Sunday, January 31, 2010
Seven Don'ts After Meal
(1) Do not smoke after a meal! Experiments from experts prove that smoking a cigarette after a meal is comparable to smoking TEN cigarettes (Chances of Cancer are higher).
(2) Do not eat fruits immediately after meals. It will bloat your stomach. Therefore have your fruits one or two hours before or after your meal.
(3) Do not drink tea after a meal as tea leaves contain a high content of acid. This substance will cause the protein content in the food we consume to be hardened; making it difficult to digest.
(4) Do not loosen your belt after eating. Loosening the belt after a meal can cause intestinal problems.
(5) Do not bathe after eating. Bathing will cause the increase of blood flow to the hands, legs and body thereby causing the amount of blood around the stomach to decrease. This will weaken the digestive system in our stomach.
(6) Do not walk after a meal even though you have heard people say that after a meal, walking a hundred steps will make you live till 99. Walking immediately after a meal will make it difficult for the digestive system to absorb the nutrition from the food we eat. Wait at least an hour after your meal and then walk if you want to.
(7) Do not sleep immediately. The intake of food will not be able to digest properly thereby leading to gastro-intestinal problems.
Saturday, January 30, 2010
အတူတူမအိပ်နဲ့
အတူတူမအိပ်သင့်သောအရာ (၅)မျိုး
(၁) နာရီဝတ်ပြီးမအိပ်ပါနဲ့ 
နာရီဟာရေဒီယိုသတ္တိကြွထုတ်လွှင့်မှုအတော်မြင့်မားပါတယ်၊ နာရီဟာသေးငယ်တယ်လို့ထင်ရပေမဲ့ ၀တ်ဆင်ပြီး အချိန်ကြာကြာအိပ်ခဲ့ရင် သင့်ရဲ့ကျန်းမာရေးကို
ဆိုးကျိုးတွေအများကြီး ဖြစ်လာစေနိုင် ပါတယ်၊ ဒါကြောင့်အိပ်တဲ့အခါနာရီကို ချွတ်ပြီးအိပ်ကြပါ။
(၂) အမျိုးသမီးများ ဘရာဝတ်ပြီးမအိပ်ပါနဲ့
အမေရိကားမှ ပညာရှင်များလေ့လာတွေ့ရှိချက်အရအမျိုးသမီးများ ၁၂နာရီထက်ကျော်လွန်ပြီး အတွင်းခံ(ဘရာ)ကို ၀တ်ဆင်ပါက ရင်သားကင်ဆာဖြစ်နိုင်ချေ အလွန်မြင့်မားကြောင်း သိရပါတယ်၊ ဒါကြောင့် ညအိပ်ရာဝင်ချိန်မှာတော့ Please sleep without bra. 
(၃) ဖုန်းနဲ့အတူတူမအိပ်ပါနဲ့
မိမိလက်ကိုင်ဖုန်းကိုမိမိရဲ့အိပ်ရာဘေး ဒါမှမဟုတ် အနီးအနားမှာထားခြင်းကို အားမပေးပါဘူး၊ တစ်ချို့က ဖုန်းကို နိုးစက်အနေနဲ့ အသုံးပြုတတ်ကြပါတယ်၊
အဲလိုသုံးရင်လည်းဖုန်းကို မိမိနဲ့ဝေးနိုင်သမျှဝေးဝေးမှာ ထားသင့်ပါတယ်၊
ပညာရှင်များက လျှပ်စစ်ပစ္စည်းများဖြစ်တဲ့ လက်ကိုင်ဖုန်းအပါအ၀င် တယ်လီဗေးရှင်းစက်များဟာ အသုံးပြုနေတဲ့အခါမှာ သံလိုက်လှိုင်းများကို ထုတ်လွှင့်နေကြကြောင်း သက်သေပြခဲ့ကြပါတယ်၊ အဲဒီသံလိုက်လှိုင်းများဟာ ကျွန်မတိုရဲ့ အာရုံကြောအဖွဲ့အစည်းကို အနှောက်အယှက်ပေးစေနိုင်ပါတယ်၊
ဒါကြောင့် ဖုန်းကို အိပ်ရာဘေးမှာ ထားအိပ်မယ်ဆိုရင်တောင် ဖုန်းကိုပိတ်ထားသင့်ပါတယ်
(၄) မိတ်ကပ်လိမ်းပြီးမအိပ်ပါနဲ့
ညအိပ်ရာဝင်တဲ့အခါ လိမ်းထားတဲ့မိတ်ကပ်များကို မဖျက်ဘဲအိပ်တတ်သူများဟာ
ရေရှည်မှာ အရေပြားကို ဆိုးကျိုးဖြစ်စေနိုင်ပါတယ်၊
မိတ်ကပ်လိမ်းပြီး အိပ်ခြင်းအားဖြင့် အရေပြားပေါ်ရှိ ချွေးပေါက်များကို ပိတ်ဆို့စေပြီး ၀က်ခြံတင်းတိပ်အစရှိတဲ့ အရေပြားပြသာနာမျိုးစုံကို ဖြစ်ပေါ်စေ နိုင်ပါတယ်၊
အိပ်ချိန်ကို ပြည့်ပြည့်၀၀နဲ့ နှစ်နှစ်ခြိုက်ခြိုက်ရရှိဖို့လဲလိုအပ်ပါတယ်၊
ဒါကြောင့် ညအိပ်ရာဝင်ရင် မျက်နှာကို သန့်စင်ပြီးမှအိပ်စက်ကြပါ၊
(၅) သူတစ်ပါးရဲ့ယောင်္ကျား၊ မိန်းများနဲ့အတူတူမအိပ်ပါနဲ့
နောက်ဆုံးတစ်ခု အတူတူမအိပ်သင့်တဲ့ အရာကတော့ သူတစ်ပါးရဲ့ကာမပိုင်ရှိပြီးသူ လင်သား၊ သူတစ်ပါးရဲ့မိန်းမများနဲ့အတူတူ မအိပ်စက်သင့်ပါဘူးတဲ့၊
ဘယ်သောခါမှပြန်လည်နိုးထမှာ မဟုတ်တော့လို့ပါ။
(from forwarded mail)
Friday, January 29, 2010
အိုအောင်မင်းအောင်
တခြားနိုင်ငံတွေမှာတော့ မသိဘူး။ ကိုယ်နေတဲ့မလေးရှားနိုင်ငံမှာတော့ ကိုယ့်တို့နိုင်ငံက လာပြီး အလုပ်လုပ် စီးပွါးရှာနေတဲ့လူတွေအများကြီး။ အရွယ်စုံ ဆိုက်စုံ၊ အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ။ ပြည်နယ်နှင့် တိုင်း အသီးသီးက။ နယ်ပေါင်းစုံ ရွာပေါင်းစုံက လူမျိုးပေါင်းစုံ ရောက်နေကြတယ်။ အထက် ကချင်ပြည်နယ် မြစ်ကြီးနားမှသည် အောက် ရေး၊ ဘိတ်၊ ထားဝယ်၊ ကော့သောင်း၊ စုံရော။
တချို့ ဒီရောက်တာ (၁) နှစ်ပဲ ရှိသေးတယ်။ တချို့ (၃) နှစ်၊ တချို့  ကျတော့ (၅)နှစ်၊ တချို့များ (၁၅) နှစ်တောင် ရှိပြီ။ စထွက်လာတုန်းက သူ့အသက်က (၂၅) နှစ်ပဲ ရှိသေးတော့ အခု သူ့အသက် (၄၀)ရှိသွားပီတဲ့။ ဒီလိုရွှေမြန်မာတွေ ဒီမှာ ဒုနဲ့ဒေး။
ဒီမှာ အနေကြာလာတဲ့လူတွေ မဖြစ်မနေလုပ်ကြတဲ့အလုပ်က အိမ်ထောင်သားမွေးမှုပဲ။ အောက်သားနဲ့ အထက်သူ၊ အညာသားနဲ့ ထားဝယ်သူ၊ ရခိုင်နဲ့ရှမ်း၊ မွန်နဲ့ ကရင် နီးစပ်ရာ နီးစပ်ရာ အိမ်ထောကျသွားတာ တွေ တွေ့ရတယ်။ အဲ၊ “အ” လို့ ခေါ်နေတဲ့ အင်ဒိုနီးရှားသူတွေနဲ့ အိမ်ထောင်ကျတဲ့ ကိုဗမာများလဲ ပေါမှပေါ။ “ဖဦးထုတ်” လို့ခေါ်နေကြတဲ့ဖိလစ်ပိုင်မတွေနဲ့ အိမ်ထောင်ကျနေတဲ့ ကိုယ်တော်ချောများကိုတော့ တခါတရံ      တွေ့ရတတ်တယ်။ မျိုးစုံပဲ။ တချို့လဲ အိမ်ထောင်ရေး သာယာပါရဲ့။ တချို့ကျတော့လဲ တကျက်ကျက်နဲ့။ အဆင်မပြေကြဘူး။
အရွယ်ရောက်လို့ အိမ်ထောင်ပြုတာ မဆန်းပါဘူး။ ဒါပေမဲ့ သာယာချမ်းမြေ့ဖွယ်ဖြစ်တဲ့ ပျော်ရွှင်စရာ ကောင်းတဲ့ အိမ်ထောင်ရှင်တွေဖြစ်ဖို့တော့လိုတယ်။
ဗုဒ္ဓဘာသာစာပေမှာတော့ ပျော်ပျော်ရွှင်ရွှင် ချမ်းချမ်းမြေ့မြေ့ သက်ဆုံးတိုင် ရိုးမြေကျ အိုအောင်မင်းအောင် ပေါင်းစုံနိုင်ဘို့ အချက် (၄) ချက်ကိုသာ လိုက်နာကျင့်သုံးဖို့ မြတ်ဗုဒ္ဓက ညွှန်ကြားခဲ့ပါတယ်။
(၁) ယုံကြည်မှုတူညီရမယ် (သမသဒ္ဓါ)
သဒ္ဓါဆိုတာ ယုံကြည်မှု၊ သမ ဆိုတာ တူညီတာ၊ ဒါ့ကြောင့် သမသဒ္ဓါ ယုံကြည်မှုတူညီတာလို့ အဓိပ္ပါယ်ရတယ်။ လင်ရယ် မယားရယ်လို့ဖြစ်လာပြီဆိုရင် ယုံကြည်မှုတူညီရပါမယ်။ နိုင်ငံရေးမှာ ယုံကြည်မှု တူညီရမယ်။ လင်ယောက်ကျားသဘောကျတဲ့ ပါတီ နိုင်ငံရေးသမားတွေကို မယားလုပ်တဲ့ပုဂ္ဂိုလ်က သဘောကျရမယ်။ မယားသဘောကျတဲ့ပါတီ နိုင်ငံရေးသမားကိုလဲပဲ လင်လုပ်တဲ့ပုဂ္ဂိုလ်က သဘောကျရမယ်။ ယုံကြည်မှုချင်းတူညီရမယ်။ စီးပွါးရေးလုပ်တဲ့နေရာ လူမှုရေးလုပ်တဲ့နေရာတွေမှာလဲပဲ တစ်ဦးလုပ်တာကို တစ်ဦးက ယုံကြည်မှု အပြည့်အ၀ရှိပြီး စိတ်တူ ကိုယ်တူဖြစ်နေရမယ်။
ဒီထက်အရေးကြီးတာက ဘာသာရေး၊ ဒီဘာသာရေးမှာ ပိုပြီး ယုံကြည်မှုတူညီဘို့ အရေးကြီးတယ်။ မယားလုပ်တဲ့သူက ဗုဒ္ဓဘာသာကို ယုံကြည်သူဆိုရင် လင်ဖြစ်သူကလဲ ဗုဒ္ဓဘာသာကိုပဲ ယုံကြည်သူ ဖြစ်ရပါမယ်။ ဒါကိုပဲ ယုံကြည်မှုတူညီရမယ် (သမသဒ္ဓါ) လို့ဆိုလိုတာပါ။ ဒီဘာသာရေးမှာ ယုံကြည်မှု မတူညီတဲ့သူတွေ အိမ်ထောင်ပြုမယ်ဆိုရင် ဘုရားစင်ထားမဲ့ကိစ္စ၊ မွေးလာတဲ့ မိမိရဲ့ ရင်သွေးငယ်တွေကို ဘယ်ဘာသာဝင်ထဲ သွတ်သွင်းမလဲ စတဲ့ ပြဿနာတွေ တက်လာတောမှာပါ။ ဆိုတော့ ဘယ်လိုမှ သာယာတဲ့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်သည်တွေ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါ့ကြောင့် အိမ်ထောင်ပြုမယ်ဆိုရင် အစစမှာ ယုံကြည်မှုတူညီရပါမယ်။ ယုံကြည်မှုတူညီသူအချင်းချင်း အိမ်ထောင်ပြုရပါမယ်။
(၂) ၀ါသနာတူရမယ်  (သမသီလ)
သီလ ဆိုတာ အလေ့အကျင့် ၀ါသနာ၊ သမဆိုတာ တူညီတာ။ နှစ်ရပ်ပေါင်းတော့ သမသီလ၊ အလေ့အကျင့် ၀ါသနာတူညီတာကို ပြောတာ။ လင်ရယ် မယားရယ်လို့ ဖြစ်လာပြီဆိုရင် ၀ါသနာတူညီရပါမယ်။ ၀ါသနာမတူညီသေးဘူးဆိုရင် တူညီအောင် ကြိုးစားပြီး ညှိနေရမယ်။ နှစ်ယောက်ပေါင်းမှ တစ်ဝါသနာပဲ ဖြစ်ရမယ်။ ပျော်ရွင်ချမ်းမြေ့တဲ့ အိမ်ထောင်သည်ဘ၀ကိုပိုင်ဆိုင်ပြီး အိုအောင်မင်းအောင် ပေါင်းဆုံနိုင်မယ်။
(၃) ထောက်ပံ့မှု တူရမယ် (သမစာဂ)
စာဂ ဆိုတာ ထောက်ပံ့မှု၊ သမဆိုတာ တူညီတာ။ နှစ်ရပ်ပေါင်းတော့ သမစာဂ၊ ထောက်ပံ့မှုတူညီတာ။ လင်ရယ် မယားရယ်လို့ဖြစ်လာပြီဆိုရင် သူ့ဘက် ကိုယ့်ဘက် ထောက်ပံ့မှု တူညီရပါမယ်။ လင်မယားမဖြစ်ခင် အိမ်ထောင်မကျခင်တုန်းကတော့ ကိုယ်ပိုင်မိဘနှစ်ပါးပဲရှိတယ်။ အဲ၊ လင်မယားဖြစ်လာပြီဆိုရင် သူ့ဘက်မိဘ၊ ကိုယ့်ဘက်မိဘဆိုပြီး မိဘလေးယောက်ဖြစ်လာတယ်။ ညီအစ်ကို မောင်နှမတွေကလဲ များလာတယ်။ သူ့ဘက် ကိုယ့်ဘက် သူငယ်ချင်းတွေကလဲ တိုးလာတယ်။ ဒီလို သူ့ဘက် ကိုယ့်ဘက်မိဘ၊ ညီအစ်ကို မောင်နှစ်မ၊ သူငယ်ချင်းတွေကို ထောက်ပံ့ကူညီတဲ့နေရာမှာ ထောက်ပံ့မှု တူညီနေရမယ်။ သူ့ဘက်ကျ တစ်သောင်း၊ ကိုယ့်ဘက်ကျ တစ်သိန်းထောက်ပံ့မယ်ဆိုရင် ထောက်ပံ့မှု မတူညီတော့ဘူး။ ထောက်ပံ့မှု မတူညီရင် အနှေးနဲ့အမြန် ပြဿနာတက်လာတော့မှာ မြေကြီးလက်ခတ်မလွဲပဲ။ ပြဿနာတက်လာတဲ့အိမ်ထောင်ရေး ဘယ်မှာ သာယာနိုင်ပါတော့မလဲ။ ဒါ့ကြောင့် ပျော်ပျော်ရွှင်ရွှင် ချမ်းချမ်းမြေ့မြေ့ သက်ဆုံးတိုင် ရိုးမြေကျ အိုအောင်မင်းအောင် ပေါင်းစုံနိုင်ဘို့အတွက် ထောက်ပံ့တဲ့နေရာမှာလဲ သူ့ဘက်ကိုယ့်ဘက် ညီတူညီမျှ ထောက်ပံ့ကြပါ။
(၄) အသိတူညီရမယ် (သမပညာ)
ပညာဆိုတာ အသေးစိတ်သိမှု၊ သမ ဆိုတာက တူညီတာ။ နှစ်ရပ်ပေါင်းတော့ သမပညာ၊ အစစအရာရာ အသိတူညီနေရမယ်။ လင်ရယ် မယားရယ်လို့ဖြစ်လာပြီဆိုရင် အစစအရာရာ အသိတူညီပါတဲ့။ လင်မယားကြားမှာ လျှို့ဝှက်ချက်မထားပါနဲ့။ လင်သွားတဲ့နေရာ လင်စားတဲ့အစားအစာတွေကို မယားက သိနေရမယ်၊ သိပိုင်ခွင့်ရှိရပါမယ်။ ထို့အတူပဲ။ မယားသွားတဲ့နေရာ မယားစားတဲ့အစားအစာတွေကို လင်က သိနေရမယ်၊ သိပိုင်ခွင့်ရှိရပါမယ်။ ဒီလို အသေးအဖွဲလေးတွေကအစ လင်မယားအချင်းချင်းသိနေရပါမယ်။ လင်မယားကြားမှာ လျှို့ဝှက်ချက် မရှိရပါဘူး။ လျှို့ဝှက်ချက်ရှိလာပြီဆိုရင် ပေါက်ကြားတဲ့တစ်နေ့ သံသယတွေ ၀င်လာမယ်။ သံသယ၀င်လာပြီဆိုရင် ယုံကြည်မှု စိတ်ချရမှုအပိုင်းတွေ လျော့နည်းလာပြီး ပြဿနာတွေ တက်လာနိုင်ပါတယ်။ ပျော်ရွှင်ဘွယ်ရာ အိမ်ထောင်သည်ပိုင်ရှင်တွေ ဖြစ်လာတော့မှာ မဟုတ်တော့ဘူး။ ဒါ့ကြောင့် ပျော်ရွှင် ချမ်းမြေ့တဲ့ အိမ်ထောင်သည်ဘ၀ကို ပိုင်ဆိုင်ဘို့ လင်မယား နှစ်ယောက်စလုံး အသိတူညီရပါမယ်။
ဒီအချက် (၄) ချက်ကိုလိုက်နာကျင့်သုံးမယ်ဆိုရင် ဒီလင် ဒီမယား ပျော်ရွှင်ချမ်းမြေ့စွာ သက်ဆုံးတိုင် ရိုးမြေကျ အိုအောင်မင်းအောင် ပေါင်းဆုံနိုင်တယ် လို့ ဗုဒ္ဓဘာသာစာပေမှာ ဆိုပါတယ်။ ဒါ့ကြောင့် ဒီအချက် (၄) ချက်ကို လိုက်နာကျင့်သုံးနိုင်ကြပါစေ၊ လိုက်နာကျင့်သုံးနိုင်ပြီးသကာလ အိမ်ထောင်သည်များအားလုံး သက်ဆုံးတိုင် ပျော်ပျော်ရွှင်ရွှင် အိုအောင်မင်းအောင် ပေါင်းဆုံနိုင်ကြပါစေ။
Thursday, January 28, 2010
မိန်းမဆိုတာ
သင်ကသူ့ကိုနမ်းလိုက်ရင်... သင်ဟာလူကြီးလူကောင်းမဆန်သူ
If you don't, you are not a man
မနမ်းတဲ့အခါ... သင်ဟာ ယောင်္ကျားမဟုတ်
If you praise her, she thinks you are lying
သင်ကသူ့ကိုချီးကျူးလိုက်ရင်... သင်လိမ်နေတယ်လို့ထင်တယ်..
