Saturday, July 31, 2010
သားအပြန်ကို မကြိုနိုင်တော့ပြီ
သေခြင်းဆိုတာ မဆန်းပါဘူး။ ဒါပေမဲ့ကျန်ရစ်သူတွေကတော့ ကြေကွဲရတာချည်းပါပဲ။
ကျန်ရစ်သူနဲ့ ချန်ရစ်သူ...
ဘယ်သူဖြစ်ဖြစ် မျှော်လင့်ချက်လေးတွေပြည့်မသွားတာတော့ စိတ်မကောင်းစရာပါ။
ရှေ့ကသွားနှင့်သူ ဇနီး အကြောင်း ဖခင်ဖြစ်သူက ဒီလို ကဗျာဖွဲ့သတဲ့..။
သားအပြန်ကို မကြိုနိုင်တော့ပြီ 
နှုတ်ပြောချိုချို၊ ဘယ်သူကိုမျှ၊
ရန်လိုစကား၊ မပြောကြားခဲ့၊
သား သုံးယောက်ပင်၊ ဖွားသန့်စင်၍၊
ကြည်ရွှင်မေတ္တာ၊ ကရုဏာနှင့်၊
ချီကာ ပိုက်ခြုံ၊ နေစာလှုံခဲ့၊
လုံးစုံမေတ္တာ၊ စေတနာနှင့်၊
သဒ္ဓါပြည့်လှိုင်၊ စာအုပ်ဆိုင်ကို၊
ဖြန့်လှိုင်ငှားရမ်း၊ အလုပ်ကျွမ်းခဲ့၊
တခန်းရွှေဆိုင်၊ ဖွင့်လှစ်နိုင်ခဲ့။
ကျန်းမာရေးမူ၊ နှလုံးသွေးဆူ၍၊
လွယ်ကူစုံပြီး၊ ဆေးရုံကြီးသို့၊
တက်ပြီး ကုသ၊ ပျောက်ကင်းရ၏။
ထိုမှ နောင်တွင်၊ ရုပ်သွင် ဆင်းဝါ၊
မျက်စိ ၀ါ၍၊ ရောဂါသုတ၊
ရှာဖွေရသည့်၊ ဌာနစစ်သည့်၊
ဓာတ်မှန်ကြည့်သော်၊ ကြီးသည့် ကင်ဆာ၊
ဝေဒနာကြောင့်၊ အစာမစားချင်၊
သို့ဖြစ်အင်ကို၊ ယင်းတွင်ဖယ်ခွာ၊
ဆွဲထုတ်ပါသော်၊ အောက်မှာခြောက်လျက်၊
ကျောက်ကပ်ပျက်၍။
ရွက်ဝါကြွေဟောင်း၊ လတပေါင်း၏၊
နှောင်း ဆယ်ရက်စေ့၊ သောကြာနေ့တွင်၊
မွေ့မွေ့ညင်သာ၊ တရားမှတ်ကာနှင့်၊
၈ နာရီခွဲ၊ လောကထဲမှ၊
ခွဲခွာထွက်သွား၊ မိခင်အားကို၊
သနားစိတ်ပို၊ မျက်ရည်ယိုကြ၊
ထိုသည့်နောက်နေ့၊ စခန်းစေ့အောင်၊
ပြုဆောင်ပြီးငြား၊ ပန်းရထားနှင့်၊
သယ်သွားရေဝေး၊ ရောက်ခါနွှေးသော်၊
ကိုယ်တော်အများ၊ မေတ္တာပွား၍၊
တရားသံဝေ၊ အထွေထွေကို၊
စုံစေ့ရွတ်ဖတ်၊ အလေးပြုလတ်သော်၊
မိုးနတ်သခင်၊ မိုးတိမ်ဆင်၍၊
ရှစ်ခွင်တကြော၊ နှင်းမှုန်တောဝယ်၊
ဥသြငိုသံ ပြာ၏တည်း။
နန်းညွန့်ဆွေ
အရင်သွားနှင့်သူဇနီးအတွက် သားပြန်လာရင်ဖတ်ဖို့
ကဗျာစပ်ခဲ့သူ ဆရာနန်းညွန့်ဆွေ (၈၇) နှစ်ဟာ
၂၀၁၀၊ ဇူလိုင် ၁၄ မှာကွယ်လွန်ခဲ့ပါတယ်။
   သားပြန်လာမဲ့ရက်ကို မျှော်နေသော မျက်ဝန်းတွေ အရောင်လက်မသွားရရှာတဲ့ 
ဆရာနန်းညွန့်ဆွေနဲ့ ဇနီး ဒေါ်လှကြည်တို့ကိုစာနာစွာ၊
ဝမ်းနည်းစွာ ဂါရ၀ ပြုပါတယ်။
နောင်ဘ၀မှာ ငြိမ်းချမ်းခြင်း အရသာ အပြည့်အ၀ ခံစားနိုင်ပါစေ။
   ps/  ဆရာနန်းညွန့်ဆွေ နဲ့ ဇနီး ဒေါ်လှကြည် ဆိုတာ ပြည်သူချစ်တဲ့
ကိုဇာဂနာ ခေါ် ကိုသူရ ရဲ့မိဘနှစ်ပါးပါ။
Friday, July 30, 2010
ကြုံရဆုံရ တခဏမှာ
(၁)
တစ်နေ့နေ့လယ်က တူ၊ တူမလေးတွေနဲ့အတူ ကျွန်မချယ်ရီFMလေဒီယို နားထောင်နေတယ်။ သီချင်းမြူးမြူးလေးလာရင် အကြီးနှစ်ယောက်က လိုက်ကလိုက်၊ လိုက်ဆိုလိုက်နဲ့ ပျော်နေကြ တယ်။ (၄)နှစ်ကျော်သာရှိသေးတဲ့ တူအငယ်ဆုံးတစ်ယောက်က သီချင်းမရလို့ ဟိုလှုပ်ဒီလှုပ်နဲ့ ကပဲကနေတယ်။ ခဏနေတော့ ဇော်ဝင်းထွဋ်ရဲ့ "ဆေးပေါင်းခတဲ့ည" သီချင်းလာပါတယ်။ ဒါကို သူလည်းဆိုတတ်ကြောင်း အားကျမခံ ထအော်ပါတယ်။
"သေးပေါက်ချတဲ့ည... သေးပေါက်ချတဲ့ည" ပါတဲ့.......... !_!
(၂)
တူမလေးက သူ့အမေကို ပြောတယ်။
"မာမား.. မနက်ဖြန် အာဇာနည်နေ့ ကျောင်းတစ်ရက်ပိတ်တယ်လို့ ဆရာမက ပြောတယ်"
ဒါကို မူကြိုတက်နေတဲ့ တူအငယ်ဆုံးက မေးပါတယ်။
"မာမား... လေးဖြူနေ့က ဘယ်နေ့လဲ? လေးဖြူနေ့မှာ ကျောင်းဘယ်နှရက် ပိတ်မှာလဲ" !_!
(၃)
ဧည့်ခန်းမှာ ကျွန်မတို့ သီချင်းခွေထိုင်ကြည့်နေတယ်။ စာတမ်းထိုးပြီးတော့ မျက်စိသိပ်မကောင်းတဲ့ ခြံစောင့်အန်တီက ကျွန်မကိုမေးတယ်။
"ကြက်ဖဆိုတာ ဘယ်တစ်ယောက်လဲ?"
"ဟိုး..အင်္ကျီအဖြူနဲ့ တစ်ယောက်လေ..."
"ဟို ဝ ဝ တစ်ယောက်ကရော"
"J မီတဲ့"
ဒါကိုသူက ဘာကြားမိတယ် မသိပါဘူး.... အခုလိုထပြောပါတယ်။
"ခုခေတ်အဆိုတော်တွေ နာမည်ရှားနေလား မသိဘူး။ တစ်ယောက်က ကြက်ဖ.. တစ်ယောက်က ကြက်မြီးတဲ့ .. ကြားကြားဖူးဘူး" !_!
နိုင်းနိုင်းစနေ မှ ကူးယူဖော်ပြပါသည်။
Thursday, July 29, 2010
Why Dhamma Garden
When I pursued BA degree in Sasana University of Mandalay I met many foreigners coming to the historical places such as Shwenandaw monastery, Atumashi Kyaung and Mandalay Hill.
Then I found so many difficulties to communicate with them. I could not say anything to them. Even I could not say “Hello” to them. It was not that I don’t know English but that I hardly got an opportunity to speak it. I do not have ‘the used-to’ in it. 
I could not satisfied to the situation I am facing because I had learnt Buddhism and had known about Buddhism in Pali, Burmese and English as well at that time.
While in Sri Lanka, I got a chance to study English again at Aquinas College in which students must use English only as communication tool. Because of that, students there can speak it fluently and perfectly. So they have ‘the used-to’ in it.
Then I come to know the difference between the above two academic places. The Dhamma Garden Centre aims at fulfilling that crack too.
The Centre attempts to evaluate Buddhist knowledge and English skills with which the students would meet their needs and help them to fulfill their aspirations and ambitions in life. For that purpose, the centre is keen in giving the best or rather doing the best for the students. The Centre is open and welcome to all regardless of age, race and sex. No matter whether you are the secular or the religious.
The Centre will be run as follows;
(1) Preliminary Level Part (I)
(2) Preliminary Level Part (II)
(3) Intermediate Level Part (I)
(4) Intermediate Level Part (II)
(5) Final Level
A student needs to sit placement test for the level. Duration of each level is six months and the Centre will confer Diploma Certificate after Final Level Pass.
Wednesday, July 28, 2010
ကြည့်ပြီး စဉ်းစား
တကယ့်ကို ဆင်ခြင်စဉ်းစားသင့်တဲ့ စဉ်းစားရမဲ့ ကာတွန်းလေး 
Weekly Eleven Media မှာ တွေ့လို့ ကူးတင်လိုက်ပြန်ဘီ။
Tuesday, July 27, 2010
Location of Dhammagarden
I went back to Myanmar from Malaysia 
for finding a suitable land 
for my religious work. 
Luckily, I found a place 
in the precinct of Shwe Kyet Yet Kyaung, 
on Bogyoke Pyatike Street, Bahan Township, Yangon, Myanmar. 
It is over 10000 square feets 
and so is wide enough 
and with which I would be able to establish 
the Buddhist institution.
The institution that I thought of establishing would be named; 
“The Dhamma Garden Centre ” 
which is situated nearby Kandawgyi, one of the most beautiful places located in the center of Yangon, the largest city in Myanmar.
The centre provides a very healthy 
and a peaceful environment 
conducive to educational actives.
Address
Dhamma Garden Centre
Bogyoke Pyatike Road,
Bahan Tsp, Yangon,
Myanmar
Contact: 
(95) (1) 430216
(95) 9506 5559
Email : dhammagardencentre@gmail.com
Saturday, July 24, 2010
ကောင်းလေစွ
ရေးသူ- လူထုစိန်ဝင်း 
မနက်တိုင်း သတင်းစာဖတ်တဲ့အခါမှာ ကြော်ငြာတွေကို အရင်ဆုံးဖတ်ပါတယ်။ ထုံးစံအတိုင်း နာရေးကို အရင်ဖတ်ပြီးမှ မင်္ဂလာဆောင် ကြော်ငြာတွေနဲ့ တခြားကြော်ငြာမျိုးစုံကို ဖတ်တယ်။ ကြော်ငြာတွေက စိတ်ဝင်စားဖို့ အကောင်းဆုံးဖြစ်တယ်။ ယူတတ်ရင် အများကြီး တရားရနိုင်တယ်။
တရားရစရာ လူ့သဘာဝတွေ
ကြော်ငြာတွေထဲမှာ လူ့သဘာဝမျိုးစုံကို လေ့လာလို့ရတယ်။ မင်္ဂလာဆောင်ကြော်ငြာတွေထဲက မဆီမဆိုင် အင်္ဂလိပ်စာလုံးတွေ ကြံဖန်ထည့်ကြတာတွေကြည့်ပြီး လူတွေရဲ့ ကြွားတတ်တဲ့သဘာဝကို သိရတယ်။ အမွေပြတ်စွန့်လွှတ်ခြင်း ကြော်ငြာတွေဖတ်ပြီး တဒင်္ဂဒေါသလေး တစ်ခုကြောင့် ကိုယ့်ပေါင်ကိုယ်လှန်ထောင်း ဖြစ်နေတာတောင် သတိမထားမိကြပါလားလို့တွေးပြီး ဒေါသ၊ မောဟ၊ လောဘတွေအကြောင်း နားလည်သဘောပေါက်ရတယ်။ ကွာရှင်းပြတ်စဲခြင်း ကြော်ငြာတွေဖတ်ရင်းနဲ့ မင်္ဂလာဆောင်တဲ့ရက်နဲ့ တစ်လလောက်သာ ကွာတာမျိုးကို သတိထားမိတဲ့အခါ အံ့သြရတယ်။ ခုမြင်၊ ခုကြိုက်၊ ခုယူ၊ ခုကွဲ အဖြစ်တွေ သိပ်များလွန်ကဲနေပြီလားလို့ တွေးပြီး စိတ်မကောင်းလည်းဖြစ်ရတယ်။
ချီးပင့်မြှောက်စားမှုမှာမျော
"ပုထုဇနောဥမ္မာတကော" ဆိုတဲ့ စကားကို သတင်းစာထဲက ကြော်ငြာတွေဖတ်ရုံနဲ့တင် သဘောပေါက်ပြီး တရားရနိုင်တယ်။ ချီးပင့်မြှောက်စားမှုမျိုးစုံမှာ ပုထုဇဉ်တွေ သာယာနစ်မျောနေကြတာတွေကို မွေးနေ့ဂုဏ်ပြု ကြော်ငြာတွေမှာ တွေ့နိုင်တယ်။ သီချင်းခွေကြော်ငြာ၊ စာအုပ်ကြော်ငြာတွေ ဖတ်ရင်းနဲ့ လူတွေမမှည့်ဖူးတဲ့ နာမည်အထူးအဆန်းတွေ အများကြီးတွေ့ရတဲ့အခါ ပြုံးရတယ်။ ထူးရင်ပြီးရော၊ ဆန်းရင်ပြီးရောဆိုပြီး စတန့်ထွင်လိုက်ကြတာ။ ကိုယ့်ဟာကိုယ် ပေါကြောင်ကြောင် ဖြစ်လို့ဖြစ်မှန်းတောင် မသိရှာကြဘူး။ တချို့ကျတော့ ဘိုနာမည်မှည့်မှ ဟုတ်တယ်ထင်ပြီး ယောက်ျားနာမည်မှန်းမသိ၊ မိန်းမနာမည်မှန်းမသိ ကြားဖူးနားဝနဲ့ မှည့်ထားလိုက်ကြတာ ရယ်စရာကြီး ဖြစ်နေတော့တယ်။ ယောက်ျားလေးက "ကစ်တီ" လို့ မှည့်တာမျိုးပေါ့။
ငွေကြောင့် ပျက်စီးကုန်ကြ
တစ်ခါတလေ ကြော်ငြာတွေထဲမှာ သားသမီးတွေက အဖေရင်း၊ အမေရင်းကို ပစ္စည်းခန်းနဲ့ တရားစွဲတာမျိုးလည်း တွေ့ရတတ်တယ်။ အဖေရင်း၊ အမေရင်းက သားသမီးတွေကို တရားစွဲတာလည်း တွေ့ရတယ်။ "မြင်းမိုရ်တောင်ဦး မကကျူး ကျေးဇူးကြီးလှ မိနှင့်ဖ" ဆိုတဲ့ မြန်မာလူမျိုးများရဲ့ ရိုးရာယဉ်ကျေးမှုတွေလည်း ငွေနဲ့ ဓနဥစ္စာတို့ကြောင့် ပျက်စီးကုန်ကြပါပေါ့လားလို့ တွေးပြီး စိတ်ဆင်းရဲခြင်းကြီးစွာ ဖြစ်ရတယ်။ မေတ္တာရေအလျဉ်ဆိုတာ အထက်ကအောက်ကို တသွင်သွင်စီးဆင်းမြဲ ဆိုတဲ့စကားလည်း ခြွင်းချက်ရှိတတ်ပါလားလို့ တွေးပြီး စိတ်မကောင်းဖြစ်ရတယ်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ ဆိုတဲ့တရားများလည်း ပိုက်ဆံအဓိကဆိုတဲ့ ဆုပ်ကပ်ကြီးမှာ လုံးဝပျက်စီးကုန်ကြပါပေါ့လား၊ ကြောက်စရာကောင်းလိုက်တာ။
ကျက်သရေရှိတဲ့ကြော်ငြာ
ကြောက်စရာတွေ၊ ရှက်စရာတွေ၊ လှောင်ပြုံးစရာတွေ၊ တရားသံဝေဂရစရာတွေ အမျိုးမျိုးကြားမှာ တစ်ခါတလေ မုဒိတာပွားစရာ ကျက်သရေရှိတဲ့ ကြော်ငြာမျိုးတွေလည်း တွေ့ရတတ်တယ်။ နှစ်လေးဆယ်မြောက်၊ နှစ်ငါးဆယ်မြောက် မင်္ဂလာအထိမ်းအမှတ် ကြော်ငြာမျိုးတွေ ဖြစ်ပါတယ်။ ဒီလို နှစ်ပေါင်းလေးငါးခြောက်ဆယ်ကြာအောင် တည်တံ့ခိုင်မြဲတဲ့ အိမ်ထောင်ရေးဆိုတာ ဒီခေတ်ဒီအခါမှာ တကယ်ကို မင်္ဂလာကျက်သရေအပေါင်းနဲ့ ခညောင်းတဲ့သတင်း ဖြစ်တယ်။ ကမ္ဘာမှာလည်း ရှားသထက်ရှားလာသလို၊ မြန်မာမှာလည်း ရှားလာနေပါပြီ။
အဆိုးဘက်ကိုပြောင်း
သူများနိုင်ငံတွေမှာ ဖြစ်နေတာတွေကို မပြောချင်ဘူး။ ကိုယ့်နိုင်ငံမှာကို အခုနှစ်တွေအတွင်း အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ သဘောထားတွေ၊ ခံယူချက်တွေ အဆိုးဘက်ကို သိသိသာသာကြီး ပြောင်းလဲသွားတာ တွေ့မြင်နေရတယ်။ ရိုးမြေကျပေါင်းဖက်တဲ့ အိမ်ထောင်ရေးဆိုတာ ကျေးလက်ဒေသတွေမှာပဲ တွေ့မြင်ရတော့တယ်လို့ ထင်မိတယ်။ မြို့ကြီးပြကြီးတွေမှာတော့ ကွာရှင်းပြတ်စဲကြောင်း ကြော်ငြာတွေကို ကြည့်လိုက်ရင်ပဲ တော်တော်များနေတာကို သိနိုင်တယ်။ မင်္ဂလာဆောင်ပြီး တစ်လလောက်အကြာမှာ ကွာရှင်းလိုက်တဲ့ ကြော်ငြာမျိုးတွေတောင် တစ်နှစ်ကို သုံး၊ လေးကြိမ်လောက် တွေ့ရတယ်။ မကြော်ငြာဘဲ ထားတာတွေလည်း ရှိဦးမှာပါပဲ။
တော်ရုံဆိုမပြောဘူး
ခေတ်တွေ၊ စနစ်တွေပြောင်းတာနဲ့အတူ ယဉ်ကျေးမှုဓလေ့ထုံးစံတွေပါ ပြောင်းလဲလာကြတာ သဘာဝမို့ တော်ရုံတန်ရုံလောက်ဆို မပြောပါဘူး။ ခုဟာကတော့ လွန်ကဲနေတယ် ထင်လို့ပါ။ မြန်မာ့ယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံတွေကို ပစ်ပယ်ရုံတင်မကတော့ဘဲ လုံးလုံးကြီးကို ဆန့်ကျင်တဲ့ဘက်အထိ ပြုမူကျင့်ကြံ နေကြတာတွေကို နေရာတကာမှာ မြင်တွေ့နေရတယ်။ မြန်မာမိန်းကလေးတို့ရဲ့ သိမ်မွေ့မှုနဲ့ ကျက်သရေရှိမှုဟာ ကမ္ဘာကျော်ခဲ့တယ်။ ကစ်ပလင်က သူ့ရဲ့ (Road to Mandalay) "မန္တလေးလမ်း" ကဗျာမှာ တသသနဲ့ ဖွဲ့နွဲ့ရေးခဲ့ရတယ်။ အခုခေတ် မြန်မာမိန်းကလေးများကတော့ ပွင့်လင်းလွတ်လပ်မှု ဆိုတဲ့စကားကို "တလွဲဆံပင်ကောင်း" အသုံးချပြီး ရဲတင်းမှု လွန်လွန်းနေတာကို တွေ့ရတယ်။
ပညာပေးလား၊ လှုံ့ဆော်ရေးလား
မြန်မာ့ယဉ်ကျေးမှုက "ဃရာဝါသ" ကိစ္စမှန်သမျှကို သိသာသိစေ၊ မမြင်စေနဲ့ သဘောနဲ့ သိုသိုသိပ်သိပ် လုပ်ဆောင်လေ့ရှိတယ်။ ဒီလိုကိစ္စမျိုးတွေကို လူကြားထဲမှာ ပြောလေ့ဆိုလေ့မရှိကြဘူး။ အခုခေတ်တော့ ရုပ်မြင်သံကြားလို ကလေးလူကြီးနဲ့ ရဟန်းသံဃာပါမကျန် ကြည့်လေ့ရှိတဲ့ နေရာများကနေပြီး မိန်းကလေးတစ်ကိုယ်ရေသုံး ပစ္စည်းမျိုးစုံကို မိန်းကလေးတွေကိုယ်တိုင် မျက်နှာပြောင်ပြောင်နဲ့ ကြော်ငြာနေကြတာဟာ မထူးဆန်းတဲ့ကိစ္စ ဖြစ်နေပြီ။ ဒါထက်ဆိုးတာက "ကွန်ဒုံး" ကြော်ငြာတွေ။ ကလေးတွေကို စမ်းသပ်ကြည့်ချင်အောင် အားပေးအားမြှောက် ပြုသလိုဖြစ်နေတာကို စဉ်းစားမိကြဟန် မတူဘူး။ ပညာပေးဆိုတဲ့ ဆိုင်းဘုတ်တပ်ပြီး ကိုယ့်ယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်ဖြစ်တဲ့အထိ ရေးသားကြ၊ ကြော်ငြာကြတာတွေဟာ ပညာပေးမကတော့ဘဲ လှုံ့ဆော်ရေး ဖြစ်တဲ့အထိ ရောက်သွားတာတွေကတော့ မသင့်တော်ပါဘူး။
လှတာထက်လွန်ပြီး ရိုင်းပျ
နောက်ပြီး ဖျော်ဖြေရေးလောကထဲက တချို့မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုများကလည်း လှပတာထက်လွန်ကဲပြီး ရိုင်းပျတဲ့အထိ ဖြစ်နေကြတယ်။ အပြောအဆိုတွေ ပွင့်လင်းလိုက်ပုံများကလည်း လက်ဖျားခါလောက်တယ်။ ရည်းစားရှိနေတာကို ဂျာနယ်တွေထဲကတစ်ဆင့် လူသိရှင်ကြား ကြော်ငြာကြတယ်။ တစ်ခါဆိုထားတော့ တစ်ယောက်ပြောင်းတိုင်း တစ်ခါကြော်ငြာတာမျိုးကတော့ မြန်မာလူမျိုးတွေရဲ့ အမြင်မှာ မတင့်တယ်ဘူးလို့ ထင်တယ်။
အိနြေ္ဒနဲ့ သိုသိပ်မှု
မြန်မာတွေက အစဉ်အလာရိုးရာအနေနဲ့ကို "အိနြေ္ဒ" ဆိုတာကို တန်ဖိုးထားကြတယ်။ နေရာတကာ ပွင့်လင်းတာကို လက်မခံဘူး။ အိနြေ္ဒရှိခြင်းနဲ့ သိုသိပ်ခြင်းကို ယဉ်ကျေးမှုရဲ့ အခြေခံအုတ်မြစ်လို့ သဘောထားတယ်။ ခေတ်တွေ၊ စနစ်တွေပြောင်းရင် ရိုးရာဓလေ့ထုံးစံတွေနဲ့ ယဉ်ကျေးမှုတွေလည်း ခေတ်နဲ့အညီ လိုက်ပြောင်းကြရမြဲဖြစ်တယ်။ ဒါပေမယ့် လူမျိုးတိုင်း လူမျိုးတိုင်းဟာ သူတို့ရဲ့ အခြေခံကျောရိုး ယဉ်ကျေးမှုတွေကိုတော့ ထိန်းသိမ်းစောင့်ရှောက်ကြတယ်။ တန်ဖိုးထားကြတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ပိုင်ယဉ်ကျေးမှု ပျောက်ကွယ်ရင် လူမျိုးပါ ပျောက်ကွယ်သွားနိုင်လို့ ဖြစ်တယ်။
တလွဲဆံပင်ကောင်းကြတယ်
