ဘဒ္ဒန္တ၀ိမလသာရ က 
ဒုလ္လဘရဟန်းလောင် (၃၃) ယောက်ကို ရှင်သာမဏေပြုပေးသည်။
ယင်းနောက် ကပုန်းကျောင်းဆရာတော် ဒေါက်တာအရှင်ဣန္ဒက မှ 
ဒုလ္လဘရဟန်းတော်များအနေဖြင့် သိသင့်သိထိုက်သောစည်းကမ်းနည်းလမ်းများကို ပြောကြားပြီး သတိပဋ္ဌာန်တရားပြသပေးတော်မူမည့် အထက်ပါဝေဘူရိပ်သာဆရာတော်နှင့် 
ဒုလ္လဘရဟန်းယောဂီတို့ကို မိတ်ဆက်ပေးသည်။
၁၄၊ ၂၊ ၂၀၁၀ တနင်္ဂနွေနေ့ နံနက် ၉ နာရီတွင် 
ဒုလ္လဘရှင်သာမဏေတို့ကို ရဟန်းဘောင်သို့တက်ခြင်း (ပဉ္စင်းခံခြင်း) သိမ်ဝင်းခြင်း အခန်းအနားကျင်းပသည်။ နံနက် (၁၁) နာရီအချိန်တွင် ကုသိုလ်ရှင်များက သိမ်ဆင်းဝတ္ထုပစ္စည်းများလောင်းလှူကြသည်။
နေ့ဆွမ်းဘုန်းပေးပြီးသည့်နောက် ဆရာတော်က သတိပဋ္ဌာန်အလုပ်ပေးတရားဟောကြားပေးပြီး 
ယောဂီအပေါင်းတို့ကို တရားထိုင်စေကာ (၇) ရက်တရားစခန်းပွဲကို စတင်သည်။

လေလွင့်သူရဲ့တိမ်

မုန်းတီးမှုများ
နေ့စဉ် စားသုံးရင်း
ခွန်အားသစ်တွေ ဖြစ်ခဲ့ပြီ။

နှစ်သုံးဆယ်ကြာတဲ့ မီးလျှံများ
လေတိုက်စားလို့ ငြိမ်းလုပြီ။

လွဲချော်သွားတဲ့ နာရီများအတွက်
အိပ်မက်တွေကို ရှက်တိုင်း
အနက်ရှိုင်းဆုံးဆိုတဲ့ သောကများ
ဘုရား တ,ရင်း စိန်ခေါ်ခဲ့ရပြီ။

ဂုဏ်သိက္ခာတွေ ကြေမွပြီး
စီးထားတဲ့ ဖိနပ်အောက်
အမှန်တရားတွေ မှောက်ကျသွားတဲ့အခါ
ဘ၀ဆိုတာ ကောလဟလပါပဲ။

ရွှေရှာသူများ
ငွေရှာသူများ
နေရာယူသူများ
အားလုံးရဲ့နောက်မှာ
ငါ ......
လေဆာရောင်ခြည်သေနတ်နဲ့
လူသတ်ချင်တယ်။

ဒါပေမယ့်
ဘာတွေမှ တွေးမနေနဲ့
တိမ်တွေရဲ့ ကိစ္စ
ရာသီတွေရဲ့ ကိစ္စ
လောကကို မတောင်းဆိုလိုက်လေနဲ့
ဣနြေ္ဒကြီးတဲ့ ကောင်းကင်လို နေလိုက်ပေါ့။ ။
ရေးသူ- ဂျူး
Credit: မာယာအွန်လိုင်းမဂ္ဂဇင်း
[မာယာမဂ္ဂဇင်း၊ မတ်လ၊ ၁၉၉၈၊ အတွဲ ၃၊ အမှတ် ၁ မှာ ဖော်ပြခဲ့တဲ့ ကဗျာကို အင်တာနက်ပေါ်တင်ခြင်း ဖြစ်ပါတယ်။]

Sunday, February 14, 2010

Life

Life is not about existing but about living to the fullest. Everyday we learn, grow, adopt new ideas and give meaning to our existence.
Learning is a continuous process: Education changes our thinking and lifestyle. Your knowledge defines your personality. As you acquire more knowledge, you tend to become more balanced and have more command over your life.
 
Live a healthy life: A healthy mind resides in a healthy body. The condition of our body has a serious impact on our lifestyle. We need to nourish our body. Balanced diet, regular exercise and good sleep are the primary requisites of a healthy body.
 
Spend time with your loved ones: Without family and friends, it would not have been worth living. We believe in sharing our thoughts. We love to nurture our relationships. It is the emotional bond with our loved ones that take us a mile ahead.
 
Do what you believe in: Apart from the daily chores, engaging in an activity of your choice brings happiness and satisfaction. Whether you want to give a spiritual touch to your life or want to take part in an adventurous sport, by the end of the day it should bring smile to your face. Doing something you strongly believe in to bring out the best in you.
 
Be at the summit of what you do: If we put our best foot forward, we are bound to excel in what we do. Develop a niche for yourself. Consistency at work will take you a long way.
 
Value resources: Value the resources that you have earned over the years. Do not let the materialistic world over rule you. The worth of your life is not defined by what you earn but how you earn. Manage your resources intelligently and save money for the rainy days.
 
Be self – dependent: With all your limbs active, do not live a crippled life. Believe in yourself and go ahead in life. Self dependence brings freedom and satisfaction.
 
Build a home not a house: The home is the place where you can “be yourself”. The home is the place where we feel at ease. The home binds the family together and defines the integrity of the house.
 
Be honest: Honesty can buy peace of mind. Life is simpler for an honest person.
Respect everyone: One can earn respect only when one learns to respect others. Irrespective of age, sex, and ethnicity everyone should be respected equally.
 
Try something out of the box: Life is full of experiments. Instead of living a monotonous life, it is always better to try new things. Share your interesting experiences with your loved ones. Real life experiences are the most effective ways of learning practical lessons.
 
Be responsible for your actions: Your actions will reflect your personality. Taking ownership of your actions will make you feel proud and responsible.
 
Live up to your promise: Going by the marketing jargon, if you under sell your services and deliver quality output, it will act as “customer delight” but if your flowery selling pitch is not at par with your quality of service, you fail to match your customer’s expectations. Realize your potential and promise accordingly.
 
It is wise to spend less energy on talking and more energy on listening: Wise men are good listeners. They speak quality and deliver nothing but the best.
 
Do not be a jack of all trades and master of none: Multitasking can be good, provided you know your domain of expertise. Your involvement in diverse streams will not take you to your goal. Focus on what you can specialize. Being best in a domain is much better than being a mediocre in all fields.
 
Convert your weakness to your strength: If your life is restricted because of physical disability, use all your resources to discover your area of strength. Ray Charles Robinson was a world famous singer, who did not stop chasing his dreams because of his blindness.
 
Special moments add joy to our lives: We cherish and treasure the special moments in our lives. The compassionate touch of a friend, the affectionate words of a mother, and the smile of an innocent child can bring us joy.
 
Follow your dreams: If you intend to make it big, define your path to reach the goal.
 
Be prepared for the unexpected: Often we come across unexpected situations in life. Flexibility and adaptability can make life simpler for you.
 
Live in the present: We cannot live in the past or predict future. The present is in our hands. So we need to value every moment of our lives.
(from facebook friend Panpira Nopubol)

Saturday, February 13, 2010

အဖေ

၁။
“မိန်းမရေ၊ --ဧည့်ခန်းထဲက တိုင်မှာချိတ်ထားတဲ့ နာရီ မရှိတော့ပါလားကွ”
“ရှင့်သား ဖြုတ်ယူသွားတယ်လေ၊ သူ့ အိမ်မှာ နာရီ မရှိလို့တဲ့”
၂။
“ မိန်းမရေ---ကြောင်အိမ်ထဲက ဓါတ်ဗူးအသစ်တစ်လုံး မတွေ့ပြန်ဘူး၊ မင်းဘယ်သူ့ပေးလိုက်သေးလဲ။”
“ရှင့်သားလာယူသွားတာပဲလေ၊ သူ့အိမ်မှာ ဓါတ်ဗူး လိုနေလို့တဲ့။”
“ တောက်--ဒီကောင် ဒို့ကို ဒုက္ခပေးပေါင်းများလှပြီ၊ ဘွဲ့ရ ပညာတတ်ဖြစ်အောင် ငွေအကုန်ခံ၊ဒုက္ခတွေခံပြီး သင်ပေးခဲ့ပြီးပြီ။
အခု အိမ်ထောက်ကျပြီးတော့လည်း အိမ်ကပစဏည်းတွေ တစ်ခုပြီးတစ်ခု လာယူနေတယ်။ ကျောင်းဆရာ လုပ်နေပြီး ဘာမှ မိဘအပေါ် မသိတတ်တဲ့ကောင်၊ သိအောင်တော့ သွားပြောဦးမှပဲ”
၃။
ကိုတင်မောင်တစ်ယောက် တိုက်ပုံအင်္ကျီ ကောက်စွပ်ပြီး ရပ်ကွက်ရုံးကို သွားမလို့ လုပ်တုန်း ဒေါသဖြစ်ပြီး သူ့သားအိမ်ဘက် ထွက်လာခဲ့တယ်။
သားအိမ်ရှေ့ကိုရောက်တယ်ဆိုရင်ပဲ သားလုပ်သူက အင်္ကျီအဖြူ လည်ကတုံး ၀တ်ပြီး
အိမ်ပေါ်က ဆင်းလာတာတွေ့ ရတယ်။
“ဟေ့ကောင်---မင်းကို ငါပြောစရာရှိလို့ လာခဲ့တာကွ၊ အခု မင်းက--ဘယ်ကို သွားဦးမလို့လဲ”
“ရပ်ကွက်ဓမ္မာရုံမှာ ဟောပြောပွဲရှိလို့ ဖေဖေ၊ ပြောစရာရှိရင် နောက်မှ ပြောပါလား။ အရေးကြီးနေလို့ပါ၊”
သားဖြစ်သူရဲ့ စကားအဆုံး ကိုတင်မာင် သူ့သားကို သေသေချာချာကြည့်လိုက်တဲ့အခါ
သြော်--ဒီကောင့်မှာ တိုက်ပုံ အင်္ကျီမှ မရှိပဲကိုး ဟုရေရွတ်ပြီး---
“ ဟေ့ကောင်--ဟောပြောပွဲ သွားမှာဆိုရင် တိုက်ပုံပါမှ ကောင်းတာကွ--ရော့။
ငါ့တိုက်ပုံအင်္ကျီဝတ်သွား။ ကျောင်းဆရာ ဆိုတာ တိုက်ပုံအင်္ကျီနဲ့မှ ကြည့်ကောင်းတာကွ” ဟုဆိုကာ သူဝတ်လာသော တိုက်ပုံအား ချွတ်ပေးလိုက်ပါတော့သည်။
၎။
“ကိုတင်မောင် --ရှင်သွားတုန်းက တိုက်ပုံ အင်္ကျီနဲ့ပါ၊ အခု ပြန်လာတာ တိုက်ပုံလည်း မတွေ့တော့ပါလား။ ဘယ်မှာများ မေ့ကျန် ရစ်ခဲ့ပါလိမ့်။ ”
“မင်းသားကွာ--ဓမ္မာရုံမှာ ဟောပြောပွဲရှိတယ်ဆိုလို့”
“အလိုတော်--ရှင့်သားက ခန္ဓာကိုယ်ပေါ်က တိုက်ပုံတောင်ချွတ်ယူသလား၊ ဒင်းဆီရောက်သွားရင် ပြန်မရတော့ဘူးဆိုတာ ရှင် လည်း သိသိကြီးနဲ့”
“မင်းပြောလည်း ခံရမှာပဲ မိန်းမရယ်၊ ဒါပေမယ့် အခုဟာက သားကချွတ်ယူတာ မဟုတ်ပါဘူး။ ငါကိုယ်တိုင်က ကျေကျေ နပ်နပ် နဲ့ချွတ်ပေးလိုက်တာပါကွယ်။”
ကိုတင်မောင်ရဲ့ စကားအဆုံး ဇနီးဖြစ်သူက
“သြော်--ကိုတင်မာင်၊ ကိုတင်မောင်--ရှင် ဖခင်ကောင်းတစ်ယောက် ပီသပါပေတယ်တော်” ဟုရေရွတ် လိုက်ပါတော့သည်။
သက်နိုင်ဦး (မြ၀တီ)
မဟေသီ ၂၅ အထူးထုတ်မှ