If you don't, you are good for nothing
မချီးကျူးပဲနေပြန်တော့... သင်ဟာ အသုံးမကျတဲ့သူ...
If you agree to all her likes, she is abusing
သူမကြိုက်တာတွေကိုသင်အာလုံးသဘောတူရင်... သူမကောင်းပြောတော့မယ်
If you don't you are not understanding
သဘောမတူပဲနေပြန်တော့... သင်ဟာနားလည်းမှုမရှိသူ....
If you visit her too often, she thinks it is boring
သူဆီကိုသင်မကြာခဏအလည်သွားရင်... သူစိတ်ထဲမှာ ပျင်းစရာလို့ထင်တယ်...
If you don't, she accuses you of double crossing
မသွားပြန်ရင်တော့... အပြင်မှာခြေရှုပ်နေတယ်လို့ သင်ကိုစွတ်စွဲလိမ့်မယ်...
If you are well dressed, she says you are a playboy
သင်ကောင်းကောင်းမွန်မွန်ဝတ်စားထားရင်... သင်ဟာ စတိုင်များသူလို့ သူပြောမယ်
If you don't, you are a dull boy
မ၀တ်စားပြန်တော့... သင်ဟာ ခပ်တုံးတုံးကောင်
If you are jealous, she says it's bad
သင်က မနာလိုအူတိုဖြစ်ခဲ့ရင်... အဲဒါမကောင်းဘူးလို့ သူပြောမယ်...
If you don't, she thinks you don't love her
အလိုမဖြစ်ပြန်တော့... သင် သူ့ကိုမချစ်တော့ဘူးလို့ ထင်မယ်
If you attempt a romance, she says you didn't respect her
သင်ကချစ်လို့တီတီတာတာလုပ်ရင်... သင်ကသူ့ကိုမလေးမစားလုပ်ပါတယ်လို့ ပြောမယ်..
If you don't, she thinks you don't like her
မလုပ်ပြန်တော့... သင်ကသူ့ကိုမကြိုက်ဘူးလို့ ထင်မယ်...
If you kiss her once in a while, she professes you are cold
သင်ကသူ့ကိုတော်တော်ကြာကြာနေမှတခါလောက်နမ်းရင်... သင်ဟာ
သူနဲ့ပက်သက်ရင်သွေးအေးလွန်းတယ်ပြောမယ်..
If you kiss her too many, she yells that you are taking advantage
ခဏခဏနမ်းပြန်တော့... သင်ဟာအခွင့်အရေးယူနေတယ်လို့ သူမအော်တတ်နေမယ်..
If you fail to help her in crossing the street, you lack ethics
သူလမ်းကူးတဲ့အခါမှ သင်ကကူညီပေးဖို့ပေါ့လျော့ခဲ့ရင်... သင်ဟာ ယဉ်ကျေးမူမရှိသူ...
If you do, she thinks it's just one of the man's tactics
အလိုကူညီပြန်တော့.. ဒါဟာယောင်္ကျားမာယာတမျိုးလို့ သူမထင်မယ်...
If you stare at other, she accuses you of flirting
သင်ကတခြားသူကိုငေးမိ၇င်... သင့်ကိုဖွန်ကြောင်တယ်လို့ စွတ်စွဲမယ်
If she is stared by others, she says that they are just admiring
သူမကိုတခြားသူကငေးမိရင်တော့... လေးစားလို့ကြည့်တာပါလို့ ပြောမယ်...
If she talks, she wants you to listen
သူမစကားပြောတဲ့အခါ ... သင့်ကိုနားထောင်စေချင်တယ်...
If you listen, she wants you to talk
သင်နားထောင်တဲ့အခါ... သင်ကို စကားပြောစေချင်ပြန်ရော...
In Short:
အတိုချုပ်ရင်
So simple, yet so complex
ရိုးရှင်းသလောက် ရှုပ်ထွေးသူ
So weak, yet so powerful
အားနည်းသလောက် စွမ်းအားရှိသူ
So confusing, yet so desirable ... women!
စိတ်ရှုပ်စရာကောင်းသလောက် သဘောကျစရာကောင်းသူ... မိန်းမ !!!!
Wednesday, January 27, 2010
ယောက်ျားဆိုတာ
If you kiss him, he kisses you back
သင်ကသူ့ကိုနမ်းရင်... သူကသင့်ကိုပြန်နမ်းမယ်
If you don't, he patiently waits
မနမ်းရင်လည်း... သူကစိတ်ရှည်ရှည်နဲ့စောင့်မယ်...
If you praise him, he says thanks you
သင်ကသူ့ကို ချီးမွမ်းရင်... သူက ကျေးဇူးပါလို့ပြန်ပြောမယ်...
If you don't, he feels secure in your love
မချီးမွမ်းရင်လည်း.. သင်အချစ်နဲ့ကိုသူစိတ်ချနေမယ်..
If you agree to all his likes, you have met your fantasy man
သူအကြိုက်တွေ အားလုံးကို သင်သဘောကျရင်.. သင်ကံကောင်းတယ်..
If you don't, you still get along
မကြိုက်ရင်လည်း... တပူးတွဲတွဲပါပဲ
If you visit him often, he welcomes you every time
သင်ကသူ့ဆီကို မကြာခဏသွားလည်းရင်... သူကအမြဲတမ်း သင့်ကိုကြိုမယ်...
If you don't, he'll visit you instead
သင်ကသွားမလည်ရင်လည်း ...သူကသင့်ဆီကိုလာလည်မယ်...
If you are well dressed, he says you are beautiful
သင်ကောင်းကောင်းမွန်မွန်ဝတ်စားထားရင်... မင်းအရမ်းလှတာပဲလို့ သူကပြောမယ်
If you don't, you are still beautiful
အလိုမ၀တ်စားရင်လည်း... မင်းဟာလှနေတုံးပါပဲ..
If you are jealous, he reassures you and holds you
သင်ကမနာလိုအူတိုဖြစ်ခဲ့ရင်... သင်ကိုစိတ်ချဖို့ပြောပြီး ထွေးပွေ့မယ်...
If you're not, he gives you no reason to be
မနာလိုမဖြစ်ရင်လည်း... ဘာမှပြောမှာမဟုတ်...
If you kiss him once in a while, he's appreciative of your affection
သင်သူ့ကိုတော်တော်ကြာမှ တခါလောက်နမ်းရင်...
သင်ရဲ့မြတ်နိုးမူကိုတန်ဖိုးထားမယ်...
If you kiss him often, he will always have you on his mind
မကြာခဏနမ်းရင်လည်း.. သူ့အတွေးထဲမှာ သင်အမြဲရှိမယ်...
If you stare at another man, he knows that you're only admiring
သူမကတခြားသူတွေကို ငေးမိရင်... သူကလေးစားလို့ကြည့်တာလို့သိတယ်...
If he is stared by other women you know why-he's one hot babe
သူကိုတခြားမိန်းမကငေးရင်လည်း... သူမကလန်းလို့ ကြည့်တာ...
If you talk, he'll always listen
သူမစကားပြောရင်... သူအမြဲနားထောင်တယ်..
If you listen, he'll tell you anything you want to know
သင် နားထောင်ရင်... သင်သိချင်တာအားလုံးသူပြောပြလိမ့်မယ်...
In short:
အတိုချုပ်ရင်
So complex, yet so direct
ရှုပ်ထွေးသလောက် တည့်တည့်ပြောသူ
So strong, yet so supportive
ခွန်အားရှိသလို... အရမ်းပံပိုးသူ...
So dazzling, yet so humble
တောက်ပြောင်သလောက်... နှိမ့်ချတတ်သူ
So passionate, yet so marvelous....MEN!
စိတ်ပြင်းထန်သလို... အံသြဖွယ်ကောင်းသူ... ယောက်ျား
(From U Devin)
Tuesday, January 26, 2010
စကြ၀တေးမင်းဖြစ်ချင်သူ
ဟိုရှေးရှေးတုန်းက အာဏာစက် မရောက်နိုင်တဲ့နေရာမှာ
လူဆိုးသူခိုးတေလေဂျပိုးတွေနေတဲ့
အလွန့်အလွန်ကို ကြီးမားတဲ့ နေရာတခုရှိသတဲ့။
အဲ့ဒီနေရာမှာ ဘုရင်မရှိတဲ့အခါကျတော့ ခုဏကောင်တွေ အားလုံးပေါင်းပြီး
ဘုရင်တယောက်ကို ရွေးလိုက်ကြတော့တာပေါ့။
အဲ့ဒီလိုနဲ့ အမိုက်ဆုံးနဲ့ ညဏ်ပညာမရှိဆုံးတကောင်က ဘုရင်ဖြစ်လာပါလေရော့လား
သူလည်း ဘုရင်ဖြစ်ရော တတိုင်းပြည်လုံးမှာရှိတဲ့ ပစ္စည်းမှန်သမျှကို
ငါးမူးနဲ့ပဲ ရောင်းခိုင်းတော့တယ်။
သူ့ဟာသူ အပြင်မှာ ဘယ်လောက်ပဲ ဈေးများများ သူ့နိုင်ငံမှာတော့ ငါးမူးပဲ
ထမင်းတစ်ပွဲကို ၈၀၀ကျပ် လောက်တန်လဲ သူ့နိုင်ငံမှာတော့ ငါးမူး ပဲပေးရတယ်။
တနေ့ မှာတော့ ဒေသန္တရ ဗဟုသုတ ရှာဖို့ထွက်လာတဲ့ တက္ကသီလ က ဆရာနဲ့ 
သူ့ရဲ့ အထူးချွန်ဆုံး တပည့် လည်ရင်းပတ်ရင်းနဲ့  အဲ့ဒီနိုင်ငံ ရောက်လာကြတာပေါ့။
ဆရာတော့ အဲ့ဒီဒေသကို သိပ်သဘောမတွေ့ ဘူးပေါ့။
သူ့တပည့်ကတော့ မတရားသဘောကျတယ်
အရာအားလုံး ငါးမူးကိုး၊ နော်။
သူ့မှာ က ပိုက်ဆံ ၈သိန်းတောင်ပါလာတာဆိုတော့
တသက်လုံးနေလို့ရတယ်လို့ ပြောလို့ ရတာပေါ့။
ပြန်မယ့် အချိန်လည်းရောက်ရော တပည့်ဖြစ်တဲ့သူက မပြန်ချင်တော့ဘူး။
ဆရာက ပြောတယ်
ဒီမှာ ငါ့တပည့် စဉ်းစားညဏ် မရှိတဲ့သူ အုပ်ချူပ်တဲ့ တိုင်းပြည်မှာ မနေ သင့်ဘူးတို့ ဘာတို့ပေါ့လေ။
တပည့်ကတော့ “နိုး” ပါ
အနော် ကဒီနေရာမှာနေရင် တသက်လုံး ထိုင်စားနေလို့ရတယ် ဆရာကြီးရေ
ပညာသင်တာက အဲ့သလိုနေဖို့ပဲလေတို့ ဘာတို့ ပြန်ပြောပြီးတော့
နေချင်ကြောင်းကို ထိုင်ပြောနေတော့ ဆရာ ဖြစ်သူ လက်လျှော့ရတာပေါ့
ဆရာပြန်ခါနီး သူ့တပည့်ကို ဂါထာတစ်ပုဒ် သင်ပေးလိုက်တယ်
တပည့်ကြီးရေ တကယ်လို့ ဆင်းရဲ ဒုက္ခတွေ့ နေရရင် ဒီဂါထာကို တစ်ခါရွက်လိုက်၊
ဆရာရောက်လာမယ်လို့ ပြော ပြီးတော့ ပြန်သွားပါလေရော။
တပည့်ကလည်း ဟုတ်ကဲ့ခင်ဗျား လို့ ပြောပြီး အဲ့ဒီ နိုင်ငံမှာ နေခဲ့တော့တာပေါ့
ပြီးတော့ ငါးမူးတန် အစားအစာတွေ စားရင်နဲ့ မတရားကြီးကို ၀လာတယ်
ဝတာမှ တကယ်ကို အကြီးအကျယ် ၀လာတာ.
