Friday, April 30, 2010
Everything is Possible
When someone tells you that you can't do something...
 Don't doubt yourself!
Instead, Stretch yourself!
 You've gotta stick your neck out, Go for your best.
Use all your will power and and Positive Attitude.
Never Never Give Up!
In the end, you will succeed and prove them wrong.
 Nothing is impossible,
if your heart is willing, and your attitude is positive.
We shall hold on to our dream,
focus on our goal,
persist in our belief,
keep on our positive actions,
and lead by our examples, and together,
make this world a better place!  
Yes, we can!
Yes, we will!
Thursday, April 29, 2010
ကလေးတွေကို ကလေးလိုထားကြပါ
နှစ်ပေါင်း ၂ဝ လုံးလုံး ၁ဝ တန်းနဲ့အထက် လူငယ်လေးတွေနဲ့ လူကြီးကလေးတွေကို အင်္ဂလိပ်စကားပြောသင်ပေးတဲ့ ဆရာလုပ်ခဲ့ရာမှာ တော်တော်စိတ်တိုရတဲ့ကိစ္စတခုကို ပြောပြချင်ပါတယ်။ အဲဒါကတော့ အားလုံးလောက်နီးပါးလို့ ဆိုရလောက်အောင်ကို လူငယ်လေးတွေဟာ ကိုယ်ဘာလုပ်ချင်တယ်၊ ဘာဖြစ်ချင်တယ်၊ ဘာကို ကြိုက်တယ်ဆိုတာ ရေရေရာရာ မသိတဲ့ကိစ္စဖြစ်ပါတယ်။
စကားပြောသင်တန်းဆိုတော့ စကားများများ ပြောခိုင်းရပါတယ်။
စကားပြောဖို့ အစပျိုးတဲ့အနေနဲ့ အလွယ်ဆုံးဖြစ်တဲ့
‘ဘဝရည်မှန်းချက်ဘာလဲ’ ဆိုတဲ့အကြောင်း ပြောစေပါတယ်။
ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာ၊ ကိုယ်ဝါသနာပါ ကြိုက်နှစ်သက်တာကို ပြောရမှာဆိုတော့
ဘာမှ ခက်ခဲစရာမရှိဘူး။ အလွယ်ဆုံးအကြောင်း အရာဖြစ်တယ်လို့ သဘောထားပြီး ပြောစေတာပါ။ ဒါပေမယ့် ဒီအလွယ်ဆုံးက သူတို့အတွက် အခက်ခဲဆုံးအရာ ဖြစ်နေတာကို တွေ့ရပါတယ်။
အားလုံးလောက်နီးပါးမှာ ဘဝရည်မှန်းချက် (Ambition or Goal) ရယ်လို့ တိတိကျကျ ရေရေရာရာ ပြောစရာ မရှိကြပါဘူး။ အတော်များများဆိုရင် ဘဝရည်မှန်းချက်ဆိုတာထား “ဘာ့ကြောင့် အင်္ဂလိပ်စကားပြောသင်တန်း လာတက်တာလဲ” ဆိုတဲ့ မေးခွန်းကို တောင် တကယ်တမ်းပြတ်ပြတ်သားသား ဖြေနိုင်ကြဘူးဆိုတာ တွေ့ရပါတယ်။
“အင်္ဂလိပ်စကားတတ်ချင်လို့ လာတက်တာပါ” လို့တော့ ဖြေကြတာပါပဲ။ “အင်္ဂလိပ်စကား ဘာဖြစ်လို့တတ်ချင်တာလဲ၊ တတ်ပြီးရင် ဘာလုပ်မှာလဲ” လို့ ဆက်မေးရင် အများစုက ယေဘုယျကျလွန်းတဲ့ “နိုင်ငံခြားသွားချင်လို့” ဆိုတဲ့ အဖြေပဲ အပေးများပါတယ်။
“ဘာဖြစ်လို့ နိုင်ငံခြားသွားချင်တာလဲ” လို့ ဆက်မေးကြည့်။ စာကောင်းကောင်း သင်ချင်လို့၊ အလုပ်ကောင်း ကောင်း လုပ်ချင်လို့ဆိုတဲ့ အဖြေနှစ်ခုပဲ တခုမဟုတ်တခုပေးမှာ သေချာပါတယ်၊ အင်္ဂလိပ်စကားကောင်းကောင်းတတ်တာနဲ့ စာကောင်းကောင်းတတ်မယ်၊ အလုပ်ကောင်းကောင်း ရမယ်လို့ သူတို့စိတ်မှာ ထင်နေကြရှာတာကိုး။
အင်္ဂလိပ်စကားတတ်တိုင်းသာ ပညာတတ်တွေဖြစ်မယ်ဆိုရင် အင်္ဂလိပ်တွေ၊ အမေရိကန်တွေအားလုံး ပညာတတ်ကြီးတွေချည်း ဖြစ်နေမှာပေါ့လို့ ထောက်မေးလိုက်ရင် သူတို့ ဘာဆက်ပြောရမှန်း မသိတော့ပါဘူး။
အမေရိကန်လူမျိုးတွေရဲ့ ၂၃ ရာခိုင်နှုန်းဟာ စာအိတ်ပေါ်က လိပ်စာ ရေးထားတာကို၊ လမ်းညွှန်ဆိုင်းဘုတ် ရေးထားတာကိုတောင် ဖတ်နိုင်စွမ်းမရှိဘူးဆိုတဲ့ တိုင်းမဂ္ဂဇင်း ရေးသားချက်ကိုပြောပြတဲ့အခါ မယုံနိုင်သလို တောင် ဖြစ်သွားကြရလေတယ်။
ထားလိုက်ပါတော့။ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား သင်တဲ့တတ်တဲ့အကြောင်း ပြောချင်တာမဟုတ်လို့ ဆက်မပြောတော့ပါဘူး။ ပြောချင်တဲ့အကြောင်းက ၁ဝ တန်း ကျောင်းသား၊ ကောလိပ်ကျောင်းသားအရွယ် လူငယ်လေးတွေဟာ သူတို့အသက်အရွယ်၊ သူတို့ရောက်နေတဲ့ အတန်းနဲ့စာလိုက်ရင် ရင့်ကျင်မှုပိုင်းက တော်တော်ကြီးလိုနေသေးတယ်ဆိုတဲ့အကြောင်း ဖြစ်ပါတယ်။
အထက်တန်းပြီးဆုံးလို့ တက္ကသိုလ်ကောလိပ်ကျောင်းသူ ကျောင်းသားဖြစ်ပြီ ဆိုတာနဲ့ ကလေးဘဝကို လွန်မြောက်သွားပြီး လူကြီးကလေးတွေ (Yong men or Women) ဖြစ်ပြီးလို့ သတ်မှတ်ရပါတော့မယ်။ ဒီအရွယ်ကစပြီး ကိုယ့်ဘဝ တသက်တာအတွက် စတင် ပန္နက်ချရပါပြီ။ ဆရာဝန်၊ အင်ဂျင်နီယာ လုပ်စားမှာလား၊ ကျောင်းဆရာတို့ ရှေ့နေတို့ လုပ်စားမှာလား၊ အနုပညာသမားလုပ်မှာလား တခုခုကို ရွေးချယ်သတ်မှတ်ပြီး ဖြစ်နေရပါမယ်။
သတ်မှတ်ပြဌာန်းချက် ခိုင်ခိုင်မာမာနဲ့ ကြိုးစားသူမှ ထူးချွန်ပေါက်မြောက်သူ တယောက် ဖြစ်လာနိုင်ပါတယ်။ ရည်မှန်းချက် မရေမရာနဲ့ အများယောင်လို့ လိုက်ယောင်တဲ့သူမျိုးဟာ ဘယ်တော့မှ ထူးထူးချွန်ချွန် ဖြစ်မလာနိုင်ပါဘူး။ သူလိုငါလို ယောင်တောင်တောင် လူစားမျိုးအဖြစ်နဲ့သာ ဘဝဆုံးသွားရမှာ ဖြစ်ပါတယ်။
ဘဝရည်မှန်းချက်ပန်းတိုင်ရှိရတဲ့အကြောင်းကို သုံးသပ်ကြည့်တော့ ငယ်စဉ်ကလေးဘဝ မှာကတည်းက ဝါသနာတခုခုကို စွဲစွဲလမ်းလမ်းမရှိလို့ဘဲလို့ ယူဆပါတယ်။ လူတယောက် ဘာဖြစ်လာမယ်၊ ဘယ်လို အကျင့်စရိုက်မျိုး ရှိမယ်ဆိုတာ ကလေးဘဝ ပြုစုပျိုးထောင်မှုနဲ့ နေမှုထိုင်မှုပတ်ဝန်းကျင်ပေါ်မှာ အများဆုံး မူတည်ပါတယ်။ အဲဒါကြောင့် ကလေးပညာရေး လေ့လာသူတွေ၊ စိတ်ပညာရှင်တွေက မူလတန်းအရွယ် ကလေးပညာသင်ကြား ရေးကို အထူးဦးစားပေးအဆင့် သတ်မှတ်ဆောင်ရွက်ဖို့လိုကြောင်း နှိုးဆော်နေကြတာ ဖြစ်ပါတယ်။
မူလတန်းပညာသင်ကြားရေးဆိုင်ရာ ပညာရှင်တိုင်းလိုလိုက မူလတန်းအရွယ် ကလေးတွေကို စာသင်ကြားမှု များများလုပ်တာကို သဘောမကျနိုင်ကြပါဘူး။ မူလတန်းအရွယ်ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက သင်ပေးတဲ့စာကို ဆင်ခြင်ဉာဏ်နဲ့ ပိုင်းခြားဝေဖန်နိုင်စွမ်း မရှိသေးပါဘူး။
အဲဒါကြောင့် စာများများသင်မယ့်အစား ကလေးတွေရဲ့မွေးရာပါ ပင်ကိုဗီဇ အညွန့်ကလေး ရှင်သန်ကြီးထွား လာအောင်သာ မြေတောင်မြှောက်ပေးသင့်တယ်လို့ ဆိုကြပါတယ်။ ဗီဇအညွန့်ကလေး ရှင်သန်ဖို့အတွက် ရေခံမြေခံကောင်း ဖန်တီးပေးရုံမျှလောက်သာ ကျောင်းတွေက ဆောင်ရွက်သင့်ကြတယ်လို့လည်း ဆိုကြပါတယ်။
ဒီလိုဆိုကြတာဟာ စနစ်တကျ သုတေသနတွေလုပ်ပြီး လေ့လာသုံးသပ် ထားတာဖြစ်လို့ ဘာမှ ယုံမှားသံသယရှိစရာ မလိုပါဘူး။ ပညာရှင်တွေရဲ့သုံးသပ်အဆိုပြုချက်အတိုင်း ကျောင်းတွေနဲ့ ဆရာမိဘတွေက ဘယ်လောက်ထိ လိုက်နာကျင့်သုံးကြသလဲဆိုတာကိုသာ ဆန်းစစ်ကြည့်ကြဖို့ လိုပါတယ်။
‘ပညာခေတ်’၊ ‘ပညာခေတ်’ ဆိုတဲ့အသံက ဒီခေတ်မှာ သိပ်ပြီး ကျယ်လောင်နေလေတော့ နိုင်ငံတိုင်းလိုလိုမှာပဲ ကျောင်းတွေနဲ့ ဆရာမိဘတွေဟာ ‘ပညာလောဘ’ သိပ်ကြီးလွန်းကြပြီး ပညာရှင်တွေရဲ့ အကြံပြုချက်တွေနဲ့ ဆန့်ကျင်ဘက် ပြုလုပ်နေကြတာတွေကို တွေ့မြင်နေရပါတယ်။
ကလေးတွေကို သူ့သဘာဝအလျောက် ကြီးထွားခွင့် မပေးကြတော့ဘဲ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဇွတ်အတင်းကြီးပုံသွင်းပြီး နတ်ရေကန်ထဲ ပစ်ချနေကြတာမျိုးတွေ လွန်ကဲနေတာ တွေ့ရပါတယ်။
ဂျပန်နိုင်ငံမှာဆိုရင် ပဋိသန္ဓေ တည်စကတည်းက မိဘများဟာ မူကြိုကျောင်းကောင်း ပေ့ဆိုတာကိုသွားပြီး စာရင်းသွင်းထားကြရတယ်လို့ ဆိုပါတယ်။ တက္ကသိုလ်ကောင်းကောင်း ဝင်ခွင့်မရတဲ့အတွက် ကျောင်းဖွင့် ရာသီတွေမှာ ဆယ်ကျော်သက်သက်သေမှုနှုန်းကမ္ဘာမှာ အမြင့်ဆုံး ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
နောက်ပြီးတော့ ဈေးကွက်စီးပွားရေးခေတ်ကြီးထဲမှာ ပညာရေးက ကျွဲကူး ရေပါ ဈေးကွက်ကောင်းကြီးတခု ဖြစ်လာလေတော့ ကျောင်းတွေ၊ တက္ကသိုလ်တွေဟာ ကျောင်းသား ‘ဖောက်သည်’ များများရရှိရေးအတွက် အပြိုင်အဆိုင် ‘မက်လုံးတွေ’ပေးပြီး လုပ်ဆောင်လာကြရပါတယ်။ ၁၃ နှစ်သားနဲ့ ပီအိပ်ခ်ျဒီတန်း တက်နေတယ် ဆိုတာမျိုးကို ကောင်းကောင်းကြီး ကြော်ငြာပြီး ဈေးခေါ်နေကြပါတယ်။ အဲဒီ ‘ဈေးခေါ်’မှုနောက်ကို မိဘတွေက လောဘတကြီး လိုက်ကြပါတယ်။
ဒီမှာ ကလေးတွေဟာ သနားစရာဘဝ ရောက်ကြရပါတော့တယ်။
ကလေးသဘာဝ မြူးထူးပျော်ရွှင် ဆော့ကစားခွင့်၊ မိခင်ရဲ့ရင်ခွင်မှာ နွေးထွေးစွာ ‘ပူဆာခွင့်’ မရနိုင်ကြတော့ပါဘူး။ ‘ကလေးအခွင့်အရေး’ လုံးဝ ဆုံးရှုံးကြရရှာပါတယ်။ ငယ်စဉ်က မိဘကို ပူဆာခွင့် မရခဲ့တဲ့ ကလေးဟာ ကြီးပြင်း လာတဲ့အခါမှာ ဘယ်နည်းနဲ့မှ ‘ကေသရာဇာ ခြင်္သေ့မင်း’ ဖြစ်မလာနိုင်ပါဘူး။ ငြိမ်သက်နေတဲ့ ‘သိုးငယ်ကလေး တွေ’သာ ဖြစ်လာကြမှာ မလွှဲမသွေပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး မလေးရှား တက္ကသိုလ်က ပါမောက္ခတဦးဖြစ်တဲ့ မစ္စတာဇူး ပြောခဲ့တဲ့ စကားလေးတခွန်းဟာ မှတ်သားစရာ ကောင်းလွန်းလို့ လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်က ဆောင်းပါးတပုဒ်မှာ ထည့်ရေးခဲ့ဖူးပါတယ်။
“ကျောင်းသားတွေကို ဘယ်လိုကိုင်တွယ်ရမှန်းကို မသိတော့ဘူး၊ သူတို့ဟာ သိပ်ကျိုးနွံလွန်းအားကြီးတယ်။ ကျနော်တို့က တောက်မယ့်မီးခဲ တရဲရဲဆိုတာမျိုး လိုချင်တယ်၊ သူတို့က ရေလိုက်ငါးလိုက် လုပ်တာကလွဲရင် တခြားဘာမှ မလုပ်တတ်ကြဘူး။ ဒီလိုလူမျိုးတွေနဲ့ ဘယ်လိုလုပ်ပြီး နိုင်ငံကို တဟုန်ထိုး တိုးတက်အောင် လုပ်လို့ရမှာလဲ” လို့ ပါမောက္ခဇူးက ပြောခဲ့တာပါ။
မလေးရှားတက္ကသိုလ်ကပဲ ဒုတိယ အဓိပတိ တာဝန်ယူခဲဖူးတဲ့ ပါမောက အန့်ကူအဇစ်ကလည်း …
“ပိုက်လုံးတွေ ဘယ်လိုဒီဇိုင်းဆွဲရမယ်ဆိုတာ သင်ယူလို့ ရနိုင်ပါတယ်၊ ဒါပေမယ့် တချိန်တည်းမှာ ဘယ်လိုစဉ်းစားတွေးခေါ်ရမယ် ဆိုတာလည်း သိနေဖို့လိုပါတယ်၊ အမှန်တရားဆိုတာ ပျောက်ကွယ်နေပြီး လူတွေအားလုံး အောင်လက်မှတ်စက္ကူလေးတွေနောက်ပဲ အရူးအမူး လိုက်နေကြတယ်” လို့ ဆိုခဲ့ပါတယ်။
ဒါတင်မက ပါမောက္ခ အန့်ကူအဇစ်က …
“အသိဉာဏ်ကို အရောင်းအဝယ် လုပ်နေကြတယ်၊ ပညာသင်ကြားတဲ့ ကျောင်းဆိုတာ လူ့အဖွဲ့အစည်းအတွက် အသုံးချဖို့ ကျောင်းသားတွေ ထုတ်လုပ်ပေးတာထက် ပိုပြီး မြင့်မားတဲ့ ရည်မှန်းချက် ရှိရမယ်” လို့လည်း ထောက်ပြဝေဖန်ခဲ့ပါတယ်။
မလေးရှားပါမောက္ခ နှစ်ဦးလိုပဲ အနောက်နိုင်ငံက ပညာရေး အတွေးအခေါ် ပညာရှင်တွေကလည်း ဒီနေ့ခေတ်တက္ကသိုလ်တွေရဲ့ ‘ဘွဲ့ရထုတ်လုပ်ရေးစက်’ ကြီးတွေအဖြစ် ပြောင်းလဲလာမှုကို ဝေဖန်ထောက်ပြကြတာတွေ အများကြီးပါပဲ။
ထားပါတော့၊ ပြောမယ်ဆိုရင် ဆုံးမှာမဟုတ်တော့ပါဘူး။ အဓိကပြောချင်တဲ့ လူငယ်တွေရဲ့ဘဝရည်မှန်းချက် ခေါင်းပါးပုံကိစ္စပဲ ဆက်ပါတော့မယ်။ ဘဝ ရည်မှန်းချက်ပန်းတိုင် မရှိရင် အကြောင်းက ငယ်စဉ်ကလေးဘဝမှာ တုန်းက ဝါသနာတခုခုကို စွဲစွဲလမ်းလမ်း
မရှိခဲ့လို့ဖြစ်ကြောင်း အထက်မှာ ရေးခဲ့ပါတယ်။
ဝါသနာက လူတယောက် ‘ဘာဖြစ်လာတယ်’ဆိုတဲ့နေရာမှာ အခြေခံအကျဆုံး ဖြစ်ပါတယ်၊ ဝါသနာ (Hobby) တခုခု ကို မက်မက်မောမော စွဲစွဲလမ်းလမ်း ဖြစ်လာရာက မလုပ်ရရင် မနေနိုင်တဲ့ (Habit) ခေါ်တဲ့ အကျင့် ဖြစ်လာပါတယ်။ အဲဒီ(Habit) က ရင့်မှည့်လာမှ (Ambition) ဆိုတာ ဖြစ်လာပါတယ်။
အဲဒါကြောင့် ဘဝရည်မှန်းချက်ရှိဖို့ ဝါသနာက အစပြုရပါတယ်။ အဲဒီ ဝါသနာ အစပြုဖို့ မူလတန်းကျောင်းတွေက ဆောင်ရွက်ပေးရပါမယ်။ မူလတန်းကျောင်းတွေမှာ ကလေးတွေ ဆော့ရင်း ကစားရင်း သီချင်းဆိုရင်း၊ ပုံနားထောင်ရင်း၊ ပုံတွေဆွဲရင်းကနေပြီး တဦးစီတဦးစီ တခုခုကို စွဲလမ်းနှစ်ခြိုက်သွားအောင် လုပ်ပေးရပါမယ်။
အဲဒီလို လုပ်ပေးကြရဲ့လားဆိုတာ ပြန်လည်သုံးသပ်သင့်ကြပါတယ်။ မိဘတွေဘက်ကလည်း ‘ပညာလောဘ’ အလွန်အမင်း မကြီးကြဖို့ လိုပါတယ်။
ကိုယ့်သားသမီးလေးတွေကို သနားကြပါလို့ ပြောချင်ပါတယ်။
လူ့လောကထဲ ဝင်မယ်ကြံခါစရှိသေးတဲ့ ကလေးငယ်လေးတွေကို ကလေးဘဝရဲ့အရသာလေး ပြည့်ပြည့်ဝဝ ခံစားခွင့်ပေးကြပါ။ အနှစ်နှစ်ဆယ်အစိတ် စာတွေ သင်ယူကျက်မှတ်ရခြင်းဆိုတဲ့ ဒုက္ခကြီးကို ကလေးတွေ လှလှကြီး ခံကြရဦးမှာပါ။ လူ့ဘဝရဲ့ ပူပင်ကြောင့်ကြခြင်း၊ ဆင်းရဲဒုက္ခ ကင်းဝေတဲ့အချိန်ဆိုလို့ မွေးကင်းစနဲ့ ကျောင်းမနေမီကာလဆိုတဲ့ အချိန်တိုကလေးသာ ရှိတာပါ။
နဂိုကမှ တိုတောင်းလှတဲ့ ဒီအချိန်ကလေးကို ထပ်ပြီး တိုအောင် မလုပ်သင့်ကြပါဘူး။ ‘ပညာခေတ်’ ဆိုတဲ့ စကားလုံးကြီးနဲ့တော့ နုနယ်လှသေးတဲ့ ကလေးငယ်လေးတွေကို မနှိပ်စက်ကြပါနဲ့။ ကလေးတွေကို ကလေးလိုထားကြပါလို့ လူကြီးတွေကို မေတ္တာရပ်ခံပါရစေဗျာ။
လူထုစိန်ဝင်း
အတွေးအမြင် စာစဉ် (၁၆၅) ၂ဝဝ၄ ခုနှစ်
Wednesday, April 28, 2010
ငွေနဲ့ပေါက်လို့ ဘာသာမပျောက်စေနဲ့ (၃)
အိမ်နီးနားချင်းရှိ ဗုဒ္ဓဘာသာဝင်တွေမှာ ဗုဒ္ဓရုပ်ပွါးတော် အိမ်ရှေ့ရှိ ရေမြောင်းထဲရောက်နေတာနှင့် ပတ်သက်လို့ တော်တော်လေး စိတ်အနှောက်အယှက်ဖြစ်ကြရပါတယ်။
မဆင်မခြင်နဲ့ ဘာသာပြောင်းသွားတဲ့ ကိုကြည်လွင်တို့ မိသားစုကိုလည်း အခြားဗုဒ္ဓဘာသာဝင်တွေက မနှစ်မြို့ကြပေမဲ့ သူတို့ရဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကိုတော့ ဘယ်သူမှ မတားမြစ်ကြပါဘူး။