Friday, February 12, 2010

Regulations

ဒုလ္လဘရဟန်းတော်များလိုက်နာရမည့်စည်းကမ်းများ
ဒုလ္လဘရဟန်းတော်များသည်
The Temporary monks
၁။ ကျောင်းတိုက်အတွင်း၌သာ သီတင်းသုံးနေထိုင်ရမည်။ (အရေးပေါ်ကိစ္စတစုံတရာမရှိပဲ (သို့) ကျောင်းထိုင်ဘုန်းကြီး၏ခွင့်ပြုချက်မရပဲ အပြင်သို့ထွက်ခွင့်မပြု)
1: Must stay in the precinct of the monastery for the entire duration of the programme, except in the case of emergency or when special permission is obtained from the Abbot.
၂။ ကျောင်းထိုင်ဆရာတော် (တရားပြဆရာတော်) ၏ တရားနည်းလမ်းကျ ဆုံးမသွန်သင်မှုများကို တသွေမတိမ်း လိုက်နာကျင့်သုံးရမည်။
2: Must follow the Abbot’s (meditation master’s) instructions, so long as they accord with the Dhamma Vinaya.
၃။ ကျောင်းထိုင်ဆရာတော်၏ခွင့်ပြုချက်မရပဲ မိုဘိုင်းဖုန်းနှင့် အခြားသောဆက်သွယ်ရေးကြိယာ ပစ္စည်းများကို သုံးစွဲခွင့်မပြု။ အကယ်၍ ယင်းပစ္စည်းများ ကျောင်းသို့ သယ်ဆောင်လာပါက ပစ္စည်းလုံခြုံရေးအတွက် ကျောင်းထိုင်ဆရာတော်ထံ အပ်နှံထားပြီး တရားစခန်းပွဲ ပြီးဆုံးသွား သော အခါမှသာလျှင် ပြန်လည်ယူဆောင်သွားရမည်။
3: Mobile phones and pagers are not to be used during the meditation retreat except with special permission of the Abbot. If brought, they must be deposited upon registration for safekeeping until the end of the programme.
၎။ စားဖွယ်သောက်ဖွယ်များ၊ ရေဒီယို၊ လက်ဝတ်ရတနာပစ္စည်းများနှင့် အခြားသောရဟန်းတော်နှင့် မအပ်စပ်သည့်ပစ္စည်းများအား မိမိနှင့်အတူထား၍ သုံဆောင်ခွင့်မပြု။
4:    Also not allowed are foodstuff, radio, jewellery and other unsuitable items.
၅။ ဆေးလိပ်၊ စီးကရက်သောက်ခြင်း၊ ကွမ်းဝါခြင်းတို့အား (လုံးဝ) ခွင့်မပြု။
5: Smoking and chewing betel are STRICTLY prohibited.
၆။ မိမိနေရာ၊ မိမိပတ်ဝန်းကျင်နှင့် ကျောင်းတိုက်အသုံးအဆောင်ပစ္စည်းတို့ကို သန့်သန့်ရှင်းရှင်း ရှိနေစေရမည်။
6: Must maintain cleanliness and care of allocated lodging and other monastery facilities.
ကပုန်းကျောင်းဆရာတော်
(Abbot)

ကိုကျော်သူ့ ရှင်းတမ်း (၁)

ရှက်ဖို့ ကောင်းလှသည် . . . ။
ကျွန်တော်တို့ မြန်မာလူမျိုးတွေ . . . အယူသီးပုံ၊
အစွဲကြီးပုံများ တလွဲ ဆံပင်ကောင်းမှုများပင် ဖြစ်တော့ သည်။
ဘာသာခြားများ၊ တိုင်းတစ်ပါးမှ နိုင်ငံခြားသားများသိလျှင်
အတော့်ကို ရယ်စရာကြီးဖြစ်နေမည်။
မြန်မာ လူမျိုးများ ကမ္ဘာတွင် ဟာသလူမျိုးဖြစ်ကုန်မည်ကို စိုးရွံ့မိသည်။
၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ အယူသီးမှု၊ အစွဲအလန်းကြီးမှုများကို
ကျွန်တော်တို့ တိုက်ဖျက်လာသည်မှာ ယခုအချိန်ထိပင်။
သို့သော် ကျွန်တော်တို့နှင့် ယခုတိုင် အချို့သောသူတို့သည် ပြဒါးတစ်လမ်း . . . သံတစ်လမ်း၊ ဆန့်ကျင်ဘက် အနေအထားပင် ဖြစ်နေသေးသည်။
သူတို့ ထံမှ တီးတိုး ပြောသံများ၊ အကြံဥာဏ် ပေးသံများ၊ ဆရာကြီး လုပ်သံများ၊
အတင်းအဖျင်း ပြောသံများ၊ ရှုတ်ချသံများ၊ မချေမငံ ပြောသံများ စသည့် လူမှုရေး
တိုက်ခိုက်သံ၊ အယူသီးမှု စကားလုံးများ
ယနေ့တိုင် မကြာမကြာ ကြားနေရဆဲပင် ဖြစ်သည်။
ရှေးလူကြီးများ စကားမပယ်ဖျက် ကောင်းဘူးတဲ့ . . .
ဒါက သူတို့ နောက်ဆုံး အနိုင်ယူတဲ့ စကားလုံး။
ဒီတော့ . . . ကျွန်တော် ရှင်းပြီ၊ ရှင်းရပြီ . . .
ရှင်းပြီ ဆိုသော်ငြားလည်း ကျွန်တော် ရေးခဲ့ဘူးသော ‘ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်’
ဟူသောစာစုမှ ကျွန်တော်တို့၏ လူမှုရေးလမ်းပြ ကြယ်ဖြစ်သော
ဆရာတော်ကြီးဘဒ္ဒန္တဦးတိက္ခ၏ ဟောကြားချက် စကားများမှ စရတော့မည်။
အမျိုး၊ ဘာသာ၊ သာသနာ အတွက် မြတ်စွာဘုရားရှင်သည်
ကောင်းတာ လုပ်လျှင် ကောင်းကျိုး ပေးမည်။ မကောင်းတာ လုပ်လျှင် မကောင်းမှုများ ရမည် ဟူ၍ ဟောကြားခဲ့သည် မဟုတ်ပါလား . . . ။
ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် ရတနာသုံးပါးကို
ကြည်ညို လေးစား ဦးခိုက်ကြသော်လည်း
ကံနှင့်ပတ်သတ်၍ ယုံကြည်မှု အားနည်းမှုများကို တွေ့ရသည်။
လူအများစုသည် နာရေး ကိစ္စများကို အယူသီး ကြသည်။
နာရေးကြောင့် စီးပွားပျက်တယ်၊ လူသေ တတ်တယ်၊ ထိခိုက် နစ်နာမယ်၊
ပျက်စီး ဆုံးရှုံးတတ်၊ နိမိတ် မကောင်းမှုတွေ ဖြစ်တတ်တယ် ဟူ၍
ရှေးဘိုးဘေး ဘီဘင် လက်ထက် ကတည်းက
အယူသီးမှုများ၊ အရိုးစွဲမှုများ၊ အမှားစွဲမှုများ ရှင်သန်လာခဲ့ကြသည်။
လူတော်တော် များများသည် အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အထိအတွေ့ ဟူသော
အာရုံ ငါးပါးထဲတွင် နစ်မွန်း နေကြသည်။
မိမိကိုယ် မိမိတို့ သုဘ (သို့မဟုတ်) မင်္ဂလာဟု သတ်မှတ် နေကြသည်။
အမှန်မှာ . . . ရှင်သူ၊ သေသူတို့ အားလုံးသည် အသုဘများ
(သို့မဟုတ်) အမင်္ဂလာများပင် ဖြစ်တော့သည်။
အဘယ့်ကြောင့် ဆိုသော် . . .
ရေမချိုးဘဲနှင့် ဆယ်ရက်ခန့် နေကြည့်လျှင် မိမိခန္ဓာမှ အပုပ် နံ့များထွက် လာမည်။
ဒွါရ ခြောက်ပါးမှ အနံ့အသက် မျိုးစုံ ထွက်နေတော့မည်။
ရုပ်တရား၊ နာမ်တရား အားလုံးသည် အသုဘချည်းပင် ဖြစ်သည်။
မည်သည့် အရာမှ တည်မြဲမှုကို မဆောင်နိုင်ချေ။
မြတ်စွာ ဘုရားသည် လူမသာကို အိမ်ထဲသို့၊ ရပ်ကွက်ထဲသို့ သွင်းလျှင်
‘ခိုက်သည်’ ဟူ၍ မဟောကြားခဲ့ပါ။
စဉ်းစားစေချင်သည် . . .
ရပ်ကွက်၊ အိမ်ပြင်ပတွင် ဆုံးသွားပါက (ရပ်ကွက်) အိမ်ထဲသို့
အသွင်းမခံကြ၊ သွင်းလျှင် ရွာနာတယ်၊ အရပ်နာတယ်၊ အိမ်သူ အိမ်သားတွေ
ခိုက်တယ်ဟူ၍ မည်သည့် ကျမ်းဂန်တွင်မှ မပါရှိပါ။
သို့သော် အားလုံး နီးပါး အယူသီးမှုများက လွှမ်းခြုံနေမှုကို ခံနေရသည်။
ဒါဆို . . . ကျွန်တော်မေးတော့မည်။
လူမသာကြတော့ ရပ်ကွက်ထဲ၊ အိမ်ထဲ မသွင်းကောင်းဘူးတဲ့ . . .။
အဲဒါဆိုလျှင် တိရစ္ဆာန် မသာများ ကြတော့
ဘာဖြစ်လို့ အိမ်ထဲ သွင်းကြ သနည်း။
သက်ရှိ လောကကြီးထဲတွင်
လူသာလျှင် အမြတ်ဆုံး ဖြစ်သည်လို့ ပြောကြပြီး မည်သည့် အတွက် . . .
နံနက်ဖက် ဈေးကပြန်လာလျှင် သူ့ထက်ငါ အလုအယက်
ငါကတော့ ကြက်သား စားနိုင်တယ် . . .
ငါကတော့ဝက်သားစသဖြင့် အပြိုင်အဆိုင် ဈေးဝယ်လာပြီး
ဂုဏ်ယူဝင့်ကြွားစွာ နေအိမ်ထဲသို့ တိရစ္ဆာန် မသာများကို ထည့်ပြီး . . .
ခုတ်ထစ် ဆေးကြော၊ ကြော်လှော်၊ ချက်ပြုတ်ပြီး
မိမိတို့ရဲ့ ပါးစပ်ထဲသို့ တိရစ္ဆာန် မသာများကို ဘာကြောင့် ထည့်ကြ သနည်း . . . ။
အရိုးများကို နူးနေအောင် ချက်ပြုတ်၍ ဝါးကြသည် မဟုတ်ပါလား။
ဒါကြောင့် . . .
လူ့ဝမ်းဗိုက်သည် တိရစ္ဆာန်တို့၏ သချိင်္ုင်း
လူ့ပါးစပ်သည် တိရစ္ဆာန်တို့၏ မီးသဂြိင်္ုလ် စက်ပင် ဖြစ်တော့သည်။
တိရစ္ဆာန် မသာကျတော့ မိမိတို့ ဝမ်းဗိုက်ထဲသို့ ထည့်ပြီး လူမသာကျတော့ အိမ်ထဲ
(ရပ်ကွက်) ထဲသို့အသွင်းမခံမှု တို့သည် အဆိုးဝါး ဆုံးသော အယူသီးမှု၊
မိစ္ဆာဒိဋ္ဌိ အယူဝါဒမှ ဆင်းသက်လာမှုပင် ဖြစ်တော့သည်။
တစ်ဖန် လူသေသွားလျှင် အိမ်နောက်ဖေးသယ်သွား၊ တံစက်မြိတ်ရေ လက်ပြန်ရေနှင့် ရေချိုးပေး၊ အဝတ် အစားဝတ်၊ သနပ်ခါးလိမ်း၊ ဆံပင်ထုံးပေး၊
နှုတ်ခမ်းနီဆိုးပေး၊ ပန်းပန်ပေးနှင့် သေသွားမှ ကြင်နာပြ၊ ဂရုစိုက်ပြနေတော့သည်။
အလောင်း လှအောင် လုပ်တာတဲ့။ ပြုံးပြုံးလေးသေမှ အလောင်းလှတာတဲ့။
နောက်မှ ခေါင်းက ဆံပင်ကိုဖြတ်၊ ခြေထောက် နှစ်ချောင်းကို တုပ်တော့သည်။
အိမ်မှာ နှစ်ညတောင် ထားရဦးမှာဖြစ်တဲ့ အတွက်တဲ့ဗျာ . . . ။
သေတာတောင် အချုပ်အနှောင်ခံရတဲ့ဘဝ . . . ။
ထို့နောက် သေသူနှင့် ပါးစပ်ထဲ မတ်စေ့ (ယခုခေတ်တွင်တော့ မရနိုင်တော့) ထည့်သည့်
‘ကူးတို့ခ’ ဟုဆိုကြပြန်သည်။
အသက်မရှိသော ခန္ဓာနှင့် ဘယ်ကားကို တစ်မတ်ပေးစီး၍ ဘယ်ကိုသွားမည်နည်း . . . ။
တစ်ချို့က ပါးစပ်ထဲ ထည့်ထားသည့် မတ်စေ့ကို အတင်းနှိုက်ပြန်သည်၊
Lucky ကောင်းတယ်တဲ့၊ ငွေပွားတယ်တဲ့လေ။
အလောင်းးကို အိမ်ကထုတ်တော့ . . . ခြေကမထုတ်ရဘူး၊ ခေါင်းကမထုတ်ရဘူး၊
တံခါးဘောင်နဲ့ မထိရဘူး၊ အိမ်နံရံကို မထိရဘူး၊ လှေကားက မဆင်းရဘူး စသဖြင့်
‘ဘူး’ များပဲ့တင်ထပ်နေတော့သည်။
နောက်ထပ် ကြေးစည်ထု၊ ကနားဖျင်းဖျက်ခြင်း လုပ်တော့သည်။
နောက်နိဗ္ဗာန်ယာဉ်ပေါ်သို့ အလောင်းတင်သော် ရေအိုးကို ခွဲတော့သည်။
မင်းနဲ့ငါတို့ အိုးစားကွဲပြီ၊ အိမ်ပြန်မလာနဲ့ ဟုဆိုသည်။
နောက်ငိုကြ၊ ယိုကြ၊ မသွားရဘူး၊ ခေါ်မသွားရဘူး၊ ပစ်သွားပြီလား စသဖြင့်
အယူစွဲ၊ အယူသီးမှုများ လွှမ်းခြုံနေကြသည်။
သုဿန်ရောက်သော် အခေါင်းထဲမှ ပန်းတစ်ပွင့်ကိုယူ၍ ယူသည့်လူက စကားမည်သူ့ကိုမျှမပြောတော့ချေ။
သေသူရဲ့လိပ်ပြာကို ပြန်ခေါ်တာတဲ့။
အိုးစားကွဲ လိုက်ကြ၊ ပြန်ခေါ် လိုက်ကြ၊ ခြေထောက်ကို တုပ်နှောင် လိုက်ကြ၊
ငိုလိုက် ကြနဲ့ သေသူကို မီးသဂြိင်္ုလ် စက်ထဲသို့ ထည့်မည့်အစား ထိုသူများကို
စိတ်ရောဂါ အထူးကုဆေးရုံသို့ပင် ပို့ရမလို ဖြစ်တော့သည်။
သေဆုံးသူ၏ လုံချည်၊ အကျီင်္၊ ခြင်ထောင်၊ မွေ့ယာများကို ခိုက်မှာစိုး၍ ခန်းစီးစများ ချုပ်၍ ဘုန်းကြီးကျောင်း ကိုပို့ကြသည်။
ကုသိုလ်ရအောင်
ဘုန်းကြီးကျော်းတွင် ချိတ်ခိုင်း ဆွဲခိုင်းတော့သည်။
ဒါဆို ဘုန်းကြီးတွေ ကျတော့ ခိုက်စေတဲ့လား . . . ?
သေဆုံးသွားသူ၏ လက်ဝတ် လက်စား၊ ဆွဲကြိုး၊ လက်စွပ်များ ကြတော့ ခိုက်မှာ
စိုး၍ ဘုန်းကြီးကျောင်းကို မလှူကြတော့ ဘူးလား၊
ဘယ်ရောက် ကုန်ပါလိမ့် . . .?
နာရေးယာဉ် (နိဗ္ဗာန်ယာဉ်) ကိုလည်း ရပ်ကွက်ထဲဝင်လျှင် ဟိုဖက်ကဝင်၊ ဒီဖက်က မဝင်ရဘူး စသဖြင့် တားမြစ် သူတွေ၊ မိမိအိမ်ရှေ့တွင် မော်တော်ယာဉ်ခေါင်း လာလှည့်တာကို မလိုချင်၊ နိဗ္ဗာန်ယာဉ်မောင်းသည့် ယာဉ်မောင်း များလည်း ယခင်ကမကြာခဏ လက်သီးနှင့် အထိုး ခံရမှုများ ရှိခဲ့သည်။ လမ်းထိပ်တွင် ကန်တော့ပွဲ ထိုးပေး ခဲ့ရသည်လည်း ရှိသည်။
ဒီလမ်းက နိဗ္ဗာန်ယာဉ်မဝင်ရ၊ မသွားရတဲ့လမ်း စသဖြင့် တားမြစ် နယ်မြေများလည်း ရှိခဲ့သည်။ 
ရှိနေဆဲပင် . .. ။
ကောင်းပြီ။
ဒါဆိုရင် အဲဒီ့လမ်းကလူတွေက မသေတော့မဲ့ သူတွေများလား . . . ?။
သေခဲ့သည် ရှိသော် မိမိအိမ်မှ လမ်းထိပ်သို့ မိမိတို့ ကိုယ်တိုင်သယ်ပိုပြီး ‘မ’ချမည်တဲ့လား . . . ? ။
နောက် . . . နိုင်ငံရပ်ခြားတွင် သေဆုံး၍ သေဆုံးသူ၏ ခန္ဓာကိုယ်အား
မြန်မာပြည်တွင် သဂြိင်္ုလ်ချင်၍ ပြန်သယ် လာသော အလောင်းများသည် လေယာဉ်ဖြင့်
သယ်ဆောင် လာရခြင်း ဖြစ်သည်။ ထို့ကြောင့် လမ်းထဲ မဝင်ရဘူး၊ ဟိုဘက်က
မထွက်ရဘူး၊ ဒီဘက်က မဝင်ရဘူး၊ အိမ်ရှေ့ကားမကွေ့ရဘူး စသဖြင့် ပြောနေသူများ
စဉ်းစားကြည့်စေချင်သည်။ မိမိတို့ ဦးခေါင်းထက် မိမိတို့၏ နေအိမ်ထက်မှ နေ့စဉ်အလောင်းတင် လေယာဉ်ပျံများ ဖြတ်သန်း နေဆဲ၊ ပျံသန်းနေဆဲပင် ဖြစ်တော့သည်။
နိဗ္ဗာန်ယာဉ်ဝင်တာကိုတော့ မကြိုက်ကြ၊ နိဗ္ဗာန်ယာဉ်ကို မြင်ကြလျှင်တော့
မိမိတို့၏ ပိုက်ဆံအိတ်များကို ပုတ်ကြကာ လာဘ်ရွှင်လို့လား . . .
စဉ်းစားကြပါ. . . ။ သိပ်ရှက်ဖို့ ကောင်းနေပါပြီ။
မိမိတို့၏ စိတ်ဓာတ်များ၊ ခံယူချက်များ၊ အယူသီးမှုများကို ပြန်လည်ပြုပြင်စေလိုပါသည်။ ပြဒါးတစ်လမ်း . . . သံတစ်လမ်း မဖြစ်သင့်တော့ပါ။
ကိုယ့်စိတ်ကို ပြန်စစ်ကြည့်စေချင်သည်။
မှားလား . . . မှန်လား။
မှန်လား . . . မှားလား ဆိုတာ။
မှားရင် . . . ပြင်။
မှန်ရင် . . . ဆက်လုပ် ဖို့က အားလုံးရဲ့ တာဝန် ဖြစ်တော့သည်။
ကျွန်တော် စကားလုံးများနှင့် ရှင်းပြရသည်မှာ များလှပါပြီ။
ထို့ကြောင့် . . . ယခုလူမှုရေးလုပ်ငန်း (နာရေးကူညီမှု) တွင်
အယူသီးမှု၊ အရိုးစွဲမှု၊ အမှားကို လက်ခံနေမှုများကို တိုက်ဖျက်ကြသော
သူရဲကောင်း လူပုဂ္ဂိုလ်များ၏ အကြောင်းအရာ၊ သက်သေခံဓာတ်ပုံများနှင့်တကွ ထပ်မံရှင်းပြပါတော့မည်။
{From Forwarded Mail}
(သိပ်ကိုလေးစားသွားပြီ ဒကာကျော်သူရေ)
ဆက်ရန်