တစ်ရက်မှာ အဲ့ ဒီနိုင်ငံမှာ သူခိုးတယောက် သေဆုံးသွားတယ်
ဘာလို့လည်းဆိုတော့ အမတ်ချူပ်ကြီးရဲ့ နေအိမ်ကို
အုတ်တံတိုင်းအပြင်ဘက်ကနေပြီးတော့ မြောင်းဖောက်ပြီး ၀င်တာ
အုတ်တံတိုင်း ပြို ကျလို့ ခေါင်းပြားပြီး သေသွားတယ်။
သူခိုးမိန်းမက မကျေနပ်ဘူး။ ဘုရင်ကြီးကို သွားတိုင်တယ်
အိုဘယ့် ရေရှင် မြေရှင် ခြံစည်းရိုးပိုင်ရှင် ဘ၀ရှင် အမိုက်တကာထိပ်ခေါင် ကိုယ်တော်မြတ်ကြီးဘုရား
အကျွန်မျိုး ချစ်လင် မတော်မတရား သေဆုံးခြင်းကို တရားမျှတမှု ရှိစေတော်မူပါ
သူ့ခမျာ၊ မယားကျွေးရန် စီးပွားရှာခြင်းသာဖြစ်ပေသည်၊
မရှိသောကြောင့် ခိုးမိခြင်းကို အပြစ်ဟု မဆိုသင့်ပါအရှင်မင်းကြီးဘုရား ပေါ့။
ဘုရင်ကလည်း တရားမျှတမှုဆိုတာကြီးကို မြတ်နိုးတတ်သလိုလို ဖြစ်လာတယ်။
အဲ့ဒါနဲ့  အမတ်ချူပ်ကြီးကို သေဒဏ်ပေးလိုက်တယ်။ သေဒဏ်ဆိုတာက ကြိုးပေးသတ်စေပေါ့
အမတ်ချုပ်ကြီးကအယူခံဝင်တယ်၊
အရှင်မင်းကြီး ထိုအခြင်းအရာမှာ ပန်းရံဆရာနှင့်သာ သက်ဆိုင်ပါသည်။
ဒါနဲ့ ပန်းရံဆရာ ကြိုးပေးခံလိုက်ရရော။
ပန်းရံကလည်း လျှောက်ပြန်တယ်
မှန်လှပါဘုရား အကျွန်နှင့် လားလားမျှသက်ဆိုက်ခြင်းမရှိပါ၊
ဘိလပ်မြေရောစပ်သူ အလုပ်သမား အသုံးမကျမှုကြောင့် ဖြစ်ပါသည်။
ဘိလပ်မြေရောစပ်သူ ထိုအလုပ်သမားအားယခုချက်ချင်းပင် သေဒဏ်ပေး၍
တရားမျှတမှုကို တည်ဆောက်အံ့။
မောင်အလုပ်သမားကလည်းလျှောက်တင်ပြန်တယ်
ဘ၀ရှင်မင်းတရားကြီးခင်ဗျား။ ရေထမ်းသမား ရေပို ဖြည့်ထားသောကြောင့်ဖြစ်ပါသည်။
ရေထမ်းသမားအားသေဒဏ်
သူလည်းမခေပါဘူး။ လျှောက်လိုက်တာကတော့
အရှင်မင်းကြီး အကျွန်ရေဖြည့်ခြင်းမှာ ပုံမှန်သာဖြစ်ပါသည်
အိုးကြီးနေပါသောကြောင့် ရေပို ထည့်မိခြင်းဖြစ်ပါသည်။
အိုးထိန်းသည်အားသေဒဏ်ပေးစေ
သူကထပ်လျှောက်တင်ပြန်တယ်
အကျွန်လက်က ပုံမှန်လက်ပါခင်ညား။ ပုံမှန်အတိုင်းဆိုရင် ရေအိုးကြီးစရာ အကြောင်းမရှိပါဘူး
ဒါပေမယ့် အဲ့ဒီနေ့ က အိုးလုပ်နေတုန်း အင်မတန်တောင့်ဖြောင့်တဲ့ အမျိုးသမီး
အကျွန်ရှေ့က ခဏခဏ ဖြတ်သွား ဖြတ်လာလုပ်ပါတယ်၊
ထိုအမျိုးသမီးအား ငေးကြည့်မိသောကြောင့် အိုးကြီးရခြင်းဖြစ်ပါသည်
လာထား
ဖြတ်လျှောက်သော ထိုအမျိုးသမီးအား သေဒဏ်
အမျိုးသမီးက ထပ်လျှောက် ပြန်တယ်
မှန်လှပါ ကရုဏာ ကြီးမားလွန်းပြီး အစွန်းရောက်မိုက်ခြင်းတရားဖြင့်
နိုင်ငံတော်ကို သာယာဝပြောလှစေသူ ဘ၀ရှင်မင်းတရားကြီးရှင်၊
အကျွန်မျိုးမ ဖြတ်လျှောက်ခြင်းမှာ ဒိုဘီအား အ၀တ်အပ်ထား၍
လျှော်ပြီး မပြီး သွားရောင်စစ်စေးခြင်းသာ ဖြစ်ပါသည်၊
မပြီးသောကြောင့် အကြိမ်ကြိမ် သွားမေးရခြင်း ဖြစ်ပါသည်
ဒီလိုနဲ့ပဲ ဒိုဘီကို လှမ်းခေါ်လိုက်တယ်
ဘုရင်ကြီး မိန့်တော်မုပုံ က
မောင်မင်း၊ အသင်အ၀တ်အစားကို အချိန်မှီ မလျှော်ဖွပ်နိုင်သောကြောင့်
ထိုမိန်းမအကြိမ်ကြိမ်ဖြတ်ရလေသည်၊
ငေးမိသော အိုးထိန်းသည် ကြောင့် ထိုအိုးသည် နဂိုအရွယ်အစားထက် ကြီးမားလာတော့သည်၊
ရေ ဖြည့်သော လုလင်က ရေပို ဖြည့်မိလေရာ
ဘိလပ်မြေရောစပ်သောသူက ရေများများ လောင်း၍ အင်္ဂတေ ပျော့သွားသည်
ထို့ကြောင့်ပင် ပန်းရံဆရာတည်ဆောက်သော အမတ်ချူပ်ကြီးနေအိမ်
အုတ်တံတိုင်း ပြို ကျ၍ သူခိုးသေဆုံးရလေသည်။
ငါကိုယ်တော်မြတ်၏ သေချာတိကျသော ဆက်ဆပ်တွေးခေါ်မှုကြောင့်
အသင်တရားခံ ပြေးမလွှတ်တော့ချေ။
အသင်၏ထင်ရှား ကြီးမားလွန်းလှသော ပြစ်ချက်အတွက် သေဒဏ် ဏ်ဏ်ဏ်။
ကံဆိုးချင်တော့ ကြိုးကွင်းက အသေကြီး။
အလျှော့အတင်းလုပ်လို့ မရဘူး
ဒိုဘီက အရမ်းပိန်လွန်းတဲ့အခါကြတော့ ဘယ်လိုမှ စွပ်လို့ မရဘူး
ဘုရင်ကြီးက အသိညဏ် ကြီးမားစွာနဲ့ မိန့်တော်မူတယ်။
ဒီကောင့်ခေါင်းက မတော်ဘူး။ တော်တဲ့ ကောင်ကို ရအောင်ရှာ ပြီး ကြိုးပေးလိုက်ပေါ့။
ဒီလိုနဲ့ မင်းချင်းတို့ ရှာလိုက်ကြတော့ ခုဏက တပည့်ကလေးကို သွားတွေ့တယ်။
သူက အရမ်းဝနေတော့ ကြိုးကွင်းနဲ့ ကွက်တိဖြစ်နေတာကိုး။
သူ့ကို သေဒဏ် ချလိုက်ရော။
တပည့်က ဆရာပေးတဲ့ ဂါထာကို မန်းမုတ်လိုက်တယ်ဆိုရင်ပဲ ဆရာ ချက်ချင်းရောက်လာတယ်။
ဆရာတပည့် နှစ်ယောက်က တယောက်ကိုတယောက် အချက်ပြပြီး
ကြိုးကွင်းထဲ သူဝင်မယ် ငါဝင်မယ်လို့ 
လုနေလိုက်ကြတာမှ မသတ်ရုံတမယ်ပဲ လို့ကို ထင်ရတယ်
ဘုရင်ကြီးအံ့သြတာပေါ့။
ဘယ့်နှယ် သူများတွေက သေဖို့ ကြောက်နေတဲ့အချိန်မှာ
ဒီနှစ်ကောင် ကြိုးကွင်းကို ပြိုင်လုနေရတာတုန်း။
ဘုရင်ကြီးက မေးလိုက်တာပေါ့။
ဘာ လို့ လည်းပေါ့နော်။
ဆရာက ဖြေတယ်။
မှန်လှပါ တရားသဖြင့် လောကပါလနတ်မင်းအား အစဉ် ပြုံးရွှင်စေတော်မူသော
အိုဘယ့်သမာသမတ် အရှင်မင်းကြီးခင်ဗျား။
အကျွန်က တက္ကသီလမှ ဆရာတည်း၊
ဗေဒင်သုံးပုံကို အရည်ကြို သောက်ခဲ့သူလည်း ဖြစ်ချေတော့သည်တမုံ
ယနေ့ နက္ခတ် ၊ဂြိုလ် ၊ပက်ကျိ နှင့် ခွေးချီးတို၏ တည်နေရာအား
သေချာတိုင်းတာ၍ စစ်ဆေးကြည့်ရာ
ယနေ့ သေသောသူသည် မလွှဲဧက မုချအမှန် စကြ၀တေးမင်း ဖြစ်လတ္တံ့။
သို့ဖြစ်ပါ၍ ကြိုးကွင်းလုနေခြင်း ဖြစ်ပါသည်။
ဘုရင်က အံကြိတ်ပြီး ရှေ့တိုးလာတယ်၊
သယ်............ငါ ကိုယ်တော်မြတ်ရှိရက်နဲ့ သည်ငမိုက်သားတွေ
စကြ၀တေးမင်းဆုကို ယူစရာအကြောင်းမရှိ၊
နင်တို့ ဖယ်ကြကွယ်ရို့ ........ဟူသတည်း...........။
foreverfriends မှကူးယူဖော်ပြပါသည်။
Monday, January 25, 2010
ငါးပိအင်္ဂလိပ်နဲ့ပြောတာ ဘာဖြစ်လဲ
နှစ်ပေါင်းနှစ်ဆယ်ကျော် မနက်(၉)နာရီက ည(၉)နာရီထိ (၁)ပတ် (၇) ရက် ဖွင့်လှစ် လုပ်ကိုင်လာ ခဲ့တဲ့ အင်္ဂလိပ်စကားပြောသင်တန်းလေးကို ကျန်မာရေးအခြေအနေအရ ရပ်နားထားခဲ့တာ နှစ်ပေါက်အောင် ကြာခဲ့ပါပြီ။ အိမ်ထဲက အိမ်ပြင်မထွက်နိုင်တဲ့ ဒုက္ခိတ တယောက်အဖို့ ကျောင်း သားတွေနဲ့နေရတာ တော်တော်အဆင်ပြေတာပါ။ တနေ့လုံး သူတို့ကို စာသင်ပေးလိုက်၊ စကား ပြောလိုက်နဲ့ ပျင်းဖို့တောင် အချိန်မပေးနိုင်တော့ပါဘူး။
နောက်ပြီးတော့ ကျောင်းသားတွေဟာ သတင်းထောက်ကောင်းတွေ ဖြစ်တယ်။ တမြို့လုံးနေရာအနှံ့ ဘယ်မှာ ကားတိုက်တယ်၊ ဘယ်မှာ မီးလောင်တယ် ဆိုတာမျိုးတွေကို သူများတွေထက်ဦးပြီး အမြဲသိနေရတယ်။ ကျောင်းသူကျောင်းသားတွေ မရှိတော့ နားပင်းသွားသလို ဖြစ်သွားတယ်။ ကျောင်းသူကျောင်းသားတွေကလည်း အမြဲမပြတ် လာလာပြီးတော့ မဖွင့်သေးဘူးလား၊ မဖွင့်သေး ဘူးလားနဲ့ မေးနေကြလေတော့ ကျောင်းပြန်ဖွင့်ပြီး စာပြန်သင်ချင်တယ်။ ဒါပေမယ်လို့ ဆရာဝန်တွေက နှလုံးရောဂါ၊ အဆုတ်ပါမကောင်းတာကြောင့် စာမသင်စေချင်ဘူး။ အောက်ဆီဂျင် ပိုက်တန်းလန်း တပ်ထားရတာကိုလည်း မဖြုတ်စေချင်ဘူး။ လူနာ ဖြစ်တော့လည်း ဆရာဝန့်စကား နားမထောင်ချင်လို့ ဘယ်ဖြစ်တော့မှာလဲ။
ကျောင်းသူကျောင်းသားများအဖို့လည်း စကားပြောလေ့ကျင့်စရာနေရာလေး ပျောက် သွားရတာဆို တော့ စိတ်မကောင်းကြဘူး။ အဲဒါကြောင့် အမြဲမပြတ်လာပြီး နားပူကြတယ်။ ရန်ကုန်မြို့မှာ စကားပြောသင်တန်းကောင်းတွေ အများကြီးရှိပါတယ်။ အသင်ကောင်း၊ အပြကောင်း၊ ဆရာ ကောင်းတွေလည်း မနည်းလှပါဘူး။ ဒါပေမယ့် အချိန်ဇယားမရှိ၊ ပြဌာန်းသတ်မှတ်တဲ့ စာအုပ်မရှိ၊ လာချင်တဲ့အချိန်လာ၊ ပြန်ချင်တဲ့အချိန်ပြန်၊ တက်ချင်သလောက်တက်၊ အင်္ဂလိပ်စကားပြောရင် ပြောချင်တဲ့စကားပြော၊ ကျောင်းသားတခါဖြစ်ပြီးရင် (၅) နှစ်တက်တက်၊ (၁၀) နှစ်တက်တက်၊ ကြိုက်သလောက်တက် ဆိုတာမျိုးကျတော့ ဘယ်မှာမှ ရှာလို့မတွေ့ကြဘူးလေ။ အဲဒါကြောင့် ကျောင်းလေးကို ပြန်ဖွင့်ထားချင်တယ်။ ခက်တာက မကောင်းတော့တဲ့ နှလုံးနဲ့အဆုတ်။ ဒဏ်တွေကလည်း များခဲ့ပေတာကိုး။
မြန်မာလူငယ်လေးတွေရဲ့ ဥဏ်ရည်ဥာဏ်သွေးဟာ မနိမ့်လှပါဘူး။ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားပြော သပ်သပ်ပြောမယ်ဆိုရင် အာရှတိုက်မှာ အိန္ဒိယသားတွေကလွဲရင် ဘယ်သူမှ ကြောက်စရာ မလိုပါဘူး။ လူမျိုးတမျိုးလုံးကို ခြုံပြောတာပါ။ တဦးချင်းယှဉ်လို့ သူတို့က သာမျိုးတွေတော့ ရှိတာပေါ့။ မြန်မာလူငယ်တွေ အသံထွက်မှန်အောင် သင်လို့မရဘူးဆိုတာ မရှိပါဘူး။ မြန်မာစကား သိတ်မပီတဲ့ ရှမ်းပအို့ဝ် ဦးပဉ္ဇင်းလေးတွေတောင် အင်္ဂလိပ်စကားကျတော့ ပီပီသသ ပြောနိုင်ရွတ်နိုင် ကြတာပါ။ အင်္ဂလိပ်စာသိတ်ကောင်းတဲ့ အိန္ဒိယသားတွေကလည်း "၀ဲရီးဂွတ်" ကို ပျောက်အောင် မဖျောက်နိုင်ကြပါဘူး။ အင်္ဂလိပ်စာနဲ့ ဘွဲ့ယူထားတဲ့ ဂျပန်တယောက်ကို Thank You တို့၊ Thirty တို့လို အသံမျိုး ပီသအောင် ရွတ်ခိုင်းဖို့ အတော်ခက်ပါတယ်။ ဆရာရှေ့မှာ ပီနေပေမယ်လို့ ကွယ်ရာ ရောက်သွားတာနဲ့ "ဆိုင်းကျူး" "ဆာတီး" လို့ အသံထွက်လာတာပါပဲ။ အင်္ဂလိပ်စာတတ်တယ်လို့ ၀င့်ဝါမောက်မာတတ်တဲ့ စင်ကာပူတရုတ်တွေရဲ့ "စင်းဂလိပ်" စကားကို အင်္ဂလိပ်တွေ၊ အမေရိကန် တွေ နားမလည်ကြလို့ အင်္ဂလိပ်စကားစစ်စစ် ပြောတတ်အောင် ကြိုးစားရမယ်လို့ လွန်ခဲ့တဲ့ လေးငါး ခြောက်နှစ်က ၀န်ကြီးချုပ် လီကွမ်ယုကတောင် သတိပေးခဲ့သေးတာလေ။
မြန်မာတွေ မညံ့ပါဘူး။ အင်္ဂလိပ်စကားပြောတဲ့ အလေ့အကျင့် မရှိလို့သာ နှုတ်ဆွံ့နေတာပါ။ မပြောမဖြစ် ပြောကိုပြောရမယ့်အခြေအနေမျိုးကြုံရင် တဖက်သား ကောင်းကောင်းနားလည်အောင် ပြောနိုင်စွမ်းကြပါတယ်။ နှုတ်ဆွံ့တာ ပျောက်သွားရင် ပြောတတ် ဆိုတတ် ဖြစ်လာကြတာပါပဲ။ နှုတ်ဆွံ့တာပျောက်အောင် အလေ့အကျင့် များများလုပ်ဖို့ လိုတယ်။ ပြီးတော့ နိုင်ငံခြားသားရှေ့မှာ သိမ်ငယ်စိတ်ဖြစ်တာကို ဖျောက်ပစ်ရမယ်။ နိုင်ငံခြားသား တယောက် မြန်မာစကား မပီကလာ ပီကလာ ပြောနေတာတွေ့ရင် ပျက်ရယ်ပြု ရှုတ်ချပစ်လိုက်ပါသလား။ မပြုတဲ့အပြင် မြန်မာစကား ကြိုးစားပြောနေတာကို သဘောတောင် ကျမိတယ်မဟုတ်လား။ နိုင်ငံခြားသားတွေလည်း အလားတူပါပဲ။ နိုင်ငံခြားသားတယောက်က သူတို့ ဘာသာစကားကို ကြိုးစားပြောနေတာတွေ့ရင် သဘောကျ ကျေနပ်ကြတာပါပဲ။ ကိုယ့်ဘာသာ စကားမှ မဟုတ်တာပဲ။ မိခင်ဘာသာစကားလို ဘယ်ပီပါ့မလဲ။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကြီး ကိုဖီအာနန် မိန့်ခွန်းပြောတာ ကြားဖူးကြမှာပါ။ စကားလုံးအသုံး အနှုန်းတွေက ခန့်ညာလှပပြီး အဆင့်မြင့်ပါပေတယ်။ ဒါပေမယ့် လေသံကတော့ "အဖရို" (Afro) လေသံပါပဲ။ အမေရိကန် လေသံမပေါက်ပါဘူး။ "အဖရို" လေသံမို့ နားမလည်ဘူး မရှိပါဘူး။ အမေရိကန် သမတရော၊ အင်္ဂလိပ်ဝန်ကြီးချုပ်ရော၊ ပြင်သစ်သမတနဲ့ ရုရှခေါင်းဆောင်ကြီးရော နားလည်ကြပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် လုပ်နေပြီး အင်္ဂလိပ်စကားကို "အဖရို" လေသံနဲ့ ပြောရကောင်းလားလို့ အပြစ်မတင်ပါဘူး။ အဖရိကသားက "အဖရို" ပဲ လေသံထွက်မှာပေါ့ လို့ နားလည်ကြပါတယ်။ ဂျာမန်ဝန်ကြီးချုပ် ပြောတဲ့ အင်္ဂလိပ်စကားသံက ဂျာမန်သံသြသြကြီး ထွက်တာပါပဲ။