ပြောရမှာ အားနာပေမယ့် နောင်လာမယ့် ကလေးတွေ အတုယူမမှားစေချင်လို့ ပြောရရင်တော့ ကျွန်တော်တို့ဆီက ဖျော်ဖြေရေးလောကဟာ တလွဲဆံပင်ကောင်း ဖြစ်နေတယ်လို့ မြင်မိတယ်။ အပေါ်ယံပကာသန အဆောင်အယောင်တွေ ကမ္ဘာ့အဆင့်မီအောင် ကြိုးစားကြသလောက် အနုပညာပိုင်းက အဆင့်မီအောင် ကြိုးစားအားထုတ်မှုတော့ ပေါ့တီးပေါ့ဆနဲ့ လျော့တိလျော့ရဲ ဖြစ်နေတယ်လို့ ထင်တယ်။ ၀တ်စားဆင်ယင်မှုတွေမှာ ဟောလိဝုဒ်နဲ့ နင်လားငါလား လိုက်သလို၊ ဆေးဝါးတလွဲသုံးတာ၊ ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက် ဖြစ်တာတွေလည်း ဟောလိဝုဒ်ကို အမီလိုက်နေသလိုပါပဲ။
အားနာနာနဲ့ပြောရတာ
ဖျော်ဖြေရေးလောကဆိုတာက ထင်သာမြင်သာအရှိဆုံး ဖြစ်လေတော့ ငယ်ရွယ်နုနယ်တဲ့ ကျောင်းသူကျောင်းသားငယ်တွေနဲ့ အရပ်ထဲက မရင့်ကျက်သေးတဲ့ ကလေးအရွယ်တွေ အတုမြင်အတတ်သင်လုပ်ပြီး လျှပ်ပေါ်လော်လီတဲ့ လူငယ်လေးတွေ ဖြစ်လာနိုင်တဲ့အတွက် အားနာနာနဲ့ ပြောရတာပါ။ မိဘရဲ့ ရင်အုပ်မကွာ စောင့်ရှောက်မှုနဲ့ ကင်းလွတ်ကြရတဲ့ ရန်ကုန်လိုမြို့ကြီးပြကြီးက ကလေးတွေရဲ့ စရိုက်တွေ တော်တော်ရိုင်းပျလာပြီး "အိနြေ္ဒ" နဲ့ "သိက္ခာ" ဆိုတာ ဘာမှန်းတောင် မသိရှာကြတော့ဘူးလို့ပြောရင်တောင် ရတဲ့အခြေအနေ ဖြစ်နေပါပြီ။ အဲဒါကြောင့် မကြာခဏ သတိပေးရေးသား နေရတာပါ။
ကောင်းလေစွ၊ ကောင်းလေစွ
ရိုးရာအစဉ်အလာ ဓလေ့ထုံးစံတွေနဲ့ မြန်မာ့ယဉ်ကျေးမှုတွေ တစ်စတစ်စနဲ့ ယုတ်လျော့ကျဆင်းလာနေချိန်မှာ သတင်းစာထဲက မင်္ဂလာသက်တမ်း နှစ်ငါးဆယ်မြောက်၊ ခြောက်ဆယ်မြောက် ဆိုတဲ့ကြော်ငြာမျိုးတွေ ဖတ်ရတာ ကျက်သရေမင်္ဂလာ ရှိလှပါတယ်။ ရာသက်ပန်ရိုးမြေကျ အိုအောင်မင်းအောင် အပြန်အလှန်မေတ္တာထား စောင့်ရှောက်ကြဆိုတာ လူသားများရဲ့ အခြေခံယဉ်ကျေးမှု ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာလူမျိုးများက ဒီနေ့အထိ တန်ဖိုးထား စောင့်ရှောက်ကြဆဲ ဖြစ်ပါတယ်။ ဒီလိုကြော်ငြာတွေ ဖတ်လိုက်ရတဲ့အခါ ဆုတ်ကပ်ခေတ်ကြီးထဲမှာ ဒီလိုလေးစားဖွယ်ကောင်းလှတဲ့ အိမ်ထောင်တွေလည်း ရှိပါသေးလားဆိုပြီး မုဒိတာပွား ကြည်နူးရပါတယ်။ ကောင်းလေစွ၊ ကောင်းလေစွ၊ ကောင်းလေစွလို့ ကောင်းချီးသြဘာ ပေးလိုက်ရပါတယ်။
[Weekly ELEVEN News, အတွဲ-၅၊ အမှတ်-၄၁၊ ဇူလိုင် ၂၁၊ ၂၀၁၀၊ စာမျက်နှာ-၂၂၊ ၂၈]
Friday, July 23, 2010
ကွမ်းစားခြင်းနှင့်ခံတွင်းကင်ဆာ
ခံတွင်းကင်ဆာရောဂါ ဖြစ်ပွားသူ အားလုံး၏ ၉၀ ရာခိုင်နှုန်းခန့်မှာ ကွမ်းယာအတွင်းသို့ ဆေးရွက်ကြီး ထည့်စားသူများ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားချက်အရ သိရသည်။
ကွမ်းအများဆုံးစားသည်ဟု ယူဆရသည့် အိန္ဒိယနိုင်ငံနှင့် အရှေ့တောင်အာရှ ဒေသများတွင် ပြုလုပ်သည့် သုတေသနမှတ်တမ်းများတွင်လည်း အဆိုပါနိုင်ငံများတွင် အများဆုံး တွေ့ရှိရသည့် ကင်ဆာရောဂါ ၁၀ မျိုးအနက် ခံတွင်းကင်ဆာမှာ ပဉ္စမအဆင့်တွင်ပါဝင်ပြီး အဖြစ်အများဆုံး စာရင်းတွင် ပါဝင်ကြောင်း သိရသည်။
ဖြစ်ပွားမှုနှုန်းကို ကြည့်မည်ဆိုပါက ကင်ဆာဖြစ်သူအားလုံး၏ ၁၀ ရာခိုင်နှုန်းသည် ခံတွင်းကင်ဆာရောဂါ ဖြစ်နေကြောင်း သိရှိရပါသည်။
"ကွမ်းစားခြင်းရဲ့ ဆိုးကျိုးတွေဟာ ယေဘုယျအားဖြင့် ပြောရရင် အချိန်ကုန်၊ ငွေကုန်၊ ကရိကထ များတဲ့အပြင် ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။ ကွမ်းစားလို့ ခံတွင်းမှာဖြစ်တတ်တဲ့ ဆိုးကျိုးတွေကို ကြည့်မယ်ဆိုရင် ကွမ်းစွဲနေသူတွေရဲ့ သွားမျက်နှာပြင်တွေမှာ ကွမ်းချိုးတွေ စွဲကပ်နေပြီး နီညိုရောင် ဖြစ်နေတာကို တွေ့ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာ တင့်တယ်မှု လျော့ပါးစေတဲ့အပြင် ကွမ်းစွဲနေသူတွေမှာ သွားဖုံးရောဂါ အဖြစ်အများဆုံးကိုလည်း တွေ့ရပါတယ်။ မာကျောတဲ့ ကွမ်းသီးစေ့တွေကို ကြိတ်ချေရတဲ့အတွက် သွားရဲ့ကြွေလွှာတွေ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်လွယ်တာကို တွေ့ရပါတယ်။ အဲဒီကြွေလွှာတွေ ပျက်စီးဆုံးရှုံးသွားရင် အတွင်းမှာရှိတဲ့ ဆင်စွယ်နှစ်ရောင်တွေ ပေါ်လာပြီး အအေး၊ အချဉ်နဲ့ အပူစာတွေ စားတဲ့အခါမှာ သွားကျဉ်တဲ့ ဝေဒနာတွေကို ခံစားရတတ်ပါတယ်"ဟု သွားဘက် ဆိုင်ရာ ဆရာဝန်တစ်ဦးက ပြောပြခဲ့ပါသည်။
ဆေးရွက်ကြီးပါဝင်သည့် ကွမ်းယာများကို အချိန်ကြာမြင့်စွာ ၀ါးငုံထားခြင်းသည် ခံတွင်းအမြှေးပါးများ၏ ဇီဝဖြစ်စဉ် ပြောင်းလဲမှုများကိုပါ ဖြစ်ပေါ်စေနိုင်ကြောင်း သိရှိရသည်။
"ကွမ်းစားတာက အင်မတန် အန္တရာယ်များပါတယ်။အခုအချိန်မှာ ကွမ်းစားတဲ့သူတွေ များလာတာကို၊ ကွမ်းယာဆိုင်တွေ တိုးလာတာကို ကြည့်ပြီး သတိပြုမိကြပါလိမ့်မယ်။ မြို့ကြီးတွေမှာ ကွမ်းယာမရောင်းရ နယ်မြေတွေ သတ်မှတ်ပြီး ပြည်သူတွေ ကွမ်းစားတတ်တဲ့ အန္တရာယ်က လျော့ပါးသွားဖို့၊ အများပြည်သူနဲ့ ပတ်ဝန်းကျင်သန့်ရှင်းဖို့ အထူးလိုအပ်တဲ့ ဆေးရုံ၊ ကျောင်း၊ရုပ်ရှင်ရုံတွေမှာ ဆေးလိပ်သောက်တာကို ခွင့်မပြုသလိုဘဲ ကွမ်း စားတာကိုလည်း တားမြစ်ဖို့လိုပါတယ်။ ကွမ်းကိုလျော့စားပြီး အာခံတွင်းမှာ ကွမ်းစားလို့ ဖြစ်ပေါ်လာတဲ့ အန္တရာယ်တွေ ရှိ၊ မရှိကို သွားဘက်ဆိုင်ရာပညာရှင်တွေနဲ့ ပြသစစ်ဆေးသင့်ပါတယ်။ လိုအပ်လာလို့ရှိရင်လည်း ကွမ်းစားတာကို အချိန်မီရပ်ဆိုင်းပြီး ကုသမှု ခံယူရပါမယ်။ ဂရုမပြုဘဲ ဆက်စားနေမယ်ဆိုရင် အချိန်မရွေး ခံတွင်းကင်ဆာရောဂါအဖြစ် ပြောင်းလဲသွားပြီး အသက်အန္တရာယ် ဆုံးရှုံးတဲ့အဖြစ်ပါ ရောက်ရှိသွားနိုင်ပါတယ်"ဟု ၎င်းက ဆက်လက်ရှင်းပြ ခဲ့ပါသည်။ 
@Eleven Media Group မှ ကူးယူဖော်ပြပါသည်။
Thursday, July 22, 2010
Vision etc. of Dhammagarden
Vision
To facilitate the making of a Buddhist community that would lead and be pro-active in learning, study, and practice the noble teachings of the Buddha committed intellectuals and professionals.
Mission
To reach out beyond boundary of Buddhists and through the noble teaching of the Buddha and enlightened leadership to bring about a better world in which people can live in harmony and peace with the sense of fulfillment and happiness.
Objectives
·    To educate the young generation of Buddhists on the rich teachings and heritage of Buddhism.
·    To assist them in cultivating faith and devotion to the Buddha-Sasana and to direct them towards the due essence of Buddhism.
·    To establish in them the will to protect and to propagate the Buddha-Sasana for future generations.
·    To promote social welfare and charitable undertakings.
Wednesday, July 21, 2010
Background of Dhammagarden
While studying in Sri Lanka, I have observed that most of the young Sri Lanka know the very core of Buddhism; they actively participate in all Buddhist festivals and ceremonial religious occasions. This kind of lay Buddhists youth whole hearted participation in all religious affairs, at least to me, can only happen when one has a deep faith in the three jewels that they took refuge, - Buddha, Dhamma and Sangha. 
My observation of Sri Lankan youth is a great inspiration for me to set up an Institution to promote a similar kind of strong faith in the Buddha’s teaching of the youth of our country, Myanmar.
I then looked at what was the cause of this in such a system?
First of all, the Sri Lanka youth have acquired the skill of English language both oral and writing skill in Sunday school conducted by the Monastery; the youth are being taught Buddhism in English. English medium of communication is critical and essential for any one to work in the area of Buddhist missionary both within and outside the country. They have been exposed to the given opportunity to study Buddhism in Sunday Dhamma School in Buddhist Temples since they were young. It is, I believed, a compulsory for them to attend Sunday school to study Buddhism.
Observing the success of training Sri Lanka youth has induced in me great inspiration to organize a systematic study and teaching of Buddhism in English to the Burmese youth.
The land has been accepted for the centre and the building would be started on October 2009 and we expect to be able to open it by January 2012.
Tuesday, July 20, 2010
ကြည့်ပြီး စဉ်းစား
လောလောဆယ်အခြေအနေနဲ့ အင်မတန်ကိုက်ညီတဲ့
မြန်မာနိုင်ငံက ထုတ်တဲ့
Weekly Eleven ဂျာနယ်ထဲက ကာတွန်းလေးပါ။
Monday, July 19, 2010
ဖတ်ရမဲ့စာတစ်ပုဒ်
ကိုယ်ထင်ရင် ကုတင်ရွှေနန်းလို့ စကားပုံကဆိုခဲ့ပါသည်။ အထင်သည်မမြဲခဲ့ပါ။
ပြောင်းလဲ ခဲ့ရပါပြီ။ ဒီတော့ ကုတင်သည် ရွှေနန်းမဟုတ်ပဲ သူမအတွက် အလျှံငြီးငြီး တောက်လောင်နေသော သံနှောင်အိမ်ဖြစ်ခဲ့ရပါလေပြီ။
"ချိုရယ် မင်းရဲ့ အပြစ်ကင်းတဲ့ အပြုံးလေးရယ်၊ ၀ါဝင်းတဲ့အသားလေးရယ်ဟာ
ကိုယ့်ကိုပထမဆုံးဖမ်းစား လိုက်တာပါပဲ"
ချစ်သူ၏နွေးထွေးသောစကားသံများသည် သူမအတွက် ငြိမ့်ညောင်းသော ဂီတသံများ
ဖြစ်ခဲ့ဖူး ပါသည်။
"မချိုရယ် ညည်းအိမ်ထောင်ကျ သိပ်ကံကောင်းတာပဲ" ဘ၀တူမိန်းကလေးများ၏
ချီးကျူးမှုကိုခံရသောအခါ သူမမပွင့်တစ်ပွင့်ပြုံးပြခဲ့ပါသည်။ ရင်ထဲမှာတော့
တိတ်တခိုး ပီတိလှိုင်းတို့ အလိပ်လိုက်တက်နေခဲ့ပါသည်။
မင်္ဂလာဆောင်ပြီး နောက်တစ်နေ့မှာတော့ သူမ၏ပီတိလှိုင်းတို့စတင်ညစ်နွမ်းစပြုခဲ့ရပါပြီ။
"ချိုမင်းကိုယ်တို့ မွတ်စလင်ဘာသာထဲဝင်ရမယ်.။"
"ဟင်..ကိုယ်ကြိုက်တဲ့ဘာသာယူလို့ရတယ်မဟုတ်ဘူးလား"
"မရဘူးချို ကိုယ့်ခင်ပွန်းရဲ့ဘာသာကို ဇနီးသည်ကလိုက်ယူရတာ
ကိုယ်တို့မွတ်စလင် ဘာသာရဲ့ထုံးစံပဲ၊ ဒါကြောင့်ချိုမဖြစ်မနေပြောင်းမှဖြစ်မယ်"။
"အကိုပဲလက်ထက်ပြီးရင်ချို့အလိုကျအားလုံးဖြစ်စေရမယ်ဆို"
"အေးလေ အားလုံးချို့အလိုကျ ထားတယ်လေ အခုချို့မှာ တီဗွီ၊ ဗီစီဒီ၊ ရေခဲသေတ္တာ၊ အဲယ်ကွန်း၊ တယ်လီဖုန်း၊ သွားစရာရှိရင်ကား၊ အားလုံးပြည့်စုံနေပြီ။
ဒါတွေအားလုံး ချို့ကိုချစ်လွန်းလို့ ကိုယ်ပြည့်ပြည့်စုံစုံထားပေးတာလေ"
အိမ်ထောင်ရှင်မိန်းမတစ်ယောက်ရဲ့ဘ၀ဟာ ခေတ်မှီင်္တဲ့ရုပ်ဝတ္ထုပစ္စည်းတွေပြည့်စုံနေရင် လုံလောက်ပြီလို့ထင်ခဲ့တဲ့ သူမရဲ့အသိဟာနောက်ကျခဲ့ရပါပြီ။
အရှုံးပေးလက်မြောက်ခြင်းနဲ့ပဲ သူမခင်ပွန်းရဲ့အလိုကျဘာသာ ပြောင်းခဲ့ရပါပြီ။
"ဟယ်...အမေလာတယ်၊ ၀မ်းသာလိုက်တာအမေရယ် သမီးလေ အမေ့ကို အရမ်း
အောက်မေ့နေတာ၊ အမေနေကောင်းတယ်-နော်"
"အေး..ကောင်းပါတယ်သမီးရယ်၊ အမေလည်း ငါသမီးသားဦးလေးမွေးတယ် ကြားကတည်းက
လာချင်နေတာ အိမ်မှာလေးချက်ပြုတ်ရေး တာဝန်လက်လွဲလို့ မရတာနဲ့
တော်တော်နဲ့မလာဖြစ်ဘူး။ ဒါနဲ့ငါမြေးကြီး ကြည့်စမ်းပါ ရစေအုံးဟယ်။ ငါ့မှာ
မြေးဦးသင်္ကန်းချီရတော့မှာဆိုတော့ ၀မ်းသာနေတာ..ဟဲ့။"
အမှတ်မထင် ပြောလိုက်သော မိခင်ဒေါ်ရင်၏စကားသံကြောင့် သူမထိပ်ထိပ်ပြာပြာ
ဖြစ်သွားရသည်။ သူမ၏ ခင်ပွန်းက မီးဖိုခန်းမှာ ထမင်းစားနေခိုက်ဖြစ်၍
တော်ပေသေးသည်။ ဒေါ်ရင်ကတော့ သူမအဖြစ်ကိုမသိရှာပဲ
ကလေးကိုကောက်ယူပွေ့ချီချော့မြူနေပါသည်။
........*................*.........*
အကြားအမြင်ဗဟုသုတနည်း၍ ရိုးသားလွန်းသောမိခင်နှင့် မွတ်လင်ဘာသာဝင်
ခင်ပွန်းသည်တို့အကြား ပဋိပက္ခမဖြစ်စေရန် သူမသတိကြီးစွာထား၍
ဂရုစိုက်ခဲ့သည့်ကြားမှာပင် ပြဿနာက ရိုင်းပြစွာဝင်ရောက်လာခဲ့ ပါသည်။
"ဒီမှာချို မင်းအမေလုပ်ပုံကောင်းသေးရဲ့လား"
"ဟင်...အမေဘာလုပ်မိလို့လဲ"
"ဘာလုပ်ရမှာလဲကွ မနက်ကဘုန်းကြီးတစ်ပါးကို ဆွမ်းထွက်လောင်းတာ ငါကိုယ်တိုင်
မြင်လိုက်လို့ပေါ့"
"သြော်-အစ်ကိုရယ် ရွာမှာလဲ အမေက နေ့တိုင်း ဒီလိုဆွမ်းလောင်းနေကျလေ။
ဒီမှာလည်း ထမင်းဟင်းအဆင်သင့်ကျက်ပြီးသားဖြစ်နေတာနဲ့လောင်းလိုက်တာနေမှာပါ"
"မလိုချင်ဘူးကွာ- သူအိမ်မှာသူဘာလုပ်လုပ် ငါ့အိမ်မှာ ငါမကြိုက်တာမလုပ်ရဘူး။ ဒီကိစ္စမင်းပြောရင်ပြော၊ မင်းမပြောရင်ငါပြောရလိမ့်မယ်။"
"အို-အကိုပြောစရာမလိုပါဘူး၊ ချို့ဘာသာအဆင်ပြေအောင်ကြည့်ပြောပါ့မယ်။"
မိခင်အား ရန်လိုထိပါးလာမည့်ကိစအတွက် သူမကြမ်းတမ်းစွာ
တုန့်ပြန်လိုက်ချင်ပါသည်။ သို့သော်ပြဿနာက ပိုကြီးထွားလာနိုင်သည့်အတွက်
နာကျင်မှုတို့ရောစွက်နေသောဒေါသကို အသာမျိုသိပ်ထားလိုက်ရသည်။
သူ့မိခင်ပြန်သောနေ့တွင် မော်တင်သင်္ဘောဆိပ်သို့ သူမကိုယ်တိုင်လိုက်ပို့ဖြစ်သည်။
ကားပေါ်က အဆင်းမှာပင် ယခင်ကသူမနှင့်အတူဈေးရောင်းခဲ့သော ရွာသူ အိမ်နီးချင်း
မိန်းကလေးများနှင့်ဆုံဖြစ်သည်။
"ဟယ်-မချို ၀လာလိုက်တာဟယ်၊ သူဌေးမရုပ် တကယ်ကျတယ်သိလား၊
နင်ငါတို့ကိုသတိရသေးရဲ့လား-ဟင်။ ငါ့မှာတော့နင့်ကိုနေ့တိုင်းသတိရနေတာ။"
"အေးမာရယ်-ငါလည်းနင်တို့ကိုသတိရပါတယ်၊
ငါမှာအပြင်လဲ ကောင်းကောင်းထွက်ခွင့် မရ၊ သားလေးကလည်း
ရှိနေတော့ အိမ်ထဲမှာပဲအောင်းနေရတယ်။"
"သြော် ဒါနဲ့မချို-ဒီနှစ်ရွာဦးကျောင်းကထိန်မှာ ဆိုင်းပါတယ်သိလား၊
တန်ဆောင်တိုင် မီးပန်းတောင်းလှည့်ပွဲကလဲ အရင်နှစ်တွေထက်ပိုစည်မှာ
ရန်ကုန်ကဦးကျော်မြင့်တို့က-ကထိန်မှာ ငွေမတည်ပြီး မီးပန်းတောင်းပွဲကို
အထူးစပါယ်ရှယ်လုပ်ပေးမှာတဲ့။ အဲဒါ-နင်လာခဲ့ပါ့လားဟယ်။"
"အေးဟယ်ငါလာချင်လိုက်တာ နင်တို့ပြောမှ ငါရွာကိုပိုပြီးတောင်သတိရလာတယ်။"
ပြောသာပြောရသည် သူမဘ၀သည် ရွာကစည်ကားလှသောအလှူပွဲ၊
ကထိန်ပွဲများနှင့် အဆက်ပြတ်ခဲ့ရပြီဖြစ်သည်။
"မည့်သည့်ပွဲတော်ကိုမျှမသွားရဟု" တချက်လွတ်အမိန့် ထုတ်ခံခဲ့ရပြီးဖြစ်သည်။ ကိုယ့်ဝမ်းနာကိုယ်သာသိမို့ သူငယ်ချင်းများကို ရွာအကြောင်း မပြောဖြစ်အောင် စကားလမ်းကြောင်းပြောင်းလိုက်ရသည်။ မိမိ၏ကျဉ်းကျပ်သောဘ၀နှင့် ရွာကိုလွမ်းဆွတ်သောရင်တွင်းဝေဒနာတို့ကို သူငယ်ချင်းများ မရိပ်မိစေရန်အပြုံးတုဖြင့် ဖုံးထားရင်းစကားပြောနေရသည်။
အပြန်လမ်းတစ်လျှောက်တွင် ကားပေါ်လိုက်ပါရင်း ရွာကပွဲတော်တွေအကြောင်း
သူမတွေးနေမိသည်။ သူမ၏ အပျိုစင်ဘ၀ အပျော်ဆုံးအချိန်များသည်
ရွာမှပွဲတော်ရက်များပင် ဖြစ်ခဲ့ရသည်။ အလှူပွဲ၊ ဘုရားပွဲ၊ ရှိပြီဆိုလျှင်
တဒေါက်ဒေါက် ဓါးချက်သံလေးများဖြင့် စည်းချက်ညီညာသော ကြက်သွန်လှီးပွဲမှာ
သူမပါဝင်စမြဲ။ ကွမ်းတောင်ပန်းတောင်ကိုင်အဖွဲ့နှင့် အမျိုးသမီးဝေယျာဝစ္စအဖွဲ့များတွင်
သူမသည်အရေးပါသူတစ်ယောက်။ ၀ါတွင်းဥပုသ်နေ့များနှင့်သင်္ကြန်ရက်များတွင်
ဥပုသ်သည်များအား ကျွေးမွေးရန်မုန့်လုံးရေပေါ် လုပ်ရသည်မှာလဲ ပျော်စရာ
ကောင်းလှသည်။ ရွာမှာကျန်ရစ်ခဲ့သော သူငယ်ချင်းများမှာ ပျော်ရွှင်စရာ
ဤပွဲတော်ရက်များကို ဆက်လက်ဆင်နွဲ ကျပေဦးတော့မည်။
သူမမှာတော့ပွဲတော်ရက်များရောက်တိုင်း လွမ်းမောခြင်းနဲ့သာ အချိန်ကုန်နေရပြီဖြစ်သည်။ ကြိုတင်တွေးမထားမိသောဆုံးရှုံးမှုများကို သူမဆက်ပြီးမစဉ်းစားချင်တော့။ မျက်လုံးအစုံကိုပိတ်၍ အတွေးကိုရပ်ရန် ကြိုးစားလိုက်သည့်တိုင် မျက်ရည်စီးကြောင်းတို့က ပါးပြင်ပေါ်သို့
လိမ့်ဆင်းလာသည်။
*................*...........xxxxxxx........*......................*
ဤခုနှစ်ဆူကုန်သော......မြတ်ဘုရားကိုယ်တော်အပေါင်းတို့သည်...