ဒါပေမဲ့ ဗုဒ္ဓရုပ်ပွါးတော်ကိစ္စနဲ့ပတ်သက်လို့ကတော့
“ခင်ဗျားတို့ မယုံကြည်လို့ မကိုးကွယ်ရင်နေပါ၊ ဒီလို လူမြင်မကောင်းတဲ့နေရာမှာတော့ စွန့်ပစ်မထားပါနဲ့” ဆိုတော့မှ ဗုဒ္ဓရုပ်ပွါးတော်ကို ပြန်ပင့်ပြီး ရပ်ကွက်ထဲရှိ ရေကန်ကြီးထဲကို သွားရောက်စွန့်ပစ်လိုက်ပါတယ်။
ဒီနေရာလေးမှာ ဒီဖြစ်ရပ်မှန် ဇာတ်လမ်းလေးနဲ့ပတ်သက်ပြီး ပြောစရာ စကားလေးတွေ ရှိလာပါတယ်။ အခြားဘာသာဝင်တွေဟာ သူတို့ဘာသာကို ကိုးကွယ်ယုံကြည်မဲ့
လူပုဂ္ဂိုလ်များ ပေါ်ပေါက်လာပြီဆိုရင် အဲဒီပုဂ္ဂိုလ်များကို သူတို့ဘာသာထဲ မရောက်ရောက်အောင်
အစွမ်းကုန်ထိ ကြိုးစားပြီး လက်ကမ်းခေါ်ယူကြပါတယ်။
ဒါပေမဲ့ သူတို့ဘာသာဝင်ထဲက တစ်ယောက်ယောက်ကများ အခြားဘာသာထဲကို ၀င်မယ်ဆိုရင်တော့ သေလုမတတ်ကြောက်ကြပါတယ်။
ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဒါဟာ သူတို့ကို အပြစ်တင်စရာ မဟုတ်ပါဘူး။
အတုယူစရာဖြစ်ပါတယ်။
အချို့ဗုဒ္ဓဘာသာဝင်တွေဟာ မိမိတို့ရဲ့ ဗုဒ္ဓဘာသာတရားအပေါ် မကြည်ညိုသေးတဲ့သူတွေကိုလည်း ကြည်ညိုတတ်လာအောင် နည်းပေးလမ်းပြနိုင်မှု မရှိသလို ကြည်ညိုပြီးသားဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေက စားဝတ်နေရေး၊ ကျန်းမာရေးနှင့် လူမှုရေးတွေကြောင့် အခြားဘာသာထဲကို
ပြောင်းသွားရင်လည်း ဘယ်လိုခံစားမှုမျိုးမှ မထားတတ်ကြပါဘူး။
ဒါဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ ကြီးလေးတဲ့ ပေါ့ဆမှုတစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓသာသနာတည်တံ့ဖို့ဟာ လူတွေအားလုံးရဲ့အပေါ်မှာ
အခြေခံထားတာမဟုတ်ပါဘူး။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ အပေါ်မှာသာ
အခြေခံထားတာဖြစ်ပါတယ်။ မြန်မာလူမျိုးတွေဖြစ်နေပေမဲ့
ဗုဒ္ဓဘာသာမဟုတ်ကြတဲ့လူတွေ အများကြီးရှိပါတယ်။
ဒီလိုပြောလို့ မြန်မာလူမျိုးအချင်းချင်း သွေးခွဲတာလားလို့ မေးစရာဖြစ်လာပါတယ်။
    သွေးခွဲတာ မဟုတ်ပါဘူး။
ဘာသာနဲ့လူမျိုး၊ လူမျိုးနဲ့ဘာသာဟာ တစ်ချို့နေရာတွေမှာ အတူတကွရှိနေကြသလို
ကွဲပြားတာတွေလည်း ရှိပါတယ်။ မြန်မာလူမျိုးလို့ဆိုလိုက်တာနဲ့ အများအားဖြင့် ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။ ဗုဒ္ဓဘာသာလို့ဆိုလိုက်ပြန်ရင်လည်း အများအားဖြင့် မြန်မာလူမျိုးတွေက များပါတယ်။ ဒါ့ကြောင့်မို့ ဗုဒ္ဓသာသနာတော်မြတ်ကြီး အမိမြန်မာနိုင်ငံတော်ကြီးမှာ
ရေရှည်တည်တံ့နိုင်ဖို့ဆိုရင် မြန်မာလူမျိုးများ ဗုဒ္ဓဘာသာကို ယုံယုံကြည်ကြည် မြတ်မြတ်နိုးနိုး ရှိကြဖို့လိုပါတယ်။ ဟိုရပ်ကွက်က အခြားဘာသာထဲကို တစ်ယောက်ပါသွားလိုက်၊ ဒီရပ်ကွက်က တစ်မိသားစုလုံးပြောင်းသွားလိုက်ဆိုရင် ကြာလာရင် ဗုဒ္ဓသာသနာတော်မြတ်ကြီးကို အထောက်အပံ့ပေးနိုင်မယ့် မြန်မာလူမျိုးများ တဖြည်းဖြည်း လျှော့ပါးသွားနိုင်ပါတယ်။
ဒီအကြောင်းမျိုးတွေကြောင့် ဗုဒ္ဓဘာသာမြန်မာလူမျိုးများ အခြားဘာသာထဲကို ပြောင်းသွားရင် တော်တော်ကိုပဲ စိတ်ထိခိုက်ဖို့ကောင်းပါတယ်။
ဗုဒ္ဓဟောကြားခဲ့တဲ့တရားတော်တွေကို မနှစ်သက်လို့ ဒါမှမဟုတ် အခြားဘာသာရေးတရားတော်တွေကို ယုံကြည်လို့ ပြောင်းသွားတယ်ဆိုရင်တော့ သူတို့ရဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်လို့ ပြောလို့ရပါတယ်။
ကိုကြည်လွင်တို့ မိသားစုဟာ သူတို့ပြောင်းသွားတဲ့ဘာသာအပေါ်ကို တကယ်ယုံကြည်မှုအပြည့်ရှိလို့ ပြောင်းသွားကြတာ မဟုတ်ပါဘူး။ လတ်တလောတွေ့ကြုံနေရတဲ့ မိသားစုပြဿနာတွေကို အဖြေရှာဖို့ ပြောင်းသွားကြတာဖြစ်ပါတယ်။ အခြားဘာသာဝင်တွေက သူတို့ကို ထောက်ပံ့လှူဒါန်းလိုက်တဲ့ ငွေကြေးဟာ လေးငါးခြောက်သိန်းလောက်ပဲ ရှိပါတယ်။
ဒီစကားကို ရှင်းအောင်ပြောရရင် ငွေခြောက်သိန်းနဲ့ လူခြောက်ယောက်ကို သူတို့ဘာသာဝင်ဖြစ်အောင် ၀ယ်ယူလိုက်တာပဲ ဖြစ်ပါတယ်။
အပေါ်ယံအနေနဲ့ကြည့်မယ်ဆိုရင်သာ ခြောက်ယောက်လို့ထင်ရပေမဲ့ သူတို့ရဲ့ နောင်ဖြစ်လာမဲ့ မျိုးဆက်သစ်အဆက်ဆက်ကို ကြည့်မယ်ဆိုရင်တော့ ဆယ်ဂဏန်း ရာဂဏန်းတောင် မကပါဘူး။
ဒီနေရာလေးမှာ ဗုဒ္ဓဘာသာအဖွဲ့အစည်းအသီးသီးများကို သိစေချင်တာလေးက
အခြားဘာသာရေးအသင်းအဖွဲ့များလို အောက်ခြေသိမ်းသာသနာပြုမယ်ဆိုရင် ပိုပြီးထိရောက်မယ်လို့ ထင်ပါတယ်။ မလိုအပ်ဘဲ ဘုရားတည်တာ ကျောင်းဆောက်တာ
နောက်ပြီး ပေါများတဲ့နေရာတွေမှာ အလှူဒါနပြုတာတွေဟာ
ရေပြည့်အိုးကို ထပ်ဖြည့်သလိုမျိုးဖြစ်နေတတ်ပါတယ်။
ကိုကြည်လွင်တို့မိသားစုကို ဗုဒ္ဓဘာသာအဖွဲ့အစည်းတစ်ခုခုကများ ထောက်ပံ့လှူဒါန်းလိုက်မယ်ဆိုရင် အခြားဘာသာထဲကို ရောက်သွားစရာအကြောင်းမရှိပါဘူး။
ဗုဒ္ဓဘာသာမြန်မာလူမျိုးများအနေနဲ့ ကိုကြည်လွင်တို့မိသားစုလို ဟိုတစ်ယောက် ဒီတစ်ယောက် ဘာသာပြောင်းသွားရုံနဲ့ ဒို့ဗုဒ္ဓဘာသာကြီးတို့ ဘာမှမဖြစ်သွားပါဘူးဆိုပြီး ခပ်ပေါ့ပေါ့လေးတော့ မနေလိုက်ကြပါနဲ့။ ကြာလာရင် လူမျိုးရောဘာသာပါ ပျောက်သွားနိုင်ကြတယ်ဆိုတာ ကောင်းကောင်းကြီး သတိထားကြဖို့လိုအပ်ပါတယ်။
ဒီဆောင်းပါးရေးနေတုန်း မပြီးသေးခင်မှာပဲ အမျိုးဘာသာနဲ့ ပတ်သက်ပြီး ကိုကြည်လွင်တို့ရပ်ကွက်ထဲမှာ စိတ်မကောင်းစရာတွေ တစ်ခုပြီးတစ်ခု ပေါ်လာပြန်ပါတယ်။
ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားဘာသာရေးအဖွဲ့အစည်းတွေက မရှိဆင်းရဲနွမ်းပါးတဲ့ ဗုဒ္ဓဘာသာဝင်မိသားစုတွေကို သူတို့ဘာသာထဲဝင်ရင် အိမ်ဆောက်ပေးမယ်၊ ငွေဘယ်လောက်ပေးမယ်၊ လစဉ်လာတွေ ထောက်ပံ့ပေးမယ်၊ အပတ်စဉ် သူတို့ဘုရားကျောင်းကိုလာရင် ငွေငါးရာနဲ့ ဆန်တစ်ပြီပေးမယ်ဆိုပြီး
ပြောင်ပြောင်တင်းတင်း ၀င်ရောက်စည်းရုံးနေကြပါတယ်။
မရှိဆင်းရဲနွမ်းပါးသူတွေဟာ သူတို့ရဲ့ဘုရားကို ယုံကြည်တာ မယုံကြည်တာထက် လောလောဆယ်ရမယ့် ဆန်တစ်ပြီနဲ့ ငွေငါးရာကိုမက်ပြီး
သူတို့ဘုရားကျောင်းကို သွားနေကြပါတယ်။
အခုလောလောဆယ် ကိုကြည်လွင်တို့ မိသားစုအပါအ၀င် အခြားဘာသာထဲကို ပြောင်းသွားတဲ့ မိသားစုခြောက်စုရှိသွားပြီလို့ သိရပါတယ်။ အဲဒီမိသားစုခြောက်စုရဲ့ လူဦးရေဟာ ဘယ်နှစ်ယောက်ရှိတယ်ဆိုတာတော့ အတိအကျမသိရသေးပါဘူး။
ဒါဟာ ဗုဒ္ဓသာသနာတော်မြတ်ကြီး အမိမြန်မာပြည်မှာ ရေရှည်တည်တံ့ဖို့အတွက် အပေါင်းလက္ခဏာမဟုတ်ပါဘူး။ အနှုတ်လက္ခဏာသာဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်များအနေဖြင့် မဖြစ်စလောက်ငွေကြေး အစားအသောက်ရရုံလောက်နဲ့တော့ မိမိတို့ ဘိုးဘွားအစဉ်အဆက်တွေ ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ ဘာသာတရားကို မစွန့်လွတ်သင့်ပါဘူး။
ဘာသာလည်း သိက္ခာကျသလို လူမျိုးလဲ မျက်နှာငယ်ရပါတယ်။
ဒါလောက်ငွေကြေးလောက်ကတော့ ဘယ်ဘုန်းကြီးကျောင်း၊ ဘယ်သီလရှင်ကျောင်းမှာ ၀င်တောင်းဦးတော့ ရနိုင်ပါတယ်။ အခြားဘာသာ တခြားလူမျိုးတွေဆီမှာ ဘာမှ မျက်နှာသွားငယ်စရာ မလိုပါဘူး။
အခြားဘာသာရေးအဖွဲ့အစည်းများအနေဖြင့်လည်း ငွေးကြေးကို ဗန်းပြပြီး မရှိဆင်းရဲနွမ်းပါးတဲ့ သူတွေအပေါ် အဆင်းအဓမ္မကိုးကွယ်ယုံကြည်ခိုင်းတာမျိုး မပြုလုပ်သင့်ပါဘူး။
အဲ့ဒီလို ပြုလုပ်ခြင်းဟာ ဗုဒ္ဓဘာသာအပေါ်ကို
တစ်ဘက်လှည့်စော်ကားသလိုမျိုးဖြစ်နေပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟာ လွတ်လပ်ပြီးတရားမျှတတဲ့နိုင်ငံဆိုတာ သိထားသင့်ပါတယ်။
အဲ့ဒါကြောင့် လူတွေရဲ့ ကိုးကွယ်ယုံကြည်မှုကို ငွေကြေးနဲ့ဝယ်ယူစရာမလိုပါဘူး။
အဲ့ဒီလို ငွေကြေးနဲ့ ၀ယ်ယူလို့ရတဲ့ဘာသာတရားဆိုရင်လည်း
ဘယ်တော့မှ အစစ်အမှန်ဖြစ်မလာနိုင်ပါဘူး ဆိုတာ
ကောင်းကောင်းကြီးသဘောပေါက်ထားဖို့လိုပါတယ်။
ဖိုးပညော (သပိတ်ကျင်း)
Tuesday, April 27, 2010
သူ့မီးလင်းခဲ့ရင်
(၁)
ဇော်အောင်သည်ရန်ကုန်၌စက်မှုတက္ကသိုလ်တက်နေသောကျောင်းသားတစ်ဦးဖြစ်သည်။ ဒုတိယနှစ် အတန်းတင်စာမေးပွဲကြီး ပြီးဆုံးချိန်ဖြစ်၍
အားလပ်ရက်များအတွင်းသူသည် သာယာကုန်းရွာသို့ပြန်ရောက်နေသည်။
သူ၏အဖေမှာသူငယ်စဉ်ကပင် နာတာရှည်ရောဂါ တစ်ခုဖြင့် သေဆုံးသွားခဲ့သည်။
အမေလုပ်သူကသာ သူ့ကိုပြုစုပျိုးထောင်လာခဲ့သည်။
သူ့အမေသည် အထက်တန်းပြဆရာမတစ်ယောက်ဖြစ်သည်။
ရွာထဲမှ စာကျက်ဝိုင်းတစ်ခုတွင်လည်းစာပြသည်။
အိမ်နောက်ဖေးစိုက်ခင်းမှထွက်သော ဘူးသီး၊ ခရမ်းသီး၊ ကြက်ဟင်းခါးသီး၊
ကျောက်ဖရုံသီး စသည့်ခြံထွက်သီးနှံများကို ရောင်းချရင်း
ဝင်ငွေကို တစ်ဖက်တစ်လမ်းမှ ရှာရလေသည်။
သို့မှသာ ဇော်အောင်၏ ပညာရေးအတွက်ထောက်ပံ့ငွေမှန်မှန်ပို့ပေးနိုင်မည်ဖြစ်သည်။ သာယာကုန်းရွာသည် ခေါင်လွန်းလှသည်မဟုတ်သော်လည်း ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသဖြင့်
ဆေးခန်းပြလိုလျှင်၊ စာပို့လိုလျှင်၊ တယ်လီဖုန်းဆက်လိုလျှင်
တိုက်နယ်အဆင့်ရှိသော ညောင်ပင်သာရွာကိုသွားရသည်။
သာယာကုန်းရွာမှ ၈ မိုင်ခန့်ဝေးသည်။ ညောင်ပင်သာရွာတွင် ဇော်အောင်၏ စက်မှုတက္ကသိုလ်တက်နေဘက် လွန်စွာရင်းနှီးသောသူငယ်ချင်း တစ်ယောက်ရှိသည်။ သူလည်းဇော်အောင်နည်းတူ ကျောင်းပိတ်ရက်ခဏ အိမ်ပြန်ရောက်နေခြင်းဖြစ်သည်။ သူတို့မိသားစုသည် အတော်အသင့်ချမ်းသာပြီး ရွာသူဌေးစာရင်းဝင်ဖြစ်သောကြောင့်
အိမ်တွင်လည်းတယ်လီဖုန်းရှိသည်။ စားပွဲတင်ကွန်ပျူတာ တစ်စုံရှိသည်။
ထို့ကြောင့် အိမ်တယ်လီဖုန်းလိုင်းဖြင့် ဒိုင်းလ်အပ် (dial-up) အမျိုးအစား
အင်တာနက်အသုံးပြုနိုင်အောင်ပြုလုပ်ထားသည်။
ညောင်ပင်သာရွာသား အများစုမှာတော့ အင်တာနက်ဆိုတာဘာလဲဆိုတာတောင်မသိရှိကြပေ။ ဇော်အောင်သည် သောကြာနေ့ ညနေတိုင်း ညောင်ပင်သာရှိ သူငယ်ချင်းအိမ်သို့ စက်ဘီးဖြင့်သွား၍ ကျောင်းတော်၌ ချစ်ကျွမ်းဝင်ခဲ့သော ချစ်သူနှင့် အွန်လိုင်းမှတဆင့် အဆက်အသွယ်လုပ်သည်။
ဇော်အောင်တစ်ယောက်တော့ ရန်ကုန်ပြန်မရောက်မချင်းတော့ ဒီလိုလုပ်နေရလိမ့်မည်။
၈မိုင်ခန့်ဝေးသောခရီးကို အသွား အပြန် စက်ဘီး ဖြင့်သွားနေရသည်ကို
မောသည်ဟုသဘောမထားနိုင်ဖြစ်နေသည်။
ဇော်အောင်၏ ရန်ကုန်၌ကျန်ခဲ့သောချစ်သူ (သန္တာ) သည်လည်း ချမ်းသာ သောမိသားစုမှဖြစ်သည်။
အိမ်တွင် ဖုန်းရှိသည်မှာ ပြောပြရန်မလို။
ADSL အမျိုးအစားအင်တာနက် လိုင်းတစ်လိုင်းတောင် ချိတ်ထားလိုက်သေးသည်။ အင်တာနက်ကို အိပ်ယာပေါ်မှာ လက်ပ်တော့ပ်(Laptop) တစ်လုံးနှင့်အေးဆေးစွာထိုင်သုံးနိုင်သည့်
အခြေအနေဖြစ်သည်။ သို့သော်သူ၏မိသားစုမှာ စည်းကမ်းကြီးသောမိသားစုဖြစ်သည်။
အိမ်ကိုဘယ်ယောက်ျားလေးမှ တယ်လီဖုန်း လွယ်လွယ်နှင့်ဆက်ခွင့်မရနိုင်ပါ။
ထို့ကြောင့် သန္တာသည် ဇော်အောင်ကို ရွာသို့မပြန်သွားခင် သောကြာနေ့ညနေတိုင်း
အွန်လိုင်းမှာ တွေ့ကြရန်မှာထားလေသည်။ သူသည် ဇော်အောင်အတွက် အွန်လိုင်းတွင်
တွေ့ကြသည့်အခါသုံးရန် ဂျီမေးလ်လိပ်စာကိုပင် မိန်းကလေးနာမည်
(ladiesterlight@gmail.com) ဖြင့်လုပ်ပေးထားသည်။
သူ၏အိမ်သားများရိပ်မိကြမည် ကိုစိုးရိမ်ကြီးသောကြောင့် ဖြစ်သည်။ ဇော်အောင်သည် သူနှင့်
အခြေအနေကွာခြားလွန်းသော်လည်း သူအလွန်ချစ်မြတ်နိုးခဲ့သည်။
ဇော်အောင်သည် ရိုးသားသည်၊ ပျော်ပျော်နေတတ်သည်၊ စာတော်သည်၊ အပေါင်းအသင်းပေါများသည်။ ကျောင်းတွင်လည်း တစ်ကျောင်းလုံးက ဇော်အောင်နှင့်
သန္တာတို့နှစ်ယောက်အကြောင်းကိုသိကြလေသည်။ အခုလို ကျောင်းအားလပ်ရက်များအတွင်း
သန္တာတစ်ယောက်တော့ ဇော်အောင့် ကို အလွန်သတိရနေလေသည်။
တစ်ပတ်ကိုတစ်ကြိမ်သာ အွန်လိုင်းတွင်တွေ့ကြရသဖြင့်ပိုပို၍သတိရနေတော့သည်။
(၂)
သောကြာနေ့ပြန်ရောက်လာခဲ့သည်။ ညနေလည်းစောင်းလေပြီ။
ဇော်အောင် အွန်လိုင်းဖြစ်မလာသေး၍ သန္တာ့ စိတ်များမရိုးမရွဖြစ်နေသည်။
ထုံးစံအတိုင်းဆိုလျှင် ဇော်အောင်အွန်လိုင်းဖြစ်သင့်နေပြီ။ "
သူဘာလို့မလာသေးတာလဲ...နေများမကောင်းလို့လား...ဘာဖြစ်လို့လဲ.."
တွေ့ရင်တော့ စိတ်ကောက်ပြလိုက်အုံးမည်ဟုစိတ်ထဲ၌တွေးထားလေသည်။
သူသည် တစ်ညနေလုံးထိုင်စောင့်နေခဲ့သည်။ အခုဆိုည ၇နာရီတောင်ရှိပေါ့။
ရောက်သင့်သည့်ထက် ၁နာရီလောက်နောက်ကျနေလေသည်။
သန္တာစိတ်များ တိုနေသော်လည်း စိုးရိမ်မှုများလည်းရှိ နေသည်။
သူ့အတွက်အင်တာနက်သုံးရန်မှာ လွန်စွာလွယ်ကူသော်လည်း
ဇော်အောင်အဖို့ မလွယ်ကူနိုင်ကြောင်းနားလည်သဖြင့် သူဆက် စောင့်နေသည်။
ခဏနေတော့ (ladiesterlight) ဘေးတွင် မီးစိမ်းလေးလင်းလာကာ
ဇော်အောင်အွန်လိုင်းဖြစ်လာလေသည်။
"ကိုယ်တောင်းပန်ပါတယ်ကွာ...နဲနဲနောက်ကျသွားတယ်...လမ်းမှာစက်ဘီးလဲသွားလို့
ထားခဲ့ပြီး ညောင်ပင်သာကို လမ်းလျှောက် လာခဲ့ရတာပါ...။
" ဂျီတော့ခ်(Gtalk)မှ တက်လာသောစာကြောင်းများဖြစ်သည်။ သန္တာတစ်ယောက်စိတ်မဆိုးတော့သော်လည်း
 " ရွာက ရည်းစားဟောင်းနဲ့တွေ့နေလို့ နောက်ကျနေတာမဟုတ်လား၊
သွားပါ၊ ဒီကတော့စိတ်ပူလိုက်ရတာ.."