အဲဒီတော့ ငပိစားတဲ့ မြန်မာဟာ ငါးပိအင်္ဂလိပ်စကားပြောတာ ဘာရှက်စရာ ရှိသလဲ။ အသံမှန်မှန် ထွက်တတ်လို့ သူတပါးနားလည်ရင် ပြီးရောမဟုတ်လား။ ဘိုသံ ပေါက်ချင်လွန်းလို့ ဇွတ်အတင်းကြီး လိုက်တုနေတာကမှ တကယ်တော့ ရှက်စရာ ကောင်းတာပါ။ တုတာက တုတာပါပဲ။ ဘယ်တော့မှ အစစ်ဖြစ်မလာပါဘူး။
အင်္ဂလိပ်စကားကို အမေရိကန်က အမေရိကန် "လေ" နဲ့ ပြောမှာပဲ။ ဂျာမန်ကလည်း အင်္ဂလိပ်စကား ကို ဂျာမန် "လေ" နဲ့ ပြောမှာပဲ။ အင်္ဂလိပ်ဘုရင်မရဲ့ ထီးတော်ရိပ်အောက်မှာနေတဲ့ စကော့လူမျိုးကလဲ အင်္ဂလိပ်စကားကို စကော့တို့ တောင်ပေါ် "လေ" နဲ့ ပြောမှာပါပဲ။ ဒါကဲ့ရဲ့စရာလား။ လန်ဒန်က အင်္ဂ လိပ်စကားနဲ့ မန်ချက်စတာက အင်္ဂလိပ်စကားတောင်မှ လေယူလေသိမ်းတူကြတာမှ မဟုတ်တာ။
မြန်မာပါးစပ်က မြန်မာသံပဲ ထွက်မှာပေါ့။ ဒါကို ဘယ်အင်္ဂလိပ်လူမျိုးကမှ သရော်ပြောင် လှောင်လိမ့် မယ် မဟုတ်ပါဘူး။ ရဲရဲသာ ပြောစမ်းပါ။ လေးငါးဆယ်ရက်အတွင်း နှုတ်သွက် လျှာသွက် ဖြစ်လာ ပါလိမ့်မယ်။ အဲဒီအခါကျရင် သိမ်ငယ်စိတ်တွေပျောက်ပြီး နှုတ်ဆွံ့နေတာလည်း လုံးဝပျောက် သွားမှာပါ။
မြန်မာတို့ဟာ အင်္ဂလိပ်လက်အောက်မှာ နှစ်ရာနဲ့ချီ နေခဲ့ကြရတာ ဖြစ်လေတော့၊ ဒီနေ့ထိ မျက်နှာဖြူမြင်ရင် ဘယ်လိုမျက်နှာဖြူပဲဖြစ်ဖြစ် ခေါင်းကလေးငုံ့ပြီး စကားပြောနေကြဆဲ ဖြစ်ပါတယ်။ ကိုယ် တွေ့နေရတဲ့ မျက်နှာဖြူဟာ ပညာတတ်လား၊ အမှိုက်ကျုံးတဲ့ မြူနီစပယ် အလုပ်သမားလား၊ နွားသတ်တဲ့ အမဲသားသည်လားဆိုတာ ဆန်းစစ်ကြည့်လေ့ မရှိကြပါဘူး။ ဒီနေ့ လခ သိန်းနဲ့ချီယူတဲ့ နိုင်ငံခြားသားတွေ သင်တယ်ဆိုတဲ့ ကျောင်းကြီးတွေမှာ ကိုယ့်သား သမီးတွေကို ထားပြီး၊ ဂုဏ်ယူဝင့်ကြွားနေတဲ့ မြန်မာမိဘတွေသိဖို့ ပြောပြချင်တဲ့ အချက်တချက် ရှိပါတယ်။
အဲဒီအချက်က ဘာလဲဆိုတော့ တချို့ကျောင်းတွေမှာ လာသင်တဲ့ နိုင်ငံခြားသားတိုင်းဟာ စာသင်တတ်တဲ့ ကျောင်းဆရာ၊ ဆရာမများ မဟုတ်ကြဘူး ဆိုတာပါ။ တခြားအကြောင်း ကိစ္စမျိုးနဲ့ မြန်မာပြည်မှာ ကြာကြာလေး နေချင်တဲ့အတွက် နေထိုင်ခွင့်ရအောင် အလုပ်တခု ၀င်လုပ်နေတဲ့ သဘောမျိုးနဲ့ လုပ်နေကြတာပါ။ တချို့ဆို စာလုံးဝ မသင်တတ်ကြပါဘူး။ တချို့ ဘာဘွဲ့၊ ဘာဆရာဖြစ်လက်မှတ်မှ မရှိကြပါဘူး။ ကိုယ်တိုင် အင်္ဂလိပ်စကားပြောသင်တန်း ဖွင့်ထားတာ ဖြစ်လေတော့ အဲဒီလို ၀င်လုပ်ချင်လို့ အလုပ်ခန့်ပေးပါ၊ ခန့်စာရေးပေးပါဆိုပြီး လာပြောတာတွေ အများကြီးကြုံဖူးလို့ သိနေတာပါ။
အသားဖြူဖြူ၊ အသားဝါ၀ါမြင်တိုင်း အောက်ကျို့ချင်တဲ့ သိမ်ငယ်စိတ်တွေသာ ဖျောက်ပစ်လိုက် စမ်းပါ။ မြန်မာတွေ မညံ့ပါဘူး။ ဆိုက်ကားဆရာတောင် နိုင်ငံခြားသား ဧည့်သည်တွေနဲ့ အလုပ်ဖြစ်အောင်တော့ ဆက်ဆံနိုင်ကြတာပဲ မဟုတ်လား။ ဒါ ဂျပန်တွေထက်၊ ယိုးဒယားတွေထက် ကိုးဆယ်ဆ သာတယ်လို့ ဆိုနိုင်တာပေါ့။ မြန်မာတွေမှာ ခက်နေတာက သိမ်ငယ်စိတ်ပဲ။ သိမ်ငယ်စိတ်ဆိုတာ "အငုံ့စိတ်" ပဲ။ အားတော့နာပါတယ်။ ရင့်သီးလွန်းလို့ မပြောချင်ပါဘူး။ ဒါပေမယ့် အဲဒီစကားကို သုံးပြောမှ ပိုပြီးထိရောက်၊ ပိုပြီး သဘောပေါက်မှာမို့ ပြောခွင့်ပြုပါ။ စေတနာနဲ့ ဒေါမနဿကြောင့် ရင့်ရင့်သီးသီးပြောမိတာလို့ လက်ခံပေးပါ။ အငုံ့စိတ်၊ သိမ်ငယ်စိတ် ဆိုတာ "ကျွန်စိတ်" ကို ယဉ်အောင်ပြောတာပါ။ လွတ်လပ်ရေးရခဲ့တာပဲ နှစ်ပေါင်း (၆၀)နီးပါပြီ။ ကျွန်စိတ်တွေ ပျောက်ဖို့ ကောင်းပါပြီ။
ကိုဖီအာနန်လို ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကြီးတယောက်တောင်မှ အင်္ဂလိပ်စကားကို "အဖရို" သံနဲ့ ပြောနေသေးတာပဲ။ မြန်မာလူမျိုးတယောက်က "ငါးပိအင်္ဂလိပ်" ပြောတာ ဘာရှက် စရာရှိလဲ။ အသံထွက်မှန်မှန်နဲ့ တဖက်သား နားလည်အောင် ပြောတတ်ဖို့ လိုရင်းပဲ မဟုတ်လား။ မြန်မာတွေ ပညာရည် မနိမ့်ပါဘူး။ လူစွမ်းလူစ မနုံနဲ့ပါဘူး။ ပင်ကိုယ်ဗီဇ မဖျင်းပါဘူး။ ကျွန်စိတ် ပျောက်ဖို့ ကလေးတခုသာ လိုတာပါ။
လူထုစိန်ဝင်း။
{စတိုင်သစ် မဂ္ဂဇင်း၊ အမှတ် ၁၃၆၊ နိုဝင်ဘာ၊ ၂၀၀၄}
မာယာမဂ္ဂဇင်းမှ ထပ်ဆင့် ကူးယူဖော်ပြပါသည်။
အသိတရားနဲ့ အဆင့်အတန်း
အခုတလော သတင်းစာတွေထဲမှာ သြစတြေးးလျနိုင်ငံမှာ သြစတြေးးလျနိုင်ငံသားတွေက
အိန္ဒိယနိုင်ငံသားတွေကို ခွဲခြားဆက်ဆံနေတဲ့အကြောင်း၊
အိန္ဒိယလူမျိုးတွေ အနှိမ်ခံနေရကြောင်းနဲ့
(တကယ်တော့ နိုင်ငံတိုင်းက အိန္ဒိယနိုင်ငံသားတွေကို နှိမ်နေတာပါ)
ဒါကိုမကျေနပ်လို့ အိန္ဒိယနိုင်ငံ နယူးဒေလီမှာရှိတဲ့ သြစတြေးးလျသံရုံးမှာ
သွားဆန္ဒပြကြတဲ့အကြောင်းတွေ နေ့တိုင်းနီးပါး ဖတ်နေရတယ်။
ဘာလို့ ဒီနေ့ခေတ်အထိ လူမျိုးရေး ခွဲခြားခွဲခြား ဆက်ဆံနေရတာလဲ။
စဉ်းစားကြည့်တော့……
၂၀၀၃ - ခုနစ်ကစလို့ သုံးနှစ်ကျော် လေးနှစ်နီးပါး အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်း (ဘုံဘေ) မြို့မှာ
ပညာရေး ကိစ္စနဲ့ နေခဲ့ရတယ်။
အလွှာပေါင်းစုံက လူပေါင်းစုံကို ထဲထဲဝင်ဝင် တရင်းတနှီးဆက်ဆံခွင့်ရခဲ့တယ်။
 စာပို့သမား (Postman) နဲ့လဲ သိခဲ့ရတယ်ဆိုပါတော့။
တစ်နေ့ ဒီစာပို့သမား စာလာပို့ပြီး ပြူတင်းပေါက်ကနေ အမှိုက်တွေပစ်ချတယ်။
မပစ်ချဘို့ပြောတော့ “ဒီအမှိုက်ထဲမှာ လိပ်စာမပါဘူး။ အမှိုက်ပစ်ချသူနောက်ကို ဘယ်လိုမှ ခြေရာခံလိုက်လာနိုင်စရာအကြောင်းမရှိဘူး၊ ပြဿနာ မတက်နိုင်ပါဘူး” တဲ့။
ပြောပြောဆိုဆို အမှိုက်တွေကို ဆက်ပစ်ချတယ်။
အော်၊ အိန္ဒိယနိုင်ငံသားကုလားတွေကို ခွဲခြားဆက်ဆံနေတာ၊ နှိမ်နေတာ ဒါ့ကြောင့်ကိုး။
တကယ်တော့ အိန္ဒိယနိုင်ငံကြီးဟာ အကြီးကြီးပါ။
ပညာရှင်တွေလဲ ပေါမှပေါ။
ဝိဇ္ဇာ၊ သိပံ္ပ၊ ကြိုက်တဲ့ဘက်ကစမ်း၊
ယှဉ်ဝံ့တဲ့ ယှဉ်နိုင်တဲ့နိုင်ငံကြီးပါ။ စီးပွါးရေးမှာရော၊
အိန္ဒိယနိုင်ငံက တရုတ်နိုင်ငံထက် သန်းကြွယ်သူဌေးဦးရေပိုများဆိုပဲ။
ဘာသာရေးဘက် လှည့်ကြည့်အုံးမလား။ အိန္ဒိယနိုင်ငံမှာ ဘာသာပေါင်းစုံ အကုန်ရှိတယ်။
အမယ်၊ နိုင်ငံရေးမှာလဲ အထင်မသေးနဲ့။
ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဆိုပီး ဂုဏ်ယူနေလေရဲ့။
ခြုံပြီးပြောရရင် အိန္ဒိယနိုင်ငံဟာ အစစအရာရာ ထိတ်တန်းကချည်းပဲ။
ဒါပေမဲ့ ကမ္ဘာ့အလည်မှာ အိန္ဒိယနိုင်ငံသားတွေ အနှိမ်ခံကြရတယ်။ မျက်နှာငယ်ကြရတယ်။
ဘာ့ကြောင့်လဲ။
ရှင်းပါတယ်။ အထက်ကပြောခဲ့တဲ့ စာပို့သမားလို
ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဓာတ်ရှိတဲ့သူတွေ များနေလို့ပါပဲ။
ဒို့နိုင်ငံသားတွေရဲ့ ယနေ့ အခြေအနေကရော။
အိမ်တစ်အိမ်အနီးမှာ (သို့) တိုက်ခန်းအတက် လှေခါးဒေါင့်တစ်နေရာမှာ ကွမ်းတံထွေးတွေ့ရင်
ဗမာရှိတာ သေချာတယ် လို့ မလေးရှားရောက် ဗမာလေးတစ်ယောက်က ပြောဘူးတယ်။ သာရေးနာရေးကိစ္စတစ်ခုခုနဲ့များ အိမ်တစ်အိမ်အိမ်ကို ကြွတဲ့အခါ လှေခါးဒေါင့်တွေမှာ ကွမ်းထွေးတွေ နီရဲနေရင် သူတို့အစား မျက်နှာပူရတော့တာပဲ။
တရားခံက ကိုယ့်လူမျိုးတွေလေ။
ဒီလိုတွေ့ကရာနေရာတွေမှာ ကွမ်းထွေးတွေထွေးလို့ ဒို့လူမျိုးတွေကိုတော့ အထင်သေးတော့မှာပဲလို့ တွေးမိပြီး စိတ်မကောင်းဖြစ်မိတယ်။
ကွမ်းထွေးကို စည်းမဲ့ကမ်းမဲ့ထွေးတာဟာ
ကိုယ့်မှာ အသိတရားနဲ့ အဆင့်အတန်းဘယ်လောက်ရှိတယ်ဆိုတာ ဖော်ပြနေတာပဲမဟုတ်လား။
ဗမာတွေနဲ့စကားပြောရတာ အတော်ဖီးအောက်တယ်၊
"စကားပြောရင်းလဲ ကွမ်းဝါးနေတာပဲ၊
ပါးစပ်တွေက ရဲပြီး သွားတွေက မဲလို့။
ဒီကြားထဲ ကွမ်းထွေးကို ပစ်ခနဲထွေးလိုက်သေးတယ်၊ အတော်မသတီစရာ ကောင်းတာပဲ" လို့ တရုတ်မကြီးတစ်ယောက်က ပြောဘူးတယ်။
ဒီတရုတ်မကြီးပြောတဲ့စကားကို အလေးအနက်ထား စဉ်းစားပြီး ဆင်ခြင်သင့်တယ်။
သူပြောတဲ့ စကားထဲမှာ “ဗမာတွေ” လို့ သုံးနှုန်းတဲ့အတွက်
ကိုယ်တို့လူမျိုးအကုန်လုံး ရွံစရာလူမျိုးတွေဖြစ် ကုန်တယ်။
ငါးခုံးမ သုံးလေးကောင်ကြောင့် တစ်လှေလုံးပုတ်ရတယ်ဆိုတဲ့ သဘောပါပဲ။
(ငါးခုံးမ က တစ်ကောင်မကတော့ဘူး)။
ကွမ်းစားတဲ့သူကြောင့် ကိုယ့်လူမျိုးတစ်မျိုးလုံး အထင်သေးခံရတာကို သဘောပေါက်ရမယ်။
ငယ်ငယ်ကတည်းက
ကွမ်းစားသူတွေနဲ့  ယဉ်ပါးလာတဲ့ ကိုယ်တို့အတွက် ကွမ်းစားတာဟာ မထူးဆန်းပေမဲ့
တခြားနိုင်ငံသားအနေနဲ့ မသတီ ရွံရှာဖွယ်ရာ ဖြစ်တယ်ဆိုတာ နားလည်ရမယ်။
ကိုယ်တောင် ကိုယ့်သူငယ်ချင်းဆရာတော်တွေ ကွမ်းဝါးပြီး
ကွမ်းထွေးတွေကို ကွမ်းထုတ်အိပ်ခွံ သေးသေးလေးထဲ ထွေးထည့်နေတာကို မြင်ရရင် အတော်စိတ်မသက်မသာဖြစ်မိသေးတယ်။
နိုင်ငံခြားကို အကြောင်းကြောင်းကြောင့် ရောက်လာတဲ့မြန်မာနိုင်ငံသားတိုင်းဟာ
မြန်မာပြည်မှာ ကျန်ခဲ့တဲ့ကိုယ့်မိသားစုတစ်စုတည်းကိုသာ ကိုယ်စားပြုတော့တာ မဟုတ်ပါဘူး။
မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို ကိုယ်စားပြုတာပါ။
ကိုယ်လုပ်တဲ့အပြုအမူ၊ ကိုယ်ပြောတဲ့အပြောအဆိုတွေဟာ
မြန်မာနိုင်ငံသားပြုတဲ့ ပြောတဲ့  အပြုအမူ အပြောအဆိုတွေ ဖြစ်ကုန်တော့တာ။
သြစတြေးးလျနိုင်ငံမှာ သြစတြေးးလျနိုင်ငံသားတွေက အိန္ဒိယနိုင်ငံသားတွေကို ခွဲခြားဆက်ဆံနေပြီ။ အသိတရားနဲ့ အဆင့်အတန်း အင်မတန်နိမ့်ကျတဲ့ စာပို့သမားလို ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဓာတ်ရှိတဲ့ သူတွေ များနေလို့ပါပဲ။
ဒို့နိုင်ငံသားတွေကိုရော ရောက်လေရာနိုင်ငံတွေမှာ ခွဲခြားဆက်ဆံခံနေရပြီလား။
အနှိမ်ခံနေရပြီလား။
(ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကို ထည့်မစဉ်းစားပဲ အတ္တကြီးမားစွာ)
စည်းမရှိ ကမ်းမရှိ တွေ့ရာနေရာမှာ ကွမ်းထွေးတွေကို မဆင်မခြင် ထွေးနေလို့ကတော့……
Sunday, January 24, 2010
မှတ်ဖူးတာလေးတွေ
ဆရာကြီး ဦးမြင့်ဆွေ (မဟာဝိဇ္ဖာ လန်ဒန်) နှင့်
မေ့တတ်တယ်
ငါးအရိုးဆူးတဲ့အခါ ငါးအသားစားရတဲ့ အရသာကို မေ့တတ်တယ်။
လမ်းကောင်းသွားရချိန်မှာ အမေ့ကို သတိရဖို့မေ့တတ်တယ်။
ကျန်းမာနေချိန်မှာ ရောဂါတွေကို မေ့တတ်တယ်။
ကိုယ့်စော်ကားသူကို အပြစ်ပြောချိန်မှာ
မစော်ကားဘူးသူတွေကို ကျေးဇူးစကားဆိုဖို့ မေ့တတ်တယ်။
မိုင်းသောက်ဆရာတော်နှင့် (မွေးနေ့ကုသိုလ်လုပ်တုန်းက)
သတိရပါ
အမှားလုပ်သူကိုတွေ့တိုင်း ကိုယ်မှားဖူးတာကို သတိရပါ။
စိတ်တိုင်းမကျတဲ့အခါ ကိုယ့်အားနည်းချက်ကို သတိရပါ။
အလိုမပြည့်တဲ့အခါ ကိုယ့်မပြည့်စုံမှုကို သတိရပါ။
မအောင်မြင်တဲ့အခါ ကိုယ့်ကြိုးစားမှုကို သတိရပါ။
မပိုင်ဆိုင်တဲ့အခါ အရင်းအနှီးကို သတိရပါ။
မွေးနေ့ပွဲတက်ရောက်ကြသော လူကြီးလူကောင်းများ
မှန်ပေမဲ့
ဒေါသဖြစ်ခါနီးစဉ်းစားပါ။ စိတ်တိုခါနီး စဉ်းစားပါ။
အကူအညီတောင်းခါနီး စဉ်းစားပါ။ အကြွေးတောင်းခါနီး စဉ်းစားပါ။
မှန်ရာကနေမှားတတ်တယ် ။
Saturday, January 23, 2010
စကားပြောသောပုံလေးများ (၃)
Sing from the Heart
Kiss like you meant it
Take a Bubble Bath
Be curious & show some initiative
Joke with your friends
Live with strong emotions
Send emails to your friends
Relex & Enjoy yourself after a Hard Day's Work.