ဤမင်္ဂလာမဏ္ဍပ်.....ကျောင်းတော်အမှတ်ဖြင့်သာလျှင်... ရွှေဖ၀ါးရတနာ...
စကြာရွှေဖ၀ါး.... ဖြန့်ငြား........ဖြန့်ငြားပါစေသော်။
သူမတို့နေရာနှင့် မလှမ်းမကမ်းတွင်ရှိသော မဟာသိမ်တော်ကြီးကျောင်းတိုက်မှ
လွင့်ပျံလာသောအသံချဲ့စက်အသံ။ ဤသီချင်းသံသည် ရွာမှာအလှူဘုရားပွဲရှိတိုင်း
ဖွင့်နေကျ သီးချင်းသံဖြစ်သည်။ အခုမှပို၍တမ်းတစွာ နားထောင်ဖြစ်သည်။
ရွာကိုပို၍သတိရမိသည်။
သူမတို့အရပ်တွင် အလှူအစနေ့တွင် အသံချဲ့စက်ရောက်သည်နှင့်တပြိုင်နက်
သီချင်းသံကို စတင်ကြားရသည်။ ထိုအချိန်တွင် သူမတို့အမျိုးသမီးအုပ်စုက
ကြက်သွန်လှီး၊ ကြက်သွန်ခွာဖြင့် အလုပ်ရှုပ်ကျမည်။ ဦးညွန့်တို့ ဦးအောင်လံတို့၊ ဦးကြီးများက အကျီဗလာကျင်း၍ ပုဆိုးခေါင်းပေါင်းဖြင့် လာရောက်ထမင်းချက်ကြမည်။ ကလေးတသိုက်က ဆူညံစွာ ပြေးလွှားဆော့ကစား၍ အချို့ကအသံချဲ့စက်နားတွင် ၀ိုင်းအုံနေကြမည်။ ညနေပိုင်းတွင်
အလှူအိမ်ကကျွေးမွေးသော သီးစုံချဉ်ရေဟင်း၊ ငံပြာရည်ချက်၊ တို့စရာတို့ဖြင့် ကလေးလူကြီးအားလုံး ပျော်ပျော် ပါးပါးစားသောက်ကျတော့မည်။
ဤသီချင်းနှင့် စိတ်ကူးထဲကရွာအလှူပွဲ၏ပုံရိပ်မြင်ကွင်းအစုံသည်
သူမနှလုံးသားထဲ အသွေးအသားထဲအထိ ရုန်းကြွလှုပ်ရှားဆူဝေလာစေ၏။
ရင်တလှပ်လှပ်တုန်လာသည်အထိ ရွာကိုအောင်းမေ့မိ၏။ အိမ်အပြင်ထွက်၍
အသံချဲ့စက်အသံကြားရာသို့ သူမ ထွက်ကြည့်လိုက်သည်။
ယောဂီလုံချည်များဝတ်လျှက် သာသနာတော်အကျိုး အတွက် ငွေဖလားကိုယ်စီကိုင်ကာ
အလှူခံနေသူများ၊ တက်စွမ်းသရွေ့ထည့်ဝင်လှူဒါန်းသွားကျသူများ၊ ကျောင်းတော်ကြီးအတွင်းဝင်၍ ဘုရားဝတ်ပြုနေသူများ၊ ကျက်သရေရှိလှသော မြင်ကွင်းအစုံကို သူမလွမ်းမောစွာ ငေးကြည့်နေမိသည်။ ဖြစ်လိုရာဖြစ်စေတော့ ပိုက်ဆံအိတ်ထဲမှ ငွေသုံးထောင်ကျပ်ကို ထုတ်ယူ၍
ခပ်သုတ်သုတ်သွားလှူလိုက်သည်။ ဘ၀တသက်တာအတွင်းမှာ အရသာအရှိဆုံးအလှူဟု
သူမဘာသာမှတ်ချက်ပြုရင်း ကြည်နူးလိုက်သည်ဖြစ်ခြင်း။
.......................................................*...................................................
"ဒကာမကြီး-ကိုရင်တစ်ပါးဆွမ်းခံကြွလို့ရမလား"
သင်္ကန်းကို သပ်ရပ်စွာရုံထားသော ကိုရင်နှစ်ပါးက သူမကိုမြင်၍
ဆွမ်းဖိတ်လိုက်ခြင်း ဖြစ်သည်။ ဘာသာခြားအများ စုနေထိုင်သော ဤနေရာတ၀ိုက်တွင် မြန်မာရုပ်ပေါ်လွင်နေသောသူမကို တွေ့လိုက်၍ အားကိုးတကြီး ဆွမ်းဖိတ်လိုက်ခြင်း ဖြစ်သည်။ သူမဘာပြောရမှန်းမသိတော့ ကိုရင်များကိုခပ်တွေတွေကြည့်နေမိသည်။
"အရှင်ဘုရား တပည့်တော်.......?........မွတ်စလင်ဘာသာကြားထဲ ရောက်နေလို့
ဆွမ်းလှူခွင့်မရှိပါဘုရား"
တစ်ဆို့နေသော လည်ချောင်းအတွင်းမှ သူမ အသံချောက်ကပ်စွာ ထွက်ပေါ်လာသည်။
ကိုရင်များက သူမကို ဘာသာခြားဟုတ်ပါ့မလားဟု သံသယအကြည့်ဖြင့် ကြည့်၍
လှည့်ပြန်သွားကြလေပြီ။
အလှူအတန်း ရက်ရောသောအဘိုးအဖွားတို့၏မြေးဖြစ်သူ. သဒ္ဓါစေတနာထက်သန်သော
အမိအဖတို့၏သမီးဖြစ်သူ၊ ကုသိုလ်ကောင်းမှုဖြင့်ဝေးခဲ့ရ၍ အလှူအတန်းကို
ရက်ရောစွာ ပြုလုပ်လိုသူ ယခုတော့ ဆွမ်းလာဖိတ်သော ကိုရင်များကို
ဘာသားခြားပါဟူ၍ ငြင်းဆန်လိုက်ရပြီ။ ရင်ထဲမှာ နင့်နေအောင်ခံစားလိုက်ရသည်။
တလှိုက်လှိုက် တက်လာနေသော ရင်တွင်းသောကကို ဘယ်လိုမှထိန်းမထားနိုင်တော့။
အိပ်ခန်းတွင်းသို့ဝင်၍ အားရအောင် ငိုရှိုက်ပစ်လိုက်သည်။
.......*.........*............xxxxxxxxxxxx........*........*..........
တိတ်ဆိတ်သောပတ်ဝန်းကျင် ခပ်စိမ့်စိမ့်လေနုအေး
ကြည်နူးဖွယ်ဆည်းလည်းသံတို့ကို ခံစားရင်း အလင်းရောင်ခပ်ဖျော့ဖျော့အောက်ဝယ်
ထီးထီးမားမားတည်ရှိနေသော စေတီတော် မြတ်ကြီးကို ဦးချရှိခိုးလိုက်သည်။
တဒင်္ဂအခိုက်အတန့်လေးရယ်ပေါ့။ သည်အခိုက်အတန့် လေးမှာပင် မြင်ကွင်းအားလုံး ပျောက်ကွယ်ခဲ့ရပါပြီ။ သူမ အိပ်ယာကလန့်နိုးခဲ့သည်။
"ဟင်-ငါရွှေတိဂုံဘုရားကို အိမ်မက်မက်နေတာပါလား။ သြော်....မချိုရယ်..
ဘုရားက ညည်းကို အမြင်မှန်ပြနေပါလား။ ချစ်သမီးက ကိုယ့်ရဲ့ဘာသာကို စွန့်ခွာသွားပေမယ့် ငါကချစ်သမီးကို မမေ့ပါဘူးလို့ပြောပြနေတဲ့ အတိုင်းပါပဲလား"။
သူမတီးတိုးစွာရေရွတ်မိသည်။ မိုးစင်စင်လင်းသွားသည့်တိုင် ဆက်၍အိပ်မရတော့။
မြင်သိစိတ်၏အာရုံမှာ အိမ်မက်ထဲကစေတီတော်မြတ်ကြီး၏ ပုံတော်မြင်ကွင်းက
ဖျောက်ဖျက်မရတော့။ နေ့လည်ထမင်းစားပြီးသည်နှင့် သားလေးကိုခေါ်ကာ
ရွှေတိဂုံဘုရားသို့ ထွက်လာခဲ့သည်။ သူမခင်ပွန်းအပြင် သွားခိုက်ဖြစ်၍ အိမ်တံခါးကို ပိတ်ထားခဲ့သည်။ ဖြစ်လိုရာဖြစ်စေတော့ နောက်ပြဿနာနောက်မှ ကြည့်ရှင်းတော့မည်။ အိမ်မက်ထဲကအတိုင်းပါပဲ စေတီတော်မြတ်ကြီးက ဆည်းလည်းသံကလုံကလင်များဖြင့် နွေးထွေးစွာကြိုဆိုလျှက် ရှိ၏။
ဤစေတီတော်မြတ်ကြီးအား သူမတသက်တာဖူးခွင့်မရတော့ဟု ထင်မှတ်ထားခဲ့ရာ ယခုတော့
စွန့်စွန့် စားစား ဖူးမြင်ခွင့်ရလိုက်သောကြောင့် စိတ်ကြည်နူးချမ်းမြေ့မှု အပြည့်ဖြင့် အားပါးတရရှိခိုးပူဇော်လိုက်သည်။ သို့တိုင်အောင်ဖူးမြင်၍မ၀နိုင်အောင်ရှိလှ၏။
"အမား...ဘာလုပ်နေတာလဲဟင်"
အနီးတွင်ထိုင်နေသောသားလေးက သူမအား နားမလည်ဟန်ဖြင့်မေးလိုက်သည်။
"သြော်--သားသား--အမားဘုရားရှိခိုးနေတာလေ။ ဟောဟိုမှာတွေ့လား။
အဲဒါသားသားတို့ ဘုရားကြီးပေါ့။ သားသားလည်း ရှိခိုးရမယ်နော်"။
သားလေးကို သူမရင်ခွင်ထဲထိုင်စေလိုက်သည်။ လက်နှစ်ဖက်ကို လက်အုပ်ချီပုံစံပြုစေ၍ နဖူးထက်တွင် တင်ပေးရင်း စေတီတော်မြတ်ကြီးရှိရာသို့ ဦးတိုက်ထားလိုက်သည်။
"သားသားလိုက်ဆိုစမ်း အမားဆိုသလိုလိုက်ဆိုစမ်း ..........
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ.......၊
ဓမံ္မ သရဏံဂစ္ဆာမိ....၊
သံဃံ သရဏံ ဂစ္ဆာမိ။
သားလေးကို တိုင်ပေးရင်း သူမရောသားလေးပါ သရဏဂုံဆောက်တည်ပြီး ဖြစ်သည်ဟု
မှတ်ယူလိုက်သည်။
..............**------**-----xxxxxxxx-----****-----****.............
ဘုရားကပြန်လာပြီး နောက်တနေ့မှာပင် သူမခင်ပွန်းက ဆန့်ကျင်ဘက်ဖြစ်လွန်းသော
စကားတစ်ခွန်းဖြင့် တိုင်ပင်ခဲ့ပါသည်။
"ချို-သားလေးကိုကိုဝတ်ကျောင်းခေါ်သွားအုံးမယ်"
"အို-သားလေးက.. အခုမှလေးနှစ်ကျော်ရုံလေးရှိသေးတာ ငယ်ပါသေးတယ်။ အစ်ကိုရယ်
ဖြည်းဖြည်းမှခေါ်တာပေါ့။"
"ကို..ဆရာတစ်ယောက်နဲ့ တိုင်ပင်ပြီးပြီခေါ်သွားမှဖြစ်တော့မယ်။"
ဆန္ဒ၏နောက်မှာအာဏာတို့ ရောစွက်နေသော သူမခင်ပွန်း၏စကားလုံးများကို
သူမတော်လှန်တားမြစ်နိုင်စွမ်း မရှိခဲ့ပါ။
.....................**.......................**.....................*...................
သူမခင်ပွန်းနှင့်သားလေးတို့ ထွက်သွားပြီး တစ်နာရီခန့်အကြာမှာ သူမအမည်ကို
အရေးတကြီး ခေါ်သံကြားလိုက်ရသည်။
"မချို-----မချို----မချို"
"ဟဲ့----အီမန် ဘာလို့ဒီလောက်အရေးတကြီးခေါ်နေရတာလဲ"
"အစ်မယောက်ျားမှာသွားတယ် .. ၀တ်ကျောင်းကအပြန် အစ်မတို့ကလေး
ကားတိုက်ခံရလို့ ..အဲဒါ ဆေးရုံကိုအမြန်လိုက်ခဲ့ပါတဲ့"
"ဘာ..သားလေးကားတိုက်ခံရလို့"
သူမရင်ထဲ မီးစနှင့်ထိုးသွင်းခံရသကဲ့သို့ ခံစားလိုက်ရသည်။ ရပ်ထားသော
ကြမ်းပြင်နေရာသည် ဦးစိုက်ကျွမ်းပြန် ဖြစ်သွားသည်ဟု မှတ်ထင်လိုက်ရသည်။
ဆေးရုံကိုအမြန်ဆုံးလိုက်သွားလိုက်သည်။ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော
သားလေးအလောင်းကို တွေ့လိုက်တော့ သူမရင်ထဲဆို့နင့်သွားသည်။ သားလေးအား
ကြီးစွာသောသနားခြင်းနှင့်အတူ လက်လွတ်ဆုံးရှုံးလိုက်ရပြီဟူသောအသိကြောင့်
နှလုံးသားသည် တဆက်ဆက်တုန်နေ၏။ ငိုရှိုက် လိုက်သည့်တိုင် ရင်ဝ၌ တစ်ဆို့နေသောကြောင့် အသံထွက်မလာတော့။ သားလေးအား သဂြိုလ်ပြီးစီးသည့်နေ့မှာပင် သူမခင်ပွန်းက
ပဟေဠိဆန်သောမေးခွန်းတစ်ခုကိုမေးလာသည်။
"ချို--ကိုယ်တို့သားလေးဆုံးရတာ ဘာကြောင့်လဲသိလား"
"သိတယ်လေ--ရှင့်ကြောင့်ပေါ့။ ဗလီကိုခေါ်သွားလို့ပေါ့။
ကျွန်မခေါ်မသွားနဲ့အုံးလို့ တားပါလျှက်နဲ့ ဇွတ်အတင်းခေါ်သွားတယ်။
ရှင့်ကြောင့်ကျွန်မသားသေရတာလေ။"
သားလေးအတွက် ခံစားခဲ့ရသော နာကျင်မှုနှင့်ဒေါသတို့ ရောစွက်နေသည်ကြောင့်
သူမကြမ်းတမ်းစွာပြောဆိုပစ်လိုက်သည်။
"အေးငါလည်း အဓိကတရားခံဘယ်သူလည်းဆိုတာ သိစေချင်လို့ မင်းကိုမေးတာ။
သားလေးမဆုံးခင်နေ့က အပြင်သွားတဲ့ကိစ္စ အိမ်နီးချင်းတွေပြောလို့
ငါအားလုံးသိပြီးပြီ။ သားလေးကို မင်းတို့ရွှေတိဂုံဘုရားခေါ်မသွားခဲ့ရင် ငါလည်းဝတ်ကျောင်းပို့ဖို့
အလောတကြီး စီစဉ်မှာမဟုတ်ဘူး။ သားလေးဆုံးစရာ အကြောင်းမရှိဘူး။
သားလေးဆုံးရခြင်းရဲ့ အဓိကတရားခံက..မင်းကွ..။ မင်းသိရဲလား။"
"အို--ရှင်မဆိုင်တဲ့ကိစ္စကိုလာပြီးမစွပ်စွဲပါနဲ့ အမေတစ်ယောက်က သူ့သားတစ်ယောက်ကို သူတို့ဘုရားခေါ်သွားတာ အပြစ်ပြောစရာမဟုတ်ဘူး။ ဒါဘာထူးဆန်းလဲ"
"အေးသူများတွေအတွက် မထူးဆန်းပေမယ့် မင်းအတွက်ထူးဆန်းတယ်ကွ၊ွ မင်းကိုယ်မင်း
ပြန်မေးကြည့်စမ်း။ ဘာ--ဘာသာဝင်လဲဆိုတာ၊ မင်းက မွတ်စလင်ဘာသာဝင်ဖြစ်နေပြီလေ"။
သူမရယ်သွမ်းသွေးရင်းပြန်လည်ချေပလိုက်သည်။
"ဟင်း--ဟင်း--ဟင်း၊ ကျွန်မလား ဗုဒ္ဓဘာသာဝင်လေ။
ကျွန်မရွှေတိဂုံဘုရားကြီးဆီမှာ သရဏဂုံဆောက်တည်ပြီးသွားပြီ။
အခုကျွန်မဗုဒ္ဓဘာသာဝင်ဖြစ်နေပြီလေ"
"ဘာ---ဘာပြောတယ်။ မင်းစော်ကားတယ်ပေါ့။ ငါတို့ဘာသာထဲဝင်ပြီး တခြားဘာသာ
ပြန်ပြောင်းတယ်ပေါ့"
"စော်ကားတာမဟုတ်ဘူး။ ကျွန်မရဲ့ ကိုယ်ပိုင်အခွင့်အရေးကို
ကျွန်မဘာသာဖန်တီးယူတာ။ အခုကျွန်မမှာ သားလေးလဲမရှိတော့ဘူး။
ဘာမှ ငှဲ့ကွက်စရာအကြောင်းမရှိတော့ဘူး။ ဒီတော့ ရှင့်ကို ဆက်ပြီး
မပေါင်းနိုင်တော့ဘူး။ ကျွန်မရဲ့အခွင့်အရေးတွေကို ကျွန်မဆက်ပြီး အဆုံးအရှုံးမခံနိုင်တော့ဘူး"
"အေး--ဒါဆိုရင်ကောင်းပြီလေ အိမ်မှာရှိတဲ့ပစ္စည်းကိုတော့ မင်းဘာတစ်ခုမှ
ရလိမ့်မယ်မထင်နဲ့ မင်းကြိုက်တဲ့ နေရာသွားနိုင်တယ်"။
သူမအ၀တ်အစားများကို အိမ်ထောင်ကျစဉ်က ယူလာခဲ့သောအိတ်ဖြင့် ထည့်၍
သင်္ဘောဆိပ်သို့ ထွက်လာခဲ့သည်။ သူမအတွက် ရှေ့ဆက်ပြီးလုပ်ရမည့်အလုပ်နှင့်
သွားရမည့်နေရာအတွက် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာ ချလိုက်သည်။
ခရီးသည်များ နားနေခန်းသို့ဝင်၍ စာတစ်စောင်ရေးလိုက်သည်။
......xxxxxxx...............xxxxxx.............xxxxxx............