Thursday, February 11, 2010

လမင်းကို ထရံပေါက်မှ ကြည့်ခြင်း (၂)

(၃) ဘယ်အချိန်အခါမှာ ဘယ်စာတွေကို ဖတ်ကြမလဲ။
ဒါကိုတော့
တရုတ်ပညာရှင် ကျန်းကျောက်က ဒီလိုပြောပါတယ်။
ရှေးဟောင်း ဂန္ထ၀င်ကို ဖတ်ချင်ရင် ဆောင်းတွင်းမှာ ဖတ်ရမယ်။
ဘာဖြစ်လို့လဲဆိုတော့
ဆောင်းတွင်းမှာ စိတ်ဟာ ပျံ့လွင့်ခြင်းကင်းပြီး တည်ငြိမ်တဲ့အတွက် ဖြစ်တယ်။
သမိုင်းကို နွေရာသီမှာ ဖတ်ရမယ်။
ဘာဖြစ်လို့လဲဆိုရင်၊ နွေရာသီမှာ နေ့ဟာရှည်လျားပြီး အချိန်များများရလို့ ဖြစ်တယ်။
ဒဿနကို ဆောင်းဦးပေါက်မှာ ဖတ်ရမယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ဆောင်းဦးပေါက်ဟာ နှစ်သက်စဖွယ် စိတ်ကူးတွေကို ပေါ်ပေါက်စေတယ်။ ခေတ်ပေါ်စာပေကို နွေဦးပေါက်မှာ ဖတ်ရမယ်။
ဘာဖြစ်လို့လဲဆိုတော့ နွေဦးမှာ သဘာဝလောကကြီးဟာ
အသက်ပြန်ဝင်လာလို့ ဖြစ်တယ်လို့ သူက ပြောတယ်။
သေသေချာချာ စဉ်းစားကြည့်ရင် ဒီအဆိုအမိန့်ဟာ တော်တော်မှတ်သားဖို့ ကောင်းပါတယ်။
(၄) စာပေဟာ ဘယ်အသက်အရွယ်ကို ဘယ်လို အကျိုးသက်ရောက်မှု ရှိစေသလဲ။
သူက လူငယ်အရွယ်မှာ
စာဖတ်ရတာဟာ လမင်းကို ထရံပေါက်ကြား၊ နံရံအက်ကြားက ချောင်းကြည့်ရတာနဲ့ တူတယ်။ လူငယ်ဆိုတော့ အတွေ့အကြုံ မရင့်သန်သေးဘူး။ အတွေးအခေါ် မလေးနက်သေးဘူး။
ဒါကြောင့်မို့ ရိုးတိုးရိပ်တိတ်ပဲ မြင်လိုက်ရတယ်။ လူလတ်ပိုင်းအရွယ်မှာ စာဖတ်ရတာဟာ
လမင်းကို အိမ်ရှေ့တလင်းပြင်က ရပ်ကြည့်ရတာနဲ့ တူတယ်။
ကိုယ့်ပတ်ဝန်းကျင်ကို မြင်နိုင်ပြီ။ လရောင်ဘယ်လောက်လင်းသလဲ။
ပတ်ဝန်းကျင်မှာ လရောင်ဖြာပုံဟာ ဘယ်လိုအနေအထား ရှိသလဲဆိုတာ အကဲခတ်ခွင့် ရပြီ။ လူကြီးပိုင်းမှာ စာဖတ်ရတော့ လမင်းကို လသာဆောင် ၀ရန်တာပေါ်က
တက်ကြည့်ရတာနဲ့ တူတယ်။
ကိုယ့်နောက်မှာ အတွေ့အကြုံတွေ အများကြီး ကျန်ရစ်ခဲ့ပြီ။ ပတ်ဝန်းကျင်ကို ခြုံငုံသုံးသပ်နိုင်ပြီ။
ခရီးသည်ကောင်းတယောက်ဟာ သွားလေရာရာမှာ ရှုခင်းကို မြင်တတ်တယ်။
သူ့အဖို့ စာအုပ်တွေနဲ့ သမိုင်းဟာလည်း ရှုခင်းပဲ။ ၀ိုင်အရက်နဲ့ ကဗျာဟာလဲ ရှုခင်းပဲ။
လမင်းနဲ့ ပန်းပွင့်ဟာလဲ ရှုခင်းပဲ။
အလားတူပဲ စာဖတ်ကောင်းသူတယောက်ဟာလဲ သွားလေရာရာမှာ စာအုပ်ကိုပဲ မြင်တယ်။
သူ့အဖို့ တောင်နဲ့ရေဟာ စာအုပ်ပဲ။
စစ်တုရင်ခုံနဲ့ ၀ိုင်အရက်ဟာလဲ စာအုပ်ပဲ။ လမင်းနဲ့ ပန်းပွင့်ဟာလဲ စာအုပ်ပဲ။
(၅) စာဖတ်ရာမှာ ဘယ်လိုသဘောထားမျိုးနဲ့ ဖတ်ရမလဲ။
စာအုပ်တအုပ်ကို ဖတ်ရာမှာ ပညာရှိတွေရဲ့ အဆုံးအမကို နာခံလိုတဲ့ ဆန္ဒရှိရမယ်။ ဆရာသမားတွေရဲ့ အတွေးအခေါ်တွေထဲကို ၀င်ရောက်နိုင်အောင် ကြိုးစားရမယ်။
သူတို့နဲ့အတူ နေထိုင်ပြီး သူတို့ခံစားချက်တွေကို ခွဲဝေခံစားနိုင်အောင် ကြိုးစားရမယ်။
ဒါတွေတော့ ရပ်စကင်းနဲ့ ကျန်းကျောက်တို့ရဲ့ အဆိုအမိန့်တွေ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ စာဖတ်တာ အရေးကြီးပုံနဲ့ ပတ်သက်လို့
ရပ်စကင်းရဲ့ ဟောပြောချက်ထဲက စာတပုဒ်ကို ကျွန်တော် ဖတ်ပြပါမယ်။
ကောက်နုတ်ချက်က နည်းနည်း ရှည်တဲ့အတွက် ကျွန်တော် အလွတ်မရပါဘူး။
ဒါကြောင့်မို့ ဖတ်ပြရတာ ခွင့်လွှတ်ကြပါ။
ဒီစကားတွေကို ပြောခဲ့တဲ့အချိန်ဟာ ၁၉ ရာစုရဲ့ ဒုတိယပိုင်းကာလ ဖြစ်ပါတယ်။
အဲဒီတုန်းက အင်္ဂလန် နပိုလီယန် စစ်ပွဲတွေပြီးလို့ ကရိုင်းမီးယားစစ်ပွဲကို တိုက်နေချိန် ဖြစ်တယ်။ အာဖရိကမှာ စစ်ပွဲတွေ တိုက်နေချိန် ဖြစ်တယ်။
အာရှတိုက်မှာ အာဖဂန်စစ်ပွဲကို တိုက်နေချိန် ဖြစ်တယ်။
မြန်မာပြည်မှာ ဒုတိယစစ်ပွဲကို တိုက်ပြီးချိန် ဖြစ်တယ်။
အရှေ့ဖျားမှာ ဘိန်းစစ်ပွဲကို တိုက်နေချိန် ဖြစ်တယ်။
တနည်းပြောရရင် ဗြိတိသျှ အင်ပိုင်ယာကြီးကို ချဲ့ထွင်နေချိန် ဖြစ်ပါတယ်။
အဲဒီအချိန်မှာ ရပ်စကင်းဟာ ဒီစကားတွေကို ပြောခဲ့ခြင်း ဖြစ်ပါတယ်။
သူ့စကားကို ကျွန်တော် ကောက်နှုတ်ဖော်ပြပြီး ဖတ်ပြပါမယ်။ နားထောင်ကြည့်ကြပါ။
ကြီးမြတ်တဲ့ လူမျိုးတမျိုးဟာ ဒီစစ်ပွဲမှာ ဘယ်ဘက်က မှန်သလဲ၊ ဘယ်ဘက်က မှားသလဲဆိုတာ မကြည့်ဘဲ၊ ဒီစစ်ပွဲပြီးရင် ငါတို့ ကုန်အရောင်းအ၀ယ် ဘယ်လိုနေမလဲ၊ ငါတို့ အမြတ်တွေ ဘယ်လောက်ရမလဲ ဆိုတာကိုပဲ တွေးပြီး စစ်မြေပြင်မှာ လူငယ်တွေ နေ့စဉ်နဲ့အမျှ သေနေကြတာကို လက်ပိုက်ကြည့်မနေဘူး။
ကြီးမြတ်တဲ့ လူမျိုးတမျိုးဟာ သစ်ကြားသီးခြောက်လုံးလောက် ခိုးမိတာနဲ့
ကလေးတွေကို ထောင်ထဲမပို့ဘူး။
ကြီးမြတ်တဲ့ လူမျိုးတမျိုးဟာဆင်းရဲသားတွေရဲ့ စုငွေနဲ့ ချမ်းသာနေကြတဲ့ ဘဏ်သူဌေးကြီးတွေ ခိုးဝှက်နေတာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေဘူး။
ကြီးမြတ်တဲ့ လူမျိုးတမျိုးဟာ တောင်တရုတ်ပင်လယ်တ၀ိုက်မှာ လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ သင်္ဘောကြီးတွေနဲ့ အမြောက်ကြီးတွေချိန်ပြီး သူများတိုင်းပြည်ကိုသွားပြီး ဘိန်းရောင်းနေတာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေဘူး။
ကြီးမြတ်တဲ့ လူမျိုးတမျိုးဟာ ပိုက်ဆံပေးမလား၊ အသက်ပေးမလားဆိုတဲ့ လမ်းဓားပြတို့ထက် ပိုကဲပြီး ပိုက်ဆံရော၊ အသက်ရောပေးလို့ နှစ်ခုစလုံးကို တောင်းနေတဲ့ ဓားပြအကြီးစားကြီးတွေ ဓားပြတိုက်နေတာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေဘူး။
ကျွန်တော်တို့ တတွေဟာ ဘာဖြစ်လို့ လူတွေ စာဖတ်ဖို့ အကြောင်းကို ပြောနေရသလဲ။ အခုအခြေအနေမှာ ကျွန်တော်တို့ လူမျိုးဟာ စာမဖတ်နိုင်ဘဲ ဖြစ်နေတယ်။
ဒီလို စိတ်ဓာတ် ပျက်ပြားနေတဲ့ လူမျိုးတမျိုးဟာ စာမဖတ်ချင်ဘဲ ဖြစ်နေတယ်။
ဘယ်လောက် ကြီးကျယ်တဲ့ စာရေးဆရာက ရေးခဲ့တဲ့ စာပဲဖြစ်စေ
စိတ်ဓာတ်ပျက်ပြားနေတဲ့ လူမျိုးတမျိုးဟာ နားဝင်မှာ မဟုတ်ဘူး။
ခုလက်ရှိ အခြေအနေမှာ ကျွန်တော်တို့ အင်္ဂလိပ်လူမျိုးဟာ လေးနက်တဲ့ အတွေးအခေါ်ပါတဲ့ စာတွေကို ဖတ်နိုင်မှာ မဟုတ်ဘူး။
လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ ဖုံးနေတဲ့အတွက်
ဘယ်အတွေးအခေါ်ကိုမှလဲ လက်ခံနိုင်မှာ မဟုတ်ဘူး။
လူမျိုးတမျိုးဟာ စာပေကို အထင်သေးနေရင်၊
သိပ္ပံပညာကို အထင်သေးနေရင်၊
အနုပညာကို အထင်သေးနေရင်၊
သဘာဝကို အထင်သေးနေရင်၊
မေတ္တာဂရုဏာကို အထင်သေးနေရင်၊
ပိုက်ဆံနောက်ကိုသာ ငမ်းငမ်းတက်လိုက်နေရင်
အဲဒီလူမျိုးဟာ ရေရှည် တည်တံ့နိုင်မှာ မဟုတ်ဘူး။
ကျွန်တော် ပြောခဲ့တဲ့ စကားတွေဟာ ရင့်သီးတယ်လို့များ ထင်ကြရင် သည်းခံ နားထောင် ကြပါ။
ရပ်စကင်းရဲ့ စကားပါ။ ဒါပါပဲ။ ကျေးဇူးတင်ပါတယ်။
[၁၉၉၄၊ ဒီဇင်ဘာ ၅ ရက်၊ ရန်ကုန်မြို့၊ ၀ိုင်အမ်စီအေခန်းမတွင် ကျင်းပသော ဖြူးမြို့ မိတ်ဆွေများ စာကြည့်အသင်း စာပေဆုပေးပွဲ အခန်းအနားတွင် ပြောသည့်စကား]
{မြသန်းတင့် ရဲ့ လမင်းကိုထရံပေါက်မှကြည့်ခြင်း စာအုပ် ၂၀၀၀ ခု၊ ပထမနှိပ်ခြင်း မှ ကူးယူဖော်ပြပါတယ်။}

Wednesday, February 10, 2010

လမင်းကို ထရံပေါက်မှ ကြည့်ခြင်း (၁)

