Saturday, September 4, 2010

ဘမ်းစကားအဆက် (၁)

စကားလုံး - ဥာဏ်တိမ်
အဓိပ္ပါယ် - ဥာဏ်မရှိခြင်း
ဥပမာ - မင်းတော်တော်ဥာဏ်တိမ်တဲ့ကောင်ပဲ

ဒီဘမ်းစကားကို
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဆရာတော်ကြီးတစ်ပါးပြောတာ ကြားခဲ့ဘူးတယ်။
သာသနာ့တက္ကသိုလ် မဟာဝိဇ္ဇာတန်းစာသင်သားဟာ
ဘွဲ့ရဘို့အတွက် ဘွဲ့ယူစာတမ်းရေးရပါတယ်။
အဲ့စာတမ်းကို ပြင်ပပညာရှင်ဆရာတော်တွေကို ပြပြီး
သူတို့ရဲ့ ထောက်ခံမှု၊ အတည်ပြုမှု လက်မှတ်ကို ရယူရပါတယ်။ ။
သူငယ်ချင်းတစ်ပါး သူ့စာတမ်းကို ပြင်ပပညာရှင်ဖြစ်တဲ့ တောင်ပြင် ဘုရားကြီးအနီး
မြင်းဝန်မင်းကြီးတိုက်က နာမည်ကြီးဆရာတော်ကို သွားပြတယ်။
ဆရာတော်ကို ဆရာတော်ဦးထွန်းတင် လို့ပဲ လူသိများတယ်။
သက်တော် (၇၀) ကျော်လောက်တော့ ရှိပြီ။
စာတမ်းသွားပြတဲ့ သူငယ်ချင်းနဲ့ ဆရာတော်ဦးထွန်းတင်တို့ ဟိုအကြောင်း ဒီအကြောင်းပြောရင်း
 အဲ့အချိန်က တိုင်းသံဃနာယက ဥက္ကဋ္ဌလုပ်နေတဲ့ ဆရာတော်ကြီးအကြောင်းရောက်သွားတယ်။
ဥက္ကဋ္ဌဆရာတော်ကြီး ပါဠိသဒ္ဒါကျမ်းတစ်ဆောင်ပြုထားကြောင်း၊
အဲ့ကျမ်းစာကို ဆရာတော့်အနေနဲ့ ဘယ်လိုယူဆပါသလဲ လို့ သူငယ်ချင်းက မေးတော့
ဆရာတော်ဦးထွန်းတင်က
‘တိမ်ပါတယ်ကွာ’ တဲ့။

စကားလုံး - လန်ထွက်နေတယ်
အဓိပ္ပါယ် - အကောင်းစား ၊ အမိုက်စား..အမှန်အကန်လေး
ဥပမာ    - ယောက်ဖ ငဂျောက်ရေ မင်းညီမကတော့ လန်ထွက်နေတယ်ကွာ။ ပိာပိာ

စကားလုံး - လန်းတယ်
အဓိပ္ပါယ် - အကောင်းစား ၊ အမိုက်စား..အမှန်အကန်လေး
ဥပမာ    - ပော့ကောင် ငဂျောက် ငါ့ စတိုင်က လန်းသလောက် မင်းစတိုင်က ဂွမ်းလိုက်တာကွာ။ ငါနဲ့ဝေးဝေးကလျှောက်။

စကားလုံး - ဂျွတ်တယ် (dota ဂိမ်းဆော့သူတွေပြောတာပါ။)
အဓိပ္ပါယ် - ကောင်းသော
ဥပမာ    - ဟေ့ကောင် မင်းအကောင်ကဂျွတ်တယ်ကွ  ငါဘယ်လိုနိုင်တော့မလဲ။
ရေးသူ - ရန်ဗိုလ်

ကျွန်တော် ပြောသာပြောနေရတာ အဓိပ္ပယ်တကယ်မသိဘဲနဲ့ ပြောနေရတဲ့ စကားလုံးတစ်လုံးရှိတယ်ဗျ၊ သိသလိုလိုနဲ့ ဘာမှန်းမသိဘူးဖြစ်နေတာ အဲဒီစကားလုံးကို။ သိသူများ တစ်ချက်လောက်ရှင်းပြပေးကြပါ။
အဲဒီ စကားလုံးက တော့ "ကျွတ်ဆင်" ဆိုတာပါပဲ။