"အေးမာ၊ မဆွေ၊ ခင်မိုး။ ငါစာရေးလိုက်ပါတယ်။ နင်တို့ဒီစာကို ဖက်နေတဲ့အချိန်မှာ ငါဟာ မချိုအဖြစ်နဲ့မဟုတ်တော့ပဲ လောကီကို စွန့်ခွာသွားတဲ့သီလရှင်တစ်ပါး ဖြစ်နေပါပြီ။ ငါလေ တို့ငယ်ငယ်က နုတ်တိုက်ကျက်ခဲ့ဘူးတဲ့ သားသမီးကျင့်ဝတ်ငါးပါး လင်္ကာထဲက
"စောင့်လေမျိုးနွယ်"ဆိုတဲ့စာကြောင်းလေးကို မိုက်မဲစွာ လျစ်လျူရှုခဲ့မိတယ်။ ဒါကြောင့် ငါဟာ.. ဘာသာလဲဆုံး၊ သားလဲဆုံး၊ ဘ၀လည်းဆုံးခဲ့ရတယ်။ အမျိုးအနွယ်ကို စောင့်ရှောက်ဘို့တာဝန်ပျက်ကွက်သူ၊ ဒို့ရဲ့ချစ်စရာ ကျေးလက်စရိုက်တွေနဲ့ ဝေးကွာသူလည်း ဖြစ်ခဲ့ရတယ်။ နင်တို့နဲ့အတူ တခြားဒို့ရဲ့သူငယ်ချင်း တွေကို ငါ့လိုအဖြစ်မျိုး မကြုံရအောင် ငါ့ဘ၀ကို သင်ခန်းစာယူပြီး အိမ်ထောင်ပြူမမှားကြပါနဲ့လို့ ငါသတိပေး တိုက်တွန်းလိုက်ပါတယ်"။
နင်တို့ရဲ့သူငယ်ချင်း
မချို
...........xxxx..............xxxxx.................xxxxx................xxx....
စာအိတ်ကိုပိတ်၍ ဧရာဝတီသင်္ဘောစာရေးကြီးအား သူမတို့ရွာသို့ ပေးဘို့ရန် မှာကြားလိုက်သည်။ ဤစာသည် ဆုံးရှုံးခံဘ၀ဖြင့်ရင်း၍ရခဲ့သော သူမ၏ နောင်တဝေဒနာများ အတွက် သူမတက်နိုင်သောအစားထိုးကုသမှုဟု ခံယူလိုက်သည်။ သင်္ဘောများဥဒဟိုသွားလာနေသောရန်ကုန်မြစ်ပြင်ကြီးကို ကျောခိုင်းလိုက်သည်။ သူမရင်ထဲမှာ အိမ်ထောင်ရေး နောင်တများ၊ ဘ၀သင်ခန်းစာများ၊ လောကီသံဝေဂများ၊ ပွေ့ပိုက်ထည့်သွင်းလျှက် သူမ၏ခြေလှမ်းများက သီလရှင်များနေသော ကျောင်းတိုက်ဆီသို့တရွေ့ရွေ့။ တရွေ့ရွေ့
(ဤ၀တ္ထုတိုလေးသည် အဖြစ်ပျက်မှန်တစ်ခုအား အခြေခံပြီး
ခံစားရေးဖွဲ့ထားသောဝတ္ထုတိုတပုဒ်
ဖြစ်ပါသည်။)
ဦးဥာဏဒီပ (ဒေလီ) မှပေးပို့သော forword မေးအားမျှဝေလိုက်ပါသည်။
Saturday, July 17, 2010
မလေးရှားရောက် မြန်မာများပြဿနာ
မလေးရှားရောက် မြန်မာများ ကြုံတွေ့နေရသော ပြဿနာများ၌ သက်ဆိုင်ရာအေးဂျင့်များ၏ 
တာဝန်ယူဖြေရှင်းပေးနိုင်ခြင်းမရှိခြင်းမှာ အဓိကဖြစ်ကြောင်း မလေးရှား၌ နှစ်ရှည်ရောက်ရှိနေကြသော မြန်မာများနှင့် အေးဂျင့်အချို့က ပြောကြားခဲ့သည်။
    မြန်မာနှင့် မလေးရှားဘက်မှ အေးဂျင့်များသည် မြန်မာအလုပ်သမားများဆီမှ ၀န်ဆောင်ခများယူကာ ခေါ်ယူပို့ဆောင်ပေးကြခြင်းဖြစ်ပြီး အဆင်မပြေမှုအများစုမှာ မလေးရှားရှိ အေးဂျင့်များ၏ လျစ်လျူရှုမှုများ၊ ပြဿနာတစ်စုံတစ်ခု ကြုံတွေ့ပါက အလုပ်သမားများအပေါ် တာဝန်ယူ ဖြေရှင်းပေးနိုင်မှု မရှိခြင်းတို့ကြောင့် မလေးရှားရောက် မြန်မာများမှာ အခက်အခဲများစွာ ရှိခဲ့ကြကြောင်း မလေးရှားရှိ စတီးစက်ရုံတွင် လေးနှစ် ကြာ လုပ်ကိုင်နေသော မြန်မာအ လုပ်သမားတစ်ဦးက ပြောပြခဲ့ပါသည်။
    မြန်မာနိုင်ငံဘက်မှ အေးဂျင့်များသည် မလေးရှားရှိအေးဂျင့်နှင့် ချိတ်ဆက်ကာ အလုပ်သမားပို့ဆောင်ကြရာတွင် အချို့မှာ ရရှိသောအလုပ်နှင့် လစာကိုက်ညီမှု ရှိသော်လည်း အချို့ မှာ အေးဂျင့်ပြောသောလစာနှင့် လုပ်ကိုင်ကြရသော အလုပ်အကိုင်မတူညီခြင်းများ ကြုံတွေ့ကြရသည်။
    မြန်မာအလုပ်သမားတစ်ဦးက ' ကျွန်မမောင်လေးတုန်းက သူလုပ်ရမယ်ဆိုတဲ့အလုပ်က ၀ရိန်၊ သူလုပ်ရတာ မြက်ရိတ်ရတယ်။ မလုပ်နိုင်လို့ စက်ရုံတာဝန်ရှိသူကို ပြောတော့ မရဘူးလုပ်ရမယ်ဆိုပြီး အတင်းအကြပ် ပြန်ပြောတယ်။ ဒါနဲ့ပဲ မလေးရှားက ကိုယ့်မြန်မာအေးဂျင့်ကို အကူအညီတောင်းတော့ သူနဲ့မဆိုင်ဘူးဆိုပြီး တာဝန်မယူနိုင်ဘူး ပြောတယ်။ ဒါမှ မလုပ်ချင်ရင် အလုပ်ထပ်ပြောင်းလို့ရတယ်။ ထပ်ပြောင်းမယ်ဆိုရင် ၀န်ဆောင်ခတော့ ထပ်ပေးရမယ်။ ကိုယ့် ပတ်စ်ပို့ကတော့ အရင်အလုပ်ရှင်က သိမ်းထားတော့ အလုပ်ပြောင်းတာနဲ့ Overstay  ဖြစ်ပြီ။ ဒီလိုဖြစ်သွားရတဲ့ အလုပ်သမားတွေလည်း အများကြီး ပဲ' ဟု ပြောပြခဲ့သည်။
    ယခုအခါ မလေးရှားသို့ မြန်မာနိုင်ငံမှ ဒေသခံစီးပွားရေး အသင့်အတင့်ရှိသည့်နယ်မြို့များမှ အများဆုံး သွားရောက်နေကြသည်ဟု သိရသည်။
    "နယ်ဘက်က ဆိုတော့လည်း သူတို့မှာ ဒေသခံစီးပွားရေး အဆင်မပြေတော့ သွားချင်တာတစ်ခုတည်း ပဲသိပြီး Information အပြည့် ဘယ်တော့မှမရဘူး။ ပြီးတော့ စာချုပ်စာတမ်းနဲ့ လုပ်ကြတာမဟုတ်ဘဲ ယုံကြည်မှုတွေနဲ့ သွားတဲ့အခါ ဟိုဘက် က အေးဂျင့်က ကမောက်ကမ လုပ်ရင် ဒီဘက်ကအလုပ်သမားတွေလည်း အဆင်မပြေ၊ အေးဂျင့်လည်း မျက်နှာပျက်ရတယ်။ ကျွန်တော်တို့ အဓိက ကြုံနေရတဲ့ ပြဿနာကတော့ မလေးရှားဘက်မှာ နှစ်ရှည်နေထိုင်နေကြတဲ့ မြန်မာအေးဂျင့်တွေက ပြဿနာတစ်ခုခုဖြစ်ရင် ကိုယ့်မြန်မာအချင်းချင်းဘက်က တာဝန်ယူဖြေရှင်းပေးတာမျိုး မရှိကြတာပါပဲ" ဟု အေးဂျင့်လုပ်သက် ဆယ်နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့သူတစ်ဦးက ပြောပြခဲ့သည်။
    မလေးရှားသို့ ရန်ကုန်ထက် နယ်ဘက်မှ အများဆုံးသွားကြပြီး ၀န်ဆောင်ခအနေဖြင့် ကျပ် ၁၀သိန်းနှင့် ၁၁ သိန်းကြား ကောက်ခံကြကာ ပြန်လည်ရရှိကြသော လုပ်ခလစာမှာ တစ်လလျှင်နှစ်သိန်းနှင့် သုံးသိန်းကြား ရရှိကြပြီး အကြွေးဖြင့် သွားရောက်လိုကြသူများကိုလည်း အေးဂျင့်များမှ ပို့ဆောင်ပေးကြရာ တစ်လလျှင် ကျပ်တစ်သိန်းနှင့် ညီမျှသည့်ငွေအား ရရှိသည့် လုပ်ခလစာထဲမှ ပြန်လည် ဖြတ်တောက်ခြင်းများ ရှိကြောင်း သိရသည်။
@Eleven Media Group
Cause & Effect
There is no cause without an effect and no effect without a cause.
The law of kamma is supreme and inevitable.
What you have now is the result of what you have done in the past.
Until we get rid of the forces of kamma which belong to us once
and for all and enter the supreme Nibbana, there is bound to be some trouble or other here and there during the remainder of our existence,
which we must put up with, with the strength of anicca.
Anicca will surely prevail upon them and you will keep yourself
in good stead in spite of all these.
Anicca is power. Make use of the power of anicca with diligence
and there will be peace with you.
U Ba Khin
Friday, July 16, 2010
ဘုရားစူး...ရွှေမြန်မာ
၁။
၂၀၁၀ ကမ္ဘာ့ဖလား ဖိုင်နယ်က အတော်ကြမ်းပါတယ်။
    ဘောပွဲကြည့်ကောင်းနေတုံး ဘေးလူတစ်ယောက်ကပြောတယ်ဗျ။
    ချကြကွာတဲ့။ ရန်ပွဲကြည့်ရရင်ပိုကောင်းမယ်တဲ့။ ငါသာဆို ကွမ်းအိတ်နဲ့ပစ်ပြီ တဲ့။
    ဒါနဲ့ဘေးနားက ဦးလေးတစ်ယောက်က၀င်ပြောတယ်။
    " ဟကောင်ရ ရန်ပွဲကြည့်ရအောင်....ဒါ ရန်ကုန်နဲ့ မန္တလေး ကန်တာမှမဟုတ်တာတဲ့ "
   ဟုတ်ကဲ့....အသေအချာပါပဲ....ကျနော်တို့က ဘုရားစူး ရွှေမြန်မာ။.....။
၂။
ဆရာတော်တစ်ပါးဟောတဲ့ တရားထဲမှာ....
     အိမ်တစ်အိမ်ကို သူခိုးဖောက်ခံရသတဲ့ဗျ။
     သေတ္တာ တစ်လုံး လုံး ပါသွားပါရောလား။
     သူခိုးက အိမ်ဘေးကကွင်းပြင်ထဲမှာ သေတ္တ္တာအခွံ တော့ထားခဲ့တယ်ဆိုပဲ။
     မနက်လင်းတော့ရဲစခန်း တိုင်မယ် ဘာညာပေါ့ဗျာ။ အဲဒီမှာ ဘေးအိမ်ကလူကပြောတယ်တဲ့။
    တိုင်မနေနဲ့။ အဲဒီသွားတိုင်ရင်သူခိုး ထားခဲ့တဲ့သေတ္တာအခွံပါ ဆုံးသွားလိမ့်မယ်တဲ့။
    ဟုတ်ကဲ့....အသေအချာပါပဲ....ကျနော်တို့က ဘုရားစူး ရွှေမြန်မာ။.....။
၃။
အလှူအိမ်တစ်ခုမှာပေါ့ဗျာ....
      ကျနော်ကသူငယ်ချင်းတစ်ယောက်ကိုပြောမိပါတယ်။
      "မင်းကဒီဆေးလိပ်တွေဘာအတွက်ယူတာလဲလို့ "။ သူကဆေးလိပ်ဖြတ်ထားတာလေ။
      ပြန်ဖြေပုံက အတော်လေး သင်းတယ် ဆရာ....။
     " အိုကွာ အလကားရလို့ကတော့ အဆုတ်ပါကြွေသွားပါစေတဲ့။ "
     ဟုတ်ကဲ့....အသေအချာပါပဲ....ကျနော်တို့က ဘုရားစူး ရွှေမြန်မာ။.....။
၎။
ဆရာတော် တစ်ပါး အမေရိကန်ကိုကြွတုန်းကအဖြစ်အပျက်လေးလည်းမျှဝေချင်ပါသေးတယ်။
       နိုင်ငံတစ်ခုရဲ့လေဆိပ်ကိုရောက်တော့....ဗီဇာပါတဲ့ခရီးသည်တွေကတော့
      ခပ်မြန်မြန်လိုရာကို   ခရီးဆက်သတဲ့။
      ဗီဇာမပါတဲ့ခရီးသည်တချို့ကတော့ ဆိုက်ရောက်ဗီဇာတွေရပြီး
      ဒိုးကြပြန်ရောတဲ့ဗျာ။ဆရာတော်က ဆိုက်ရောက်ဗီဇာတောင်းတော့...ဆိုက်ရောက်ဗီဇာ
      ပေးတဲ့ထဲမှာ   ဗမာမပါဘူးဆိုလေရဲ့။
      နောက်ဆုံးတော့ လေဆိပ်ထဲမှာ တစ်ယောက်ထဲယောင်ချာချာ။........
      ဟုတ်ကဲ့....အသေအချာပါ...ဒါလည်းပဲ    .ကျနော်တို့ရဲ့ ဘုရားစူး ရွှေမြန်မာ။.....။
From Forward mail
Thursday, July 15, 2010
Thought for today
When you think of 
the long and gloomy history of man,
you will find more hideous crimes 
have been committed
in the name of obedience
than have ever been committed 
in the name of rebellion.
C. P. Snow
လူတစ်ယောက်ရဲ့သမိုင်းကိုကြည့်လိုက်တဲ့အခါ
လူတွေဟာ နာခံတယ် ဆိုပြီး ကျူးလွန်တဲ့ ပြစ်မှုတွေဟာ
တော်လှန်တယ်ဆိုတဲ့ ပြစ်မှုတွေထက် ပိုများတာကို တွေ့ရပေမယ်။ 
စီပီစနိုး
@moemaka
Wednesday, July 14, 2010
An Enlightened One
An enlightened person is neither interested 
in establishing a religion or sect,
nor in creating a horde of blind followers
who remain involved in performing different lifeless rites and rituals,
trapped in cults and dogmas,
ostentatious sectarian ceremonies and celebrations –
without actually getting the immense benefits
from applying the Dhamma in their lives.