Friday, January 22, 2010
မျောက်တစ်အုပ်နဲ့ဦးထုပ်သည်
 (ကောင်းသန့်)
တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ
သူ့အိမ်ကထွက်ပြီး ဈေးကို သွားရောင်းတယ်။
ဦးထုပ်တွေကို ခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး
အလယ်က၀ါးလုံးနဲ့ လျှိုပြီး ထမ်းလာတယ်။
နေပူလို့ ဦးထုပ်တစ်လုံးကို သူဆောင်းထားတယ်။
လမ်းတစ်ဝတ်မှာ ညောင်ပင်ကြီးတစ်ပင်အောက် သူရောက်လာတယ်။
ခြင်းတောင်းကြီးနှစ်တောင်းကို နေပူထဲမှာ ထမ်းလာရတော့ သူအလွန်မောနေပြီး။
ညောင်ပင်ကြီးရဲ့ အရိပ်အောက်ရောက်တော့ အေးမြသွားတယ်။
ခေတ္တထိုင်နားချင်စိတ်ပေါက်သွားတယ်။
ခြင်းတောင်းကြီးကို ပစ်ချပြီး ညောင်ပင်ကြီးကို မှီနားလိုက်တယ်။
ခြေပစ်လက်ပစ် အနားယူရင်း သူအိပ်ပျော်သွားတယ်။
အိပ်ယာက နိုးလို့ ကြည့်လိုက်တော့
သူ့ခြင်းတောင်းထဲမှာ ဦးထုပ်တွေ တစ်လုံးမှမရှိတော့ဘူး။
သူ့ရင်ဘတ်မှာ ကပ်ထားတဲ့ သူ့ဦးထုပ်ပဲကျန်တော့တယ်။
ဦးထုပ်တွေ ဘယ်ပျောက်သွားသလဲလိုက်ရှာတော့
ညောင်ပင်ပေါ်က မျောက်တစ်အုပ်ရဲ့ခေါင်းတွေပေါ်ရောက်ကုန်တယ်။
အဲဒီဦးထုပ်တွေ သူပြန်ရအောင် ဘယ်လိုလုပ်ရပါ့မလဲဆိုပြီး အကြံထုတ်တယ်။
သူက အားတဲ့အချိန်မှာ အမြဲစာဖတ်တဲ့အကျင့်ရှိတော့
ပြဿနာတစ်ခုကို ခေါင်းအေးအေးထားပြီး စဉ်းစားဖြေရှင်းတတ်တယ်။
နာရီဝက်လောက်စဉ်းစားပြီး သူအကြံရသွားတယ်။
သူ့လက်ထဲက ဦးထုပ်ကို ခေါင်းပေါ်မှာ ပြန်ဆောင်းပြီး
မျောက်တွေမြင်သာတဲ့နေရာကို ထွက်လိုက်တယ်။
မျောက်တွေမြင်လောက်ပြီထင်တော့မှ ဦးထုပ်ကိုချွတ်ပြီး ခေါင်းကုတ်ပြတယ်။
မျောက်တွေကလည်း သူ့ကို အတုခိုးပြီး ဦးထုပ်ချွတ်ခေါင်းကုတ်ကြတယ်။
ဒါနဲ့ပူလွန်းလို့ ဦးထုပ်တောင်မကိုင်ချင်တဲ့ပုံစံနဲ့
သူက ဦးထုပ်ကို မြေကြီးပေါ်ကို ပစ်ချလိုက်တယ်။
မျောက်တွေကလည်း သူလုပ်တာမြင်ပြီး သူတို့လက်ထဲက ဦးထုပ်တွေကို ပစ်ချလိုက်ကြတယ်။
ဒီတော့မှ သူဟာ မျောက်တွေပစ်ချတဲ့ဦးထုပ်တွေ
အလျင်အမြန်ကောက်ပြီး ခြင်းထဲထည့်လိုက်တော့တယ်။
ဒီနည်းနဲ့ မျောက်တွေလက်ထဲက ဦးထုပ်အားလုံးကို သူပြန်ရလိုက်သတဲ့။
နောင်နှစ်ပေါင်း (၂၀) ကြာတဲ့အခါ စောစောက ဦးထုပ်သည်ကြီးရဲ့ 
မြေးကလေးက ဦးထုပ်အရောင်းထွက်သတဲ့။
သူ့အဘိုးအိပ်စက်နားခဲ့တဲ့ညောင်ပင်ကြီးအောက်ရောက်တော့
ဦးထုပ်တောင်းကိုချပြီး အနားယူပြန်သတဲ့။
ခြေပစ်လက်ပစ်နားရင်း အိပ်ပျော်သွားတယ်။
အိပ်ရာက နိုးတော့ခြင်းထဲက ဦးထုပ်တွေမရှိတော့ဘူး။
ညောင်ပင်ပေါ်က မျောက်တွေခေါင်းပေါ်ရောက်နေတယ်။
ဒီတော့ သူ့အဘိုးပြောခဲ့ဖူးတာ အမှတ်ရပြီး
သူ့အဘိုးနည်းအတိုင်း ဦးထုပ်တွေပြန်ရအောင် ကြိုးစားတယ်။
သူက ဦးထုပ်ကိုချွတ်ပြီး ခေါင်းကုတ်တယ်။ မျောက်တွေကလည်း သူ့လိုလိုက်လုပ်တယ်။
သူက ဦးထုပ်တွေနဲ့ ယပ်ခတ်ပြပြန်တယ်။
မျောက်တွေကလည်း သူတို့ဦးထုပ်တွေနဲ့ ယပ်ခတ်ကြပြန်တယ်။
နောက်ဆုံးမှာ သူကလက်ထဲက ဦးထုပ်ကိုလွှင့်ပစ်လိုက်တယ်။
ပြီးတော့ သူ့လိုဦးထုပ်တွေ ပစ်ချမလားဆိုပြီး မျောက်တွေကို မော့ကြည့်တယ်။
ဘယ်မျောက်မှ ဦးထုပ်ကို ပစ်မချကြတော့ဘူး။ လက်ထဲမှာ အသေဆုပ်ကိုင်ထားကြတယ်။
သူလည်းအံ့သြငေးမောကြည့်နေတုန်း မျောက်တစ်ကောင်က
သူပစ်ချလိုက်တဲ့ဦးထုပ်ကို ကောက်ပြီး သစ်ပင်ပေါ်တက်သွားသတဲ့။
သစ်ပင်ပေါ် ပြေးမတက်ခင် အဲဒီမျောက်က သူ့ကို စကားတစ်ခွန်းပြောသွားတယ်။
´´မင်းမှာ အဘိုးရှိသလို ဒို့မှာလည်း အဘိုးရှိတယ်ဆိုတာ မမေ့နဲ့လေ´´ တဲ့။
အခက်အခဲတစ်ခုခု တွေ့ကြုံလို့ လုပ်နေကျ နည်းဟောင်းအတိုင်း
ဖြေရှင်းဖို့ တွေးမိတဲ့အခါ ဒီပုံပြင်လေးကို အမှတ်ရပါစေ…။
အတွေးသစ်ဂျာနယ်- အတွဲ(၁၀)၊ အမှတ်စဉ်(၄၅၀)မှ ကူးယူ မျှဝေခြင်းဖြစ်ပါသည်။
Thursday, January 21, 2010
စကားပြောသောပုံလေးများ (၂)
Fall in Love
Enjoy Nature
Make New Friends
Learn New Things
Dream
Update your Wardrobe
Listen to your Elders
Laugh a lot & Above all, Smile at life
Wednesday, January 20, 2010
ပြည်တွင်းဖြစ်နိုင်ငံခြားသား ကိုရွှေဗမာများသို့
ရေးသူ- လူထုစိန်ဝင်း
´´ ကျွန်တော်တို့ စိတ်ဓာတ်တွေ အများကြီး ပြင်မှကို ဖြစ်မယ်ခင်ဗျ။
သူများတွေနဲ့ အများကြီး ပြတ်ကျန်နေရစ်ပြီ``
စင်ကာပူမှာ ဆယ်နှစ်ကျော်သွားပြီး အလုပ်လုပ်နေခဲ့တဲ့ ကျောင်းသားဟောင်း တယောက် ခေတ္တပြန်လာတိုင်း၊ ကန်တော့နှုတ်ဆက်ရင်း ပြောလိုက်တဲ့ စကားဖြစ်ပါတယ်။ ဟိုနိုင်ငံ ဒီနိုင်ငံတွေက ပြန်ရောက်လာတဲ့ လူတိုင်းပြောမြဲ စကားမို့ မဆန်းတော့ပါဘူး။
ဘ၀င်လေဟပ်သူတွေရဲ့စကား
စိတ်ဓာတ်တွေ ပြင်ရမယ်လို့သာ ပြောတာ။
ဘာစိတ်ဓာတ်မျိုးတွေ ပြုပြင်ရမှာလဲ လို့တော့ တိတိကျကျ မပြောပါဘူး။
နိုင်ငံခြားပြန်တွေ ပြောနေကျ စကားတွေ ကြားရဖန်များလို့ ရိုးတောင်နေပြီ။
´´ မြန်မာတွေပျင်းတယ်``
´´မြန်မာတွေညံ့တယ်၊ ဖျင်းတယ်``
´´ မြန်မာတွေ စည်းကမ်းမဲ့တယ်``
´´ မြန်မာတွေ ကြိုးစားအားထုတ်မှု မရှိဘူး`` စတဲ့စတဲ့
အပေါ်စီးက ကြည့်တဲ့လေသံနဲ့ ပြောစကားမျိုးတွေ ဖြစ်ပါတယ်။
နွားနဲ့ရုန်းနေတာ ပျင်းတာလား။
မြန်မာတွေ ပျင်းတယ်ဆိုတာ ဘယ်သူတွေကို ကြည့်ပြီး ပြောတာလဲ။ မနက်အရုဏ် မလာခင်ထ၊ ထွန်ထယ်ကို ထမ်းပြီး လယ်ထဲဆင်း၊ တနေ့လုံး နေပူကြီးထဲမှာ
နွားနဲ့အတူ ရုန်းအလုပ်လုပ်၊
ညနေ၊ နေ၀င်ရီသရောမှ အိမ်ကို ပြန်ရတဲ့ မြန်မာနိုင်ငံရဲ့ ၈၀ ရာနှုန်း လောက်ရှိတဲ့ လယ်သမားတွေကို မြင်ဖူးကြလို့လား။ ခရီးသွားတဲ့အခါ အဝေးပြေး လမ်းမကြီးတွေမှာ လမ်းခင်းလမ်းပြင် လုပ်နေကြတဲ့ မြေတူး ကျောက်ထု လုပ်နေကြတဲ့ မိန်းမ၊ ယောက်ျား အလုပ်သမားတွေကိုတော့ မြင်ဖူးကြမှာပါ။ ခြစ်ခြစ်တောက် ပူလောင်နေတဲ့ လမ်းတွေပေါ်မှာ မျက်နှာလေးတခုပဲ ဖော်ထားပြီး တခေါင်းလုံးပုဆိုးနဲ့ ပတ်ရင်း အလုပ်လုပ် နေရှာကြတယ် မဟုတ်ပါလား။ သူတို့ ခြေထောက်တွေမှာ ဖိနပ်တောင် မပါကြပါဘူး။
 မြို့ရွာနဲ့ အလှမ်းဝေးကွာတဲ့ နေရာများမှာဆိုရင် လမ်းဘေးမှာပဲ သစ်ခက်တဲနန်းထိုးပြီးနေကြ၊ ချက်ပြုတ် စားကြရတာပါ။ ဒီလူမျိုးတွေကို ပျင်းသတဲ့လား။
တီထွင်လုပ်တတ်တဲ့လူတွေ
နောက်ပြီးတော့ မြို့တွေရွာတွေ သန့်ရှင်းမှုအားနည်းတာ၊ လမ်းပေါ်အမှိုက်ပစ်တာ၊
ကွမ်းတံတွေးထွေးတာ စတာတွေနဲ့ ပတ်သက်ပြီး
မြန်မာတွေ စည်းကမ်းလုံးလုံး မရှိဘူးလို့ အပြစ်ပြောကြတာ ရှိသေးတယ်။
စင်ကာပူများ သိပ်သန့်ရှင်းတာပဲလို့လည်း ခဏခဏ ပြောကြတယ်။
စင်ကာပူက လမ်းထောင့်တိုင်းမှာ ယူနီဖောင်းဝတ်ရဲတွေ စောင့်နေကြပြီး
စည်းမဲ့ကမ်းမဲ့ လမ်းဖြတ်ကူးသူတွေ၊ အမှိုက်ပစ်ချသူတွေကို
ချက်ချင်းဖမ်း ဒဏ်ရိုက်လုပ်တာတွေကျတော့ ထည့်မပြောကြဘူး။
ဘယ်နိုင်ငံက ဘယ်လူမျိုးမဆို ပညာအခြေခံနည်းပြီး စိတ်ယဉ်ကျေးမှု နိမ့်ကျသူတိုင်းဟာ ``ပြည်သူ့နီတိ´´ ကို လစ်လျူရှု တတ်ကြပါတယ်။
``ထွီ၊ ထွမ်´´ နဲ့ လူရှေ့သူရှေ့မှာ တံတွေးထွေးတဲ့နေရာမှာတော့ အရှေ့တိုင်းက လူဝါတွေလောက်ဆိုးတာ ဘယ်မှာမှ မတွေ့ဖူးပါဘူး။
သူတို့နဲ့စာရင် မြန်မာတွေက အများကြီးယဉ်ကျေးပါတယ်။
မြန်မာတွေက ရေသာခို အချောင်လိုက်စိတ် သိပ်ကြီးမားတယ်။
ကြိုးစားပမ်းစား မလုပ်ချင်ဘူးလို့လည်း စွပ်စွပ်စွဲစွဲ လုပ်လေ့ရှိကြတယ်။
နိုင်ငံခြားရောက် မြန်မာလူငယ်လေးတွေ အများစုဟာ နေ့အလုပ်၊ ညအလုပ် နှစ်ခုလုပ်ပြီး တပင်တပန်း ပိုက်ဆံရှာ နေကြတာတွေကို မမြင်လို့လား၊
တချို့များဆို အိပ်ရာဝင်တာတောင် အလုပ်ကပြန်တဲ့ အ၀တ်အတိုင်း
ဖိနပ်တောင် မချွတ်ဘဲ ၀င်ကြရပါတယ်။
မနက် အချိန်ကျတာနဲ့ အိပ်ရာထဲကတန်းပြီး အလုပ်ကိုပြေးနိုင်အောင်
အဆင့်သင့် လုပ်ထားရတာလေ။
မြန်မာတွေ ကြိုးစားသလား။ မကြိုးစားဘူးလား သိချင်ရင် သူများနိုင်ငံတွေမှာ လုပ်ခပေးသလိုပေးပြီး ခိုင်းကြည့်လိုက်စမ်းပါလို့ ပြောလိုက်ချင်တယ်။
မြန်မာတွေဟာ မပျင်းပါဘူး။ မညံ့ပါဘူး။ ဖျင်းလည်း မဖျင်းပါဘူး။ နိုင်ငံခြားသွားပြီး ပညာသင်တဲ့သူတွေ အားလုံးနီးပါးဟာ သူတို့ သင်ယူတဲ့ ပညာရပ်ကို ကောင်းကောင်းသင်ယူ နိုင်ကြတာချည့်ပါ။ စာမလိုက်နိုင်လို့ ပြန်လာရတယ် ဆိုတာ မရှိသလောက်ပါ။
ဘိလပ်သွားပြီး MRCP တို့၊ FRCS တို့လို ဘွဲ့တွေသွားသင်ယူတဲ့ ဆရာဝန်တွေ၊
စာမလိုက်နိုင်လို့ ပြန်လာရတယ်ဆိုတာလည်း မရှိသလောက်ပါပဲ။
မြန်မာလူမျိုးတွေဟာ လူသာဆင်းရဲချင် ဆင်းရဲမယ်။ ဥာဏ်ရည် ဥာဏ်သွေးမှာတော့ မဆင်းရဲပါဘူး။ အခွင့်အရေးရရင် ရသလို ဘာမဆိုဖြစ်အောင် လုပ်နိုင်ပါတယ်။
ကိုရွှေဗမာတွေ
မြန်မာတွေညံ့လို့ မတိုးတက်တာ၊ မြန်မာတွေ သိပ်ပျင်းတာ၊ သိပ်ဖျင်းတာလို့ ပြောကြသူများဟာ နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့
´´ ပြည်တွင်းဖြစ် နိုင်ငံခြားသား`` ကိုရွှေဗမာများသာ ဖြစ်ကြပါတယ်။
ကိုယ်တိုင်ဘာလုပ်နေကြတယ် ဆိုတာတော့ ပြန်မကြည့် ဘဲနဲ့ ပြည်တွင်းမှာ ရှိနေကြတဲ့ သူတွေကို စွပ်စွပ်စွဲစွဲ အရှက်မရှိ ပြောနေကြတာဖြစ်တယ်။