ဟောပြောသူ-မြသန်းတင့်
အခမ်းအနားကို တက်ရောက်လာတဲ့ စာရေးဆရာကြီးများနဲ့ စာပေမိတ်ဆွေများ ခင်ဗျား။
ဒီနေ့ ဖြူးမြို့ မိတ်ဆွေများ စာကြည့်အသင်း စာပေဆုပေးပွဲမှာ စကားပြောခွင့် ရတဲ့အတွက် ၀မ်းသာပါတယ်။ ကျေးဇူးတင်ပါတယ်။
ဒီနေ့ စာပေဆုပေးပွဲဟာ ထူးခြားတဲ့ လက္ခဏာနှစ်ချက်ကို ဆောင်ပါတယ်။
တချက်ကတော့ ဒီစာပေဆုဟာ စာဖတ်သူများက ပေးတဲ့ဆု ဖြစ်လို့ပါပဲ။
နောက်တချက်ကတော့ ဖြူးမြို့မိတ်ဆွေများ စာကြည့်တိုက်အသင်းက အမှုဆောင်လူငယ်များဟာ သူတို့မြို့မှာ မလုပ်ဘဲ သူများရပ်ရွာ စာရေးဆရာတွေ ရှိရာကိုလာပြီး ဆုပေးတဲ့ပွဲ ဖြစ်လို့ပါ။ သူများရပ်ရွာမှာ ကိုယ်က အိမ်သည်လုပ်ပြီး ဧည့်သည်တွေကို ဖိတ်ခေါ်ကျင်းပရတာဟာ တော်တော်စွန့်စားရတဲ့ ကိစ္စဖြစ်ပါတယ်။
တော်တော် တာဝန်ကြီးတဲ့ ကိစ္စဖြစ်ပါတယ်။
တော်တော်လည်း ငွေကုန်ကြေးကျ များတဲ့ကိစ္စ ဖြစ်ပါတယ်။
ဒါကြောင့် ဒီဆုပေးပွဲဟာ ထူးခြားတဲ့ လက္ခဏာနှစ်ချက်ရှိတယ်လို့ ကျွန်တော်ပြောခြင်း ဖြစ်ပါတယ်။
အမှန်ကတော့ ကျွန်တော်ဟာ ဒီစင်မြင့်ပေါ်ကို တက်ရောက်ပြီး ဟောပြောစရာ အကြောင်းမရှိပါဘူး။ ဒီစင်မြင့်နေရာဟာ ကျွန်တော့်နေရာ မဟုတ်ပါဘူး။
ရှေ့တန်းမှာ ထိုင်နေကြတဲ့ ဆရာကြီးတက်တိုး၊ ဆရာမကြီးဒေါ်နုယဉ်၊ ဆရာကြီး ထင်လင်း၊ ဆရာကြီး တက္ကသိုလ်နေ၀င်းတို့ရဲ့ နေရာဖြစ်ပါတယ်။
သူတို့သာလျှင် ဒီနေရာမှာ ရပ်ပြီး ပြောသင့်ပါတယ်။
ဒီပုဂ္ဂိုလ်ကြီးတွေဟာ အသက်အားဖြင့်၊ ဂုဏ်အားဖြင့်၊ ပညာအားဖြင့်
ကျွန်တော့်ထက် ကြီးမြင့်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။
တကယ်တော့ ဒီနေရာဟာ သူတို့ ရပ်ပြောရမယ့်နေရာ ဖြစ်ပါတယ်။
ဒါပေမယ့် ဆရာကြီးတွေဟာ အသက်ကလည်းကြီး၊
(အင်္ဂလိပ်တွေပြောလေ့ရှိသလို)
"ရက်စက်သော တိတ်ဆိတ်မှု" ကိုလည်း ဆောင်နေကြတဲ့အတွက် အသက်မကြီးတကြီးဖြစ်တဲ့ ကျွန်တော်က "ရက်စက်သောဆူညံမှု" ကို ပြုလုပ်နေရခြင်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ ကျွန်တော်ရဲ့ "ရက်စက်သောဆူညံမှု" အတွက် ခွင့်လွှတ်ပါရန် တောင်းပန်ချင်ပါတယ်။
ကျွန်တော် ဒီအခန်းအနားမှာ ဟောပြောဖို့ အချက်ငါးချက်လောက်ကို စိတ်ထဲမှာ မှတ်လာခဲ့ပါတယ်။ အဲဒါတွေကတော့......
(၁) စာအုပ်ဆိုတာ ဘာလဲ၊
(၂) စာကို ဘယ်လိုဖတ်ကြမလဲ၊
(၃) ဘယ်လိုအချိန်အခါမှာ ဘယ်လိုစာတွေကို ဖတ်ကြမလဲ၊
(၄) ဘယ်အရွယ်မှာ စာဖတ်ရင် ဘယ်လို အကျိုးသက်ရောက်မှုကို ရစေသလဲ ဆိုတာနဲ့
(၅) စာဖတ်ရာမှာ ဘယ်လို သဘောထားမျိုးနဲ့ ဖတ်ရမလဲ ဆိုတဲ့အချက်များ ဖြစ်ပါတယ်။
ဒီအချက်တွေဟာ ကျွန်တော့်ခေါင်းထဲက၊
ကျွန်တော့်ဦးနှောက်ထဲက ထွက်လာတဲ့ အတွေးတွေ မဟုတ်ပါဘူး။
ဆရာသမား ပညာရှိနှစ်ဦးက ပြောခဲ့တဲ့ အဆိုအမိန့်များကို
ကျွန်တော်မှတ်သားထားတဲ့ အချက်များ ဖြစ်ပါတယ်။
ဒီအချက်တွေကို ကျွန်တော် သဘောကျ လွန်းလို့ စာအုပ်ထဲမှာ မှတ်သားထားပြီး
မကြာခဏ ပြန်ဖတ်လေ့ရှိပါတယ်။ ကျွန်တော့် ကိုယ်ပိုင်အတွေးတွေကို ပြောတာထက် ပညာရှိများရဲ့ အဆိုအမိန့်က ပိုပြီး တန်ဘိုးရှိတဲ့အတွက် ဒီအချက်များကို ဖောက်သည်ချရခြင်း ဖြစ်ပါတယ်။
အဲဒီပညာရှိနှစ်ဦးကတော့ ၁၉ ရာစုမှာ ပေါ်ထွန်းခဲ့တဲ့ အင်္ဂလိပ်စာပေအနုပညာ ဝေဖန်ရေးဆရာ၊ ပန်းချီဝေဖန်ရေးဆရာ၊ ဗိသုကာဝေဖန်ရေးဆရာ၊ စာတမ်းဆရာ ဂျွန်ရပ်စကင်း ဖြစ်ပါတယ်။ နောက်ပညာရှိတဦးကတော့ ၁၇ ရာစုနှစ်က ပေါ်ခဲ့တဲ့ တရုတ်စာဆို ကျန်းကျောက် ရဲ့ အဆိုအမိန့် ဖြစ်ပါတယ်။ သူတို့ နှစ်ဦးရဲ့ အဆိုအမိန့်တွေကို ပေါင်းပြီး ကျွန်တော် ပြောသွားပါမယ်။
(၁) စာအုပ်ဆိုတာ ဘာလဲ။
ပညာရှိတယောက်၊ စာရေးဆရာတယောက်က ရိုးသားစွာနဲ့ စေတနာရှိစွာ ရေးသားထားတဲ့ စာပုဒ်ဟာ စာအုပ်တအုပ်ပါပဲ။
စာအုပ်တွေထဲမှာ မကောင်းတာတွေ၊ အပေါ်ယံကျတာ တွေ၊ ကရော်ကမယ်ရေးထားတာတွေ၊ ဟန်လုပ်ရေးထားတာတွေ၊ ပါကောင်းပါနိုင်ပါတယ်။
ဒါပေမယ့် ကိုယ်က မှန်ကန်စွာဖတ်တတ်လို့ရှိရင် အဲဒီအထဲမှာ
ကောင်းမွန်တဲ့ အပိုင်းအစတွေ တွေ့လိမ့်မယ်။ အဲဒီ အပိုင်းအစတွေဟာ စာအုပ်ပဲ။
စာအုပ်အမျိုးအစား အားလုံးကို ခွဲကြည့်လိုက်ရင် နှစ်မျိုးပဲရှိတယ်။
တမျိုးက ခုလောလောဆယ် ဖတ်ရမယ့်စာအုပ်၊ ခုနာရီပိုင်းသာ ခံတဲ့ စာအုပ်ဖြစ်တယ်။ နောက်တမျိုးက ရေရှည်ဖတ်ရမယ့်စာအုပ်၊ ခေတ်တိုင်း ခေတ်တိုင်းခံတဲ့ စာအုပ်ဖြစ်တယ်။ နာရီပိုင်းသာခံတဲ့စာ၊ ခုချက်ချင်း ဖတ်ရမယ့်စာဆိုတာကတော့ ဗဟုသုတကို ပေးတဲ့စာတွေ ဖြစ်ပါတယ်။ သတင်းစာတို့၊ ဂျာနယ်တို့ဟာ တနေ့လုံးဖတ်ရမယ့် စာတွေ မဟုတ်ပါဘူး။
မနက်ပိုင်း ဖတ်လိုက်ရင် ကုန်သွားတာပဲ။
ခေတ်တိုင်ခံတဲ့စာ ဆိုတာကတော့ ခံစားချက်၊ အတွေးအခေါ်ကို လှုံ့ ဆော်ပေးတဲ့စာ ဖြစ်ပါတယ်။
ဒီစာအုပ် အမျိုးအစားနှစ်ခုကို ရပ်စကင်းက နောက်တနည်း ပြောပါသေးတယ်။
အသံကို ပွါးစေတဲ့စာအုပ်နဲ့ အသံကို ထိန်းသိမ်းထားတဲ့ စာအုပ်လို့ ပြောပါသေးတယ်။
အသံကို ပွါးစေတဲ့ စာအုပ်ဆိုတာ လူပေါင်းများစွာကို တခါတည်း မပြောနိုင်တဲ့အတွက်၊ တနေရာ တည်းမှာ ပြောလို့မရတဲ့အတွက် ကူးယူပုံနှိပ်ပြီး ပြောရတာ။ တိုင်း မဂ္ဂဇင်းတို့၊ ဘာတို့ဆိုတဲ့ သတင်းမဂ္ဂဇင်းတွေဟာ တချိန်တည်း၊ တနေရာတည်းမှာ ပြောလို့ မဖြစ်နိုင်တဲ့အတွက် အဲဒီအထဲမှာ ပါတဲ့သတင်းတွေကို ပွါးပြီး၊ ကူးယူပြီး ဖြန့်ဝေရတယ်။
