Tuesday, September 21, 2010

အသိနဲ့ ကိုယ်ကျင့်


အသိသည် အသိသာ ကိုယ်ကျင့်မဟုတ်။
သိတိုင်းမကျင့်လျှင် သိနေရုံဖြင့် အကျိုးမရ။
ကျမ်းစာတို့သည် သိအောင်သာ ညွှန်ပြနိုင်သည်။
ကျင့်၍ မပေးနိုင်ကြ။
ယခုကာလ စာပေလိုက်စားသူ၊ အဆုံးအမ များများခံရသူတို့သည်
အသိမနည်းလှချေ။
သို့သော် ထိုသိသူများတွင် အထိုက်အလျောက် စောင့်စည်းသူ
သတိထားသူကား အလွန်နည်းပါးလှ၏။
ထိုကဲ့သို့ လူစားတွေ ပေါများနေသော ဤကမ္ဘာလောကကြီးဝယ်
လူကောင်း သူကောင်းများပင် စိတ်ထားကောင်းဖို့ ခဲယဉ်းလေတော့သည်။
 
အရှင်ဇနကာဘိဝံသ (ကိုယ်ကျင့် အဘိဓမ္မာ)
@MMCYBERMEDIA