မြန်မာနိုင်ငံလောက် သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံ၊ အာရှတိုက် တတိုက်လုံးမှာ မရှိပါဘူး။ စားစရာအတွက်၊ နေစရာအတွက်၊ ၀တ်စရာအတွက် ဘာမှပူစရာမရှိပါဘူး။
ပြည်တွင်းမှာ လုံလုံ လောက်လောက်ရှိတယ်။ နောက်ပြီးတော့ ရေနံ ဓာတ်ငွေ့တွေလည်း ထွက်တယ်။ တခြား ဓာတ်သတ္တုမျိုးစုံနဲ့ ကျောက်သံပတ္တမြားတွေလည်းပေါတယ်။ ဒီသယံဇာတ ပေါကြွယ်ဝတာ တွေကို ခေတ်မီနည်းပညာတွေ အသုံးချပြီး ထုတ်ယူသုံးစွဲကြရမှာ မဟုတ်လား။
ရောင်းဝယ် ဖောက်ကားကြရမှာ မဟုတ်လား။
သတိပေးလိုက်ချင်တယ်
အခုတော့ အဲဒီလိုလုပ်ရမယ့် နိုင်ငံ့အညွန့်အဖူးတွေ၊ တိုင်းပြည်ရဲ့ ဦးနှောက်တွေက နိုင်ငံရပ်ခြားတိုင်းပြည်တွေအတွက်သွားပြီး အလုပ်လုပ် ပေးနေကြတယ်လေ။
မြန်မာနိုင်ငံက သင်ပေးလိုက်တဲ့ ပညာတွေနဲ့ သူများနိုင်ငံတွေ သွားအလုပ် လုပ်ပေးနေကြတာ အခြေအနေ အရ အခိုက်အတန့်အဖြစ် ကိုယ့်အကြောင်းနဲ့ကိုယ် သွားရောက် လုပ်ကိုင်နေကြရတာကို နားလည်နိုင်ပါတယ်။
အပြစ်မတင်ပါဘူး။
ဒါပေမယ့် ဘယ်မှမသွားဘဲ ကိုယ့်တိုင်းပြည်မှာ ကိုယ်နေပြီး တက်စွမ်းသလောက်
ကိုယ့်အား ကိုယ့်အင်နဲ့ ကိုယ့်တိုင်းပြည်အတွက် ကြိုးစား ရုန်းကန်နေတဲ့သူတွေကိုတော့ ပျင်းတယ်၊ ဖျင်းတယ်၊ စည်းကမ်းမဲ့တယ်၊ ရေသာခိုတယ် စတဲ့
စွပ်စွဲမှုတွေနဲ့ ပုတ်ခတ်စော်ကားမလုပ်ကြဖို့တော့ သတိပေးလိုက်ချင်ပါတယ်။
လူထုစိန်ဝင်း
(၃.၉.၂၀၀၈ ရက်နေ့ထုတ် Weekly Eleven အတွဲ(၃)၊ အမှတ် (၄၆) စာ-၂၀ မှ
လူထုစိန်ဝင်း၏ ဆောင်းပါးအား ကူးယူ ဖော်ပြသည်)
Tuesday, January 19, 2010
စကားပြောသောပုံလေးများ (၁)
Practice a New Sport
Accept New Challenges
Dare to Be Different
Freshen up your Ideas
Take care of your Looks
Learn another Language
Forget your Troubles
Make Peace with Life & People
Monday, January 18, 2010
ဘယ်လိုအခြေအနေမျိုးရောက်ရောက်
လယ်သမားတစ်ယောက်ရဲ့ မြည်းလေးတစ်ကောင်ဟာ အကာအရံမရှိတဲ့
လယ်ထဲက ရေတွင်းထဲ ကျသွားတယ်။
မြည်းလေးဟာ ရေတွင်းထဲကနေ အော်အော်ပြီးတော့ သူ့သခင်ကိုခေါ်တယ်။
လယ်သမားကြီးဟာ ဘာလုပ်ရမလဲလို့ တွေးတယ်။
နောက်ဆုံးတော့ လယ်သမားကြီးက စဉ်းစားတယ်။
ဒီမြည်းဟာ အိုလည်းအိုနေပြီ။
ရေတွင်းကလည်းမသုံးတာကြာတဲ့ ရေတွင်းဟောင်းကြီး ဖို့ပစ်တာ ကောင်းတယ်။
ဒီမြည်းကို ဆွဲတင်နေလို့မထူးဘူး။
အဲဒီလို တွေးပြီးတော့ သူ့သူငယ်ချင်း လယ်သမားတွေကို သွားခေါ်လာတယ်။
တစ်ယောက် ပေါက်ပြားတစ်လက်ဆီ ယုလာကြတယ်။
မြေကြီးတွေ တူးပြီး ရေတွင်းကို ဖို့ကြတယ်။
မြည်းလေးဟာ သူ့ကို မြေဖို့နေပြီဆိုတာသိတော့ ကြောက်ပြီး အသံကုန်အော်တယ်။
နောက်မကြာခင် မြည်းအော်သံတိတ်သွားတယ်။
တော်တော်ကြာတော့ လယ်သမားကြီးဟာ ရေတွင်းထဲ ငုံ့ကြည့်တယ်။
သူမြင်ရတာကို အံ့သြ သွားတယ်။
မြေကြီးတစ်ကော်စာဖို့လိုက်တိုင်း မြည်းလေးဟာ မြေကြီးတွေကို ခါချလိုက်ပြီး
မြေကြီးပေါ် လှမ်းတက်လိုက်တယ်။
ရေတွင်းပြည့်ခါနီးတော့ မြည်းလေးဟာ ရေတွင်းပေါ် ခုန်တက် ပြီးတော့
အားရ၀မ်းသာခုန်ပေါက်ပြီး ပြေးတော့တယ်။
လယ်သမားတွေက မြည်းလေးကို ကြည့်ပြီး သဘောကျလို့ တဟားဟားနဲ့ အားရပါးရ ရယ်ကြတော့တယ်။
ကိုယ့်ဘ၀အခြေအနေဟာ ကိုယ့်ကျောပေါ်ကို မြေတွေပုံမယ်။
ဒုက္ခကနေလွတ်အောင် လုပ်နည်းက ခါချပြီး တစ်လှမ်းတက်ဖို့ပဲ။
ဖို့လိုက်တဲ့မြေကြီးဟာ ကျောပေါ်မှာ မနေဖို့ပဲလိုတယ်။
ဖို့သမျှမြေကြီးဟာ ခြေထောက် အောက်ကို ရောက်သွားရမယ်။
(ဆရာတော် ဦးဇောတိက - စိတ်ချမ်းသာဖို့လိုရင်းပါ (စာမျက်နှာ ၁၅၁-၁၅၂))
သူငယ်ချင်းတွေ အားရှိစေဖို့ ရည်ရွယ်ပါတယ်
အရုပ်အတု အဆင်းအတု
ဆရာတော် အရှင်မြတ်များဘုရား
အချို့ဗုဒ္ဓဘာသာဝင်များသည် အိမ်မှာ ကိုးကွယ်ထားသည့် ဒက္ခိဏသာခါ ဆင်းတုတော်က မီးကွင်းတယ်၊ သူခိုးမ၀င်ရဲအောင် ကာကွယ်ပေးတယ်ဟု ယုံကြည်ကြပါသည်။ အဲဒီ ယုံကြည်ချက် မှန်ကန်ပါသလား ဘုရား။ ဗုဒ္ဓဘာသာကောင်းတစ်ယောက်ဖြစ်ရေးမှာ ဗုဒ္ဓဆင်းတုကို ကိုးကွယ်ပူဇော်မှုသည် အရေးကြီး ပါသလားဘုရား။ ရုပ်တုဆင်းတု ကိုးကွယ်မှုကို ဗုဒ္ဓကိုယ်တိုင် ခွင့်ပြုခဲ့ပါသလား။ မည်သည့် အချိန်က စတင်ပြီး ရုပ်တုဆင်းတု ကိုးကွယ်မှု စတင်ခဲ့ပါသနည်း။ သနားသောအားဖြင့် ရှင်းလင်းပေးစေလိုပါတယ် အရှင်ဘုရား။
မေ၀သန်ဦး၊
ခေတ္တ မလေးရှား
Answered By - ဆရာတော် ဦးကေလာသ
ဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 13 May 2008
ရုပ်တုကိုးကွယ်မှု
ဗုဒ္ဓဆင်းတုတော် ထုလုပ်ကိုးကွယ်မှုဟာ ဗုဒ္ဓကိုယ်တိုင် ခွင့်ပြုတော်မူခဲ့တဲ့ အတွေးအမြင်ဟုတ် မဟုတ်ဆိုတာ အတိအကျဆိုဖို့ ခဲယဉ်းပါတယ်။ ထေရ၀ါဒပိဋကတ်မှာ မြတ်ဗုဒ္ဓက မိမိရဲ့ဆင်းတုကို ထုလုပ်ကိုးကွယ်ရမယ် လို့ တိုက်ရိုက် မြွက်ဟထားတာာ မရှိပါဘူး။ ဓာတ်တော် မွေတော်တွေကို စေတီတည် ထား ကိုးကွယ်ဖို့တော့ ခွင့်ပြုခဲ့ပါတယ် (ဒီ ၂၊ ၁၁၀)။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေကို ပူဇော်ဂုဏ်ပြုတဲ့အနေနဲ့ ၎င်းတို့ရဲ့ သင်္ဂြိုဟ်ကြွင်းကို စေတီတည် ကိုး ကွယ်တဲ့ အဲဒီခေတ်အချိန်က အိန္ဒိယ ဓလေ့ထုံးစံအရ အဲဒီလို မိန့်တော်မူတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြတ်ဗုဒ္ဓအနေနဲ့ ရုပ်ပွားဆင်းတု ကိုးကွယ်မှုကို တားလဲ မတားမြစ်ပါဘူး။ ဗုဒ္ဓဆင်းတုကို ကိုးကွယ်လို တဲ့ အတွေးအမြင်ဟာ မြတ်ဗုဒ္ဓကို ရှိခိုးပူဇော်ဖို့နဲ့ ဗုဒ္ဓရဲ့တည်ငြိမ်အေးချမ်းတဲ့ ရုပ်သွင်ကနေ စိတ်ဓာတ် ခွန်အားကို ရရှိလိုတာကနေ စတင်ခဲ့တာဖြစ်နိုင်ပြီး ထေရ၀ါဒပိဋကတ်မှာရော သမိုင်းအရပါ ဗုဒ္ဓပရိနိဗ္ဗာန် စံပြီးနောက် နှစ်ငါးရာခန့်ထိ အိန္ဒိယမှာ ဗုဒ္ဓဆင်းတု တည်ရှိခဲ့တယ်ဆိုတာကို ဖော်ပြဖို့ ခိုင်လုံတဲ့ အထောက် အထား မရှိဘူးလို့ သုတေသီတွေက ဆိုပါတယ်။
ခြေတော်ရာစေတီ
ဗုဒ္ဓဆင်းတု ကိုးကွယ်မှု မတိုင်မီက ကြည်ညိုသူတွေဟာ ကြာပန်းပုံကို ဖြစ်စေ၊ မြတ်ဗုဒ္ဓရဲ့ ခြေတော်ရာ ပုံကိုဖြစ်စေ ပူဇော်ကိုးကွယ်ခဲ့ကြတယ်။ ဗုဒ္ဓ၀ါဒ အစောပိုင်းကာလမှာ ရုပ်ပွားဆင်းတု ကိုးကွယ်တာကို ဗုဒ္ဓ၀ါဒီအချို့ နှစ်သက်ကြဟန် မတူဘူး။ ဘာကြောင့်ဆို ဗုဒ္ဓရဲ့ ထူးခြားတင့်တယ်တဲ့ ရုပ်သွင်တော် ပျက်ယွင်း သွားနိုင်လို့ ဖြစ်ဖွယ်ရှိပါတယ်။ ဂရိနဲ့ဆက်သွယ်မိချိန်ကျမှ ဗုဒ္ဓဆင်းတု ထုလုပ်ကိုးကွယ်မှု ပြန့်နှံ့လာတယ်လို့ သမိုင်းသုတေသီတို့ ယုံကြည်ကြ ပါတယ်။ ဗုဒ္ဓဆင်းတု တည်ဆောက်မှု အနုပညာနဲ့ပတ်သက်ပြီး အိန္ဒိယလူမျိုးတွေကို ဂရိတို့က ကူညီအားပေးခဲ့ကြပါတယ်။ အဲဒီအချိန်ကစပြီး အခြား နိုင်ငံတွေမှာလဲ ရုပ်ပွားဆင်းတု ကိုးကွယ်မှု ခေတ်စားလာတယ်။ မိမိနိုင်ငံ လူမျိုးအသီးသီးရဲ့ ရုပ်သွင်ပုံဟန်တွေနဲ့ ဆင်းတုတွေ ထုလုပ်ခဲ့ကြတယ်။ ဗုဒ္ဓ ဘာသာ တစ်နိုင်ငံတည်းမှာပင် သမိုင်းခေတ် တစ်ခုနဲ့တစ်ခု မတူဘဲ သွင်ပြင်ဟန်ပန် အမျိုးမျိုး ထုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒက္ခိဏသာခါ
ဒက္ခိဏသာခါဆိုတဲ့ ပါဠိစကားက “တောင်ဖက်ကိုင်း”လို့ အဓိပ္ပာယ်ရပါတယ်။ ဗောဓိပင်ရဲ့ တောင်ဖက်ကိုင်း ကို ထုလုပ်တဲ့ ဆင်းတုလို့ ဆိုဖွယ်ရှိပါတယ်။ ဒက္ခိဏသာခါ ဆင်းတုအကြောင်းကို ပိုမို နားလည်ဖို့ဆိုရင် ဆက်လက်သုတေသန ပြုရဦးမှာပါ။ ဆင်းတုတော်ရဲ့ ပုံစံကလဲ တစ်မူထူးခြားနေပါတယ်။ ဘယ်ခေတ်က ဘယ်လိုအဓိပ္ပာယ်နဲ့ အဲဒီပုံစံမျိုး ထုလုပ်ခဲ့တယ်ဆိုတာကို ပညာရှင်တို့ တင်ပြပါကုန်။ ရုပ်ပွားဆင်းတု ကိုးကွယ်ရာမှာ ကိုးကွယ်ခံဆင်းတုက မီးကွင်းအောင် လေကွယ်အောင်လုပ်ပေးတယ်လို့ မယူဆသင့်ပါဘူး။ ဘာကြောင့်ဆို သက်တော်ထင်ရှား ဗုဒ္ဓဘုရားကိုယ်တိုင် အဲဒီလို လုပ်မပေးလို့ပါဘဲ။ ဗုဒ္ဓဆင်းတု ကိုးကွယ်တဲ့ ရည်ရွယ်ချက်က ဗုဒ္ဓဂုဏ်တော်ကို ပုံဖော်နိုင်ဖို့ပါ။ မြတ်ဗုဒ္ဓရဲ့ တည်ငြိမ်တဲ့ သွင်ပြင်၊ မေတ္တာတရား၊ သန့်ရှင်စင်ကြယ်မှုနဲ့ ပြီးပြည့်စုံ မှုတွေကို ထင်ဟပ်စေတဲ့ သင်္ကေတဟာ ကိစ္စမြားမြောင် လူ့ဘောင်ထဲက နေ့စဉ်လူမှုဘ၀ လှုပ်ရှားမှုတွေမှာ ရင်ဆိုင်ရဖွယ်ရှိတဲ့ အခက်အခဲတွေ၊ စိုးရိမ် ပူပန်မှုတွေကို ကျော်လွှားဖို့ စိတ်ဓာတ်အင်အားကို ရရှိစေပါတယ်။ စိတ်သက်ရာရမှု၊ စိတ်ဓာတ် ပြန်လည် လန်းကြွလာမှုတို့အတွက်လဲ ကြီးစွာ အထောက် အပံ့ပြုပါတယ်။ ဗုဒ္ဓဆင်းတုကို ပူဇော်ကန်တော့ဆဲမှာ သက်တော်ထင်ရှား ဗုဒ္ဓဘုရားရဲ့ ကြီးမြတ်တဲ့ ဂုဏ်ရည်တွေအပေါ်မှာ တစ်ခဏလောက် မိမိ စိတ်ကို တည်ကြည်စွာ ထားလိုက်နိုင်ရင် အဲဒီကြည်လင်တဲ့စိတ်ဟာ အမှန်ပင် ကောင်းကျိုးချမ်းသာကို ရရှိစေနိုင်ပါတယ်။
မီးကွင်း ဆင်းတု