ဒါကြောင့်မို့ အသံကို ပွါးစေတဲ့စာအုပ်လို့ ရပ်စကင်းက ခေါ်ပါတယ်။
အသံကို ထိမ်းသိမ်းပေးတယ်ဆိုတဲ့ စာအုပ်ကတော့ အတွေးအခေါ်များ၊ အဆိုအမိန့်များ၊ ခံစားချက်များကို နောင်မှာ မပျောက်ကွယ် သွားအောင် နောင်လာနောက်သားတွေ မှတ်နိုင်ဖတ်နိုင်အောင် ထိန်းသိမ်းထားတဲ့ စာအုပ်တွေပါ။
ဒီနှစ်မျိုးကိုပဲ ရပ်စကင်းက နောက်တနည်း ထပ်ပြောပါသေးတယ်။
စကားပြောထားတဲ့ စာအုပ်နဲ့ စာရေးထားတဲ့စာအုပ်လို့ သူက ခေါ်ပါတယ်။
စကားပြောထားတဲ့ စာအုပ်ဆိုတာ မနှစ်က ဒီနေရာမှာ ဘယ်လိုရာသီဥတု ရှိခဲ့တယ်။
လမ်းပန်းက ဘယ်လိုရှိတယ်။ စားသောက်ဆိုင်က ဘယ်နှစ်ဆိုင်ရှိတယ်၊ ဘယ်နားမှာ ဘာ ဘုရားရှိတယ်ဆိုတဲ့ စာမျိုးတွေပါ။
သူတို့ အဲဒီလိုစာတွေကို ဘယ်လောက်ပဲ လှပခန့်ညားတဲ့ သားရေဖုံးကြီးတွေနဲ့ ချုပ်ထားသည် ဖြစ်စေ၊ အဲဒီစာအုပ်ဟာ တကယ့်စာအုပ် မဟုတ်ဘူး။ ပြောပြထားတဲ့ စာအုပ်ဖြစ်တယ်။ တကယ့်စာအုပ်ကတော့ ရေးပြထားတဲ့၊ ဖတ်ပြီး သိရုံရေးထားတဲ့ အရာမဟုတ်ဘဲ
ဖတ်ပြီး ခံစားရအောင် ရေးထားတဲ့ စာအုပ်လို့ ပြောတယ်။
သုတစာပေနဲ့ ရသစာပေကို ပြောတာပါပဲ။
ဒီတော့ စာအုပ်ဟာ အမျိုးအစားခွဲလိုက်ရင် နှစ်မျိုးပဲရှိတယ်။
တမျိုးက ရေတိုခံတဲ့ စာအုပ်နဲ့ နောက်တမျိုးက ရေရှည်ခံတဲ့ စာအုပ်၊
တနည်းပြောရရင် သုတစာအုပ်နဲ့ ရသစာအုပ်။ ဒါပါပဲ။
ဒီနေရာမှာ ရေတိုခံတဲ့စာအုပ်ဟာ မကောင်းဘူး၊ ရေရှည်ခံတဲ့စာအုပ်ဟာ ကောင်းတယ်လို့ အဆိုးအကောင်း ပြောတာ မဟုတ်ဘူး။ နှစ်မျိုးစလုံးဟာ စာကောင်းချည်းပဲ။
ဒါပေမယ့် တမျိုးက ရေတိုအတွက်ဖတ်တာ။ သုတအတွက် ဖတ်တာ။ နောက်တမျိုးက ရေရှည်အတွက် ဖတ်တာ၊ ရသအတွက်ဖတ်တာ၊ အဲဒါကို ပြောနေတာ။
(၂) စာကို ဘယ်လိုဖတ်ကြမလဲ။
စာဖတ်တဲ့ လူတယောက်ဟာ ရွှေတွင်းတူးသမားတယောက်နဲ့ တူတယ်။
ကျွန်တော်အနေနဲ့ ကြည့်လိုက်ရင် လျှပ်စစ်စွမ်းအားစုတွေဟာ မြေကြီးထဲမှာ ရှိတဲ့ ရွှေတွေကို ဘာဖြစ်လို့ တခါတည်း တောင်ထိပ်ပေါ် အသင့်ဖြစ်နေအောင် အလွယ်တကူ ပို့မပေးလိုက်သလဲ။ ဘာဖြစ်လို့ မြေကြီးထဲမှာ ဟိုတစ သည်တစ ရှိနေရသလဲလို့ မချင့်မရဲ ဖြစ်ချင်စရာပဲ။
ဒီလိုဆိုရင် ကျွန်တော်တို့အတွက် ရွှေတူးရတာ မလွယ်ပေဘူးလား။
ခုတော့ ကျွန်တော်တို့မှာ တူးလိုက်ရတာ။ မြေအောက်မှာ အနက်ကြီး အချိန်ကုန်ရတယ်။ လူပင်ပန်းရတယ်။ စိုးရိမ်သောက ဖြစ်ရတယ်။ တခါတလေမှာ ဘာမှမရဘဲ အချည်းနှီး ဖြစ်ရတယ်။
သဘာဝကြီးဟာ ရွှေတွေကို မြေကြီးပတ်ကြားအက်တွေမှာ
ဟိုတစ သည်တစ နည်းနည်းစီပဲ သိုမှီးထားတယ်။ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး ပင်ပန်းကြီးစွာ ရက်ပေါင်းများစွာ တူးပေမယ့် ရွှေလေးတစကို ရချင်မှ ရတာ။
ပညာရှိတွေရဲ့ အကောင်းဆုံးသော အသိဥာဏ် ပညာတွေဟာလည်း ထိုနည်း လည်းကောင်းပဲ။ ဒီတော့ စာအုပ်ကောင်းတအုပ်ကို ကောက်ကိုင်ပြီး ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ကြည့် ရလိမ့်မယ်။ ငါဟာ ရွှေတူးသမားတယောက်လို လုပ်နိုင်ပါ့မလား။
ကိုယ့်ပေါက်တူးတွေ၊ ဂေါ်ပြားတွေ၊ လက်နက်ကရိယာတွေ ကောင်းရဲ့လား။
ကျန်းမာရေး ကောင်းရဲ့လား။
စိတ်ဓါတ်ကြံ့ခိုင်ရဲ့လား။
အဲဒီမေးခွန်းတွေ မေးဖို့ လိုတယ်။ ဒီမေးခွန်းတွေဟာ အရေးကြီးပါတယ်။
ခင်ဗျား ခွဲချေထုထောင်းပြီး အရည်ကျိုရမယ့် ကျောက်ခဲတုံးတွေဟာ
စာရေးဆရာရဲ့ စကားလုံးတွေ ဖြစ်ပါတယ်။
ခင်ဗျားသုံးရမယ့် ပေါက်တူးတွေ ဂေါ်ပြားတွေဟာ
ခင်ဗျားရဲ့ အလေးထားမှု၊ စိတ်အားထက်သန်မှု၊ စိတ်ရှည်မှု၊ ပညာအခံတို့ ဖြစ်ပါတယ်။
ခင်ဗျားရဲ့ မီးဖိုဟာ ခင်ဗျားရဲ့ ကိုယ်ပိုင်စဉ်းစားဥာဏ်၊ ကိုယ်ပိုင်အတွေးအခေါ် ဖြစ်တယ်။
ရွှေရှိမယ်လို့ ထင်ရတဲ့ စာအုပ်ကို ခင်ဗျားဖတ်ပြီး၊
ခင်ဗျားပညာအခံနဲ့ ခင်ဗျား မျှော်လင့်ချက်ဆိုတဲ့ ပေါက်တူးတွေ ဂေါ်ပြားတွေနဲ့တူးပြီး၊
အဲဒါတွေကို ခင်ဗျား ကိုယ်ပိုင်ဥာဏ်၊ ကိုယ်ပိုင်အတွေးအခေါ် ဆိုတဲ့ မီးဖိုပေါ်မှာ ကျိုလိုက်ပြီ။
အဲဒီအခါမှာ တချို့သော ကျောက်ခဲတွေဟာ အဖြုန်းတွေ ဖြစ်ပြီး၊
အချို့သော ကျောက်ခဲတွေမှာ ရွှေစတွေ ပါလာတာကို တွေ့ရလိမ့်မယ်။
ဒါကြောင့် ရွှေလေးတစကို လိုချင်ရင် ကိုယ့်မှာ လက်နက်ကရိယာ ရှိရလိမ့်မယ်။
စာအုပ်တအုပ်ကို ဖတ်ပြီဆိုရင် ကိုယ့်မှာ လက်နက်ကရိယာ ရှိရလိမ့်မယ်။
စိတ်ရှည်မှုနဲ့၊ စိတ်အားထက်သန်မှုတို့၊ ကိုယ့်ပညာအခံတို့ ဆိုပါတော့။
စကားလုံးတွေကို ထုထောင်းခွဲချေပြီး
ကိုယ်ပိုင်ဥာဏ်၊ ကိုယ်ပိုင်အတွေးနဲ့ မီးပြင်းတိုက်ကျိုရလိမ့်မယ်။
စာအုပ်တအုပ်ကို ဆယ်မျက်နှာလောက်ဖတ်ပြီး၊
အဲဒီဆယ်မျက်နှာလောက်ထဲက စာလုံးတွေ တလုံးချင်းရဲ့ အဓိပ္ပါယ်ကို
တိတိကျကျ၊ သေသေချာချာ နားလည်ပြီဆိုရင်
တစုံတခုသော အတိုင်းအတာအထိ စာပေကျွမ်းကျင်သူတဦးလို့ ခေါ်နိုင်တယ်။
စာတတ်ခြင်း၊ မတတ်ခြင်းဟာ
အဲဒီ စကားလုံးတွေကို တိကျစွာ နားလည်ခြင်း မလည်ခြင်းပေါ်မှာ တည်တယ်။ ပညာသင်ကြားခြင်းရဲ့ ရည်ရွယ်ချက်ဟာ
ရာထူးရဖို့မဟုတ်၊
အမှားနဲ့ အမှန်ကို ဆုံးဖြတ်တတ်ဖို့၊
တရားမှုနဲ့ မတရားမှုကို ခွဲခြားတတ်ဖို့ ဖြစ်ပါတယ်။
ဒါဟာ စာကို ဘယ်လိုဖတ်မလဲဆိုတာနဲ့ ပတ်သက်လို့ ရပ်စကင်းက ပြောခဲ့တဲ့ စကားဖြစ်ပါတယ်။
(၃) ဘယ်အချိန်အခါမှာ ဘယ်စာတွေကို ဖတ်ကြမလဲ။
ဒါကိုတော့
 