S. N. Goenka
Tuesday, July 13, 2010
အတုအယောင်အပျက်တွေကို အတုမခိုးနဲ့
လူထုစိန်ဝင်း
မြန်မာတွေဖတ်ဖို့ မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့ စာနယ်ဇင်းတွေထဲမှာ မြန်မာလိုစာတွေရေးရင်းနဲ့ အင်္ဂလိပ်စာလုံးတွေရော ညှပ်ရေးကြတာများကို မနှစ်မြို့နိုင်ကြောင်း မကြာခဏရေးခဲ့တယ်။ လက်ခံသူရှိသလို လက်မခံသူလည်း ရှိတယ်။
ဟိုမရောက် ဒီမရောက်တွေ
ဒါကသဘာဝမို့ အထူးပြောစရာ မရှိပါဘူး။ ကိုယ်ကမနှစ်သက်ပေမယ့် နှစ်သက်သူလည်း ရှိမှာပေါ့။ နှစ်ခြိုက် သဘောကျလို့လည်း ရေးနေကြတာပဲ။ သူ့အကြောင်းနဲ့သူ ရှိပါလိမ့်မယ်။ ကိုယ်မနှစ်သက်တာလည်း အကြောင်းမဲ့သက်သက် အင်္ဂလိပ်စာ၊ အင်္ဂလိပ် ယဉ်ကျေးမှုကို မုန်းလို့မဟုတ်ပါဘူး။ မုန်းစရာလည်းမဟုတ်ပါဘူး။ အင်္ဂလိပ်စာကို မမုန်းသလို မြန်မာစာကိုချစ်လွန်းလို့လည်း မဟုတ်ပါဘူး။ သူလိုငါလိုထက်မပိုပါဘူး။ မုန်းတာက ဟိုလိုလို ဒီလိုလိုနဲ့ မြန်မာစာလည်းမဟုတ် အင်္ဂလိပ်စာလည်းမဟုတ်တဲ့ ဟိုမရောက် ဒီမရောက်စာမျိုးတွေ ဖြစ်တယ်။
မမှန်တဲ့အင်္ဂလိပ်စကား
မြန်မာလိုရေးရင် မြန်မာစာပီသစေချင်သလို အင်္ဂလိပ်လိုရေးရင်လည်း အင်္ဂလိပ်စာ ပီသစေချင်တယ်။ ကမ္ဘာ့ဖလားပွဲသတင်းရေးရာမှာToday match, Tomorrow match  ရေးတာ မျိုးမဖြစ်စေချင်ဘူး။ ဒီအရေးအသား က ယနေ့ပွဲ၊ နက်ဖြန်ပွဲဆိုတဲ့ မြန်မာစကားကို အဓိပ္ပာယ် ပြန်ရေးထားတာ ဖြစ်တယ်။အင်္ဂလိပ်စကားမဟုတ်ဘူး။ အင်္ဂလိပ်လိုရေးရင် Today's match, Tomorrow's match လို့ရေးရမှာ မဟုတ်လား။ မမှန်မကန်ရေးမယ့်အစား ယနေ့ပွဲ၊ နက်ဖြန်ပွဲလို့ မြန်မာလိုရေးလိုက်ရင် ဘာဖြစ်သွားမှာ မို့လဲ။
အကြွားလွန်တော့ ရယ်စရာဖြစ်
တချို့ကျတော့လည်း မှန်တော့ မှန်တယ်။ ဒါပေမဲ့ မလိုအပ်ဘဲနဲ့ အင်္ဂလိပ်စာတွေ ထည့်ရေးလွန်းအားကြီးတော့ တတ်ကြောင်းသိပ်ကြွားချင် မှန်းသိသာပြီး လူရယ်စရာဖြစ်သွားတယ်။ သတင်းလို့ ရေးနိုင်ပါလျက်နဲ့ News လို့ရေးလိုက်တာမျိုး၊ နည်းပညာစက်မှု အတတ်ပညာလို့ ရေးရင်ဖြစ်လျက်နဲ့ တက္ကနော်လော်ဂျီလို့ရေး လိုက်တာမျိုး၊ လူတိုင်းအလုပ်သမားလို့ ရေးနေတာကို လေဘာလို့ ရေးလိုက်တာမျိုးတွေပေါ့။ ဘိုလိုရေးချင်ပြီး အသံထွက်မမှန်တော့ ကိုယ်ညံ့ တာထုတ်ကြွားသလိုဖြစ်နေတာမျိုးတွေလည်း အများကြီးရှိသေးတယ်။
အဲယားဝေးတဲ့လား
ထိုင်းလေကြောင်းလို့ ရေးလိုက်ရင်ပြီးနေတာကို ထိုင်းအဲယားဝေးလို့ ရေးလိုက်တော့ ကြည့်မကောင်းဘူး။ အိုင်ဒီယောလော်ဂျီ(ideology)ကို အိုင်ဒီအိုလော်ဂျီ၊ အီဒီအိုလော်ဂျီစသဖြင့် ရေးလိုက်တော့လည်း ရယ်စရာဖြစ် သွားတယ်။ ရှေးကသဘောတရားတို့၊ အတွေးအခေါ် အယူအဆတို့ဆိုပြီး ဘာသာပြန်ခဲ့ကြလို့(Socialist Ideo-logy)ကို ဆိုရှယ်လစ်သဘောတရားလို့ ရေးခဲ့ကြ၊နားလည်ခဲ့ကြပြီးသား မဟုတ်လား။ ထိုင်နေအကောင်းသား ထသွားမှ ကျိုးမှန်းသိဆိုသလို အကြွားလွန်ရင် ရယ်စရာဖြစ်တတ်တယ်။
အင်္ဂလိပ်စာတန်းထိုးရုပ်ရှင်တွေ
စာနယ်ဇင်းတွေမှာသာ မဟုတ်သေးဘူး။ အခုတစ်လောမြန်မာရုပ်ရှင်တွေမှာပါ အင်္ဂလိပ်စာတန်းထိုးတွေ ဖက်ရှင်ဖြစ်လာတာ သတိထားမိတယ်။ အတော်များများက Today match ယနေ့ပွဲရေးသလိုမျိုး မြန်မာစကား ကို အင်္ဂလိပ်အဓိပ္ပာယ် ပြန်ထားတာမျိုးတွေ ဖြစ်နေတာလည်း သတိထား မိပါတယ်။ မြန်မာတွေဖတ်ပြီး အတုယူမှားရင် မကောင်းသလို နိုင်ငံခြားသားဖတ်မိရင်လည်း ကိုယ့်လူမျိုးကို အထင်သေးသွားစရာဖြစ်တယ်။ ကိန်း ရုပ်ရှင်ပွဲတော်လို ပွဲကြီးကိုသွားပြိုင်မှာ မို့ အင်္ဂလိပ်စာတန်းထိုးတယ်ဆိုရင် နားလည်နိုင်သေးတယ်။ မြန်မာတွေ ကြည့်ဖို့ မြန်မာပြည်တွင်းမှာပဲ ပြနေကြတာတွေကို အင်္ဂလိပ်စာတန်းထိုးတာတော့ ကြွားချင်တာသက်သက်ပဲလို့ ကောက်ချက်ချမိတယ်။
ချက်အရက်က၀ီစကီမဖြစ်ရ
အင်္ဂလိပ်စကားလုံးတွေ ထည့်ရေးတိုင်း အင်္ဂလိပ်စာတန်းတွေ ထိုးပြတိုင်းနိုင်ငံတကာအဆင့်မီ ဖြစ်သွားပြီ ထင်ရင်တော့ တော်တော်သနားစရာ ကောင်းတယ်လို့ပြောရမှာပဲ။ ချက်အရက်ကို အင်္ဂလိပ်လို ရေးထားတဲ့ တံဆိပ်ကပ်ရောင်းရုံနဲ့ ၀ီစကီဖြစ်သွားတာမှ မဟုတ်တာ။ အရေးကြီးတာက ကိုယ့်ပစ္စည်းကောင်းဖို့သာ ဖြစ်တယ်။ ကဗျာ ဆရာကြီးတဂိုးဟာ အင်္ဂလိပ်စာတတ် ပေတတ်ကြီးဖြစ်တယ်။ 
တစ်ခါတလေမှာ အင်္ဂလိပ်လိုရေးလေ့ရှိတယ်။
ဒါပေမဲ့ သူ့ကဗျာအများစုကို သူ့မိခင်ဘာသာစကား ဘင်္ဂါလီဘာသာနဲ့ပဲ ရေးပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာစကားတိုင်းလိုလိုနဲ့ တဂိုးရဲ့ကဗျာတွေကို ဘာသာ ပြန်ယူကြပါတယ်။
ရုရှားဘာသာနဲ့ ရှိသလို တရုတ်ဘာသာနဲ့လည်း ရှိပါတယ်။
အင်္ဂလိပ်လိုရေးကြပါ
ကမ္ဘာကျော်စာရေးဆရာကြီး တော်လ်စတွိုင်းရဲ့လက်ရာအားလုံးကိုလည်း ဘာသာပေါင်းစုံဘာသာပြန်ခဲ့ ကြပါတယ်။ ဆရာကြီးက ရုရှားဘာ သာနဲ့ပဲရေးခဲ့တာဖြစ်တယ်။ ကမ္ဘာတစ်ခွင်လုံး ပျံ့နှံ့ခဲ့တဲ့ ကားလမတ်ရဲ့ ကွန်မြူနစ်ဝါဒကျမ်းတွေလည်း ဂျာမန်ဘာသာနဲ့ ရေးခဲ့တာတွေချည်းပါပဲ။ ဒါတွေပြောတာက မြန်မာတွေ မြန်မာလိုပဲရေးကြ၊ တခြားဘာသာတွေနဲ့ မရေးကြနဲ့လို့ ပြောတာ မဟုတ်ပါဘူး။ တခြားဘာသာတွေနဲ့ ရေးနိုင်ရင် အင်မတန်ကောင်းပါတယ်။ အင်္ဂလိပ်ဘာသာနဲ့က မြန်မာတွေပိုရင်းနှီးတော့ အင်္ဂလိပ်ဘာသာနဲ့ စာတွေရေးပြီးထုတ်ကြပါ။ နိုင်ငံခြားက စာနယ်ဇင်းတွေ မှာလည်း မြန်မာအကြောင်း ကမ္ဘာသိ အောင်ရေးကြပါလို့ နှိုးဆော်ပါတယ်။
ဖျင်း ဖျင်းတယ်ပေါ့
ဝါးလုံးခေါင်းထဲ လသာသလို မြန်မာစာတွေထဲ အင်္ဂလိပ်စာလုံးတွေ ရောညှပ်ရေးနေတာလောက်နဲ့ ကျေနပ်မနေကြပါနဲ့။ မြန်မာစာရေးတဲ့အခါမှာ မြန်မာစာပီပီသသဖြစ်ဖို့ လိုပါတယ်။ အင်္ဂလိပ်စာ ရေးတဲ့အခါမှာ လည်း အင်္ဂလိပ်စာ ပီပီသသ ရေးကြစေချင်တယ်။
Today match  ဆိုတာမျိုးကတော့ ရှက်စရာကောင်းတယ်။ လုံးဝမဖြစ်သင့်ဘူး။
မြန်မာက ဝေါဟာရခေါင်းပါးလို့ဆိုတဲ့ ဆင်ခြေက မခိုင်လုံဘူးဆိုတာလည်း လူတိုင်း သိပါတယ်။ ကိုယ့်ဟာကိုယ်ပျင်း ပျင်းတယ်၊ ဖျင်း ဖျင်းတယ်ပေါ့။
အဖော်အချွတ်နဲ့ ဂလိုဘယ်
ဂလိုဘယ်နဲ့ကိုင်မပေါက်နဲ့။ ဘာမှမဆိုင်ဘူး။ အင်္ဂလိပ်စကားဟာ ကမ္ဘာသုံးစကားဖြစ်တယ် ဆိုတာကို အငြင်းမပွားဘူး။ အင်္ဂလိပ်စကား ပြောတာ အင်္ဂလိပ်စာရေးတာကို ကဲ့ရဲ့ပြစ်တင် နေတာလည်း မဟုတ်ဘူး။ အင်္ဂလိပ်စာလည်းမဟုတ်။ မြန်မာစာ လည်းမပီသတဲ့ တောင်မရောက်၊ မြောက်မရောက်၊ ကကတစ်စာ အရေးအသားမျိုးတွေ မဖြစ်ဖို့သာပြောတာ။ ခုခေတ်က ထစ်ကနဲဆို ဂလိုဘယ်နဲ့ ကိုင်ပေါက်ချင်နေကြတာ။ အဖော်အချွတ် ၀တ်စားဆင်ယင်ကြသူများကလည်း ဂလိုဘယ်ယဉ်ကျေးမှုတို့ ခေတ်ရေစီးကြောင်းတို့၊ နိုင်ငံတကာအဆင့်မီတို့ဆိုတဲ့ စကားမျိုး တွေသိပ်ပြောကြတယ်။ ဘာမှမဆိုင်ဘူး။ တခြားစီပဲ။ သူတို့အတူယူနေကြတဲ့ ဂလိုဘယ်ယဉ်ကျေးမှုဆိုတာတွေက အစစ်အမှန် အနောက်တိုင်း ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ မဟုတ်ပါဘူး။ ခေတ်ပျက်မှာ ဗရုတ်သုက္ခနဲ့ ထွက်ပေါ်လာတဲ့ ယဉ်ကျေးမှုပျက်တွေသာဖြစ်တယ်။
မြန်မာမှုပြုရမယ်
နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် 'စုတုပြု'လုပ်ရမှာပဲ။ အတုခိုးစရာတွေကို အတုခိုးရမှာပဲ။ ဒါပေမယ့် မူရင်းအစစ်အမှန်တွေကို အတုခိုးကြရမှာပါ။ အတုအယောင်အပျက်တွေကို အတုခိုးရမှာ မဟုတ်ပါဘူး။ အတုယူသင့်တာတွေကို အတုယူပြီး ကိုယ့်တိုင်းပြည်ရဲ့ ရေမြေသဘာဝ၊ ကိုယ့်လူမျိုးရဲ့ ဓလေ့ စရိုက်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် 'မြန်မာမှုပြု' ပြီး ယူရမှာဖြစ် တယ်။ မြန်မာပြည်ဆိုတာ ကမ္ဘာပေါ် မှာ လူဦးရေအများဆုံး နိုင်ငံကြီးနှစ်ခု ကြားမှာ တည်ရှိနေတဲ့ နိုင်ငံသေးသေးလေး တစ်ခုသာဖြစ်တယ်ဆိုတဲ့ အချက်ကို ကျွန်တော်တို့မေ့ထားလို့ မရပါဘူး။ စာပေနဲ့ ယဉ်ကျေးမှုကို ၀ါးမျိုခံမသွားရအောင် သတိကြီးစွာ ထားနေကြရပါမယ်။ စာပေနဲ့ယဉ် ကျေးမှု ပျောက်ကွယ်သွားရင် လူမျိုးပါ ကွယ်ပျောက်သွားမှာ ဖြစ်ပါတယ်။
@Eleven Media Group
Monday, July 12, 2010
What is happiness?
For all that science has achieved 
in the field of materialism,
are the peoples of the world happy?
They may find sensual pleasures off and on,
but in their heart of hearts 
they are not happy
when they realize what has happened,
what is happening
and what may happen next.
Why? 
This is because, 
while man has mastery over matter,
he is still lacking in mastery over his mind.
Sayagyi U Ba khin
Sunday, July 11, 2010
နှစ်သက်မိတဲ့ ကာတွန်းလေး
Weekly Eleven Journal ထဲက ကာတွန်းလေးကို ကြိုက်လွန်းလို့ ဖော်ပြလိုက်လိုက်ပါတယ်။
ကြီးကြီးကြည့်ချင်ရင် ပုံပေါ်ကို click လိုက်။
Sensations
Whatever sensations one experiences 
in the body,
Pleasant, unpleasant or neutral,
Inside or outside,
All are suffering,
All are illusory,
All are ephemeral.
Sutta Nipata
Saturday, July 10, 2010
ရွက်ကြမ်းရေကျို ကမ္ဘာကြီး
ခုတလော ဘောလုံးပွဲတွေ မလွတ်တမ်းကြည့်ဖြစ်နေတာကြောင့် တစ်နေ့နှစ်ပုဒ် ရေးနေကျစာတွေ မရေးနိုင်ဘူး။ စာဖတ်ပရိသတ်အပေါ် ပျက်ကွက်မှု ဖြစ်ရတာ စိတ်မကောင်းဘူး။ စာဖတ်ပရိသတ်အများစုကလည်း ဘောလုံးပွဲတွေ ကြည့်နေကြမှာမို့ ဂျာနယ်တွေအပေါ် သိပ်အာရုံရောက်မှာ မဟုတ်ပါဘူးလို့ ကိုယ့်ဟာကိုယ် ဖြေတွေးတွေးရတယ်။
ပျင်းစရာကောင်းတယ်
        လေးနှစ်မှတစ်ကြိမ် ကြည့်ရတဲ့ ကမ္ဘာ့ဖလားပွဲတွေမို့သာ ကြည့်ရတာ တယ်အားရလှတယ်တော့ မဟုတ်ဘူး။ ကြည့်ပြီးသမျှ တစ်ပွဲမှ ရာနှုန်းပြည့် ကျေနပ်အားရသွားတာ မရှိဘူး။ အုပ်စုအဆင့်ပွဲတွေ ပျင်းစရာကောင်းသလို ရှုံးထွက်အဆင့်ပွဲတွေလည်း တစ်ပွဲမှ ရင်ခုန်စရာမရှိဘူး။ နာမည်ကြီး အီတလီ၊ ပြင်သစ်၊ အင်္ဂလန်ဆိုတဲ့ အသင်းကြီးတွေများ ကမ္ဘာ့ဖလား အဆင့်လို့ ပြောရလောက်တဲ့ အရည်အချင်းမျိုး နည်းနည်းလေးတောင် မတွေ့ခဲ့ရဘူး။ အာရှက တောင်ကိုရီးယားနဲ့ ဂျပန်၊ အာဖရိက က အိုင်ဗရီကို့စ်နဲ့ ဂါနာအသင်းတွေလောက်တောင် ခြေစွမ်းထုတ်မပြနိုင်ခဲ့ကြဘူး။
အိုဗားမားကို သတိရ
         အနိုင်ရနေကြတဲ့ ဘရာဇီးလ်၊ အာဂျင်တီးနား၊ စပိန်ဆိုတဲ့ အသင်းတွေကလည်း 'အနူတောမို့ လူချော' ဖြစ်နေကြတာ။ ရော်နယ်လ်ဒို၊ ရီဗယ်ဒို၊ ရောဘတ်တိုကားလို့စ်၊ ကာဖူးတို့ခေတ်က အသင်းတွေလို ရင်သပ်ရှုမောလို့ ဆိုရလောက်တဲ့ ခြေစွမ်း မျိုးတွေ ရှိကြတာ မဟုတ်ပါဘူး။ ဒီနှစ် ခြေစွာတယ်ဆိုတဲ့ ဟော်လန်အသင်းကလည်း ဘားကမ့်တို့၊ အိုဗားမားတို့လို အာဆင်နယ်ကစားသမားတွေခေတ် ခြေစွမ်းကို မမီကြသေးပါဘူး။ ကိုယ်ခန္ဓာ လုံးလုံးကျစ်ကျစ်နဲ့ ဘယ်တောင်ပံကနေ ပြေးအား ကောင်းကောင်းနဲ့ နောက်ခံလူ နှစ်ယောက်၊ သုံးယောက်ကြားက လိမ်ကောက်ဖြတ်ထွက်တတ်တဲ့ အိုဗားမားရဲ့ ကစားဟန်တွေကို ဒီနေ့ထိ မျက်စိထဲမှာ မြင်ယောင်နေမိပါသေးတယ်။
ဖီဖာဥက္ကဋ္ဌရဲ့စကား
        ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာက နှစ်ပေါင်း ၂၀ အတွင်း အကောင်းဆုံး ကမ္ဘာ့ဖလားပွဲလို့ ပြောလိုက်တာက ဘောလုံးအဆင့်အတန်းကို ပြောတာလို့ မထင်ဘူး။ ငွေကြေးအမြတ်အစွန်းနဲ့ ကျော်ကြားမှုကို ပြောလိုက်တာလို့ပဲ ထင်တယ်။ နှစ်ပေါင်းခြောက်ဆယ်လောက် ဘောလုံးပွဲတွေကို စွဲစွဲလမ်းလမ်းကြည့်လာတဲ့ ၀ါသနာအိုးတစ်ယောက် အမြင်မှာတော့ ဘာမှကို စွဲမက်လောက်စရာ မရှိပါဘူး။ ပါရမီရှင်လို့ ခေါ်နိုင်လောက်တဲ့ လူငယ်လေးတွေလည်း ပေါ်ထွက်လာဖို့ မမြင်ပါဘူး။ ဘာကြောင့် ခုလို ယတိပြတ် ပြောလိုက်တာလဲဆိုတော့ ကွာတားဖိုင်နယ်အဆင့်မှာ ကျန်ရစ်ခဲ့တဲ့ အသစ်တိုင်းလိုလိုမှာက မြင်နေကျ၊ တွေ့နေကျ လူဟောင်းတွေချည်း ဖြစ်နေလို့ပါပဲ။
ဘက်စုံကျဆင်း
        ဘောလုံးပွဲတွေကြည့်ပြီး အားမလို အားမရဖြစ်ပေမယ့် အပြစ်တော့ မတင်ပါဘူး။ အရည်အသွေး အဆင့်အတန်းတွေ ယုတ်လျော့ကျဆင်းလာတာက ဒီတစ်ခုမှ မဟုတ်တာ။ ကမ္ဘာနဲ့ချီပြီးတော့ကို ဘက်ပေါင်းစုံ ကျဆင်းသွားတာ မဟုတ်လား။ လက်ဝှေ့လောကဘက် ကြည့်ပါဦး။ ဖလွိုက်ပတ်တာဆင်လို၊ ရော့ကီးမာစီယာနိုလို၊ ကက်စီးယပ်ကလေးလို ပညာရှင်တွေ ဘယ်မှာ ပေါ်ထွန်းလာတော့လို့လဲ။ နောက်ပေါ်လာတာတွေက ဆန်နီလစ္စတန်လို၊ မိုက်တိုင်ဆန်လို နွားသတ်သမားမျိုးတွေချည်း မဟုတ်လား။ ရုပ်ရှင်တို့၊ ဘာတို့ ကြည့်လိုက်တော့လည်း အနုပညာစွမ်းပြ ကားမျိုးတွေ တစ်နှစ်လုံးနေလို့ ၁၀ ကား ကြည့်ရဖို့တောင် မလွယ်တော့ဘူး။ အီးတီလို၊ ဂျူရာစစ်ပတ်ခ်လို၊ စတားဝါးလို ကားမျိုးတွေနဲ့ မိုးပျံလူသား၊ လင်းနို့လူသား၊ ပင့်ကူလူသားစတဲ့ အတတ်ပညာစွမ်းပြ ကလေးကြိုက် ကားမျိုးတွေချည်း တွေ့နေရတယ်။ အာကာသသိပ္ပံပညာ အခြေခံ ရိုက်ပြတယ်ဆိုတဲ့ ကားမျိုးတွေမှာတောင် လူသားတွေထက်တောင် အတတ်ပညာ အဆင့်မြင့်လှပါတယ်ဆိုတဲ့ ဂြိုဟ်သားတွေက ဘာကောင်မှန်း ညာကောင်းမှန်း မသိရတဲ့ အကောင်ဗလောင်တွေချည်းပါပဲ။
ရှေးက ခေါင်းဆောင်တွေကိုလွမ်း
        နေ့စဉ် မီဒီယာတွေမှာ မြင်တွေ့နေရတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို ကြည့်လိုက်ပါဦး။ ချာချီတို့၊ ဒီဂေါတို့၊ ရုစဗဲ့တို့၊ စတာလင်တို့ ဆိုတာထား။ သူတို့ရဲ့ ထက်ဝက်လောက်သာ အရည်အချင်းရှိကြတဲ့ ခရုရှော့၊ ကနေဒီတို့ခေတ်က ခေါင်းဆောင်မျိုးတောင် ဘယ်နိုင်ငံမှာ ရှိလို့လဲ။ အာရှတိုက်မှာလည်း နေရူး၊ ချိုအင်လိုင်း၊ ဆူကာနို၊ သီဟာနု၊ အလီဘူတို စတဲ့ ခေါင်းဆောင်ကြီးတွေမျိုး ပေါ်ထွက်မလာကြတော့ဘူး။ အာဖရိကတိုက်မှာလည်း အီဂျစ်က နာဆာ၊ ဂီနီက ဆီကိုတိုရေး၊ ဂါနာက ဇွာမေ၊ မနာကရူး မား၊ တန်ဇန်နီးယားက ဂျူးလိယက် ညီရေးရေး၊ ဇမ်ဘီယာက ကဲနက်ကအွန်းဒါး၊ ကင်ညာက ဂျိုမိုကင်ညတ်တာ၊ အယ်လ်ဂျီးယားက အာမက်ဘင်ဘဲလား၊ မာလီက မိုဒီဘိုကေးတား စတဲ့ ခေါင်းဆောင်တွေလို အနောက်နိုင်ငံတွေကတောင် လေးစားရတဲ့ ခေါင်းဆောင်မျိုးတွေ မတွေ့ရတော့ဘူး။
ပစ္စန္တရစ်အရပ်
        ကမ္ဘာကြီးတစ်ခုလုံး နယ်စုံဘက်စုံမှာ တော်ရုံသင့်ရုံ ရွက်ကြမ်းရေကျိုအဆင့် (Mediocre) တွေချည်း မြင်တွေ့နေရတယ်။ ပညာခေတ်၊ ပညာခေတ်နဲ့ အော်နေကြတာကလည်း နည်းပညာတွေသာ ထွန်းကားတိုးတက်လာတာ ဖြစ်ပြီး အသိဉာဏ် ပညာပိုင်းမှာတော့ ထင်သလောက် တိုးတက်မလာပါဘူး။ စိတ်ယဉ်ကျေးမှုပိုင်းကို ကြည့်လိုက်ရင်တော့ စိတ်ပျက်စရာတွေချည်း လိုလိုပါပဲ။ လူတွေဟာ ဘယ်ခေတ်ဘယ်အခါကနဲ့မှ မတူအောင်ကို ရိုင်းစိုင်းမှုလွန်ကဲပြီး ရက်စက်ကြမ်းကြုတ်မှုတွေကလည်း ကမ်းကုန်အောင်ကို ဖြစ်နေပါတော့တယ်။ ကမ္ဘာကြီးတစ်ခုလုံးဟာ နေချင့်စဖွယ် လုံးဝမကောင်းတော့တဲ့ ပစ္စန္တရစ်အရပ် ဖြစ်နေပြီလို့ပြောရင် လွန်လိမ့်မယ်မထင်ဘူး။
အာနိုးရဲ့ ရုပ်ရှင်လို
        ဒီလို ဘက်စုံအရည်အသွေးတွေ ယုတ်လျော့ကျဆင်းပြီး ပစ္စန္တရစ်အရပ်ကြီး ဖြစ်နေတာကို ကျွန်တော်တို့တတွေ တားဆီးခြင်း မပြုနိုင်ဘူးဆိုရင် နောင်လာနောက်သား ကျွန်တော်တို့ သားမြေးများလက်ထက်မှာ အာနိုးရဲ့ Terminator ရုပ်ရှင်ကားတွဲတွေ ထဲကလို မြို့ကြီးပြကြီးတိုင်းမှာ လူဆိုးလူမိုက်ဂိုဏ်းတွေ ကြီးစိုးပြီး လူတွေမျိုးပြုတ်အောင် သတ်ဖြတ်မှုတွေ လွှမ်းမိုးလာဖွယ်ရာ ရှိတယ်။
တာဝန်ကျေဖို့လို
        အဲဒါကြောင့် ရတောင့်ရခဲ လူ့အဖြစ်ကို ရလာခိုက်လေးမှာ လူပီပီသသ၊ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ဖို့အတွက် ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ဒီတာဝန်ကို ကျွန်တော်တို့ လျစ်လျူရှုထားခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ သားမြေးတွေ မရှုမလှ ခံကြရမှာ ဖြစ်တယ်။ ကိုယ့်ရင်သွေး သားသမီးလေးတွေကို တကယ်ချစ်မြတ်နိုးကြတယ်ဆိုရင် ကျွန်တော်တို့အားလုံး တာဝန်ကျေကြရပါလိမ့်မယ်။
လူထုစိန်ဝင်း
@Eleven Media Group
Friday, July 9, 2010
ဖြစ်မှဖြစ်ရပလေ
အောက်ပါတို့ကို ဘာသာပြန်ပါ။
အမေး။ How do you do?