တစ်ခါတစ်ရံ လူအများ ပူဇော်ခံ စေတီတော်နဲ့ ဆင်းတုတော်တွေမှာ ထူးခြားတဲ့ စွမ်းအင် သို့မဟုတ် တန်ခိုးတစ်မျိုး ရှိနေတတ်ပါတယ်။ ဗုဒ္ဓ၀ါဒဟာ ပရ လောကကို လက်ခံယုံကြည်ပါတယ်။ သူတော်စင် ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်အချို့ဟာ မိမိတို့ ပြုလုပ်တဲ့ ကုသိုလ်ထူးအတွက် ကွယ်လွန်ပြီးနောက်မှာ မိမိတို့ အထူးကြည်ညိုတဲ့ စေတီ သို့မဟုတ် ဗုဒ္ဓဆင်းတုတော်တွေကို စောင့်ရှောင့်လိုကြောင်း ဆုတောင်းကြတာ တွေ ရှိပါတယ်။ အဲဒီလို အစောင့်အရှောင့်တွေရှိရင်၊ အနည်းဆုံး အဲဒီဗုဒ္ဓဆင်းတုကို ကြည်ညိုတဲ့ ပရလောကသားတွေ ရှိခဲ့ရင်၊ ကိုယ်တိုင်ကလဲ ဗုဒ္ဓါနုဿတိ (ဗုဒ္ဓကိုအာရုံပြုမှု)နဲ့ ကြည်ညိုစိတ်တွေ အားကောင်းနေရင် အဲဒီဗုဒ္ဓဆင်းတုတွေရဲ့ ထူးခြားအံ့သြဖွယ်ကို ရံဖန်ရံခါ တွေ့မြင်ရဖွယ်ရှိပါတယ်။ အဲဒီအခါမျိုးမှာ အဲဒီဗုဒ္ဓဆင်းတုက မီးကွင်း လေကွယ် ဆိုတာမျိုးတွေ ဖြစ်နိုင်တယ်လို့ ဘုန်းကြီးအနေနဲ့ ယုံကြည်ပါတယ်။ ဆင်းတုဟာ ဆင်းတုပါပဲ။ အထဲမှာ ဗုဒ္ဓဓာတ်တော်မှ မရှိဘဲ။ ဒါကြောင့် ဗုဒ္ဓဆင်းတုက တိုက်ရိုက်ကြီးတော့ တန်ခိုးမပြတန်ရာပါဘူး။
မရှိ မဖြစ်လား
ဗုဒ္ဓ၀ါဒီတွေဟာ ဗုဒ္ဓဆင်းတော်ကို ဖူးမြော်ရခိုက် နှလုံးသားထဲမှာ ဗုဒ္ဓရုပ်သွင် ထင်မြင်လာပြီး ကြည်ညိုသဒ္ဓါ တိုးပွားပါတယ်။ အဲဒီကြည်လင်တဲ့ စိတ်ဟာ ကြည်ညိုသူ ဗုဒ္ဓ၀ါဒီကို အတွေးအကြံကောင်းတွေ ရစေပါတယ်။ စိုးရိမ်ပူပန်မှု၊ စိတ်ညစ်ညူးမှုတွေနဲ့ နေ့စဉ်ဘ၀ပြဿနာ အထွေထွေကို တဒင်္ဂမေ့ပျောက် ထားနိုင်ပြီး စိတ်ကို ကောင်းစွာ ထိန်းချုပ်နိုင်ဖို့ အထောက်အပံ့ပြုပါတယ်။ ဒါကြောင့် ဗုဒ္ဓဆင်းတုကို ကိုးကွယ်ကြတာလို့ နားလည်သင့်ပါတယ်။ ဗုဒ္ဓ၀ါဒမှာ ဓမ္မကို ကျင့်သုံးဖို့ ဗုဒ္ဓဆင်းတုကို ကိုးကွယ်ရမယ်လို့ အတင်းအကြပ် မတိုက်တွန်းပါဘူး။ ဗုဒ္ဓဆင်းတုတော် မရှိဘဲလဲ ဓမ္မကို ကျင့်သုံးနိုင်ပါတယ်။ ဗုဒ္ဓဆိုတာ လမ်းညွှန်သူသာဖြစ်ပြီး ဒုက္ခမှ လွတ်မြောက်ဖို့ဆိုရင် မိမိကိုယ်တိုင်ပဲ အားထုတ်ရပါတယ်။ ဒါပေမဲ့ ယဉ်ကျေးပြီး ကမ္ဘာတစ်လွှားက မျိုးဆက်တစ်ခုပြီး တစ်ခု လူသန်းပေါင်းများစွာရဲ့ စိတ်ဓာတ်အင်းအားကို ပေးစွမ်းနိုင်ခဲ့တဲ့ ဗုဒ္ဓနဲ့ ဗုဒ္ဓဂုဏ်တော်တွေကို အောင်မေ့နိုင်ဖို့ ဗုဒ္ဓဆင်းတုတော် လိုအပ်ပါတယ်။ ဗုဒ္ဓ၀ါဒီ တစ်ယောက်အနေနဲ့ မိမိအိမ်မှာ ဗုဒ္ဓဆင်းတု သို့မဟုတ် ဗုဒ္ဓရုပ်ပုံပန်းချီကားချပ် ထားရှိကောင်းပါတယ်။ ရှိပြီးဖြစ်ရင်လဲ အိမ်အလှပြဖို့ မဟုတ်ဘဲ ချီးမွမ်း ထောမနာပြုမဲ့ အရာ၊ စိတ်ဓာတ် အင်အားကို မြှင့်တင်ပေးမဲ့အရာ၊ ရိုသေပူဇော်မဲ့ အရာအနေနဲ့ အမြတ်တနိုး သိမ်းဆည်းထားပါလေ။
သူတို့အမြင်
တည်ကြည်တဲ့ ဗုဒ္ဒဆင်းတုတော်ပုံဟာ စံဝင်လှပပြီး အာရှယဉ်ကျေးမှုရဲ့ အဖိုးမဖြတ်နိုင်တဲ့အရာ ဖြစ်ပါတယ်။ ကမ္ဘာကျော် ဒဿန (တွေးခေါ်)ပညာရှင် တွေ၊ နိုင်ငံခေါင်းဆောင်တွေဟာ ကိုယ်တိုင် မြင့်မြတ်ထက်မြက်တဲ့ အတွေးအကြံတွေနဲ့ စိတ်ဓာတ်အင်အားကို ရရှိဖို့ ၎င်းတို့ရဲ့ စာဖတ်ခန်းထဲက စာပွဲပေါ်မှာ ဗုဒ္ဓဆင်းတုတော် ကို သိမ်းဆည်းထားလေ့ရှိကြပါတယ်။ သူတို့အများစုဟာ ဗုဒ္ဓ၀ါဒီတွေ မဟုတ်ပါဘူး။ ဗုဒ္ဓဆင်းတုနဲ့ ပတ်သက်လို့ အိန္ဒိယ၀န်ကြီးချုပ် ဟောင်း ပဏ္ဍိတ် နေရူး ဆိုပုံက “မှိတ်ထားသော မျက်လုံးအစုံအတွင်းမှ စိတ်ပိုင်းစွမ်းရည်အချို့ကို အထင်းသား တွေ့ရပြီး ကိုယ်အမူအရာတွင် အသက်ဝိညာဉ်ရှိသည့်အလား စွမ်းအင်များ ပြည့်လျှံနေ၏။ ခေတ်ကာလို့ ပြောင်းရွေ့သွားသော်လည်း ဗုဒ္ဓရှင်တော်မြတ်မှာမူ ဝေးကွာ၍ မသွားသေး။ ဗုဒ္ဓ၏အသံ သည် ကျွန်ုပ်၏ နားတွင်းသို့ တိုးညှင်းစွာ ကြားယောင်လာပါ၏။ လွတ်လပ်ရေး လှုပ်ရှားမှုမှ နောက်ဆုတ်မသွားရန် တည်ငြိမ်သော စိတ်ထားဖြင့် အန္တရာယ်ကို ရင်ဆိုင်ရန် ပြောပြနေသည့် အလားပင် ဖြစ်တော့၏။ ကျွန်ုပ် ထောင်ကျနေစဉ် ဤဆင်းတုတော်မြတ်အား ဖူးမြင်နေရခြင်းမှာ ကျွန်ုပ်အား ပြင်း ပြသည့် စိတ်ဓာတ်ခွန်အားကို ဖြစ်ပေါ်စေခဲ့ပါသည်”တဲ့။ ဒုတိယကမ္ဘာစစ်အတွင်းက ဗိုလ်ချုပ် ဟန်မီလ်တန်ဟာ မြန်မာနိုင်ငံ ဘုန်းကြီးကျောင်းပျက် တစ်ခုက ဗုဒ္ဓဆင်းတုတစ်ဆူကို ရရှိသွားပါတယ်။ အဲဒီဆင်းတုတော်ကို အဲဒီအချိန်က ဗြိတိသျှဝန်ကြီးချုပ် ၀င်စတန်ချာချီထံ ပေးပို့ပြီး စာတိုလေး ရေးပေးလိုက်ပုံက “ခင်းဗျား စိုးရိမ်ပူပန်သောကရောက်နေစဉ်မှာ ဟောဒီ ငြိမ်းချမ်းတည်ငြိမ်တဲ့ ဆင်းတု တော်ရဲ့ ရုပ်သွင်ကို တစ်ချက် ကြည့်လိုက်ပါ။ ပြီးတော့ ခင်းဗျားရဲ့ စိုးရိမ်ပူပန်မှုအပေါ် ပြုံးပစ်လိုက်စမ်းပါ” တဲ့။ အာရှအလင်းရောင်ကဗျာမှာ ဖော်ပြပုံက "This is that bloosom on our human tree Which opens once in many myriad years. But opened, fills the world with Wisdom's scent And Love's dropped honey. နှစ်ပေါင်း အသင်္ချေမှာ တစ်ခါသာ ပွင့်တဲ့ ပွင့်ပြီးရင် ကမ္ဘာကို ပညာရနံ့ မေတ္တာ ပျားရည်တွေ ပြည့်လျှံစေတဲ့ လူသားသစ်ပင်က ပန်းပွင့်” တဲ့
(from forwarded mail)
Saturday, January 16, 2010
မြက်ရိတ်သမား
တစ်နေ့
ကောင်လေးတစ်ယောက် စတိုးဆိုင်လေးမှာ ဆိုဒါ လာဝယ်တယ်
ဝယ်ရင်းနဲ့ ဖုန်းတစ်ခါလောက် ခေါ်ခွင့်ပြုဖို့ ဆိုင်ရှင်ကို ခွင့်တောင်းတယ်
ဆိုင်ရှင်က ဖုန်းဆိုင်မဟုတ်ကြောင်း
သို့သော်  တစ်ခေါက်တော့ ခေါ်ခွင့်ပြုမည်ဖြစ်ကြောင်း ပြန်ပြောပါတယ်
ဆိုင်ရှင်က ကောင်လေးဖုန်းပြောသံကို နားထောင်နေတယ်
ကောင်လေးက တစ်ဘက်က အဒေါ်ကြီးတစ်ယောက်နဲ့ပြောနေပုံရတယ်
“အဒေါ်ခင်ဗျား၊ အဒေါ့်ခြံထဲက မြက်ခင်းရိတ်တဲ့အလုပ် ကျွန်တော့်ကိုပေးပါလားခင်ဗျာ”
တစ်ဘက်က ပြန်ပြောတယ်
“တို့က တစ်ခြားတစ်ယောက်ကို အလုပ်ခန့်လိုက်ပါပြီကွယ်”
“အဒေါ်ရယ်၊ ကျွန်တော် အဒေါ့်ခြံကို အဒေါ် စိတ်တိုင်းကျဖြစ်အောင် ကြိုးစားပြီး ရိတ်ပေးပါမယ်   ဈေးကိုလဲ  အခုလက်ရှိ လုပ်ပေးနေတဲ့သူ ယူတဲ့ ဈေးနှုန်းရဲ့တစ်ဝက် ဈေးဘဲ ကျွန်တော်ယူပါ့မယ်”
တစ်ဘက်ကလဲ ပြန်ဖြေပါတယ်
“အခုလက်ရှိ သူ့ခြံကို ရိတ်ပေးနေတဲ့သူဟာ
သူ့စိတ်တိုင်းကျ လုပ်ပေးပြီးသား သူကျေနပ်ပြီးသားဖြစ်ပါတယ်” တဲ့။
ဒီတစ်ခါတော့ ကောင်လေးက ပိုပြီး ချိုသာ အောက်ကျို့တဲ့လေသံနဲ့
“အဒေါ်ရယ်….. ကျွန်တော် အဒေါ့်ခြံကို မြက်လဲရိတ်ပေးမဲ့အပြင် တစ်ခြံလုံးကို
တံမြက်စည်း လှည်းပေးပါ့မယ်၊
လမ်းတွေကိုလဲ သန့်ရှင်းရေးလဲ လုပ်ပေးပါ့မယ်
 ဒီလိုဆို နောက် တစ်ပတ် တနင်္ဂနွေနေ့ရောက်ရင်
အဒေါ်ခြံဟာ ဒီတစ်နယ်လုံးမှာ ဘယ်သူမှ မမှီတဲ့
အလှဆုံးနဲ့ အသန့်ရှင်း အသပ်ရပ်ဆုံး ခြံတစ်ခုဖြစ်လာမှာပါ၊
ကျွန်တော့ကို အလုပ်ခန့်ပါ အဒေါ်ရယ်”
တစ်ဘက်ကလဲ အလုပ်မခန့်ကြောင်းကိုသာ ပြန်ပြောပါတယ်
ကောင်လေးက ကျေကျေနပ်နပ်ကြီး ပြုံးလိုက်ပြီးတော့ ဖုန်းကိုချလိုက်ပါတယ်
ကောင်လေးရဲ့ ဖုန်းပြောသံကို အစအဆုံး နားထောင်နေတဲ့ ဆိုင်ရှင်က
ကောင်လေးဆီ လျှောက်လာပြီး
“ကောင်လေး၊ ဦးက မင်းရဲ့စိတ်ထားလေးကို သဘောကျတယ်
မင်းရဲ့အကောင်းဆုံးလုပ်ပေးချင်တတ်တဲ့သဘောထားကို လေးစားတယ်
ဒါကြောင့် ဦးလေး မင်းကို အလုပ်တစ်ခုခု ပေးချင်တယ်
မင်း   ဘယ်လိုသဘောရလဲ”
“ကျေးဇူးတင်ပါတယ် ဦးလေးရယ်၊ ကျွန်တော့ အတွက် အလုပ်မလိုပါဘူး
ကျွန်တော် လုပ်ပေးလိုက်တဲ့အလုပ်ကို
အလုပ်ရှင်က ကျေနပ်မှုရှိမရှိ
ကျွန်တော် ပြန်ဆန်းစစ် ကြည့်တာပါ
 ခုနက ကျွန်တော်နဲ့ ဖုန်းပြောတဲ့ အဒေါ်ကြီးက
ကျွန်တော် အခု အလုပ် လုပ်ပေးနေတဲ့ အလုပ်ရှင်ပါ”
(from forwarded mail)
အမေအို
ခြေတစ်လုံးအိမ်တိုင်ဘ၀နှင့် ကမ္ဘာအရှေ့မှအနောက် တောင်မှမြောက်သို့ ကျွန်တော်လေလွင့်နေခဲ့ သည်မှာ နှစ်ပေါင်းမနည်းတော့ပါ။ တစ်နှစ်ပြီးတစ်နှစ် အသက်ကြီးလာသလို အကြားအမြင် ဗဟုသုတ လည်း တိုးခဲ့သည်။ ကမ္ဘာ့ရွာ တစ်ဖြည်းဖြည်း ကျဉ်းလာသည်။ မွေးရပ်မြေကအမေ တစ်နေ့ထက်တစ်နေ့ အိုစာသွားခဲ့ သည်။
လွန်ခဲ့သောနှစ်(၂၀)က မွေးရပ်မြေ ရထားဘူတာမှအစပြုလို့ ကမ္ဘာကြီးကိုစူးစမ်းဖို့ ကျွန်တော်ခြေ လှမ်း စခဲ့သည်။ နှစ်ပေါင်း(၂၀)အတွင်း ပီကင်းမှရှန်ဟိုင်း၊ ကွမ်တုန်မှဟောင်ကောင်၊ နယူးယောက်ခ်မှ ၀ါရှင်တန်၊ တောင်အမေရိကားမှ တောင်အာဖရိကထိ၊ ထိုမှတဆင့် လန်ဒန်မှဆစ်ဒ်နီသို့ အလုပ်လုပ်ရင်း လှည့်လည်ရင်း ကျွန်တော်ရောက်ခဲ့ဖူးသော နိုင်ငံများ (၂၀) ကျော်ခဲ့သည်။ နေရာသစ် တစ်ခုရောက်တိုင်း စိတ်သစ်လူသစ် ပတ်ဝန်းကျင်အသစ်ဖြင့် ကျွန်တော်ပြောင်းလဲနိုင်ခဲ့ဖူး သည်။ သို့သော် စိတ်ထဲတွင် အမေ့ကိုလွမ်းဆွတ်မှုက ဘယ်တော့မှ မပြောင်းလဲနိုင်ခဲ့။
ဖုန်းကတ်လေးတွေပေါ်လာမှ အမေ့ကို မကြာခဏ ကျွန်တော်ဖုန်းဆက်နိုင်ခဲ့သည်။ ဖုန်းထဲတွင် အမေ၏အေးချမ်းသောအသံသည် ဘ၀၏စိန်ခေါ်မှုများကို ရင်ဆိုင်ဖို့ ကျွန်တော့်အတွက် အင်အား ပိုဖြစ်စေခဲ့သည်။ အမေ့၏အသံမှာ တစ်နှစ်ထက်တစ်နှစ် ပိုအိုစာသွားခဲ့သည်။ အမေ့နှင့် ဖုန်းပြောတိုင်း ကျန်းမာရေးကို ဂရုစိုက်ဖို့၊ အမေ့ကိုစိတ်မပူဖို့၊ နေရာတကာ သတိနှင့်သွားလာဖို့၊ ခွင့်ယူပြီး ပြန်မလာဖို့၊ ပြန်လာရင် ငွေကုန်ကြေးကျများပြီး အလုပ်အကိုင် ပျက်မည်ဖြစ်ကြောင်း ထပ်တလဲလဲပြောသည်။ ကျွန်တော် စိတ်မကောင်းဖြစ်မိသည်။ အမေကျွန်တော့်ကို လွမ်းနေပြီ တွေ့ချင်နေပြီဖြစ်ကြောင်း ကျွန်တော် သိလိုက်ပါသည်။