(ဆက်ရန်)
မာယာမဂ္ဂဇင်းမှကူးယူဖော်ပြပါသည်။

ဗုဒ္ဓဘာသာအစစ်

ဗုဒ္ဓဘာသာဝင်များကိုစော်ကားနေသော blog ဆိုဒ်ကို မြန်မာမိသားစုဖိုရမ် www.myanmarfamily.org မှ ဇော်ပိုင်ရဲ (အထူးအသင်းဝင်) ၏ ဆွေးနွေးချက်ကို ပြန်လည်ဝေငှပါသည်။
ဗုဒ္ဓဘာသာကို ဝေဖန်ပုတ်ခတ်ကြသောဝက်ဆိုဒ်များမှ သက်ဆိုင်ရာ ရောင်းရင်းအပေါင်းတို့အားလည်း ကောင်း။ ဗုဒ္ဓဘာသာဝင်အပေါင်းတို့အားလည်းကောင်း တကယ့်ဗုဒ္ဓဘာသာ (ခေါ်) ဓမ္မ universal law ဆိုတာကို အနည်းငယ် တီးခေါက်မိစေရန် ရည်ရွယ်ပြီး ကျွန်တော် ဒီစာကိုရေး လိုက်ရပါ တယ်ခင်မျာ-
တကယ်တော့ မိတ်ဆွေကြီး တကယ့် ဗုဒ္ဓဘာသာ (သို့) ဓမ္မ universal law ဆိုတာကို သေသေချာချာ မသိသေးလို့ပါ။ မိတ်ဆွေကြီးတို့ ဖျက်ဆီးချင်တဲ့ တကယ့်ဗုဒ္ဓဘာသာ (သို့) ဓမ္မ universal law ဟာ တကယ် တော့ ဘာလဲ ဆိုတာ အသေအချာသိရရင် မိတ်ဆွေကြီး ဖျက်ဆီးလိုတော့မှာ မဟုတ်ဘဲ ပြန့်ပွါး အောင်ပင် လုပ်ချင်လာပါလိမ့်မယ်။ တကယ်တော့ မိတ်ဆွေကြီး ဖျက်ဆီးချင်တဲ့ ဗုဒ္ဓဘာသာ (သို့) ပုတ်ခတ်စော်ကား ဖော်ပြထားသမျှဟာ တကယ့် ဗုဒ္ဓဘာသာမဟုတ်ပဲ အပေါ်ယံအကာ ဗုဒ္ဓဘာသာဖြစ်ပါတယ်။
တနည်းအားဖြင့် မိတ်ဆွေကြီး ဝေဖန်စော်ကားနေသမျှဟာ တကယ့် ဗုဒ္ဓဘာသာ မဟုတ်ဘဲ အပေါ်ယံ အကာ ဗုဒ္ဓဘာသာဖြစ်ပါတယ်။ တနည်းအားဖြင့် ပညတ်သာသနာလို့ ခေါ်ပါတယ်။ ဘုရားအလောင်း အရင်ဘ၀ က ဘာတွေဖြစ်။ သိဒ္ဓတ္ထမင်းသား ဘယ်နှစ်ခုနှစ်မှာ မွေးပြီး။ အမိကဘယ်သူ။ အဖကဘယ်သူ။ ဘယ်နေရာမှာမွေး။ ဘာလူမျိုးဖြစ်။ ဘာနိုင်ငံသားဖြစ်။ ဘယ်သူနဲ့တူတယ်။(ချောတယ်။ ရုပ်ဆိုးတယ်)။ ဘယ်သူတွေနဲ့တွေ့။ ဘယ်သူနဲ့လက်ထပ်။ ငယ်စဉ်ဘ၀ မိန်းမ ဘယ်နှစ်ယောက် ယူခဲ့။ သားသမီးဘယ်နှစ်ယောက်ရ။ ဘယ်သူတွေက သူ့တပည့်ဖြစ်။ ဘယ်သူတွေက သူ့ဆရာဖြစ်ခဲ့ကြ၊ ဘယ်နှစ်ခုနှစ်မှာ ဘုရားဖြစ်၊ ဘယ်နှစ်ခုနှစ်မှာ တရားဟော။ ဘာရောဂါဝေဒနာဖြစ်။ ဘယ်နှစ်ခုနှစ် ပရိနိဗ္ဗါန်စံ(သေဆုံး) စတာတွေ ဇာတ်လမ်းတွေဟာဖြင့် ပုဂ္ဂိုလ်ရေး personal (သမိုင်း) အပေါ်ယံ ဗုဒ္ဓဘာသာ တွေဖြစ်ပါတယ်။

မိတ်ဆွေကြီးဟာ သူများ personal ပုဂ္ဂိုလ်ရေးချည်းကိုသာ ဖော်ပြနေပြီး အသိဥာဏ်ပိုင်း စိတ်ဓါတ်ပိုင်း (sprituality) အယူဝါဒရေးရာ (တကယ့် ဗုဒ္ဓဘာသာ)နဲ့ပတ်သက်ပြီး တစ်လုံးမှ ကန့်ကွက်ခြင်းမရှိပါ။
မိတ်ဆွေကြီးတို့ ပုတ်ခတ်ထားတဲ့ စေတီ-ဘုရားပုံတွေပဲဖြစ်ဖြစ်၊ ရုပ်တု ဆင်းတု တွေပဲဖြစ်ဖြစ်၊ ဒါတွေဟာ အပေါ်ယံ ဗုဒ္ဓဘာသာပဲ ဖြစ်ပါတယ်။ စေတီဆင်းတုတစ်ဦးဦး တစ်ယောက်ယောက် တစ်ခုခုကို ရှိခိုး ၀တ်ပြု ဆုတောင်းနေကြတာဟာ တကယ့်အစစ်အမှန် ဗုဒ္ဓဘာသာ (သို့) ဓမ္မ (သို့) ဗုဒ္ဓရဲ့ အဓိက ပြုလုပ်စေချင်တဲ့ လိုရင်းမဟုတ်ပါဘူး။
အပေါ်ယံ ဗုဒ္ဓဘာသာ ဟာ တကယ့် အစစ်အမှန် ဗုဒ္ဓဘာသာ ကို သိရှိရေး လုပ်ဆောင်ကြရန် ကြော်ငြာ ပေးမှု-ဆော်သြတိုက်တွန်းပေးမှု အဆင့်သက်သက်သာဖြစ်ပါတယ်။
တကယ့် အစစ်အမှန် ဗုဒ္ဓဘာသာ ကတော့ နောက်ဖြစ်မည့် အနာဂတ်အကျိုးတရား တွေကို နတ်ပြည်-ငရဲပြည်-မြင့်မိုရ်တောင်-နိဗ္ဗါန်- တစုံတရာဘာလဲ ဘာမှာလဲ ဆိုတာတွေကို ထည့်မစဉ်းစားပဲ မမျှော်ကိုးပဲ ပစ္စပ္ပါန်တည့်တည့် လက်ငင်း မိမိနှင့်တကွ မိမိပတ်ဝန်းကျင် လက်ငင်းလက်တွေ့ အကျိုးရှိမယ့်အလုပ်ကို အကောင်းဆုံး တစိုက်မတ်မတ် လုပ်ဆောင်ခြင်း ဖြင့် ပစ္စပ္ပါန် အနာဂတ် ကောင်းကျိုးတွေ ဆုတောင်း စရာမလိုဘဲ အလိုလို ဖြစ်ပေါ်လာအောင် ပြုလုပ်တာပါပဲ။
တကယ့် ဗုဒ္ဓဘာသာ မှာ လူတွေကို နတ်ပြည်နှင့် ဖြားယောင်းစရာ မလိုသလို၊ ငရဲပြည်နှင့် ခြိမ်းခြောက်ရန် မလိုအပ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓ၏ လုပ်ဆောင်ရန်အချက်များ နှင့် မလုပ်ဆောင်ရန်အချက်များ ညွှန်ကြားထားမှုဟာ မိမိ နှင့် တကွ မိမိ ပတ်ဝန်းကျင်ကို ယခုလက်ငင်းရော-အနာဂတ်အတွက်ပါ ကောင်းကျိုးပြုစေရန် အတွက် ငြင်းပယ်ရန်မလိုအပ်ပဲ လုပ်ဆောင်သင့်လှကြောင်း အသိဥာဏ်ရှိသောသူများအားလုံး လွယ်ကူစွာ သိရှိနိုင်သောကြောင့်ဖြ စ်ပါတယ်။
မိမိနှင့်တကွ မိမိပတ်ဝန်းကျင် လက်ငင်းလက်တွေ့ အကျိုးရှိမယ့် လုပ်ဆောင်ရန်-မလုပ်ဆောင်ရန် အလုပ် တွေက ဘာတွေလဲ ဆိုတာကို ဗုဒ္ဓက အဆင့် (၄)ဆင့် (သို့)အလုပ်(၄မျိုး) ခွဲခြားပြပြီး တဆင့်ချင်း လုပ်ဆောင် သွားရပါမယ်။
ဒီ ဗုဒ္ဓ၏ ညွှန်ကြားမှု (တကယ့်ဗုဒ္ဓဘာသာ) (သို့) ဓမ္မ universal law ကို ဝေဖန် ကန့်ကွက် ပုတ်ခတ်နိုင်မှသာ ဗုဒ္ဓဘာသာကို ဖျက်ဆီးမှု (သို့) တကယ့်ဗုဒ္ဓဘာသာကို ထိခိုက်စော်ကားမှု ဖြစ်ပါသည်ဟု ဒီနေရာကပဲ လေးလေးနက်နက် အကြံပြုသိစေအပ်ပါတယ်ခင်မျာ။
ဒီ အဆင့်-၄ ဆင့် (သို့) အလုပ်-၄မျိုး လုပ်ဆောင်ရန် ဗုဒ္ဓရဲ့ ညွှန်ကြားမှုကို လူအများ မလုပ်ကြရန် မိတ်ဆွေကြီးတို့ ၀ါဒဖြန့်နိုင်မှသာ ဗုဒ္ဓဘာသာကို ဖျက်ဆီးလို့ရပေမည်။ သို့မဟုတ်ပါက မိတ်ဆွေကြီးတို့ ရည်မှန်းချက် ဘယ်တော့မှ အောင်မြင်မည်မဟုတ်ပါ. အဘယ့်ကြောင့်ဆိုသော် တကယ့်ဗုဒ္ဓဘာသာ (သို့) ဓမ္မ universal law ကို မဝေဖန် မကန့်ကွက်နိုင်ဘဲ အပေါ်ယံ ဗုဒ္ဓဘာသာ ဇာတ်လမ်း - ဇာတ်ကွက်များ - ဇာတ်အိမ်များကိုသာ ၀တ္ထု ဝေဖန်သလို သွားရောက် ကန့်ကွက် ဝေဖန် နေသောကြောင့်ဖြစ်ပါသည်။
သမိုင်းအဆက်ဆက် ဗုဒ္ဓဘာသာကို စော်ကား ကန့်ကွက် ဖျက်ဆီးသူများဟာလည်း အပေါ်ယံ ဗုဒ္ဓဘာသာ ဆင်းတု စေတီ ပုထိုး မှတ်ပုံတင်ထဲ (သန်းခေါင်းစာရင်း) ထဲမှ ဗုဒ္ဓဘာသာအရေအတွက် ကိုသာ အဓိကထား ပြောင်းလဲဖို့ ကြိုးစားနေသဖြင့် ဗုဒ္ဓဘာသာဟာ အိန္ဒိယမှ ကွယ်ပျောက်ခဲ့သည်ဆိုသော်လည်း တကယ့်ဗုဒ္ဓဘာသာ က မပျောက်ကွယ်သဖြင့် ယခုဆိုလျှင် အိန္ဒိယတွင် ဗုဒ္ဓသာသနာ ပြန်လည် ထွန်းလင်းလာချေပြီ။
နိုင်ငံပေါင်း (၇၀) ကျော်တွင် ၀ိပဿနာတရား ရိပ်သာများဖွင့်လျှက် တကယ့်ဗုဒ္ဓဘာသာကို မြန်မာနိုင်ငံမှ တဆင့် ပြန်လည် သိနားလည်သွားကာ ဖြန့်ဖြူးပေးနေသည့် ဆရာကြီး ဦးဂိုအင်ကာ ကျေးဇူးဖြင့် အခုဆိုရင် တကယ့် ဗုဒ္ဓဘာသာဟာ အိန္ဒိယ တွင် အကျဉ်းထောင်၊ စာသင်ခန်း တို့မှ စတင်ကာ တကျော့ပြန် ပြန်လည် ထွန်းလင်းနေပါပြီ။
အနောက်နိုင်ငံများမှ အသိဥာဏ်ရှိသူများမှလည်း ဗုဒ္ဓရဲ့ အဆင့်-၄ ဆင့် (သို့) အလုပ်-၄မျိုး လုပ်ဆောင်ရန် ညွှန်ကြားမှု (တကယ့်ဗုဒ္ဓဘာသာ) ဟာ ဝေဖန်ကန့်ကွက်စရာ တစုံတရာ လုံးဝမလိုအပ်ပဲ လောကီ အတွက်ရော လောကုတ္တရာအတွက်ပါ လူမျိုးမရွေး-ဘာသာမရွေး-နေရာမရွေး-အချိန်မရွေး လူတိုင်းလုပ်ဆောင်သင့်တဲ့ လုပ်ဆောင်ထိုက်တဲ့ တရားဖြစ်ကြောင်း သိနားလည်လျှက် လိုက်နာ ကျင့်သုံးရာမှ (ဖြန့်ဖြူးပေးရာမှ) ယခုဆိုလျှင် ဗုဒ္ဓရဲ့ အဆင့်-၄ ဆင့် (သို့) အလုပ်-၄မျိုး လုပ်ဆောင်ရန် ညွှန်ကြားမှု(တကယ့်ဗုဒ္ဓဘာသာ) ဟာ အနောက်နိုင်ငံ များမှာ ယခုဆိုလျှင် အလွန်ပဲ လူသိများကျော်ကြားလာကာ လိုက်နာကျင့်သုံးလျှက်ရှိကြပါပြီ။