သန္တာ့ဆီက ပြန်ပို့လိုက်သော စာကြောင်းများဖြစ်သည်။ "
ဟုတ်ပါဘူးကွာ..ကိုယ်က သတိရလွန်းလို့လမ်းလျှောက်ပြီးတော့တောင်လာခဲ့ရတာ
ရန်ကုန်ပြန်လာချင် နေပြီ၊ ကိုယ်ပြန်ရောက်ရင် သမ္မတမှာ ရုပ်ရှင်သွားကြည့်ရအောင်ကွာနော်.." စသည်ဖြင့်အပြန်အလှန် စာကြောင်းများပြေးလွှားနေ တော့သည်။
(၃)
စနေနေ့နံနက်ဖြစ်သည်။ ဇော်အောင်တို့အိမ်တွင်လူအ၀င်အထွက်များလွန်းလှသည်။
ရွာမှလူကြီးများလည်းရောက်နေကြသည်။ အိမ်ရှေ့ တွင် ထိုးထားသော ယာယီအမိုးအောက်တွင် စားပွဲတစ်လုံးနှင့် ထိုင်ခုံများရှိနေသည်။
စားပွဲပေါ်တွင် ကွာစိပန်းကန်များနှင့် ရေနွေးကြမ်းခွက်များ ရှိနေသည်။
ဇော်အောင်၏အမေမှာ ရင်ဘက်စည်တီးငိုကြွေးနေလေသည်။
ညောင်ပင်သာမှ ဇော်အောင်၏သူငယ်ချင်း လည်းရောက်နေလေသည်။
မနေ့ညနေက ဇော်အောင်တစ်ယောက်ထူးဆန်းစွာ သူ့အိမ်ကိုရောက်မလာခဲ့သဖြင့်
အခြေအနေသိရန်အတွက် စနေနေ့ မနက်ပိုင်းတွင် မော်တော်ဆိုင်ကယ်ဖြင့်ဇော်အောင့်
အိမ်ကိုအလည်လာခြင်းဖြစ်သည်။ ရွာထဲမှ လူကြီးများက ဇော်အောင်၏အမေကို
နှစ်သိမ့်အားပေးနေကြသည်။ မနေ့ညနေစောင်းတွင် ညောင်ပင်သာသို့သွားရာ
လမ်းခုလတ်၌ ဇော်အောင်၏ ရုပ်အလောင်းကိုသာယာကုန်းမှ ရွာသားများ
ညနေ၆နာရီခွဲခန့်တွင်တွေ့ရှိရာမှ ဇော်အောင်သေဆုံးပြီကြောင်း သိရလေသည်။
စနေနေ့နေ့လည်ပိုင်းတွင် ညောင်ပင်သာမှာ ဇော်အောင်၏သူငယ်ချင်းက
ရန်ကုန်၌ကျန်ခဲ့သော သူငယ်ချင်းများကို ဇော်အောင့်အကြောင်း ဖုန်းဆက်အကြောင်းကြားလေသည်။
ဤသို့ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် သန္တာ့ဆီသတင်းရောက်သွားသည်။
သန္တာသည် ထိုသတင်းအပေါ်လုံးဝယုံကြည်မှုမရှိပါ။
သူငယ်ချင်းများ စုပေါင်း၍ နောက်ကြသည်ဟုပင်သဘောထားပါသည်။
အဘယ့်ကြောင့်ဆိုသော် မနေ့ကညနေပိုင်း ၇နာရီခန့်တွင် သူသည်ဇော်အောင်နှင့်အွန်လိုင်းမှာ
တွေ့ခဲ့ခြင်းကြောင့်ဖြစ်သည်။ သို့သော် နောက်တစ်ပတ်သောကြာနေ့သို့ရောက်သောအခါ... ဇော်အောင်မှာ အော့ဖ်လိုင်း (Offline) ဖြစ်နေသည်ကိုသူတွေ့ခဲ့သည်။
ည့ဉ်နက်သည်အထိ မီးစိမ်းလေးမလင်းခဲ့ပါ။
ကျောင်းများပြန်ဖွင့်ချိန်ရောက်ခဲ့သည်အထိဇော်အောင်၏
(ladiesterlight@gmail.com) သည် အော့ဖ်လိုင်း (Offline) ဖြစ်နေခဲ့သည်။
သန္တာသည် သောကြာနေ့ညနေရောက်တိုင်း ဇော်အောင့်ကို အွန်လိုင်းမှစောင့်နေမြဲဖြစ်သည်။
(၄)
ကျောင်းများပြန်ဖွင့်ပြီးနောက် ၃လအကြာမှာ
စက်မှုတက္ကသိုလ်ကျောင်းသားများအကြား သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
"အချို့ သောကြာနေ့ညများမှာ ဇော်အောင်ရဲ့ အကောင့် (ladiesterlight) ဟာ
အွန်လိုင်းအဖြစ် မီးစိမ်းနေတတ်တယ်" ။ အချို့ သောသူများက ဟက်ကာ (Hacker)
တစ်ယောက်ယောက်ဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။
တချို့ ကတော့ သူပဲဖြစ်နိုင်တယ်လို့ယူဆကြရင်း ဒွိဟဖြစ်နေကြပါတယ်။
စာဖတ်သူများလည်း သူ့ကို ဖိတ်ကြည့် (Invite) လုပ်ကြည့်ပေါ့...။
တကယ်လို့များ သောကြာနေ့ညနေတစ်ခုခုမှာ
(ladiesterlight) ရဲ့ မီးလေးလင်းလာခဲ့ရင်........။ 
@foreverfriends
Monday, April 26, 2010
မိဘမဲ့ဂေဟာတစ်ခုတွင်ချိတ်ဆွဲထားသော ကဗျာ
မာသာထရီဆာ
ဘယ်လိုပဲဖြစ်စေ
လူတွေဟာမကြာခဏ အကျိုးသင့်အကြောင်းသင့် မဟုတ်တာတွေလုပ်တတ်သလို
ယုတ္တိမတန် အတ္တဆန်တဲ့လုပ်ရပ်တွေကိုလည်းလုပ်တတ်ကြတယ်
ဘယ်လိုပဲဖြစ်စေ……….သူတို့ကိုခွင့်လွှတ်လိုက်ပါ။
သင်ကသနားကြင်နာတတ်ရင်
လူတွေကသင်ဟာတစ်ကိုယ်ကောင်းစိတ်ရှိသူ
ဟန်ပြကြင်နာပြနေသူလို့စွပ်စွဲလာကြာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….သနားကြင်နာမြဲသနားကြင်နာပါ။
သင့်ဘ၀မှာအောင်မြင်နေပြီဆိုရင်
မိတ်ဆွေတုတွေရလာနိုင်သလို ရန်သူစစ်စစ်တွေလည်းရလာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….အောင်မြင်အောင်ဆက်ကြိုးစားပါ။
လူတွေကသင့်ကိုလိမ်လည်လှည့်ဖျားကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….ရိုးသားဖြောင့်မတ်ပါ။
သင်နှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့ဘ၀တစ်ခုကို
တစ်ဦးတစ်ယောက်ကနေ့ချင်းညချင်းဖျက်ဆီးပစ်လိုက်နိုင်ပါလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….တည်ဆောက်မြဲတည်ဆောက်ပါ။
သင်ကငြိမ်းအေးမှုနှင့်စိတ်ချမ်းသာမှုကိုရှာဖွေတွေ့ရှိပြီဆိုရင်
သူတို့ကမနာလိုဝန်တိုမှုတွေဖြစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….စိတ်အေးချမ်းအောင်နေပါ။
သင်ဒီနေ့ကောင်းမှုပြုလုပ်တာကို
လူတွေကမနက်ဖြန်မေ့ပစ်ချင်မေ့ပစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….ကောင်းတာကိုပဲဆက်လုပ်ပါ။
လောကကြီးကိုသင်အပေးနိုင်ဆုံးအကောင်းဆုံးတွေပေးဝေလိုက်ပါ
ဘယ်တော့မှလုံလောက်မှာမဟုတ်ဘူး
ဘယ်လိုပဲဖြစ်စေ……….လောကကြီးကိုအကောင်းဆုံးပေးဆပ်မြဲပေးဆပ်ပါ။
နောက်ဆုံးခွဲခြမ်းစိတ်ဖြာလိုက်တော့သင်မြင်တဲ့အတိုင်းပါဘဲ
သင်နဲ့တရားသာအတူရှိတော့တာပါ
ငါ ၊မင်း ၊သူတစ်ပါးအကြားမှာဘာမှမရှိပါဘူး။ ။
ခွင့်လွှတ်ချင်းများနဲ့ဘ၀ကိုတည်ဆောက်နိုင်ကြပါစေ။ 
Saturday, April 24, 2010
ငွေနဲ့ပေါက်လို့ ဘာသာမပျောက်စေနဲ့ (၂)
ဖိုးပညော (သပိတ်ကျင်း)
နောက်တဖြည်းဖြည်း အပေးအကမ်းတွေများလာတဲ့အခါ တောင်းဆိုမှုတွေ ရှိလာကြပါတယ်။
သူတို့ရဲ့တောင်းဆိုမှုတွေကတော့
“ခင်ဗျားတို့ကို အခုလိုကျွေးမွေးနေတာ ကျွန်တော်တို့က ကျွေးမွေးနေတာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ဘုရားက ကျွေးမွေးနေတာပါ။ ကျွန်တော်တို့ဘုရားက သူ့ကို အားထားယုံကြည်မယ့် လူသားတွေကို ဘယ်တော့မှ ပစ်မထားဘူး။ သူရဲ့ တန်းခိုးတော်နဲ့ စောင့်ရှောက်နေတယ်။
ခင်ဗျားတို့မိသားစုအနေနဲ့ ကျွန်တော်တို့ဘုရားကို ကိုးကွယ်ယုံကြည်မယ်ဆိုရင်
ခင်ဗျားတို့ အခုလောလောဆယ်တွေ့ကြုံနေရတဲ့ ဘ၀အခက်အခဲပြဿနာတွေကို
ကျွန်တော်တို့ဘုရားရဲ့ ဆန္ဒတော်အတိုင်း အဆင်ပြေချောမွေ့တဲ့အထိ ကူညီပါ့မယ်။
ပြိုလဲနေတဲ့ အိမ်ကိုလည်း ပြန်ဆောက်ပေးမယ်။  ကျောင်းထုတ်ထားရတဲ့ကလေးတွေကိုလည်း
ကျောင်းပြန်တက်နိုင်အောင် ဆက်ထားပေးမယ်။ ခင်ဗျားမှာဖြစ်နေတဲ့ရောဂါကိုလည်း
ကျွန်တော်တို့ဘုရားရဲ့ မေတ္တာနဲ့ပေါင်းစပ်ပြီး သက်သာပျောက်ကင်းတဲ့အထိ
အထူးကုဆရာဝန်တွေနဲ့ ကုသပေးပါ့မယ်။ အခုလိုပြောရတာကလည်း
ခင်ဗျားတို့ရဲ့ ဒုက္ခတွေကို ကယ်တင်ချင်လို့ပါ။
ဒီလိုကယ်တင်တဲ့နေရာမှာလည်း ကျွန်တော်တို့ဘုရားကို ကိုးကွယ်ယုံကြည်မှ ဖြစ်နိုင်မှာမို့ပါ။
အဲဒါ ခင်ဗျားတို့ မိသားစုအနေနဲ့ စဉ်းစားပြီးရင် ကျွန်တော်တိှု့ဆီကို အကြောင်းကြားပါ။”
ကိုကြည်လွင်တို့မိသားစုဟာ မမျှော်လင့်တဲ့အချိန်မှာ မမျှော်လင့်တဲ့စကားကို ကြားလိုက်ရတော့ စိတ်ထဲမှာ တုန်လှုပ်ခြောက်ခြားသွားပါတယ်။
မိမိတို့ ငယ်ငယ်လေးထဲက အရိုးစွဲအောင် ကိုးကွယ်ယုံကြည်ခဲ့တဲ့အာသာတရားကို စွန့်လွတ်ပြီး
စားဝတ်နေရေး ကျန်းမာရေးကြောင့် အခြားဘာသာတရားကို ကိုးကွယ်ယုံကြည်ရမယ်ဆိုတာ
အိပ်မက်တောင်မှ မက်ခဲ့ဖူးတာ မဟုတ်ပါဘူး။
အခုတော့ ဘယ်လိုမှ ထင်မထားတဲ့အရာတွေက  မိမိတို့စိတ်ကို မွန်းကြပ်စေခဲ့ပါတယ်။
ကိုကြည်လွင်အနေနဲ့ စဉ်းစားစရာ အချက်နှစ်ချက်ပေါ်လာပါတယ်။
အဲဒါကတော့ ယခုဘ၀ကောင်းစားရေးနဲ့ နောင်သံသရာကျင်လည်ရေးတို့ပဲဖြစ်ပါတယ်။
နောက်ပြီး ဒီကိစ္စဟာ မိသားစုအရေးဖြစ်တဲ့အတွက် မိမိတစ်ဦးတည်းနဲ့တင်လည်း
ဆုံးဖြတ်လို့ မရပါဘူး။ အိမ်ထောင်ဦးစီးဖြစ်တဲ့မိမိက
ဆုံးဖြတ်ချက်လွဲမှားသွားပြီဆိုရင် ဇနီးနဲ့ သားသမီးတွေပါ မိစ္ဆာဒိဋ္ဌိအယူဖြစ်သွားနိုင်ပါတယ်။
တစ်ဘက်က ကြည့်မယ်ဆိုရင်လည်း
မိမိကျန်းမာရေးကောင်းစဉ်အချိန်အခါက နှစ်ထပ်အိမ်ကြီးပေါ်မှာ ဘာအပူအပင်မှ မရှိဘဲ နေလာခဲ့တဲ့သားသမီးတွေဟာ အခုတော့ တစ်ဘက်ရပ် တဲကုတ်လေးထဲမှာ
ဆင်းဆင်းရဲရဲနဲ့ နေနေရပါတယ်။
မိသားစုစီးပွါးရေးချွတ်ခြုံကျမှုကြောင့် ကလေးတွေရဲ့ကျောင်းပညာရေးကလည်း
တစ်ပိုင်းတစ်စနဲ့ ကျောင်းထုတ်ထားရပါတယ်။
သားသမီးတွေရဲ့ ဘ၀ရှေ့ရေး၊ မိသားစုစားဝတ်နေရေး။ မိမိရဲ့ ကျန်းမာရေး၊
နောက်ပြီး တစ်ဘက်ရပ် တဲကုတ်လေးထဲမှာ နေရတဲ့ ဘ၀နောင်ရေးစတာတွေဟာ
ကိုကြည်လွင်တို့ မိသားစုကို ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားဘာသာထဲကို ရောက်ဖို့အတွက်
တွန်းအားတွေ ဖြစ်စေခဲ့ပါတယ်။
ဒီအချိန်မှာတော့ အခြားဘာသာဝင်တွေဟာ ကိုကြည်လွင်တို့မိသားစုနေတဲ့အိမ်ကို
နေညမပြတ် တစ်ယောက်ပြီးတစ်ယောက် ၀င်ထွက်နေကြပြီး
သူတို့ဘုရားက လူသားတွေအပေါ်ကို ဘယ်လို စောင့်ရှောက်တယ်၊
တရားတော်တွေရဲ့ အနှစ်သာရတွေဟာ ဘယ်လို အကျိုးကျေးဇူးများတယ်၊
သူတို့ဘုရားသာလျှင် လူသားတွေအတွက် ကယ်တင်ရှင်အစစ်ဖြစ်တယ်ဆိုတဲ့အကြောင်းတွေကို
လာရောက်စည်းရုံးဟောပြောကြပါတယ်။
သူတို့ဘာသာရေးအဖွဲ့အစည်းများမှလည်း သူတို့လတ်တလောစားသောက်ဖို့၊ ၀တ်ဖို့အတွက်
ဆန်၊ ဆီ၊ ငြုပ်၊ ကြက်သွန်မှအစ အ၀တ်အထည်များကိုလည်း ပို့ပေးကြပါတယ်။
နောက်ပြီး ပြိုလဲနေတဲ့အိမ်ကိုလည်း ပြန်လည်တည်ဆောက်ဖို့အတွက်
သံများ၊ သွပ်များ၊ အသားများကိုလည်း မက်လောက်အောင် ပို့ပေးကြပါတယ်။
ကိုကြည်လွင်ခံစားနေရတဲ့ရောဂါဝေဒနာကိုလည်း သက်သာပျောက်ကင်းအောင်ဆိုပြီး
သူတို့ဘုရားကျောင်းကိုခေါ်ကာ ၀တ်ပြုဆုတောင်းပြီး အထူးကုဆရာဝန်တွေနဲ့ ကုသပေးကြပါတယ်။
အထူးကုဆရာဝန်တွေရဲ့ ကျေးဇူးကြောင့် အိပ်ယာထဲမှာ ဘုန်းဘုန်းလဲဖြစ်နေတဲ့
ကိုကြည်လွင်ရဲ့ ရောဂါဝေဒနာဟာ တဖြည်းဖြည်း သက်သာလာပါတယ်။
အိမ်ကိုလည်း လက်သမားများနဲ့ ဆောက်လိုက်တဲ့အခါ နှစ်ပတ်အတွင်း ပြီးသွားပါတယ်။
ကိုကြည်လွင်တို့ မိသားစုကို အခုလို စေတနာဗလပွနဲ့ ဘာလို့ထောက်ပံ့လှူဒါန်းနေကြတာလဲဆိုရင်
အဖြေကတော့ ရှင်းနေတာပဲ။
ခွေးအ များဟာ သူတို့အစာဖြစ်လာမဲ့သားကောင်ကို
စုပေါင်းအင်အားနဲ့ ၀ိုင်အုံလိုက်ပြီး ကိုက်ဖြတ်စားသောက်သလိုမျိုး ဖြစ်နေပါတယ်။
သူတို့စက်ကွင်းထဲကို ရောက်လာတဲ့သားကောင်ကိုလည်း အလွတ်ပေးတယ်ဆိုတာ မရှိပါဘူး။
အခုလည်းပဲ ကိုကြည်လွင်တို့မိသားစုဟာ သူတို့အတွက် သားကောင်ဖြစ်ခဲ့ရသလို
သူတို့ထောက်ပံ့တဲ့ပစ္စည်းတွေဟာလည်း ကိုကြည်လွင်တို့ မိသားစုအတွက်တော့ အဆိပ်ဖြစ်ခဲ့ရပါတယ်။
ကိုကြည်လွင်တို့နေမယ့် အိမ်လေးဆောက်ပြီးလို့ တစ်ပတ်လောက်အကြာမှာတော့
သူတို့ကို ထောက်ပံ့လှူဒါန်းကြတဲ့ပုဂ္ဂိုလ်တွေ စုရုံးရောက်ရှိလာကြပါတယ်။
သူတို့ဘာတွေ ပြောကြတယ်၊ ဘာတွေလုပ်ကြတယ်ဆိုတာကတော့
ကိုကြည်လွင်တို့မိသားစုနှင့် သူတို့သာလျှင် အသိဆုံးဖြစ်ပါတယ်။
သေချာတာတစ်ခုကတော့ နောက်နေ့ မနက်ပိုင်းမှာ
ကိုကြည်လွင်တို့မိဘဘိုးဘွားတွေ လက်ထက်ကတည်းက အိမ်ဦးခန်းမှာ
အမြတ်တနိုး ကိုးကွယ်ယုံကြည်ခဲ့တဲ့ ဗုဒ္ဓရုပ်ပွါးတော်ဟာ
အိမ်ရှေ့ရှိ ရေမြောင်းထဲ ရောက်နေတယ်ဆိုတာပါပဲ။ 
ဆက်လက်ဖော်ပြပါမည်
Friday, April 23, 2010
ငွေနဲ့ပေါက်လို့ ဘာသာမပျောက်စေနဲ့ (၁)
ဖိုးပညော (သပိတ်ကျင်း)
ငွေဟာ လူတွေရဲ့ သည်းခြေကြိုက် တစ်မျိုးဖြစ်ပါတယ်။
လူတွေရဲ့ သည်းခြေကြိုက်ဖြစ်သည့်အတွက် လူတိုင်းဟာ ငွေကို မက်မောကြပါတယ်။
ငွေကြောင့် လူတွေချမ်းသာသုခရကြသလို
ငွေကြောင့်လည်း သောကပင်လည်ဝေနေကြရတဲ့ လူတွေလဲ အများကြီး ရှိပါတယ်။
ငွေကို လူတွေ ဘာကြောက်မက်နေကြတာလဲလို့ဆိုရင် အဓိကအကြောင်းရင်းကတော့
စားဝတ်နေရေး ကျန်းမာရေးတွေကြောင့်ပဲဖြစ်ပါတယ်။
စားဝတ်နေရေး ကျန်းမာရေးအတွက် ငွေဟာ အဓိကအခြေခံပေါင်းကူးတံတားကြီး ဖြစ်ခဲ့ရပါတယ်။
ဒါ့ကြောင့် ငွေကိုသာရမယ်ဆိုရင် အရာရာကို စွန့်လွတ်တဲ့ လူတွေတောင် ရှိပါတယ်။
တချို့က ငွေသာရမယ်ဆိုရင် မိမိရဲ့ အရှက်နဲ့ သိက္ခာကို စတေးပြီး ရှာကြံကြပါတယ်။
တချို့ကတော့ သူတစ်ပါးတွေရဲ့ အသက်ကိုပါသတ်ပြီး တိုက်ခိုက်လုယက်ယူကြပါတယ်။
တချို့ကြပြန်တော့လည်း မျက်မှောက်ဘ၀မှာ ဖြစ်ပျက်နေတဲ့ ဘ၀ပြဿနာကို
ဖြေရှင်းနိုင်ဖို့အတွက် သံသရာမှာ ကျင်လည်ရမည့်အရေးကိုပါ ထည့်မစဉ်းစားနိုင်တော့ပဲ
ဘ၀ကို ရေစုံမျှောလိုက်ကြတဲ့ လူတွေလဲ ရှိခဲ့ကြပါတယ်။
မိမိတို့ ဘိုးဘွားစဉ်ဆက်တွေ ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုစတာတွေလည်း သတမထားနိုင်ဘဲ လက်ရှိတွေ့ကြုံနေရတဲ့
ဘ၀အခက်အခဲကို ပြေလည်သွားရင် ပြီးတာပဲဆိုပြီး
အမျိုး၊ ဘာသာအပေါ် သစ္စာမဲ့သွားကြတဲ့လူတွေလည်း အများကြီးပဲ။
ဒီအကြောင်းနဲ့ပတ်သက်ပြီး ရန်ကုန်မြို့၊ ဒဂုံမြို့သစ် မြောက်ပိုင်းမှာနေတဲ့
ကိုကြည်လွင်၊ မခင်အုံးမြင့်တို့ မိသားစုအကြောင်းကို ပြောပြချင်ပါတယ်။
ကိုကြည်လွင်၊ မခင်အုံးမြင့်တို့မှာ သားသမီးခြောက်ယောက်ရှိပါတယ်။
အကြီးနှစ်ယောက်ကတော့ အိမ်ထောင်ကျသွားပြီမို့ မိဘတွေနဲ့ အတူမနေကြတော့ပါဘူး။
ကျန်တဲ့လေးယောက်ကတော့ မိဘတွေနဲ့အတူနေပြီး
သုံးယောက်ကတော့ ကျောင်းတက်နေတုန်းဖြစ်ပတယ်။
ကိုကြည်လွင်ဟာ အလွန်ရိုးသားဖြူစင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။
ဆေးလိပ် အရက်စတာတွေလည်း မသောက်မစားပါဘူး။
သားသမီးတွေအပေါ်မှာ ဖခင်ကောင်းတစ်ယောက်ပီသစွာ လုပ်ကိုင်ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ပါတယ်။
    အသက်ငါးဆယ်လောက်အရောက်မှာတော့ ကိုကြည်လွင်ရဲ့ ဘ၀ကျဆုံးချိန်လို့ပဲ ပြောရမှာပါပဲ။
တနေ့မှာ ကိုကြည်လွင်ဘ၀အတွက် အမှောင်လမ်းကို လျှောက်လှမ်းဖို့
လေဖြတ်ခြင်းရောဂါဆိုတဲ့ အရိပ်မဲကြီး ကျရောက်ခဲ့ပါတယ်။
ခန္ဓာကို ညာဘက်တခြမ်းလုံး ဘယ်လိုမှ လှုပ်ခြားလို့ မရတော့ပဲ
အိပ်ယာထဲမှာ ဘုန်းဘုန်းလဲခဲ့ရပါတယ်။
တစ်အိမ်လုံးမှာ ကိုကြည်လွင်ရဲ့လုပ်စာနဲ့ ဘ၀ရပ်တည်နေတဲ့ မိသားစုစားဝတ်နေရေးဟာ
တော်တော်လေး ကျပ်တည်းသွားရပါတယ်။
ကိုကြည်လွင်ရဲ့ ရောဂါကိုလည်း ရှိသမျှပစ္စည်းလေးတွေကို ထုခွဲရောင်းချပြီး ကုသပေးပေမဲ့လည်း
ထူးခြားခြင်းမရှိခဲ့ပါဘူး။
ဇနီးဖြစ်သူ မခင်အုံးမြင့်အနေနဲ့လည်း အိမ်ထောင်ကျကတည်းက ဘာလုပ်ငန်းမှ လုပ်ကိုင်ခဲ့ဘူးတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုလို အရေးကြုံလာတဲ့အခါမှာတော့
မိသားစုစားဝတ်နေရေးအတွက် ရပ်ကွက်ထဲမှာ အိမ်တကာအ၀တ်လျှော်လိုက်၊ မိုးတွင်းကာလမှာ ချောင်းမြောင်းထဲက ကန်စွန်းရွက်ခူးရောင်းလိုက်၊ သူတပါးအိမ်ခြံဝင်းအတွင်း ပေါင်းမြက်ရှင်းလိုက်
စတဲ့ကျပမ်းအလုပ်များကို လုပ်ကိုင်ရပါတော့တယ်။
မခင်အုံးမြင့်ရဲ့ ကြိုးစားမှု လုံ့လ၀ီရိယတွေကြောင့် မိသားစု စားဝတ်နေရေးမှာ
အချောင်လည်ကြီး မဟုတ်ပေမဲ့ ငါးပိရေနဲ့ ကန်စွန်းရွက်တို့စရာကတော့ နပ်မှန်ခဲ့ပါတယ်။
ဒါပေမဲ့ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ ဆိုသလို သူတို့မိသားစုရဲ့ ကံဆိုးမိုးမှောင်ကျတဲ့
နေ့တစ်နေ့ နောက်ထပ် ကြုံတွေ့လာရပြန်တယ်။
မြန်မာနိုင်ငံ အောက်ပိုင်း ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတွေမှာ ကျရောက်ခဲ့တဲ့
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီးဟာ သူတို့မှီခိုအားထားနေထိုင်ရာ
အိမ်ဂေဟာကို ဖျက်ဆီးဝါးမြိုပစ်လိုက်ပါတယ်။
မခင်အုံးမြင့်ဟာ လေဖြတ်ရောဂါနဲ့ အိပ်ယာထဲမှာ ဘုန်းဘုန်းလဲနေတဲ့ ကိုကြည်လွင်ကို
ပြုစုနေရတာက တစ်မျိုး၊ မိသားစုစားဝတ်နေရေး ကျပ်တည်းရတာက တစ်ဖုံ၊
နေအိမ်ပြိုလဲသွားရတာက တစ်နည်းဆိုတော့ သောက အပူလုံး ကြိမ်မီးအုံးသလိုမျိုး ဖြစ်ခဲ့ရပါတယ်။
ရန်ကုန်မြို့အနေအထားအရ နေဖြစ်ရုံ အိမ်တစ်လုံးဆောက်နိုင်ဖို့ဆိုတာတောင်
တော်ရုံတန်ရုံငွေကြေးနဲ့ မပြီးမြောက်နိုင်ပါဘူး။
ကိုကြည်လွင်သာ ကျန်းမာရေးကောင်းနေမယ်ဆိုရင်လည်း ပြိုလဲပျက်စီးသွားတဲ့
အိမ်ရဲ့ အပိုင်းအစလေးတွေနဲ့ ပြန်ဆောက်လိုက်မယ်ဆိုရင်တောင် ဖြစ်သလိုနေနိုင်လောက်တဲ့
အိမ်ကတော့ ဆောက်လို့ရနိုင်ပါတယ်။ အခုတော့
သူတို့မိသားစုအနေနဲ့ သိကြားမင်းစေခိုင်းတဲ့ ၀ိသကြုံနတ်သားဖန်ဆင်းပေးမဲ့
အိမ်ဂေဟာကိုပဲ မျှော်လင့်နေရပါတယ်။
ကိုကြည်လွင်အနေနဲ့လည်း စိတ်သွားတိုင်း ကိုယ်မပါ၊ လိုရာမရောက် ခရီးမပေါက်ဖြစ်နေတဲ့အပြင်
အသက်ရှင်လျက် ဘ၀သေသလိုဖြစ်နေပါတယ်။
နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြီး ပြီးဆုံးသွားတဲ့အခါ ပျက်စီးဆုံးရှုံးသွားကြတဲ့မိသားစုတွေကို လူမျိုးအသီးသီး ဘာသာစုံအသီးသီး အဖွဲ့အစည်းအသီးသီးတို့မှ
စွမ်းအားရှိသလောက် ကူညီထောက်ပံ့လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ကိုကြည်လွင်၊ မခင်အုံးမြင့်တို့နေတဲ့ ရပ်ကွက်ထဲမှာလည်း
ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားဘာသာရေးအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်တွေလည်း
လာရောက်လှူဒါန်းလျက်ရှိပါတယ်။ အဲသည်ပုဂ္ဂိုလ်တွေဟာ
မရှိဆင်းရဲနွမ်းပါးတဲ့လူတွေကို လူသားချင်း စာနာထောက်ထားပြီး ရိုးရိုးသားသားနဲ့
ထောက်ပံ့လှူဒါန်းကြမယ်ဆိုရင် ၀မ်းမြောက်နုမော် သာဓုခေါ်စရာဖြစ်ပါတယ်။
ဒါပေမဲ့
ပွဲလန့်တုန်းဖျာခင်းဆိုတဲ့ ပုံစံမျိုးဆိုရင်တော့ ဒါဟာ တကယ့်စေတနာ အစစ်အမှန် မဟုတ်ပါဘူး။
ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရ အလှူဒါနပြုကြပြီဆိုရင် ကိုယ်လှူဒါန်းလိုက်တဲ့ ပုဂ္ဂိုလ်ထံက
ဘာမှ မျှော်လင့်ချက်မထားပါဘူး။
ဗုဒ္ဓကလည်း ခံတွင်းက ထွေးထုတ်လိုက်တဲ့ တံတွေးပေါက်လို ကပ်ငြိတယ်တာခြင်းမရှိပဲ
လွတ်လွတ်ကျွတ်ကျွတ်စွန့်ကြဲရမယ်ဆိုပြီး ဟောကြားတော်မူခဲ့ပါတယ်။
အချို့ဘာသာဝင်တွေက အဲ့ဒီလို မဟုတ်ပါဘူး။
ကိုယ့်ဆီကပေးရင် သူဆီကလဲ ပြန်လိုချင်မှုတွေ ရှိကြပါတယ်။
အဲဒါကတော့ အခြားတော့မဟုတ်ပါဘူး။
သူတို့နဲ့ အမြင်တူ အကျင့်တူဖြစ်တဲ့ ဘာသာတရားကို ကိုးကွယ်ယုံကြည်ဖို့ရာပါပဲ။
ဗုဒ္ဓဘာသာဝင်တွေဟာ အခြားဘာသာဝင်တွေကို အစားအသောက် အကူအညီ အထောက်အပံ့တွေပေးပြီး ဗုဒ္ဓဘာသာကို အတင်းအကျပ် ကိုးကွယ်ယုံကြည်ခိုင်းတာမျိုး မရှိကြပါဘူး။ ကိုယ်ကျွေးမွေးထောက်ပံ့လှူဒါန်းနိုင်လို့ ပေးကမ်းစွန့်ကြဲရင်တောင်
အယုတ် အလတ် အမြတ်မရွေး လူမျိုးမရွေး၊ ဘာသာမရွေး ပုဂ္ဂိုလ်မရွေးဘဲ
လွတ်လွတ်စွန့်ကြဲ ပေးကမ်းလိုက်တာမျိုးပဲ ရှိပါတယ်။
ကိုယ်လှူဒါန်းလိုက်လို့ အလှူခံပုဂ္ဂိုလ်တွေ ချမ်းသာသွားတာကို မြင်လိုက်ရရင်ပဲ
အလှူပေးပုဂ္ဂိုလ်တွေအနေနဲ့ ဒိဌလက်ငင်း ကြည်နူးမှုဖြစ်ရတဲ့
ကုသိုလ်မျိုးကိုပဲ မျှော်လင့်ခဲ့ကြပါတယ်။
အခုလည်းပဲ ကိုကြည်လွင်တို့မိသားစုကို ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားဘာသာရေးအသင်းအဖွဲ့တွေက ကူညီထောက်ပံ့မှုတွေ လာရောက်ပေးကြပါတယ်။
အစတုန်းကတော့ ဘာတစ်ခုမှ တောင်းဆိုမှုမရှိဘဲ ပေးကမ်းကြပါတယ်။
ကိုကြည်လွင်တို့ မိသားစုကလည်း သူတို့မိသားစု ဒုက္ခသုက္ခရောက်နေတဲ့ အချိန်မှာ
လာရောက်ပေးကမ်းကြတဲ့အတွက် အဲဒီပုဂ္ဂိုလ်တွေကို ကျေးဇူးတင်မဆုံးရှိကြပါတယ်။
ဆက်လက်ဖော်ပြမည်
Thursday, April 22, 2010
Finding a true guru
(1) Be selective. Check the guru’s background before choosing to become a follower. A guru is a teacher who should have studied and attained a high level of spiritual development and God-consciousness.