အမေ (၇၅) နှစ်ရှိပါပြီ။ ကျွန်တော် လက်ဘေးက အလုပ်တွေကိုချ၊ စိတ်ထဲက အစီအစဉ်တွေ ကိုဖျက်ပြီး အမေ့ဆီ တစ်လပြန်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်သည်။ ထိုတစ်လအတွင်း ဘာမှမလုပ် ဘာမှ မတွေးဘဲ အမေ့အနားတွင်နေမည်။ ကျွန်တော်ပြန်လာခဲ့မည့်အကြောင်း အမေကို ဖုန်းဆက် အကြောင်း ကြားပြီးနောက် အမေစတင် အစီအစဉ်ဆွဲတော့သည်။ မှတ်စုစာအုပ် တစ်အုပ်ဖြင့် ကျွန်တော်ကြိုက်သော အစားအစာများမှတ်၊ ကျွန်တော် ငယ်ငယ်ကကြိုက်သော အိပ်ရာခင်းကို ပြန်ပြင်ချုပ်၊ ကျွန်တော်ရောက် တုန်း အဆင်သင့်ဝတ်ဖို့ အ၀တ်အစားတွေ ပြင်ဆင်ရင်း အမေအလုပ်တွေ ရှုပ်နေခဲ့သည် ဆိုသည် ကို နောက်မှ ကျွန်တော်သိခဲ့ရသည်။
အသက် (၇၅) နှစ် ရှိနေပြီဖြစ်သော အမေ လှုပ်လှုပ်ရှားရှားလုပ်ရင်မောတတ်တဲ့အမေ ကျွန်တော် ပြန်လာဖို့အတွက် ပြင်ဆင်ရင်း မောဖို့ မေ့နေပြီဖြစ်ကြောင်း ကျွန်တော်ခံစားမိသည်။
အမေနှင့်တွေ့သည့်အခါ အမေ့ကို ပြေးပြီးဖက်လိုက်မည်ဟု စိတ်ကူးနှင့်လေယာဉ်ပေါ်တွင် ကြည်နှုးနေမိသည်။ တကယ်တမ်း အမေနှင့်တွေ့သောအခါ ကျွန်တော်ပြေးမဖက်မိ၊ အိမ်ပေါက်ဝတွင် ကြိုနေသော အမေသည် သစ်ခြောက်ပင်အိုနှင့် တူနေသည်။ မျက်နှာပေါ်က အရစ်အစင်းများကြောင့် အမေသည် အရင်ပုံရိပ်နှင့် မတူတော့။ အမေတော်တော် အိုစာသွားခဲ့ပါလား ။
အိမ်ပြန်ရောက်လျှင်ရောက်ခြင်း အရင်က ကျွန်တော်ကြိုက်ခဲ့သော ဟင်းများကို အမေစတင် ချက်ပြုတ်တော့သည်။ သို့သော် ထိုဟင်းများကို ကျွန်တော်မကြိုက်တော့ကြောင်း အမေကို မပြောဖြစ်ခဲ့။ မျက်စိမှုန်လာပြီဖြစ်သောကြောင့် ဟင်းများက ငန်တစ်ခွက်၊ ပေါ့တစ်ခွက် အရသာများအရင်နှင့် မတူတော့။ ကျွန်တော်အတွက် ပြင်ဆင်ထားသောအိပ်ရာခင်းမှာလည်း ဂွမ်းစစ်စစ်စောင်ထူကြီးတွေဖြစ်သည်။ ထိုစောင်ထူကြီးများကို ခြုံအိပ်ရသောအကျင့် ကျွန်တော်မှာ မရှိတော့။
ဂွမ်းစောင်အစား သိုးမွေးစောင် နုနုလေးပဲ သုံးတော့ကြောင်း အမေ့ကိုကျွန်တော် မပြောဖြစ်ခဲ့။ ကျွန်တော်ပြန်လာတာ အမေကိုလွမ်းလို့ တွေ့ချင်လို့ပဲလေ။
အိမ်ပြန်ရောက်စ နှစ်ရက်တွင် အလုပ်များရှုပ်နေသောကြောင့် အမေနှင့် စကားကောင်းကောင်း မပြောဖြစ်ခဲ့။ ပြောဖြစ်ပြန်တော့လည်း လူဖြစ်အင်များ၊ လူ့ဘ၀အကြောင်းများကို ထပ်သလဲလဲ ပြောနေ တော့သည်။ ထိုအကြောင်းများသည် လွန်ခဲ့သော(၁၀)နှစ်ခန့်က အမေအပ်ကြောင်းထပ်အောင် ပြော ခဲ့သောစကားများဖြစ်သည်။ ထိုအကြောင်းအရာနှင့် ကျွန်တော့်၏ဘ၀နှင့် အလုပ်အကြောင်းကို ခိုင်း နှိုင်းပြီး ပြောတော့သည်။ ကျွန်တော် စိတ်အနှောင့်အယှက်ဖြစ်လာလျှင် ထိုအကြောင်း အရာများ သည် ခေတ်နောက်ကျနေပြီဖြစ်ကြောင်း ပြောမိလျှင် အမေသည် တွေတွေလေးနှင့် တစ်နေရာရာ ကို ငေးကြည့်နေတတ်သည်။
မျက်စိများမှုန်ဝါးလာပြီ ဖြစ်သောကြောင့် အမေဟင်းချက်ရာတွင် သန့်ရှင်းမှုကိုဦးစား မ ပေးတော့ကြောင်း ကျွန်တော်သတိပြုလာမိသည်။ အမေချက်သောဟင်းထဲတွင် တစ်ခါတစ်ရံ ပိုးကောင် များ၊ ယင်ကောင်များ ပါလာတတ်သလို၊ ထမင်းဟင်းများ ကြမ်းပြင်ပေါ်သို့ကျလျှင်လည်း ပြန်ကောက် ထည့်လာတတ်သည်။ အခြေအနေများသည် ယခင်ကနှင့် မတူတော့။
အိမ်တွင်မချက်စားဘဲ ဆိုင်တွင် မှာစားရန်ပြောသောအခါ အပြင်စာများသည် ညစ်ပတ်ကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်ကြောင်း ပြောသည်။ ထမင်းချက် အဖော်တစ်ယောက် ရှာထားခဲ့မည်ဟု ပြောပြန် လျှင် အမေသည် “ငါလှုပ်ရှားနိုင်သေးတယ်။ ငါမအိုသေး” ဟု ကျွန်တော့်ကို စိတ်ဆိုးလေသည်။
ကျွန်တော်မြို့ထဲသို့သွားလျှင် အမေလည်းလိုက်ချင်သည်။ နောက်ဆုံးတွင် အမေခြေလှမ်းကြောင့် လိုရာသို့ မရောက်နိုင်ခဲ့။ အကြောင်းအရာ တစ်ခုခု ဆွေးနွေးမိပြန်လျှင်လည်း ကျွန်တော်အယူအဆ များသည် မှားနေပြီဖြစ်ကြောင်း၊ လမ်းမှားလိုက်နေပြီ ဟုအမေထင်နေသည်။ အရာရာတိုင်းသည် ခေတ်နှင့် အညီ တိုးတက်နေ ပြီဖြစ်ကြောင်းကို ကျွန်တော်အားမနာစွာ အမေ့ကိုပြောဖြစ်ခဲ့သည်။
နောက်ပိုင်း အမေနှင့်ပြောဖြစ်သော စကားတိုင်းတွင် ကျွန်တော်သည် စိတ်အနှောင့်အယှက်ဖြစ်ပြီး စကား လမ်းကြောင်းလွဲခြင်းများကို လုပ်လာမိသည်။ ကျွန်တော် စိတ်မရှည်သောအချိန်တွင် စကားသံကို အကျယ်ကြီး ပြောမိခြင်း၊ စကားဖြတ်ခြင်းများ ပြုလုပ်မိသောအခါ အမေသည် ပြောလက်စ စကားကိုရပ်ပြီး
တွေတွေလေးနှင့် နှုတ်ဆိတ်နေတတ်သည်။ ခွင့်တစ်လပြည့်၍ ကျွန်တော်ပြန်ခါနီးအချိန်တွင် အမေသည် ကုတင်အောက်က သေတ္တာဟောင်းတစ်ခုဖြင့် နှစ်ရှည်လများ သိမ်းထားသော သတင်းစာဖြတ်ပိုင်းများကို ကျွန်တော်အား ပေးလေသည်။ ထိုသတင်းစာဖြတ်ပိုင်းများမှာ ကျွန်တော် ပြည်ပရောက်စဉ် ကျွန်တော် ရောက်ခဲ့ဖူးသမျှနိုင်ငံတွင် ဖြစ်ပျက်ခဲ့ဖူးသော သတင်းများပင်ဖြစ်သည်။ ကျွန်တော်ကို ပြရန်
ထိုဖြတ်ပိုင်းများကို ဂရုတစိုက်ညှပ်ပြီး အမေသိမ်းထားခြင်းဖြစ်သည်။ ကျွန်တော်လက်ထဲသို့အပ်ပြီး ကျွန်တော်နှင့်အတူ ယူဆောင်သွားစေလိုသည်။ မျက်မှန်ထူကိုတပ် စာဖတ်တိုင်း အားစိုက်ရတဲ့အမေ၊ သတင်းစာတစ်မျက်နှာချင်းကို ကုန်အောင်ဖတ်ပြီး ထိုဖြတ်ပိုင်းကို မည်မျှခက်ခက်ခဲခဲ ညှပ်ခဲ့သည် ဆိုသည်ကို ကျွန်တော်အသိ။ သို့သော် အသုံးမ၀င်တော့သော ထိုသတင်းစာများကို ကျွန်တော် ယူမသွားချင်ပေ။
ကျွန်တော်တွေဝေနေသည့်အခိုက်တွင် အမေ့လက်ထဲမှ ဖြတ်ပိုင်းလေး တစ်ခု လွှင့်ကျသွားသည်။
ကျွန်တော်ထက်ဦးအောင် အမေက ကောက်ယူလိုက်ပြီး အင်္ကျီအိတ်ထဲသို့ ထည့်လိုက်သည်။ “ဘာဖြတ်ပိုင်းလေးလဲ မေမေ ကျွန်တော့် ကိုပြပါလား” အမေ တွေတွေလေးနှင့်ကမ်းပေးပြီး ထမင်းစားခန်း သို့ ထွက်သွားလိုက်သည်။ ကျွန်တော်ချက်ချင်း ဖတ်ကြည့်လိုက်မိသည်။ “ငါအိုသွားတဲ့အခါ”ဟုခေါင်းစဉ်တပ်ထား သော ၂၀၀၄ နှစ် ၁၂ လပိုင်း ၆ရက်နေ့က ဆောင်းပါးလေး ဖြစ်သည်။ ဆောင်းပါးလေးမှာ
“ငါအိုသွားတဲ့အခါ”
ငါအိုသွားတဲ့အခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး၊
ငါ့ကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့အခါ၊
ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊
ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။
အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ
ကျေးဇူးပြုပြီး နားထောင်ပေးပါ၊
ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တည
ပုံပြင်တွေကို မရိုးအောင် ပြောရင်း ငါချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။
မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီ လိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့၊
ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။
ခေတ်သစ်၊ နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့၊
ငယ်ငယ်တုန်းက “ဘာကြောင့်”ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ
ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။
စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျောက်နိုင်တဲ့အခါ
ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါကိုကူတွဲပေးပါ၊
လမ်းလျောက်သင်စ အရွယ်တုန်းက
တစ်လှမ်းချင်း လှမ်းလျောက်ကျင့်ပေးခဲ့ ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။
အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီဘဲ အကြောင်းအရာတွေကို
ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ၊ စကားအကြောင်းအရာတွေက
ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။
တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊
နားလည်ပေးပါ အားပေးပါ၊
အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို
အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံး အချိန်တွေအတွက် အဖော်ပြုပေးပါ။
အချစ်နဲ့အေးမျှမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။
အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။
ကျွန်တော် မျက်ရည်မကျအောင် ထိန်းထားရင်း မနားတမ်းဆုံးအောင် ဖတ်လိုက်မိသည်။ ကျွန်တော် သေတ္တာထဲက အကောင်းဆုံး အ၀တ်တစ်စုံကို ထားခဲ့ပြီး ထိုဖြတ်ပိုင်းများကို ထည့်လိုက်သည်။ ကျန်သော ဖြတ်ပိုင်းများက ကျွန်တော်အတွက် အသုံးမ၀င်သော်လည်း ထိုဆောင်းပါးပါ သော ဖြတ်ပိုင်းလေးမှာ ကျွန်တော် ဘယ်နေရာ ရောက်ရောက် ကျွန်တော် အပါးအမြဲမခွာတော့။ ယခုထက်ထိ ထိုမှန်ဘောင် သွင်းထားသော ဖြတ်ပိုင်းလေးမှာ ကျွန်တော်စာကြည့် စားပွဲပေါ်တွင် ရှိနေသည်။
ကျွန်တော်လို့ဘ၀တူ အမိမြေကိုခွဲပြီး အမေနှင့် ဝေးနေသူများ အတွက် ထိုဆောင်းပါးကို တင်ပြလိုက်ပါသည်။
အမြဲဖုန်းမဆက်နိုင်သော်လည်း အခါကြီး ရက်ကြီးများတွင် အမေ့ကိုဖုန်းဆက်ပြီး သတိရကြောင်း၊ ကျန်းမာကြောင်း၊ အမေချက်သော ဟင်းများကို စားချင်ကြောင်း...............