အဖြေ။ ခင်ဗျား ဘယ်လို လုပ်လိုက်တာလဲဗျာ။
အမေး။ Long time no see.
အဖြေ။ အရှည်ကြီးက အချိန်မမြင်ဘူးဟ။
အမေး။ Fine for smoking
အဖြေ။ ဆေးလိပ်သောက်လို့ အဆင်ပြေပါတယ်။
အမေး။ We need to check the time table.
အဖြေ။ ကျုပ်တို့ နာရီစားပွဲနဲ့ ကျားထိုးရဦးမယ်ဗျ။
အမေး။ Free Burma.
အဖြေ။ မြန်မာပြည်ကြီးကို အလကားယူသွားဗျာ (ပိုက်ဆံပေးဖို့မလို)
အမေး။ Save the forest.
အဖြေ။ တောအုပ်ကြီးကို သိမ်းထားစမ်းပါ။
အမေး။ Free Alcohol Zone
အဖြေ။ အရက်အလားကား ရသော နေရာဖြစ်သည်။
အမေး။ Wash Basin
အဖြေ။ ရေဇလုံကို ဆေးပါ
@mutdfan
Thoughts
Bad thoughts occur spontaneously.
Good thoughts occur only
when the mind is alert.
It is always good to be on the alert.
တောင်မြို့ဆရာတော်
Thursday, July 8, 2010
ဝတ်ရုံသစ် မန္တလေး
မန္တလေးမြို့တွင် သမိုင်းဝင် ရှေးဟောင်း အဆောက်အဦးများနှင့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ ထွန်းကားခဲ့သော်လည်း ယနေ့ခေတ် မန္တလေးသား လူငယ်များအနေဖြင့် တန်ဖိုးထား ဂုဏ်ယူမှုနည်းပါးလျက် ရှိပြီး ခေတ်လွန်ဝတ်စားဆင်ယင်မှုနှင့် လူနေမှုပုံစံများပြောင်းလဲ လျက်ရှိကြောင်း တွေ့ရှိရသည်။
ရာပြည့်လွန် သင်းပင်းဖွဲ့စည်းမှုများဖြင့် . . .
မန္တလေးမြို့သည် မြန်မာ့သမိုင်းကြောင်းတွင် နောက်ဆုံး မင်းနေပြည်တော်ဖြစ်ခဲ့ပြီး မြို့တည်နန်းတည်ခဲ့သော မင်းတုန်းမင်း၏ စီမံခန့်ခွဲမှုဖြင့် လေးထောင့်စပ်စပ်မြို့ပြပုံစံ ဖွဲ့စည်းကာ မြန်မာ့လူနေမှုစရိုက်ဖြစ်သော ၀င်းဖွဲ့စုစည်းနေထိုင်သည့် ပုံစံဖြင့် မြို့ပြကို ဖွဲ့စည်းခဲ့သည်။ ထို့ပြင်ဘာသာရေးကို အထူးဦးစားပေးပြီး ရိုးရာယဉ်ကျေးမှု အစဉ်အလာများ ထိန်းသိမ်းစောင့်ရှောက်မှုအတွက် လူပညာရှိ၊ ရဟန်း ပညာရှိများကို မြှောက်စားအားပေးမှုတွင် ထင်ရှားခဲ့သော ပြည်ထောင်မင်းတစ်ပါးဖြစ်ခဲ့သည်ဟု မန္တလေးမြို့ခံ သက်ကြီးဝါကြီး သမိုင်းသုတေသီကြီး တစ်ဦးက သုံးသပ်ပြသည်။ ''မင်းနေပြည်တော်ဖြစ်ခဲ့တော့ တစ်တိုင်းတစ်ပြည်လုံးက တော်ပေ့တတ်ပေ့ ကောင်းပေ့ညွတ်ပေ့ဆိုတဲ့ ဘာသာစကားအသုံးအနှုန်းကအစ သုခုမအနုပညာတွေအထိ မန္တလေးမှာပဲတစ်စု တစ်စည်းထဲ ဖြစ်ထွန်းစေခဲ့တယ်။ ပါတော်မူပြီး သူ့ကျွန်ဘ၀အောက် ရောက်တာတောင်မှ အမျိုးဘာသာ၊ သာသနာကို အထိပါးမခံဘဲ ရိုးရာယဉ်ကျေးမှုကိုလည်း အတတ်နိုင်ဆုံး ထိန်းသိမ်းစောင့်ရှောက်ကြပြီး လူငယ်တွေကိုလည်း အမွေအနှစ်တစ်ခုပမာ လက်ဆင့်ကမ်းခဲ့ကြတယ်။ မန္တလေးမြို့သက်နှစ်တစ်ရာအထိတော့ သည်အစဉ်အလာဟာ အားကောင်းခဲ့ပါတယ်။ ဒါ့ကြောင့်လည်း နှစ်တစ်ရာရဲ့ ရှေ့ပိုင်းကာလတွေ မှာ မန္တလေးသားတွေ တစ်စိတ်တစ်ဝမ်းထဲ စုစည်းပြီး အမျိုးဘာသာသာသနာအတွက် သာမက မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာတွေကို ခေတ်နဲ့အညီ အရိုးကိုအရွက်မဖုံးစေဘဲ ဖော်ထုတ်မြှင့်တင်နိုင်တဲ့ အသင်းအဖွဲ့အစည်းတွေ ထူထောင်နိုင်ခဲ့တာပေါ့။ ဒါပေမယ့် ဒီဘက်ဆယ်စုနှစ်ပိုင်းတွေမှာ မန္တလေးရဲ့လူမှု နေထိုင်ခြင်းဆိုင်ရာပုံစံနဲ့ လူမှုဆက်ဆံရေးပိုင်းကို ဆက်ခံထိန်းသိမ်းဖို့ လူငယ်တွေအနေနဲ့ ၀န်လေးလာကြတယ်။ ဒီစိတ်ဓာတ်နဲ့ တစ်ပါတည်း မန္တလေးရဲ့အဖိုးတန် သမိုင်းဝင် အဆောက်အဦးတွေပေါ် တန်ဖိုးထားစိတ်နဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေအပေါ် လေးစားလိုက်နာမှုတွေ သိသိသာသာကြီး နည်းပါးသွားတယ်။ စီးပွားရေးသဘောအရ မန္တလေးမှာ အခြေတည်ဖြစ်ထွန်းနေကြတဲ့ တစ်နယ်သားများရဲ့ဝတ်စားဆင်ယင်မှု၊ လူနေမှုပုံစံ၊ ဓလေ့ထုံးစံတွေအပေါ် အထင်ကြီးအတုယူ လာကြတာတွေပါ''ဟု ဆက်လက်၍သုံးသပ်ပြသည်။
လူငယ်တွေက လက်ဆင့်ကမ်းအမွေခံခဲ့ကြရာ
သက်တမ်းရာချီရှိသည့် မြောက် ပြင်ရပ်မှ အရုဏ်တော်ဝတ်အသင်း၊ သင်းမလူကြီးတစ်ဦးက သူ့အမြင်ကို ပြောကြားရာ၌လည်း'' ဘာသာရေး အခမ်းအနားတွေနဲ့ ပတ်သက်ပြီး မန္တလေးမှာအလွန် ထွန်းကားခဲ့ပါတယ်။ ကျွန်တော်တို့လို နှစ်ပေါင်းရာချီပြီး သက်တမ်းရှည်ခဲ့တဲ့ အရုဏ်တော် ၀တ်အသင်းကြီးတွေ မန္တလေးမှာမနည်း အသက်ရှည်အောင်ဆက်ပြီး ခက်ခက်ခဲခဲထိန်းသိမ်း နေကြရတယ်။ အထူးသဖြင့် မျိုးဆက်သစ်လူငယ်တွေက ဒီဘာသာရေးအလုပ်တွေပေါ်မှာ စိတ်ဝင်စားမှု နည်းကုန်ကြတယ်။ ရပ်ကွက်ထဲက အနည်းအကျဉ်းသော လူငယ်လေးတွေကိုပဲ ခက်ခက်ခဲခဲ စုစည်းထားရတယ်။ ၀ါတွင်းဝါပ ရပ်ကွက်ထဲ ဆွမ်းကြီးခံထွက်ရမှာကိုပဲ လိုက်လာရမှာကို အသည်းအသန် ရှက်တဲ့လူငယ်တွေ ဖြစ်ကုန်ပါပြီ။ ဒါပေမယ့် ဒီလူငယ်တွေဟာ ဘာသာရေးဆိုင်ရာ အခါကြီးရက်ကြီးတွေမှာ ဆိုင်ကယ်တွေပေါ် လူသုံးလေးယောက်တင်ပြီး လီဗာကုန်ဖွင့်မြို့လုံးအနှံ့ သွားလာဖို့တော့ ရှက်ရကောင်းမှန်း မသိကြတော့ပါဘူး။ အရင်ကအခါကြီး ရက်ကြီးတွေဆိုရင် ဆွမ်းကြီးခံအဖွဲ့တွေ၊ ၀တ်အသင်းတွေ၊ အရုဏ်တော်ကြီးတွေ၊ လူငယ်တွေကိုယ်တိုင် တည်တည်ငြိမ်ငြိမ် ဣနြေ္ဒရရ ပါဝင်ဆင်နွှဲကြတာ မြင်ကြရတော့ ကြည်နူးဝမ်းမြောက်ကြရတယ်။ ကျွန်တော်တို့ လူငယ်တုန်းကလည်း လူကြီးတွေဆီက ကောင်းတဲ့အမွေကို အဲဒီလို လက်ဆင့်ကမ်းယူခဲ့တာပါ။ အခုလူငယ်တွေအနေနဲ့ ကျွန်တော်တို့ဆီက လက်ဆင့်ကမ်း ယူရကောင်းမှန်းလည်း မသိတော့ဘူး။ ယူရမယ့်ကိစ္စအပေါ်မှာလည်း တလေး တစားမရှိတော့ဘူး''ဟု ဆိုသည်။
ပွဲလမ်းတွေမှာ အပျော်အပါးဘက်ကိုပဲ အားသန်ကုန်ကြကာ . . .
 မြန်မာတို့၏ အထင်ကရပွဲတော်ဖြစ်သော မဟာသင်္ကြန်တွင် မန္တလေးမြို့သည် အစဉ်အဆက် ရိုးရာယဉ်ကျေးမှုကို စောင့်ရှောက် ထိန်းသိမ်းခြင်းဖြင့် အဆင့်အတန်းမြင့်မားသည့် မြန်မာ့ယဉ်ကျေးမှုအတွက် ကမ္ဘာသို့တိုင်တိုင် ဂုဏ်ယူနိုင်ခဲ့သည်။ မန္တလေးသင်္ကြန် ယဉ်ကျေးမှုသင်္ကြန် အနှစ်သာရများကို မန္တလေးသား လူငယ်အများစုက ဂုဏ်ယူခြင်း၊ လေးစားမြတ်နိုးခြင်း မရှိကြတော့ဘဲ သင်္ကြန်ဟုဆိုလျှင် သောက်စားမူးယစ်မှုနှင့် ရင်းနှီးလွတ်လပ်မှုဟုသာ အဓိပ္ပာယ်တလွဲ မှတ်ထင်နေကြမှုများနှင့် ပတ်သက်၍ ''မန္တလေးသင်္ကြန်ဟာ အစဉ်အဆက် အကောင်းဘက်ကို ဦးတည်ပြီး အား ထုတ်ခဲ့ကြတာ သေချာတယ်။ အကောင်းဆိုတာ ရိုးရာယဉ်ကျေးမှုအကောင်း၊ သုခုမအနုပညာအကောင်း၊ လူလူချင်း စာနာထောက်ထားမှု အကောင်း၊ မောင်ရင်းနှမအသွင် ခင်မင်စေတဲ့အကောင်း၊ နှစ်သစ်နှစ်ဦးမှာ ကျက်သရေ မင်္ဂလာရှိစွာ ရင်းနှီးချစ်ကြည်စေလိုမှု အကောင်း၊ ဗြဟ္မစိုရ်တရားထွန်းကား စေမယ့်အကောင်း၊ မြန်မာမျိုးသမီးသားကောင်းလေးတွေ ဟီရိသြတပ္ပတရားနှင့် အဖိုးတန်သားကောင်း မိခင်တွေဖြစ်စေမယ့် အကောင်း ......၊ အဲဒီအကောင်းတွေ မန္တလေးသင်္ကြန်မှာ အစဉ်အဆက် ထွန်းကားခဲ့တယ်။ ဒီအမွေကို လက်ဆင့်ကမ်းခဲ့တယ်။ အခု မန္တလေးသင်္ကြန်က အဲဒီအကောင်းတွေ တစ်ခုမှမရှိတော့ဘူး။ အကောင်းတွေ ရဲ့ဆန့်ကျင်ဘက်တွေ ဖြစ်ကုန်တာ ပါပဲ။ တကယ်တော့ ဒီဖြစ်ရပ်တွေမှာ မန္တလေးသားလူငယ်တွေရဲ့အစုအစည်းပုံစံနဲ့ ပညာသားပါပါ သိရှိနားလည်ပြီး ခုခံကာကွယ်တည်ဆောက်နိုင်ကြဖို့ လိုအပ်ပါတယ်။ ဒါမှလူငယ်ဆိုတဲ့ ပွင့်လင်းတက်ကြွ ထက်မြက်ခြင်းဂုဏ်ရည်တွေကို ရယူပိုင်ဆိုင်နိုင်မှာပေါ့'' ဟု မန္တလေးသား ၀ါရင့်အနုပညာရှင်ကြီးတစ်ဦးက သုံးသပ်ပြခဲ့သည်။
အပြောင်းလဲကြီး ပြောင်းလဲသွားတဲ့ မန္တလေးသူလေးတွေရဲ့ ၀တ်စားဆင်ယင်မှုများမှာ . . ယခင်ကမန္တလေးမြို့၏ ၀တ်စား ဆင်ယင်မှုများနှင့် ပတ်သက်၍ မြန်မာ့ဓလေ့စရိုက် အပီသဆုံး၊ ယဉ်ကျေးမှုအရှိဆုံးဟု သတ်မှတ်ခဲ့ကြပြီး မြန်မာတို့၏ ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍ နိုင်ငံတကာမှလေ့လာရာတွင် မန္တလေးကိုစံထားခဲ့သည်။ အထူးသဖြင့် မန္တလေးသူလေးများ၏ ဆံပင် ထုံးဖွဲ့မှု၊ အင်္ကျီလုံချည် အ၀တ်အစား မှသည် လက်ဝတ်ရတနာ အပြင်အဆင်အထိ ရိုးရာယဉ်ကျေးမှုအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့သည်။ လွတ်လပ်သော ကုန်သွယ်မှုခေတ်တွင် မန္တလေးမြို့သို့ အနယ်နယ်အရပ်ရပ်မှ ကူးသန်းသွားလာကြခြင်း၊ အခြေကျနေထိုင် စီးပွားရှာကြခြင်း၊ ထို့အတူ မန္တလေးမှလည်း ပြည်တွင်းပြည်ပကူးလူး ဆက်ဆံမှုများပြားလာခြင်း၊ မီဒီယာအသီးသီး၏ ဖြန့်ကြက်ပေါက်ရောက်မှုကလည်း မန္တလေးတွင် ကျယ်ပြန့်လာခြင်းတို့ကြောင့် ၀တ်စားဆင်ယင်မှု အပြောင်းအလဲများသည် အချိုးပမာဏကြီးမားစွာ အံ့မခန်းရှိခဲ့ကြောင်း တွေ့မြင်ရသည်။ ''အရင်က မန္တလေးသူလေးတွေကို ကြည့်ချင်ရင် မန္တလေးဈေးချိုတော်နဲ့ မန္တလေးတက္ကသိုလ်လို နေရာတွေမှာ အဓိကထား ကြည့်ကြရတယ်။ မန္တလေးသူလေးတွေ ၀တ်စားဆင်ယင်မှုက တခြားမြို့ရွာက ၀တ်စားဆင်ယင်မှု တွေနဲ့ သိသိသာသာကွဲပြားတယ်။ မြန်မာဆန်တယ်။ ယဉ်ကျေးတယ်။ ကျက်သရေရှိတယ်ဆိုတဲ့ ဂုဏ်တွေကို မန္တလေးသူလေးတွေမှာ တွေ့ရတယ်။ 'မန်းဆန်တယ်၊ နန်းဆန်တယ်'ဆိုတဲ့ အသုံးအနှုန်းမျိုး တွင်ကျယ်လာတာပါ။ အရင်ကခြေမျက်စိအထက် မြင်ခွင့်မရတဲ့ မန္တလေး သူလေးတွေကို အခုအခါ ပေါင်ရင်းအထိ အကာအကွယ်မဲ့ မြင်တွေ့နေ ကြရပြီ။ ပိုဆိုးတာက မန္တလေးသူတွေဟာ ကိုယ်ပိုင်ကားနဲ့ သွားလာမှုထက်ဆိုင်ကယ်နဲ့ လွတ်လွတ်လပ်လပ် သွားလာမှုက ပိုများလေတော့ သူ တို့ရဲ့ဝတ်စားဆင်ယင်မှုတွေက သူတို့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်း တော်တော်များများကို လွတ်လွတ်လပ်လပ် မြင်တွေ့နိုင်ရတယ်။ တကယ်တော့ မန္တလေးကိုစီးပွားရှာဖို့ ငွေထုတ်ပိုက်ပြီး အပေါ်စီးက၀င်လာတဲ့ အရှေ့မြောက် ဘက်ကဧည့်သည် မိန်းမပျိုတွေရဲ့ ခပ်ရိုင်းရိုင်း ၀တ်စားဆင်ယင်မှုတွေ ကို ရိုးလွန်းအလွန်းတဲ့ မန္တလေးသူတွေ ရှက်ရကောင်းမှန်းမသိ အတုခိုးကြတာပါ။ မန္တလေးမှာ အသိသာဆုံး ပြောင်းလဲမှုကတော့ လူငယ်တွေရဲ့ ၀တ်စားဆင်ယင်မှုပါပဲ။ အထူးသဖြင့် မိန်းမပျိုလေးတွေရဲ့ ၀တ်စားဆင်ယင်မှုပါပဲ။ တစ်လျှောက်လုံး ထိန်းသိမ်းခဲ့တဲ့ မြန်မာ့ယဉ်ကျေးမှုဆိုတာနဲ့တော့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာပေါ့''ဟု ဈေးချိုတော်မှ မန္တလေးသူကြီးတစ်ဦးက ဆိုသည်။
သမိုင်းမသိတာကိုပဲ
 မန္တလေးတွင် သမိုင်းနှင့်ပတ်သက်၍၊ ဘာသာရေးနှင့်ပတ်သက်၍ ယဉ်ကျေးမှုနှင့်ပတ်သက်၍ အထင်ကရနေရာ ဌာနကြီးများအပြင် ၁၂ ရာသီ ရိုးရာယဉ်ကျေးမှုပွဲလမ်းများလည်း ဖြစ်ထွန်းခဲ့သည့် အားလျော်စွာ ထိုနေရာ၊ ထိုဒေသ၊ ထိုပွဲလမ်းများ နှင့်ပတ်သက်သော သမိုင်းကြောင်း ဗျုပ္ပတ်များကို ယခင်က မန္တလေးသားများ နောကြေအောင် သိရှိခဲ့ကြပြီး ထိုအသိနှင့် တန်ဖိုးထားလေးစားမှု တစ်ထပ်တည်းလည်း ကျရောက်ခဲ့သည်။ ထို့ကြောင့် တစ်မြို့တစ်ရွာမှ ဧည့်သည်များသာမက နိုင်ငံခြားသားအထိ မိမိမြို့ရှိ အဆိုပါသမိုင်းဝင် ကြောင်းခြင်းရာများကို ရေရေလည်လည် ပြောဆိုရှင်းပြခြင်းဖြင့် ဂုဏ်ယူခဲ့ကြသည်။ တစ်နယ်သား၏ အထင်ကြီးလေးစားမှုကိုလည်း ရယူနိုင်ခဲ့ကြသည်။ '' မန္တလေးသူ လူငယ်လေးတွေက မန္တလေးမြို့ကို ဘယ်နှခုနှစ်မှာ ဘယ်ရှင်ဘုရင်က တည်ထောင်ခဲ့သလဲ ဆိုတာတောင် သိဖို့ခဲယဉ်းလာပြီ။ ၁၃၀၀ပြည့် အရေးတော်ပုံဆိုရင် ပိုဝေးသွားမယ်။ ပွဲတော်တွေနဲ့ ပတ်သက်လို့လည်း ခြေခြေမြစ်မြစ်သိဖို့ ခဲယဉ်းသွားပြီ။ လေ့လာလိုက်စားလိုတဲ့ တစ်နယ်တစ်ကျေးက ဧည့်သည်တွေကိုရှင်းပြဖို့ တော်တော်ခက်ခဲသွားပြီ။ မဟာမုနိ ဘုရားကြီးထဲက နှစ်ပေါင်းသုံးဆယ် လောက်ပဲသက်တမ်းရှိတဲ့ ကြေးစည်ထမ်း အောင်ကျော်ဇေယျာ၊ အောင်ကျော်ဒေ၀ါနတ်ရုပ်တွေကို ခြေထောက်ပွတ်လိုက်၊ ဗိုက်ပွတ်လိုက် ဆုတောင်းရင် ရောဂါဝေဒနာသက်သာမယ်လို့ တလွဲသိရှိရှင်းပြနေကြတယ်။ ဈေးချိုဆိုတာကတော့ သူတို့နဲ့ အတော်ကြီးဝေးသွားပြီပေါ့။ ပိုဆိုးတာက မန္တလေးသား လူငယ်လေးတွေဟာ ဒီအချက်အလက်တွေကို သိစရာမလိုတော့ဘူး။ အင်တာနက်ကဖေးမှာ အချိန်ကုန်ခံဖို့ပဲ အားထုတ်တာက ပိုပြီးခေတ်မီတယ်လို့ ယူဆကြ တယ်။ အင်တာနက်ကဖေးမှာ အချိန်ကုန်ခံတယ်ဆိုတာ ကမ္ဘာကိုသိဖို့မဟုတ်။ မိတ်ဖွဲ့ဆွေဖွဲ့ကိစ္စတွေပဲ များလာတယ်''ဟု ၀ါရင့်အယ်ဒီတာကြီး တစ်ဦးက ရှင်းပြသည်။
နောက်လှည့်ကြည့်ရမှာ ရှက်စရာ