ထို့ကြောင့် စိတ်ဆိုး ဒေါသထွက်နေသော ဗုဒ္ဓဘာသာဝင်များအနေနဲ့လည်း ဗုဒ္ဓဘာသာအပေါ် စော်ကား ပုတ်ခတ်မှုများဟာ တကယ့် ဗုဒ္ဓဘာသာ မဟုတ်ပဲ တကယ့် ဗုဒ္ဓဘာသာကို သိရှိရေး ကူညီပေးသည့် အပေါ်ယံ ဗုဒ္ဓဘာသာ ကိုသာ ပုတ်ခတ်စော်ကားခြင်းမျှ သာဖြစ်ကြောင်းသိနားလည် လျှက် စိတ်မသက် မသာမဖြစ်ကြပဲ ဗုဒ္ဓရဲ့ အဆင့် ၄ ဆင့် (သို့) အလုပ်-၄မျိုး လုပ်ဆောင်ရန် ညွှန်ကြားမှု (တကယ့် ဗုဒ္ဓဘာသာ) ကို မိမိတို့ မလုပ်ဆောင်နိုင်စေရန် စော်ကားကန့်ကွက်မှသာ စိတ်မသက်မသာဖြစ်ကြဖို့ ပန်ကြား အပ်ပါတယ်။
ဗုဒ္ဓရဲ့ အဆင့် ၄ ဆင့် (သို့)အလုပ် ၄ မျိုး လုပ်ဆောင်ရန် ညွှန်ကြားမှုကို ယခု သိရှိရန် အကျဉ်းမျှ ဖော်ပြအပ် ပါတယ် ခင်ဗျား-
ပထမအဆင့် (ဒါန) –
ကြွားဝါမှုမပါ - နောက်ဘ၀ကောင်းစားရေးမပါ - ငါ့အတွက်-ငါ့ဘာသာ ကောင်းစားရေး တစုံတရာ မျှော်လင့်ချက်မပါ၊ သူတပါး အကျိုးသက်သက်အတွက် စွန့်လွှတ်ပေးကမ်းမှု။ (သို့) မိမိ လောဘစိတ် ကို အလောဘ စိတ် ဖြစ်အောင် ပြုလုပ်မှု။
(မှတ်ချက်။ ။ ဗုဒ္ဓသည် လှူဒါန်းသူ၏ စေတနာ နှင့် အလှူခံပုဂ္ဂိုလ်တို့ စိတ်ထားနှင့်ပတ်သက်ကာ အကျိုးရှိပုံကို အဆင့်ဆင့်ပြောကြားခဲ့သော်လည်း ဘယ်သူ့ကိုတော့ဖြင့်မလှူရ ဘယ်သူ့တော့ဖြင့် များများလှူဟု မကန့်သတ်ခဲ့ပေ။ သုတ္တန်တစ်ခုတွင် တခြားဘာသာမှ မိမိအားပြောင်းလဲ ဆည်းကပ်ကြည်ညိုလာ သူတစ်ဦးအား အရင်ကိုးကွယ်ခဲ့သောဘာသာမှ အလှူခံများကိုလည်း ဆက်လက်လှူဒါန်းပါရန် မိန့်ကြား ထားလေသည် )
ဒုတိယအဆင့် (သီလ)
လူအပါအ၀င် သတ္တ၀ါများ၏ အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြည်ခြင်း။
သူတပါးတိုင်းပြည်ပိုင် ပစ္စည်းများအား မတရားယူခြင်း၊ ခိုးယူခြင်းမှ ရှောင်ကြည်ခြင်း။
သူတပါး သားပျိုသမီးပျိုကာမပိုင်ရှိသူများအား လွန်ကျူစော်ကား ဖျက်ဆီးခြင်းမှ ရှောင်ကြည်ခြင်း။
သူတပါးအား လိမ်ညာလှည့်ဖြားပြောဆိုခြင်း မှ ရှောင်ကြည်ခြင်း။
အရက်သေစာ မူးယစ်ဆေးဝါးများ သောက်စားမူးယစ်ခြင်း မှ ရှောင်ကြည်ခြင်း။
စသည်တို့ဖြစ်လေသည်။ (သို့) မိမိ ဒေါသ လောဘ အလျှောက် မတရားလုပ်ချင်စိတ်များကို စွန့်လွှတ်ရန် ဖြစ်လေသည်။
တတိယအဆင့်(သမာဓိဘာဝနာ) -
လူမျိုး-ဘာသာမရွေး-သတ္တ၀ါမရွေး မည်သူ့ကိုမဆို ချစ်ခင်လျက် သတ္တ၀ါအားလုံး၏ ကောင်းကျိုးကို နှစ်သက်လိုလားသော မေတ္တာ စိတ်ဓါတ်များ ဖြစ်ပေါ်(ပွားများ)မှုကိုလည်းကောင်း။ လူမျိုး-ဘာသာမရွေး-သတ္တ၀ါမရွေး ဒုက္ခရောက်သူ မည်သူ့ကိုမဆို သနားကြင်နာသော ကရုဏာ စိတ်ထား ဖြစ်ပေါ်(ပွားများ)မှုကိုလည်းကောင်း။ လူမျိုး-ဘာသာမရွေး-သတ္တ၀ါမရွေး မိမိထက်သာသူ မိမိထက်ချမ်းသာသူအားလုံး မည်သူ့ကိုမဆို ၀မ်းမြောက်သောစိတ်ထား မုဒိတာ ဖြစ်ပေါ် (ပွားများ) မှု ကိုလည်းကောင်း။
လူမျိုး-ဘာသာမရွေး-သတ္တ၀ါမရွေး မည်သို့မျှ ဆုံးမ-သွန်သင်လို့မရသူ မည်သူ့ကိုမဆို ဒေါသစိတ် မုန်းတီးစိတ် နာကျည်းစိတ် မထားပဲ ညီညွှတ်မျှတသောသဘောထား ဥပက္ခော စိတ်ထား ဖြစ်ပေါ်(ပွားများ)မှုကိုလည်းကောင်း။
တောင်တွေး မြောက်တွေး ဟိုမကောင်းကြံ-ဒီမကောင်းကြံ ဟိုပူဒီပူ ဟိုမကျေနပ်-ဒီမကျေနပ် ဖြစ်မနေပဲ မိမိ ၀င်သက်ထွက်သက် (သို့) မိမိခန္ဓာမှာဖြစ်ပေါ်နေသော ဓါတ်သဘာဝ-စိတ်သဘာဝ များကို သတိဖြင့်စောင့်ကြည့်ကာ တည်ကြည်နေမှုကိုလည်းကောင်း တတ်စွမ်းသမျှ လုပ်ဆောင် ခြင်းဖြစ်လေသည်။ (သို့) မနာလိုစိတ်မုန်းတီးစိတ် အပျော်ကြူးချင်သောစိတ် ထောင်လွှားသောစိတ် ပျင်းရိသောစိတ် သူတပါးအား ဒုက္ခရောက်စေလိုသောစိတ် ပျက်စီးစေလိုသောစိတ် စသည်ဖြင့် မကောင်းသော စိတ် များကို စွန့်လွှတ်ရန် ဖြစ်လေသည်။
စတုတ္ထအဆင့်(၀ိပဿနာဘာဝနာ)
ဒီအဆင့်ကတော့ တကယ့် ဗုဒ္ဓဘာသာ အဆင့်လေးဆင့် မှာ အမြင့်ဆုံး ဖြစ်ပါတယ်။ ဒီအဆင့်ကို ဗုဒ္ဓဘာသာဝင်များကိုယ်တိုင် ရောက်ဖို့ သိဖို့ နားလည်ဖို့ လုပ်တတ်ဖို့ တော်တော်လေး ခဲယဉ်း နေတတ် ပါတယ်။ (ဒီမိတ်ဆွေကြီးရဲ့ post တစ်ခုမှာ တရားနည်း တစ်ခုကို ၀ိပဿနာအဖြစ် အထင်မှား လျှက် ပုတ်ခတ်ထားတာ တွေ့ရပါတယ်။)
အခုဒီနေရာမှာ ၀ိပဿနာဘာဝနာ ကို ရှင်းပြရင်လည်း ဒေါသစိတ်အားကြီးသူများ နားလည်ဖို့ ခက်ခဲမယ်လို့ ယုံကြည်မိပါသော်လည်း အကြမ်းအားဖြင့်တော့ ကျွန်တော်နားလည်သလောက် တခြားသူများအတွက်ပါ ရည်ရွယ်လျှက် စေတနာဖြင့် ရှင်းပြလိုက်ပါသည်။
အမှန်ကို အမှန် အတိုင်း သိနေခြင်း၊ တကယ့် အရှိကို အရှိအတိုင်း သိနေခြင်း၊ လက်ခံ ယုံကြည်နေခြင်း၊ တကယ်မဟုတ်တာကို တကယ်မဟုတ်မှန်း သိနေ နှလုံးသွင်းနေခြင်း၊ တကယ် မရှိတာကို တကယ်မရှိမှန်း နားလည်သဘောပေါက် ဆင်ခြင်နေခြင်းဖြင့် (တနည်းအားဖြင့်)
မမြဲသော တရစပ်ပျက်စီးနေသော အနိစ္စသဘာဝများကို၊ တရစပ် ဖောက်ပြန်ပျက်စီးပြိုကွဲပြောင်းလဲ နေမှုသဘောဖြစ်ခြင်း (အနိစ္စ) ဟု သိနေခြင်း၊ အနှစ်မဟုတ်သောသဘော ကျေနပ်သာယာစရာ မဟုတ်သောသဘော ဒုက္ခသဘာဝများကို အနှစ်မဟုတ်သောသဘော ကျေနပ်သာယာစရာ မဟုတ်သောသဘော (ဒုက္ခသစ္စာ)ဟု သိနေခြင်း၊ ငါ ငါ့ဟာ ငါ့စိတ် ငါပိုင် ငါဆိုင် အဖြစ် (တစ်ခုခု အဖြစ်) ရှိမနေမှု မြဲမနေမှု အဖတ်မတင်မှု သဘာဝသက်သက်များကို ငါ ငါ့ဟာ ငါ့စိတ် ငါပိုင် ငါဆိုင် အဖြစ် (တစ်ခုခုအဖြစ်) ရှိမနေမှု မြဲမနေမှု အဖတ်မတင်မှု သဘာဝသက်သက်များ (အနတ္တ) ဟု လက်ခံယုံကြည်နှလုံးသွင်းနေခြင်းဖြင့် အမှန်တရားကို အမှန်တရားအတိုင်း မှန်မှန်ကုန်ကန် နှလုံးသွင်းဆင်ခြင်ခြင်း ဥာဏ်အားဖြင့် (သိနားလည်သွားမှုဖြင့်) ပူလောင်ဆင်းရဲစေသောစိတ်များ၊ မမှန်ကန်သောစိတ်များ (ကိလေသာများ) ကို တစ်စတစ်စ် စွန့်လွှတ်သွားနိုင်မှု ဖြစ်လေသည်။
နောက်ဆုံး စတုတ္ထအဆင့်(၀ိပဿနာဘာဝနာ)စွမ်းအားဖြင့်သာ တကယ့်ချမ်းသာအစစ် ငြိမ်းချမ်းရာ အစစ် တည်မြဲရာအစစ် အိုနာသေကင်းရာအစစ်ကို သူတပါးမေးစရာမလိုပဲ self-evident အဖြစ် ကိုယ်တိုင်သိရှိမျက်မှောက်ပြုသွားခြင်း enlightenment ဖြစ်ကြရလေည်။