ကျွတ်ဆင်ဆိုတာ ဆင်ကြီးဘောင်းဘီကျွတ်တာနေမှာပေါ့ဗျာ.. ဟီးဟီ

စကားလုံး - ကျွတ်၊ ကျွတ်ကျဲ၊ ကျွတ်ဆင်
အဓိပ္ပါယ် - ကြောက်သည်၊ ကြောက်စရာကောင်းခြင်းကို ဆိုလိုသည်
ဥပမာ    - အာ အဲ့ကောင်က ကျွတ်ဆင်ကြီး။ သိပ်ကျွတ်မနေပါနဲ့ကွာ။ မင်းမသိလို့ပါ ငါပေါက်ကွဲရင် သူကျွတ်ကျဲနေတာ။
ရေးသူ - မယ်တင်
 တခြား အဓိပါယ်ရှိလဲ ရေးပေးပါ

စကားလုံး - ပူစီဘဲ
အဓိပ္ပါယ် - ကြောင်တောင်တောင်ဖြစ်နေသူ
ဥပမာ    - ဒီကောင်ကတော့ ပူစီဘဲကွာ
ရေးသူ - berhad
ပူစီဆိုတာ နောက်တမျိုးရှိသေးတယ်ဗျာ။ လွန်ခဲ့တဲ့ ၁၀နှစ်လောက်ထဲကသုံးနေတဲ့ အသုံးနှန်းလေး တခုပါ။
မှတ်မှတ်ရရ ကျနော် ၈တန်းနှစ်မှာ အခန်းထဲက နှစ်ကျ အကိုကြီးတယောက် ပြောနေတာကို ကြားဖူးတာပါ။ လူငယ်တွေ တော်တော်များများလဲ သိကြပါတယ်။

အဓိပ္ပါယ် - ပြစ်တဆာမ၊ --ာသည်မ
ဥပမာ    - ဒီကလပ်က ပူစီများတယ် သိပ်မသန့်ဘူးကွ။
ရေးသူ - မျောက်ကျော်

စကားလုံး - ဘန်းကျော်
အဓိပ္ပါယ် - ဘန်းထားသမျှကို ကျော်ကျော်သွားနေရသည်
ဥပမာ    - ဒီနေ့ ဘန်းကျော်က connection တော့ကွာ .    ..
ရေးသူ - berhad

စကားလုံး   =    ချိုချောင်
အဓိပ္ပါယ်    =    ကလေးကအချိုကြိုက်တယ် ။ အချောင်ရတာလိုချင်တယ်။
ဥပမာ       =    မင်းကချိုချောင်ပဲကွာ။

စကားလုံး    =    ဂျဗလွတ်
အဓိပ္ပါယ်   =   အပေါ်ယံကဟန်သာရှိပြီး တကယ်တန်းအတွင်းစိတ်မှာ ဘာမှမရှိတဲ့သူ
            အကာရှိပြီး အနှစ်မရှိတဲ့သူ
ဥပမာ      =   ဒီဘဲကြီးက ဂျဗလွတ်ကြီးပါကွာ။

စကားလုံး...အဒေါ့ခြံ
အဓိပ္ပါယ် ....Adult channel
ဥပမာ...ကိုဗိုင်းရပ်ကြီးသည် တစ်ညလုံး အဒေါ့ခြံထဲတွင် ရှိနေသည်။

စကားလုံး- မျောက်မူးလဲ
အဓိပ္ပါယ်- မျောက်တောင်မူးလဲအောင် ကစားသောသူ (တင်စားခေါ်ဝေါ်ခြင်း)
ဥပမာ- ဒီကလေးကတော့ မျောက်မူးလဲလေး..ထိန်းလို့ကိုမရဘူး..
မုရင်း website က http://mmcybermedia.com တဲ့။