တကယ်တော့ ခေတ်သည် အရှိန်အဟုန်ဖြင့် ပြောင်းလဲခြင်းကို အမှီလိုက်နိုင်ရန် လိုအပ်သည်။ လူငယ်များ အနေဖြင့် ကျယ်ပြန့်လာသော အတွေးအမြင်များနှင့် ခေတ်မီလာသော အတတ်ပညာများကို သိရှိတတ်မြောက်ခြင်းနှင့်အတူ အနာဂတ်သို့ အဓိက ကြည့်မြင်မှုဖြင့် အဆင့်မီအဆင့်မြင့် ဘ၀နေထိုင်မှု တည်ဆောက်သည်ဟု မှတ်ယူကြရမည်ဖြစ်သော်လည်း နှစ်ပေါင်းထောင်သောင်းချီ၍ ဖြစ်တည်ခဲ့သော တိုင်းပြည်နှင့်လူမျိုးအပေါ် သစ္စာရှိစွာ ချစ်မြတ်နိုးတန်ဖိုးထားမှသာ ယဉ်ကျေးသည့် လူသားတစ်ယောက်၏ တာဝန်ကျေပွန်ခြင်းဖြစ်သည်ဟု ဆိုရမည်။ ထို့ကြောင့် ရှေ့သို့မရောက်နိုင်ဘဲ အတိတ်ကိုချည်း တ၀ဲဝဲလည်လည် တသသဂုဏ်ယူခြင်းဖြင့် အချိန်ကုန်အချိန်နှောင်းမဖြစ်ရန် လိုအပ်သည်။''ဒီပဋိပက္ခကတော့ အမြဲ တမ်းရှိတာပါ။ ဒီနေရာမှာ ဘယ်တော့မှ တစ်ဖက်သတ် မယူဆကြဖို့ပါပဲ။ အတိတ်ကိုလည်း ပြန်လှန်ကြည့်ပြီး ဂုဏ်ယူသင့်တာဂုဏ်ယူ၊ သင်ခန်းစာ ယူသင့်တာ သင်ခန်းစာယူ၊ ပြီးတော့ အနာဂတ်ကိုလည်း မျက်စိတစ်ဆုံး မျှော်ကြည့်ပြီး လက်ရှိပစ္စက္ခတ်မှာ ခေတ်နဲ့အမီ ရင်ပေါင်တန်းလိုက်နိုင်ဖို့ လိုတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ရှစ်ဆယ်ကျော်က အတိတ်မှအတိတ်ပဲဆိုပြီး အဟောင်းကိုတသသ လုပ်နေတဲ့ မြန်မာပညာရှိကြီးများနဲ့ ဘယ်လိုမှတားမရတဲ့ နိုင်ငံတကာခေတ်ပေါ် တို့ဖြစ်ရပ်မှာ ပညာတတ်ပြီးအမြင်ကျယ်ခဲ့တဲ့ မန္တလေးသားလူငယ်လေးတွေရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ခေတ်ပေါ်ဂန္ထ၀င်လို့ သတ်မှတ်ခဲ့ကြတဲ့ ဂီတသစ်တစ်ခုလမ်းပေါက်ခဲ့ပြီး ယနေ့ထက်တိုင် အရှိန်အဟုန်ကောင်းစွာ ဖြစ်ထွန်းခဲ့တာပဲ။ ဒီအားထုတ်မှုရဲ့ ရလဒ်အပေါ် တကယ်သိ၊ တကယ်တတ်၊ ခေတ်ကိုလည်း အမြင်ကျယ်ကျယ် သိရှိထားတဲ့ နိုင်ငံတကာအဆင့်မီ လူငယ်လေးတွေက သဘောပေါက်တယ်။ ဂုဏ်ယူတယ်။ ကျွန်တော်တို့ တမြန်နှစ်က ရန်ကုန်မျှော်စင်ကျွန်းမှာ သွားရောက်တီးမှုတ်ဖျော်ဖြေတော့ ရန်ကုန်လူငယ်အများစုက တစ်ခဲနက် အားပေးတယ်။ သူတို့မမြင်ဖူးတဲ့ မြန်မာဒိုးတီးကွက်၊ ဒိုးဆစ်တွေကိုတောင် ပြန်လှန်တီးခိုင်းပြီး မှတ်တမ်းတင်ကြတယ်။ ဒါပေမယ့် ကျွန်တော် တို့ တီးဝိုင်းမန္တလေးမှာ ဖျော်ဖြေတီးမှုတ်ပြီဆိုရင်တော့ အသက်ငါးဆယ်ကျော်တန်း မန္တလေးသားလက်ဟောင်း လူကြီးအနည်းငယ်သာ မိုးတိုးမတ်တပ် လာနားထောင်ကြပြီး မန္တလေးသားလူငယ်အများစုကတော့ ဆိုင်ကယ်တောင်မှ စက်သံမလျော့ဘဲ ပြောင်လှောင်သရော်သွားကြတာ မြင်ရတာ အလွန်ဝမ်းနည်းစရာကောင်းပါတယ်''ဟု သက်တမ်း ၈၆ နှစ်ရှိ မန္တလေးမြို့မ တူရိယာအသင်းမှ အမှုဆောင်တစ်ဦးက ရှင်းပြသည်။
တကယ်ယဉ်ကျေးခေတ်မီ ကမ္ဘာအကြည့်ခံနိုင်ဖို့
 မြန်မာသည် ကမ္ဘာနှင့်ရင်ပေါင်တန်းပြီး အတိတ်သမိုင်းကောင်းသော၊ အဆင့်တန်းမြင့်သည့် ယဉ်ကျေးမှု ဓလေ့ထုံးစံများကို နှစ်ပေါင်းထောင်သောင်းကတည်းက ပိုင်ဆိုင်ခဲ့သော၊ တိုင်းပြည်၏ နယ်နိမိတ်ကို ဘယ်တော့မှ အထိပါးအပြောင်းအလဲ မခံဘဲ ခိုင်မာခဲ့သော လူမျိုးတစ်မျိုး၊ တိုင်းပြည်တစ်ပြည်အဖြစ် ကမ္ဘာတည်သရွေ့အစဉ် တည်တံ့ရေးတွင် မြန်မာစရိုက်လက္ခဏာနှင့် ပြယုဂ်များတွင် အများစု ဖြစ်ထွန်းတည်ရှိခဲ့သည့် မန္တလေး၏ ကိုယ်စိတ်နှစ်ပါးတည်တံ့ရေးသည် အထူးအရေးကြီးလှသည်။ ထိုတာဝန်ကို ယနေ့မန္တလေးသား လူငယ်လေးများ ပခုံးပြောင်းထမ်းဆောင်ရာတွင် မန္တလေး၏ ခိုင်မာသော အတိတ်ကို အမြဲမပြတ်လေ့လာစောင့်သိ နားလည်တန်ဖိုးထားကြမှသာ အနာဂတ်သည် အဆင့်တန်းမြင့်၍ ယဉ်ကျေးသော နိုင်ငံတကာစံချိန်မီအဖြစ် ဂုဏ်ယူဝံ့ကြွားနိုင်မည်ဟု အမြော်အမြင်ကြီးမားသည့် မန္တလေးသား မျိုးဆက်ဟောင်း လူကြီးသူများက ယုံကြည်နေကြကြောင်း လေ့လာသိရှိရပါသည်။
@Eleven Media Group
Wednesday, July 7, 2010
မွေခံထိုက်စေ လှူမျှဝေ၍
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
အမွေကို မြန်မာအဘိဓာန်က "(၁)မိဘဘိုးဘွားစသည်ထံမှ လက်ခံရရှိသာ ပစ္စည်းဥစ္စာ၊ (၂) (ဥပစာ) ဆက်ခံရရှိသော ပညာ၊ ရောဂါ"စသည် ဟု ဖွင့်သည်။
အမွေကို ပါဠိဝေါဟာရဖြင့် ဒါယာဒ၊ ဒါယဇ္ဇဟူ၍ခေါ်သည်၊ ပဒတ္ထမဉ္ဇူသာအဘိဓာန်က ဒါယာဒကို "ပေးသည်ကိုယူသည်၊အမွေ"ဟု ဖွင့်သည်။ ဒါယဇ္ဇကို "အမွေ၊ အမွေ ဥစ္စာ၊ အမွေခံ"ဟု ဖွင့်သည်။ ဒါယာဒကို တိပိဋက ပါဠိမြန်မာအဘိဓာန်က (၁)အမွေဥစ္စာ၊ (၂)ဆွေမျိုး၊ (၃)ပေးအပ်သော အမွေဥစ္စာကို ခံယူတတ်သော သူ၊ အမွေခံ၊ အမွေစား၊ အမွေဆိုင်၊ အတွင်းသား၊ (၄)မကောင်းမှု၏အကျိုး (မကောင်းမွေ၊ဆိုးမွေ)ကို စံစားတတ်သော၊သူ"ဟုဖွင့်သည်။ဒါယဇ္ဇကို "(၁) ပေးအပ်သော ဆုလာဘ်၊(၂)အမွေခံ၏-အဖြစ်-ဖြစ်ကြောင်းဖြစ်ရာ-အမွေ ဥစ္စာ၊အမွေခံဟုသိကြောင်း အမှတ်လက္ခဏာ၊(က)မိဘတို့ထံမှရအပ်သော အမွေဥစ္စာ။(ခ)ဘုရားရှင်ထံမှရအပ်သော အမွေဥစ္စာ''ဟု ဖွင့်သည်။
အမွေကို တချို့က အမွှေဟုခေါ် ကြသည်။ ညီအစ်ကိုမောင်နှမချင်း သွေးကွဲအောင်၊ စိတ်ဝမ်းကွဲအောင် မွှေနှောက်တတ်သောကြောင့် အမွှေဟု ခေါ်ခြင်းဖြစ်သည်။ ညီအစ်ကိုမောင်နှမ သွေးရင်းသားရင်းအချင်းချင်း မခေါ်နိုင်မပြောနိုင်အဖြစ်မျိုးရောက် အောင် အမွေက မွှေတတ်သည်။
တောင်ဥက္ကလာဘက်က သိသူကလေးမတစ်ယောက် အသက်သုံးဆယ်စွန်းစွန်း တစ်ကိုယ်တည်းသမား၊ မိဘတွေမဆုံးခင်က အကြီးတွေကိုလည်း ထိုက်သင့်သလို အမွေခွဲခြမ်းပေးပြီးပြီ။ မိဘတွေဆုံးတော့ အငယ်ဆုံးသမီး တစ်ကိုယ်တည်းသမားကို အတွင်းပစ္စည်းနှင့်အိမ် ပေးခဲ့သည်။ အစ်မအကြီးဆုံးလုပ်သူကလည်း သူ့အိမ်ထောင်နှင့်သူ၊ သူ့အလုပ်နှင့်သူ၊ ပြည့်ပြည့်စုံစုံတောင့်တောင့်တင်းတင်းရှိပါသည်။ သို့ဖြစ်ပါလျက် အငယ်ဆုံးညီမဆီက ထပ်မံဝေစုရရေးအတွက် မောင်တွေကို စည်းရုံးပြီး ညီမအငယ်ဆုံး တစ်ကိုယ်တော်သမားလေးကို ဖိအားပေးလျက်ရှိသည်။ အငယ်ဆုံးညီမမှာ မျက်ရည်နှင့် မျက်ခွက်၊ နောက်ဆုံးမတတ်သာလို့ အခြားရပ်ကွက် ပြောင်းရွှေ့နေထိုင်ပြီး အိမ်ထောင်ပြုလိုက်ရသည်။ အကြီးတွေလိုချင်တာကိုလည်း ထုခွဲ ပေးဖို့လုပ်နေသည်။
အကြီးတွေဖြစ်လျက် အတော်အသင့် ပြည့်ပြည့်စုံစုံရှိပါလျက် ကိုယ့်ညီမအငယ်ဆုံးလေးကို နည်းနည်းမှမညှာတာ၊ လောဘ...လောဘ.... အတော်ကြောက်ဖို့ ကောင်းသည်၊ အမွေကို အမွှေဟုခေါ်ကြသည်မှာ ဟုတ်ပုံရသည်။
ပစ္စယ၊ ဓမ္မ နှစ်ဝအမွေ
ဒေသနာတော်အလိုအရ တရားဓမ္မအမွေနှင့် ပစ္စည်းအာမိသအမွေဟု အမွေနှစ်မျိုးရှိသည်။ ဓမ္မအမွေသည် တိုက်ရိုက်ဓမ္မအမွေ၊ သွယ်ဝိုက်ဓမ္မအမွေဟု နှစ်မျိုးရှိသည်။ အာမိသပစ္စည်းအမွေလည်း ထို့အတူပင်၊သွယ်ဝိုက်နှင့် တိုက်ရိုက်နှစ်မျိုးရှိသည်။ မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်သည် တိုက်ရိုက်ဓမ္မအမွေဖြစ်သည်။ ၀ဋ်ဒုက္ခကင်းရာကို မျှော်လင့်တောင့်တ၍ ပြုအပ်သော ဒါနသီလသမထ ၀ိပဿနာကုသိုလ်စုသည် အစဉ်သဖြင့် နိဗ္ဗာန်တိုင်အောင် ဆောင်နိုင်သော ကြောင့် သွယ်ဝိုက်ဓမ္မအမွေဖြစ်သည်။ ရဟန်းတို့အတွက် ဆွမ်းစသော ပစ္စည်းလေးပါးသည် တိုက်ရိုက်အာမိသအမွေဖြစ်သည်၊သံသရာဝဋ်၊ဘ၀စည်းစိမ်ကို မျှော်လင့်တောင့်တ၍ ပြုလုပ်အပ်သော ဒါနသီလသမထ၀ိပဿနာ ကုသိုလ်အစုစုသည် အစဉ်သဖြင့် လူနတ်စည်းစိမ်ကို ရရှိနိုင်သောကြောင့် သွယ်ဝိုက်အာမိသအမွေဖြစ်သည်။
ဓမ္မအမွေခံယူစေ
ဓမ္မဒါယာဒသုတ်၌ ဘုရားရှင်က ''ရဟန်းတို့...သင်တို့သည် တရားဓမ္မ အမွေခံတို့သာဖြစ်ကြကုန်လော့။ ပစ္စည်းအာမိသအမွေခံတို့ မဖြစ်ကြကုန်လင့်''ဟု မိန့်ခဲ့သည်။ ဘုရားရှင်က သူ၏တပည့်သားသာဝက အားလုံးဓမ္မအမွေကိုပဲ ခံယူစေချင်သည်။ ဘုရားကိုယ်တော်တိုင်လည်း ဓမ္မအမွေပဲ ပေးခဲ့ချင်သည်။
ဘုရားရှင်ပြည်တော်ဝင်ပြီး ခုနစ်ရက်မြောက်နေ့တွင် ယသော်ဓရာက သားတော်ရာဟုလာကို အမွေတောင်းခိုင်းသည်။ ''ချစ်သားရာဟုလာ..... ရွှေအဆင်းလိုဝါ၀င်းတဲ့ အဆင်းရှိတဲ့ ဗြဟ္မာမင်းလို ခန့်ငြားတင့်တယ်တဲ့ အ ဆင်းရှိတဲ့ ဟိုရဟန်းကိုကြည့်လိုက် အဲဒီရဟန်းဟာ သင့်ဖခမည်းတော်ပဲ၊သူ့မှာ ကြီးမားလှတဲ့ ရွှေအိုးကြီးလေးလုံး ရှိခဲ့ဖူးတယ်။ငါ့သားသွားချေ အဲဒီရွှေအိုးကြီးလေးလုံးကို အမွေတောင်းခဲ့ချေ''ဟု မှာကြားကာ လွှတ်လိုက်သည်။
ရာဟုလာမင်းသားလေးသည် ဘုရားရှင်လက်ကိုဆွဲပြီး ''ဖခမည်းတော်ရဟန်းမြတ်...သားတော်အားအမွေပေးပါ။ ဖခမည်းတော်ရဟန်းမြတ် ....သားတော်အားအမွေပေးပါ''ဟု တတွတ်တွတ်ပြောရင်း ဘုရားနောက်က ပါသွားလေသည်။ ထိုအခါ ဘုရားရှင်က ''သားတော်သည် ဥစ္စာကိုအလိုရှိနေ၏။ ထိုဥစ္စာသည် ၀ဋ်ဆင်းရဲသို့ အစဉ်လိုက်နေသဖြင့် ပင်ပန်းဆင်းရဲခြင်းနှင့်တကွဖြစ်သည်။ ယခု ငါသည် ဗောဓိရင်ပြင်၌ ရအပ်သော အရိယာဥစ္စာခုနစ်ပါးကို ပေးမည်။ သားတော်ကို လောကုတ္တရာ ဓမ္မအမွေကိုပေးမည်''ဟု စဉ်းစားလေသည်။
ထို့နောက် ဘုရားရှင်က အရှင်သာရိပုတ္တရာကိုခေါ်ပြီး ''သာရိပုတ္တရာ ....ရာဟုလာကို ရှင်ပြုပေးလိုက်ပါ''ဟု မိန့်၍ သားတော်ရာဟုလာကို လောကုတ္တရာအမွေကို ပေးလိုက်လေသည်။
လူမှာ အပိုင်းနှစ်ပိုင်းရှိသည်။ ပထမပိုင်းက အမွေခံယူသော အပိုင်းဖြစ်သည်။ဒုတိယအပိုင်းက အမွေပေးရသော အပိုင်းဖြစ်သည်။ မွေခံထိုက်စေဟူသည့်အတိုင်း ပထမအပိုင်းက အမွေခံယူထိုက်သော အပိုင်းဖြစ်သည်။ ဒုတိယပိုင်းက မိမိတို့သားသမီး မြေးမြစ်တပည့် သာဝကမျိုးဆက်တွေကို အမွေပေးရမည့် အပိုင်းဖြစ်သည်။
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျဝေ၍ စောင့်လေမျိုးနွယ်ဝတ်ငါးသွယ် ကျင့်ဖွယ်သားတို့တာ(သမီးတို့တာ)ဟူ၍ မိဘတို့၏ မျော်လင့်ချက်ငါးပါး သို့မဟုတ် သားသမီးဝတ္တရားငါးပါးရှိသည်။ ထိုငါးပါးတွင် မွေခံထိုက်စေလှူမျဝေ၍ကား အားလုံးနှင့်ဆိုင်သည်။
သားသမီးတို့သည် မိဘတို့အမွေကို ခံယူထိုက်သည်၊ ခံယူရမည်၊ လူငယ်တို့သည် လူကြီးတို့အမွေကို ခံယူထိုက်သည်၊ ခံယူရမည်၊ တပည့်တို့သည် ဆရာသမားတို့အမွေကို ခံယူထိုက်သည်၊ ခံယူရမည်၊ ခံယူပြီးသည့်နောက်ပိုင်း မိမိက မိဘနေရာ ရောက်သောအခါ သားသမီးတို့ကို အမွေပြန်ပေးရမည်၊ မိမိတို့လူကြီး နေရာရောက်သောအခါ လူငယ်တို့ကို အမွေပြန်ပေးရမည်၊ ဆရာသမားနေရာရောက်သောအခါ တပည့်တို့ကို အမွေပြန်ပေးရမည်။
အမွေက အာမိသ-ပစ္စည်းဥစ္စာ အမွေနှင့် ဓမ္မ-တရားအမွေ နှစ်မျိုးရှိသည်။ တစ်နည်း လောကီအမွေနှင့် လောကုတ္တရာအမွေဟု နှစ်မျိုးရှိသည်။ အမွေနှစ်မျိုးလုံးက လိုအပ်တာချည်းမို့ နှစ်မျိုးလုံးပေးနိုင်ရမည်။ စားမှုသောက်မှု အဆင်ပြေအောင်၊ ၀တ်မှု အဆင်ပြေအောင်၊ နေမှုထိုင်မှု အဆင်ပြေအောင်၊ အလုပ်အကိုင် အဆင်ပြေအောင်၊ စီးပွားရေး အဆင်ပြေအောင်၊ ကျန်းမာရေး အဆင်ပြေအောင်၊ သွားရေးလာရေး အဆင်ပြေအောင်၊ လူမှုကိစ္စအားလုံး အဆင်ပြေအောင် ဆောင် ရွက်ပေးထားခဲ့ကြရမည်၊ ဤကား အာမိသအမွေဖြစ်သည်။
ဘုရားကတော့ သူ့တပည့်သာဝကတွေကို ဓမ္မအမွေကိုသာ ခံယူကြဖို့ တိုက်တွန်းသည်။ သားတော်ရာဟုလာကအစ အားလုံးကို ဓမ္မအမွေပဲ ပေးခဲ့သည်။ ဓမ္မဟူသည် မှန်ကန်ခြင်းဖြစ်သည်။ ဓမ္မဟူသည် မွန်မြတ်ခြင်းဖြစ်သည် ဓမ္မဟူသည် မျှတခြင်းဖြစ် သည်။ မိမိတို့ကိုယ်တိုင် မှန်ကန်မှုကို ကျင့်သုံး၍ မွန်မြတ်မှုကို ကျင့်သုံး၍ မျှတမှုကိုကျင့်သုံး၍ အမွေခံတို့အားလည်း မှန်ကန်မှု၊ မွန်မြတ်မှု၊ မျှတမှုတို့ကို ပေးခဲ့ကြရမည်။
လှူရမည်
မိမိတို့သည် အမွေရ၍ဖြစ်စေ၊ ကိုယ်တိုင်ရှာဖွေရ၍ဖြစ်စေ၊ ရရှိလာသော ပစ္စည်းဥစ္စာတို့ကို သုံးသင့်တာကိုသုံး၊ စားသင့်တာကိုစား၊ လှူသင့်တာကိုလှူရမည်။ ပစ္စည်းဥစ္စာတို့သည် ရန်သူမျိုးငါးပါးလုံးနှင့်သက်ဆိုင်နေသည့် အတွက်ကြောင့် အနှစ် သာရမဟုတ်၊ ထိုပစ္စည်းဥစ္စာထဲမှ အနှစ်ထုတ်ရမည်ဆိုလျှင် ဒါနသာရှိသည်ဟု သူတော်ကောင်းများမိန့်ကြသည်။ ယခုနှစ်ပွင့်လင်းရာသီမှာ မီးလောင်မှုတွေ တော်တော်များသည်၊ ဆုံးရှုံးမှုတွေလည်းများသည်။
"ပစ္စည်းနှင့်လူ ဤနှစ်ဆူ၊ စွန့်သူ၊ စွန့်ခံ၊ အပြန်အလှန်၊ သူကနိုင်မလား၊ ကိုယ်နိုင်မလား၊ စဉ်းစားဝေဖန်၊ ခွဲခြားရန်"ဟုဆိုသည်။ လူက ပစ္စည်းကိုစွန့်လျှင်စွန့်၊ လူက ပစ္စည်းကိုမစွန့်နိုင်လျှင် ပစ္စည်းက လူကိုစွန့်သွားတတ်သည်။ ကိုယ်ကသူ့ကိုမစွန့်လျှင် သူကကိုယ့်ကိုစွန့်သွားမှာ သေချာသည်။ကိုယ်က လက်ဦးမှုရယူဖို့လိုသည်။တစ်စတစ်စ နည်းနည်းချင်းစွန့်ရမည်။ နည်းနည်းချင်း စွန့်ရာကနေ များများစွန့်ရဲသော အကျင့်ရလာလိမ့်မည်။ နိဗ္ဗာန်ဟူသည် စာဂ-စွန့်ခြင်းဖြစ်သည်။ နည်းနည်း စွန့် နည်းနည်းနိဗ္ဗာန်၊ များများစွန့် များများနိဗ္ဗာန်၊ အားလုံးစွန့်လျှင်တကယ့် နိဗ္ဗာန်အစစ်ရောက်တော့သည်။
မျှရ၊ ဝေရမည်
လောကသားသည် လောဘသားကများသည်။လောဘကလည်း ၀ိသမလောဘတွေကများသည်။ လောကသားအနေနှင့် လောဘရှိတာ အပြစ်မပြောလို၊အပြစ်က ၀ိသမလောဘဖြစ်သည်။ ၀ိသမဟူသည် မမျှတခြင်းဖြစ်သည်။ အရာရာ၌ မျှမျှတတရှိကြလျှင် ဘာပြဿနာမှ ပေါ်မည်မဟုတ်၊ ပြဿနာဟူသည် ၀ိသမ-မမျှတမှုက နေလာသည်။
ထို့ကြောင့် လူနှင့်လူ့ဝန်းကျင် ငြိမ်းချမ်းစေဖို့ မျှ၍တွေးရမည်။ မျှ၍ ပြောရမည်။ မျ၍ လုပ်ရမည်။ မျှမျှတတ တွေးရမည်။ မျှမျှတတပြောရမည်။ မျှမျှတတလုပ်ရမည်။ မျှ၍ဝေ၍ ဒုက္ခနှင့်သုခမျှဝေ၍ မျှမျှတတ ခံစားကြမည်ဆိုပါလျှင် အားလုံးငြိမ်းငြိမ်း ချမ်းချမ်းရှိပါလိမ့်မည်။
@weekly-eleven
Tuesday, July 6, 2010
ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ
ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ခင်ဗျား...