အထက်ပါ အဆင့် (၄) ဆင့်ကို လုပ်ဆောင်နေသူဟာ မှတ်ပုံတင်ထဲတွင် တခြားဘာသာ အမည်တစ်ခုကို ရေးထားသော်လည်း ဗုဒ္ဓဘာသာဖြစ်နေပေမည်။ ဗုဒ္ဓဟာ အဆင့် (၄) ဆင့်ကို နောက်ဆုံး (၄)ဆင့်ထိ ပြုလုပ်ရန် အဓိကထားပါသည်။ သို့သော် တဆင့်လုပ်လျှင် တဆင့်အလျှေက် နှစ်ဆင့်လုပ်လျှင် နှစ်ဆင့်အလျှောက် သုံးဆင့်လုပ်လျှင်သုံးဆင့် မိမိလုပ်နိုင်လျှင် လုပ်သည့် အလျှေက် မိမိနှင့်တကွ မိမိပတ်ဝန်းကျင်မှာပါ ပစ္စုပ္ပန် အနာဂတ် ကောင်းကျိုးများရရှိမည်မှာ သေချာသောနိယာမ universal law ဓမ္မ ဖြစ်ကြောင်း မှာကြားထားလေသည်။ မိမိနှင့်တကွ မိမိပတ်ဝန်းကျင်မှာပါ မိမိကိုယ်တိုင် လက်တွေ့ကျင့်သုံးကြည့်ပါက မိမိကိုယ်တိုင် ယခုဘ၀မှာပင် ပစ္စပ္ပါန်-အနာဂတ် ကောင်းကျိုးများကို ဒိဋ္ဌမျက်မြင်တွေ့ရှိ သိရှိနိုင်မည်ဖြစ်ကြောင်း။ မိမိနှလုံးသား ထဲတွင် တကယ့်ဗုဒ္ဓဘာသာအစစ် (ဓမ္မ) ပြန့်ပွား ထွန်းကားနေပြီဖြစ်ကြောင်း၊ တန်ခိုးဖြင့် အပ်ချလောင်းဆိုပြီး တစ်ဦးဦးမှ လုပ်ပေးလာဖို့ မျှော်လင့် အသနားခံ ဆုတောင်း နေစရာ မလိုကြောင်း မှာကြားထားလေသည်။
(မှတ်ချက်။ ဒီလေးခုကို လုပ်လျှင်လုပ်သလောက် အကျိုးများမှာဖြစ်သလို မလုပ်လျှင် မလုပ်သလောက် အကျိုးနည်းပေမည်။ )။
ဗုဒ္ဓဘာသာများ အနေနဲ့ လည်း မှတ်ပုံတင်ထဲ စာရင်းအင်းထဲမှာ မိမိဟာ ဗုဒ္ဓဘာသာဝင်ဖြစ်တယ် လို့ ဘယ်လောက်ပဲ မှတ်တမ်းတင် ရေးထားရေးထား ။ ဒီအဆင့်လေးဆင့်ကို နောက်ဆုံး အဆင့်ထိ ရောက်အောင် မလုပ်ဆောင်နိုင်ပါက လုပ်ဆောင်ဖို့ အချိန်မပေးနိုင်ပါက ဗုဒ္ဓဘာသာ အတွက် ဘယ်လောက်ပဲ ဒေါသ ထွက်ထွက် - ဘယ်လိုပဲ ရပ်တည်ရပ်တည် ဗုဒ္ဓရဲ့ ဖြစ်စေချင်တဲ့ တကယ့် လိုရင်းအဓိက (တကယ့်ဗုဒ္ဓသာသနာ)ကို တကယ် တည်တံ့အောင် ကာကွယ်မှု ပြုလုပ်ခြင်း တော့ မဟုတ်ကြောင်း သဘောပေါက်ထားရပေမည်။
ဗုဒ္ဓဘာသာကို ဖျက်ဆီးလိုသော မိတ်ဆွေများအနေဖြင့်လည်း အထက်ပါ အဆင့်လေးဆင့် လုပ်ဆောင်ရန် ဗုဒ္ဓရဲ့ ညွှန်ကြားမှု ကို ဗုဒ္ဓဘာသာဝင်များ အား မလုပ်အောင် တိုက်တွန်း လှည့်ဖြား ဆွဲဆောင်နိုင်မှသာ မိတ်ဆွေကြီး တို့ရဲ့ ရည်မှန်းချက် အထမြောက်အောင်မြင်ပါမည်ဟု အကြံပြုပါသည်။
အထက်ပါ အချက်(၄)ချက် လုပ်ဆောင်မှု ကို မိတ်ဆွေကြီးတို့ ကန့်ကွက် ဖျက်ဆီးနိုင်မှသာလျှင် ဗုဒ္ဓရဲ့ ဖြစ်စေချင်တဲ့ တကယ့်လိုရင်းအဓိက (တကယ့်ဗုဒ္ဓသာသနာ)ကို ဖျက်ဆီးခြင်းဖြစ်ပါလိမ့်မယ်။
တခြား ပါဠိတော်မဟုတ်သော သမိုင်းဖြစ်စဉ် ဇာတ်လမ်း - ဇာတ်ကွက် ပုဂ္ဂိုလ်ရေး personal များ (အပေါ်ယံ ဗုဒ္ဓဘာသာ) သမိုင်းများ ကို ငြင်းခုန် ဝေဖန် ပုတ်ခတ်နေခြင်းဖြင့်လည်းကောင်း။ မည်သည့် ဘာသာရေး ကျမ်းအားလုံးကို မဆို နောက်ဆုံး စက္ကူပေါ်ရောက်အောင် ဘယ်တော့မှ အမှား မကင်းသည့် လူသားများကသာ ဖန်တီး ပြုလုပ် ရေးသားထားခြင်း ဖြစ်လေရာ ကျမ်းစာပါ အချက်များကို ဆုပ်ကိုင်လျှက် ငြင်းခုန်ဆွေးနွေးနေခြင်းဖြင့်လည်းကောင်း (ပြဿနာနှင့် ပျော်မွေ့တတ်သည့် ပုထုဇဉ်လူသားများ အားလုံး) တို့ ဘယ်တော့မှ အဖြေမှန် ရလိမ့်မည် မဟုတ်ဟု ရဲရဲ ကြီး အာမခံပါသည်။
ဗုဒ္ဓသာသနာကို ဖျက်ဆီးလိုသူ မိတ်ဆွေကြီးတို့အနေဖြင့် ကျိုက်ထီးရိုးဘုရားကြီးကို တောင်အောင် ကို တွန်းချလို့ရရင်ရမယ်၊ သီလစောင့်ထိန်းမှုတွေကိုတော့ ရပ်ဆိုင်းသွားအောင်တော့ တွန်းချလို့ မရပါဘူး။
မိတ်ဆွေကြီးတို့ ရွှေတိဂုံဘုရားကရွှေတွေကို ခွါပြီးတော့ ကိုယ်အကျိုးရှိမယ်ထင်ရာ သုံးလို့ ရချင်ရမယ်၊ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဗြဟ္မစိုရ်တရား သမာဓိတရား ပွားများမှုတွေကို တော့ လုံးဝ ပြတ်လပ်သွားအောင် ခွာချလို့ မရပါဘူး။
ဗုဒ္ဓကျမ်းစာအုပ်တွေ ကျောင်းတိုက်ကြီးတွေ ဆင်းတုကြီးတွေကို မီးရှို့ဖောက်ခွဲ ဖျက်ဆီးလို့ ရချင်ရမယ်။
မမြဲသောအနိစ္စသဘာဝတရားကို သဘောပေါက်နားလည်ဆင်ခြင်နေမှု။ ငါ ငါ့ဟာအဖြစ် အထင်မမှားဘဲ အမှန်တရားကို သိနားလည်လျှက် လောဘ ဒေါသများကို စွန့်လွှတ်နေသော စိတ်ထား သဘောထား အေးချမ်းသောစိတ်များ ၀ိပဿနာဥာဏ်များ မဂ်ဥာဏ်ဖိုလ်ဥာဏ်များကို တော့ မိတ်ဆွေကြီးတော့ ဘယ်တော့မှ မီးရှို့ဖောက်ခွဲဖျက်ဆီးလို့ မရပါ။
(မိတ်ဆွေကြီးမေးသော မေးခွန်း ၁၀ ကို ဒီနေရာကပဲ အတိုဆုံးဖြေကြားလိုက်ပါတယ်။ မေးခွန်း များကို နောက်ဆုံးလိုရင်းချုပ်ပါက မကောင်းမှုတွေ များစွာလုပ်ခဲ့သော်လည်း နိဗ္ဗာန်ကို ရောက်သောသူများရှိကြောင်း ဗုဒ္ဓဘာသာက ဖော်ပြသဖြင့် မဖြစ်နိုင်ကြောင်း ပြောလိုရင်းဖြစ် ပေသည်။)
ဓမ္မ universal law မှာ မကောင်းမှုတွေ များစွာ ပြုခဲ့သောသူဟာ မကောင်းကျိုးကို ပြုခဲ့သည်အလျှောက် တန်ပြန်အကျိုးသက်ရောက်မှု ရရှိမှာသေချာပါသည်။ (ဗုဒ္ဓက ဒဏ်မခတ်)။ သို့သော် အထက်ပါ အဆင့် (၄) ဆင့် လုပ်ဆောင်မှုကို တစိုက်မတ်မတ် လုပ်ဆောင်နိုင်ပါက လုပ်ဆောင်သူ၏ လုပ်ဆောင်နိုင်မှုစွမ်းအား ကြီးမားလျှင် ကြီးမားသလောက် ပြုလုပ်ခဲ့သော အကုသိုလ်၏ တန်ပြန် အကျိုးသက်ရောက်မှု များကို compensate လုပ်နိုင်စွမ်း ချေဖျက်နိုင်စွမ်း ရှိပါတယ်။
(မှတ်ချက်။ ။အမိအဖ(သို့) ရဟန္တာကို သတ်သောကံစသည်ဖြင့် အားကြီးမားလွန်းသော အကုသိုလ်ကံများ ပြုလုပ်ခဲ့ပါက တစ်ဘ၀ထဲနှင့် အကုသိုလ်၏ တန်ပြန်အကျိုးသက်ရောက်မှု များကို compensate မလုပ်နိုင်ပါ။ အကုသိုလ်၏ တန်ပြန်အကျိုးသက်ရောက်မှုကို သေချာပေါက် ခံရလေသည်)။
ထပ်မံသိရှိလိုပါက အောက်ပါဝက်ဆိုဒ်များတွင် ဆက်လက်လေ့လာနိုင်ပါသည်။
www.mindfulness.moethout.com,
www.kodiamond.multiply.com
www.trueanswer.co.cc
www.dhammabooks.co.cc (english language) ပို့စ်ရေးသော ကိုဇော်ပိုင်ရဲအား အထူးကျေးဇူး တင်ပါတယ်။