(2) Check the lineage of the guru: for example, is he or she initiated and, if so, by whom? Is the guru’s guru known and respected?
(3) Do not become carried away by the religious rituals the guru performs.
(4) A guru should abstain from marriage and sexual relations for religious reasons.
(5) A true guru will not simply hand out answers to all your questions but will enlighten you with his wisdom and teachings.
(6) Your guru is your spiritual teacher on the path to finding God. Do not expect him or her to perform miracles, although you may experience wonders in their presence.
(7) Improve your understanding about God-consciousness through spiritual studies so that you have some foundation on the science of spirituality before picking a guru.
(8) Meet more than one guru so you can analyse which one is right for u.
If you meet someone about whom you feel strongly, go ahead and test him or her. There is nothing wrong with questioning a potential guru, because just as a guru tests his disciple before imparting knowledge, you can also test the guru’s worthiness.
(8) A genuine guru is a true healer and will perform this service and offer his blessings selflessly and unconditionally without requesting for money.
(9) A guru is beyond organized religion and he looks on all of mankind as the same. The master does not discriminate on the basis of culture, nationality or gender. The true guru only seeks the student who intensely desires spiritual growth.
(10) A guru will never ask a student to renounce his or her religion. The guru will lift the student to comprehend the universal spiritual principles that underline all religions. Whichever spiritual path or religion one follows, they all finally lead to the path of grace of the guru.
Source: The Star 18 April 2010
Wednesday, April 21, 2010
အမေးနှင့်အမေး
ပထမလူ။    ။ မင်းအမြဲသင်္ဘောစီး ခရီးသွားနေပြီး ခုထိ ရေမကူးတက်သေးဘူးလား။
ဒုတိယလူ။    ။ ခင်ဗျားရောအမြဲတမ်းလေယာဉ်ပျံစီး ခရီးသွားနေပြီး အခုထိ မပျံတက်သေးဘူးလား။
(from mutdfan)
Tuesday, April 20, 2010
နှစ်ဆန်းတစ်ရက်မှာ ဥပုသ်မရချင်နေ
တောက်
ရိုးရာနှစ်သစ်ကူးပွဲ
ဆင်နွှဲတဲ့ လူအုပ်ထဲ
ဗုံဖောက်ခွဲသတဲ့
ခင်ဗျားတို့မုန်းတာ ပြည်သူလူထုလားဗျာ။
တစ်နှစ်တစ်ခါ
ညစ်ညူးစိတ် ဖယ်ခွါရချိန်
ပျော်ခင်းလေးဟာ
ခုတော့
စစ်တလင်းပမာ
ဘုန်းကနဲ
တုန်းကနဲ
သွေးအိုင်ထဲ လဲကျရသူတွေမှာ
အပြစ်မဲ့ ပြည်သူတွေပါ။
ခမျာ မြေဇာပင်ဘ၀ အပူရုပ်ဟာ
အခါရက်မြတ်တောင် လွှဲရှောင်မရ။
လူသတ်မိစ္ဆာကောင်တွေ ဖျန်းပက်တဲ့
သွေးစ ပုံရိပ်မှာ
အတာရေတွေ တိတ်
မဏ္ဍပ်တွေ ပိတ်
လူတွေ လန်းထိတ်
နှစ်သစ်မှ မကူးမီ
အပျော်တွေ ဆိတ်သုဉ်းခဲ့ရပြီ။
အတာသင်္ကြန် တေးသံကို
ငိုကြွေးသံက ဖုံးလွှမ်း
လူသရမ်း အကြမ်းဖက်
လူသတ် လက်နက်ရှင်ကို
သွေးကလဲ့စား ချေခွင့်များရခဲ့ရင်တော့
ပုတီးကိုချ၊ ဓားကို မ လို့
အသက်ချင်းသာ လဲ လိုက်ချင်ရဲ့
နှစ်ဆန်းတစ်ရက်မှာ ဥပုသ်မရချင်နေ……။
ကိုမျိုး (မြန်မာစာ)
၁၃၇၁ ၊ မြန်မာ့ရိုးရာအတာသင်္ကြန် အကြတ်နေ့ည
@mmcupid
Monday, April 19, 2010
လူထုစိန်ဝင်းရဲ့ ခေတ်သစ် ပုတ္တောဝါဒ
ငြိမ်းဝေ
ကျနော်ငယ်စဉ် အသက် ၁၅ နှစ်ဝန်းကျင်က ကျနော့်စိတ်ထဲဖြစ်ပေါ်လာတဲ့ အကြောင်းအရာတခုကို အခြေအနေနဲ့ အချိန် အခါကို ထည့်စဉ်းစားနိုင်စွမ်းမရှိဘဲ ထုတ်ပြောမိလို့
အိမ်ပေါ်က မောင်းချတာ ခံခဲ့ရဖူးတယ်။
ဒီတုန်းက ကျနော်က မိဘများနဲ့အတူ ပဲခူးမြို့သွန်းဘုရားလမ်းထဲ နေထိုင်စဉ်တုန်းကဖြစ်ပါတယ်။ ကျနော်တို့အိမ်မှာ တခါ တလေ ရပ်ကွက်ထဲက
တရားဝါသနာပါတဲ့ ဖခင်ရဲ့ မိတ်သင်္ဂဟတွေ အိမ်ကိုလာလည်ရင်း
ဘုရားအကြောင်း တရားအကြောင်း ဝိုင်းဖွဲ့ ပြီးပြောတတ်ကြပါတယ်။
ကျနော်က လူကြီးတွေပြောတဲ့စကားတချို့ကို
ဘေးဘီက ဝေယျာဝစ္စလေးတွေလုပ်ပေးရင်း နားစွင့်ထားတတ်ပါတယ်။
ဒီလို မသိမသာ ခိုးပြီးနားထောင်တာကို လူကြီးတယောက်ကသိပါတယ်။
ဒါကြောင့်မို့ တနေ့တော့ ကျနော့်ကို မင်းဒီလို စိတ်ဝင်စားတယ်ဆိုရင် ဒီလိုနားထောင်နေရုံနဲ့တော့ ဘယ်ဖြစ်မလဲပေါ့၊ မသိတာရှိရင်၊ သိချင်တာရှိရင်လည်း ဝင်ပြီးမေးပေါ့လို့ ဖိတ်ခေါ် ပါတယ်။
ကျနော် တော်တော်လေးကို ပျော်သွားပါတယ်။
အဲဒီညက အိပ်လို့တောင် မပျော်ပါဘူး။
နောက်တခါ အဲဒီဦးလေးကြီး တွေနဲ့ ဆုံရင် ငါသိချင်တာလေးတခုတော့ မေးလိုက်ဦးမယ်ပေါ့။
နောက်တခါ အဲဒီဦးလေးကြီးတွေ အိမ်မှာစုကြတဲ့အခါ ကျနော်က အဲဒီနေ့ကျကာမှ ရေနွေးတွေဘာတွေတည်ဖို့ မပြောရ အောင် လိုလေသေးမရှိပြင်ဆင်ပေးပါတယ်။
ရင်ထဲမှာလဲ ကြိတ်ပြီး ဝမ်းသာနေမိတယ်။
ဝမ်းသာနေမိတယ် ဆိုတာထက် ရင်တွေခုန်နေတယ်ဆိုရင် ပိုပြီးမှန်ပါလိမ့်မယ်။
ဒါနဲ့ပဲ ပြီးခဲ့တဲ့တကြိမ်တုန်းက ကျနော့်ကို စကားဝိုင်းထဲဝင်ဖို့ တံခါးဖွင့်ပေးခဲ့တဲ့ အဲဒီဦးလေးကြီးကပဲ ကျနော့်ကို မှတ်မှတ်ရရ မသိတာရှိရင်မေးလေကွာလို့  ကျေနပ်ကြည်နူးတဲ့မျက်နှာနဲ့ ဖိတ်ခေါ်ပြန်ပါတယ်။ ကျနော်က မေးခွန်းတခုကိုမေးပါတယ်။
ကျနော်မေးတဲ့မေးခွန်းက ဟိုး လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်လောက်က သေဆုံးသွားပြီဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့မိန့် ခွန်းတွေဟာ အဲဒီတုန်းက အသံဖမ်းစက်တွေ ပေါ်ခါစဖြစ်တာတောင် အကုန်လုံးအသံမသွင်းနိုင်ခဲ့ဘူး။ ဗိုလ်ချုပ်ရဲ့မိန့် ခွန်းအများစုဟာ မှတ်တမ်းမတင်လိုက်နိုင်ဘူး။
ဒါဆိုရင် စာတို့ ပေတို့ မပေါ်သေးတဲ့ ဟိုးနှစ်ပေါင်း ၂၀၀၀ ကျော်လောက်က
ဟောခဲ့ပြောခဲ့တဲ့ ဗုဒ္ဓရဲ့ တရားတွေဟာ စနစ်တကျမှတ်တမ်းတင်နိုင်ခဲ့တာမဟုတ်လို
့အခု ကျနော်တို့ ပြောနေတဲ့ တရားတော်တွေ အားလုံးဟာ ဗုဒ္ဓရဲ့တရားတော်တွေ အကုန်လုံးအမှန်ဖြစ်တယ်လို့ ပြောလို့ ရနိုင်ပါ့မလား ဆိုတဲ့ မေးခွန်းကို
စိတ်အားထက်သန်စွာနဲ့ ကို မေးလိုက်ပါတယ်။
ဒီတုန်းက ဘေးမှာထိုင်နေတဲ့ ကျနော့် ဖခင်ရဲ့တုံ့ပြန်မှုကလည်း လျှင်မြန်ပါတယ်။
ကျနော့်ကို ဆွေးနွေးပွဲတံခါးဖွင့်ပေးခဲ့တဲ့ အဲဒီ ဦးလေးကြီးကလည်း
နောက်နောင် ကျနော်နဲ့ လမ်းမှာတွေ့ရင်တောင် မမြင်ချင်ယောင်ဆောင်တော့တာပါပဲ။
ဖခင် က ကျနော့်ကိုပြောလိုက်တဲ့စကားကလည်း ရှင်းပါတယ်။
နောက်နောင် မင်းဒီလိုစကားမျိုးပြောမယ်ဆိုရင်
မင်းဒီအိမ်ပေါ်က  ခေါင်းနဲ့ ဆင်းရမယ်သာမှတ် ဆိုတဲ့စကားပါပဲ။
အခု ကျနော် လူထုစိန်ဝင်းရဲ့“လူထုရနံ့ စာစုများ” စာအုပ်ကိုဖတ်တဲ့အခါ
ဟိုတချိန်တုန်းက လမ်းမှာတွေ့ ရင် မျက်နှာချင်းမဆိုင်ဘဲ
မျက်နှာ လွှဲသွားခဲ့တဲ့ ဦးလေးကြီးကို သတိရနေမိပါတယ်။
ဒီစာအုပ်ထဲမှာ ဆရာလူထုစိန်ဝင်းဆီကို မေးခွန်းတွေ လာလာမေးကြတဲ့ လူငယ်တွေဟာ
ကျနော့်ထက်တော့ ကံကောင်း တယ်လို့ ဆိုနိုင်တာပေါ့။
ဘာပြုလို့ လည်းဆိုတော့ ဆရာလူထုစိန်ဝင်းက မသိတာလာမေးတဲ့လူငယ်တွေကို
တစုံတရာ မရှင်းလင်းလို့ စောဒက တက်တဲ့လူငယ်တွေကို
မျက်နှာလွှဲမသွားပါဘူး။ မျက်နှာချင်းဆိုင်ထိုင်ပြီး သူသိသလောက် သူရှင်း လို့ရသလောက် အကြေအလည်ပြန်လည်ရှင်းလင်းလိုက်တာမို့ 
သူ့ ဆီလာတဲ့လူငယ်တွေက ကျနော့်ထက် ကံကောင်းတယ်လို့ ကျနော် ဆိုလိုက်တာပါ။
*   *   *   *   *
ဆရာ လူထုစိန်ဝင်းဟာ စာတွေအများကြီး ရေးနိုင်တဲ့သူပါ။
အထူးသဖြင့် ကျန်းမာရေးအကောင်းပကတိ လူငယ်တွေတောင် လုပ်နိုင်ခဲတဲ့အလုပ်ကို အောက်ဆီဂျင်ပိုက်ရှူပြီးမှ အသက်ရှင်ရသူ လူမမာတဦးအနေနဲ့ 
လုပ်ပြနိုင်စွမ်းရှိတာ တခုတည်း နဲ့ တင် လူငယ်တွေအတွက် စံပြပုဂ္ဂိုလ်ဖြစ်စေပါတယ်။ သူဟာမြန်မာစာနယ်ဇင်းလောကမှာ လူငယ်တွေအပေါ် အလေးအနက် အထားဆုံး၊
လူငယ်တွေအပေါ် နားလည်နိုင်အောင် အကြိုးစားဆုံး၊
လူငယ်တွေအပေါ် ယုံကြည်မျှော်လင့်မှု အရှိဆုံးပုဂ္ဂိုလ် ဖြစ်တယ်ဆိုတာ
ဘယ်သူမှ မငြင်းနိုင်အောင် သူ့ စာတွေက သက်သေဖြစ်စေခဲ့ပါတယ်။
တလတလ သူရေးပေးနေခဲ့တဲ့ ဆောင်းပါးပေါင်းစုံအရေအတွက်ဟာ ၁၀၀ ကျော်မှာရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ လာတွေ့ သမျှလူငယ်တွေနဲ့ ထိုင်ပြီးပြောပြ ရှင်းပြနေခဲ့တဲ့အလုပ်တွေပါထည့်တွက်ရင် လူမမာတဦးအနေနဲ့ ဘယ်လိုမှ စိတ်ကူးယဉ်လို့ မရနိုင်တဲ့ အလုပ်တွေပါပဲ။
ဒါပေမယ့် ဆရာ လူထုစိန်ဝင်းကတော့ အသေအချာကို စိတ်ကူးယဉ်တဲ့သူပါ။
စိတ်ကူးယဉ်နိုင် စွမ်းတဲ့ အာဂ ပုဂ္ဂိုလ်ပါ။
လူငယ်တွေအပေါ်စိတ်ဝင်စားခြင်းဟာ အနာဂါတ်အတွက်ဖြစ်ပါတယ်။
လူငယ်တွေကိုယုံကြည်ခြင်းဟာ အနာဂါတ်ကို ယုံကြည်ခြင်းပါပဲ။
သူ့ ရဲ့ ဒီသဘောထား ဒီယုံကြည်မှုကို ဖေါ်ပြနိုင်တဲ့ စာအုပ်တွေထဲမှာ
လူထုရနံ့ စာစုများ စာအုပ်ဟာ လောလောဆယ်မှာ တော့ အပြည့်စုံဆုံးစာအုပ်ဖြစ်ပါတယ်။
ဒီစာအုပ်မှာ ဆောင်းပါး (၅၅)ပုဒ်ပါရှိတဲ့အနက် (၂၂ )ပုဒ်ဟာ လူငယ်တွေကိုချည်း ရည်ညွှန်းရေးသားတဲ့ဆောင်းပါးများပဲဖြစ်ပါ တယ်။
ကျန်တဲ့ဆောင်းပါးတွေကတော့ လူကြီးတွေကိုရည်ညွှန်းတာလည်းရှိ
ဂျာနယ်လောကသားတွေနဲ့ သူ့ကိုယ်သူ ရည် ညွှန်း ရေးသားတဲ့ ဆောင်းပါးများဖြစ်ပါတယ်။
ဒီစာအုပ်ထဲက လူငယ်တွေနဲ့ ပတ်သက်တဲ့ဆောင်းပါးအားလုံးဟာ လူငယ်တွေ ကို ယုံကြည်မှုအပြည့် လေးနက်မှုအပြည့်နဲ့ အားစိုက်ခွန်စိုက်ထားပြီးရေးခဲ့တယ်ဆိုတာလည်း ထင်ရှားပါတယ်။
ဆရာက သူ့ ရဲ့ဆောင်းပါးတပုဒ်မှာ သမိုင်းမှာ သင်ခန်းစာယူစရာကိစ္စတွေကိုကြည့်ပြီး
ဒီလိုအမှားမျိုး နောက် မမှားမိစေဖို့ ။ ဥပမာ သတင်းစာသမား ဂျာနယ်သမားလူငယ်တွေကို
ဆရာက သူရိယနဲ့ မြန်မာ့အလင်း သတင်းစာကြီး နှစ်ခုရဲ့အဖြစ်ကိုပြောပြီး သင်ခန်းစာယူစေပါတယ်။
သူရိယ သတင်းစာကြီးဟာ
ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဆရာကြီး ရွှေဥဒေါင်းနဲ့ ဆရာကြီး ပီမိုးနင်း တို့လို
ပုဂ္ဂိုလ်တွေ လုပ်ကိုင်ခဲ့ကြတဲ့ တကယ့် လူရော ရှင်ပါ ရိုသေလေးစား
သြဇာတိက္ကမ ကြီးမားတဲ့ သတင်းစာကြီးဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဘကြီးဘဘေက
၂၁ ဦးဂိုဏ်းထောင်ပြီး အင်္ဂလိပ်ကပေးတဲ့ ငါးထောင်စားအလုပ်ကိုလုပ်လို့ 
သူ့ လက်ထက် သူရိယ သတင်းစာကြီး သြဇာကျဆင်းသွားရတယ်။
အင်္ဂလိပ်အစိုးရနဲ့ ပေါင်းသွားတဲ့ အမျိုးသားသစ္စာဖောက်တယောက်ရဲ့ သတင်းစာကြီးအဖြစ်
လူတွေက သတ်မှတ်လိုက်ကြတယ်။
နောက်ပိုင်းမှာ ဂဠုန်ဦးစော လိုပုဂ္ဂိုလ်က သူ့ ရဲ့နိုင်ငံသြဇာ ထူထောင်ဖို့ ကြိုးစားတဲ့အနေနဲ
သူရိယ သတင်းစာကြီး ရေစုံမျောရတဲ့အကြောင်း ထောက်ပြပါတယ်။
( ဖတ်ပါ လေ့လာပါ အတုမခိုးပါနဲ့ ဆောင်းပါး - လူထုရနံ့ စာစုများ)
လူငယ်တွေ ပါးနပ်ကြဖို့ ၊ ပရဟိတနဲ့ အတ္တဟိတ ကိစ္စတွေအပေါ်
မှန်မှန်ကန်ကန်သုံးသပ်ဖို့ ကိုလည်း ဆရာက ရေးပါတယ်။
ဥပမာ ကုလသမဂ္ဂ အဖွဲ့ ကြီးရဲ့ကုန်ကျစရိတ်မှာ အဖွဲ့ ကြီးရဲ့ အရာရှိကြီးတွေသွားတာ လာတာ နေတာထိုင်တာတွေကြောင့် စုစုပေါင်းကုန်ကျစရိတ်ရဲ့ ခြောက်ဆယ်ရာခိုင်နှုန်းလောက်ရှိကြောင်း ၊
အင်ဂျီအို တခုက ငွေဆောင်ကမ်းခြေမှာလုပ်တဲ့ ဝပ်ရှော့ တခုဆိုရင်
ဟိုတယ်ကြီးနှစ်ခုကို အပြတ်ငှားပြီး နေထိုင်စားသောက်စရိတ်နဲ့ ခရီးစရိတ်တွေပါ ကျခံပေးကြောင်း တကယ်တော့ ဒီကုန်ကျစရိတ်တွေက စာသင်ကျောင်းနဲ့ ဆေးရုံတွေအတွက်ဖြစ်သင့်ကြောင်း ထောက်ပြပြီး လူငယ်တွေ အင်ဂျီအို လုပ်ငန်းတိုင်း မသာယာမိဖို့ သတိပေးပါတယ်။
ဒီတော့လည်း ကျနော်တို့ ပြည်ပမှာလည်း ဆီမီနာတွေ ဝပ်ရှော့တွေ လုပ်တိုင်း မကုန်သင့်တာတွေအကုန်ခံပြီး ဆီမီနာ ဝပ်ရှော့ယဉ်ကျေးမှု ပေါ်ပြူလာဖြစ်နေတာကို ကျနော်သွားတွေးမိပါတယ်။
(အတ္တပရဟိတ လုပ်ငန်း ဆောင်းပါး - လူထုရနံ့ စာစုများ)
လူငယ်တွေ စာဖတ်ဖို့ လေ့လာဖို့ လိုတဲ့အကြောင်းပြောရင်းနဲ့ ရှေ့ကလုပ်သွားသူတွေဆီက
အတုမခိုးနဲ့လို့ ဆရာက ပြောပါ တယ်။ အတုမခိုးနဲ့ ကိုယ်က အသစ်ထွင်ရမယ်လို့ ဆိုပါတယ်။
အတုခိုးရင် သူများနောက်လိုက်တွေဖြစ်ပြီး အတုဟာ အတုပဲ ဖြစ်မယ့်အကြောင်းပြောပါတယ်။
ကျနော်တို့ က တသက်လုံး “စု၊ တု၊ ပြု” နဲ့ ကြီးပြင်းလာခဲ့တာမို့ 
ဆရာက ဒီလိုထောက်ပြလိုက်တော့ ကိုယ့်အယူအဆ ဖျာ လိပ်ကို
ခေါင်းပေါ်ကနေလွှတ်ချဖို့ အခုမှပဲ သတိထားမိပါတော့တယ်။
(ဖတ်ပါ၊လေ့လာပါ၊ အတုမခိုးပါနဲ့ ဆောင်းပါး)
ဆရာက လူငယ်အများစုမှာ ကြောက်စိတ်ရှိနေတယ်လို့ သူထင်ကြောင်း၊
ကြောက်စိတ်ဟာ မိဘနဲ့ ပတ်ဝန်းကျင်ရဲ့ ဖန်တီးမှု ကြောင့် ဖြစ်ရတာများကြောင်း ဆိုပြီးရေးပါတယ်။ ကြောက်စိတ်ကိုပျောက်အောင်ဖျောက်ဖို့ ဆိုရင်
ဘာမဆိုရင်ဆိုင်ပစ်လိုက် မယ်ဆိုတဲ့ စိတ်ဓာတ်ရှိဖို့ လိုကြောင်း
