Monday, February 8, 2010

ဖတ်လိုက်ရတဲ့ဟာသလေး

သနားချစ်လေလား?
တိုဝင်က သူချစ်သူကို အိမ်သို့ ခေါ်လာခဲ့သည်။
သူငယ်မအား လူငယ်၏ ဖခင်က မြင်လိုက်သည့်အခါ အလွန်တုန်လှုပ်သွား၏။ စိတ်ရှုပ်သွား၏။
ထို့ကြောင့် သူ့သားကို အခန်းထဲခေါ်သွားပြီး တီးတိုးပြော၏။
``ဒီလောက် အရုပ်ဆိုးတဲ့ မိန်းကလေးကို ဖေဖေ တစ်ခါမှ မမြင်ဖူးဘူး။
မေးစေ့မှာ အမွေးတွေနဲ့။
မျက်စိက စွေနေသေးတယ်။
သွားက ခေါခေါ၊ လက်တစ်ဖက်က သိမ်နေလိုက်သေးရဲ့´´
သည်တော့ သားက…
``ဖေဖေ တိုးတိုးပြောစရာမလိုပါဘူး။ သူက နားလည်း ကန်းနေသေးတယ် ဖေဖေရဲ့၊  သနားစရာလေးပါဗျာ”
Ref : mutdfan.com