ကျွန်တော်များကပုန်းဘုန်းတော်ကြီးကျောင်းတွင်
ဝါဆိုဝါကပ်တော်မူမည့်
ဒေါက်တာအရှင်ဣန္ဒက
(ဓမ္မာစရိယ၊ တက္ကသီလဓမ္မာစရိယ၊ B.A, M.A, PhD) အား
နှစ်စဉ်ကျင်းပမြဲဖြစ်သော
စုပေါင်းဝါဆိုသင်္ကန်းကပ်ပွဲကြီးကို
အောက်ပါအစီအစဉ်အတိုင်း စည်ကားသိုက်မြိုက်စွာ
ဆင်ယင်ကျင်းပမည်ဖြစ်ပါသောကြောင့်
စေတနာကြည်လင်ဗုဒ္ဓဘာသာဝင်သူတော်စင်များ
လာရောက်ကြည်ညိုသဒ္ဓါပွါးများနိုင်ရန်အတွက်
လေးစားစွာဖိတ်ကြားအပ်ပါသည်။
Mr.Yap၊ မကြာအိ မိသားစုတို့နှင့်
Sri Ehsan, Kepong မှ
ကိုဝင်းရွှေနှင့် သူငယ်ချင်းတို့က
သံဃာတော်များနှင့် ဧည့်ပရိသတ်တို့အား
မုန့်ဟင်းခါး၊ ဆွမ်းထမင်းတို့ဖြင့် ဧည့်ခံကျွေးမွေးလှူဒါန်းပါမည်။
အစီအစဉ်
နေ့ရက်
၁၃၇၂ ခုနစ်၊ ဒုတိယ၀ါဆိုလဆန်း ၁၄ ရက်
၂၅၊ ၇၊ ၂၀၁၀ တနင်္ဂနွေနေ့
အချိန်
နံနက် (၇) နာရီ အရုဏ်ဆွမ်းကပ်
နံနက် (၉) နာရီ ပရိသတ် ဧည့်ခံ
နံနက် (၁၁) နာရီ နေ့ဆွမ်းဆက်ကပ်
မွန်းတည့် (၁၂) နာရီ တရားဟော၊ ရေစက်ချ
နေရာ
ကပုန်းကျောင်း
19, Jalan 38, Desa Jaya,
Kepong 52100
Ph - 017 27 43 665
     017 24 22 336
Monday, July 5, 2010
ယဉ်ကျေးချင်ရင် သမိုင်းသင်
ရေးသူ- လူထုစိန်ဝင်း
ဒီခေတ် လူငယ်တွေက သမိုင်းစာအုပ်မြင်ရင် နှာခေါင်းရံှု့တတ်ကြတယ်။ အဟောင်းအမြင်းတွေ ပြန်လှန်နေလို့ ဘာအကျိုး ရှိမှာလဲ၊ လက်ရှိဖြစ်နေတာတွေကိုပဲ ကြည့်ပါလို့ ပြောလေ့ရှိတယ်။ သူတို့က အတိတ်ကို ပြန်မကြည့်ချင်သလို အနာဂတ်ကို လှမ်းမျှော်ကြည့်တာကိုလည်း မကြိုက်ကြဘူး။ စိတ်ကူးယဉ်နေလို့၊ အိပ်မက်တွေ မက်နေလို့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ ပစ္စုပ္ပန်မှာ ဖြစ်နိုင်တာကိုပဲ လုပ်လို့ ဆိုကြတယ်။
ရှေးလူကြီးတွေ အိပ်မက်မက်လို့
အဲဒီလို ပစ္စုပ္ပန်မှာ ဖြစ်နိုင်တာပဲလုပ်လို့ ဆိုတာကို သူတို့က လက်တွေ့ကျတယ်လို့ ပြောကြတယ်။ သူတို့ 'အာတွေ့' နေတဲ့ စကားနဲ့ ပြောရမယ်ဆိုရင် ပရတ်မားတစ် (pragmatic) ဖြစ်တယ်ပေါ့လေ။ သူတို့ဟာ သူတို့တော့ ဟုတ်တယ်ထင်နေတာပေါ့။ ဒါပေမယ့် အဲဒီ 'ပရတ်မားတစ်' ဖြစ်တယ်၊ လက်တွေ့ကျတယ်ဆိုတဲ့ စကားက ဖြစ်နေတာကို ဖြစ်နေတဲ့အတိုင်း လက်ခံလိုက်တယ်ဆိုတဲ့ သဘောမှ မဟုတ်တာ။ ဖြစ်နေတာကို ဖြစ်တဲ့အတိုင်း ရှုမြင်၊ အဖြေကို အမှန်အတိုင်းသိအောင်လုပ်၊ ပြီးမှ ကိုယ်ပိုင်ဆင်ခြင်တုံတရားနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာကိုလုပ်လို့ ဆိုလိုတာ ဖြစ်တယ်။ အရှိကို အရှိအတိုင်း ကျေနပ်နှစ်သိမ့်နေလိုက်မယ်ဆိုရင် တိုးတက်ပြောင်းလဲမှုဆိုတာ ဘယ်လိုလုပ် ရှိလာမှာလဲ။ ကျောက်ခေတ်အခြေအနေအတိုင်း ဂူအောင်းပြီး သားစိမ်း၊ ငါးစိမ်းပဲ စားနေရတော့ မှာပေါ့။ ရှေးလူကြီးတွေက စိတ်ကူးယဉ်အိပ်မက်တွေ မက်ခဲ့ကြလို့သာ လူသားတွေ ဒီအခြေအနေ၊ အဆင့်အတန်း ကို ရောက်ရှိနေကြတာ မဟုတ်ဘူးလား။
သမိုင်းဟာ ဒဿနပဲ
'သမိုင်းဆိုတာ ဖြစ်စဉ်နမူနာတွေပြပြီး သင်ကြားပေးတဲ့ ဒဿနိကဗေဒ ဖြစ်တယ်'
ရှေးခေတ် ဂရိသမိုင်းပညာရှင်ကြီး Thucydides ပြောခဲ့တဲ့အတိုင် သမိုင်းကို လေ့လာခြင်းဟာ တွေးခေါ် ဆင်ခြင်ခြင်းပညာရပ်ကို လေ့လာခြင်း ဖြစ်ပါတယ်။ လူမှန်ရင် ကိုယ်ပိုင် အတွေးအခေါ်၊ ဒဿနတခု ရှိရပါမယ်။ ဒဿနဆိုတာ သမိုင်းကို လေ့လာမှု မပြုဘဲ မရနိုင်ပါဘူး။ ဒါကြောင့် အသိပညာကို တန်ဖိုးထားသူတိုင်း သမိုင်းကို ပစ်ပယ်လို့ မဖြစ်ပါဘူး။ အတိတ်ကို ပစ်ပယ်ခြင်းဟာ အသိဥာဏ်တံခါးကို ပိတ်ပစ်လိုက်ခြင်းပဲ ဖြစ်တယ်။
'သမိုင်းဆိုတာ တိုးတက်မှုရဲ့ အဟန့်အတားဖြစ်တယ်'
လူတချို၊ အထူးသဖြင့် အမေရိကန်တချို့က အဲဒီလို ပြောလေ့ရှိပါတယ်။ ယဉ်ကျေးမှုသမိုင်းကြောင်း ထောင်ချီရှိခဲ့တဲ့ ဥရောပကို နောက်မှပေါ်လာတဲ့ ရွှေကြာပင် အမေရိကန်က အပြတ်အသတ် ကျော်ဖြတ်ပြီး စူပါ ပါဝါ နိုင်ငံကြီး ဖြစ်သွားတာကို ထောက်ပြကြပါတယ်။ ဥရောပက သမိုင်းကို သိပ်ဖက်တွယ်ထားလို့ နောက်ကျ ရတာ လို့လည်း ပြောကြတယ်။
အောက်ဆုံးတန်းမှာ တနေရာ
စီးပွါးရေး၊ စစ်ရေး၊ နိုင်ငံရေး၊ နည်းပညာတို့မှာ အမေရိကန်က ကမ္ဘာပေါ်မှာ 'နံပါတ်ဝမ်းတစ်၊ ဂဏန်းတစ်' ဖြစ်တာ မှန်ပါတယ်။ ဒါပေမယ့် 'စိတ်ယဉ်ကျေးမှုအရာ' မှာတော့ ဥရောပနဲ့ပဲ ယှဉ်ယှဉ်၊ အာရှနဲ့ပဲ ယှဉ်ယှဉ် အောက်ဆုံးတန်းတနေရာမှာ ရှိတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ မူးယစ်ဆေးဝါးပြဿနာ၊ ဒုစရိုက်လုပ်ငန်းကြီးတွေ ပြဿနာ၊ ရာဇ၀တ်မှုခင်းကြီးများ ပြဿနာ၊ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ပြဿနာ၊ လင်မယားကွာရှင်းမှုနှုန်း မြင့်သထက်မြင့်နေတဲ့ ပြဿနာ၊ လမ်းပေါ်မှာ သေနတ်ကိုင် ရမ်းကားမှုပြဿနာ စတဲ့ စတဲ့ လူမှုရေး ကူးစက်ရောဂါ ဆိုးကြီး မှန်သမျှ အမေရိကန်က စခဲ့တာချည်းလို့ ပြောရင် မမှားပါဘူး။ ဒီနေ့ထိ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံကမှ အမေရိကန်လောက် မဆိုးသေးပါဘူး။ အီရတ်တို့၊ အာဖဂန်နစ္စတန်တို့မှာ စစ်ပွဲကြီးတွေသာ ဖြစ်နေတာ လူသားတွေရဲ့ အကျင့်စရိုက် ပျက်စီးမှုမှာတော့ အမေရိကန်လို ကြီးကြီးမားမား မရှိပါဘူး။ အဲဒါကြောင့် သမိုင်းမရှိရင် ယဉ်ကျေးမှုမရှိဘူးလို့တောင် ပြောလိုက်ချင်ပါတယ်။
ဝတ္ထုဟာ သမိုင်းမဟုတ်
သမိုင်းဟာ သိပ်ကို အရေးကြီးပါတယ်။ ပစ်ပယ်လို့ လုံးဝ မဖြစ်ပါဘူး။ လူတွေ ယဉ်ကျေးမှုဖို့ သမိုင်းကို မဖြစ်မနေ လေ့လာရပါမယ်။ ဒါပေမယ့် စနစ်တကျ လေ့လာတတ်ဖို့တော့ လိုပါတယ်။ တချို့က သမိုင်းနောက်ခံ ၀တ္ထုတွေ၊ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတွေနဲ့ ကိုယ်ရေးမှတ်တမ်းတွေကို သမိုင်းလို့ ထင်မှတ်နေတတ်ပါတယ်။ ဒါတွေဟာ သမိုင်း လုံးဝ မဟုတ်ပါဘူး။ သမိုင်းနောက်ခံဝတ္ထုဟာ ၀တ္ထုသာ ဖြစ်ပါတယ်။ စာရေးဆရာရဲ့ အတ္တနောမတိနဲ့ ရေးဖွဲ့ထားတာ ဖြစ်လို့ အဖြစ်အပျက်တွေမှာ ပုံကြီးချဲ့တာ၊ မှေးမှိန်ဖျောက်ဖျက်ပစ်တာတွေ (အနုပညာသဘောလိုအပ်ချက်အရ) ပြုလုပ်ရပါတယ်။ ဒါကြောင့် အဖြစ်မှန်တွေလို့ မယူဆသင့်ပါဘူး။ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိနဲ့ ကိုယ်ရေးမှတ်တမ်း ဆိုတာတွေဟာလည်း အားကိုးထိုက်တဲ့ အထောက်အထား မဖြစ်နိုင်ပါဘူး။
အတ္တနောမတိ လွှမ်း
ဘာကြောင့် ဒီလို ယတိပြတ် ပြောသလဲဆိုတော့ ကမ္ဘာမှာ အင်မတန်ကျော်ကြားတဲ့ 'ဆာဝင်စတန်ချာချီ' ရဲ့ ကိုယ်ရေးမှတ်တမ်းလို စာအုပ်ကြီးမှာတောင် ကိုယ်ရည်သွေးတာတွေနဲ့ သူများကို လက်ညှိုးထိုးတာတွေ ပြည့်နှက်နေအောင် တွေ့ရတာကြောင့် ဖြစ်တယ်။ မြန်မာပြည်မှာ ဖတ်ရတဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်တွေနဲ့ ကိုယ်ရေးမှတ်တမ်း အများစုကလည်း အတ္တနောမတိ လွှမ်းမိုးတာ များပါတယ်။ တချို့ ခပ်ညံ့ညံ့ လူတွေ ရေးတဲ့ မှတ်တမ်းတွေဆို အပြစ်မှန်သမျှ သူများအပေါ် ပုံချပြီး 'ငါလိုလူ ဇမ္ဗူမှာမရှိ' ဆိုတာမျိုးတွေ ချည်းပါပဲ။ အဲဒီလို စာအုပ်မျိုးတွေ ဖတ်ပြီး သမိုင်းလို့ ထင်မှတ်ရင်တော့ အချည်းနှီးဖြစ်ရုံမကပါဘူး။ လူကောင်းကို လူဆိုးထင်ပြီး မသူတော်ကို လူကောင်းကြီး မှတ်ပြီး ကိုးကွယ်ဆည်းကပ် သွားစေတတ်တဲ့ အန္တရာယ်တောင် အကြီးကြီး ရှိပါတယ်။
သမိုင်းဆရာမှ စိတ်ချရ
အဲဒါကြောင့် စနစ်တကျ လေ့လာမှုဟာ ဘယ်နေရာမှာမဆို အရေးကြီးပါတယ်။ မူရင်းကျမ်းကြီး ကျမ်းခိုင်တွေကို မဖတ်ဖူးဘဲနဲ့ နိဒါန်းလို၊ မိတ်ဆက်လို၊ အနှစ်ချုပ်လို စာအုပ်လောက်ဖတ်ပြီး 'ဂုရုကြီး' ယောင်ဆောင်၊ လူတွင်ကျယ် လုပ်ခဲ့ကြသူများကြောင့် မြန်မာ့နိုင်ငံရေး ရေစုန်မျောခဲ့ရတာ နှစ်ပေါင်း ၆၀ တောင် ကျော်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒါကြောင့် စနစ်တကျ လေ့လာဖို့ အရေးကြီးတယ်လို့ ပြောခဲ့တာပါ။ သမိုင်းကို စနစ်တကျ လေ့လာမယ်ဆိုရင် စနစ်တကျ လေ့လာသင်ကြားထားတဲ့ သမိုင်းပညာရှင်များရေးတဲ့ စာအုပ်တွေကို ဖတ်ရပါမယ်။ သမိုင်းပညာရှင်ကမှ ဘယ်လိုအချက်အလက်မျိုးက ခိုင်မာမှုရှိတယ်၊ ဘယ်လိုအချက်အလက်မျိုးက စိတ်မချရဘူး။ မယူဆသင့်ဘူးဆိုတာ စနစ်တကျ လေ့လာသင်ယူထားတာ ဖြစ်တယ်။ စာရေးဆရာတွေ ရေးတဲ့ စာအုပ်က ရသ ကဲသလို နိုင်ငံသမားတွေ ရေးတဲ့ စာအုပ်က ကိုယ်ရည်သွေးတွေ များလွန်းပါတယ်။ ပြီးတော့ ဘယ်ဟာက တန်ဘိုးရှိတဲ့ အချက်အလက်၊ ဘယ်ဟာက အမှိုက်သရိုက်ဆိုတာကို စနစ်တကျ လေ့လာသင်ယူထားတာ မဟုတ်လို့ စိတ်မချရပါဘူး။
ဇေယျာဆုပ် ခေါ်စေ
နန်းမတော်မယ်နု တန်ခိုးထွားစဉ်အခါက စစ်ကိုင်းကလုပ်တဲ့ 'အနုဆုပ်' ဆိုတဲ့ မုန့်တမျိုးကို 'နု' ပါနေလို့ မခေါ်ရဘူး။ 'ဇေယာဆုပ်' လို့ ခေါ်ခိုင်းတယ် ဆိုတာမျိုးလည်း ရှိတတ်ပါတယ်။ အဲဒါကြောင့် စနစ်တကျ သမိုင်းလေ့လာရေးဟာ အင်မတန် အရေးကြီးတယ်လို့ ထပ်လောင်းပြောလိုက်ပါရစေ။ စာရေးဆရာတွေနဲ့ နိုင်ငံသမားတွေ ရေးတဲ့ မှတ်တမ်းတွေဟာ စိတ်ချရတဲ့ သမိုင်းမဟုတ်ဘူးလို့လည်း သတိပြုစေချင်ပါတယ်။
လူထုစိန်ဝင်း
၂၀၀၉ ခုနှစ်၊ စက်တင်ဘာ ၂၄။
[လူထုစိန်ဝင်းရဲ့ 'ဒီမိုကရေစီဆိုတာ နောက်ဆုံးပန်းတိုင်မဟုတ်- (နိုင်ငံရေးအတွေးအမြင်ဆောင်းပါးများ)' စာအုပ်၊ ပထမနှိပ်ခြင်း၊ ၂၀၁၀ ဇန်န၀ါရီမှ ကူးယူဖော်ပြပါတယ်]
@Mayaonlinemagzine