 ရင်ဆိုင်ပြီးတဲ့အခါ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ကြောက်စိတ်ကမရှိတော့ကြောင်း
လူငယ်တွေကို အကြံပေးပါတယ်။
(ကြောက်စိတ်က ကြောက်စရာအကောင်းဆုံး ဆောင်းပါး - လူထုရနံ့ စာစုများ)
ဆရာ လူထုစိန်ဝင်းရဲ့ဆောင်းပါးတွေထဲမှာ ကျနော် သိသိသာသာ သတိပြုမိတဲ့အချက်က
မြန်မာလူမျိုးတွေ နိုင်ငံရေးအမြင် အားနည်းတယ်ဆိုတဲ့အမြင်ကိ
ု ပြင်းပြင်းထန်ထန်ဆန့် ကျင်ရေးသားတဲ့အချက်ဖြစ်ပါတယ်။
(နိုင်ငံရေးကို နှာခေါင်းရှုံ့ခဲ့တဲ့ ရေပေါ်ဆီလူတန်းစားတွေ ဆောင်းပါး - လူထုရနံ့ စာစုများ)
မြန်မာလူထုကို နိုင်ငံရေးဗဟုသုတနည်းပါးတယ်ဆိုတဲ့သူတွေ
လူထုကို နိုင်ငံရေးအရ ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါ ဆိုတဲ့သူ တွေဟာ
တကယ်တော့ လူတွေထဲမှာမရှိဘဲ
လူတွေနဲ့ ကင်းကွာနေတဲ့ ရေပေါ်ဆီလူတန်းစားတွေသာဖြစ်တယ်လို့ ဆိုလိုက် ပါတယ်။
လူတွေထဲမနေ လူတွေအကြောင်းမသိတော့ တိုင်းပြည်အကြောင်းလည်းမသိတော့ဘူးလို့ ဆိုပါတယ်။
ဒီတော့ လူထုကိုအထင်မကြီးဘဲ ကျောင်းတော်ကသင်ပေးတာလောက်ပဲ အထင်ကြီး၊ နိုင်ငံခြားသား ပြောတာတွေကိုပဲ အထင်ကြီးပြီး လူထုကို ဆရာလုပ်ဖို့ ကြိုးစားကြတယ်လို့ လည်း ပြောပါတယ်။
တကယ်တော့ မြန်မာလူထုဟာ နိုင်ငံရေး ရေချိန်အမြင့်ဆုံးလူမျိုးပါတဲ့။
မြန်မာလူမျိုးဟာ နိုငံရေးကို တက္ကသိုလ်ကျောင်းတော် က သင်ယူခဲ့တာမဟုတ်ဘဲ
ဘဝက သင်ယူခဲ့တာပါတဲ့။
ကိုလိုနီဘဝနဲ့ ဖက်ဆစ်ဂျပန်ခေတ်တွေမှာ လက်သည်းခွံခွာ ရေနွေးပူ အလောင်းခံပြီးမှ သင်ခဲ့ရတာပါ။ ဒါကြောင့်မို့ နိုင်ငံရေးဗဟုသုတမြင့်တဲ့အကြောင်း ဥပမာနဲ့ တကွ ရေးပါတယ်။
(လှမ်းစို့တူပျော် ရွှေပြည်တော် ဆောင်းပါး - လူထုရနံ့ စာစုများ)
လူငယ်တွေ ငြင်းခုန်ပြောဆိုကြတာကိုလည်း ဆရာကအားပေးပါတယ်။
လူငယ်တွေ ငြင်းကြခုန်ကြရင်းက အမှန်တရားကို ဆုပ်ကိုင်လာနိုင်မယ်လို့ ဆရာက ယုံကြည်ပါတယ်။ အခြေအတင် ငြင်းခုန်ဆွေးနွေး အဖြေရှာတဲ့ အလုပ်ဟာ ယဉ်ကျေးမှုရေး ရာ အလုပ်ဖြစ်တာမို့ 
ဆရာက လူငယ်တွေငြင်းခုန်ကြတာကို သဘောကျပါတယ်။
ဒါကြောင့်မို့ တောင်းရမ်းစားသောက်သူတွေကို အားပေးသင့်မသင့်ဆိုတဲ့ခေါင်းစဉ်နဲ့ 
လူငယ်တွေငြင်းကြ ခုန်ကြတဲ့အခါ ဘယ်ဟာ ပင်မ ဘယ်ဟာ သာမည ဆိုတဲ့ အဖြေကို
လူငယ်တွေ ငြင်းခုန်ရင်းက အဖြေရလာနိုင်တယ်လို့ ဆိုပါတယ်။
(ငြင်းခုန်တာဟာ ရန်ဖြစ်တာမဟုတ် ဆောင်းပါး - လူထုရနံ့ စာစုများ)
တောင်းရမ်းစားသောက်လာစေတဲ့ အဓိက တွန်းအား အဓိက တရားခံကို လူငယ်တွေသိမြင်လာစေပြီး အဲဒီပင်မကို ရှင်းမှ လူတွေတောင်းရမ်းစားသောက်တဲ့ အလုပ်ပပျောက်သွားမှာဖြစ်တယ်။ ပိုက်ဆံလှူပြီးကူညီလိုက်ရုံနဲ့ သူတောင်းစားတွေ ပျောက် သွားမှာမဟုတ်ဆိုတဲ့ အမြင်ကို ဆရာက လူငယ်တွေ ငြင်းခုန်ရင်းက ရလာစေတယ်လို့ သူ့ ရဲ့ကျောင်းသားများရဲ့
ငြင်းခုန်ပွဲတွေကို ဥပမာပေးပြီးပြောပါတယ်။
*   *   *   *   *
ဆရာ လူထုစိန်ဝင်းရဲ့ လူထုရနံ့စာစုများ စာအုပ်ဟာ ပြည်တွင်းမှာထုတ်ဝေတာ မဟုတ်ပါဘူး။
ပြည်တွင်းက ထုတ်ဝေတဲ့ ဂျာနယ်မဂ္ဂဇင်းတွေမှာ ဖေါ်ပြပြီးတဲ့ဆောင်းပါးများကို ပြည်ပမှာဖွဲ့စည်းထားတဲ့ မြန်မာသတင်းသမဂ္ဂက စုစည်းထုတ်ဝေတာ ပါ။ ပြည်ပမှာ ထုတ်ဝေတာပါ။
ဒီစာအုပ်မှာ အဓိကအားဖြင့် ဆရာလူထုစိန်ဝင်းက လူငယ်တွေကို ပညာပေးဖို့ ၊ လူငယ်တွေကို အတွေးအခေါ် ထက်မြက်စေ ဖို့ ၊ လူငယ်တွေကို ဘာမဆို ရင်ဆိုင်ဖြေရှင်းရဲ
ဖြေရှင်းနိုင်ဖို့ အဓိကထားတဲ့ဆောင်းပါးများက အများစုဖြစ်ပါတယ်။
လူထုရနံ့ စာစု များ စာအုပ်ဟာ တကယ်တော့ ဆရာလူထုစိန်ဝင်း ရဲ့
လူငယ်တွေကို ပညာပေး ဆုံးမပဲ့ပြင်တဲ့ စာအုပ်ဖြစ်ပါ တယ်။
လူထုစိန်ဝင်းရဲ့ ပုတ္တောဝါဒ အမြင်စာအုပ်ဖြစ်ပါတယ်။
ဒါပေမယ့် အစဉ်အလာ အယူအဆဟောင်းအရ
ငါပြောတာ နားထောင် ငါပြောတာအမှန် ခံမပြောနဲ့ ဆိုတဲ့
ပုတ္တေဝါဒ အဟောင်းတော့မဟုတ်ပါဘူး။
ပုတ္တောဝါဒ လက်သစ်သာဖြစ်ပါတယ်။    ။
Wednesday, April 14, 2010
ကြာပင်အောက်က ဖား
ဇောင်းတောကန်ရွာကနေ မြို့ တက်ဈေးဝယ်လာတဲ့ သူငယ်ချင်း နိုင်လင်းနဲ့ လဘက်ရည်ဆိုင်မှာတွေ့တော့  စကားတွေ ရေပက် မ၀င်အောင် ပြောဖြစ်ကြပါတယ်။
နိုင်လင်းက ဇောင်းတာကန်ရွာ တွဲဘက်ကျောင်းဆရာ လူပျိုကြီးပါ။
မိန်းမ မယူဘဲ မိခင်အိုကြီးကို လုပ်ကျွေးပြုစုနတဲ့ သားလိမ္မာ တစ်ဦးဆိုရင် မမှားဘူး။
သူနဲ့က တစ်လမှာ တစ်ကြိမ်လောက်တော့ မြို့တက်ဈေးဝယ်လာခိုက်
တွေ့ဆုံရတာမို့ စကားတွေက ပြောလို့ မ၀ကြဘူး။
ဒီတခေါက်မှာတော့ နိုင်လင်းက အကူအညီတစ်ခုတောင်းပါတယ်။
ဟေ့ကောင်၊  မင်းအားရင် ငါနဲ့ စာအုပ်ဆိုင်လိုက်ခဲ့ပါကွာ။
`“ ဘာလဲ၊ ကျောင်းစာအုပ်တွေ ၀ယ်မလို့လား”
`“မဟုတ်ပါဘူးကွာ၊ အမေမှာလိုက်တဲ့ စာအုပ်တွေ ရှာချင်လို့ပါ။”
`ပြောပြောဆိုဆိုပဲ သူ့ အင်းချီအိတ်ကပ်ထဲက စာရွက်ကလေး တစ်ရွက်ထုတ်ပြလို့ ဖတ်ကြည့်လိုက်တော့ ---
---
`“ ငါ့ကိုမချစ်ပါနဲ့”
`“အချစ်ကံခေပေမယ့် ၊အနှစ်ကျန်စေရမယ်”
`“လမ်းခွဲတာ ၀မ်းနည်းစရာလား”
`“မချစ်တတ်၊ မမုန်းတတ်တဲ့လူ့  ”
`“ ဆေးပေါင်းခတဲ့ မျက်ရည်”
`“အနေဝေးပေမယ့် အဝေးနေ မဟုတ်ပါ”
`“အကောင်းကံချစ်မှ အချစ်ကံကောင်းမယ်”
“ဟေ့ကောင် နိုင်လင်း၊ မင်းအမေ ဒီအရွယ်အထိ အချစ်ဝတ္တုတွေ ဖတ်နေတုန်းပဲလား”
“အင်း၊ မင်းတော့ ကြာပင်အောက်က ဖားနဲ့ တူနေပြီနော်၊
အဲဒါ တရားစာအုပ်မှ တရားစာအုပ် နာမည်တွေကွ။”
`“ဟေ”
မောင်ခင်မှိုင်း။ချောက်
မဟေသီ၂၇၁။ ဇွန် ၂၀၀၇
Monday, April 12, 2010
ခြားနားချက်
(၁)   ချစ်သူဘ၀                  -   အလကားနေရင်း အကြည့်ချင်းဆုံ၏။
       အိမ်ထောင်သည်ဘ၀     -   အကြည့်ချင်းဆုံလျှင်လည်း အလကားဖြစ်၏။
(၂)   ချစ်သူဘ၀                  -   အလကားနေရင်း ချစ်သူကို တမ်းတ၏။
       အိမ်ထောင်သည်ဘ၀     -   ချစ်သူကို တမ်းတသော်လည်း အလကားဖြစ်၏။
(၃)   ချစ်သူဘ၀                  -   ကလေး ဘယ်နှယောက်ယူလိုက်မည်ဟု စိတ်ကူး၏။
       အိမ်ထောင်သည်ဘ၀     -   စိတ်ကူးသည့်အတိုင်း ကလေးမယူဖြစ်ခဲ့ရင် အကောင်းသားဟု တွေး၏။                                                        
(၄)   ချစ်သူဘ၀                  -   ကိုယ်ပိုင်ဆိုင်သမျှ သူ့အားပေးလို၏။
       အိမ်ထောင်သည်ဘ၀     -   ကိုယ်ပိုင်ဆိုင်သမျှ ဘဏ်တွင် တိတ်တိတ်လေး ထားလို၏။
(၅)  ချစ်သူဘ၀                   -   မွန်နေသော်လည်း ကိစ္စမရှိဟု ဆို၏။
       အိမ်ထောင်သည်ဘ၀     -    ကိစ္စရှိမှ မွှန်၏။
(၆)  ချစ်သူဘ၀                   -   တစ်ယောက်နှင့်တစ်ယောက် ဖုန်းပြောပါက တိုးတိုးလေးပြော၏။
       အိမ်ထောင်သည်ဘ၀     -    ဖုန်းထဲမှ အော်လိုက်ရသည်ကိုပင် အားမရ။
(၇)  ချစ်သူဘ၀                   -    ချစ်သူ့အကြောင်း ကဗျာရေးဖွဲ့၏။
        အိမ်ထောင်သည်ဘ၀      -    ကဗျာရေးသူ ငစနူ
(၈)  ချစ်သူဘ၀                   -    သူငိုလျှင် ကိုယ်လိုက်ငို၏
        အိမ်ထောင်သည်ဘ၀      -    သူငိုလျှင် TV အစီအစဉ်တွေကောင်းပြီ
(၉)  ချစ်သူဘ၀                   -    သူ့မွေးနေ့ကို အလွတ်ရ၏
        အိမ်ထောင်သည်ဘ၀      -    ကိုယ့်မွေးနေ့ကိုပင် အလွတ်မရ
(၁၀)  ချစ်သူဘ၀              -        လူတောထဲတွင် လက်ချင်းချိတ်၍ သွားလေ့ရှိ၏
    အိမ်ထောင်သည်ဘ၀      -    လူတောထဲတွင် မျက်စောင်းချင်းချိတ်၍ သွားလေ့ရှိ၏
(၁၁) ချစ်သူဘ၀              -        အစာစားလျှင် ခွံ့ကျွေးမှကြိုက်၏
    အိမ်ထောင်သည်ဘ၀      -    အစာစားလျှင် ဇွန်းကိုင်လိုက်မှာ ကြောက်၏
(၁၂)   ချစ်သူဘ၀              -        အချစ်သီချင်းများသာ နားထောင်၏
    အိမ်ထောင်သည်ဘ၀      -    ကက်ဆက်အကြောင်းသာပြော၏
(၁၃)  ချစ်သူဘ၀              -        ချစ်သူအကြောင်းသာပြော၏
    အိမ်ထောင်သည်ဘ၀      -    သံသရာမှ လွတ်မြောက်ရာ အကြောင်းသာတွေး၏
(၁၄)  ချစ်သူဘ၀              -        ချစ်သူလုပ်သမျှ စိတ်ဝင်စား၏
    အိမ်ထောင်သည်ဘ၀      -    လူပေါင်းမှားခဲ့သည့်အတွက် ရင်ထုမနာဖြစ်၏
(from mutdfan)
သင်္ကြန်ဟူသည် (၂)
ကမ္ဘာလည်ပတ်ရာကနေလာသော ရာဇ၀င် ။
ဒ်ီတစ်ခုကတော့ ဗုဒ္ဓ၀င်ကျမ်းတွေနဲ့ ဗေဒင်ပညာတွေနဲ့ ဆက်စပ်တယ်။
ကမ္ဘာကြီးက နေကို လှည့်နေတာဟာ မိဿရာသီက စတင်ပြီးကြည့်ရင်
ပြိဿ ၊မေထုန်……..မိန် ရာသီကိုရောက်တဲ့ အခါ သူရိယသိဒ္ဓ န္တကျမ်းအရ (၃၆၅)ရက် ၊ (၆) နာရီ ၊ (၁၂)မိနစ် ၊ (၃၇)စက္ကန့် ပြည့်ပြီး တနင်္ဂနွေ ရ၀ိဖုဋဂြိုလ်စင် က မိဿရာသီအစ သုညအင်္သာ ကို ၀င်တယ်လို့ သတ်မှတ်တယ်။
အဲဒီဝင်စအချိန်မှ ကူးပြောင်းခြင်းစတယ်။
ဆိုလိုတာက သင်္ကြန်ကျတယ်။
ဒါပေမယ့် တကယ်တမ်း နှစ်သစ်ကို မကူးသေးဘူး။
နောက် ထပ် (၂)ရက်၊(၄)နာရီ၊(၄) မိနစ် ၊ (၄၀)စက္ကန့်ကြာမှ နှစ်သစ်ကူးပါတယ်။
ဒီတော့ နေသွားလမ်းကို (၁၂) ရာသီခွင်နဲ့ ညှိပြီး လသွားလမ်းနဲ့ ပြက္ခဒိန် ရေးထားတဲ့ မြန်မာတွေ အတွက် တန်ခူးလမှာ ကျရောက်လာတယ်။
သဘာဝကျတာတစ်ခုက တန်ခူး ဆိုတာကိုက တာကူးဆိုတာကနေ ဖြစ်လာတယ်။ တနင်္ဂနွေ ရ၀ိဖုဋဂြိုလ်စင် က မိဿရာသီသို့ ကူးတာကို ရည်ရွယ်ပြီး
ရှေးမြန်မာပညာရှိတွေ အမည်ပေးခဲ့တယ်လို့ ဆိုပါတယ်။
တန်ခူး လို့ နောက်ခေါ်လာကြတော့ အနက်ကတော့ ပြောင်းသွားတယ်။
တန် (၀ါ)တန်းက ထန်း လို့ အဓိပ္ပါယ်ရတယ်။
ခူးက ဆွတ်ခူးတယ်။
ဒီတော့ ထန်းသီးခူးတဲ့ လလို့ ဖြစ်နေတယ် ။
တာကူးကနေ ပြောင်းလာတယ်ဆိုတာပဲ မှတ်ထားတာကောင်းမယ်။
ဗုဒ္ဓဘာသာကျမ်းများမှာ ဒီကာလ အခါမှာ ဘုရားရှင်ရဲ့ အမေဘက်က အမျိုးတွေ ဖြစ်လာမယ့် ဒေ၀ဒဟပြည်က မင်းသားမင်းသမီးတွေ ရေကစားကြတယ်။
ဒေ၀ ဆိုတာ နတ်လို့ ပဲ ဘာသာပြန်လို့ မရဘူး ။
မင်းသား၊မင်းသမီးလို့လဲ အဓိပ္ပါယ်ရှိသေးတယ်လို့ သီတဂူဆရာတော်ဟောပါတယ်။ အခုရက်ပိုင်းသတင်းစာတွေမှာ ဒေ၀ဒဟ = နတ်ရေကန် လို့ ရေးကြတာတွေ့လိမ့်မယ်။
( နတ် ဆိုတဲ့ စာလုံးရဲ့ အဓိပ္ပါယ် အကျယ်တွေကို အကို (၃၇) မင်းအကြောင်းတစ်စိတ်တစ်အိတ် ခေါင်းစဉ်မှာ
ကျယ်ကျယ်ဝင့်ဝင့်ရေးပေးပြီးဖြစ်လို့ ညီလေးလဲ ဖတ်ပြီးလောက်ပြီ။ )
ဒီတော့ ဒေ၀ဒဟ = မင်းသား၊မင်းသမီးများရေကစားသော ရေကန် လို့ ပြန်ရင်ပိုကောင်းပါမယ်။ သမိုင်းနဲ့လဲ ကိုက်ညီပါတယ်။
ဒုတိယ ဇာတ်လမ်းမှာ ပူပြင်းသော မိန်မှ မိဿအပြောင်း ၊ ရှေးဘုရားရှင်မတိုင်မီကတည်းက ဒီရာသီမှာ ရေကစားကြတယ်။
ဒီတော့ ဗုဒ္ဓဘာသာမြန်မာတွေလဲ ဒီရာသီမှာ ရေကစားကြတယ် လို့ ပြောရင်ရပါမယ်။ ဒီဇာတ်လမ်းမှာတော့ ဆရာသိကြား မပါတော့ပါဘူး။
ဗုဒ္ဓ၀င်နဲ့ ဗေဒင်ကို အစဉ်အလာနဲ့ ညှိပြီးကစားကြတယ်လို့ ဆိုပါတယ်။
မြန်မာနဲ့ ယဉ်ကျေးမှုခြင်းတူနေတဲ့ ထိုင်း ၊ လာအို ၊ ကမ္ဘောဒီယားတွေမှာတော့ ဘယ်လို အစဉ်အလာရှိမယ် မသိဘူး။ ထိုင်းမှာ ( Songkran ) ကမ္ဘောဒီယားမှာ (Chaul Chnam Thmey ), လာအို(စ်) မှာ ( Pimai ) လို့ ခေါ်ကြတယ်။
နှစ်ဟောင်းက အကုသိုလ်ကို ရေနဲ့ ဆေးတာ၊ အေးချမ်းစေတာ ၊ နှစ်သစ်ကို ကြိုဆိုတာ ဆိုတာတွေကတော့ အတူတူပါပဲ ။
ဖြစ်စဉ်နှစ်ခုကနေ ကြိုက်တာကို လက်ခံလို့ရပါတယ်။
ဘာပဲဖြစ်ဖြစ် မြန်မာပြက္ခဒိန် အရ တစ်နှစ်အသက်ပိုကြီးသွားပြီ ။
နှစ်ဟောင်းမှာ လောကီ၊လောကုတ် ကုသိုလ် ၊ ပညာ၊ ဥစ္စာ ၊ ဗဟုသုတ ၊ကော်းမွန်သောခံယူချက်၊ မှန်ကန်သော အမြင် ဘာတွေ စုမိလိုက်လဲ ။
မစုမိသေးရင်တော့ (၀ါ) နည်းနည်းပဲ စုမိရင်တော့
နှစ်သစ်မှာ ပိုရအောင် ကြိုးစားနိုင်ကြပါစေ ။
(from forwarded mail)
Sunday, April 11, 2010
သင်္ကြန်ဟူသည်
သိကြားမင်း -ဗြဟ္မာမင်း
တစ်ခါက ဗြဟ္မာမင်း အာစိ ဟာ ဒေ၀နတ်အပေါင်းတို့ရဲ့ဘုရင် သကြားမင်းကို စစ်ရှုံးခဲ့ပါတယ်။ အဲဒီအချိန်မှာ သိကြားမင်းဟာ စစ်ရှုံးခဲ့တဲ့ ဗြဟ္မာမင်း အာစိရဲ့ ဦးခေါင်းကို ဖြတ်ပြီး
ဆင်တစ်ကောင်ရဲ့ ဦးခေါင်းကို ဗြဟ္မာမင်းရဲ့ ခန္ဓာကိုယ်မှာ ပြန်တပ်ပေးဖို့
သိကြားမင်းရဲ့ ညှိနှိုင်းမှုကို စစ်ရှုံးတဲ့ ဗြဟ္မာမင်းက သဘောတူခဲ့ရပါတယ်။
ဒါနဲ့ပဲ ဆင်ဦးခေါင်းနဲ့ ဗြဟ္မာမင်းခန္ဓာကိုယ်ပေါင်းစပ်တဲ့ ဟိန္ဒူဘုရား ဂနေဆာ ဖြစ်လာပါတယ်။
ဂနေဆာ
ဒါပေမဲ့ ဗြဟ္မာမင်းဟာ အလွန်အင်မတန် တန်ခိုးကြီးလွန်းတဲ့အတွက် ပြတ်သွားတဲ့သူခေါင်းကို ပင်လယ်ထဲ မျှောမိယင် ပင်လယ်ရေတွေခန်းခြောက်သွားနိုင်ပါတယ်။
ပထ၀ီ မြေကြီးပေါ်တင်မယ်ဆိုယင်လည်း မြေကြီးဟာ အပိုင်းပိုင်းကွဲအက်ကြေမွသွားနိုင်ပါတယ်။ အကယ်လို့များ မိုးကောင်းကင်ထဲကို ပစ်လိုက်မယ်ဆိုယင်လဲ
မိုးကောင်းကင်တစ်ခုလုံး မီးတောက်လောင်ကြွမ်းသွားနိုင်ပါတယ်။
ဒါကိုသိတဲ့ သိကြားမင်း က အဲဒီဗြဟ္မာကြီးရဲ့ခေါင်းကို အဲဒီလို မဖြစ်စေဖို့အတွက် နတ်သမီး တစ်ပါးစီကို တစ်နှစ်တစ်ခါ အလှည့်ကျစီိကိုင်ထားရမယ် ဆိုပြီး မိန့်တော်မူပါတယ်။
တစ်နှစ်ကုန်လို့ နောက်တစ်နှစ်ကို ကူးတဲ့အခါကျယင် အလှည့်ပြောင်းတဲ့ အချိန်ကို သင်္ကြန်ပွဲတော်ဆင်နွဲခဲ့ကြပါတယ်။
သင်္ကြန်ပွဲတော်ကို တစ်ချိန်က ဟိန္ဒူယဉ်ကျေးမှု လွှမ်းမိုးခံခဲ့ရတဲ့ အရှေ့တောင်အာရှနိုင်ငံ အတော်များများမှာ နှစ်သစ်ကူး ပွဲတော်အဖြစ်ကျင်းပခဲ့ပါတယ်။
