Friday, September 3, 2010

ဘမ်းစကား

ငယ်စဉ် အင်္ဂလိပ်စကားပြောသင်တုန်းက 
How are you? I am fine, Thanks စတာတွေသင်ပြီးတော့ 
လူဆရာတစ်ယောက်နဲ့ တွေ့တယ်။
သူ့နာမည်က ဦးစိန်ဝင်းတဲ့။ (လူထုစိန်ဝင်းမဟုတ်ပါ။)
သူက တခါတခါ You banana, Potato- head စသဖြင့် 
ဘမ်းစကား Slang တွေ ထည့်ထည့်ပြောတယ်။
နားမလည်ဘူး။
ဘာတွေ ပြောနေမှန်းကို မသိဘူး။ 
အဲ့ဆရာက ဆက်ပြောတယ်။
အင်္ဂလိပ်စာ အင်္ဂလိပ်စကားပြည့်ပြည့်စုံစုံတတ်ချင်ရင် 
ဒီ ဘမ်းစကားတွေကိုလည်း သိထားရမယ်တဲ့။
အဲ့ကတည်းက အင်္ဂလိပ်ဘမ်းစကားတွေကို လေ့လာဖြစ်တယ်။
မနေ့က အားနေတာနဲ့ online မှာ ဟိုဟိုဒီဒီ  ကြည့်ရင်း
မြန်မာ ဘမ်းစကားလေးတွေကို သွားတွေ့တယ်။
ငယ်ငယ်ကတည်းက အင်္ဂလိပ် ဘမ်းစကားတွေကို စိတ်ဝင်တစားရှိခဲ့တဲ့သူ
အခု မြန်မာ ဘမ်းစကားတွေကို တစုတစည်းတည်း သွားတွေ့တော့
အငယ်တုန်းက ထခဲ့တဲ့ ပိုးက ပြန်ထလာတယ်။
တချို့မြန်မာဘမ်းစကားတွေက ရဟန်းတော်တစ်ပါးအနေနဲ့ တင်ပြဘို့ မသင့်တော်ပေမဲ့
ငယ်မူငယ်သွေး (တနည်းအားဖြင့်) ငယ်ပိုးက မနေနိုင်ဘူး။
မနေနိုင်လို့ ရဟန်းတော်ရဲ့ blog မှာ တင်လိုက်တယ်။
နားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အဲ့ website မှာတော့ ဘမ်းစကားကို gawdi တဲ့။

စကားလုံး - ဂေါ်ဒိုင်
အဓိပါယ် - ၁။ ဘမ်းစကားရဲ့ ဘမ်းစကား၂။ ဂေါ်လီတွေပြောသောစကား
ဥပမာ - စော်လေးက ဂေါ်လီမလေးပဲ ဂေါ်ဒိုင်တွေကြီး လွှတ်ပြသွားတာ။
ရေးသူ - မျောက်မျောက်

စကားလုံး - ဖော
အဓိပါယ် - ၁။ ပေါက်ကရလျှောက်ပြောသည် ၂။ လိမ်ညာပြောဆိုတယ်
ဥပမာ - လာဖောမနေနဲ့ ဟရောင် ။
ဟိုကောင် စော်ကြီးကို သွားဖောလိုက်တာ ယုံသွားတယ် ဟရောင်ရေ
ရေးသူ - မယ်တင်

စကားလုံး - အချဉ်
အဓိပါယ် - ၁။ သူတပါးအား ယုံလွယ်သူ ၂။ ဖောသမျှ အကုန်ယုံသူ
ဥပမာ - အချဉ်လေးကွာ သနားပါတယ်။ အချဉ် တစ်ကောင်တွေ့လာတယ်ဟေ့
ရေးသူ - မယ်တင်

စကားလုံး - အကစ်လေး
အဓိပါယ် - ၁။ အမိုက်စားလေး၂။ အကောင်းစားလေး
ဥပမာ - စော်လေးက အကစ်လေးကွာ။
ရေးသူ - မယ်တင်

စကားလုံး - ဂွမ်းတယ်
အဓိပ္ပါယ် - ညံဖျင်းသော ၊ ဆိုးသော ၊ မကောင်းသော..
ဥပမာ    - မင်းသီချင်းကလည်းကွာ ဂွမ်းလိုက်တာ.
ရေးသူ - ရန်ဗိုလ်

စကားလုံး - ကဂျောင်
အဓိပ္ပါယ် - ညံဖျင်းသော ၊ ဆိုးသော ၊ မကောင်းသော၊ တောကျသော။ ပုံ တုံးသော ၊ ဘုကလန့်နိုင်သော ..
ဥပမာ    - မင်းစော်ကလည်းကွာ ကဂျောင်ကြီး တိုက်ကော။

စကားလုံး - ပိန်းတယ်
အဓိပ္ပါယ် - ညဏ်ထိုင်သော. ညံသော.
ဥပမာ    - မင်းကလည်းကွာ ပိန်းလိုက်တာ လွန်ရော။

စကားလုံး - ကမ်းတယ်
အဓိပ္ပါယ် - သဘောကျ၍ အရာရာကို ပေးကမ်းသည်။
ဥပမာ    - ပော့ကောင် မင်းစော်လေးက မင်းကို ကမ်းလှချည်လားကွ...
 ရေးသူ - မျောက်ကျော်

စကားလုံး - ဥာဏ် တိမ်
အဓိပ္ပါယ် - ဥာဏ်မရှိ ခြင်း
ဥပမာ - မင်း တော် တော် ဥာဏ်တိမ် တဲ့ ကောင် ပဲ
မုရင်း website က http://mmcybermedia.com တဲ့။