ယခုအချိန်မှာ မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံ၊လောနိုင်ငံ နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ဆက်လက်ကျင်းပဆဲဖြစ်တာကိုတွေရပါတယ်။
 ပုဂံခေတ်မြန်မာသင်္ကြန်
အကြိုနေ့
သင်္ကြန်အကြိုနေ့နဲ့ပတ်သက်ပြီး ပထမဆုံးတွေ့ရှိချက်က
ဥပေါသထမင်းကြီးရဲ့ ခေါင်းဆေးမင်္ဂလာပြုရာက စတယ်လို့ဆိုပါတယ်။
အဲဒီအချိန်က ဘုရင်များဟာ တစ်နှစ်မှာ တစ်ခါ
ဦးခေါင်းတော်ဆေးတဲ့ မင်္ဂလာကို ကျင်းပလေ့ရှိပါတယ်။
မြန်မာမင်းများစွာ ကလည်း အဲဒီအချိန်ရောက်ယင် ယခုမော်လမြိုင်မှာရှိတဲ့ မုတ္တမကွေ့က ခေါင်းဆေးကျွန်းမှာ ခေါင်းဆေးမင်္ဂလာပြုကြပါတယ်။
အကျနေ့
ဒီနေ့မှာတော့ သိကြားမင်းဟာ နတ်ပြည်ကနေ လူ့ပြည်ကို ဆင်းသက် လာပါတယ်။ ဒီလိုဆင်းလာတဲ့အချိန်ကို သိစေဖို့ သင်္ကြန်အမြောက်ကိုဖေါက်ပါတယ် ။
အဲဒီအခါ လူတွေဟာ အတာအိုးထဲရေထည့်ကာ
သပြေခက်နဲ့ မြေကြီးကို ရေဖြန်းလို့ ရှိခိုးပူဇော်ကြပါတယ်။
ဒီအခါမှာ ဘုရင့်ဆရာများဖြစ်တဲ့ အိန္ဒိယကဇာတ်မြင့်မျိုးနွယ် ဗြဟ္မဏ်ဇာတ်ဝင် ပုဏ္ဏားက နောင်လာမဲ့နှစ်အတွက် ဟောကိန်းဖြစ်တဲ့ သင်္ကြန်စာကို ရွတ်ဖတ်ကြေငြာပါတော့တယ်။ ဒီဟောကိန်းကိုတော့ သိကြားမင်း ဘာတိရစ္ဆာန်ကို စီးပြီး
ဘာကိုင်လာသလဲဆိုတာကို အခြေခံပြီးဟောတာဖြစ်ပါတယ်။
ခလေးတွေကို ဒီအချိန်မှာ လူကြီးတွေပြောလေ့ရှိတာက
ကောင်းတာလုပ်တဲ့သူတွေရဲ့ အမည်စာရင်းကို သိကြားမင်းက ရွေပုရပိုက်မှာ ရေးမှတ်ပြီး ဆိုးသွမ်းသူတွေရဲ့ နံမယ်ကို ခွေးသားရေ ပုရပိုက်မှာ ရေးမှတ်တယ်လို့ ပြောလေ့ရှိပါတယ်။
တကယ်တော့ သင်္ကြန်ဟာ ဟိန္ဒူဝါဒ ယုံကြည်မှု ထုံးတမ်းစဉ်လာတစ်ရပ်က ဆင်းသက်လာခဲ့တာပါ။ ဒါပေမဲ့ ရှေး ပညာရှင်က၀ိများက ဒါကို ထေရ၀ါဒ ဗုဒ္ဓဘာသာရဲ့ အဆုံးအမများနဲ့ ပြုပြင်ယူခဲ့ကြပြီး နှစ်သစ်ကူးက စလို့ ရှင်ပြုခြင်းဓလေ့၊ ဘုရားကျောင်းကန်များမှာ ဥပုသ်သီလစောင့်ခြင်းဓလေ့၊ လူကြီးသူမတွေကို ခေါင်းလျှော်ပေးခြင်းခြေသည်းလက်သည်းညှပ်ပေးခြင်း၊ သတ္တ၀ါတွေကို ဘေးမဲ့ပေးခြင်းဓလေ့ တွေနဲ့ပေါင်းစပ်ပေးခဲ့ပါတယ်။
မြန်မာ့သင်္ကြန်ဟာ ယဉ်ကျေးမှုများ ပေါင်းစုံခြင်းရဲ့ အမှတ်သညာတစ်ခုပါ။
နိုင်ငံတကာရဲ့ အာရုံကို စွဲဆောင်နိုင်တဲ့ ပွဲတော်ဆိုလဲမမှားပါဘူး။
ဒီလိုထူးခြားမှုတွေ အနှစ်သာရတွေနဲ့ ထုံမွှမ်းနေတဲ့ အချိန်အခါမှာ
မြန်မာတွေ မေတ္တာတရား များပွားနိုင်ကြပြီး
လူလူခြင်း နိုင်ထက်စီးနင်းပြုခြင်း ဘေးအန္တရာယ်မှ နောင်နှစ်များမှာ ကင်းဝေးနိုင်ကြပါစေ သတ္တ၀ါအပေါင်း ကျန်းမာကြပါစေ ချမ်းသာကြပါစေ ဘေးကင်းရန်ကွာကြပါစေ
ရန်သူမျိုးငါးပါး အထူးသဖြင့် မင်းဆိုးမင်းညစ်ရဲ့ရန်မှ ကင်းဝေးကြပါစေ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ နှစ်သစ်မှာ ဆန္ဒပြုလိုက်ပါတယ်။
(from forwarded mail)
Saturday, April 10, 2010
အိပ်မက်ထဲမှာပဲလွမ်းတော့မယ်
ရေးသူ- လူထုစိန်ဝင်း
အဝေးရောက်နေတုန်းက လွမ်းအိပ်မက်တွေ အများကြီးမက်ခဲ့ရတယ်။
ကိုယ့်အိုး၊ ကိုယ့်အိမ်၊ ကိုယ့်ရပ်ရွာနဲ့ ဝေးရာဒေသကို ရောက်နေရသူတိုင်း ကိုယ်ငယ်ငယ်က
နှစ်သိမ့် ကြည်နူးရတဲ့ လွမ်းစရာလေးတွေကို
တမ်းတမ်းတတဖြစ်ပြီး လွမ်းမောတသ နေခဲ့ကြရတာ သဘာဝပဲ မဟုတ်လား။
နှစ်ရှည်လများ အကြာကြီးနေခဲ့ရသူများ အဖို့တော့ ဆယ့်နှစ်လ ရာသီစလုံး လတွေ ရက်တွေကို လက်ချိုးရေတွက်ပြီး လွမ်းနေ တမ်းတ နေကြတာချည်းပါ။ ရာသီစက်ဝန်းက ချားရဟတ်လို လည်ပတ်နေရတာနဲ့အတူ ကိုယ်ပါမိန်းမောပြီး လွမ်းအိပ်မက်တွေ မက်လို့ မဆုံးပေါ့။
သင်္ကြန်ရောက်တော့လည်း အော်-သင်္ကြန်တကြိမ် ရောက်ခဲ့ပြန်ပြီကိုး ဆိုပြီး "တူးပို့.......တူးပို့" အသံလေးတွေ နားထဲမှာ ကြားယောင်လာခဲ့ရ ပြန်ပါတယ်။ သီတင်းကျွတ်၊ တန်ဆောင်မုန်း ရောက်ပြန်တော့လည်း "တန်ဆောင်မုန်းမှာ မောင်ဖုန်းမလာတော့" ဆိုတဲ့
သီချင်းလေး ညည်းမိကြ ပြန်တာပါပဲ။
လွမ်းအိပ်မက်တွေထဲမှာ အလွမ်းတကာ့ အလွမ်းဆုံးကတော့ သင်္ကြန်နဲ့ တန်ဆောင်တိုင်.........။
ငယ်ငယ်က သင်္ကြန် ညတညမှာပေါ့။
ဈေးချိုနားက "ရေနန်းသူဇာ" ဆိုတဲ့ မဏ္ဍပ်ကလေးရှေ့မှာ ထိုးရပ်ထားတဲ့ ဂျစ်ကားပေါ်က လူငယ်လေးတစု။ သန်းခေါင်ကျော် တချက်တီးလောက် ဖြစ်ပေမယ့်လို့ မဏ္ဍပ်ပတ်လည်မှာ လူအုပ်ကြီးက ဝိုင်းလို့။ စင်ပေါ်က အဝါရောင် တူညီဝတ်စုံနဲ့ မိန်းမပျိုလေး တွေကလည်း "ရေနန်းသူဇာ"သီချင်းနဲ့ ကနေလိုက်ကြတာ လှပါပေ့။ ယဉ်ပါပေ့။ ဂျစ်ကား ပေါ်က လူငယ်တသိုက်ကလည်း ရေနန်းသူဇာတွေနဲ့အတူ ဆိုင်းချက်အတိုင်း လိုက်ကနေ ကြတာများ ကွေးလို့။ သီချင်းတပုဒ်ဆုံးသွားတော့လည်း "ကပါဦးဗျို့" ဆိုတဲ့ ပရိသတ်ကြီးရဲ့ အားပေးသံနဲ့အတူ နောက်တကျော့။ နောက်တကျော့.........။
မဆုံးနိုင်တဲ့ နောက်တကျော့တွေလေ။
ဒီလိုနဲ့ပဲ သင်္ကြန်ဇာတ်လမ်းလေးတွေ ဖြစ်တည်လာခဲ့ကြတာ ထင်ပါရဲ့။
"ဆီမီးရောင်ရှိန် ထိန်ထိန်လင်းတဲ့ သီတင်းကျွတ်တော့မည်။ သီတင်းကျွတ်တော့မည်" နောက်ထပ် လွမ်းအိပ်မက်ထဲမှာတော့ ပွဲသဘင်တွေ ချိမ့်ချိမ့်သဲနေတဲ့ ရွှေမန္တလေး ညတည။
စက်ဘီးကိုယ်စီနဲ့ လူငယ်တသိုက် ပါးစပ်က တဟူးဟူးနဲ့ အငွေ့တွေ ထွက်အောင် ချမ်းလှတဲ့ အချမ်းကို အံတုပြီး စက်ဘီးကို ခပ်သွက်သွက် နင်းလာခဲ့ကြတယ်။ သွက်သွက် နင်းခဲ့ကြပေမယ့် ခရီးကမတွင်လှဘူး။ လမ်းတိုင်း လမ်းတိုင်းမှာ ရှိနေတဲ့ ဇာတ်စင်တွေ၊ အငြိမ့်ပွဲတွေကို ရှောင်ပြီး ဟိုကွေ့ ဒီချိုးနဲ့ သွားကြရတာကိုး။ ဘုရားသုံးဆူပွဲကနေ ၄၅ တာကို ရောက်အောင် ၁ နာရီလောက်ကြာအောင် နင်းခဲ့ကြရတယ်လေ။ လမ်းမှာ အောင်ကျော်ညွန့် ဇာတ်ပွဲတို့ ညိုညိုဆန်း အငြိမ့်တို့ကိုလည်း ခဏလေးဝင်ပြီး ငေးခဲ့ကြသေးတာကိုး။ အမာက နောက်ထွက်မင်းသမီး ဆိုတော့ သူတို့ အလောတကြီး နင်းဖို့ မလိုဘူးပေါ့။
၄၅ တာကို ရောက်တော့ ရှေ့ထွက်မင်းသမီးက က, ကောင်းတုန်း။ အဲဒါကြောင့် ပွဲဈေးတန်းက "ဝါဝါဝင်း" အကြော်ဆိုင်မှာ ဝင်ထိုင်ကြတယ်။ ရေမုန့်နဲ့ အကြော်စုံမှာပြီး နံနံပင်တွေ တထွေကြီးနဲ့ စားရတဲ့ အရသာကို အိပ်မက်ထဲမှာတောင် သွားရေကျမိတယ်။ ရေမုန့်တခု ၁၅ ပြား၊ အကြော်စုံတပွဲ ပြား ၅ဝ နဲ့ စားလိုက်ကြတာ ဘယ်နှစ်ခု ဘယ်နှစ်ပွဲ ကုန်သွားသလဲ မသိဘူး။ ၆ ကျပ်တောင် ရှင်းလိုက်ရတယ်။ တဖူးဖူးနဲ့ မှုတ်သောက်ရတဲ့ ခပ်ပေါပေါ ရွက်ကြမ်းလက်ဖက်ခြောက် ခပ်ထားတဲ့ အဖန်အိုးဆိုတာ ပြောမနေနဲ့တော့ တအိုးပြီးတအိုး ထည့်မလောက်ပဲ။
ပွဲက,နေပြီ ဖြစ်ပေမယ့် ပွဲဈေးတန်းက စည်ကောင်းတုန်းပဲ။ အမာစိန် မထွက်မချင်းတော့ အကြော်ဆိုင်တွေမှာပဲ ထိုင်နေကြမှာပေါ့။ အကြော်ဆိုင်ထိုင်ရင်း၊ သင်္ကြန်တုန်းက မျက်လုံးချင်း ဆုံခဲ့ကြတဲ့ ရေနန်းသူဇာက မွေ့ယာတန်းသူလေးနဲ့ ပြန်တွေ့ချင်လည်း တွေ့မှာပဲလေ။ ရွှေဆိုင်တန်းက အသိုက်ကလည်း ရှမ်းပွဲမှာ နေတာဆိုတော့ ရောက်ချင်ရောက်လာမှာ။ ဘယ်သူနဲ့ တွေ့တွေ့ မျက်နှာလုပ်ဖို့ "ခဲလန်ချောင်း" နှစ်ချောင်း သုံးချောင်းတော့ ဝယ်ဦးမှ။
ရှေ့ထွက်မင်းသမီးကလည်း ဝင်ခဲလိုက်တာနော်။ အမာ့ကို ကြည့်ချင်လှပြီ။ ဟောဟိုနားမှာ မုန့်ပေါင်းသည်ပါလား။ မုန့်ပေါင်းနဲ့ ဘယာကျော်လေး စားကြဦးစို့ရဲ့။ အမာမှ မထွက်သေးတာ။ ဗိုက်တင်းအောင် ဖြည့်ထားကြမှ ကောင်းမယ်။ အမာထွက်လာရင် သီချင်းတွေ လိုက်အော် ဆိုရတာနဲ့ မောနေကြမှာ။ မျှော်ရတာ မောလှပါလား အမာရယ်။ တက္က သိုလ်ဝင်း တယောက် ခုလောက်ဆို အငြိမ့်စင်နောက်မှာ ရောက်နေရော့ပေါ့။ သူ့နားသွားလိုက် ကြရင် ကောင်းလေမလား။ နေပါစေတော့လေ။ အနှောက်အယှက် မပေးတော့ပါဘူး။ အမာ ထွက်မှပဲ ကြည့်နေကျ အငြိမ့်စင်ထောင့် သွားပါတော့မယ်။
အိပ်ပျော်နေတဲ့ သူ့ရဲ့ မျက်လုံးထဲက မျက်ရည်လေးတစက် ပါးပြင်ပေါ်ကို လိမ့်ဆင်း လာတယ်။
"မြိုင်မြိုင် ဆိုင်ဆိုင်၊ မြိုင်မြိုင် ဆိုင်ဆိုင် လတန်ဆောင်တိုင်"
နောက်တကြိမ် လွမ်းအိပ်မက် မက်တော့ စစ်ကိုင်းတောင်ရိုးက "ပုညရှင်" ရင်ပြင် ပေါ်မှာလေ။
ရင်ပြင်ပေါ် ရောက်အောင် မနည်းကြီး တိုးဝှေ့လာခဲ့ကြရတာ။ လေတဟူးဟူးနဲ့ ဆောင်းတွင်းကြီးတောင် ချွေးတွေရွှဲ နစ်နေတာပါပဲ။ ရင်ပြင်က ခပ်ကျဉ်းကျဉ်းမှာ လူတွေက ကြိတ်ကြိတ်တိုးနေတာပဲ။ မြို့မက ရောက်နှင့် နေပြီကိုး။ သူတို့အဖွဲ့က အဖိတ်နေ့ မနက် အစောကြီး ကတည်းက ရွှေဆိုင်တန်း ကထိန်အဖွဲ့ သင်္ဘောနဲ့ လိုက်ခဲ့ကြတာဆိုတော့ ခပ်စောစော တီးမှုတ်ကခုန် နေကြပြီပေါ့။ ရွှေမန်းဆောင်သူတွေကို စောင့်ရတာနဲ့ ညနေစောင်းမှ စစ်ကိုင်းဖက် ကူးဖြစ်ကြတာဆိုတော့ ရှင်ဖြူရှင်လှနားက ချောင်မှာ နေရာ ချထား။ ရေဦးတိုက်သစ်ထဲက စတုဒီသာမှာ ထမင်းဝင်စားပြီးမှ တက်ခဲ့ကြတာဆိုတော့ မိုးချုပ်စ ပြုနေပြီလေ။ မိန်းကလေးတွေနဲ့ သွားရတာ မဟန်ပါဘူး။ အမြဲတမ်း စောင့်နေရတာ ချည့်ပဲ။
ချောင်ကနေ ထွက်လာပြန်တော့လည်း ဖြောင့်ဖြောင့်တန်းတန်း လိုက်ခဲ့ကြတာ မဟုတ်ဘူး။ လမ်းတလျှောက် ချောင်တွေရှေ့မှာ စတုဒီသာ ချကျွေးထားတဲ့ ဇီးဖြူသီးစိမ်နဲ့ ငပိကျော်ကို ရပ်ပြီး စားလို့စား။ ဖျော်ရည်လုသောက်လို သောက်နဲ့၊ စိတ်ညစ်စရာကြီး။ ဒါပေမယ့် စိတ်ညစ်စရာကြီးက ပျော်ဖို့တော့ အကောင်းသား။
အိပ်ပျော်နေတဲ့ သူ့ရဲ့ မျက်လုံးထဲက မျက်ရည်လေးတစက် ပါးပြင်ပေါ်ကို လိမ့်ဆင်းလာ တယ်။
"ပုညရှင်"နဲ့ မလှမ်းမကမ်း ကတည်းက မြို့မအဆိုကျော် ကိုသန်းမောင်ရဲ့ အသံကို ကြားနေရတယ်။ အကော်ဒီယံ တီးနေတာက ဘယ်သူပါလိမ့်။ အမယ် ရွှေဆိုင်တန်းအသိုက်က ဒီမှာလာပြီး ကနေကြတာကိုး။ မြို့မနဲ့ ရွှေဆိုင်တန်း၊ ရွှေဆိုင်တန်းနဲ့မြို့မ။ ဒီမောင်နှမတွေက ခွဲလို့ရတာမှ မဟုတ်တာကလား။ ရွှေမန်းဆောင်သူတွေကို ဝင်ကပါလားလို့ ဇွတ် အတင်းတွန်း လွှတ်ပေမယ့်၊ က, ချင်ရက်နဲ့ ဟန်လုပ်နေကြတယ်လေ။
တက္ကသီလာ မြကျွန်းသာသူတွေ ဆိုတော့လည်း ဟန်က အများသား။
ရွှေမန်းဆောင်သူ အသိုက်ထဲမှာ ဟယ်လင်ရှိန်းကိုမြင်တော့ မြီု့မအစ်ကိုတွေက ဇွတ်ဆွဲ ခေါ်ကြတာနဲ့ တက္ကသိုလ်နန်းသီချင်းကို ဝင်ဆိုလိုက်တော့၊ ဟန်လုပ်နေတဲ့ အဆောင်သူတွေ ရွှေဆိုင်တန်းသူတွေနဲ့ ရောပြီး ဝင်ကကြလေတော့တယ်။
မကချင်လို့သာ တော်တော့တယ်။ ည ၁၁ နာရီ ထိုးတာတောင် က, လို့မဝ ကြသေးဘူး လေ။ ချောင်လည်ချောင်ပတ် မလုပ်ရသေးလို့ အတင်းဆွဲခေါ်မှ မလိုက်ချင်လိုက်ချင်နဲ့ လိုက်လာခဲ့ကြပေတယ်။ သစ်သီးတန်းက အစ်မကြီးတွေက ကြာဇံဟင်းနဲ့ မယ်ဇလီဖူးသုပ် လာစားဖို့ ခေါ်ထားတာ သွားကြရဦးမယ်လေ။ ရေဦးတိုက်သစ်က ကျွေးလိုက်တဲ့ ညနေစာက အစာကျေကုန်ပြီမို့ ဆာလည်း ဆာကြပြီ မဟုတ်လား။
လမ်းတလျှောက်မှာ လက်နှိပ်ဓါတ်မီး တဝင်းဝင်းနဲ့ ပန့်သကူပစ်ထားတာ လိုက်ရှာနေတဲ့ လူတွေလည်း နည်းတာမဟုတ်ဘူး။ ငါးကျပ်တန်ရတဲ့ သူနဲ့ တဆယ်တန်ရတဲ့သူနဲ့။ သန်းခေါင်မတိုင်မီ ကထိန်မရသေးတဲ့ကျောင်းမှာ မိုးကျ ကထိန်ခင်းဖို့ အောက်လင်းဓာတ်မီးကြီး တွေ ဆွဲပြီး တချောင်ဝင် တချောင်ထွက် လိုက်မေးနေကြတဲ့ အုပ်စုတွေလည်း အများကြီးတွေ့ရ တယ်။ ရိုးသားဖြူစင်တဲ့ အလှူရှင်တွေမို့ ကြည်ညိုစိတ်တွေ ဖြစ်ရသေးတယ်။
သီချင်းတွေ ဆိုလိုက်ကြ။ တဖွဲ့နဲ့တဖွဲ့ နှုတ်ဆက်လိုက်ကြ၊ လမ်းမှာ တန်းလျားခုံတွေပေါ် လင်ပန်းတွေ ဇလုံတွေနဲ့ ထည့်ပြီးကျွေးကြတဲ့ မုန့်ပဲသရေစာတွေ၊ လက်ဖက်သုပ် ဂျင်းသုပ် ဆိုတာတွေလည်း တွေ့သမျှ တခုမှ အလွတ်မပေးပဲ ပလုပ်ပလောင်း ဝင်လွေးကြတာ ပျော်စရာကြီး။
အိပ်ပျော်နေတဲ့ သူ့ရဲ့ မျက်လုံးထဲက မျက်ရည်လေးတစက် ပါးပြင်ပေါ်ကို လိမ့်ဆင်းလာ တယ်။
အင်း...... ဘာလိုလိုနဲ့ ရွှေမန္တလေးကို ပြန်မရောက်ဖြစ်တာ နှစ်ပေါင်း နှစ်ဆယ်တောင် ရှိသွားပြီ။ အဝေးက ပြန်ရောက်စ တခေါက် အမေ့အိမ် ပြန်ဖြစ်ပြီးတဲ့နောက် မရောက်တော့ဘူး။ ကိုယ်တခြမ်းသေနေတဲ့ ဒုက္ခိတ ဖြစ်နေတာကိုး။
ဘာဖြစ်ဖြစ် ရောက်အောင် သွားမယ်ဆိုပြီး မနှစ်က ဇန်နဝါရီမှာ လေးချောင်းထောက် အားကိုးနဲ့ မာန်တင်းပြီး အရောက်သွားခဲ့တယ်။
အိပ်မက်နဲ့ လွမ်းခဲ့ရတဲ့ မန္တလေး။ အဝေးက လွမ်းခဲ့ရတဲ့ မန္တလေး။ အမေ့အိမ် ရှိတဲ့မန္တလေး။ ကိုယ်ချစ်တဲ့မန္တလေးလေ။
ပွဲဈေးတန်းသွားပြီး ရေမုန့်နဲ့ ပဲစိမ်းကြော်အလုံးလေးတွေကို နံနံပင် တထွေးကြီးနဲ့ အားရပါးရ စားလိုက်မယ်ပေါ့။ မုန့်ပေါင်းနဲ့ ဘယာကြော် အဝစားလိုက်မယ်ပေါ့။ အလည်ပေါက်က မြီးရှည် ထမင်းလွတ် စားလိုက်မယ်ပေါ့။ မနက်စောစော ဗန်းနဲ့ရွက်ပြီး ရောင်းတဲ့ ပုဏ္ဏားမအကြော်သည်ဆီက၊ ပုဇွန်စာရွက်ကြော်နဲ့ လက်သန်းလောက် အချောင်း ကလေးတွေနဲ့ ကြော်ထားတဲ့ ဘူးသီးကြော်ကို မုန့်ပြားသလက် အဖြူနဲ့ စားလိုက်မယ်ပေါ့။
ညမှောင်ရီဝိုးဝါးမှာ အဲမန်း (Air Mandalay) က ဆင်းလိုက်တာနဲ့ ကိုယ်ပြန်လာပြီ မန္တလေးရေ..... လို့ စိတ်ထဲက ရေရွတ်လိုက်တယ်။ ပုပ်ရဟန်းမင်းကြီး သူ့ ဇာတိ ပိုလန်နိုင်ငံကို ပထမအကြိမ်ပြန်ရောက်တော့ လေယဉ်ပေါ်က ဆင်းလို့ မြေကြီးပေါ် ခြေချမိတာနဲ့၊ မြေကြီးကို နဖူးနဲ့ ငုံ့ပြီး ထိခဲ့တာကို အမှတ်ရလိုက်မိသေးတယ်။
ချမ်းမြသာစည်လေဆိပ်က အရင်လိုမဟုတ်တော့ဘူး။ အဆောက်အဦးသစ်ကြီး ဖြစ်နေပြီ။ ထွန်းလှဟိုတယ် ဆိုင်လေးနေရာရောက်လို့ လှည့်ကြည့်လိုက်တော့ မရှိတော့ဘူး။ သင်္ခါရကိုး။ ဦးလေးဦးထွန်းလှတောင်မှ မရှိတော့တာပဲ။ လေဆိပ် အဆောက်အဦ ထဲက ထွက်လာတော့ မြောင်းကူးတံတားလေးကို တွေ့ရတယ်။ အံ့သြလိုက်တာ။ ဒီတံတားလေး ကတော့ ဘာမှ မပြောင်းလဲဘူး။ အရင်တုန်းက ပုံစံအတိုင်းပဲ။ အိပ်မက်ထဲက အတိုင်းပဲ။ လွမ်းခဲ့ရတဲ့ အတိုင်းပဲ။ ဟိုးရှေ့တုန်းကလည်း ဆေးဖြူလေးသုတ်လို့။ စက္ကူပန်းပင်တွေ အုပ်ဆိုင်းလို့။
ဒါပေမယ့် လေဆိပ်ဝင်း အပြင်ရောက်ပြီး ကားထွက်လိုက်တာနဲ့ တအံ့တသြ ဖြစ်ရတော့တယ်။ ဒါတွေက ဘာတွေလဲ ဆိုတော့ ကျွဲဆည်ကန်တဲ့။ ဆင်ဖြူကန်ရော လို့ဆိုတော့ မရှိတော့ဘူးတဲ့။ ဆင်ဖြူကန်နေရာဟောင်းကို ရောက်တာနဲ့ အလိုလိုနေရင်း ခေါင်းက အရှေ့ဖက်ကို လှည့်သွားတယ်။ မန်းတက္ကသိုလ် ပင်မဆောင်ကြီးကို လှမ်းကြည့် မိတယ်။ ဘာမှ မတွေ့ရဘူး။ မန္တလေးတက္ကသိုလ် ဘယ်နေရာမှာလဲမေးတော့ ဟိုမှာလေလို့ ဆိုပြီး တောင်မြောက်တန်းနေတဲ့ အဆောက်အဦသစ်ကြီးတခုကို လက်ညှိုးထိုးပြကြတယ်။ အော်.......နှစ်တွေ ဒီလောက်ကြာမှတော့ ပြောင်းလဲကုန်ပြီပေါ့လို့ သတိထား လိုက်ရတယ်။
ဆင်ဖြူကန်မှာ အဘ(အဖိုး) ရှိတယ်။ ဒါကြောင့် စိတ်နဲ့ပဲ မှန်းပြီး ကန်တော့လိုက် ရတယ်။ တရုတ်ကားတွေထဲကလို ဘိုးဘွားတွေကို 'တာဝန်မကျေဘူး။ ကျွန်တော် သေသင့် ပါတယ် အဘရယ်' လို့ စိတ်ထဲက ပြောလိုက်မိတယ်။
မန္တလေးမှာ ၉ ရက်ကြာခဲ့တယ်။ ကိုယ့်အိမ်ကိုယ့်ရာ ပြန်လာတဲ့ လူတယောက်နဲ့ လုံးလုံးမှ မတူဘူး။ မရောက်ဖူးတဲ့နေရာ တနေရာကို ရောက်သွားရတဲ့ လူစိမ်းတယောက်လို ခံစားနေရတယ်။ ဘယ်ကိုသွားသွား ဒါ ဘယ်ရောက်နေတာဘဲ။ ဘာရပ်ကွက်လဲလို့ မေးရတာချည်းပဲ။ အဆောက်အဦကြီးတွေဆိုတာများ ဟိန်းနေတာပဲ။ ဈေးချိုတော်ကြီးဆို တာလဲ ကားနဲ့ပတ်ကြည့်ရင်း "အားပါးပါးကြီးမှကြီး" လို့ မော်လမြိုင်လေ သံနဲ့ ရေရွတ် လိုက်မိသေးတယ်။ အလယ်ပေါက်က မြီးရှည်ဆိုင်လေးကို ဘယ်မှာ ရှာရပါလိမ့်။ မြို့သစ်ဆိုတာ ရောက်တော့လည်း စံအိမ်တော်ကြီးတွေ တထီးတနန်းပါပဲ။ အုတ်နံရံ မြင့်မြင့်ကြီးတွေနဲ့ စံအိမ်တော်ကြီးတွေ ကြည့်ပြီး ရှေးကရှံဟဲ မြို့တော်က မိသားစု မျိုးဆက်တွေ လေးငါးခြောက် ဆက် စုနေကြတဲ့ အိမ်တော်ကြီးတွေကို ပြေးမြင်လိုက်မိတယ်။
ဘိုးစဉ်ဘောင်ဆက် သုံးလေးဆက်မက ရွှေရောင်းလာခဲ့ကြတဲ့ ရွှေဆိုင်တန်းက အမျိုးတွေ သွားတွေ့တော့လည်း ဆိုင်မထွက်ကြတော့ဘူး။ ပင်စင်ယူလိုက်ကြပြီတဲ့လေ။ ဇရာနဲ့ မန္တလေးသစ်နဲ့ ဘယ်မှာ လိုက်ဖက်တော့မှာလဲ။ မန္တလေးသစ်။ တိုက်တွေအသစ်။ လူတွေအသစ်။
အားလုံးသစ်တဲ့ မန္တလေးသစ်။
မသစ်တာဆိုလို့ အမေ့အိမ်လေးတအိမ်ပဲ ရှိတယ်ထင်ရဲ့။ ရှေးက နှစ်ထပ်တိုက်ကလေး အတိုင်းပဲ ဘာမှအပြောင်းအလဲ မရှိဘူး။ ဧည့်ခန်းလဲ ရှေးကအတိုင်း။ ထမင်းစားခန်းလဲ ရှေးကအတိုင်း။ အိမ်ထဲ အထားအသို အားလုံး ဘာမှမပြောင်းလဲဘူး။ ရှေးကထားမြဲအတိုင်းပဲ။ တော်ပါသေးရဲ့ ကိုယ်ရင်းနှီးကျွမ်းဝင်နေတဲ့ နေရာလေးတခု ရှိနေသေးပေလို့။
နို့မို့ရင်တော့ ကိုယ့်မြို့ကိုယ့်ရွာမှာ တစိမ်းတယောက်လို ဖြစ်နေရတယ်။ ကိုယ်ကလဲ ဘယ်သူ့မှ မသိဘူး။ ကိုယ့်ကိုလဲ ဘယ်သူကမှ မသိကြဘူး။ ဘုရားကြီးထဲမှာ လူတွေဆိုတာ ကြိတ်ကြိတ်တိုးနေတာပဲ။ ဒါပေမယ့် ကိုယ့်ကို နှုတ်ဆက်မယ့် သူတယောက်မှ မရှိဘူး။ ရှေးကများ ဘုရားကြီးသွားရင် ဟိုဘကြီးနဲ့ တွေ့လိုက် ဒီကြီးတော်နဲ့ တွေ့လိုက်။ ဟိုမိတ်ဆွေနဲ့ တွေ့ စကားပြောလိုက်နဲ့ ဘုရားကြီးရှေ့အတော်နဲ့ မရောက်နိုင်ဘူး။ ကိုယ်က ဘောလုံးလဲကန်ခဲ့ ဖူးတာဆိုတော့ ဘုရားကြီးရောက်လို့ကတော့ ဦးဇင်းတွေက သူတို့ ကျောင်းခေါ်ခေါ် သွားပြီး ကျွေးတာမွေးတာ စားရတာနဲ့ တနေကုန် ခဲ့တာချည်းပဲ။
ခုတော့လည်း တစိမ်းတွေလိုပါလား မန္တလေးရယ်လို့ ရင်နာနာနဲ့ ရေရွတ်မိတယ်။ ကိုယ်ကမန္တလေးကို မသိသလို မန္တလေးကလည်း ကိုယ့်ကို မသိတော့ဘူးလေ။
ဝမ်းနည်း ကြေကွဲမိပါရဲ့။
ရန်ကုန်မပြန်ခင် ပွဲဈေးတန်းလေးတော့ လျှောက်ချင်ပါရဲ့လို့ ပြောတော့ ဧည့်ဝတ်ကျေမြဲ မန္တလေးသားတွေက ကားတစင်းနဲ့ လိုက်ပို့ ကြတယ်။ ပွဲလိုက်ရှာကြတယ်လို့ ပြောမှ မှန်ပေလိမ့်မယ်။ ရှေးက ဒီလို ဘုရားပွဲ ရာသီမျိုးမှာဆို ဘယ်လမ်းသွားသွား ပွဲခင်းတွေ ခလုတ်တိုက် မတတ်ပေါ့။ ခုတော့ အငြိမ့်မြို့တော်၊ ဇာတ်မြို့တော်၊ သုခုမမြို့တော်ကြီး မှာ ပွဲရှာရတာ တလည်လည်နဲ့။
အမာရေ ရွှေမန္တလေးကို ပြန်ကြည့်ပါဦး။
ဟိုမေးဒီမေးနဲ့ နောက်ဆုံးတော့ ဘုရားကြီးတောင်ဖက် မြို့ဟောင်း နားက ဦးပွါးဘုရား မှာ ပွဲရှိတယ်ဆိုလို့ ရောက်ခဲ့ကြတယ်။ မှိတ်တုတ် မှိတ်တုတ် မီးရောင်လေးတွေကြားမှာ ဇာတ်ပွဲတခုကို တွေ့ရတယ်။ ပွဲကြည့်ချင်တာ မဟုတ်ဘဲ ပွဲဈေးတန်း ထိုင်ချင်တာမို့ ပွဲဈေးတန်းကို ရှာကြည့်တယ်။ ဟင်- ဘယ်မှာလဲ ပွဲဈေးတန်း၊ ဘယ်မှာလဲ အကြော်ဆိုင်တွေ။ ဘယ်မှာလဲ လက်ဖက်ရည်ဆိုင်တွေ။
မီးလေး မှိတ်တုတ်မှိတ်တုတ်နဲ့ ကွမ်းယာဆိုင်လေးတွေနဲ့ အံစာဝိုင်း၊ ဖဲသုံးချပ်ဝိုင်း၊ မြေကပ်ထီဝိုင်းလေး၊ လေးငါးဝိုင်းကလွဲလို့ ဘာမှလဲမရှိပါလား၊ ဘယ်မှာမှ ထိုင်စရာမရှိလို့ မတ်တပ်ရပ်ရင်း ဇာတ်ခုံပေါ်မှာ လှမ်းကြည့် လိုက်တော့လည်း မီးမှိန်မှိန် အောက်မှာ နတ်ကတော်တွေ ယိမ်းကနေကြလေရဲ့။ ကားလိပ်က ခပ်မွဲမွဲ၊ နဖူးစည်းက ခပ်မှိန်မှိန်ဆိုတော့ ဘယ်သူ့ ဇာတ်မှန်းတောင် မသိခဲ့ရဘူး။
ရွှေနန်းတင်တို့၊ ငြိမ်းချမ်းရေးညွန့်တင်တို့၊ မြို့တော်သိန်းအောင်တို့ကို ပြေးပြီး သတိရ လိုက်မိတယ်။
အော်...... ခေတ်တွေ ပြောင်းကုန်ပြီကိုး။
စိတ်ပျက်ပျက်နဲ့ ပြန်ခဲ့ကြတော့ ဘုရားကြီး အနောက်မုခ်မှာ အငြိမ့်တခု တွေ့တာနဲ့ ဝင်ခဲ့ကြပြန်တယ်။ အငြိမ့်စင်နားလည်း ရောက်ရော အငြိမ့်ခုံကို မှောင်ချပြီး၊ ဘောင်းဘီအမည်း အင်္ကျီအမည်းနဲ့ လူငယ်တယောက် ဂစ်တာကြီးလွယ်လို့ ခုန်ဆွခုန်ဆွ အော်ဟစ်နေတာ တွေ့ရတယ်။ နားကွဲ မတတ်ဆူညံနေတဲ့ အသံချဲ့စက်ကြောင့် ဘာတွေ ဆိုနေမှန်း မသိရဘူး။ သီချင်းဆိုနေတာတော့ သေချာတယ်။ ဒါပေမယ့် သီချင်းဆိုတာနဲ့ မတူဘူး။ ကော်ရင်ဂျီကုလား ကဇော်မူးပြီး ရပ်ကွက်ကို ရန်ထောင်နေတာနဲ့ ပိုတူ တယ်။
အော်...... အိပ်မက်ထဲမှာ လွမ်းရတဲ့ ရွှေမန္တလေး။
ဘယ်မှာလဲ အိပ်မက်ထဲမှာ လွမ်းရတဲ့ ပွဲဈေးတန်း။
ဘယ်မှာလဲ အိပ်မက်ထဲမှာ လွမ်းရတဲ့ ရေမုန့်နဲ့ အကြော်စုံနဲ့ နံနံပင်တထွေးကြီး။
သိုးဆောင်းစာလေးတပုဒ်ပြေးပြီး အမှတ်ရလိုက်မိတယ်။
'Dreams are better than reality' တဲ့လေ။
အိပ်မက်တွေက တကယ့် ဘဝထက် ပိုကောင်းကြတယ် ဆိုပါတော့။
ပြန်တော့မယ်။
အိပ်မက်တွေနဲ့ပဲ လွမ်းနေပါတော့မယ် မန္တလေးရယ်။
လူထုစိန်ဝင်း
နိုဝင်ဘာလ ၁၅။ ၂ဝဝဝပြည့်နှစ်။
2001 August 15 မာယာမဂ္ဂဇင်းမှ ကူးယူဖော်ပြပါတယ်။
Friday, April 9, 2010
The Buddha's Teaching
The teachings of the Buddha are preserved in the Pāli Canon, an extensive, detailed, systematic and analytical record. Twenty-five centuries ago Pāli was the lingua franca of northern India, the dialect in which the Buddha taught. Just as Sanskrit is the canonical language of Hinduism and Latin the canonical language of Catholicism, Pāli is the classical language in which the teachings of the Buddha have been preserved. The Pāli sources are the Tipiṭaka (the Pali Canon); the sub-commentaries, called the Aṭṭhakathā, Tikā and others such as Anu-tikā, Madhu-tikā, etc.
The Pāli Canon descends from an august tradition. Within three months after the Buddha's maha-parinibbāna, a council was convened. It consisted of 500 learned disciples who had attained the highest state of sainthood, arahant-phala. To prevent the Buddha's words from being distorted by ignorant and unscrupulous people, they formed the First Council to preserve the teaching in its pristine purity. Their express purpose was to collect and arrange the Buddha's voluminous teachings, which they organized into what is now commonly known as the Tipiṭaka.  Photo shows the white slabs with the entire Tipitaka carved into stone, Mandalay, Myanmar (Burma).
The Tipiṭaka is a vast record, containing in modern script more than 24 million characters in over forty printed volumes. The Tipiṭaka (which means, literally, "three baskets") is arranged in three divisions: Vinaya Piṭaka, Sutta Piṭaka, and Abhidhamma Piṭaka.
Vinaya Piṭaka contains the rules of conduct for the monastic order.
Sutta Piṭaka is a collection of discourses on various subjects by the Buddha.
Abhidhamma Piṭaka is a compendium of profound teachings elucidating the functioning and interrelationships of mind, mental factors, matter and phenomena transcending all of these.
The Pāli literature also includes the Aṭṭhakathā (commentaries), Tikā (subcommentaries), and further subcommentaries such as the Anu-Tikā, Madhu-Tikā, etc. The commentarial literature is very extensive, exceeding the Tipiṭaka in length.
Preservation of the Words of the Buddha through the Ages
Between the centuries following the first Council and the present day, continuous and consistent efforts have been made to preserve the Buddha's teaching. Periodic councils of learned monks have been convened to systematically review the Tipiṭaka.  The first councils conducted oral reviews. The entire collection was committed to writing for the first time during the Fourth Council, held in Sri Lanka three decades before the Christian Era.
The most recent review, the Sixth Council, or Chaṭṭha Saṅgāyana, was held in 1954 in Rangoon, Burma. Twenty-five hundred learned bhikkhus and scholars from Burma, Sri Lanka, Thailand, Laos, Cambodia, India and other countries participated. By this time the Tipiṭaka and allied literature had been published in several scripts (including Burmese, Sinhalese, Roman, Thai, and Cambodian). The Pali Text Society of London, the Buddhist Publication Society of Sri Lanka and many scholars of high repute and dedication in the West and in the East had produced publications containing Buddha's teaching, making a profound contribution to the worldwide awakening to the existence of this rich treasure.
The Chaṭṭha Saṅgāyana made a through review of the Tipiṭaka, its Aṭṭhakathā, Tikā, Anu-Tikā and other commentarial literature. A remarkable uniformity and consistency was found in all versions. The Council performed an impressive task, finishing its work on the full moon day of May 1956 (the 2,500th anniversary of the birth of the Buddha) with the completion of an authentic version of the Buddha's teaching.
From this brief historical outline, it is evident that a consistent effort, spanning more than twenty-four centuries, has been made to preserve the original words of the Buddha, a continuity of effort unparalleled in human history.
(from pariyatti.org)
Thursday, April 8, 2010
လူတော်ဖြစ်လိုသော်
ဗုဒ္ဓဘာသာစာပေလာအရ လူတော်တစ်ယောက်ဖြစ်ချင်လို့ရင်
၁။ ဓမ္မညူ - ပြဿနာ အကြောင်းအရာ တစ်စုံတစ်ခုရဲ့ ဇစ်မြစ် အကြောင်းကို သိရပါမယ်။
၂။ အတ္ထညူ - ပြဿနာ အကြောင်းအရာရဲ့ နောက်ဆက်တွဲ အကျိုးတရားကို သိရပါမယ်။
၃။ အတ္တညူ - ကိုယ့်ကိုယ်ကို ဘာကောင်လဲဆိုတာကိုလဲ သိဘို့လိုပါတယ်။
၎။ မတ္တညူ - ကိုယ့်လုပ်နိုင်တဲ့ စွမ်းနိုင်တဲ့ ပမာဏကိုလဲ သိရပါမယ်။
၅။ ကာလညူ - အချိန်အခါကိုလဲ သိရပါမယ်။ မှန်ကန်တဲ့အချိန်ကို သိရပါမယ်။
၆။ ပရိသညူ - ပတ်ဝန်းကျင်အနေအထားကိုလဲ သိနေရမယ်။
၇။ ပုဂ္ဂလညူ - ပေါင်းသင့်တဲ့သူလား။ မပေါင်းသင့်တဲ့သူလား ချင့်ချိန်တတ်ရပါမယ်။
ဒီဃနိကာယ် ၃၊ ပါ ၂၀၈။ ဋ္ဌ ၂၂၁။
Wednesday, April 7, 2010
သင်္ကြန်ပွဲ
ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့ခင်ဗျာ....
ကျွန်တော်များ ကပုန်းဘုန်းတော်ကြီးကျောင်းတွင်
နှစ်စဉ်ကျင်းပမြဲဖြစ်သော
မြန်မာနှစ်ကူးအတာရေသဘင်ပွဲတော်
ဒုလ္လဘရဟန်းခံပွဲ နှင့်
စတုဒိသာကျွေးမွေးပွဲများကို
တစ်ဖက်ပါအစီအစဉ်အတိုင်း
ဆင်ယင်ကျင်းပမည်ဖြစ်ပါသောကြောင့်
စေတနာရှင် မြန်မာဗုဒ္ဓဘာသာသူတော်စင်များ
လာရောက်ကြည်ညိုသဒ္ဓါပွါးများနိုင်ရန်
လေးစားစွာဖိတ်ကြားအပ်ပါသည်။
နေရာ
ကပုန်းကျောင်း
No. 19, Jalan 38
Desa Jaya, Kepong 52100, KL
ဖုန်း - ၀၁၇ ၂၇၄၃၆၆၅
အစီအစဉ်
၁၃၊ ၄၊ ၂၀၁၀ (အင်္ဂါနေ့)  ညနေ ငါးနာရီ    ဒုလ္လဘရဟန်းလောင်းဆံချပွဲ
၁၄၊ ၄၊ ၂၀၁၀ (ဗုဒ္ဓဟူး)
နံနက် ၁၀ နာရီ            ဒုလ္လဘရဟန်းသိမ်ဆင်း
နံနက် ၁၀း၃၀ နာရီ         ပရိသတ်များဆွမ်းထမင်းဖြင့်ဧည့်ခံ
အလှူရှင်များ
၁၃၊ ၄၊ ၂၀၁၀ (အင်္ဂါနေ့) နေ့ ၁ နာရီ တရားဟော
SINH LIN မှ မြန်မာလူငယ်များ
၁၄၊ ၄၊ ၂၀၁၀ (ဗုဒ္ဓဟူးနေ့) နေ့ ၁ နာရီ တရားဟော
အရုဏ်ဆွမ်း ကိုအောင်မော်၊ မစိုးဝင်း
နေ့ဆွမ်း ကိုဝင်းရွှေနှင့် သူငယ်ချင်းများ
၁၅၊ ၄၊ ၂၀၁၀ (ကြာသပတေးနေ့) နေ့ ၁ နာရီ တရားဟော
       အရုဏ်ဆွမ်း        ကိုဇေယျာ
နေ့ဆွမ်း - ကိုဇော်လင်းထက် (မိုးယံ ကာရာအိုကေနှင့် စားသောက်ဆိုင်) ညီမ ဇင်မေလွင်
၁၆၊ ၄၊ ၂၀၁၀ (သောကြာနေ့) နေ့ ၁ နာရီ တရားဟော
    အရုဏ်ဆွမ်း        ကိုမောင်မောင်၊ မခင်ကျော်
နေ့ဆွမ်း - Sri Ehsan, Kepong လူငယ်များ
၁၇၊ ၄၊ ၂၀၁၀ (စနေနေ့) နေ့ ၁ နာရီ တရားဟော
တစ်နေ့တာအလှူရှင်
ဒေါ်ပြုံးပြုံးရီ (ရွှေမင်းသမီးစားသောက်ဆိုင်၊ (Shah Alam)
၁၈၊ ၄၊ ၂၀၁၀ (တနင်္ဂနွေနေ့) နေ့ ၁ နာရီ တရားဟော
အရုဏ် - Mr.Yap၊ မကြာအိ မိသားစု
နေ့ဆွမ်း - ဦးသက်ဆွေ၊ ဒေါက်တာစီလေး မိသားစု
ကြွရောက်လာကြကုန်သောဧည့်ပရိသတ်အပေါင်းတို့အား
မုန့်ဟင်းခါး၊ မုန့်လုံးရေပေါ်၊ ကြာဇံဟင်းခါး၊ ဆွမ်းထမင်းတို့ဖြင့်
တည်ခင်းဧည့်ခံကျွေးမွေါးမည်။
Tuesday, April 6, 2010
နှာခေါင်းသွေးလျှံခြင်း
အခုလို ခြောက်သွေ့ပူပြင်းလို့ နှာခေါင်းအတွင်း အရေပြားတွေ ခြောက်သွေ့နေတဲ့ အချိန်မျိုးဆို နှာခေါင်းသွေးက အလိုလို လျှံလာတတ်ပါတယ်။ ခြောက်သွေ့ရင် သွေးကြောတွေက ပေါက်လွယ်တာမို့ နွေရာသီသာမက ဆောင်းရာသီမှာလည်း ဖြစ်တတ်ကြပါတယ်။ ပုံမှန်သွေးခဲစေတဲ့ အခြေအနေတွေကို အကြောင်းတစ်ခုခုကြောင့် သွေးကျဲဆေးတွေ
(ဥပမာ Aspirin, Warfarin ) နဲ့ အကိုက်ခဲပျာက်ဆေးများ(Ibuprofen စတာတွေ) သောက်ထားရသူတွေနဲ့ ဟာ ဒီလိုရာသီမျိုးတွေမှာ ပိုသတိထားရပါမယ်။
နည်းနည်းလေး ထိမိတာနဲ့ အရမ်းသွေးလျှံတတ်လို့ပါ။
နှာခေါင်းသွေးလျှံခြင်းတွေဟာ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ကူးစက်ရောဂါများ
(upper respiratory infections) တွေ အရမ်းများတဲ့ အချိန်တွေ၊ အပူချိန်နဲ့ လေထုစိုထိုင်း သိသိသာသာ တက်လိုက်ကျလိုက်ဖြစ်နေတဲ့ ဆောင်းရာသီနဲ့ နွေရာသီမှာ အထူးသတိထားရမယ့် ကျန်းမာရေးပြဿနာများ ဖြစ်ပါတယ်။ အေးနေတဲ့ အပြင်ကနေပြန်လာပြီး နွေးထွေးခြောက်သွေ့တဲ့ အိမ်ထဲကို ၀င်ဝင်ချင်းမှာလဲ နှာခေါင်းသွေးလျှံတတ်တာမို့ သတိထားရပါမယ်" လို့ ပြောကြားသွားပါတယ်။
အများဆုံးဖြစ်စေတဲ့ အကြောင်းအရင်းတွေက.......
(၁) ပိုးဝင်ခြင်း
(၂) ထိခိုက်မိခြင်း (ကိုယ့်ဟာကိုယ် ထိမိတဲ့ နှာခေါင်း နှိုက်တာတွေလဲ ပါပါတယ်)
(၃)သွေးပေါင်ချိန်အရမ်းတက်ခြင်း
(၄) သွေးကျဲဆေးများ သောက်ထားခြင်း (ဥပမာ နှလုံးသွေးကြောပိတ် လူနာများ)
(၅) အရက်အလွန်အကျွံသောက်ထားခြင်း နဲ့
(၆) နှာခေါင်းတွင်း အကျိတ်များနဲ့ မွေးရာပါ သွေးမတိတ်ရောဂါများ ကြောင့်တို့ ဖြစ်ပါတယ်။
(ဒီနေရာမှာ တစ်ခု သတိထားဖို့က သွေးကင်ဆာ (Leukemia) တို့လို ရောဂါများမှာလဲ လက္ခဏာ တစ်ရပ်အနေနဲ့ နှာခေါင်းသွေး လျှံတတ်ကြပါတယ်။ ဒါပေမယ့် ကွာခြားချက်တွေကို လွယ်လွယ် ပြောပြရမယ်ဆိုရင် သွေးကင်ဆာမှာ နှာခေါင်းသွေးလျှံတာက ထိခိုက်မိခြင်း၊ ရာသီဥတု ခြောက်သွေ့ခြင်း စတာတွေနဲ့ မဆိုင်ဘဲ သူ့အလိုလို ဖြစ်လာတတ်ပါတယ်။ နောက်ခဏခဏ ဖြစ်တတ်လာပါတယ်။ ရိုးရိုးနှာခေါင်းသွေး လျှံသူတွေမှာ တခြားလက္ခဏာများ မရှိဘဲ သွေးကင်ဆာတွေမှာ အများအားဖြင့် ရင်ညွန့်ရိုး ကို ဖိကြည့်ရင် နာတတ်ခြင်း (Sternal Tenderness)၊ သွေးနည်းနည်းလေးထွက်ရုံနဲ့ ဖြူဖျော့သွားခြင်း၊ တငွေ့ငွေ့ဖျားခြင်း၊ကိုယ်ခံအားကျ၍ နှာစေးချောင်းဆိုး အနာရောဂါများ ဖြစ်လွယ်ခြင်း စသဖြင့် သိသိသာသာကွဲကြောင်းပါ။)
ရုတ်တရက် နှာခေါင်းသွေး လျှံချိန်မှာ သွေးတိတ်အောင် စနစ်တကျ ပြုလုပ်နည်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။
(၁) နှာခေါင်းရဲ့ နူးညံ့တဲ့ အသားအပိုင်း အားလုံးကို လက်ညှိုးနဲ့ လက်မကြားမှာ ညှပ်ကိုင်ထားပေးပါ။
(၂)ဖိထားတဲ့ နေရာကို အားပြုပြီး နောက်ဘက်ကို အသာလေး တွန်းထားပါ။
ကိုယ်ကို ရှေ့အသာလေး ကိုင်းထားပြီး ခေါင်းကို ၄၅ ဒီဂရီလောက် မော့ထားပါ။
(လှဲမအိပ်ပါနဲ့။ သွေးတွေ အသက်ရှူလမ်းကြောင်းထဲ အစာရေမျိုထဲ ပြန်ဝင်ကုန်မှာ စိုးလို့ပါ။ ငုံ့မထားပါနဲ့။ သွေးမတိတ်ဘဲ ဖြစ်နေတတ်ပါတယ်။
(၃) အနည်းဆုံး ၅မိနစ် ဒီအတိုင်းနေပါ။ သွေးတိတ်သွားတဲ့အထိ နေတာ အကောင်းဆုံးပါပဲ။
(၄) ငြိမ်ငြိမ်ထိုင်နေပါ။ ခေါင်းကို နှလုံးထက် မြင့်တဲ့ နေရာမှာ ရှိနေပါစေ။
(၅) ရနိုင်မယ်ဆိုရင် ရေခဲကို အ၀တ်နဲ့ ထုတ်ပြီး နှာခေါင်းနဲ့ ပါးတွေကို ကပ်ပေးပါ။
ဖြစ်ပြီးပြီးချင်း နောက်တစ်ကြိမ် ထပ်မဖြစ်အောင်........
(၁) နောက်မှီပေါ်မှာ ၄၅ ဒီဂရီလောက် စောင်းပြီး ထိုင်နေပါ။
(၂) နှာခေါင်းကို လေနဲ့ တွန်းပြီး နှပ်ညှစ်တာမျိုး၊ လက်နဲ့နှိုက်တာမျိုး လုံးဝ မလုပ်ပါနဲ့။
(၃) နှာချေမယ်ဆိုရင် ပါးစပ်ဖွင့်ပြီး ချေပါ။
(၄)၀မ်းသွားရင် အရမ်းမညှစ်ရအောင် အသီးအရွက် စားပါ။
ဝမ်းချုပ်နေရင် ၀မ်းပျော့သွားဆေး မှီဝဲပေးပါ။
(၅) အဲဒီအချိန်မှာ ဘာအလေးအပင်မှ မ မပါနဲ့။
(၆) ခေါင်းကို နှလုံးထက် မြင့်တဲ့ နေရာမှာ ဆက်ထားပါ။
(၇) ဒီအချိန်မှာ ဆေးလိပ်မသောက်ပါနဲ့။
(၈) ၂၄ နာရီအတွင်း အရမ်းပူတဲ့အစားအသောက်တွေ (ဥပမာ ကော်ဖီ၊ စွပ်ပြုတ်) ကိုရှောင်ပါ။
(၉) အပေါ်မှာပြောခဲ့တဲ့ ဆေးတွေ ဆရာဝန်ညွှန်ကြားထားလို့ သောက်နေရရင်လဲ ဆေးခဏဖြတ်ဖို့ ဆရာဝန်ကို ပြန်တိုင်ပင်ပါ။
(၁၀) ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း နှာခေါင်းထဲထည့်တဲ့ ချောဆီဆေးများ (lubricating ointment) ကို သုံးနိုင်ပါတယ်။
အထူးသတိပေးချင်တာက အရမ်းနှာခေါင်းသွေးလျှံနေချိန်မှာနဲ့ လျှံပြီးစ အချိန်မှာ မျက်လုံးထောင့်ကနေ သွေးတွေ ထွက်လာလို့ အရမ်းထိတ်လန့်မသွားပါနဲ့။ မျက်ရည်ထုတ်ပြွန် (Lacrimal Duct) က နှာခေါင်းနဲ့လဲ ဆက်နေတဲ့အတွက် ခုလိုဖြစ်ရတာပါ။ သွေးတွေက မျက်လုံးထဲက လာတာမဟုတ်လို့ အရမ်းကြောက်မသွားပါနဲ့။ သွေးထွက်တာ အရမ်းများပြီး ဘယ်လိုလုပ်လုပ် သွေးမတိတ်တော့ဘူး ဆိုရင်တော့ ဒါဟာ အောက်ခံရောဂါ တစ်ခုခုကြောင့် ဖြစ်တာ ဖြစ်နိုင်လာလို့ ဆေးရုံကို သွားသင့်ပါတယ်။ ထွက်လာတဲ့ သွေးပမာဏကလဲ အရမ်းများရင် သွေးဖြစ်ဖြစ် ဓာတ်ဆားရည် ဖြစ်ဖြစ် ပြန်သွင်းပေးသင့်ပါတယ်။ ဒါပေမယ့် ဒါတွေက ဖြစ်ခဲပါတယ်။
(mutd.com)
Monday, April 5, 2010
Avatarနှင့် ကွန်ဖြူးရှပ်
ရုံးပိတ်ရက် ၃ ရက်ရတာနဲ့ ရုပ်ရှင်တွေကြည့်ဖြစ်တယ်၊
အခုနာမည်ကြီးနေတဲ့ Avatar ကို ကြည့်ဖြစ်တယ်။
ခေတ်လွန် သိပ္ပံကား တစ်ကားလို့ ပြောလို့ရတာပေါ့။
နောက်တစ်ကားက တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်အကြောင်း ရိုက်ထားတဲ့ ကား
ရှေးခေတ်တုန်းက အကြောင်းရိုက်ထားတဲ့ ရှေးကား ဆိုပါတော့။
Avatar ကလူသားတွေက အခြားဂြိုလ်ကို သွားပြီး ကျူးကျော်တိုက်ခိုက်တဲ့
အကြောင်းကို ရိုက်ထားတဲ့ ကားတစ်ကားပေါ့။ ရုပ်ဆိုးဆိုး အမြီးပေါက်နေတဲ့
အရွယ်အစား လူ့ထက် နှစ်ဆလောက်ကြီးတဲ့ ဂြိုလ်သားတွေပုံစံက
ထူးထူးဆန်းဆန်းပါပဲ။ လူသားတွေထဲက တစ်ချို့  မင်းသား အပါအ၀င်က အဲဒီ
ဂြိုလ်သားတွေလို အယောင်ဆောင်ပြီး ဂြိုလ်သားတွေ အကြောင်းကို လေ့လာတာကနေ
မင်းသားနဲ့ မင်းသမီး (ဂြိုလ်သူ) တို့ တွေ့ကြပါတယ်ပေါ့။
ထူးဆန်းတာကတော့
ဂြိုလ်သားတွေက လူစကား(အင်္ဂလိပ်စကား)ပြောတတ်တာပဲ။
နယ်မြေကျူးကျော်မှုတွေကို ဆန့်ကျင်တဲ့ မင်းသားနဲ့ သိပ္ပံပညာရှင်
အပေါင်းအပါတစ်စုက ကူညီပြီးတော့ ဂြိုလ်သားတွေဘက်ကနေ တိုက်ခိုက်လိုက်တာ
နိုင်သွားပါတယ်ပေါ့။ ဒီကားထဲမှာ လူသားတွေက ဒေါသတကြီးနဲ့ လောဘတကြီးနဲ့
သဘာဝတရားတွေကို ဖြတ်ဆီးတာ၊
အသက်တွေကို သက်ဖြတ်တဲ့ ပုံတွေကို ကြည့်ရတာ စိတ်မကောင်းစရာပါပဲ။
ကွန်ဖြူးရှပ်ရှေးတရုတ်ကားထဲမှာလည်း လူသားတွေက အချင်းချင်း နယ်မြေတွေလုကြ
တိုက်ခိုက်ကြ သတ်ဖြတ်ကြတဲ့ ပုံတွေကို မြင်တွေ့ရပါတယ်။
ပညာရှိကြီးအကြောင်းဇာတ်ကားဆိုတော့ ဘာပညာတွေ အကြောင်းများ တင်ပြထားမလဲလို့
စစ်ကားတစ်ကားကို ကြည့်ရသလိုပါပဲ။
ဇာတ်ကားနှစ်ကားလုံးမှာ အာဏာရှိသူတွေက ပညာရှင်တွေကို သိပ်အလေးမထားတဲ့
ပုံစံတွေနဲ့ ရိုက်ပြထားတယ်။ စိတ်မကောင်းစရာပါပဲ။
ပညာရှင်တွေရဲ့ တင်ပြချက်တွေကို သူတို့လိုချင်တဲ့ အခြေအနေတစ်ခု အထိပဲ အသုံးချသွားတဲ့
ပုံစံမျိုးတွေပါ။
ဒီကားနှစ်ကားကို ကြည့်မိတော့ တစ်ခုစဉ်းစားမိတယ်။
အော် လူသားတွေက ဟိုးရှေးရှေးကတည်းက လောဘ၊ ဒေါသ၊ မောဟတွေနဲ့ တိုက်ခိုက်လိုက်ကြ၊
သတ်ဖြတ်လိုက်ကြနဲ့ စိတ်မကောင်းစရာပဲ၊
သိပ္ပံခေတ်လွန်မှာလည်း ဒီအတိုင်းပဲ ဆက်သွားကြမှာလားလို့ပါ။
နည်းပညာတွေ တိုးတက်လာပေမယ့်၊ လူသားတွေက ဘာမှလည်း
ပြောင်းလဲမသွားပါလားပေါ့။ ဟိုးရှေးရှေး ကျောက်ခေတ်ကတည်းက အုပ်စုဖွဲ့ 
နေထိုင်၊ ကိုယ့်အုပ်စုကောင်းစားရေးကို အဓိကထားကြ၊ အခုခေတ်မှာလည်း
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကောင်းစားရေး အမျိုးသားကာကွယ်စောင့်ရှောက်ရေးလို့ပြောပြီး ကိုယ်ကောင်းစားဖို့ကို အဓိကထားကြ၊ နောက်နောင်မှာကော ဒီလိုပဲ ဆက်ဖြစ်နေကြဦးမှာလား။
တကယ်ဆိုရင် သက်ရှိလူသားတွေ အတူတူ လူမျိုး၊ ဘာသာ၊ နိုင်ငံသားတွေ
မခွဲခြားပဲ လူကို လူလို့သဘောထား အချင်းချင်း သာတူညီမျှ ကောင်းစားရေးကို
သာရှေးရှုနိုင်ရင် ဘယ်လောက်များကောင်းလိုက်မလဲ။
(from forwarded mail)
Sunday, April 4, 2010
တရားမဟောတတ်ပါဘူးဆို
တစ်ခါက တောရွာတစ်ရွာတွင် ခြေတစ်ဖက်မသန်သော ဦးဇောဆိုသောဘုန်းကြီးတစ်ပါးရှိ ခဲ့ဖူးပါတယ်။ တရားတော့ မဟောတတ်ဘူး။ တရားဟောဖို့ဆိုရင် အလွန်ငြင်းဆန်သတဲ့။
ဒါနဲ့ တစ်နေ့တော့ အဲ့ဒီဘုန်းကြီးဦးဇောထံ ဘုန်းကြီးဇောနဲ့အလွန်ရင်းနှီးသော
ဆွမ်း ဒါယိကာမကြီး ဒေါ်ဖွားခြုံရဲ့ခင်ပွန်းဖြစ်သူ ဦးမှုန်ဆိုသောဒကာကြီးက လာရောက်ပြီး တရားဟော ကြွတော်မူပါရန်လျှောက်ထားတောင်းပန်ပါတယ်။
ဒီတော့ ဘုန်းကြီး ဦးဇောက “ဒကာကြီး  ဘုန်းကြီးက တရားမဟောတတ်ဘူး၊
ဒါ့ကြောင့် တခြားတစ်ပါးက ဘုန်းကြီးကိုသာ ပင့်ပါလို့” ပြောဆိုတောင်းပန်သတဲ့။
ဒကာကြီး ဦးမှုန်က
“အို ဆရာတော်ရယ် တရားဟောတာပဲ ဘာခက်တာမှတ်လို့ မျက်စိထဲ တွေ့ရာမြင်ရာဟောတာပဲ၊
ကိုယ့်ရပ်ကိုယ့်ရွာအလှူ ဆရာတော်သာ ဟောတော်မူပါ၊
တပည့်တော် တခြားဘုန်းကြီးတွေဟောတာ တယ်ပြီးမကြိုက်လှဘူး” လို့
ပြန်လည်လျှောက်ထား လိုက်သတဲ့။
ဒီစကားကြောင့်ဘုန်းကြီး ဦးဇောလည်း အတော်အခက်တွေ့သွားတာပေါ့။
“တရားဟောတယ်ဆိုတာ မျက်စိထဲတွေ့ရာမြင်ရာ ဟောတာပဲဆိုရင်တော့ မဆိုးပါဘူး၊
ဒါဆိုရင်တော့ ဟောရ မှာပေါ့ဗျာ” လို့ အားနာနာနဲ့ ပြန်ပြောလိုက်သတဲ့။
ဒါနဲ့ အလှူပွဲရက်ရောက်တော့ ဘာတရားဟောရပါလိမ့်မလဲလို့ စဉ်းစားပေမယ့် စဉ်းစားမရဖြစ်နေတယ်တဲ့။ ကဲပါလေ၊ မျက်စိထဲ တွေ့ရာမြင်ရာဟောပါဆိုတော့ ဟိုရောက်မှပဲ ကြည့်ပြီးလုပ်ရတော့မှာပဲလေ ဆိုတဲ့စိတ်ကူးနဲ့ အလှူမဏ္ဍပ်ကို ကြွလာခဲ့ပါတယ်။
အဲ့ဒီလိုကြွလာရင်းနဲ့ မျက်စိထဲ တွေ့ရာ မြင်ရာကို မှတ်ပြီးတော့ လာခဲ့သတဲ့။
ဘုန်းကြီးဇော ကျောင်းကအထွက် လမ်းမှာတွေ့ခဲ့ရတာတွေက ပုရွတ်ဆိတ်တွေ အုံနေတာရယ်၊ သူ့ကျောင်းအနီးက တောတန်းတစ်နေရာလေးမှာ သမင်နှစ်ကောင် ခတ်နေတာရယ်၊
ဖားတစ်ကောင်က တကွက်ကွက်မြည်နေတာရယ်တွေ့ခဲ့သတဲ့။
တော်တော်ခပ်လှမ်းလှမ်းရောက်တော့ မိန်းမနှစ်ယောက်က ယောက်ကျားတစ်ယောက်ကို
ညည်းဟာလား၊ ငါ့ဟာလားလို့ အငြင်းအခုန်ဖြစ်နေတာရယ်၊
ငခွေးတို့သားအဖ နွားပျောက်ရှာပုံ တော်ဖွင့်နေတာရယ် တွေ့ခဲ့ပြန်သတဲ့။
အဲ့ဒီနောက်မှာတော့ မဏ္ဍပ်နဲ့ခပ်လှမ်းလှမ်းအရောက် ကြက်ဖကြီးတစ်ကောင်က
အောက် အီးအီးအွတ်လို့အသံထွက်ပြီးတွန်လိုက်သံကို ကြားလိုက်ရပြီးနောက်
မဏ္ဍပ်ထဲကို ရောက်လာခဲ့ပါ တော့တယ်။
ဆရာတော်ရောက်ရောက်ချင်းမှာပဲ အလှူပွဲက ဗျောဆိုင်းကလည်း
တောက်တောက် ဗြုန်းလို့ ထတီးလိုက်တာတွေကို မျက်စိနဲ့ရော နားနဲ့ပါ ကြားနေရပါတယ်။  တရားဟောတယ်ဆိုတာ မြင်တာကြားတာကို ဟောပေါ့လို့လျှောက်ထားတဲ့
အလှူ့ဒကာကြီး ဦးမှုန်ရဲ့စကားအတိုင်းပဲ ဟောရတော့မှာပေါ့လေလို့ စဉ်းစားရင်း
ပလ္လင်ပေါ်ကို တက်ထိုင်လိုက်ပါတယ်။
အဲ့ဒီနောက် တရားနာပရိသတ်က သြကာသကန်တော့ကျိုးနဲ့ ရှိခိုးတဲ့အခါ ကန်တော့ကျိုးအဆုံးမှာ
နိဗ္ဗာန် မဂ်ဖိုလ်ရပါစေသော်ဟူ၍ ဆုတောင်းနေတဲ့အသံကိုပါ ကြားရတာမို့
ဘုန်းကြီးဇောက တရား နာပရိသတ်ကို တရားဟောလိုက်ပုံက-
ငါ့ကျောင်းကထွက် ပုရွတ်ဆိတ်အုံချီ
သမင်နှစ်ကောင် ချိုချင်းယှက်
ဖားကွပ်ကွပ်မြည်။
ညည်းဟာလားအေး၊ ငါ့ဟာလားအေး
ငခွေးတို့သားအဖ နွားပျောက်ရှာသည်
အောက်အီးအီးအွတ်
တောက်တောက်ဗြုန်း
နိဗ္ဗာန်ရလိုပါစေသော်ဟူ၍
ဆုတောင်းလိုက်ကြကုန်သတည်း”တဲ့။
ဘုန်းကြီးဇောရဲ့ မြင်ရာကြားရာကို ဟောတတ်ပုံကို ဒကာကြီး ဦးမှုန်ကြားတဲ့အခါ
“အမလေး ဟောတတ်လိုက်တာ ဟောတတ်လိုက်တာ၊ ငခွေးတို့သားအဖတောင်ပါသေးတယ်၊
သာဓုပါဗျား သာဓုပါလို့ ကပျာကရာ ခေါ်ဆိုလိုက်ရင်း
ရေစက်သွန်ချ၍ အမျှဝေလိုက်ပါတော့တယ်။ 
ဦးဒေ၀ိန္ဒ